ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
216
订阅者
无数据24 小时
-17 天
-230 天
帖子存档
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ရေအရင်းအမြစ်ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း န
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ရေအရင်းအမြစ်ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဇွန် ၂၇ စားရေရိက္ခာမူဝါဒကော်မရှင် ပထမအကြိမ်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ၏ လူဦးရေအများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားလာကာ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ပြည်တွင်းစားကုန်၊ သောက်ကုန်နှင့် သုံးကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်ရေး၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံအသုံးချရေးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖြစ်ထွန်းသည့် သီးနှံများကို ပြည်တွင်းဖူလုံမှုရှိအောင် မူဝါဒချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ #Our

ငြိမ်းချမ်းရေးအတွက် EAO များနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်- “ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင်လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက် အောင် လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁ဝဝ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအခုလည်း ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ် အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကို ထပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁ဝဝ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကို ကြိုတင် ကန့်သတ်ချက်မရှိဘူး ဆိုပြီးတော့ ရက် ၁ဝဝ လို့ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁ဝဝ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ယူဆ၊ စကားကို ပေါက်ပေါက် ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန် ဆွဲမှာ။ ကျွန်တော် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါ ဆိုတာ ကျွန်တော်တို့ လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော် ရအောင်ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့ တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင် ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုန အချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်၊ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကို ပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော် ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင်လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။ #HOS

စိုက်ပျိုးရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုးရေးစနစ်၊ IT စနစ်၊ AI စနစ်များ အသုံးချနိုင်ရန် လိုအပ်ကြောင်း နိုင်င
+5
စိုက်ပျိုးရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုးရေးစနစ်၊ IT စနစ်၊ AI စနစ်များ အသုံးချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား   ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ခေတ်မီသည့်စိုက်ပျိုးရေးစနစ်၊ IT စနစ်၊ AI စနစ်များ၊ စက်ကိရိယာများ အသုံးချနိုင်ရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။   နိုင်ငံတော်သမ္မတက ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်၊ IT ခေတ်၊ AI ခေတ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံခရီးစဉ်များတွင် အဆိုပါနိုင်ငံများ၏ ခေတ်မီစိုက်ပျိုးရေးစနစ်များကို လေ့လာသိရှိခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ခေတ်မီသည့်စိုက်ပျိုးရေးစနစ်ကို တတ်နိုင်သည့်ကဏ္ဍများတွင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ #HOS

"ငြိမ်းချမ်းရေးရဖို့ ဘာပဲကုန်ကုန် လုပ်မယ်"လို့ နိုင်ငံတော်သမ္မတ ပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးရရှိရေးအတွက် "ဘာပဲ ဘယ်လောက်ကုန်ကုန် လုပ်မယ်"လို့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ "တကယ် ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ပဲရနိုင်တယ်။ မလိုချင်ရင်တော့ အကြောင်းပြပြီး အချိန်ဆွဲနေမှာပဲ" လို့လည်း ၎င်းက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ နောက်ကျကျန်ခဲ့ရပြီး အတားအဆီးတွေနဲ့ ရှေ့ဆက်နေရတာကြောင့် လိုချင်တဲ့ပန်းတိုင်ကို မရောက်နိုင်သေးဘူးလို့လည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။ #Our

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု
(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။ " (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲအစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖိုဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ #Our

နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် နိုင်ငံတော်သမ္မတကြီး နှင့်တကွ နိုင်ငံ့ဝန်ထမ်းများ အားလုံးကို ရွှေရောင်လွမ်းသောနေ့သစ်များ သီချင်းဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

EAO များအား ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ် နေပြည်တော်၊ ဇွန် ၂၆ နိုင်ငံတော်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအား ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ ယင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် လမ်းညွှန်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အစိုးရ၏ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရသက်တမ်း (၅) နှစ်အတွင်း နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မငြိမ်းချမ်းမှုနှင့် ပဋိပက္ခများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေကြောင်း၊ EAO များအနေဖြင့် ငြိမ်းချမ်းရေးလိုလားပါက ကြိုတင်ကန့်သတ်ချက်တစ်စုံတစ်ရာမရှိဘဲ လာရောက်ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ပြောကြားခဲ့သည်။ အစည်းအဝေးတွင် နယ်စပ်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူငယ်များ၏ ပညာရေးနှင့် အရည်အချင်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားရန်လည်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ #PPIB #Our

photo content
+7

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် - ၂၆
+7
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် - ၂၆ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားသည်။ #PPIB #SN

စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကျင်းပ၊ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစက
+9
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကျင်းပ၊ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #HOS

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို အားကောင်းစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတမှ အောက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ၁။ စားနပ်ရိက္ခာဖူလုံရေး နိုင်ငံအဆင့်နှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးကို အပြည့်အဝရရှိစေရေးနှင့် လိုအပ်သည့် သီးနှံများကို ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်။ ၂။ ပြည်ပသွင်းကုန်အစားထိုးရေး စားအုန်းဆီအပါအဝင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ဆီထွက်သီးနှံများကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်။ ၃။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး သတ်မှတ်ပန်းတိုင်များ ပြည့်မီစေရန် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်ရန်။ ၄။ ဂျုံဖူလုံရေး ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ရန် ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ဂျုံစားသုံးမှုကို မြှင့်တင်ရန်။ ၅။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပြီး နို့စားနွား၊ အသားစားနွားမွေးမြူရေးကို အားပေးဆောင်ရွက်ရန် ၆။ ခေတ်မီစိုက်ပျိုးရေးစနစ် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးချကာ စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွားရန် ၇။ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ၈။ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေး ကျွမ်းကျင်လုပ်သားများ (Skill Labor) မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းစေရေး ဆောင်ရွက်သွားရန် ၉။ ရေရှည်အမျိုးသားရည်မှန်းချက် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်ပြောကြားခဲ့ပါသည်။ #SN

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား #HOS
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား #HOS

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း အစိမ်းရေ
+3
အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း   အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက် ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့သည်။   သစ်တောနှင့် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ #HOS

တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး
+8
တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ========================== ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတက MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိကပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများတိုး မြှင့်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ #Head Of State

နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)အား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်
နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)အား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား   နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။   ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦး တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှုမပျက်စေရေး ရှောင်ကွင်းလမ်း(By Pass)များ စနစ်တကျဖောက်လုပ်ပေးရန်၊ မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျတည်ဆောက်သွားရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့် တည်ဆောက် သွားရန်၊ မုခ်ဦးအဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန်၊ အများပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန်နေရာများကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်၊ လိုအပ်ပါက လူကူး Underpass များ ထည့်သွင်းလျာထား ဖောက်လုပ်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလု
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို သွားရောက်ကြည့်ရှုစစ်ဆေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ဟာ နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်အား ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို မြိုပြ ဖွံဖြိုးတိုးတက်ရေးအတွက် စိမ်းလန်းစိုပြည်သောမြို (Green City)၊ သန့်ရှင်းသောမြို (Clean City)နှင့် ခေတ်မီနည်းပညာအခြေပြုမြိုပြ (Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြိုအဝင်မုခ်ဦး(Naypyitaw Gate) ကိုလည်း မြိုတော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြိုတော်အတွင်းသို ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြိုပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိပါတယ်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား #Our