2 416
المشتركون
+1424 ساعات
+1157 أيام
+36630 أيام
أرشيف المشاركات
2 416
ဆီဗီလာ - ဗလင်စီယာ
သောကြာနေ့ (ည ၁း၃၀ နာရီ)
Diamond Seven
သောကြာနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို လာလီဂါပွဲစဉ်ဖြစ်တဲ့ ဆီဗီလာ-ဗလင်စီယာ ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
ဆီဗီလာက ၄ပွဲကစား၊ ၂ပွဲနိုင်၊ ၁ပွဲသရေ၊ တီကိုနဲ့ ၁ပွဲသာရှုံးပြီး ရာသီအစ ရလဒ်ကောင်းနေပါတယ်၊၊
အိမ်ကွင်းကစားအားကောင်းသလို ကွင်းလယ်မှာ အန်ဂူမီနဲ့ ဂူရီဒီ တို့ကလည်း ဖန်တီးနိုင်စွမ်း မြင့်မားပါတယ်၊၊
အဓိက တိုက်စစ်ကစားသမား လူးကပ်စ်ဆတက်ဆင်ပါဝင်လာနိုင်တာကလည်း ဆီဗီလာအိမ်ကွင်းခြေစွမ်းကို ပိုကောင်းစေဦးမှာပါ၊၊
ဗလင်စီယာက အမှတ်ပေးဇယားအောက်ဆုံးရောက်နေပြီး ခံစစ်ကလည်း အမှားများလွန်းပါတယ်၊၊
အခုလို ပေါက်ထွက်နေတဲ့ နောက်တန်းအနေအထားနဲ့တော့ ဆီဗီလာကွင်းမှာလည်းသေချာပေါက် ဂိုးပေးရဦးမှာပါ၊၊
အဓိက တိုက်စစ်ကစားသမား ဆာဒစ် ကတော့ ဂိုးသွင်းခြေရှိတာမို့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရယူနိုင်စွမ်း ရှိနေတာတော့ သတိပြုရပါမယ်၊၊
ဆီဗီလာတိုက်စစ်နဲ့ကွင်းလယ် ကစားအားကောင်းသလို ဗလင်စီယာရဲ့ ပြန်ကန်နိုင်အားတွေကြောင့် နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြေ မြင့်မားနေတာမို့ ဂိုးအပေါ်ရွေးထားမယ်၊၊
ရွေးချယ်မှု (ဆီဗီလာ ဂိုးပေါ်)
2 416
===================
အာဆင်နယ်ဟာ နည်းပြမီခေးလ်အာတီတာအား စာချုပ်သစ်ချုပ်ဆိုရေး အနီးစပ်ဆုံး အနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်နှင့် အာတီတာအကြား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာတာ ကြာမြင့်လာတာ ဖြစ်ပြီး ယခုအခါ အပြီးသတ်လုနီးပါး အနေအထားသို့အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
လက်ရှိဆွေးနွေးမှုအနေအထားအရ စပိန်လူမျိုးနည်းပြမှာ အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် လုံးဝ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
အာတီတာဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် အာဆင်နယ်အား ချန်ပီယံလိဂ်အဖြစ် ပြောင်းလဲ တည်ဆောက်ပေးလာခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။
အာတီတာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးခဲ့ပြီးနောက် ပရိသတ်အချစ်တော် နည်းပြတစ်ဦး ဖြစ်နေပြီ ဖြစ်ပါတယ်။
အာတီတာဟာ ယခုရာသီတွင်လည်း အာဆင်နယ်အား ပွဲတိုင်း အနိုင်ရရှိအောင် ဦးဆောင်ပေးထားနိုင်ပါတယ်။
2 416
=====================
အစ္စမေးလ်ကာတယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင် ရိုးမားနှင့် ၁ ဂိုးစီသရေကျပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် ဖီနာဘာချီနည်းပြရာထူးမှ နှုတ်ထွက်လာပါတယ်။
ကာတယ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ကစားသမားအဖြစ်လည်းကောင်း၊ လက်ထောက်နည်းပြအဖြစ်လည်းကောင်း ကျင်လည်ခဲ့တဲ့ ဖီနာဘာချီသို့ ဘယ်တော့မှ ပြန်မသွားတော့ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ခုနှစ် ဇွန်လတွင် နည်းပြအဖြစ် စတုတ္ထအကြိမ်မြောက် ရောက်လာတာ ဖြစ်ပြီး ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ တူရကီစူပါလိဂ် ၄ ပွဲအပြီးတွင် ၂ ပွဲနိုင်၊ ၂ ပွဲသရေဖြင့် အဆင့် ၉ နေရာမှာ ရပ်တည်ပြီး ချန်ပီယံလိဂ် ၁ ပွဲအပြီးမှာပင် ထွက်ခွာလာပါတယ်။
ကာတယ်က "ဒီကို ရောက်လာတာ သုံးလရှိပြီ။ ရာသီအစကနေ ဒီကနေ့အထိ ကစားသမားတွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်နဲ့ စခန်းသွင်းလေ့ကျင့်ချိန်မှာ ဥက္ကဌရဲ့ လုပ်ဆောင်ပေးမှုတွေက အရမ်းအကူအညီ ဖြစ်ခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ နေ့ရက်တေ့ပါ။ ဒီကနေ့ညနေမှာ ကစားသမားတွေကို ကျွန်တော် ဂုဏ်ပြုပါတယ်။ ပြီးတော့ ကျွန်တော့်ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။ ကလပ်အတွက် ဒီဆုံးဖြတ်ချက်ချလိုက်တာပါ။ အသင်းတစ်ခုအနေနဲ့ အတူတကွ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ အခုအချိန်က စပြီး ဖီနာဘာချီနဲ့ ကစားသမားတွေကို ကူညီဖို့က အနာဂတ်နည်းပြအပေါ်မှာပဲ မူတည်ပါတော့တယ်။ ကျွန်တော် ရာထူးက နုတ်ထွက်လိုက်ပါပြီ။ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် ဥက္ကဌအဇစ်ယဲလ်ဒီရမ်ကတော့ ကာတယ်ရဲ့ ရာထူးမှ နုတ်ထွက်မှုအား လက်မခံပါဘူး။
ယဲလ်ဒီရမ်က ကာတယ်မှာ ရိုးမားပွဲစဉ်အတွင်း ပွဲကြည့်စင်မှ ပစ်ပေါက်လိုက်တဲ့ ပုလင်းထိမှန်ပြီးနောက် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ဒါ့အပြင် ယဲလ်ဒီရမ်က ကာတယ်မှာ ဖီနာဘာချီနည်းပြအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားဦးမည်ဖြစ်ကြောင်းလည်း ထပ်လောင်းဆိုသွားပါသေးတယ်။
2 416
ဗီနီဇီယာ vs ဖီအိုရင်တီးနား
သောကြာ (ည ၁:၁၅ နာရီ)
(Super Zay)
သောကြာညအတွက် တစ်ကွက်
ကောင်းကို စီးရီးအေက ရွေးချယ်
ထားပြီး ဗီနီဇီယာနဲ့ဖီအိုရင်တီးနား
တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
အခုချိန်ထိ အမှတ်ဘဲဥမကွဲသေးတဲ့
တန်းဆင်းဇုန်နှစ်သင်းရဲ့တွေ့ဆုံမှုလို့
ဆိုရင်လည်း မမှားပါဘူး။
နှစ်သင်းစလုံးက ခံစစ်ညံ့တာချင်းလည်း တူကြပါတယ်။
ဗီနီဇီယာရော ဖီအိုရင်တီးနားပါ ရာသီအစ စီးရီးအေမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးနေရတာပါ။
ဒီနေရာမှာ ဖီအိုရင်တီးနားက ၁ ဂိုးပဲ သွင်းနိုင်သေးတယ် ဆိုပေမယ့် နောက်ဆုံး၂ ပွဲမှာ ဂိုးကန်သွင်းချက်ချည်း ၃၉ ကြိမ်တောင် ရှိခဲ့တာပါ။
ဗီနီဇီယာကလည်း တိုက်စစ်အညံ့ချည်းတော့ မဟုတ်ပါဘူး။
ဆိုတော့ ဒီပွဲမှာ နှစ်ဖက်စလုံးဆီ
ကနေ သွင်းဂိုးတွေ မြင်ရနိုင်တာပါ။
၃ ဂိုးသွင်းတာနဲ့ ထက်ဝက်နီးပါး ပျော်ရမယ့် အခုပွဲမှာ ဂိုးရနံ့သင်းပျံ့နေပါကြောင်း။
ရွေးချယ်မှု - ဖီအိုရင်တီးနားဂိုးပေါ်
2 416
===================
ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက အန်တိုနီဂေါ်ဒွန်မှာ မားကပ်စ်ရက်ဖို့ဒ်ထက် ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာနှင့် ပိုမိုအံဝင်ကြောင်း ပြောကြားလာပါတယ်။
ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာတွင် အငှားဖြင့် လာရောက် ကစားစဉ် ပြိုင်ပွဲအရပ်ရပ်မှာ ၁၄ ဂိုးသွင်းပြီး လာလီဂါဖလားနှင့် ကိုပါဒယ်ရေး ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ရက်ဖို့ဒ်ကို ပေါင် ၃၀.၃ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ပါဝင်ပေမယ့်လည်း အပြီးသတ်ခေါ်ယူရန် ငြင်းပယ်ခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ မိခင်ကလပ် ယူနိုက်တက်သို့ ပြန်ခဲ့ရပါတယ်။
ဘာစီလိုနာဟာ နွေရာသီတွင် နယူးကာဆယ်မှ အန်တိုနီဂေါ်ဒွန်အား ပေါင် ၆၉.၃ သန်းဖြင့် ခေါ်ယူလာမှုနှင့်အတူ ရက်ဖို့ဒ်အား မခေါ်ယူခဲ့တာပါ။
ဒေကိုက "ရက်ဖို့ဒ်ကို ပိုင်ဆိုင်ခဲ့တဲ့အတွက် တကယ်ပဲ ဝမ်းသာဂုဏ်ယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူ အများကြီး လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က အန်တိုနီနဲ့ပိုပြီး ချိတ်ဆက်ကစားဖို့ စဉ်းစားထားခဲ့တယ်။ သူ့စတိုင်က နည်းပြရှာဖွေနေတဲ့ အရာအံဝင်တယ်"လို့ ပြောကြားသွားပါတယ်။
အန်တိုနီဂေါ်ဒွန်ဟာ ဘာစီလိုနာအတွက် ၅ ပွဲကစားထားရာမှာ ၄ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။
ဘာစီလိုနာဟာ လာလီဂါ ၄ ပွဲလုံး အနိုင်ရရှိထားပြီး ၁၇ ဂိုးသွင်းထားရာမှာ ၂ ဂိုးတည်းသာ ပေးထားရပါတယ်။
2 416
====================
ဂျာမယ်မူစီယာလာဟာ ရာသီကြိုခြေစမ်းပွဲတွင် ၂ ကြိမ်တိုင်တိုင် မူးလဲပြီးနောက် ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးပွဲထွက်ကစားလာရာမှာ ဂိုးသွင်းလာပါတယ်။
ဂျာမနီစတားဟာ ၂၀၂၆-၂၇ ရာသီမတိုင်မီ ရက်အနည်းငယ်အလို ရာသီကြိုခြေစမ်းပွဲ ၂ ပွဲတွင် ၂ ကြိမ်တိုင်တိုင် မူးလဲခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ မူစီယာလာဟာ အာရုံကြောဆိုင်ရာချို့ယွင်းမှု ဖြစ်နေတာ ဖြစ်ပြီး သတိလစ်မှု ဖြစ်ပွားနေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါပမယ့် ယင်းရောဂါမှာ စိုးရိမ်စရာမရိဘဲ အလွယ်တကူကုသမှု ပြုလုပ်နိုင်တဲ့ရောဂါပါ။
သူဟာ မနေ့ညတုန်း ဘိုဒို/ဂလမ့်နှင့် ချန်ပီယံလိဂ်လိဂ်အဖွင့်ပွဲစဉ်မှာတော့ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခဲ့ပါတယ်။
အလယ်တန်းကစားသမားဟာ ဒုတိယပိုင်းအစောပိုင်းတွင် ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးအား သွင်းပေးနိုင်ခဲ့ပါတယ်။
သူဟာ ဂိုးသွင်းယူပြီးနောက် ဂိုးသွင်းအောင်ပွဲခံမှုအသစ်ဖြင့် အောင်ပွဲခံလာတာလည်း တွေ့ရပါတယ်။
သူဟာ ပွဲကြည့်စင်ကို ကြည့်ပြီးနောက် ဘယ်ဖက်ဦးခေါင်းကို လက်ညှိုးထိုးထားတဲ့ ပုံစံဖြင့် အောင်ပွဲခံလာတာလည်း ဖြစ်ပါတယ်။
မူစီယာလာဟာ ရာသီမစတင်မီ လိုက်ဇစ်၊ ဟိုင်ဒမ်ဟိမ်းတို့နှင့် ရာသီကြိုခြေစမ်းပွဲတွင် မူးလဲကျခဲ့တာလည်း ဖြစ်ပါတယ်။
ဗင်းဆင်ကွန်ပနီဦးဆောင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ မနေညတုန်းက ဘိုဒိုဂလမ့်နှင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် မူစီယာလာ၊ ဟယ်ရီကိန်း၊ အယ်ဖွန်ဆိုဒါးဗီးစ်၊ မိုက်ကယ်အိုလီဆီတို့ရဲ့ သွင်းဂိုးတွေနဲ့ ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
2 416
ရာသီကြိုခြေစမ်းပွဲတွင် ၂ ကြိမ်တိုင်တိုင် မူးလဲပြီးနောက် ပထမဆုံး ပွဲထွက်ကစားချိန်မှာ ဂိုးသွင်းယူပြီး ဂိုးသွင်းအောင်ပွဲခံမှုအသစ် ဖန်တီးလာတဲ့ မူစီယာလာ
2 416
===================
မူရီစီယိုပိုချက်တီနိုက ချဲလ်ဆီးကို ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်မှ ဖယ်ရှားကာ ဒုတိယနေရာတွင် ရပ်တည်ခဲ့တဲ့ စပါးစ်အား လွဲပြောင်းပေးသင့်ကြောင်း ပြောကြားလာပါတယ်။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်စည်းမျဉ်းများအား ချိုးဖောက်မှုအတွက် မတ်လတုန်းက ပေါင် ၁၀၇ သန်း ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ရမှတ် ၆ မှတ်လည်း လျှော့ချခြင်းခံခဲ့ရကာ အယူခံဝင်ခဲ့ရာ အောင်မြင်သွားခဲ့ပါတယ်။ ယင်းရာသီတုန်းက ကွန်တီကိုင်တွယ်တဲ့ ချဲလ်ဆီးဟာ ပိုချက်တီနိုရဲ့ စပါးစ်အား ၇ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာပါ။
ချဲလ်ဆီးပိုင်ရှင် တော့ဒီဘိုလေးနှင့် Clearlake Capital တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက ချဲလ်ဆီးကို ဝယ်ယူလိုက်ပြီးနောက် ကလပ်မှာ ယခင်တုန်းက စည်းမျဉ်း ၇၄ ဦးကို ချိုးဖောက်ထားတယ်လို့ တွေ့ရှိရကြောင်း အက်ဖ်အေကို ကိုယ်တိုင် တင်ပြခဲ့တာပါ။
ချဲလ်ဆီးက ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ အေးဂျင့်များနှင့် တတိယအဖွဲ့အစည်းများအား လျို့ဝှက်ငွေပေးမှု ပေါင် ၄၇ သန်း ပြုလုပ်ခဲ့တာပါ။
၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စပါးစ်ကို ကိုင်တွယ်ခဲ့တဲ့ အမေရိကန်နည်းပြက "ကျွန်တော်တို့ ဖလားတစ်လုံးရသင့်တယ်။ ပရီးမီးယားလိဂ်ဖလားပါ။ ဒါကို ကျွန်တော်တို့ကို ချီးမြှင့်သင့်တယ်။ ချဲလ်ဆီး အရေးယူခံခဲ့ရတယ်။ ဝန်ခံတယ်။ ဒီတော့ သူတို့ဖလားကို ဒုတိယနေရာက အသင်းကို လွဲပေးသင့်တယ်"လို့ ပြောကြားသွားပါတယ်။
ပိုချက်တီနိုဟာ စပါးစ်ကို ၅ နှစ် ကိုင်တွယ်စဉ်အတွင်း ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။
ပိုချက်တီနို ကိုင်တွယ်စဉ် စပါးစ်ဟာ ဆုဖလား တစ်လုံးမျှ ရရှိခဲ့ခြင်းမရှိဘဲ ၂၀၁၆-၁၇ ရာသီတွင် အကောင်းဆုံးရပ်တည်မှုအဖြစ် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့တယ်။
2 416
၂၀၁၆-၁၇ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် စပါးစ်ကို လွဲပြောင်းပေးသင့်ကြောင်း နည်းပြဟောင်းပိုချက်တီနို ပြောကြားလာ
2 416
==================
အီဗန်ဂျီလို့စ်မာရီနာကစ်ဟာ ရာသီအစ ၇ ပွဲအပြီးမှာပင် ၁၆ နှစ်အတွင်း ၂၅ ဦးမြောက် နည်းပြအဖြစ် ထုတ်ပယ်လာပါတယ်။
နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်ဟာ ဂရိထိပ်သီးကလပ် အိုလံပီယာကို့စ်အပြင် ပေါ်တူဂီကလပ် ရီယိုအဗီကိုလည်း ပိုင်ဆိုင်ထားသူပါ။
အိုလံပီယာကို့စ်ဟာ နည်းပြဟိုဆေးလူးဝစ်မန်ဒီလီဘားနှင့် လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။
အသက် ၆၅ နှစ်ရှိ မန်ဒီလီဘားဟာ ကလပ်ကို ၂၀၂၄ ခုနှစ် ကွန်ဖရင့်လိဂ် ရရှိအောင် ဦးဆောင်ခဲ့တဲ့ အပြင် နောက်တစ်ရာသီမှာ ပြည်တွင်းဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အိုလံပီယာကို့စ်ဟာ ယခုရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိလာခြင်း မရှိမှုနှင့်အတူ နည်းပြအပြောင်းအလဲ လုပ်ရန် ဆုံးဖြတ်လာပါတယ်။
စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ၁၆ နှစ်တာအတွင်း မာရီနာကစ် ထုတ်ပယ်လာတဲ့ ၂၅ ဦးမြောက်နည်းပြဖြစ်ပါတယ်။
ဂရိစီးပွားရေးလုပ်ငန်းရှင်ဟာ ပြီးခဲ့တဲ့ တစ်ရာသီတည်းမှာပင် နော်တင်ဟမ်ဖောရက်စ်မှာ နည်းပြ ၄ ဦး အပြောင်းအလဲလုပ်ခဲ့ဖူးပါတယ်။
2 416
ရာသီအစ ၇ ပွဲအပြီးမှာပင် ၁၆ နှစ်အတွင်း ၂၅ ဦးမြောက် နည်းပြအား ထုတ်ပယ်လာတဲ့ နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်မာရီနာကစ်
2 416
===================
Manchester United Foundation ဟာ ယခုရာသီ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်များအတွင်း ကလပ်ရဲ့ အင်္ကျီတွင် အထူးနေရာတစ်နေရာ ရရှိလာပါမယ်။
ယူနိုက်တက်ဟာ သုံးနှစ်ကြာ ဝေးကွာလာခဲ့တဲ့ ချန်ပီယံလိဂ်လိဂ်ပထမဆုံးပွဲအဖြစ် ယနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ချန်ပီယံလိဂ်ပထမဆုံးကစားခွင့်ရလာတဲ့ ဆာဘာအား ဧည့်ခံကစားရပါမယ်။
ယူနိုက်တက်ဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဝတ်ဆင်လာမယ့် အင်္ကျီတိုင်းတွင် ကလပ်ရဲ့ ပရဟိတအဖွဲ့ လိဂိုအား ကျောဘက်တွင် ထည့်သွင်းလာမယ်လို့ ကြေညာလာပါတယ်။
Manchester United Foundation ကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး နှစ်စဉ် လူတိုင်းပေါင်း ၃၀၀၀၀ တို့အတွက် အထောက်အပံ့များ ပြုလုပ်ပေးနေပါတယ်။
Manchester United Foundation ဟာ ပရော့ဂျက် ၁၂၉ အထိ ရှိပြီး လူငယ်များအတွက် ကောင်းမွန်တဲ့ ဘဝပိုင်ဆိုင်ရေး ပညာရေးနှင့် လူမှုရေးဆိုင်ရာများ အကူအညီပေးလာပါတယ်။
ယူနိုက်တက်ပရိသတ်များအနေဖြင့် Manchester United Foundation လိုဂိုပါ အင်္ကျီကို ကလပ်ရဲ့ Meagstore တွင် ရောင်းချလာပြီလည်း ဖြစ်ပါတယ်။ ပရိသတ်များအနေဖြင့် ယခင်ဝယ်ယူထားပြီးသား အင်္ကျီတွင်လည်း Manchester United Foundation လိုဂိုအား ဆေးရိုက်မှု ပြုလုပ်နိုင်ပါသေးတယ်။
ယင်းမှ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို Manchester United Foundation အတွက် အသုံးပြုလာမှာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်၊ ရက်ဘူးလ်လိုက်ဇစ်၊ ရိုးမား၊ အက်သလက်တီကိုမက်ဒရစ်၊ ကိုမို၊ စပို့တင်းလစ္စဘွန်း၊ ဗီလာရီးရဲလ်တို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။
2 416
သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကစားခွင့် ရလာပြီးနောက် အင်္ကျီကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာတဲ့ ယူနိုက်တက်
2 416
====================
အာလင်းဟာလန်းက ဥယျာဉ်တွင် ဖခင်ဖြစ်သူအယ်ဖီနှင့် ခေါင်းတိုက်လေ့ကျင့်ခန်းများ ပြုလုပ်နေကြောင်း ပြောကြားကာ ခေါင်းတိုက်ဂိုးသွင်းနိုင်မှုစွမ်းရည်မြင့်မားလာမှုရဲ့ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဖွင့်ဟလာပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ ယခုရာသီတွင် မန်စီးတီးအတွက် ၅ ဂိုးသွင်းယူထားပြီးဖြစ်ကာ တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နှင့် ဒါဘီပွဲစဉ်တွင်လည်း ဆက်လက် ဂိုးသွင်းနိုင်ရန် မျှော်လင့်နေပါတယ်။
ဖခင်ဖြစ်သူအယ်ဖီမှာ လိဒ်၊ မန်စီးတီး၊ နော်တင်ဟမ်ဖောရက်စ်တို့တွင် ကစားခဲ့ဖူးကာ ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းနှင့် ပြဿနာတက်ခဲ့ဖူးပါတယ်။
ဟာလန်းက "လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဥယျာဉ်မှာ အဖေနဲ့ လေ့ကျင့်ခဲ့တယ်။ ခေါင်းတိုက်တာနဲ့ပတ်သက်ပြီး အများကြီးလုပ်ခဲ့တယ်"လို့ ဆိုသွားပါတယ်။
အရပ် ၆ ပေ၊ ၅ လက်မရှိ နော်ဝေတိုက်စစ်မှူးဟာ အင်္ဂါနေ့တုန်းက ပေါ်တိုအား ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် ခေါင်းတိုက်ဂိုးတစ်ဂိုးအပါအဝင် ၂ ဂိုးလုံးအား သွင်းယူပေးခဲ့ပါတယ်။
သူဟာ ကလပ်ကစားသမားဘဝ ဂိုးပေါင်း ၃၀၂ ဂိုးသွင်းထားရာမှာ ၃၇ ဂိုးအား ခေါင်းတိုက်သွင်းယူထားတာပါ။
