uk
Feedback
Mandalay Police CDM Fighter

Mandalay Police CDM Fighter

Відкрити в Telegram

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Показати більше
850
Підписники
-124 години
-57 днів
-3230 день
Архів дописів
မြန်မာအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်မြို့တွင် အလွတ်သဘော အစည်းအဝေး ပြုလုပ်မည် ရန်ကုန်၊ ဇူလိုင် ၁၀ အာဆီယံ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးတို့အကြား အထူးအစည်းအဝေးတစ်ရပ်ကို လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် အာဆီယံအဖွဲ့နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး ပြန်လည်တိုးတက်ရေးကိစ္စများကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။ ယခုအစည်းအဝေးကို ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများမှ မြန်မာစစ်ခေါင်းဆောင်များ ဖယ်ရှားခံခဲ့ရပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမည့် အစည်းအဝေးလည်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ အလွတ်သဘောဆွေးနွေးပွဲဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံအတွင်း နောက်ဆုံးအခြေအနေများကို အာဆီယံနိုင်ငံများအား ရှင်းလင်းတင်ပြခွင့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ထို့ပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဆက်လက်ထိတွေ့ဆက်ဆံမည့် နည်းလမ်းများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အပြုသဘောဆောင် ဆွေးနွေးပွဲများ ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရေးအတွက် လက်တွေ့ကျသော ခြေလှမ်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာကာ လူပေါင်း တစ်သိန်းခန့် သေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီးနောက် အရပ်သားအစိုးရအဖြစ် ဖွဲ့စည်းထားသော်လည်း သမ္မတအဖြစ် အကြမ်းဖက်မင်းအောင်လှိုင်က တာဝန်ယူထားပြီး စစ်တပ်က အစိုးရအတွင်း အဓိကအာဏာကို ဆက်လက်ထိန်းချုပ်ထားသည်။ မင်းအောင်လှိုင်သည် အာဆီယံနှင့် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေပြီး ယခင်သီတင်းပတ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဆုံး သွားရောက်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ အာဆီယံနှင့် ဆက်ဆံရေး ပြန်လည်ပုံမှန်ဖြစ်လာရေးမှာ အခက်အခဲများ ဆက်လက်ရှိနေဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ မြန်မာစစ်တပ်လက်အောက်ခံ ကြံ့ဖွတ် လွှတ်တော်တွင် အာဆီယံ၏ "အချက်ငါးချက် သဘောတူညီချက်" (Five-Point Consensus) ကို ပြန်လည်သုံးသပ်ကာ ကန့်ကွက်တုံ့ပြန်ရန် အဆိုတစ်ရပ်ကို ထောက်ခံအတည်ပြုထားသည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ၊အာဆီယံ၏ ရပ်တည်ချက်ကို ပြန်လည်စိစစ်ကာ မြန်မာစစ်တပ်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ကြံ့ဖွတ်လွှတ်တော်က တောင်းဆိုသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

မူးမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကြောင့် ရွာခံလူငယ် ၂ ဦး သေဆုံး ဇူလိုင် ၁၀၊ ၂၀၂၆ ပဲခူးတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ မူးမြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာကြောင့် ရွာခံလူငယ် ၂ဦး သေဆုံးခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ မူးမြို့နယ်အတွင်းက နိုကလော်ကျေးရွာအနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထောင်ထားခဲ့တာဖြစ်ပြီး ရွာကိုပြန်လာတဲ့ နိုကလော်ကျေးရွာမှ ဒေသခံ ၂ ဦး ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် စောစေးအေးနဲ့ အသက် ၂၇ နှစ်အရွယ် စောထိဆဲတို့  မိုင်းနင်းမိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် စောစေးအေးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး  စောထိဆဲမှာတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားကျေးရွာတွေအနီးမှာ စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းတွေ ထောင်ထားတာာဟာ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ကြီးမားစွာ ခြိမ်းခြောက်နေရုံမက  အပြစ်မဲ့ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကိုပါ ထိခိုက်ပျက်စီးစေနေတယ်လို့ KNU က ဆိုထားပါတယ်။ ဓာတ်ပုံ - မြေမြုပ်မိုင်းကြောင့် သေဆုံသူများကို တွေ့ရစဉ် (KNU)⁩ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content
+1

အကျအဆုံးများပြီး နောက်ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ် မြဝတီတောင်ပိုင်းကို စစ်ကြောင်း ထပ်ထိုးလာ ဇူလိုင် ၁၀၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းက ဖလူး၊ မင်းလက်ပံနဲ့ လေးကေ့ကော်ဒေသဘက်မှာ အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အားဖြည့်ပြီး ပြန်လည်ချီတက်လာတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကနေ စတင်စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဗိုလ်၊ အရာရှိအဆင့်ရှိသူတွေ အပါအဝင် အများအပြားသေဆုံးခဲ့တာကြောင့် စစ်ကြောင်းလှန်ကာ ဆုတ်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ စစ်အင်အားအများအပြားနဲ့ ထပ်မံဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ “သူတို့ဘက်က သေတာ ၄၀ ကျော် ၅၀ နီးပါးပဲ၊ တပ်ပါလန်တယ်။ ပြန်ဆုတ်ရတာ မြေပြင်မနိုင်တော့ လေကြောင်းပစ်ကူကလည်း လာသေးတယ်၊ ၃ ရက်ဆက်တိုက်ပဲ။ စစ်ကြောင်းက ပြန်တော့ ခဏဆုတ်သွားပေမယ့် ဒီနေ့မှာ ပြန်တက်လာပြီ။ အတိအကျပြောရရင် မနေ့ညထဲက ထပ်တက်လာကြတာ၊ အင်အားများတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။ အခုလို မြဝတီတောင်ဘက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်က ကျေးရွာတွေကို လက်နက်ကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာတွေလည်း ရှိနေတာပါ။ ထိုင်းအစိုးရကလည်း နယ်စပ်ဂိတ်တချို့ကို ယာယီပိတ်ထားခဲ့ပြီး နယ်စပ်တစ်လျှောက်ကိုလည်း လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

People's Spring: ကချင်းနဲ့စစ်ကိုင်းအစပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန် ■​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ ဇူလိုင်-၁၀၊၂၀၂၆။ဇော်ရမ်း/People's Spring ကချင်ပြည်နယ်၊ရွှေကူမြို့နဲ့ စစ်ကိုင်းတိုင်း ကသာ၊အင်းတော်မြို့နယ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေကူမြို့အနီးတိုက်ပွဲမှာ ထိ ခိုက်သေဆုံးမှုတွေများပြားနေတဲ့စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ သတင်း ရရှိပါတယ်။ ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ငါးဘတ်ကြီးရွာဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာတည်ရှိပြီး စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ရွာဖြစ်ပါတယ်။ဇူလိုင်လ ၈ ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊ KPDF ရဲ့ ဒရုန်းဗုံး​ကစစ်တပ်စစ်ကြောင်း ပေါ်ကိုတည့်တည့်ကျခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။ "တိုက်ပွဲက မြို့အနားပတ်ချာလည်မှာဖြစ်နေတာ။ လေကြောင်းလည်းအရမ်းကြဲတာ ဟုတ်တယ်။ မနေ့ဆို Y-12 ရော ဂျက်ရောလာကြဲတာ။ စစ်တပ်ဘက်က ၃ ယောက်သေတာက ကျနော်တို့သိတဲ့ဟာ။ တကယ့်မြေပြင်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ဘယ်လောက်တောင်ထိလို့လေကြောင်းလာလဲမသိဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အခုရက်ပိုင်းမှာ ရွှေကူမြို့နယ်အပြင် ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေသလို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဇူလိုင်လ၇ရက်နေ့က ကသာမြို့နယ်ထဲက ပင်းမလွတ်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်က လေယာဉ်နဲ့ဗုံးအလုံး၄၀ကျော်ကြဲချသွားတယ်လို့ ဒေသတွင်း စစ်ရေးနဲ့လုံခြုံ ရေးသတင်းတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေကရရှိခဲ့တယ်လို့ IR က​ဖော်ပြပါတယ်။ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့အအင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ဇူလိုင်လဆန်းက တိုက်ပွဲတွေမှာ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို မီးရ ထားလမ်းပေါ်က  မဲဇာရွာနဲ့ နန့်သဲရွာက‌နေ တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရပေမယ့် တခြားစစ်မျက်နှာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်​နေတာဖြစ်ပါတယ်။ ရွှေကူမြို့နယ်နဲ့ဆက်စပ်နေတဲ့  ငါးအိုးဒေသမှာလည်း  တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေး မြန်းနေဆဲဖြစ်ပါတယ်။KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်ကြောင်းနဲ့လေကြောင်းအန္တရာယ် ၊ လုံခြုံရေးအန္တရာယ်တွေကိုသတိပြုကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လကုန်ပိုင်းမှာ ပြောထားပါတယ်။ စစ်ကိုင်း-ကချင် ​အစပ်တိုက်ပွဲမှာ​သေဆုံးခဲ့တဲ့စစ်သားအ​လောင်း တစ်​လောင်းနဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-IR Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

မုန်းမြို့နယ်မှာ စစ်တပ်ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံး ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၆ရက်က မုန်းမြို့နယ် နိုကလော်ကျေးရွာအနီး စစ်တပ်ထောင်ထားတဲ့ မိုင်းကို အသက် ၁၈နှစ်နဲ့ အသက် ၂၇နှစ်အရွယ် ဒေသခံ အမျိုးသား ၂ဦးဟာ မိုင်းကို မတော်တဆနင်းမိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့်  ၁ဦးဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာ ဖြစ်ပြီးကျန် ၁ဦးဟာ ဆေးကုသဖို့ ဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။ စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သား ပြည်သူတွေ နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ နေရာတွေကို မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို ခြိမ်းခြောက်လျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။ ဒီလို မိုင်းတွေကြောင့် ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

■ ရခိုင်ရေဘေး ပိုမိုဆိုးရွားလာ၊ ကယ်ဆယ်ရေး မလုံလောက်ဖြစ်နေ Western News | ဇူလိုင် ၁၀ ရခိုင်ပြည်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဆိုးရွားနေပြီး မြို့နယ် ၈ ခုထက်မနည်းတွင် လူပေါင်း ၇ သောင်းကျော် ရေဘေးသင့်နေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများမှာ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများက ပြောသည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ လူ ၃ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရေဘေးဒဏ် အပြင်းထန်ဆုံးခံစားနေရသည့် ဒေသများ၌ အာရက္ခတပ်တော် (AA)၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း လိုအပ်ချက်များကို အပြည့်အဝ မဖြည့်ဆည်းနိုင်သေးကြောင်း သိရသည်။ Action for Community Resilience Organization (ACRO) ၏ ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက "ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေက လုံလောက်မှုမရှိသေးဘူးလို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ အခုကူညီကယ်ဆယ်ရေးအစီအစဉ်တွေက စုပေါင်းပြီး ညှိနှိုင်းဆောင်ရွက်တဲ့ (Coordination) ပုံစံမျိုးနဲ့ လုပ်နေကြတာမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုချင်း စီအလိုက် သီးခြားလုပ်ဆောင်နေကြတာ ဖြစ်လို့ပါ။ လက်ရှိမှာတော့ လက်လှမ်းမီသလောက်ပဲ လုပ်နိုင်ကြသေးတယ်လို့ မြင်ပါတယ်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေတဲ့ ဧရိယာကလည်း အလွန်ကျယ်ပြန့်တာကြောင့် လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်" ဟု ရှင်းပြသည်။ မိုးဆက်လက်ရွာသွန်းနေသဖြင့် လေးမြို့မြစ်၊ ကုလားတန်မြစ်နှင့် အခြားမြစ်ကြောင်းများတစ်လျှောက် ရေကြီးမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာနေကြောင်း ဆိုသည်။  လက်ရှိတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့နေရကြောင်း ACRO ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောသည်။ "ကျနော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရေကြီးမှုအများဆုံးက မင်းပြားမြို့နယ်ဖြစ်ပြီး၊ ဒုတိယက ကျောက်တော်၊ တတိယကတော့ မြောက်ဦးမြို့နယ်တွေ ဖြစ်ပါတယ်။ ရေက မြစ်အထက်ပိုင်းကနေ စီးဆင်းလာပြီး မြစ်ဝဘက်ကို ရောက်ရှိလာတာပါ။ နောက်ရက်တွေမှာ ဒီရေပါ တက်လာမယ့်သဘော ရှိပါတယ်။ ဆိုတော့ တောင်ကျရေနဲ့ ဒီရေနဲ့ ပေါင်းဆုံသွားရင် ပုဏ္ဏားကျွန်းဘက်နဲ့ လေးမြို့မြစ်ဝဘက်တွေမှာ ရေကြီးမှုကို ပိုမိုခံရနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရေနစ်မြုပ်နေသည့် ကျေးရွာများသို့ သွားရောက်၍ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အရေးပေါ် စားနပ်ရိက္ခာများ ဖြန့်ဝေပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေကြသည်။ သို့သော် ရခိုင်ပြည်အတွင်း ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးများ ပြတ်တောက်နေခြင်းကြောင့် ရေဘေးအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ခက်ခဲနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ထိခိုက်နေကြောင်း သိရသည်။ "အခု ဒီမှာ ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက်နေပြီး စတားလင့်ခ် (Starlink) အင်တာနက် တစ်ခုတည်းကိုပဲ အားကိုးနေရတာပါ။ တချို့နေရာတွေဆိုရင် လုံးဝ အဆက်အသွယ်မရပါဘူး။ ပြီးတော့ ဒီမှာက ဆိုလာ (Solar) စနစ်ကိုပဲ အဓိက သုံးနေကြရတာဆိုတော့ မိုးသည်းထန်တဲ့အခါ ဆိုလာပြားတွေ အားသွင်းလို့မရတော့ဘူး။ ကျနော်ကိုယ်တိုင်လည်း အခု မီးစက်နှိုးပြီး သုံးနေရပါတယ်။ မိုးအရမ်းများရင်လည်း လိုင်းက ပြန်ကျသွားတတ်ပါတယ်။ ဒီလို ဆက်သွယ်ရေး အခက်အခဲတွေ ကြောင့် ဘယ်နေရာမှာ ထိခိုက်မှု ဘယ်လောက်ရှိနေလဲဆိုတာ သိရှိဖို့ ခက်ခဲသလို၊ သတင်းအချက် အလက် မျှဝေဖို့လည်း အလွန်ခက်ခဲနေပါတယ်" ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။ မိုးဆက်လက်ရွာသွန်းမည့် ခန့်မှန်းချက်များကြောင့် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်သဖြင့် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက သတိပေးထားသည်။ #WesternNews #ရခိုင်ရေကြီးမှု #ရခိုင်သတင်း #ရေဘေးကူညီရေး #မင်းပြား #ကျောက်တော် #မြောက်ဦး #ပုဏ္ဏားကျွန်း #AA #ACRO #သဘာဝဘေးအန္တရာယ် #RakhineFlood #RakhineNews #MyanmarFlood Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

ကွတ်ခိုင်က KIA ဂိတ်ဖျက်ဆီးမှု ကိုးကန့်တပ် ပြန်တောင်းပန်၊ ဂိတ် ပြန်ပြင်ပေး ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၈ရက် ညနေပိုင်းမှာ မော်ဟန်ဂိတ်ကို ကိုးကန့်တပ်တွေ ရောက်လာပြီး အထက်အမိန့်ဟုဆိုကာ ဖျက်ဆီးခဲ့တာပါ။ ဒါ့အပြင် KIA ရဲဘော်ကို ရိုက်နှက်ခဲ့ပါသေးတယ်။ “သူတို့ အထက်အမိန့်ဆိုပြီးမှ သူတို့ဒေသခံ ခရိုင်မှူးက ညွှန်ကြားတာ။ ဗဟိုရဲ့ ညွှန်ကြားချက်မပါဘူး။ သူတို့ဟာ သူတို့လုပ်တာ။ အဲဒီတော့ ဗဟိုကနေ ပြန်ပြီးတော့ ညွှန်ကြားပြီး ဖျက်ဆီးလိုက်တဲ့ ဂိတ်တွေကို သူတို့ လာလုပ်ပေးတာပေါ့။ သူတို့ ပြန်တောင်းပန်တာ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဂိတ်ကို ကိုးကန့်တပ်လာဖျက်ဆီးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေရှိခဲ့ရာ ကိုးကန့်တပ်ရဲ့ ရေကားကို KIAက အခွန်ကောက်တဲ့အပေါ် ဒေသခံ ခရိုင်မှူးဆိုသူက ဂိတ်ဖျက်ဖို့ ခိုင်းစေခဲ့တာလို့ သိရပါတယ်။ KIA အနေနဲ့ ကိုးကန့်တပ်ဖွဲ့ယူနီဖောင်းနဲ့လာတဲ့ ကားတွေကို အခွန်ကောက်တာ မရှိဘူးလို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။  အခုလို ကိစ္စရပ်တွေကို လူကြီးချင်းညှိနှိုင်းဖြေရှင်းဖို့ အောက်ခြေ ရဲဘော်တွေကို ရိုက်နှက်တာ၊ ဂိတ်ကိုဖျက်ဆီးတာတွေ မလုပ်ဖို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာ တွေ့ရပါတယ်။ “ကျနော်တို အချင်းချင်း မသိတာလည်း မဟုတ်ဘူး။ သူငယ်ချင်းလည်း ဟုတ်တယ်။ ပြောစရာရှိတာ လူကြီးအချင်းချင်း ပြောရအောင် ။ ဘာလို အောက်ခြေရဲဘော်တွေကို ရန်လာရှာလဲ” လို KIA တပ်မှူးက မေးမြန်းရာ KIA ဂိတ်က အခွန်ကောက်လို အထက်က လာဖျက်ဆီးခိုင်းတာလို MNDAA အရာရှိက ပြောပါတယ်။ “ကျနော်တို အခွန်ကောက်တာ ဌာနချုပ် အမိန့်နဲ့ ကောက်တာ ကျနော်တို့က။ ခင်ဗျားတို အဖွဲ့က မကောက်နဲ့ ဆို ကျနော်တိုက MNDAA လက်အောက်ခံ အဖွဲတွေ လည်းမဟုတ်ဘူး။ ကျနော်တိုက သပ်သပ်လေ။ မင်းတို အခွန်မကောက်နဲ့လို ကျနော်တို ပြောလိုရလား” လို KIA တပ်မှူးက မေးမြန်းခဲ့ပါတယ်။ KIAဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင်ဒေသအချို့ကို ထိန်းချုပ်ထားသလို ကိုးကန့်တပ်ကလည်း ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတာပါ။ မူလက ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး အခုနှစ်မတ်လမှာ မဟာမိတ်ဖြစ်တဲ့ MNDAAက ကွတ်ခိုင်မြို့တွင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းကာ မြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

တစ်နှစ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၆၇၈ ဦးထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင် ထုတ်ပြန် ဇွန်လ ၁၀ ရက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၆၇၈ ဦးထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့ပြင် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၆၇ ဦး ရှိခဲ့တယ်လို့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၂၄ ဦးကတော့ စစ်သား ၂၃ ဦးနဲ့ ရဲ ၁ ဦးဖြစ်ပြီး ဒေသအားဖြင့် စစ်ကိုင်းတိုင်း (၄)၊ ကရင်ပြည်နယ် (၃)၊ မကွေးတိုင်း (၁၂)၊ ချင်းပြည်နယ် (၄)နဲ့ တနင်္သာရီတိုင်း (၁)တို့ဖြစ်ပါတယ်။ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၂၃ ဦးအနက် ၆ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး ရဲ ၁ ဦးကတော့ မကွေးတိုင်းက ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောပါတယ်။ လက်နက်ချသူ စုစုပေါင်း ၁၂၀ ဦးရှိပြီး စစ်ကိုင်းတိုင်း (၄)၊ မကွေးတိုင်း (၁၀၀)နဲ့ ကရင်ပြည်နယ် (၁၆)ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သုံ့ပန်းဖမ်းဆီးခံရသူ စုစုပေါင်း ၃၂၃ ဦးရှိပြီး အကြမ်းဖက်စစ်သား ၂၃၁ ဦးကတော့စစ်ကိုင်းတိုင်း (၅)၊ ရခိုင်ပြည်နယ် (၁၇၄)၊ ကရင်နီပြည်နယ် (၁)၊ မန္တလေး (၂)၊ ရန်ကုန်တိုင်း (၄)၊ ကရင်ပြည်နယ် (၃)၊ မကွေးတိုင်း (၃၄)နဲ့ တနင်္သာရီတိုင်း (၈)ဦးတို့ဖြစ်ပြီး ရဲ ၁ ဦးမှာ ပဲခူးတိုင်းက ဖြစ်ကာ ပြည်သူ့စစ် ၉၁ ဦးကတော့ မန္တလေး (၁)ဦးနဲ့ မကွေးတိုင်း (၉၀)ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၆၇၈ ဦးထိရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

ကော့ကရိတ်မြို့အနီးတစ်နာရီခွဲနီးပါးကြာတိုက်ပွဲဖြစ် ဇူလိုင်လ ၁၀ ရက် ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာကော့ကရိတ်မြို့တောင်ဘက်အာရှလမ်းနဲ့ ကော့ကရိတ်-ကျိုက်ဒုံလမ်းဆုံ၊ မောင်းမရွာသစ်ဘက်မှာ စစ်တပ်နဲ့ KNU တပ်မဟာ ၆တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ မနက် ၅ နာရီခွဲမှာလက်နက်ကြီးလက်နက်ငယ်အသံတွေ ကြားနေရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲဟာမနက် ၆ နာရီခွဲခန့်မှာပြန်ငြိမ်သွားခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။ ကော့ကရိတ်တောင်ဘက်မှာရှိတဲ့ စစ်တပ်ကာကင်းစခန်းတွေကို KNU  တပ်မဟာ ၆ က တိုက်ခိုက်တာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ KNU တပ်မဟာ ၆  ဒူးပလာယာခရိုင်အတွင်းစစ်တပ်ရဲ့ထိုးစစ်ဆင်လာမှုကြောင့်မြ၀တီမြို့တောင်ပိုင်း၊ ဖလူးနဲ့ မင်းလက်ပံနယ်မြေအတွင်းမှာ လက်ရှိ ဇူလိုင်ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲမှာ စစ်တပ်က အထိအခိုက်များနေတာကြောင့် မနေ့ ဇူလိုင် ၉ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဖလူးတောင်ကြောဘက်ကို ဆက်တိုက်ဗုံးလာကြဲနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရဒူးပလာယာခရိုင်ကိုဒေါနတောင်တန်းအရှေ့ခြမ်းဖြစ်တဲ့နို့ဖိုးအုပ်စု၊ မြဝတီမြို့မအုပ်စု၊ဖလူးအုပ်စု၊ သေ့ဘောဘိုးအုပ်စု၊ ဆုံဆည်းမြိုင်အုပ်စု၊မောခီးအုပ်စုနဲ့ စုကလိအုပ်စု နေရာတွေ နဲ့ စုစည်းဖွဲ့စည်းထားပါတယ်။ KNU တပ်ဖွဲ့တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content

နွားထိုးကြီးမြို့ ယာယီအုပ်ကြီးများကို စစ်မှုထမ်းအတွက် လူ၈၀ စစ်တပ် ရှာခိုင်း ဇူလိုင်လ ၁၀ ရက် မန္တလေးတိုင်း၊နွားထိုးကြီးမြို့တွင် စစ်တပ်က ရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူးများကို အစည်းအ ဝေးခေါ်ကာ  စစ်မှုထမ်းအတွက် လူ၈၀ ရှာခိုင်းကြောင်း သိရသည်။ ဇူလိုင်၈ရက်တွင် စစ်တပ်က အစည်းအဝေးခေါ်ကာ စစ်မှုထမ်းအတွက် လူ၈၀ရှာပေးရန် ယာယီ အုပ်ချုပ်ရေးမှူးများကို ပြောခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် PDF တပ်ရင်း၄ နှင့် တပ်ရင်း၁၀ တပ်ရင်း မှူး ရဲဘော်စိုး အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။ “အခုဟာက သူတို့ ၁၅ရက်ကို အုပ်ကြီးတစ်ယောက် ရပ်ကွက်က ရွေးပြီး လုပ်ရတာ။သီးသန့်တစ် ယောက်တည်းတော့ လုပ်ခိုင်းတာမဟုတ်ဘူး”ဟု မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်က MPAသို့ ပြောသည်။ နွားထိုးကြီးမြို့ ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးလုပ်လိုသူမရှိသူဖြင့် ယင်းသို့ ၁၅ရက်တစ် ယောက် ရွေးချယ်လုပ်ခိုင်းရခြင်းဖြစ်ကြောင်း သိရသည်။ “စခ က မြို့နယ်ရုံး(နွားထိုးကြီးမြို့နယ်ထွေအုပ်ရုံး)မှာ အစည်းအဝေးခေါ်ပြီး အဲဒီယာယီအုပ်ကြီးတွေ ကို ပစ(စစ်မှုထမ်းတပ်သား)၈၀ရှာပေးဖို့ တောင်းတာ”ဟု ၎င်းက ဆက်လက်ပြောသည်။ နွားထိုးကြီးမြို့ပေါ်တွင် စစ်သားနှင့်ရဲ စုစုပေါင်း ၁၅၀ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်း အနည်းငယ်သာ ရှိကြောင်း သိရသည်။ “နွားထိုးကြီးမြို့ပေါ်မှာက ဟန်ပြအုပ်ချုပ်ရေးပဲ ရှိတော့တယ်။မြို့ပေါ်ကလူတွေလည်း တခြားမြို့ ပြောင်းသွားကြတာ လူတစ်ဝက်တော့ မကျန်တော့ဘူး။အခု ကျန်နေတဲ့လူတွေက ဘယ်မှမပြောင်း နိုင်လို့ ကျန်နေတဲ့သူတွေ။ လူငယ်တွေလည်း မရှိသလောက်ပဲ။အဲဒီကို လူ၈၀ တောင်းတာဆိုတော့ ဘယ်ကရှာပေးကြမလဲမသိဘူး”ဟု ၎င်းက ပြောသည်။ နွားထိုးကြီးမြို့ပေါ်ကိုသာ စစ်တပ်က စိုးမိုးထားနိုင်ပြီး ကျန်ရွာများကို PDF က ထိန်းချုပ်ထားသည်။ ဇွန်၃ရက်၊ နံနက် ၈နာရီခန့်တွင် မြင်းခြံခရိုင် PDF တပ်ရင်း၄ နှင့် တပ်ရင်း၁၀ တပ်ရင်းမှူး ရဲဘော်စိုးအောင်က နွားထိုးကြီးမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ရှေ့၌ ရုပ်သံရိုက်ကူးကာ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ထုတ်လွှင့်ခဲ့သေးသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

photo content