uk
Feedback
Playmaker Journal

Playmaker Journal

Відкрити в Telegram

Показати більше
2 037
Підписники
+224 години
-117 днів
+130 день
Архів дописів
=================== ဂျူရီယန်တမ်ဘားဟာ ပေါင်ခြံဒဏ်ရာပြဿနာကြောင့် စပိန်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ စပိန်ရဲ့လေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လာရပါတယ်။ နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီသိမ်း ၂ လတာကာလအား လွဲချော်ခဲ့ပေမဲ့ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြန်ကစားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ပေါင်ခြံဒဏ်ရာပြဿနာကြုံကာ နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ခဲ့ပါတယ်။ ယခုအခါ သူဟာ အာဆင်နယ်ရဲ့ စပိန်လေ့ကျင့်ရေးစခန်းမှ ထွက်ခွာပြီး လန်ဒန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာပြန်လည် ရရှိတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးရာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရပါမယ်။ ပြီးလျှင် သူဟာ အာဆင်နယ်ရဲ့ စပိန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပြန်လည်ပူးပေါင်းလာဖို့ ရှိပါတယ်။ တမ်ဘားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ရဲ့ နံပါတ် ၁ ဦးစားပေး ညာနောက်ခံလူအဖြစ် ပရီးမီးယားလိဂ်ပွဲ ၃၀ ကစားကာ ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အေဂျက်စ်မှ ပေါင် ၃၄ သန်းဖြင့် ပြောင်းလာခဲ့ပေမဲ့ ပထမရာသီတုန်းက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ဟာ ဩဂုတ်လ ၁၆ ရက်နေ့တွင် အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင် ချန်ပီယံရှစ်ချန်ပီယံ ကိုဗင်ထရီနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။

ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လေ့ကျင့်ရေးစခန်းမှ တမ်ဘား ထွက်ခွာ
ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လေ့ကျင့်ရေးစခန်းမှ တမ်ဘား ထွက်ခွာ

===================== မန်စီးတီးအလယ်တန်းကစားသမားဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ပူးပေါင်းလာခဲ့ပေမဲ့လည်း ၁၁ ရက်ကြာမြင့်မယ့် ဟောင်ကောင်၊ ဆိုးလ်ခရီးစဉ်တွင် ချန်လှပ်ခြင်းခံလာရမှုနှင့်အတူ အီတီဟတ်အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲဗာတန်တွင် အငှားဖြင့် သွားရောက်ကစားစဉ် အရိုးအက်ဒဏ်ရာရရှိခဲ့သူ ဖြစ်ပြီး ဒဏ်ရာမှ အလုံးစုံကောင်းမွန်လာရေး ကြိုးစားနေရသူလည်း ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလတွင် အသက် ၃၁ နှစ်ပြည့်မယ့် ဂျက်ဂရဲလ်လစ်ရှ်ဟာ မန်စီးတီးနှင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ တန် ၁၂ လစာချုပ်သာ ကျန်တော့သူ ဖြစ်ပြီး နည်းပြအန်ဇိုမာရက်စ်ကာဘက်က သူ့ကို အသင်းတွင် ဆက်ထိန်းထား/မထား မဆုံးဖြတ်ရသေးပါဘူး။ ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်တွင် အငှားဖြင့် သွားကစားပြီးနောက် ပြန်ရောက်လာတဲ့ ကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်ရဲ့အနာဂတ်ကိုလည်း ဆုံးဖြတ်လာရပါတော့မယ်။ အသက် ၃၀ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင် မန်စီးတီးအတွက် လိဂ်ဖလားပြိုင်ပွဲတွင် ၇ မိနစ်တည်းသာ ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ယင်းကစားသမား ၂ ဦးလုံးကို စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိဘဲ ကမ်းလှမ်းမှုအား တံခါးဖွင့်ပေးထားပါတယ်။

လေ့ကျင့်ခန်းပြန်ဆင်းလာပေမဲ့ မန်စီးတီးရဲ့ ရာသီကြိုခရီးစဉ်တွင် ဂျက်ဂရဲလ်လစ်ရှ် လိုက်ပါခွင့်မရရှိ
လေ့ကျင့်ခန်းပြန်ဆင်းလာပေမဲ့ မန်စီးတီးရဲ့ ရာသီကြိုခရီးစဉ်တွင် ဂျက်ဂရဲလ်လစ်ရှ် လိုက်ပါခွင့်မရရှိ

==================== လာလီဂါကလပ် ရာယိုဗယ်လီကာနိုဟာ ပရိသတ်များ လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်တဲ့အခြေအနေကြောင့် လာလီဂါရာသီသစ် မစတင်မီသုံးပတ်ခန့်သာလိုတော့တဲ့အချိန်တွင် အိမ်ကွင်းပွဲစဉ်များအား ကွင်းပြောင်းလဲလက်ခံကစားလာတော့မှာဖြစ်ပါတယ်။ ဗယ်လီကာနိုဟာ မက်ဒရစ်ရှိ ဒေသခံအာဏာပိုင်များထံမှ Estadio de Vallecas ကွင်းအား ငှားရမ်း အသုံးပြုနေတာ ဖြစ်ပြီး အာဏာပိုင်များက ကျန်းမာရေးနှင့် လုံခြုံရေးပြဿနာကြောင့် ယင်းကွင်းအား အသုံးပြုခွင့်ပေးရေး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်များက ယင်းကွင်းအတွင်းတွင် လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်ခြေရှိမှု၊ အားကစားကွင်းအတွင်း အမှိုက်များနှင့် အပျက်အစီးများ စုပြုံနေခြင်းကြောင့် မီးလောင်မှုများဖြစ်နိုင်မှု၊ လျှပ်စစ်မီးပြဿနာကြုံရနိုင်မှုတို့ကြောင့် ကွင်းအသုံးပြုခွင့် ပိတ်ပင်လာပါတယ်။ လက်ရှိအချိန်တွင် ဗယ်လီကာနိုရဲ့ အိမ်ကွင်းပွဲစဉ်များကို ဘယ်ကွင်းမှာ လက်ခံကစားမယ်ဆိုတာ မကြေညာသေးပါဘူး။ လီဂျီအွန်နယ်လာရောဂါမှာ လီဂျီအွန်နယ်လာဘက်တီးရီးယားပိုးပါဝင်တဲ့ ရေငွေ့ သို့မဟုတ် ရေစက်မွှားတို့အား ရှူရှိုက်မိမှုကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါမျိုး ဖြစ်ပါတယ်။ ယင်းဘက်တီးရီးယားပိုးမှာ လူအချင်းချင်းမကူးစက်နိုင်ပေမဲ့ ရေကန်များ၊ အဲယားကွန်းစနစ်များနှင့်ရေပူစမ်းများမှ တဆင့် ကူးစက်နိုင်ခြေရှိရာ အသက် ၅၀ နှစ်နှင့်အထက် လူကြီးများ၊ ဆေးလိပ်သောက်သုံးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများအတွက် အလွန်အန္တရာယ်ရှိပါတယ်။ တဖက်တွင် အာဏာပိုင်များဟာ ကွင်းအတွင်းရှိနေတဲ့ အညစ်အကြေးနှင့် အမှိုက်များအား မကြာမီ ရှင်းလင်းမှု ပြုလုပ်လာမှာဖြစ်ပြီး ၂ လမှ ၆ လအထိ အချိန်ယူရနိုင်ကြောင်း ဆိုထားပါတယ်။ ဗယ်လီကာနိုကစားသမားများဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကွင်းမြက်ခင်းအလွန်ဆိုးရွားမှု၊ အဝတ်အစားလဲခန်းအတွင်းတွင် ရေပူပေးစနစ်မရှိမှု၊ သန့်ရှင်းမှုမရှိမှုတို့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးကြပါတယ်။ ဒါ့အပြင် ဗယ်လီကာနိုဟာ မှိုပြဿနာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းကို အသုံးမပြုဘဲ စတင်ခဲ့ရပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ ပဲလေ့စ်အား ၁-၀ ဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ပရိသတ်များမှာလည်း ကလပ်မှာ လက်မှတ်အရောင်းဝက်ဘ်ဆိုက်မရှိတဲ့ တစ်သင်းတည်းသော ကလပ်ဖြစ်နေမှုနှင့်အတူ လက်မှတ်ဝယ်ယူရေး တန်းစီပြီးမှ ဝယ်ယူနေရပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဒေသခံအာဏာပိုင်တို့ဟာ ကွင်းကို ပရိသတ် ၁၈၅၀၀ အထိ တိုးမြှင့်ပြီး ၂ နှစ်အတွင်း ကွင်းသစ်တည်ဆောက်ရေး အစီအစဉ်ကို တင်ပြခဲ့ဖူးပါတယ်။ ဗယ်လီကာနိုဟာ ဖေဖော်ဝါရီလတုန်းက အက်သလက်တီကိုနှင့်အိမ်ကွင်းပွဲစဉ်အား ဆိုးရွားကွင်းမြက်ခင်းအခြေအနေကြောင့် လီဂါနက်စ်ရဲ့အိမ်ကွင်းအား ငှားရမ်းကစားခဲ့ရပါသေးတယ်။ ဗယ်လီကာနိုဟာ ကွင်းပြဿနာကြုံနေရပေမဲ့လည်း ရာသီသစ်အတွက် လက်မှတ်ဈေးနှုန်းအား ၁၅ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ရောင်းချထားပါတယ်။ ဗယ်လီကာနိုဟာ လာလီဂါအိမ်ကွင်းအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် အလာဗက်စ်နှင့် ကစားရပါမယ်။

လီဂျီအွန်နယ်လာရောဂါပြဿနာကြောင့် ကွင်းပြောင်းရွှေ့ကစားလာမယ့် လာလီဂါကလပ် ဗယ်လီကာနို
လီဂျီအွန်နယ်လာရောဂါပြဿနာကြောင့် ကွင်းပြောင်းရွှေ့ကစားလာမယ့် လာလီဂါကလပ် ဗယ်လီကာနို

==================== ခရစ္စတယ်ပဲလေ့စ်ဟာ အာဆင်နယ်နောက်ခံလူဟောင်းတာကီဟီရိုတိုမီယာဆုကို အပြီးသတ်ခေါ်ယူရေး ဆွေးနွေးနေပါတယ်။ တိုမီယာဆုဟာ ခရစ္စတယ်ပဲလေ့စ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီး အင်္ဂါနေ့တုန်းက လန်းစ်နှင့် ကစားတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ကစားသွားခဲ့ပါတယ်။ ဂျပန်လက်ရွေးစင်နောက်ခံလူဟာ ပဲလေ့စ်နှင့် ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီလို့ ယုံကြည်ရပါတယ်။ ပဲလေ့စ်နည်းပြပီယာရီဆေ့ချ်ဟာ နောက်တန်း ၃ ဦးစနစ်ကို သဘောကျသူ ဖြစ်ပြီး တိုမီယာဆုမှာ ခံစစ်မှူးအဖြစ်သာမက ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။ တိုမီယာဆုဟာ ဒူးဒဏ်ရာပြဿနာကြုံရပြီးနောက် အာဆင်နယ်နှင့်တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းကာ ထွက်ခွာခဲ့ရကာ အေဂျက်စ်သို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ပဲလေစ်ဟာ ပြင်သစ်နောက်ခံလူမာဆင့်လာခရော့စ်အား ချဲလ်ဆီးသို့ ရောင်းချရန် သဘောတူညီထားပြီးနောက် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။ ပဲလေ့စ်ဟာ အော့ဘတ်နောက်ခံလူခရစ္စလိန်းမက်ဆီမာကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူရေး ဆွေးနွေးနေသလို ချဲလ်ဆီးနောက်ခံလူဂျို့စ်အာချီယန်ပေါင်ကိုလည်း အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ပရီးမီးယားလိဂ်တွင် တကျော့ပြန်ကစားရန် ဆွေးနွေးနေတဲ့ အာဆင်နယ်ရဲ့ ဂျပန်နောက်ခံလူဟောင်း
ပရီးမီးယားလိဂ်တွင် တကျော့ပြန်ကစားရန် ဆွေးနွေးနေတဲ့ အာဆင်နယ်ရဲ့ ဂျပန်နောက်ခံလူဟောင်း

=================== လီဆန်ဒရိုမာတီနက်ဇ်နှင့် အလက်ဆစ်မက်အယ်လစ်စတာတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ယူလိုက်ပြီးနောက် နေအိမ်လုံခြုံရေးအတွက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအား ငှားရမ်းလာပါတယ်။ ယူနိုက်တက်နောက်ခံလူနှင့် လီဗာပူးအလယ်တန်းကစားသမားတို့ရဲ့ အနောက်မြောက်ပိုင်းရှိ‌ နေအိမ်များကို ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများက လုံခြုံရေးပေးနေပါတယ်။ အာဂျင်တီးနားက အင်္ဂလန်ကို ကမ္ဘာဖ့လားဆီမီးဖိုင်နယ်တွင် ၂-၁ ဖြင့် အနိုင်ယူပြီးနောက် ယခုကဲ့သို့ လုံခြုံရေးမြှင့်တင်လာတာပါ။ ယင်းပွဲအပြီးတွင် အာဂျင်တီးနားနောက်ခံလူမာတီနက်ဇ်ဟာ ‘The Falklands are Argentina’s’ဆိုတဲ့စာသားပါ နဖူးစည်းကို ကိုင်ဆောင်ခဲ့သလို အယ်လစ်စတာမှာလည်း ယင်းအောင်ပွဲခံမှုတွင် ပါဝင်ခဲ့ပါတယ်။ စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုနှင့် စပါးစ်ကစားဖော်ဟောင်းဂျီယိုဗန်နီလိုစယ်ဆိုတို့ကလည်း ယင်းနဖူးစည်းအား ကိုင်ဆောင်ခဲ့ကြပါတယ်။ ရိုမီယိုမှာ ယခုနွေရာသီတွင် စပါးစ်မှ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။ တဖက်တွင် မာတီနက်ဇ်နှင့် အယ်လစ်စတာတို့ကတော့ ယင်းအဖြစ်အပျက်ကြောင့် အင်္ဂလန်ပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံလာရနိုင်မှုနှင့်အတူ နေအိမ်လုံခြုံရေးအား မြှင့်တင်လာပါတယ်။ ယင်းသို့ နေအိမ်လုံခြုံရေးမြှင့်တင်ရာ ကလပ်များဖြစ်ကြတဲ့ ယူနိုက်တက်နှင့် လီဗာပူးတို့ တစုံတရာ ပါဝင်လုပ်ဆောင်ကြခြင်း မရှိပါဘူး။ မာတီနက်ဇ်နှင့် အယ်လစ်စတာတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ရယူပြီး ကလပ်နှင့် ပူးပေါင်းချိန်တွင် ယူနိုက်တက်နှင့် ဘရိုက်တန်ပရိသတ်တို့ရဲ့ ဂုဏ်ပြုကြိုဆိုမှုများနှင့် ကြုံခဲ့ရသူများ ဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ အင်္ဂလန်အား အနိုင်ရတဲ့ပွဲစဉ်အပြီး ဖော့ကလန်ကျွန်းနှင့်ပတ်သက်တဲ့ နဖူးစည်းကြောင့် အင်္ဂလန်ပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံလာနိုင်ပြီလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားတွင် အင်္ဂလန်ကို အနိုင်ရပြီးနောက် နေအိမ်လုံခြုံရေးအား တိုးမြှင့်လာရတဲ့ အာဂျင်တီးနားကမ္ဘာ့ဖလားစတားများ
ကမ္ဘာ့ဖလားတွင် အင်္ဂလန်ကို အနိုင်ရပြီးနောက် နေအိမ်လုံခြုံရေးအား တိုးမြှင့်လာရတဲ့ အာဂျင်တီးနားကမ္ဘာ့ဖလားစတားများ

===================== ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ အဓိကဖလားပြိုင်ပွဲများရဲ့ ရှယ်ယာများကို ရောင်းချလာမယ့် သူ့ရဲ့အငြင်းပွားဖွယ် စီစဉ်အား ထောက်ခံပါက ဒေါ်လာသန်း ၄၀ ‌ရရှိလာမယ်လို့ ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံ ၂၁၁ နိုင်ငံတို့အား စာရေးသား အသိပေးခဲ့ပါတယ်။ အင်ဖန်တီနိုဟာ ဘောလုံးအဖွဲ့ချုပ်များအနေဖြင့် သူ့အစီအစဉ်အား ထောက်ခံရေး နောက်ဆုံးနေ့အဖြစ် စက်တင်ဘာလ ၁၉ ရက်နေ့အား သတ်မှတ်ထားပါတယ်။ ဖီဖာဟာ ကမ္ဘာဖ့လားပြိုင်ပွဲအပါအဝင် အဓိကပြိုင်ပွဲများအတွက် စီးပွားဖြစ် လက်အောက်ခံကုမ္ပဏီ ဖန်တီးလိုနေပြီး ပြင်ပရင်းနှီးမြှပ်နှံသူများအား ရှယ်ယာများကို ရောင်းချရန် စီစဉ်ထားပါတယ်။ အထက်ပါ သတင်းထွက်ပေါ်လာပြီးနောက် ဖီဖာဟာ ဥရောပ၊ အာရှနှင့် မြောက်အမေရိကန်ဘောလုံးသမိုင်းအဝိုင်းတို့ရဲ့ ဝေဖန်မှုများ ကြုံခဲ့ရပါတယ်။ တဖက်တွင် အင်ဖန်တီနိုရဲ့အစီအစဉ်အပေါ် ဖီဖာဒုဥက္ကဌ ၈ တို့မှ အချို့လည်း အံ့ဩသင့်နေကြပါတယ်။ အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင် နိုင်ငံများအား ပေးပို့တဲ့ စာထဲအား နောက်ဆုံးသတ်မှတ်ရက်တွင် ထောက်ခံအားပေးမှု ပြုလုပ်ပါက ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါ်လာသန်း ၂၀ ရရှိမယ်လို့ မက်လုံးပေးထားပါတယ်။ ဖီဖာဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆၄ သင်းအထိ တိုးမြှင့်ရန် စီစဉ်နေမှုကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံနေရချိန်တွင် အငြင်းပွားဖွယ် ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများရဲ့ ရှယ်ယာများကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချရေး လုပ်ဆောင်နေမှုက ဖီဖာရဲ့အနာဂတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ယင်းသို့ လုပ်ဆောင်နေမှုနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချက်ချင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေပါတယ်။

အငြင်းပွားဖွယ် အစီအစဉ်အား ဘောလုံးအဖွဲ့ချုပ်များ ထောက်ခံလျှင် ဒေါ်လာသန်း ၄၀ ပေးမယ်လို့ ဖီဖာ ကမ်းလှမ်းလာ
အငြင်းပွားဖွယ် အစီအစဉ်အား ဘောလုံးအဖွဲ့ချုပ်များ ထောက်ခံလျှင် ဒေါ်လာသန်း ၄၀ ပေးမယ်လို့ ဖီဖာ ကမ်းလှမ်းလာ

လက်ပေါ့ဇ်နန်-အာဟတ်စ် ဗုဒ္ဓဟူး (ည ၁၁း၃၀ နာရီ) Diamond Seven ဗုဒ္ဓဟူးနေ့တစ်ကွက်ကို ချန်ပီယံလိဂ် ခြေစစ်ပွဲစဥ်ဖြစ်တဲ့ လက်ပေါ့ဇ်နန်-အာဟတ်စ်ပွဲစဥ်ကနေ ရွေးချယ်ပေးချင်ပါတယ်၊၊ အဝေးကွင်းမှာ ၁-၄ နဲ့ လက်ပေါ့ဇ်နန် နိုင်ခဲ့ပေမယ့် တစ်ယောက်အသာနဲ့ကစားခဲ့ရလို့ဆိုတာ သတိပြုရပါမယ်၊၊ ဒါတောင် တစ်ဂိုးပြန်ခွင့်ပြုရတဲ့ခံစစ်ပိုင်းကတော့ သိပ်ယုံကြည်လို့မရပါဘူး၊၊ အာဟတ်စ်ကတော့ အိမ်ကွင်းဂိုးပြတ်အရှုံးကြောင့် အခုပွဲမှာ တိုက်စစ်ဖွင့်ကစားရုံကလွဲရင် အခြားမရှိတော့ပါဘူး၊၊ ဒိန်းမတ်စူပါလိဂ်ရဲ့ ချန်ပီယံအသင်းဖြစ်တာမို့ တိုက်စစ်ကစားအားကလည်း ကောင်းမွန်ပြီးသားပါပဲ၊၊ ဒါကြောင့် ပိုလန်မြေမှာလည်း အာဟတ်စ်တိုက်စစ်အလုပ်ဖြစ်မှာ သေချာပါတယ်၊၊ ၃+၅၀ ဖွင့်လှစ်ထားတဲ့အခုပွဲမှာ အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်တာမို့ ဂိုးအပေါ် ပဲ ရွေးချယ်ပါမယ်၊၊

၃+၅၀ ဖွင့်လှစ်ထားတဲ့အခုပွဲမှာ အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်တာမို့ ဂိုးအပေါ် ပဲ ရွေး
၃+၅၀ ဖွင့်လှစ်ထားတဲ့အခုပွဲမှာ အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်တာမို့ ဂိုးအပေါ် ပဲ ရွေး

ကျန်သေးတဲ့ ကမ္ဘာ့ဖလားကတိတွေ ******* ကူကူရယ်လာကတော့ ကမ္ဘာ့ ချန်ပီယံဖြစ်ရင် နည်းပြဒီလာဖျူ ရန်တီရဲ့ပုံကို တက်တူထိုးမယ် ဆိုတဲ့ သူ့ကတိကို အကောင် အထည် ဖော်ပြီးသွားပါပြီ။ ဒါပေမဲ့ ချန်ပီယံစပိန်အသင်းသား တွေကြားထဲမှာ ကမ္ဘာ့ဖလားကတိ တွေ အများကြီးကျန်နေပါသေးတယ်။ - လာမိုင်းယာမယ်က မုတ်ဆိတ် ထားမယ်လို့ ကတိပေးထား - ဂါဗီက ဆံပင်ပန်းရောင်ဆိုးမယ် လို့ ကတိပေးထား - ပတ်ဒရီက ဆံပင်ရွှေရောင်ဆိုးမယ် လို့ ကတိပေးထား။ - ဖာရန်တောရက်စ်က ကတုံးတုံး မယ်လို့ ကတိပေးထား

photo content

==================== မန်စီးတီးတောင်ပံကစားသမားဆာဗင်ဟိုဟာ စပါးစ်သို့ ပြောင်းရွှေ့ရေး စိတ်ဝင်စားနေမှုနှင့်အတူ မန်စီးတီးမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီရဲ့ အဓိကပစ်မှတ်တစ်ဦးဖြစ်ပါတယ်။ စပါးစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဆာဗင်ဟိုအား ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပါတယ်။ ယခုနွေရာသီမှာတော့ ဆာဗင်ဟိုကိုယ်တိုင်က မန်စီးတီးမှ ထွက်ခွာရန် စိတ်အားထက်သန်နေကာ စပါးစ်သို့ ပြောင်းရွှေ့လိုနေပါတယ်။ ဆာဗင်ဟိုဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက မန်စီးတီးရဲ့ ညီအစ်မကလပ် ထရိုယက်စ်မှ ‌ပေါင် ၃၀.၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး စပိန်ကလပ် ဂီရိုနာတွင် အငှားဖြင့် သွားကစားဖူးပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေတုန်းက စပါးစ်သို့ ပြောင်းရေး ပျက်ပြယ်ခဲ့ပြီးနောက် မန်စီးတီးနှင့် ၂၀၃၁ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ဆာဗင်ဟိုဟာ မန်စီးတီးတွင် ကစားတဲ့ ပထမရာသီတုန်းက ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိခဲ့ကာ ၄၈ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာပြီး ၃၆ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ဆာဗင်ဟိုဟာ ပွဲထွက်ကစားသမားနေရာအတွက် ရိုင်ယန်ချာကီ၊ အန်တိုနီဆီမန်ယိုတို့နှင့် ယှဉ်ပြိုင်နေရပါတယ်။

စပါးစ်ရဲ့ စိတ်ဝင်စားခြင်းခံလာရပြီးနောက် မန်စီးတီးမှ ထွက်ခွာရန် ဆာဗင်ဟို တံခါးဖွင့်ပေးလာ
စပါးစ်ရဲ့ စိတ်ဝင်စားခြင်းခံလာရပြီးနောက် မန်စီးတီးမှ ထွက်ခွာရန် ဆာဗင်ဟို တံခါးဖွင့်ပေးလာ

==================== အင်ဒရေပီယာလိုက ရာထူးအားလက်ခံရန် ငြင်းဆိုလာပြီး နည်းစနစ်ဒါရိုက်တာသစ်ပေါ်လိုမာလ်ဒီနီ နုတ်ထွက်လာပြီးနောက် အီတလီနည်းပြသစ်အဖြစ် ရောဘတ်တိုမန်စီနီအား ဒုတိယအကြိမ်မြောက် ခန့်အပ်လာပါတယ်။ အီတလီဟာ ကမ္ဘာ့ဖလားတတိယအကြိမ်မြောက် ခြေစစ်ပွဲကျပြီး ဧပြီလတုန်းက ဂန်နာရိုဂတ်တူဆို နုတ်ထွက်သွားပြီးနောက် နည်းပြလက်မဲ့ ဖြစ်လာတာပါ။ အီတလီဟာ နည်းစနစ်ဒါရိုက်တာသစ်အဖြစ် ပေါ်လိုမာလ်ဒီနီနှင့် အကြံပေးအဖြစ် လီယိုနာဒိုတို့အား ခန့်အပ်ကာ လက်ရွေးစင်အသင်းအား အကြီးအကျယ် အပြောင်းအလဲ ဖြစ်အောင် တည်ဆောက်ရန် စီစဉ်ခဲ့ပါတယ်။ ပေါ်လိုမာလ်ဒီနီနှင့် လီယိုနာဒိုတို့ဟာ နံပါတ်တစ်ဦးစားပေးအဖြစ် အန်ဆယ်လော့တီနှင့် ဂွါဒီယိုလာတို့အား ခန့်အပ်ရန် ကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ယင်းနောက် ၎င်းတို့ဟာ ပီယာလိုအား ခန့်အပ်ရေး အနီးစပ်ဆုံးအနေအထားသို့ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပီယာလိုမှာ ရုရှားလောင်းကစားကုမ္ပဏီတစ်ခုရဲ့ တစ်ကမ္ဘာလုံးသံတမန်အဖြစ် လုပ်ဆောင်နေမှုကြောင့် အပြင်းအထန် ဝေဖန်ခံလာရပြီးနောက် ရာထူးအား လက်ခံရန် ငြင်းဆိုလာခဲ့ပါတယ်။ ယင်းအဖြစ်အပျက်ကြောင့် ၁၆ ရက်သာ တာဝန်ထမ်းဆောင်လာခဲ့ကြတဲ့ မာလ်ဒီနီနှင့် လီယိုနာဒိုတို့ ရာထူးမှ နုတ်ထွက်ခြ့ကြပါတယ်။ ယခုအခါ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဟောင်းရောဘတ်တိုမန်စီနီအား နည်းပြသစ်အဖြစ် ဒုတိယအကြိမ်မြောက် ခန့်အပ်လာပါတယ်။ အသက် ၆၁ နှစ်ရှိ မန်စီနီဟာ အီတလီအသင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးပြီး ယူရို ၂၀၂၀ ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ အီတလီအသင်းကို ၃၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မာလ်ဒီနီ နုတ်ထွက်သွားမှုကြောင့် လစ်လပ်နေတဲ့ နည်းစနစ်ဒါရိုက်တာနေရာမှာ လက်စတာနည်းပြဟောင်းကလူဒီယိုရေနီယာရီအား ခန့်အပ်လာပါတယ်။ မန်စီနီဟာ လာဇီယို၊ အင်တာမီလန်တို့နှင့်အတူ စီးရီးအေဖလား ၃ ကြိမ်ဆက်ဆွတ်ခူးခဲ့သလို ကိုပါအီတာလီယာဖလားတို့လည်း ရယူနိုင်ခဲ့ပြီး မန်စီးတီးအား ပထမဆုံးပရီးမီးယားလိဂ်ဖလားရအောင် ဦးဆောင်ခဲ့ဖူးပါတယ်။ သူဟာ ဇင်းနစ်၊ ဂါလာတာစာရေး၊ ဆော်ဒီလက်ရွေးစင်အသင်းနှင့် ကာတာကလပ် Al Sadd တို့ကိုလည်း ကိုင်တွယ်ဖူးပါတယ်။ မန်စီနီဟာ အီတလီအား ပထမဆုံးပွဲအဖြစ် စက်တင်ဘာလ ၂၅ ရက်နေ့ဘယ်ဂျီယံနှင့် နေးရှင်းလိဂ်ပွဲစဉ်အား ကြီးကြပ်ရပါမယ်။

အီတလီနည်းပြသစ်အဖြစ် ရောဘတ်တိုမန်စီနီအား ပြန်လည် ခန့်အပ်လာ
အီတလီနည်းပြသစ်အဖြစ် ရောဘတ်တိုမန်စီနီအား ပြန်လည် ခန့်အပ်လာ