uz
Feedback
Mandalay Police CDM Fighter

Mandalay Police CDM Fighter

Kanalga Telegram’da o‘tish

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Ko'proq ko'rsatish
874
Obunachilar
-324 soatlar
-117 kunlar
-3830 kunlar
Postlar arxiv
People's Spring: ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး အရပ်သား ၄ ဦး သေဆုံး ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။ ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ "ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅ ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ် တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။ "စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ​ပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။ တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက် ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါ​ပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေ​လို့  သတိ ထားကြဖို့သတိပေးထားပါတယ်။ ရွှေကူမြို့နယ် စီတာရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်ကဇွန်လ ၄ ရက် နံနက် ၈ နာရီခွဲ ​ကျော်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး​​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

People's Spring: မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်း ကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး ဇွန်-၁၇၊၂၀၂၆။ဟာနာဆန်/People's Spring မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ  ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက် ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မြဇီးတောကျေးရွာကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၆ရက် ညပိုင်းမှာ ဝင်ရောက်ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်ခန့်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ မီးရှို့မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းရှိ ဇရပ် ၂ ဆောင်၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဖောကား ၁ စီး၊ မြေတူးစက် (ခွေးတူဝက်တူ) ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ မော်တော်ဆိုင် ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂမျိုးစုံနဲ့ စားနပ်ရိက္ခာ အမြောက်အမြား မီးလောင်ပျက်စီးဆုံးရှူံးခဲ့ကြောင်း We Love Myaing အဖွဲ့က အသိပေးပါတယ်။ "လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ တမင်ကို ရှို့သွားတာပါ။အဲဒီစစ်ကြောင်းက တစ်ကြောင်းက မြေရင့်ရွာ၊ တစ်ကြောင်းက နှမ်းဆီကန်တောတိုက် ရောက်နေတယ်။ မြဇီးတောမှာလည်း ကျန်ဦးမယ်ထင်တယ်"လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ ဇွန်လ ၁၄ ရက်ကတည်းက စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကတဆင့် ကမ္မမြို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတဲ့ စစ် ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှပါတယ်။ မြဇီးတောရွာ စစ်တပ်မီးဝင်ရှို့သွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ- We Love Myaing Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

People's Spring: တိုက်ပွဲမရှိတာဆက်ထိန်းဖို့၊အခြားလက် နက်ကိုင်တပ်တွေနဲ့မပူးပေါင်းဖို့ SSPPကို စစ်ကောင်စီပြော ဇွန်-၁၇၊၂၀၂၆။ထားမြတ်/People’s Spring လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့  ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိ ခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး  ထိန်း သိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ၁၂ရက်ကအာ​ဏာသိမ်းစစ်တပ်နဲ့SSPP ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို SSPP က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။ SSPP/SSAဘက်ကဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက  ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေး ပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင် အချက် ၇ချက်ဆွေး နွေးခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့  ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း SSPP ဘက်က ဆွေး နွေးခဲ့သလို ယုံကြည်မှုထိခိုက်ခဲ့တဲ့  ဖြစ်စဉ်များ ထပ်မဖြစ်အောင်၊နှစ်ဖက်အကြားအ ငြင်းပွားလာပါက ဆွေးနွေးညှိနှိုင်း မှုနဲ့ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။ လက်ရှိထိတွေ့မှုမရှိသလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု မရှိဟုလည်းစစ်တပ်ကို SSPPက ဆွေးနွေးခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း အချက် ၆ချက်ကို ဆွေးနွေးခဲ့ရာဒေသတည်ငြိမ်ရေး ၊ဖွံဖြိုးရေးတိုအတွက်ပူးပေါင်းဆောင်ရွက်ဖို့၊အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့၊ နှစ် ဖက် သဘောတူစာချုပ်တွေကို လေးစားဖို့၊ ဇူလိုင်လမှာ ထပ်မံ တွေ့ဆုံဖို့ တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ ဆိုတဲ့စစ်အုပ်စုရဲ့ဆွေးနွေးချက်အပေါ် SSPP ရဲ့ သဘောထား မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ပေမယ့်SSPPနယ်မြေအ တွင်းမှာမူးယစ်ဆေးဝါးချက်စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလိုဖမ်းမိရာမှာSSPPတပ်ဖွဲ့ဝင်တွေ ပါ ဝင်ကြောင်းဖော်ပြထားတာတွေရှိခဲ့ပါတယ်။ SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက် အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ် သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုန့်ပြန်ခဲ့ပါတယ်။ အခု တွေ့ဆုံပွဲမှာလည်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်မယ်ဆိုပြီး  ဆွေးနွေးခဲ့တယ်လို့  အသိပေးထားပါတယ်။ ဓါတ်ပုံ-SSPP/SSA Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

People's Spring: ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး အရပ်သား ၄ ဦး သေဆုံး ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။ ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ "ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅ ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ် တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။ "စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ​ပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။ တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက် ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါ​ပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေ​လို့  သတိ ထားကြဖို့သတိပေးထားပါတယ်။ (ရွှေကူမြို့နယ် စီတာရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်ကဇွန်လ ၄ ရက် နံနက် ၈ နာရီခွဲ ​ကျော်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး​​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

မုံရွာအခြေစိုက် Golden Eagle Force Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန် လုပ်ကြံခံရပြီး ကျဆုံး ဇွန် ၁၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ Golden Eagle Force Monywa တပ်ဖွဲ့ ခေါင်းဆောင် ကိုလင်းယုန် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး ကျဆုံးသွားတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကို အတည်ပြုပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့ ညပိုင်းက မုံရွာမြို့နယ်၊ တောင်မာတောကျေးရွာနဲ့ ပလ္လင်ကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Golden Eagle Force Monwya ခေါင်းဆောင် ကိုလင်းယုန်နဲ့ အမျိုးသမီးဖြစ်သူတို့ကို လက်နက်ကိုင်တချို့က ပစ်ခတ်လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကိုလင်းယုန် ကျဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ "သူ့နာမည်အရင်းက ကိုမင်း၊ တော်လှန်ရေးနာမည်က ကိုလင်းယုန်ပေါ့။ သူက Golden Eagle ခေါင်းဆောင်ပါ။ သူနဲ့ကျနော်တို့ တစ်နေရာစီဆိုပေမယ့် သူကအလုပ်တကယ်လုပ်တဲ့အဖွဲ့ပါ။ နာမည်လည်းရှိတယ်။ ဘာ​ကြောင့်လုပ်ကြံခံရလဲတော့ မသိရဘူး။ အရှုပ်အရှင်းမရှိတဲ့အဖွဲ့လို့တော့ ကြားထားတာပါ" လို့ ကိုလင်းယုန်ကိုသိတဲ့ ဆားလင်းကြီးမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကိုပြောပါတယ်။ ကိုလင်းယုန်ဟာ Golden Eagle Force တပ်ဖွဲ့အပြင် BSI ခေါ် ထောက်လှမ်းရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။ ကိုလင်းယုန်လုပ်ကြံခံရတဲ့နေရာဟာ တော်လှန်ရေးတပ်တွေသာ စိုးမိုးထားရာနေရာဖြစ်တာကြောင့် ဒီဖြစ်စဥ်ဖြစ်ပွားမှုအပေါ် ဝေဖန်မှုတွေလည်းထွက်‌ပေါ် နေပါတယ်။ "အခုလိုဖြစ်သွားတာ နှမျှောစရာပါ။ မကျေနပ်ရင် စိန်ခေါ်ထိုးလို့ရတယ်။ သေနတ်တွေဘေးချထားလိုက်ပေါ့။ အခုလုပ်ရက်ကတော်လှန်ရေးကိုအနှောင့်အယှက်ပေးသလိုပါပဲ" လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေတုန်းကလည်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ တော်လှန်ရေးအင်အားစုဝင်တချို့ အခုလိုလုပ်ကြံခံရမှုမျိုးတွေရှိခဲ့တာကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပါသေးတယ်။ ပုံစာ - ကျဆုံးသွားသည့် ကိုလင်းယုန်အားတွေ့ရစဥ်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

⁨စစ်ကိုင်း PDF ခေါင်းဆောင်နှင့် ရဲဘော် ၃ ဦး NUG အမှတ် (၁) စစ်ဒေသက ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ ဇွန် ၁၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ စစ်ကိုင်း PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်အပါအဝင် ရဲဘော် ၄ ဦးတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသကနေ ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့၊ ည ၈ နာရီဝန်းကျင်အချိန်က အင်းတော်မြို့တနေရာမှာ စစ်ကိုင်း PDF ကွပ်ကဲရေးမှူး ကိုစစ်ငြိမ်းနိုင်၊ ရဲဘော်ပေါက်စ၊ ရဲဘော်အားကျူနဲ့ ရဲဘော်ကျော်လေးတို့ ၄ ဦးကို အမှတ် (၁) စစ်ဒေသမှူး ဒူပအောင်ဒွဲက တွေ့ဆုံချင်တာကြောင့်ဆိုကာ ကသာခရိုင်ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ စစ်ကိုင်း PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အဆက်သွယ်မရသေးဘူးလို့ နီစပ်သူတွေဆီက သိရပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသဘက်က တစုံတရာ ထုတ်ပြန်ထားတာတော့ မရှိသေးသလို စစ်ကိုင်း PDF နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ဘက်ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) အောက်ကို မဝင်ရောက်တဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို NUG တပ်တွေက ဖမ်းဆီးတာတွေ ဆက်တိုက်ရှိလာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ မကြာသေးခင်ကလည်း နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင်တို့ကို NUG လက်အောက်ခံတပ်ဖွဲတွေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အဆိုပါတပ်တွေက NUG ရဲ့ကွပ်ကဲမှုအောက်ကို ဝင်ရောက်ကြောင်း ကြေညာခဲ့ပါတယ်။ ပုံစာ -  စစ်ကိုင်း PDF အဖွဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

ဦးပိုင်အမြတ်ငွေ မထုတ်ပေးဘဲ ငွေတိုးချေးစားတဲ့ ထပရ ၃၂၃ က တပ်ရင်းမှူး တိုင်ကြားခံရ ဇွန်လ ၁၇ ရက် စစ်သည်တွေ ရပိုင်ခွင့်ရှိတဲ့ ဦးပိုင်အမြတ်ငွေတွေကို ထုတ်မပေးဘဲ ငွေတိုးချေးစားနေတဲ့ မင်္ဂလာဒုံမြို့နယ်အခြေစိုက် အမှတ် ၃၂၃ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း (ထပရ ၃၂၃) က တပ်ရင်းမှူးကို စစ်သည်တွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ထပရ ၃၂၃ က တပ်ရင်းမှူးဟာ စစ်သည်တွေရမယ့် ဦးပိုင်အမြတ်ငွေတွေကို ထုတ်မပေးဘဲ၊ တပ်တွင်းမှာ အတိုးနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ ငွေတိုးပေးစားနေတာကြောင့် တပ်မိသားစုဝင်တွေက ဇွန်လ ၁၅ ရက်နေ့မှာ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ထပရ ၃၂၃ အနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။ "ထပရ ၃၂၃ ထဲမှာ တပ်ရင်းမှူးက ဦးပိုင်အမြတ်ငွေတွေ ထုတ်မပေးဘဲ ငွေတိုးပေးလို့ တိုင်လိုက်တာ အခုရှင်းနေရတယ်။ တပ်ထဲမှာ တပ်ရင်းမှူးကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ မျိုးစုံထွက်နေတယ်" လို့ သူက ဆိုပါတယ်။ လစဉ် ဦးပိုင်ရှယ်ယာအတွက် စစ်သည်တွေရတဲ့ လစာထဲကနေ ဖြတ်တောက်ထားသလို၊ ပြန်လည်ထုတ်ပေးရမယ့် အချိန်မှာလည်း ထုတ်မပေးတာကြောင့် ငွေကြေးအခက်အခဲဖြစ်နေတဲ့ တပ်မိသားစုဝင်တွေဟာ တပ်ရင်းမှူးကတော်ထံမှာ အတိုးနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ ငွေချေးနေရတာဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ "တပ်ရင်းမှူးကတော်ဆီမှာ တစ်သောင်းချေးရင် သုံးထောင် အတိုးပေးရတယ်။ အတိုးမပေးရင် အတိုးနဲ့အရင်းနဲ့ ထည့်ပေါင်းပြီး ပြန်မှတ်တယ်။ အတိုးသံသရာလည်နေရင်း မခံနိုင်တဲ့အဆုံး ဦးပိုင်ကိစ္စတွေပါ ပေါ်လာတာ" လို့ သူက ရှင်းပြပါတယ်။ စစ်အုပ်စုဘက်က အဆိုပါ ထပရ ၃၂၃ က တပ်ရင်းမှူးကို လာရောက်စစ်ဆေးနေတယ်လို့ သိရပေမယ့်၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း သေဆုံး၊ ထွက်ပြေးသွားကြတဲ့ အရာရှိနဲ့ စစ်သည်တွေရဲ့ ဦးပိုင်အမြတ်ငွေတွေကို လိမ်လည်ထုတ်ယူစားခဲ့တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က အရာရှိအချို့ စစ်ဆေးခံခဲ့ရတဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါသေးတယ်။ ဓာတ်ပုံ - Pro/SAC Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၌ တပ်စွဲထားသော တပ်မ ၇၇ မှ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်တို့ အပါအဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ဇွန်လ ၁၇ ရက် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၌ တပ်စွဲထားသော တပ်မ ၇၇ မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း CDF CDM Siyin က ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် တီးတိန်မြို့နယ်၊ လက်ရှိ CDF CDM Siyin ထိန်းချုပ်နယ်မြေဖြစ်သော ကလေး- တီးတိန် -ဟားခါး လမ်းခွဲ သိုင်းငင်းရွာတွင် အထိုင်ချထားသော တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ တပ်ကြပ်ကြီး နှင့် ဒုတပ်ကြပ် အပါအဝင် ၄ ဦးသည် စစ်ကောင်စီတပ် အတွင်း ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့် လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးလာကာ CDF CDM Siyin ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။ အလင်းဝင်ရောက်ခဲ့သူ တပ်ကြပ်ကြီး စည်သူဖြိုးသည် ရန်ကုန်မြို့၊ လှိုင်သာမြို့နယ်ဇာတိဖြစ်ပြီး ၂၀၀၀ ခုနှစ်၊ ဩဂုတ်လမှ စ၍ စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ခဲ့ကာ တောင်တွင်းကြီးမြို့ စခတ -၈ တွင် အခြေခံ စစ်သင် တန်းတက်ရောက်ခဲ့ရကြောင်း၊ သင်တန်းဆင်းပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ တနင်္သာရီ တိုင်း၊ မြိတ်မြို့နှင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။ အလားတူ ဒုတပ်ကြပ် ရာဇာသည် ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဇာတိဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ကာ အုတ်ဖို ၆ တပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့တို့တွင် တာ ဝန်ထမ်းဆောင်ခဲ့ရကြောင်း၊ တပ်သား ဝင်းလှိုင်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ကာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း၊ ၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး ၂ ဦး ရှိ ကြောင်း သိရသည်။ ထို့အပြင် တပ်သား အေးနိုင်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လတွင် စစ်တပ်ထဲသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ၄ ဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာသို့ ရောက်ရှိ ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက်နေ့က ၁၁ နေ့က ထွက်ပြေးလာကာ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် CDM Siyin ထံ အလင်းဝင်ခဲ့ ခြင်းဖြစ်ကြောင်း ၊ ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးကို နွေးထွေးစွာကြိုဆိုခဲ့ပြီး CDF CDM Siyin ဘက်မှ ဆုငွေများချီးမြှင့် ပေး ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ သိုင်းငင်းစခန်းတွင် တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ဦးစီးနေပြီး လူအင်အား ၇၀ ခန့်ရှိကြောင်း၊ လက်နက်အားဖြင့် MG3 ၁ လက်၊ RPG တစ်လက်၊ RPG ဗုံးသီး ၁၁ လုံး၊ စနိုင်ပါတစ်လက်၊ MA 2 ၆ လက်၊ MA4 ၂ လက်၊ BA 100 ၊ ၄၀ မမ ၊ မိုင်းများ ရှိကြောင်း အလင်းဝင်ရောက်ခဲ့သူများထံမှ သိရ သည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

စကမတပ်မှ KIA၊KPDF ဝတ်စုံ ဝတ်ဆင်ကာ ရွှေကူမြို့အတွင်း လှုပ်ရှားလာမှုအပေါ် ဂရုပြုရန် ရွှေကူ KPDF အသိပေး ဇွန်လ ၁၇ ရက် တိုက်ပွဲဖြစ်ပွါးလျက်ရှိသော ကချင်ပြည်နယ် ရွှေကူမြို့အတွင်း စစ်ကော်မရှင်တပ်များမှ KIA၊KPDFဝတ်စုံ ဝတ်ဆင်ကာ လှုပ်ရှားနေမှုများအပေါ် သတိထား ဂရုပြုကြရန် ရွှေကူ K-PDF တပ်ရင်းမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ ယနေ့ ဇွန်လ (၁၇)ရက်နေ့တွင် ရွှေကူ K-PDF တပ်ရင်းမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် ရွှေကူမြို့နယ်၌ စစ်ကော်မရှင်တပ်မှ KIA၊ KPDF ဝတ်စုံ ဝတ်ဆင်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေး ဖော်ပြထားသည်။ ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်၏ ရိုင်းစိုင်းယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြည်သူများ မြင်ကြားသိရှိ ခံစားနေရဆဲဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အသိနှင့်သတိ ဆင်ခြင်ကာ သွားလာကြရန်၊ အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြရန် အချက်များကို အထက်ပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း အသိပေးဖော်ပြထားသည်။ ယနေ့ညနေ (၄)နာရီခွဲခန့်တွင် ရွှေကူမြို့ အမှတ် (၁) ခုံခမ်းရပ်ကွက်၊ မူကြိုကျောင်းအနီးရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ပြည်သူ (၅)ဦးထိသည့်အနက် (၃)ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ “လက်နက်ကြီးကျတဲ့အိမ်မှာ အင်တာနက် သွားသုံးနေရင်း လက်နက်ကြီးထိ သွားကြတယ်လို့ သိရတယ်၊ (၃)ယောက် ပွဲချင်းပြီးသေသွားတယ်လို့လည်း သိရတယ်။”ဟု သတင်းရင်းမြစ်က 7Stars Newsကို ပြောသည်။ ရွှေကူမြို့နယ်အတွင်း ပြီးခဲ့သည့် မေလ (၅)ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်နေခဲ့ပြီး မြို့အနီးရှိ ရွာတဝိုက်တွင်လည်း စစ်တပ်ဘက်မှ နေ့စဉ် လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် ရွှေကူမြို့အတွင်းမှ ပြည်သူများ တိမ်းရှောင်၍ မရအောင် ပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter