ar
Feedback
Playmaker Journal

Playmaker Journal

الذهاب إلى القناة على Telegram

إظهار المزيد
2 553
المشتركون
+424 ساعات
+117 أيام
+24730 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26
أكتوبر '26
+22
في 0 قنوات
سبتمبر '26
+329
في 0 قنوات
Get PRO
أغسطس '26
+278
في 0 قنوات
Get PRO
يوليو '26
+56
في 0 قنوات
Get PRO
يونيو '26
+94
في 0 قنوات
Get PRO
مايو '26
+49
في 0 قنوات
Get PRO
أبريل '26
+36
في 0 قنوات
Get PRO
مارس '26
+24
في 0 قنوات
Get PRO
فبراير '26
+46
في 0 قنوات
Get PRO
يناير '26
+42
في 0 قنوات
Get PRO
ديسمبر '25
+92
في 0 قنوات
Get PRO
نوفمبر '25
+311
في 2 قنوات
Get PRO
أكتوبر '25
+160
في 0 قنوات
Get PRO
سبتمبر '25
+225
في 0 قنوات
Get PRO
أغسطس '25
+64
في 0 قنوات
Get PRO
يوليو '25
+21
في 0 قنوات
Get PRO
يونيو '25
+24
في 0 قنوات
Get PRO
مايو '25
+17
في 0 قنوات
Get PRO
أبريل '25
+24
في 0 قنوات
Get PRO
مارس '25
+32
في 0 قنوات
Get PRO
فبراير '25
+63
في 0 قنوات
Get PRO
يناير '25
+85
في 1 قنوات
Get PRO
ديسمبر '24
+144
في 0 قنوات
Get PRO
نوفمبر '24
+179
في 0 قنوات
Get PRO
أكتوبر '24
+261
في 0 قنوات
Get PRO
سبتمبر '24
+1 340
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
05 أكتوبر+6
04 أكتوبر+5
03 أكتوبر+2
02 أكتوبر+8
01 أكتوبر+1
منشورات القناة
ရိုမေးနီးယား vs ဆွီဒင် တနင်္လာ (ည ၁း၁၅ နာရီ) (Super Zay) တနင်္လာညအတွက် တစ်ကွက်ကောင်းကို နေးရှင်းလိဂ်ကနေပဲ ရွေးချယ်ထားပြီး ရိုမေးနီးယားနဲ့ ဆွီဒင်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ ၃ ပွဲကန်ပြီးချိန် တစ်မှတ်မှ မရသေးဘူးဆိုတော့ ရိုမေးနီးယားအတွက် မထူးဇတ်ခင်းရမယ့်အခြေအနေပါ။ ၃ ပွဲမှာ စုစုပေါင်း ၁၂ ဂိုးပေးခဲ့ရတဲ့ရိုမေးနီးယားရဲ့ခံစစ်အခြေအနေကလည်း အတော်ဆိုးပါတယ်။ ဒါပေမဲ့ ရိုမေးနီးယားတိုက်စစ်ကတော့ အိမ်ကွင်းဆို ဂိုးသွင်းခြေပုံမှန်ရှိတာပါ။ ဂရေဟမ်ပေါ်တာလက်ထက် ဆွီဒင်ကတော့ သွင်းလိုက်ပေးလိုက်နဲ့ အတော်လေး ဖျော်ဖြေမှု ဆန်ပါတယ်။ ၃ ပွဲမှာ ၇ မှတ်နဲ့ အခြေအနေကောင်းနေပေမယ့် ဆွီဒင်ခံစစ်ကတော့ ပွဲတိုင်း ဂိုးပေးနေရတာပါ။ ဆိုတော့ ရိုမေးနီးယားမြေက ဒု-ကျော့မှာလည်း အပြန်အလှန်ဂိုးတွေနဲ့နှစ်ဖက်အနိမ့်ဆုံး ၃ ဂိုးအထိ ရောက်နိုင်ပါကြောင်း။ ရွေးချယ်မှု - ရိုမေးနီးယားဂိုးပေါ်

2
لا يوجد نص...
437
3
===================== အာလင်းဟာလန်းဟာ မနေ့ညတုန်းက ပေါ်တူဂီအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ နော်ဝေရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွင် ထော့နင်းထော့နင်းဖြင့် ထွက်ခွာခဲ့ရပြီးနောက် ဒဏ်ရာရရှိသွားတယ်လို့ ယုံကြည်ရပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟာ ယင်းပွဲရဲ့ ပွဲချိန် ၆၇ မိနစ်တွင် လူစားလဲလှယ်မှုပြုလုပ်ရန် အရန်ခုံသို့ အချက်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ယခုရာသီတွင် ၇ ဂိုးသွင်းထားတဲ့ အာလင်းဟာလန်းရဲ့ ဒဏ်ရာအခြေအနေကို မန်စီးတီးသို့ ပြန်လည် ရောက်ရှိချိန်တွင်မှ သိလာရပါမယ်။ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲမှာ မန်စီးတီးအတွက် ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ပထမဆုံးကစားတဲ့ ပွဲလည်း ဖြစ်လာပါမယ်။ ယင်းပွဲတွင် ပေါ်တူဂီဟာ နော်ဝေအား ၂-၁ ဖြင့် အနိုင်ရရှိကာ ကွန်ဖရင့်လိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ နော်ဝေဟာ ပွဲချိန် ၃၆ မိနစ်တွင် အေဂျာရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၂ မိနစ်အကြာတွင် ကန်စီလိုက ပေါ်တူဂီအတွက် ပြန်လည်ချေပခဲ့ပါတယ်။ ယင်းနောက် ပွဲချိန် ၇၀ မိနစ်တွင် ဂွန်ကာလိုရာမို့စ်က ပေါ်တူဂီအတွက် အနိုင်ဂိုးအား သွင်းယူပေးသွားခဲ့ပါတယ်။
425
4
ပေါ်တူဂီအား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် အာလင်းဟာလန်း ဒဏ်ရာရရှိကာ ထိုးနှက်ချက် ကြုံလာရတဲ့ မန်စီးတီး
ပေါ်တူဂီအား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် အာလင်းဟာလန်း ဒဏ်ရာရရှိကာ ထိုးနှက်ချက် ကြုံလာရတဲ့ မန်စီးတီး
388
5
=================== ပေါ်တူဂီနည်းပြဂျော့ဂျီးဆပ်စ်က ခရစ္စတီယာနိုရော်နယ်ဒိုဘက်ကသာ ရွေးချယ်လာပါက ပေါ်တူဂီဘက်က တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။ အသက် ၄၁ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ နော်ဝေနှင့်ပွဲတွင် အရန်အဖြစ်ပင် ကစားခွင့် မရခဲ့တဲ့အပြင် ဒိန်းမတ်နှင့်ပွဲတွင်လည်း ပွဲထွက်ကစားခွင့် ရရှိမှာ မဟုတ်ကြောင်း သိရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ နှုတ်ထွက်သွားခဲ့ပါတယ်။ Al-Nassr အသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအတွက် ၂၃၄ ပွဲတွင် ၁၄၆ ဂိုးသွင်းထားပြီး ပွဲအများဆုံးကစားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။ ပေါ်တူဂီဟာ ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်တဲ့ တနင်္ဂနွေနေ့တုန်းက နော်ဝေနှင့်ပွဲတွင်လည်း ၂-၁ ဖြင့် အနိုင်ရရှိကာ နေးရှင်းလိဂ် ၃ ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။ Al-Nassr တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လက်တွဲခဲ့ဖူးတဲ့ ဂျီးဆပ်စ်က "သူသာ ဆန္ဒရှိရင် လက်ရွေးစင်အသင်းသို့ ပြန်လာပါလိမ့်မယ်။ နောက် လက်ရွေးစင်အသင်း ရွေးချယ်မှုမတိုင်ခင် ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် ခရစ္စက ဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရမယ့်သူပါ။ ခရစ္စတီယာနိုအနေနဲ့ လက်ရွေးစင်ကစားသမားဘဝကို သူ့စိတ်ကြိုက် အဆုံးသတ်သင့်ပါတယ်။ ဘယ်လို အဆုံးသတ်မလဲ သူ ကိုယ်တိုင်ပဲ ရွေးလာပါလိမ့်မယ်။ ပထမဆုံးရွေးချယ်တုန်းက 'မင်းကို လိုတယ်၊ ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ငါ့အနားမှာ မင်းရှိနေဖို့ လိုတယ်၊ မင်းကို လိုအပ်တယ် ..အခုလည်း ဒီအတိုင်းပါပဲ"လို့ ပြောကြားသွားပါတယ်။ ပေါ်တူဂီဟာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် Group A4 ပွဲစဉ်အဖြစ် ဒိန်းမတ်အား ဧည့်ခံကစားရမှာ ဖြစ်ပြီး သုံးရက်အကြာတွင် ဝေးလ်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။ ရော်နယ်ဒိုဟာ ဝေးလ်အား ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် နော်ဝေနှင့်ပွဲမှာ အရန်စာရင်းမှာသာ ပါဝင်ခဲ့ပြီး အရန်အဖြစ်ပင် ဝင်ကစားခဲ့ရပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ပွဲတစ်ခုမှာ ပေါ်တူဂီအတွက် ပထမဆုံးအကြိမ်အဖြစ် အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။ ဒိန်းမတ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဂျီးဆပ်စ်က ခရစ္စတီယာနိုရော်နယ်ဒိုအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဂန္ထဝင်ကစားသမားမှာ ချက်ချင်းပင် အသင်းမှ နှုတ်ထွက်သွားခဲ့ပါတယ်။ အေစီမီလန်တိုက်စစ်မှူးဂွန်ကာလိုရာမို့စ်က ရော်နယ်ဒို မပါဝင်တဲ့ ယင်းသုံးပွဲလုံး ပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့တုန်းက နော်ဝေအား အနိုင်ရတဲ့ပွဲအပြီးတွင် အသင်းခေါင်းဆောင်ကန်စီလိုက "ခရစ္စတီယာနိုက ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ပါ။ ပေါ်တူဂီသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ အားလုံး အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်လာမှာပါ။ ဒါပေမယ့် အရေးအကြီးဆုံး နိုင်ပွဲ ၄ ပွဲ ရခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။ Ballon d'Or ၅ ကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီနှင့်အတူ ယူရို ၂၀၁၆နှင့် နေးရှင်းလိဂ် ၂ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။
391
6
ရော်နယ်ဒိုအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပေါ်တူဂီနည်းပြ ပြောကြားလာ
ရော်နယ်ဒိုအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပေါ်တူဂီနည်းပြ ပြောကြားလာ
299
7
​အီတလီ - တူရကီ တနင်္လာနေ့ (ည ၁း၁၅ နာရီ) Diamond Seven - Tipster ​တနင်္လာနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ဥရောပ နေးရှင်းလိဂ် ပွဲစဉ်ဖြစ်တဲ့ အီတလီ - တူရကီ ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။ ပြင်သစ်ကို သရေကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ အီတလီက အိမ်ကွင်းဆိုလည်း ကစားအား ပိုကောင်းတဲ့အသင်းပါ။ ဘက်စတိုနီ၊ တိုနာလီ၊ ဖာတေဆီ၊ အက်စ်ပိုဆီတို့၊ မွိုင်ဆီကိန်းတို့လို လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာမို့လည်း အီတလီရဲ့ကစားအားက အင်ပြည့်အားပြည့်ရှိလှပါတယ်။ နေးရှင်းလိဂ် ၃ပွဲလုံး ရှုံးခဲ့တဲ့ တူရကီက ခြေစွမ်းပိုင်းသိသိသာသာကျနေသလို ခံစစ်ကလည်း အမှားများလွန်းပါတယ်။ ကယ်ဟာနိုဂလူနဲ့ ယီလ်ဒစ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးသလို တိုက်စစ်မှာလည်း အာဒါဂူလာက ပွဲပယ်ပြစ်ဒဏ်ရှိနေတာမို့ တူရကီရဲ့တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက အတော့်ကို အားနည်းလွန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမအကျော့ တူရကီမြေမှာလည်း ဂိုးပြတ်နိုင်ခဲ့တဲ့အီတလီ အခုအိမ်ကွင်းမှာလည်း ဆက်လက်အောင်ပွဲခံသွားနိုင်ဦးမှာပါ။ ရွေးချယ်မှု - အီတလီ
355
8
لا يوجد نص...
361
9
==================== စပါးစ်ဟာ မစ်ကီဗန်ဒီဗန် ဒဏ်ရာရရှိသွားမှုနှင့်အတူ နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ကြုံလာရပါတယ်။ အသက် ၂၅ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ဆားဘီးယားအား အနိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။ ဗန်ဒီဗန်ဟာ ဆားဘီးယားတိုက်စစ်မှူးလူကာဂျိုဗစ်ရဲ့ မတော်တဆ ခြေထောက်ဖြင့် အနင်းခံရပြီး လက်ကောက်ဝတ်ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။ ယင်းအချိန်တွင် နယ်သာလန်ဟာ သတ်မှတ်လူစားလဲလှယ်ခွင့်အားလုံး ပြုလုပ်ထားပြီး ဖြစ်ရာ ၁၀ ဦးတည်းဖြင့် ရင်ဆိုင်ကစားခဲ့ရပါတယ်။ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီဟာ စနေနေ့တွင် ယူနိုက်တက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်မီ ဗန်ဒီဗန် ကြံ့ခိုင်မှုပြည့်ဝလာရေး စောင့်ကြည့်လာရတော့မှာ ဖြစ်ပါတယ်။ စပါးစ်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီမှာလည်း နယ်သာလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှ နုတ်ထွက်ထားရပြီး ဖြစ်ပါတယ်။ ယခု စပါးစ်ဟာ ဗန်ဒီဗန် လက်ကောက်ဝတ်ဒဏ်ရာရရှိလာမှုနှင့်အတူ ဗဟိုခံစစ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပါတယ်။
369
10
ဂျန်ပေါလ်ဗန်ဟက်ကီအပြင် မစ်ကီဗန်ဒီဗန်လည်း ဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာကြုံလာရတဲ့ စပါးစ်
ဂျန်ပေါလ်ဗန်ဟက်ကီအပြင် မစ်ကီဗန်ဒီဗန်လည်း ဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာကြုံလာရတဲ့ စပါးစ်
318
11
====================== မနေ့ညတုန်းက နော်ဝေအား အနိုင်ရတဲ့ပွဲအပြီးမှာ ပေါ်တူဂီနည်းပြဂျော့ဂျီးဆပ်စ်က ပေါ်တူဂီဘက်က ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အမြဲ တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ ပေါ်တူဂီအတွက် ခရစ္စတီယာနိုရော်နယ်ဒို ပြန်ကစားလာမယ့် ကာလ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းလေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လိုက်ပြီးနောက် လာမယ့်နှစ်တွင်မှ ပေါ်တူဂီအသင်းအတွက် ပြန်လည်ကစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၄၁ နှစ်ရှိ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ နည်းပြဂျော့ဂျီးဆပ်စ်နှင့် အဆင်မပြေဖြစ်ပြီးနောက် ကြီးကျယ်ခမ်းနားတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝအား ဆုံးရွားစွာ အဆုံးသတ်ရမယ့်ကိန်း ဆိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နော်ဝေအား အနိုင်ရတဲ့ပွဲတွင် အရန်အဖြစ်ပင် ကစားခွင့်မရခဲ့သလို ဒိန်းမတ်နှင့်ပွဲတွင်လည်း ပွဲထွက်ကစားခွင့်ရရှိလာမှာ မဟုတ်ကြောင်း သိရပြီးနောက် ပေါ်တူဂီအသင်း လေ့ကျင့်ရေးစခန်းမှ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးတစ်ထောင်ပြည်သွင်းယူရေး ရည်မှန်းထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့် ၂၀၂၇ ခုနှစ်တွင် ပေါ်တူဂီအတွက် ပြန်လည် ကစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များဖြစ်ကြတဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ဒိန်းမတ်(အိမ်)၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ဝေးလ်(အဝေး)ပွဲစဉ်တို့တွင် ပါဝင် ကစားလာမှာ မဟုတ်ပါဘူး။ ဒါပေယ့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၇ ခုနှစ်တွင် ကစားရမယ့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များမှာတော့ ပါဝင်ကစားလာမှာလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိအချိန်တွင် ဂိုး ၉၇၉ ဂိုးသွင်းထားသူ ဖြစ်ပြီး ဂိုးတစ်ထောင်ပြည့်ရန် ၂၁ ဂိုးတည်းသာ လိုတော့သူလည်း ဖြစ်ပါတယ်။
314
12
ဘယ်တော့ ပေါ်တူဂီအတွက် ခရစ္စတီယာနိုရော်နယ်ဒို ပြန်လာကစားလာမလဲ
ဘယ်တော့ ပေါ်တူဂီအတွက် ခရစ္စတီယာနိုရော်နယ်ဒို ပြန်လာကစားလာမလဲ
270
13
==================== အာလင်းဟာလန်းဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် တန်းချခြင်းခံရပါက စာချုပ်ဖျက်သိမ်းကာ အခြားကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။ မန်စီးတီးဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက်မှု စွဲချက် ၁၁၅ ခုတွင် ၁၁၄ ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိထားရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ မန်စီးတီးဟာ ကော်မာရှယ်စပွန်ဆာအလိမ်အညာစာချုပ်များ ချုပ်ဆိုပြီး ပေါင်သန်း ၈၃၀ လိမ်ညာကာ အသုံးပြုခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးဘက်က ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီး ယခုရာသီမကုန်ဆုံးမီ လွတ်လပ်တဲ့ ကော်မရှင်က ပြစ်ဒဏ်ချမှတ်လာဖို့ ရှိနေပါတယ်။ မန်စီးတီးဟာ အမှတ်များစွာ လျှော့ချခံရကာ တန်းချခံရခြင်း၊ ကြီးလေးတဲ့ ဒဏ်ငွေချမှတ်ခြင်းအပြင် ပရီးမီးယားလိဂ်ကလပ်များ၊ ကစားသမားများ၊ အေးဂျင့်များရဲ့ တရားစွဲမှုများနှင့် ရင်ဆိုင်လာရပါမယ်။ အစောပိုင်းတုန်းက မန်စီးတီးသာ တန်းချခြင်းခံရပါက အာလင်းဟာလန်းအပါအဝင် ပရီးမီးယားလိဂ်စတားများမှာ ယုံကြည်မှုချိုးဖောက်မှုအတွက် စာချုပ်ဖျက်သိမ်းပြီး ကလပ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာနိုင်ကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အားကစားဥပဒေကုမ္ပဏီ Leathes Prior ရဲ့ အကြီးအကဲ အားကစားရှေ့နေဒန်ချက်မန်းရဲ့ ပြောကြားမှုအရ မန်စီးတီးကစားသမားများအနေဖြင့် တန်းဆင်းရရုံဖြင့် စာချုပ်ဖျက်သိမ်းခွင့် မရှိကြောင်း၊ စာချုပ်ဖျက်သိမ်းနိုင်ရေး အလွန်ခက်ခဲလာမည်ဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။ အထူးသဖြင့် မန်စီးတီးကစားသမားအများစုရဲ့ စာချုပ်အတွင်းတွင် တန်းဆင်းရလျှင် ပြုပြင်နိုင်တဲ့ အချက်နှင့်ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုထားတာမျိုး မရှိက အခက်ကြုံလာရစေတာလည်း ဖြစ်ပါတယ်။ ချက်မန်းက "ကော်မရှင်က အမှတ်တွေ အများကြီး လျှော့ချတာ၊ ရာသီအကန်မှာ တန်းချခံရတာ ဖြစ်လာရင်လည်း ကစားသမားတွေအနေနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာနိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ စာချုပ်ပါအချက်နဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးတာမျိုးက ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ။ ကလပ်တွေကလည်း တကယ့်ကို ရှားပါးအခြေအနေမျိုးမှာမှပဲ ထွက်ခွာခွင့်ပေးလာမှာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။ ဒါပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ရရှိနေတဲ့ အာလင်းဟာလန်းနှင့် မန်စီးတီးစတားများဟာ ကလပ်သာ တန်းချခြင်းခံလာရပါက လုပ်ခလျှော့ယူလာရမှာလည်း ဖြစ်ပါတယ်။
292
14
မန်စီးတီးတန်းချခြင်းခံရပါကလည်း စာချုပ်ဖျက်သိမ်းခွင့် ရှိလာမှာ မဟုတ်တဲ့ အာလင်းဟာလန်းနှင့် မန်စီးတီးစတားများ
မန်စီးတီးတန်းချခြင်းခံရပါကလည်း စာချုပ်ဖျက်သိမ်းခွင့် ရှိလာမှာ မဟုတ်တဲ့ အာလင်းဟာလန်းနှင့် မန်စီးတီးစတားများ
286
15
==================== အာရှဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၃၀ ခုနှစ် စတင်ကာ နေးရှင်းလိဂ်ပြိုင်ပွဲ စတင်ကျင်းပရန် စီစဉ်နေပြီ ဖြစ်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်ဟာ အဆင့် ၃ ဆင့်ရှိ လိဂ်ပြိုင်ပွဲများ ကျင်းပကာ ခြေစစ်ပွဲများ နေရာတွင် အစားထိုးပြီး ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲတို့ တိုက်ရိုက်အောင်မြင်ခွင့် ရရှိစေမယ့် အခွင့်အရေး ဖန်တီးလာမှာလည်း ဖြစ်ပါတယ်။ ESPN ရဲ့ ဖော်ပြမှုအရ အဆင့် ၃ ဆင့်ပါ လိဂ်ပြိုင်ပွဲတွင် အာရှဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံ ၄၇ က ယှဉ်ပြိုင်လာမှာ ဖြစ်ပြီး ထိပ်တန်းလိဂ် ၂ ခုတွင် အသင်း ၁၈ သင်း၊ တတိယတန်းလိဂ်တွင် အသင်း ၁၁ သင်းဖြင့် ယှဉ်ပြိုင်လာစေပါမယ်။ ယင်းလိဂ်ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲတိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့် ရရှိလာစေမှာလည်း ဖြစ်ပါတယ်။ အသင်းများဟာ အိမ်ကွင်းအဝေးကွင်း ၆ ပွဲစီ ကစားရမှာ ဖြစ်ပြီး ထိပ်ဆုံး ၆ သင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာမှာ ဖြစ်ပြီး အဆင့် ၇ မှ အဆင့် ၁၀ အတွင်း ရပ်တည်တဲ့အသင်းများက ကျန်နေရာအတွက် ပလေးအော့ဖ်ကစားရပါမယ်။ အာရှဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားအတွက် ပြိုင်ပွဲကို ၂၀၃၂-၃၃ တွင် စတင်ကျင်းပလာမှာလည်း ဖြစ်ပါတယ်။ လိဂ်တစ်ခုချင်းစီတွင် တန်းတက် တန်းဆင်းပါဝင်လာမှာ ဖြစ်ပြီး ထိပ်ဆုံး ၂ သင်းနှင့် အောက်ဆုံး ၂ သင်းတို့ တန်းဆင်းရပါမယ်။ အာရှဘောလုံးအဖွဲ့ချုပ်ဟာ ယင်းစနစ်အား ၂၀၂၈-၂၉ အတွင်း စမ်းသပ်ပြိုင်ပွဲ ကျင်းပသွားမှာ ဖြစ်ပြီး ယခုစနစ်ကြောင့် ပြိုင်ပွဲဝင်အသင်းတိုင်းအတွက် အခွင့်အရေး ကိုယ်စီ ရှိလာစေပါတယ်။ အာရှဘောလုံးအဖွဲချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းကလည်း ခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်လာတဲ့အသင်း ၁၈ သင်းအား ၆ သင်းပါ အုပ်စု ၃ ခုဖြင့် ထိပ်ဆုံး ၂ သင်းအား ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်စေတဲ့ စနစ် အသုံးပြုခဲ့ပါတယ်။ အကောင်းဆုံးတတိယအသင်းတို့မှာ စတုတ္ထအဆင့်ပလေးအော့ဖ်ဆက်ကစားရပါတယ်။ အာရှဖလားအတွက် ပြိုင်ပွဲတွင်မူ ၂၀၃၀ ခုနှစ်တွင် စတင်ကျင်းပမှာ ဖြစ်ပြီး အိမ်ကွင်း အဝေးကွင်း ၃ ပွဲစီ ကစားစေတဲ့ စနစ်သုံးလာမှာ ဖြစ်ပြီး ဒုတိယတန်းလိဂ်မှ ထိပ်ဆုံး ၆ သင်းက ခြေစစ်ပွဲ အောင်မြင်လာပါမယ်။ စနစ်သစ်အရ ထိပ်တန်းလိဂ်မှ ထိပ်ဆုံး ၈ သင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်လာကြပါမယ်။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တို့ကို အိမ်ကွင်း အဝေးကွင်း ကစားစေလာမှာ ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ တစ်ပွဲတည်းသာ ကစားစေပါမယ်။
348
16
၂၀၃၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်လာစေမယ့် နေးရှင်းလိဂ်ဖြင့် အစားထိုးလာမယ့် အာရှဘောလုံ
၂၀၃၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်လာစေမယ့် နေးရှင်းလိဂ်ဖြင့် အစားထိုးလာမယ့် အာရှဘောလုံးအဖွဲ့ချုပ်
333
17
==================== ပြင်သစ်နည်းပြဇီနီဒင်းဇီဒန်းဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှ နှုတ်ထွက်သွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ကာကွယ်ပြောဆိုလာပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒိန်းမတ်နှင့် နေးရှင်းလိဂ်ပွဲစဉ်တွင် ပွဲထွက် ကစားခွင့် ရရှိမည်မဟုတ်ကြောင်း သိရှိရပြီးနောက် ပေါ်တူဂီနည်းပြဂျော့ဂျီးဆပ်စ်၊ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပေါ်တူဂီအသင်းမှ နှုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းမှ နှုတ်ထွက်လာမှုနှင့် လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်အား ဆိုးရွားစွာ ကျော်ဖြတ်နေတယ်လို့ ယူဆခြင်းခံနေရပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အား ကိင်တွယ်စဉ်အတွင်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဇီဒန်းကမူ ယခင် အတူလက်တွဲစဉ်က အောင်မြင်မှုများကို ပြောကြားကာ ကာကွယ် ပြောကြားလာပါတယ်။ ဇီဒန်းက "ဝေဖန်စရာ မရှိပါဘူး။ သူ့ရဲ့ ကြီးကျယ်တဲ့ ကစားသမားဘဝအတွက် ဂုဏ်ပြုသင့်တယ်။ သူက ပြိုင်စံရှားအောင် လုပ်ပြခဲ့တယ်။ ကျုပ်နဲ့အတူ သူ ရှိနေခဲ့တာ ကံကောင်းတယ်။ သူ့ကြောင့် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။ ခရစ္စတီယာနိုကို အလေးပြုပါတယ်။ သူ့ကို ကြီးမားတဲ့ လေးစားမှု အစဉ်သဖြင့် ရှိနေမှာပါ။ အခြားကစားသမားအားလုံးအပေါ်မှာရော။ ဒါပေမယ့် ကျွန်တော်က ခရစ္စတီယာနိုနဲ့အတူ အများကြီး ဖြတ်သန်းခဲ့ရသူပါ။ သူ့ကြောင့်ပဲ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
339
18
ပေါ်တူဂီအသင်းမှ နှုတ်ထွက်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ကာကွယ်‌ပြောကြားလာတဲ့ ပြင်သစ်နည်းပြဇီဒန်း
ပေါ်တူဂီအသင်းမှ နှုတ်ထွက်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ကာကွယ်‌ပြောကြားလာတဲ့ ပြင်သစ်နည်းပြဇီဒန်း
300
19
=================== အာဂျင်တီးနားဟာ ဘရူနိုအေရိပ်စ်သို့ လမ်းခရီးပြဿနာကြောင့် နောက်ကျပြီးမှ ရောက်လာတဲ့ ဘူကီနာဖာဆိုအား ၇-၀ ဂိုးဖြင့် ပြတ်သားစွာ အနိုင်ယူခဲ့ပါတယ်။ အာဖရိကအသင်းဟာ မော်ရိုကိုမှ စင်းလုံးငှားလေယာဉ်ဖြင့် လာရန် စီစဉ်ထားခဲ့ပေမယ့်လည်း နည်းပညာပြဿနာကြောင့် ဖျက်သိမ်းလိုက်ရပြီးနောက် ပွဲမတိုင်မီ ၅ နာရီအလိုတွင်မှ အာဂျင်တီးနားသို့ ဆိုက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲစီစဉ်သူများရဲ့အဆိုအရ ဘူကီနာဖာဆိုအသင်းမှ စီနီယာကစားသမားများမှာ ၁၁ နာရီကြာ လေယာဉ်ခရီးကြောင့် ပွဲပန်းမှုနိုင်မှုကြောင့် ခရီးစဉ်တွင် လိုက်ပါရန် ငြင်းဆိုခဲ့ကြပြီး ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်တဲ့ ကစားသမားများဖြင့် ကစားခဲ့ရကြောင်း ဆိုသွားပါတယ်။ အာဂျင်တီးနားအတွက် အနိုင်ဂိုးများကို မာတီနက်ဇ်၊ ဒီရယ်လို(OG)၊ ပရီစတီယန်နီ၊ နီကိုပက်ဇ်၊ အယ်ဗာရက်ဇ်၊ မာစတန်တူအိုနို၊ ဆီမြွန်နီတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲအပြီးတွင် အာဂျင်တီးနားနည်းပြစကာလိုနီက "ဘူကီနာဖာဆိုအသင်းရဲ့ ဘောလုံးကို မြှင့်တင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ကြမှုအတွက် တကယ့်ကို ချီးကျူးစရာပါ။ သူတို့ကို လေးစားဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ ဒီကို ရောက်လာတဲ့အတွက် အရမ်းဝမ်းသာပါတယ်"လို့ ပြောကြားသွားပါတယ်။ အာဂျင်တီးနားဟာ လာမယ့် အင်္ဂါနေ့တွင် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအတွက် နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ဘီနန်နှင့် ရင်ဆိုင်ကစားပါမယ်။ အသက် ၃၉ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားအတွက် ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုးသွင်းပေးခဲ့သူ ဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးနောက် ဩဂုတ်လနှောင်းပိုင်းတုန်းက အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူမယ်လို့ ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး စကာလိုနီက "လာမယ့် အင်္ဂါနေ့ပွဲကတော့ လီယိုအပါအဝင် အားလုံး အရမ်းခံစားရမယ့်ပွဲဖြစ်လာပါမယ်။ မမေ့နိုင်စရာ နေ့တစ်နေ့ ဖြစ်လာပါမယ်။ အဲဒီနေ့က သူ့နေ့ ဖြစ်လာပါမယ်။ သူ့အတွက် ပျော်စရာကြီးကျယ်တဲ့ ဘောလုံးသမားဘဝ ကြုံရအောင် ကူညီခဲ့တဲ့ ကစားဖော်တွေအတွက် နေ့ ဖြစ်လာပါမယ်။ ကျွန်တော်လည်း ပျော်ရွှင်နိုင်ဖို့ ကြိုးစားပါမယ်"လို့ ပြောကြားသွားပါတယ်။
405
20
လမ်းခရီးပြဿနာကြောင့် ပွဲမတိုင်မီ ၅ နာရီအလိုတွင်မှ ရောက်လာတဲ့ ဘူကီနာဖာဆိုအား ဂိုးဒါဇင်ဝက်ကျော် သွင်းခဲ့တဲ့ အာဂျင်တီးနား
လမ်းခရီးပြဿနာကြောင့် ပွဲမတိုင်မီ ၅ နာရီအလိုတွင်မှ ရောက်လာတဲ့ ဘူကီနာဖာဆိုအား ဂိုးဒါဇင်ဝက်ကျော် သွင်းခဲ့တဲ့ အာဂျင်တီးနား
386