The La Pyae
Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com
Mostrar más📈 Análisis del canal de Telegram The La Pyae
El canal The La Pyae (@thelapyae_official) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 29 913 suscriptores, ocupando la posición 4 488 en la categoría Tecnologías y Aplicaciones y el puesto 4 818 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 29 913 suscriptores.
Según los últimos datos del 14 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -182, y en las últimas 24 horas de -11, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 8.85%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.12% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 2 648 visualizaciones. En el primer día suele acumular 1 533 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 75.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“Get the good Stuff related to
Tech 🤖
Mindset 🧠
And all the other things I love 💛
To follow up me on other social media
Please visit https://thelapyae.com”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 15 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Tecnologías y Aplicaciones.
Carga de datos en curso...
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 14 julio | 0 | |||
| 13 julio | 0 | |||
| 12 julio | 0 | |||
| 11 julio | 0 | |||
| 10 julio | 0 | |||
| 09 julio | 0 | |||
| 08 julio | +6 | |||
| 07 julio | 0 | |||
| 06 julio | 0 | |||
| 05 julio | 0 | |||
| 04 julio | +4 | |||
| 03 julio | +3 | |||
| 02 julio | +68 | |||
| 01 julio | +11 |
| 2 | သူဌေး style နောက်မှဝတ်ပါ
သူဌေးလိုအရင် အလုပ်ကြိုးစားပါ
@thelapyae | 863 |
| 3 | အနာဂတ်ဆိုတာ
တစ်ခုတည်းမရှိဘူး
အနာဂတ်တွေ အများကြီးရှိတယ်
ကျနော်တို့အများစုကတော့
ဖြစ်လာမယ်ထင်တဲ့ အနာဂတ်အတွက်ပဲ
ပြင်ဆင်နေကြတယ်
ဒါပေမယ့်
Futures Cone ဆိုတဲ့ framework က
အနာဂတ်ကို ဒီထက်ကျယ်ကျယ်ကြည့်ဖို့
သင်ပေးတယ်
တချို့အရာတွေက
ဖြစ်နိုင်တယ်
တချို့အရာတွေက
ဖြစ်လာဖို့များတယ်
တချို့အရာတွေက
လက်ရှိအတိုင်းသွားရင်
သဘာဝအတိုင်းဖြစ်လာမယ့် အနာဂတ်တွေ
စိတ်ဝင်စားဖို့အကောင်းဆုံးကတော့
ကျနော်တို့ ဖြစ်ချင်တဲ့အနာဂတ်
“Preferable Future”
လူအများစုက
အနာဂတ်ကို ခန့်မှန်းဖို့ကြိုးစားကြတယ်
တချို့လူတွေကတော့
အနာဂတ်ကို ဖန်တီးဖို့ကြိုးစားကြတယ်
ဒီနှစ်အတွင်း AI ဘာဖြစ်မလဲ
ဈေးကွက်ဘယ်လိုပြောင်းမလဲ
အလုပ်အကိုင်တွေ ဘယ်လိုဖြစ်မလဲ
ဒါတွေက အရေးကြီးတယ်
ဒါပေမယ့်
“ကျနော် ဘယ်လိုလူဖြစ်ချင်လဲ”
“ကျနော် ဘယ်လိုဘဝမျိုးမှာ နေချင်လဲ”
“ကျနော် ဘယ်လိုအလုပ်မျိုး လုပ်ချင်လဲ”
ဒီမေးခွန်းတွေက
ပိုအရေးကြီးနိုင်တယ်
အနာဂတ်ကို မခန့်မှန်းနိုင်တာက
ပြဿနာမဟုတ်ဘူး
ကိုယ်သွားချင်တဲ့ အနာဂတ်ကို
မသိတာကပဲ ပြဿနာဖြစ်နိုင်တယ်
တစ်ခါတစ်လေ
Strategy ဆိုတာ
ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းတာမဟုတ်ဘူး
ဘာဖြစ်လာခဲ့ရင်တောင်
ကျနော်တို့သွားချင်တဲ့နေရာကို
ရောက်အောင်သွားနိုင်ဖို့ ပြင်ဆင်ထားတာ
— @thelapyae | 1 225 |
| 4 | အပြောင်းအလဲမြန်တဲ့အချိန်မှာ
အကောင်းဆုံးနေနည်းက
ခြေတစ်ဖက်ကို အနာဂတ်ထဲထားပြီး
နောက်ခြေတစ်ဖက်ကို အတိတ်က ကောင်းတဲ့အလေ့အကျင့်တွေပေါ်မှာ တည်ထားဖို့ပဲ
နည်းပညာအသစ်တွေကို လေ့လာပါ
အခုခေတ် ဘယ်ကိုသွားနေလဲ နားလည်ပါ
AI သုံးပါ Automation လုပ်ပါ
အလုပ်လုပ်ပုံအသစ်တွေကို စမ်းကြည့်ပါ
တစ်ချိန်တည်းမှာပဲ
စာအုပ်အစစ်တွေကို ဆက်ဖတ်ပါ
လက်နဲ့ရေးပါ
တိတ်တိတ်လေး စဉ်းစားပါ
အာရုံမပျံ့ဘဲ အလုပ်လုပ်နိုင်တဲ့
အလေ့အကျင့်ကို ထိန်းထားပါ
Skill တွေတိုးအောင်လုပ်ပါ
ကိုယ့်အတွင်းစိတ်ကိုလည်း
တိုးတက်အောင်လုပ်ပါ
ပိုမြန်လာတာကောင်းတယ်
ပိုနက်လာဖို့လည်းလိုတယ်
Tool တွေက ကျနော်တို့ရဲ့
လုပ်နိုင်စွမ်းကို မြှင့်ပေးတယ်
Character ကတော့အဲ့ဒီစွမ်းအားကို
ဘယ်လိုအသုံးချမလဲ ဆုံးဖြတ်ပေးတယ်
အနာဂတ်ကိုလိုက်ရင်း
အတိတ်ကတန်ဖိုးရှိတဲ့အရာတွေ မပျောက်စေနဲ့
Modern ဖြစ်ဖို့လိုတယ်
Grounded ဖြစ်ဖို့လည်းလိုတယ်
ပိုတော်ပိုတတ်ချင်ရင်
အသစ်ကို အမြန်လေ့လာတတ်ပြီး
ကောင်းတဲ့အရာဟောင်းတွေကိုလည်း
အလွယ်တကူ မပစ်တတ်ဖို့လဲလိုတယ်
— @thelapyae | 1 433 |
| 5 | Sin texto... | 1 832 |
| 6 | 90’s born တွေရဲ့ မိဘတွေက
မြန်မြန်သွား မြန်မြန်စား
မြန်မြန်လုပ်ဆိုတာကြီးပဲ
တကယ်နိုင်ငံခြားသားတွေနဲ့
အလုပ်လုပ်ရ စကားပြောရ အတူစားရတော့
ငယ်ငယ်က train ခံရတဲ့ ပုံစံနဲ့ဆို
စားရင် အငတ်လို သွားရင် ကျားလိုက်သလို
စကားပြောရင် စိတ်လှုပ်ရှားသလိုဖြစ်ဖြစ်နေလို့
ထမင်းစားရင် အေးဆေးစားဖို့
လမ်းလျှောက်ရင် အေးဆေးလျှောက်ဖို့
စကားပြောရင် အေးဆေးပြောဖို့
သီးသန့်ပြန်လေ့ကျင့်ယူရတယ် 😁
@thelapyae | 2 012 |
| 7 | ကျနော်တို့
စာသိပ်မဖတ်ဖြစ်ကြတော့ဘူး
သိတာကိုနားလည်တာထက်
ပိုဦးစားပေးလာကြတယ်
နက်နက်နဲနဲသိတာထက်
မြန်မြန်သိတာကို ပိုတန်ဖိုးထားလာကြတယ်
ဒါကြောင့်
စာအုပ်တစ်အုပ်ကို
အစအဆုံး ကိုယ်တိုင်ဖတ်ဖို့ထက်
Summary ဖတ်လိုက်တာ
Video ကြည့်လိုက်တာ
AI ကို မေးလိုက်တာက
ပိုအဆင်ပြေလာတယ်
ဒီလိုလုပ်တာ
မကောင်းဘူးလားဆိုတော့
မဟုတ်ဘူး
သိရုံအတွက်ဆိုရင်
ဒါက အရမ်းကောင်းတယ်
နာရီပေါင်းများစွာကြာမယ့်အရာကို
မိနစ်ပိုင်းအတွင်း သိနိုင်တယ်
ဒါပေမယ့်
အသုံးချဖို့ရောက်လာတဲ့အချိန်မှာတော့
သိရုံနဲ့ မလုံလောက်တော့ဘူး
နားလည်ဖို့လိုလာတယ်
နားလည်မှုဆိုတာက
Information ထက် မတူဘူး
Information က
Download လုပ်လို့ရတယ်
Understanding ကတော့
တည်ဆောက်ရတယ်
စာဖတ်တာ
စဉ်းစားတာ
စမ်းကြည့်တာ
မှားကြည့်တာ
ဒီ process တွေကနေ ပဲ ရတယ်
AI ကိုInformation အတွက်
အားကိုးလို့ရတယ်
Understanding ကတော့
Outsource လုပ်လို့မရဘူး
— @thelapyae | 1 987 |
| 8 | အဆိုးတိုင်းလဲအဆိုးမဟုတ်ဘူး
ကိုယ်ကသာ အဆိုးလို့ထင်နေတာ
တကယ်တော့ ပိုကောင်းတဲ့နေရာတွေ
ပိုကောင်းတဲ့သူတွေနဲ့တွေ့ဖို့အတွက်
ကံတရားက မကောင်းတဲ့သူတွေကို
ကိုယ့်လမ်းကနေဖယ်တာပါပဲ 😇
@thelapyae | 1 754 |
| 9 | ကျနော်တို့ ဒီလောကထဲရောက်လာတာက
တိုက်ဆိုင်မှုတစ်ခုလို ထင်ရတတ်တယ်
တကယ်တော့
ဒီအချိန်မှာမွေးလာတာ
ဒီမိသားစုထဲရောက်လာတာ
ဒီအတွေ့အကြုံတွေကို ဖြတ်သန်းလာတာ
ဒီရွေးချယ်မှုတွေ လုပ်လာတာ
ဒီအရာအားလုံးပေါင်းပြီး
ဒီနေ့ ကျနော်တို့ဖြစ်လာတာ
အဲ့ဒီ combination ကို
နောက်တစ်ကြိမ် ပြန်ဖန်တီးဖို့ဆိုတာ
မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်
တစ်နည်းအားဖြင့်
ကျနော်တို့က
ထင်ထားတာထက် ပိုရှားပါးတယ်
အဲ့ဒီလောက်ရှားပါးတဲ့ existence တစ်ခုကို
သံသယတွေနဲ့ပဲ ဖြတ်သန်းသွားဖို့
နှမြောဖို့ကောင်းတယ်
ကျနော်တို့မှာ
စူးစမ်းဖို့ရှိတယ်
ဖန်တီးဖို့ရှိတယ်
ထုတ်ဖော်ဖို့ရှိတယ်
မျှဝေဖို့ရှိတယ်
လူတိုင်းလိုဖြစ်ဖို့မဟုတ်ဘူး
ကျနော်တို့ပဲဖြစ်နိုင်တဲ့ version ကို
တတ်နိုင်သလောက် အပြည့်အဝနေထိုင်ဖို့
တစ်ခါတစ်လေ
ဘဝရဲ့တာဝန်က
တခြားတစ်ယောက်ဖြစ်အောင်
ကြိုးစားဖို့မဟုတ်ဘူး
ကျနော်တို့ဖြစ်နိုင်တဲ့လူကို
အပြည့်အဝရှာဖွေဖို့ပဲ ဖြစ်နိုင်တယ်
— @thelapyae | 2 013 |
| 10 | တချို့လူတွေကိုကြည့်ရင်
နှစ်တွေအကြာကြီး ကြိုးစားနိုင်တယ်
အလုပ်တွေလုပ်တယ်
အသစ်တွေသင်တယ်
ပြန်လဲကျရင်လည်း ပြန်ထတယ်
ကြည့်လိုက်ရင်
မပင်ပန်းသလိုပဲ ထင်ရတယ်
တကယ်တော့
သူတို့လည်း ပင်ပန်းတယ်
ကွာခြားတာက
သူတို့ကို မောင်းနှင်နေတဲ့အရာပဲ
တစ်ချို့လူတွေက
ချီးကျူးခံရဖို့ ကြိုးစားတယ်
တစ်ချို့လူတွေက
သူများကို သက်သေပြဖို့ ကြိုးစားတယ်
ဒီလို motivation မျိုးတွေက
သိပ်မကြာဘူး
တစ်ချို့လူတွေကတော့
ကိုယ်ဖြစ်ချင်တဲ့လူမျိုး
ဖြစ်ချင်လို့ ကြိုးစားတယ်
ကိုယ်စိတ်ကူးထဲကမြင်တဲ့ဘဝကို
တကယ်ရောက်ချင်လို့ ကြိုးစားတယ်
ကိုယ်လုပ်နေတဲ့အရာမှာ
အဓိပ္ပာယ်ရှိတယ်လို့ ခံစားရလို့ ကြိုးစားတယ်
ဒီလို motivation မျိုးတွေက
ပိုကြာရှည်တယ်
ပိုက်ဆံ
အောင်မြင်မှု
လွတ်လပ်မှု
ဒါတွေက destination ဖြစ်နိုင်တယ်
နေ့တိုင်းထပြီး ဆက်သွားစေတဲ့ engine ကတော့
အတွင်းထဲကလာတဲ့ အကြောင်းပြချက်တွေပဲ
တစ်ခါတစ်လေ
လူတစ်ယောက် ဘယ်လောက်
ဝေးဝေးသွားနိုင်မလဲဆိုတာကို
သူဘာလိုချင်လဲဆိုတာထက်
သူဘာကြောင့်လိုချင်တာလဲဆိုတာက
ပိုဆုံးဖြတ်တယ်
“Why” is more important
— @thelapyae | 1 851 |
| 11 | လောကမှာအကောင်းဆုံး
ခံစားချက်တွေထဲက တစ်ခုက
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး
အဲ့ဒီယုံကြည်မှုကို
တကယ်ဖြစ်အောင်လုပ်နိုင်တာပဲ
Skill အသစ်တစ်ခုသင်တယ်
Business တစ်ခုစတယ်
Idea တစ်ခုကို အကောင်အထည်ဖော်တယ်
အစမှာဘယ်သူမှမယုံကြည်သေးဘူး
ကျနော်တို့ကိုယ်တိုင်ပဲ ယုံကြည်ခဲ့တာ
တစ်နေ့မှာအဲ့ဒါတကယ်ဖြစ်လာတဲ့အချိန်
ရလာတာက result တစ်ခုတည်းမဟုတ်ဘူး
“ကျနော်လုပ်နိုင်သားပဲ” ဆိုတဲ့
evidence ကိုပါ ရလာတယ်
အဲ့ဒီခံစားချက်ကတစ်ခါရပြီးရင်
ထပ်လိုချင်လာတတ်တယ်
ကိုယ့်ကိုယ်ကို အလောင်းအစားလုပ်ပြီး
ကိုယ့်ကိုယ်ကိုပဲ အနိုင်ရတာထက်
တော်တော်ကောင်းတဲ့ခံစားချက်ပဲ
— @thelapyae | 1 868 |
| 12 | လူဖြစ်လာရင် အများကြီးမလိုဘူး
တာဝန်ကျေဖို့ပဲလိုတယ်
မိဘအတွက်
သားသမီးတာဝန်ကျေလိုက်
သားသမီးအတွက်
မိဘတာဝန်ကျေလိုက်
အိမ်ထောင်ဖက်အတွက်
လင်/မယားတာဝန်ကျေလိုက်
အလုပ်ရှင်အတွက်
အလုပ်သမားတာဝန်ကျေလိုက်
အလုပ်သမားအတွက်
အလုပ်ရှင်တာဝန်ကျေလိုက်
သာသနာအတွက်
သံဃာတာဝန်ကျေလိုက်
ကျနော်တို့ဘဝမှာ
Role တွေက အမြဲပြောင်းနေတယ်
ဒါပေမယ့်
တာဝန်ကျေဖို့ဆိုတဲ့
principle ကတော့မပြောင်းဘူး
တစ်ခါတစ်လေ
လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ
ထူးခြားတဲ့အရာတွေ လုပ်ဖို့မလိုဘူး
ကိုယ်ရနေတဲ့တာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ပဲလိုတယ်
ဘာလို့လဲဆိုတော့
လူတစ်ယောက်ရဲ့တန်ဖိုးကို
သူပြောတဲ့စကားတွေက မဆုံးဖြတ်ဘူး
သူ့တာဝန်အပေါ်ဘယ်လောက်
သစ္စာရှိသလဲဆိုတာက ဆုံးဖြတ်တယ်
Seest thou a man diligent in his business?
He shall stand before kings;
he shall not stand before mean men
(Proverbs 22:29, KJV)
— @thelapyae | 2 057 |
| 13 | လောကမှာ ပိုက်ဆံထက်
အရေးကြီးတာတွေအများကြီးရှိတယ်
အဲ့ဒါကို ပိုက်ဆံတွေ
အများကြီးရှိလာတဲ့အခါ သိလာလိမ့်မယ်
@thelapyae | 2 098 |
| 14 | ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး
မကြိုးစားလဲ မအောင်မြင်နိုင်ဘူး 😁
ကြိုးစားမှုကအောင်မြင်မှုရဲ့
အာမခံချက်မဟုတ်ဘူး
ဝင်ခွင့်လက်မှတ်လို့ပဲပြောလို့ရမယ်
အောင်မြင်မှုမှာ
- Timing ရှိတယ်
- Luck ရှိတယ်
- Decision ရှိတယ်
- Direction ရှိတယ်
ဒါပေမယ့်
ဒီအရာအားလုံးမတိုင်ခင်
ကြိုးစားမှုရှိဖို့လိုတယ်
တစ်ချို့လူတွေက
ကြိုးစားတာနဲ့ မရဘူးဆိုပြီး
အစကတည်းက လက်လျှော့လိုက်ကြတယ်
တစ်ချို့လူတွေကတော့
အောင်မြင်မယ်လို့ မသေချာပေမယ့်
မကြိုးစားရင် သေချာမရဘူးဆိုတာ သိတယ်
ကြိုးစားမှုက ရလဒ်ကို မကတိမပေးဘူး
အခွင့်အရေးတွေကိုတော့ တိုးလာစေတယ်
— @thelapyae | 2 510 |
| 15 | ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပါ
တွေ့သမျှကို မှတ်သားပါ
ပြီးရင်သူများနဲ့ ပြန်မျှဝေပါ
ဒီ cycle က
ထင်တာထက် ပိုအစွမ်းထက်တယ်
ကိုယ့်ကိုယ်ကို
တိုးတက်အောင်လုပ်တဲ့အချိန်မှာ
အတွေ့အကြုံရတယ်
မှတ်သားတဲ့အချိန်မှာ
အတွေးတွေက ရှင်းလာတယ်
မျှဝေတဲ့အချိန်မှာတော့
နားလည်မှုက ပိုနက်လာတယ်
စိတ်ဝင်စားဖို့ကောင်းတာက
သင်ပေးဖို့အတွက် သင်တာမဟုတ်ဘူး
သင်ပေးရလို့ ပိုသင်ဖြစ်သွားတာ
ရေးဖို့အတွက် မှတ်တာမဟုတ်ဘူး
မှတ်ထားလို့ ပိုမြင်လာတာ
တစ်ချို့လူတွေကတိုးတက်မှုကို
ကိုယ့်ဆီမှာပဲ သိမ်းထားကြတယ်
တစ်ချို့လူတွေကတော့
လေ့လာတယ် မှတ်သားတယ် မျှဝေတယ်
ဒီလိုနဲ့ ကိုယ်တိုင်လည်း တိုးတက်တယ်
ပတ်ဝန်းကျင်လည်း တိုးတက်တယ်
တကယ်တော့
Personal growth နဲ့
Teaching ဆိုတာ
လမ်းနှစ်ခုမဟုတ်ဘူး
လမ်းတစ်ခုတည်းရဲ့
ဦးတည်ရာနှစ်ခု
— @thelapyae | 2 409 |
| 16 | လုံးဝ Ai ကိုနားမလည်တောင်
Claude ဖြစ်ဖြစ်
Gemini ဖြစ်ဖြစ်
ChatGPT ဖြစ်ဖြစ်
ဝယ်သုံးတာနဲ့
လူတိုင်းသုံးလို့ရတဲ့
Automation ရှိတယ်
လစဉ်ကြေး
auto ဖြတ်တာပါပဲ 😁
@thelapyae | 2 483 |
| 17 | တကယ်ချမ်းသာသွားရင်
ဘာတွေလုပ်ချင်လဲ 🤔
@thelapyae | 2 772 |
| 18 | ဘယ်သူ့ကိုမှ လျော့မတွက်ပါနဲ့
ပိုပဲတွက်ပါ မဟုတ်ရင် အရင်းပြုတ်နိုင်ပါတယ်
@thelapyae | 2 858 |
| 19 | လူတွေက
ပျော်ရွှင်နေတဲ့အချိန်မှာ
ကိုယ်ဘယ်သူလဲဆိုတာ သိဖို့ခက်တယ်
အရာအားလုံးအဆင်ပြေနေတဲ့အချိန်မှာ
စိတ်ရှည်တယ်လို့ထင်တယ်
သတ္တိရှိတယ်လို့ထင်တယ်
ခိုင်မာတယ်လို့ထင်တယ်
ဒါပေမယ့် အရာအားလုံး
မျှော်လင့်ထားသလိုမဖြစ်တဲ့အချိန်မှာ
ဆုံးရှုံးမှုတွေကြုံလာတဲ့အချိန်မှာ
တကယ်ဘယ်လိုလူလဲဆိုတာ စမြင်ရတယ်
ဖိအားအောက်မှာ
ဘယ်လိုတွေးသလဲ
နာကျင်မှုအောက်မှာ
ဘယ်လိုရွေးချယ်သလဲ
အဆင်မပြေတဲ့အချိန်မှာ
ဘယ်လိုလူမျိုးအဖြစ် ဆက်ရှိနေသလဲ
ဒါတွေကပဲ
ကိုယ့်အကြောင်းကိုယ် ပြန်သင်ပေးတယ်
တစ်ခါတစ်လေ
Suffering က
ဘဝကို ဖျက်ဆီးဖို့လာတာမဟုတ်ဘူး
ကိုယ်ထင်ထားတဲ့ "ငါ" နဲ့
တကယ့် "ငါ" ကြားက
ကွာခြားချက်ကို ပြဖို့လာတာ
တချို့လူတွေက
နာကျင်မှုထဲမှာ ပျောက်သွားတယ်
တချို့လူတွေကတော့
နာကျင်မှုထဲမှာ ကိုယ့်ကိုယ်ကို တွေ့သွားတယ်
ဘာလို့လဲဆိုတော့
အဆင်ပြေနေတဲ့အချိန်က
ကိုယ့်မှာ ဘာတွေရှိလဲဆိုတာ ပြတယ်
ခက်ခဲတဲ့အချိန်ကတော့
ကိုယ်ဘယ်သူလဲဆိုတာ ပြတယ်
— @thelapyae | 2 870 |
| 20 | Google gemini studio သုံးတဲ့သူတွေ
Publish လုပ်ရတာပိုလွယ်သွားပြီ
အခုတော့ free ai.studio domain သုံးလို့ရပြီ
စမ်းထားတဲ့ idea တွေလူတွေကို
အလွယ်လေးချပြနိုင်ပြီပေါ့ 😁
@thelapyae | 2 362 |
