2 553
Подписчики
+424 часа
+117 дней
+24730 дней
Архив постов
2 553
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ နေးရှင်းလိဂ်ပွဲစဉ်များအတွင်း နည်းပြဂျော့ဂျီးဆပ်စ်နှင့် လူသိရှင်ကြားပြဿနာတက်မှုနှင့်အတူ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝ ရုပ်ဆိုးအကျည်းတန်စွာ အဆုံးသတ်ရမယ့်ကိန်း ဆိုက်နေပါတယ်။
ဒါပေမယ့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌပီဒရိုပရိုအန်ကာကမူ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဖြစ်ရပ်မှာ နားလည်မှု လွဲမှားခြင်းမျှသာ ဖြစ်ပြီး မကြာမီ အတွင်းပိုင်းတွင် ဆွေးနွေးကာ ဖြေရှင်းသွားမယ်လို့ ဆိုသွားပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီဂန္ထဝင်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့တုန်းက နော်ဝေအား ၂-၁ ဖြင့် အဝေးကွင်းတွင် အနိုင်ရတဲ့ပွဲမှာ အရန်အဖြစ်ပင် ကစားခွင့်မရခဲ့တဲ့အပြင် ဒိန်းမတ်နှင့်ပွဲတွင်လည်း ကစားခွင့်ရရှိမှာ မဟုတ်ကြောင်း သိရပြီးနောက် ပေါ်တူဂီအသင်းလေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ပါတယ်။
ယင်းသို့ ပြဿနာများတက်ပေမယ့်လည်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌပရိုအန်ကာဟာ နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား အပြည့်အဝထောက်ခံအားပေးနေဆဲ ဖြစ်ပြီး ပြဿနာမှာ ပြေလည်သွားလိမ့်မယ်လို့ ဆိုလာပါတယ်။
ပရိုအန်ကာက "သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမား၊ ဘောလုံးဘောလုံးလောကအတွက် နှစ်ပေါင်းနှစ်ဆယ်ကျော်ပေးဆပ်လာခဲ့တဲ့ ကစားသမားနဲ့ပတ်သက်ပြီး ပြောနေကြတာပါ။ သူသာ နည်းစနစ်ပိုင်းအရ ကစားဖို့ သင့်တော်မယ်ဆိုရင် ဒီအသင်းရဲ့အစိတ်အပိုင်းအဖြစ် အမြဲရှိနေမှာပါ။ ခရစ္စတီယာနိုလည်း သိတယ်။ ဒီသဘောတရားကို သူလည်း နားလည်တယ်။ ဖြစ်ပျက်ခဲ့တာတွေက နားလည်မှု လွဲတာပါ။ မကြာခင် အတွင်းပိုင်းမှာပဲ ဖြေရှင်းသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၂၃၄ ပွဲကစားထားကာ ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ ၁၄၆ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းကောင်း သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။
ဆက်လက်ပြီး ပရိုအန်ကာက "ရော်နယ်ဒိုက ဒီနိုင်ငံရဲ့ ပြယုဂ်ပါ။ သူက ပေါ်တူဂီစံပြပါ။ ကမ္ဘာ့ဖလားအပြီးကတည်းက နိုင်ငံတကာကစားသမားဘဝ အဆုံးသတ်နိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် နိုင်ငံအသင်းအပေါ် ချစ်စိတ် မဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့် နိုဝင်ဘာလ နေးရှင်းလိဂ်ပွဲစဉ်များတွင် ပေါ်တူဂီအတွက် ပြန်လည် ကစားလာဦးမှာ မဟုတ်သေးဘဲ ၂၀၂၇ ခုနှစ် နိုင်ငံတကာပွဲစဉ်များတွင်မှ ပါဝင်ကစားလာမယ်လို့ သိရပါတယ်။
2 553
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဖြစ်ရပ်မှာ နားလည်မှု လွဲမှားခြင်းမျှသာ ဖြစ်ကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌရှင်းလင်းလာ
2 553
====================
အီတလီဂန္ထဝင်ဂန်နာရိုဂတ်တူဆိုက နေထိုင်မကောင်းမှုကြောင့် ပြီးခဲ့တဲ့ ၁၅ နှစ်တိုင်တိုင် တိုက်ပွဲဝင်လာခဲ့ရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၄၈ နှစ်ရှိ ဂတ်တူဆိုဟာ အီတလီအသင်းတွင် ဆယ်စုနှစ် တစ်ခုကြာ ကစားခဲ့သူ ဖြစ်ပြီး အီတလီအသင်းနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ ဂတ်တူဆိုက ကိုယ်ခံအားစနစ်ဆိုင်ရာရောဂါဝေဒနာခံစားလာခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။
ဂတ်တူဆိုဟာ ရောဂါအမည်ကို အတိအကျ မပြောသွားပေမယ့်လည်း အိပ်ယာထက်တွင် လအတန်ကြာ လဲခဲ့ရဖူးပါတယ်။
Festival dello Sport တွင် ဂတ်တူဆိုက "အခုအချိန်အထိ ၁၅ နှစ်တိုင်တိုင် ကော်တီဆုန်ဆေးသုံးလာခဲ့ရတယ်။ တချိန်တုန်းက ကျွန်တော် နေထိုင်မကောင်းလို့ လေးငါးလ အိပ်ယာထက်မှာ လဲနေရတုန်းက လူတွေ အနီးကပ်ပြုစုခဲ့ရတယ်။ သူတို့ ဘယ်မှ ထွက်သွားလို့ မရဘူး။ ဒီနေထိုင်မကောင်းမှုကို လက်ခံပါတယ်။ ဆက်လက်ရှင်သန်နိုင်အောင် လုပ်ခဲ့တယ်။ ဒါပေမယ့် နေ့တိုင်း ကော်တီဆုန်းသောက်နေရတာ မလွယ်ကူဘူး။ ဘုရားသခင် ကျွန်တော့်ကို သန်မာမှုတွေ ပေးသလောက် ဆက်ချီတက်သွားမယ်"လို့ ပြောကြားသွားပါတယ်။
အလယ်တန်းကစားသမားဟောင်းဟာ ကစားသမားဘဝမှ အနားယူပြီး နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် ဆီယွန်၊ ပါလာမို၊ ပီဆာ၊ အေစီမီလန်၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ ဗလင်စီယာ၊ မာဆေးတို့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်တွင် လာဇီယိုအသင်းကို ကိုင်တွယ်နေတဲ့ ဂတ်တူဆိုဟာ အီတလီအသင်းကို ၁၀ လကြာကိုင်တွယ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲံခြင်း မရှိပါဘူး။
2 553
နေထိုင်မကောင်းမှုကြောင့် ၁၅ နှစ်တိုင်တိုင် တိုက်ပွဲဝင်လာခဲ့ရကြောင်း အီတလီဂန္ထဝင်ဖွင့်ဟပြောကြားလာ
2 553
=====================
မန်ချက်စတာယူနိုက်တက်ဟာ မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေတဲ့ စပါးစ်နှင့်ပွဲစဉ်မတိုင်မီ ကစားသမား ၉ ဦးအထိ ကြံ့ခိုင်မှုပိုင်း စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်နေပါတယ်။
ယူနိုက်တက်ကစားသမား ၃ ဦးတို့ဟာ ဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်များကို လွဲချော်ခဲ့ပြီး မားကပ်စ်ရက်ဖို့ဒ်၊ ကိုဘီမိုင်နူးတို့မှာလည်း အင်္ဂလန်အသင်းမှ နှုတ်ထွက်ခဲ့ရပါတယ်။
ရက်ဖို့ဒ်မှာ စနေနေ့တွင် စပါးစ်အား ဧည့်ခံကစားရမယ့်ပွဲမတိုင်မီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို့ ယုံကြည်ရပါတယ်။
ရက်ဖို့ဒ်နှင့် မိုင်နူးတို့ဟာ နိုင်ငံတကာပွဲစဉ်မတိုင်မီ ဖူလ်ဟမ်နှင့် သရေကျတဲ့ပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ကြပေမယ့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် ပက်ထရစ်ဒေါ်ဂူးမှာ ဝေးလ်အား ၂-၀ ဖြင့် အနိုင်ရတဲ့ ဒိန်းမတ်ပွဲစဉ်တွင် ဒဏ်ရာရရှိကာ ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး ပေါ်တူဂီအား ၄-၂ ဖြင့် ရှုံ့းနိမ့်တဲ့ပွဲကို လွဲခဲ့ပါတယ်။
မာ့ဇ်ရာဝီမှာလည်း လီဆိုသိုနှင့်ပွဲတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပြီး တနင်္ဂနွေနေ့တုန်းက မာလီနှင့် တစ်ဂိုးစီသရေကျတဲ့ မော်ရိုကိုရဲ့ အာဖရိကဖလားခြေစစ်ပွဲကို လွဲခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်မှာ အော်စလိုတွင် နော်ဝေအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်ကို လွဲခဲ့ပေမယ့်လည်း ဒိန်းမတ်၊ ဝေးလ်တို့ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဆလိုဗေးနီးယားရဲ့နိုင်ငံတကာပွဲစဉ်များကို လွဲခဲ့တဲ့ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုမှာ ခြေသလုံးဒဏ်ရာကြောင့် စပါးစ်နှင့်ပွဲတွင် ပါဝင်နိုင်ဖို့ မရှိသေးပါဘူး။ သူဟာ မေလ ၃ ရက်နေ့ကတည်းက ပရီးမီးယားလိဂ်တွင် ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်မရလာသူ ဖြစ်ပါတယ်။
ဟားလ်စီးတီးအား ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ အာမက်ဒီရယ်လိုမှာ ပြန်လည်သက်သာလာပြီ ဖြစ်ကာ စပါးစ်နှင့်ပွဲတွင် အနည်းဆုံး အရန်စာရင်းမှာ ပါဝင်နိုင်ဖို့ ရှိပါတယ်။
2 553
မဖြစ်မနေ အနိုင်ယူရမယ့် စပါးစ်နှင့်ပွဲမတိုင်မီ ကစားသမား ၉ ဦးအထိ ကြံ့ခိုင်မှုစစ်ဆေးလာရမယ့် ယူနိုက်တက်
2 553
ရိုမေးနီးယား vs ဆွီဒင်
တနင်္လာ (ည ၁း၁၅ နာရီ)
(Super Zay)
တနင်္လာညအတွက် တစ်ကွက်ကောင်းကို နေးရှင်းလိဂ်ကနေပဲ ရွေးချယ်ထားပြီး ရိုမေးနီးယားနဲ့ ဆွီဒင်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
၃ ပွဲကန်ပြီးချိန် တစ်မှတ်မှ မရသေးဘူးဆိုတော့ ရိုမေးနီးယားအတွက် မထူးဇတ်ခင်းရမယ့်အခြေအနေပါ။
၃ ပွဲမှာ စုစုပေါင်း ၁၂ ဂိုးပေးခဲ့ရတဲ့ရိုမေးနီးယားရဲ့ခံစစ်အခြေအနေကလည်း အတော်ဆိုးပါတယ်။
ဒါပေမဲ့ ရိုမေးနီးယားတိုက်စစ်ကတော့ အိမ်ကွင်းဆို ဂိုးသွင်းခြေပုံမှန်ရှိတာပါ။
ဂရေဟမ်ပေါ်တာလက်ထက် ဆွီဒင်ကတော့ သွင်းလိုက်ပေးလိုက်နဲ့ အတော်လေး ဖျော်ဖြေမှု ဆန်ပါတယ်။
၃ ပွဲမှာ ၇ မှတ်နဲ့ အခြေအနေကောင်းနေပေမယ့် ဆွီဒင်ခံစစ်ကတော့ ပွဲတိုင်း ဂိုးပေးနေရတာပါ။
ဆိုတော့ ရိုမေးနီးယားမြေက ဒု-ကျော့မှာလည်း အပြန်အလှန်ဂိုးတွေနဲ့နှစ်ဖက်အနိမ့်ဆုံး ၃ ဂိုးအထိ ရောက်နိုင်ပါကြောင်း။
ရွေးချယ်မှု - ရိုမေးနီးယားဂိုးပေါ်
2 553
=====================
အာလင်းဟာလန်းဟာ မနေ့ညတုန်းက ပေါ်တူဂီအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ နော်ဝေရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွင် ထော့နင်းထော့နင်းဖြင့် ထွက်ခွာခဲ့ရပြီးနောက် ဒဏ်ရာရရှိသွားတယ်လို့ ယုံကြည်ရပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ ယင်းပွဲရဲ့ ပွဲချိန် ၆၇ မိနစ်တွင် လူစားလဲလှယ်မှုပြုလုပ်ရန် အရန်ခုံသို့ အချက်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ယခုရာသီတွင် ၇ ဂိုးသွင်းထားတဲ့ အာလင်းဟာလန်းရဲ့ ဒဏ်ရာအခြေအနေကို မန်စီးတီးသို့ ပြန်လည် ရောက်ရှိချိန်တွင်မှ သိလာရပါမယ်။
မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ကစားရပါမယ်။
ယင်းပွဲမှာ မန်စီးတီးအတွက် ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ပထမဆုံးကစားတဲ့ ပွဲလည်း ဖြစ်လာပါမယ်။
ယင်းပွဲတွင် ပေါ်တူဂီဟာ နော်ဝေအား ၂-၁ ဖြင့် အနိုင်ရရှိကာ ကွန်ဖရင့်လိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။
နော်ဝေဟာ ပွဲချိန် ၃၆ မိနစ်တွင် အေဂျာရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၂ မိနစ်အကြာတွင် ကန်စီလိုက ပေါ်တူဂီအတွက် ပြန်လည်ချေပခဲ့ပါတယ်။ ယင်းနောက် ပွဲချိန် ၇၀ မိနစ်တွင် ဂွန်ကာလိုရာမို့စ်က ပေါ်တူဂီအတွက် အနိုင်ဂိုးအား သွင်းယူပေးသွားခဲ့ပါတယ်။
2 553
ပေါ်တူဂီအား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် အာလင်းဟာလန်း ဒဏ်ရာရရှိကာ ထိုးနှက်ချက် ကြုံလာရတဲ့ မန်စီးတီး
2 553
===================
ပေါ်တူဂီနည်းပြဂျော့ဂျီးဆပ်စ်က ခရစ္စတီယာနိုရော်နယ်ဒိုဘက်ကသာ ရွေးချယ်လာပါက ပေါ်တူဂီဘက်က တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ နော်ဝေနှင့်ပွဲတွင် အရန်အဖြစ်ပင် ကစားခွင့် မရခဲ့တဲ့အပြင် ဒိန်းမတ်နှင့်ပွဲတွင်လည်း ပွဲထွက်ကစားခွင့် ရရှိမှာ မဟုတ်ကြောင်း သိရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ နှုတ်ထွက်သွားခဲ့ပါတယ်။
Al-Nassr အသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအတွက် ၂၃၄ ပွဲတွင် ၁၄၆ ဂိုးသွင်းထားပြီး ပွဲအများဆုံးကစားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။
ပေါ်တူဂီဟာ ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်တဲ့ တနင်္ဂနွေနေ့တုန်းက နော်ဝေနှင့်ပွဲတွင်လည်း ၂-၁ ဖြင့် အနိုင်ရရှိကာ နေးရှင်းလိဂ် ၃ ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။
Al-Nassr တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လက်တွဲခဲ့ဖူးတဲ့ ဂျီးဆပ်စ်က "သူသာ ဆန္ဒရှိရင် လက်ရွေးစင်အသင်းသို့ ပြန်လာပါလိမ့်မယ်။ နောက် လက်ရွေးစင်အသင်း ရွေးချယ်မှုမတိုင်ခင် ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်။
ဒါပေမယ့် ခရစ္စက ဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရမယ့်သူပါ။ ခရစ္စတီယာနိုအနေနဲ့ လက်ရွေးစင်ကစားသမားဘဝကို သူ့စိတ်ကြိုက် အဆုံးသတ်သင့်ပါတယ်။ ဘယ်လို အဆုံးသတ်မလဲ သူ ကိုယ်တိုင်ပဲ ရွေးလာပါလိမ့်မယ်။ ပထမဆုံးရွေးချယ်တုန်းက 'မင်းကို လိုတယ်၊ ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ငါ့အနားမှာ မင်းရှိနေဖို့ လိုတယ်၊ မင်းကို လိုအပ်တယ် ..အခုလည်း ဒီအတိုင်းပါပဲ"လို့ ပြောကြားသွားပါတယ်။
ပေါ်တူဂီဟာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် Group A4 ပွဲစဉ်အဖြစ် ဒိန်းမတ်အား ဧည့်ခံကစားရမှာ ဖြစ်ပြီး သုံးရက်အကြာတွင် ဝေးလ်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။
ရော်နယ်ဒိုဟာ ဝေးလ်အား ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် နော်ဝေနှင့်ပွဲမှာ အရန်စာရင်းမှာသာ ပါဝင်ခဲ့ပြီး အရန်အဖြစ်ပင် ဝင်ကစားခဲ့ရပါဘူး။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ပွဲတစ်ခုမှာ ပေါ်တူဂီအတွက် ပထမဆုံးအကြိမ်အဖြစ် အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။
ဒိန်းမတ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဂျီးဆပ်စ်က ခရစ္စတီယာနိုရော်နယ်ဒိုအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဂန္ထဝင်ကစားသမားမှာ ချက်ချင်းပင် အသင်းမှ နှုတ်ထွက်သွားခဲ့ပါတယ်။
အေစီမီလန်တိုက်စစ်မှူးဂွန်ကာလိုရာမို့စ်က ရော်နယ်ဒို မပါဝင်တဲ့ ယင်းသုံးပွဲလုံး ပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့တုန်းက နော်ဝေအား အနိုင်ရတဲ့ပွဲအပြီးတွင် အသင်းခေါင်းဆောင်ကန်စီလိုက "ခရစ္စတီယာနိုက ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ပါ။ ပေါ်တူဂီသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ အားလုံး အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်လာမှာပါ။ ဒါပေမယ့် အရေးအကြီးဆုံး နိုင်ပွဲ ၄ ပွဲ ရခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
Ballon d'Or ၅ ကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီနှင့်အတူ ယူရို ၂၀၁၆နှင့် နေးရှင်းလိဂ် ၂ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။
2 553
အီတလီ - တူရကီ
တနင်္လာနေ့ (ည ၁း၁၅ နာရီ)
Diamond Seven - Tipster
တနင်္လာနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ဥရောပ နေးရှင်းလိဂ် ပွဲစဉ်ဖြစ်တဲ့ အီတလီ - တူရကီ ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
ပြင်သစ်ကို သရေကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ အီတလီက အိမ်ကွင်းဆိုလည်း ကစားအား ပိုကောင်းတဲ့အသင်းပါ။
ဘက်စတိုနီ၊ တိုနာလီ၊ ဖာတေဆီ၊ အက်စ်ပိုဆီတို့၊ မွိုင်ဆီကိန်းတို့လို လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာမို့လည်း အီတလီရဲ့ကစားအားက အင်ပြည့်အားပြည့်ရှိလှပါတယ်။
နေးရှင်းလိဂ် ၃ပွဲလုံး ရှုံးခဲ့တဲ့ တူရကီက ခြေစွမ်းပိုင်းသိသိသာသာကျနေသလို ခံစစ်ကလည်း အမှားများလွန်းပါတယ်။
ကယ်ဟာနိုဂလူနဲ့ ယီလ်ဒစ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးသလို တိုက်စစ်မှာလည်း အာဒါဂူလာက ပွဲပယ်ပြစ်ဒဏ်ရှိနေတာမို့ တူရကီရဲ့တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက အတော့်ကို အားနည်းလွန်းနေတယ်လို့ ဆိုနိုင်ပါတယ်။
ပထမအကျော့ တူရကီမြေမှာလည်း ဂိုးပြတ်နိုင်ခဲ့တဲ့အီတလီ အခုအိမ်ကွင်းမှာလည်း ဆက်လက်အောင်ပွဲခံသွားနိုင်ဦးမှာပါ။
ရွေးချယ်မှု - အီတလီ
2 553
====================
စပါးစ်ဟာ မစ်ကီဗန်ဒီဗန် ဒဏ်ရာရရှိသွားမှုနှင့်အတူ နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ကြုံလာရပါတယ်။
အသက် ၂၅ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ဆားဘီးယားအား အနိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ဗန်ဒီဗန်ဟာ ဆားဘီးယားတိုက်စစ်မှူးလူကာဂျိုဗစ်ရဲ့ မတော်တဆ ခြေထောက်ဖြင့် အနင်းခံရပြီး လက်ကောက်ဝတ်ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ယင်းအချိန်တွင် နယ်သာလန်ဟာ သတ်မှတ်လူစားလဲလှယ်ခွင့်အားလုံး ပြုလုပ်ထားပြီး ဖြစ်ရာ ၁၀ ဦးတည်းဖြင့် ရင်ဆိုင်ကစားခဲ့ရပါတယ်။
စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီဟာ စနေနေ့တွင် ယူနိုက်တက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်မီ ဗန်ဒီဗန် ကြံ့ခိုင်မှုပြည့်ဝလာရေး စောင့်ကြည့်လာရတော့မှာ ဖြစ်ပါတယ်။
စပါးစ်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီမှာလည်း နယ်သာလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှ နုတ်ထွက်ထားရပြီး ဖြစ်ပါတယ်။
ယခု စပါးစ်ဟာ ဗန်ဒီဗန် လက်ကောက်ဝတ်ဒဏ်ရာရရှိလာမှုနှင့်အတူ ဗဟိုခံစစ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။
စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပါတယ်။
2 553
ဂျန်ပေါလ်ဗန်ဟက်ကီအပြင် မစ်ကီဗန်ဒီဗန်လည်း ဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာကြုံလာရတဲ့ စပါးစ်
2 553
======================
မနေ့ညတုန်းက နော်ဝေအား အနိုင်ရတဲ့ပွဲအပြီးမှာ ပေါ်တူဂီနည်းပြဂျော့ဂျီးဆပ်စ်က ပေါ်တူဂီဘက်က ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အမြဲ တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ပေါ်တူဂီအတွက် ခရစ္စတီယာနိုရော်နယ်ဒို ပြန်ကစားလာမယ့် ကာလ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းလေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လိုက်ပြီးနောက် လာမယ့်နှစ်တွင်မှ ပေါ်တူဂီအသင်းအတွက် ပြန်လည်ကစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၁ နှစ်ရှိ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ နည်းပြဂျော့ဂျီးဆပ်စ်နှင့် အဆင်မပြေဖြစ်ပြီးနောက် ကြီးကျယ်ခမ်းနားတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝအား ဆုံးရွားစွာ အဆုံးသတ်ရမယ့်ကိန်း ဆိုက်ခဲ့သူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ နော်ဝေအား အနိုင်ရတဲ့ပွဲတွင် အရန်အဖြစ်ပင် ကစားခွင့်မရခဲ့သလို ဒိန်းမတ်နှင့်ပွဲတွင်လည်း ပွဲထွက်ကစားခွင့်ရရှိလာမှာ မဟုတ်ကြောင်း သိရပြီးနောက် ပေါ်တူဂီအသင်း လေ့ကျင့်ရေးစခန်းမှ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဂိုးတစ်ထောင်ပြည်သွင်းယူရေး ရည်မှန်းထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့် ၂၀၂၇ ခုနှစ်တွင် ပေါ်တူဂီအတွက် ပြန်လည် ကစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များဖြစ်ကြတဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ဒိန်းမတ်(အိမ်)၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ဝေးလ်(အဝေး)ပွဲစဉ်တို့တွင် ပါဝင် ကစားလာမှာ မဟုတ်ပါဘူး။
ဒါပေယ့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၇ ခုနှစ်တွင် ကစားရမယ့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များမှာတော့ ပါဝင်ကစားလာမှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိအချိန်တွင် ဂိုး ၉၇၉ ဂိုးသွင်းထားသူ ဖြစ်ပြီး ဂိုးတစ်ထောင်ပြည့်ရန် ၂၁ ဂိုးတည်းသာ လိုတော့သူလည်း ဖြစ်ပါတယ်။
2 553
====================
အာလင်းဟာလန်းဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် တန်းချခြင်းခံရပါက စာချုပ်ဖျက်သိမ်းကာ အခြားကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
မန်စီးတီးဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက်မှု စွဲချက် ၁၁၅ ခုတွင် ၁၁၄ ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိထားရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ မန်စီးတီးဟာ ကော်မာရှယ်စပွန်ဆာအလိမ်အညာစာချုပ်များ ချုပ်ဆိုပြီး ပေါင်သန်း ၈၃၀ လိမ်ညာကာ အသုံးပြုခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးဘက်က ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီး ယခုရာသီမကုန်ဆုံးမီ လွတ်လပ်တဲ့ ကော်မရှင်က ပြစ်ဒဏ်ချမှတ်လာဖို့ ရှိနေပါတယ်။
မန်စီးတီးဟာ အမှတ်များစွာ လျှော့ချခံရကာ တန်းချခံရခြင်း၊ ကြီးလေးတဲ့ ဒဏ်ငွေချမှတ်ခြင်းအပြင် ပရီးမီးယားလိဂ်ကလပ်များ၊ ကစားသမားများ၊ အေးဂျင့်များရဲ့ တရားစွဲမှုများနှင့် ရင်ဆိုင်လာရပါမယ်။
အစောပိုင်းတုန်းက မန်စီးတီးသာ တန်းချခြင်းခံရပါက အာလင်းဟာလန်းအပါအဝင် ပရီးမီးယားလိဂ်စတားများမှာ ယုံကြည်မှုချိုးဖောက်မှုအတွက် စာချုပ်ဖျက်သိမ်းပြီး ကလပ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာနိုင်ကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် အားကစားဥပဒေကုမ္ပဏီ Leathes Prior ရဲ့ အကြီးအကဲ အားကစားရှေ့နေဒန်ချက်မန်းရဲ့ ပြောကြားမှုအရ မန်စီးတီးကစားသမားများအနေဖြင့် တန်းဆင်းရရုံဖြင့် စာချုပ်ဖျက်သိမ်းခွင့် မရှိကြောင်း၊ စာချုပ်ဖျက်သိမ်းနိုင်ရေး အလွန်ခက်ခဲလာမည်ဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။
အထူးသဖြင့် မန်စီးတီးကစားသမားအများစုရဲ့ စာချုပ်အတွင်းတွင် တန်းဆင်းရလျှင် ပြုပြင်နိုင်တဲ့ အချက်နှင့်ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုထားတာမျိုး မရှိက အခက်ကြုံလာရစေတာလည်း ဖြစ်ပါတယ်။
ချက်မန်းက "ကော်မရှင်က အမှတ်တွေ အများကြီး လျှော့ချတာ၊ ရာသီအကန်မှာ တန်းချခံရတာ ဖြစ်လာရင်လည်း ကစားသမားတွေအနေနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာနိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ စာချုပ်ပါအချက်နဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးတာမျိုးက ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ။ ကလပ်တွေကလည်း တကယ့်ကို ရှားပါးအခြေအနေမျိုးမှာမှပဲ ထွက်ခွာခွင့်ပေးလာမှာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ရရှိနေတဲ့ အာလင်းဟာလန်းနှင့် မန်စီးတီးစတားများဟာ ကလပ်သာ တန်းချခြင်းခံလာရပါက လုပ်ခလျှော့ယူလာရမှာလည်း ဖြစ်ပါတယ်။
2 553
မန်စီးတီးတန်းချခြင်းခံရပါကလည်း စာချုပ်ဖျက်သိမ်းခွင့် ရှိလာမှာ မဟုတ်တဲ့ အာလင်းဟာလန်းနှင့် မန်စီးတီးစတားများ
