en
Feedback
Mandalay Police CDM Fighter

Mandalay Police CDM Fighter

Open in Telegram

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Show more
816
Subscribers
-124 hours
-37 days
No data30 days
Posts Archive
Breaking News- ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက်မှု သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီးနောက် စစ်သင်္ဘော ၂ စီး ကမ်းကပ်အလံဖြူထောင်၊ အလင်းဝင်သူ စစ်သား ၁၀၀ ကျော်ရှိပြီး ရေထဲသို့ ခုန်ချ ရေကူးထွက်ပြေးသော စစ်သားများလည်းရှိ ရန်ကုန်၊ စက်တင်ဘာ ၂ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက်လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ်သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။ KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရသည်။ “စစ်သင်္ဘော ၁ စီး မြုပ်သွားပြီ။ ၁ စီးက မီးလောင်နေတယ်။ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပြီး သင်္ဘောတွေ ထိခိုက်ပျက်စီးတာရှိတယ်။ ၂ စီးကတော့ ကမ်းကပ်ပြီး အလံဖြူထောင်ထားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ လတ်လော အလံဖြူထောင်သော စစ်သင်္ဘောများပေါ်မှ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စစ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်းတစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိနာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်နှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

သို့သော် မြန်မာနိုင်ငံတွင် ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးရစေသည့် အခြေခံအကြောင်းရင်းများ မဖြေရှင်းနိုင်သေးချိန်တွင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ဒုက္ခသည်များကို ပြန်ပို့ရန် စီစဉ်နေခြင်းသည် မလေးရှားအစိုးရ၏ ယခင်ရပ်တည်ချက်များနှင့် ဆန့်ကျင်နေကြောင်း Amnesty International Malaysia က ဝေဖန်သည်။ “မလေးရှားအနေဖြင့် မြန်မာနိုင်ငံသည် အကျပ်အတည်းထဲတွင် ရှိနေဆဲဖြစ်သည်ဟု တစ်ဖက်တွင် ပြောဆိုနေပြီး၊ အခြားတစ်ဖက်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြင်ဆင်နေ၍ မရပါ။ မလေးရှားသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းအပေါ် နှစ်ပေါင်းများစွာ အသံထွက်ပြောဆိုခဲ့သော်လည်း ယခုလုပ်ရပ်များက ထိုရပ်တည်ချက်၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေသည်” ဟု Divya Shesshsan Balakrishnan က ပြောဆိုသည်။ မလေးရှားအစိုးရ၏ ဒုက္ခသည်ဆိုင်ရာ မူဝါဒသစ်နှင့်ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း Amnesty International Malaysia က ထောက်ပြသည်။ မကြာသေးမီလများအတွင်း မလေးရှားအစိုးရက ဒုက္ခသည်များအား ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုတန်ဖိုးများနှင့် အမျိုးသားအဆင့် ဒုက္ခသည်စီမံခန့်ခွဲမှုစနစ် တည် ဆောက်ရေးတို့ကို ပြောဆိုခဲ့သော်လည်း ယင်းလုပ်ငန်းစဉ်မှ ပထမဆုံးအဓိကရလဒ်တစ်ခုမှာ ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသို့ ဒုက္ခသည် ၁,၄၇၆ ဦး ပြန်ပို့ရေးဖြစ်လာနေခြင်းကို မေးခွန်းထုတ်ထားသည်။ ထို့ပြင် “Refugee Registration Document” (DPP) ဟုခေါ်သည့် ဒုက္ခသည်မှတ်ပုံတင်စနစ်နှင့်ပတ် သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းသည် မလေးရှားရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ၏ ဘဝအပေါ် အာဏာကို မည်သို့အသုံးချနေသည်ဆိုသည်နှင့်ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်စေကြောင်း Amnesty International Malaysia က ဆိုသည်။ ဒုက္ခသည်များအား ကာကွယ်စောင့်ရှောက်ရေး၊ ဖမ်းဆီးထိန်းသိမ်းရေးနှင့် ပြန်လည်ပို့ဆောင်ရေးတို့နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို လုံလောက်သော ကြီးကြပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုမရှိဘဲ ချမှတ်ပါက ဒုက္ခသည်များအတွက် အန္တရာယ်ပိုမိုကြီးမားလာနိုင်ကြောင်းလည်း သတိပေးထားသည်။ မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပါက နှိပ်စက်ညှဉ်းပန်းမှု၊ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပြန်လည်ကုစား၍မရနိုင်သော အန္တရာယ်များ ရင်ဆိုင်ရနိုင်သည့် ဒုက္ခသည်များအား ပြန်ပို့မည့် အစီအစဉ်အားလုံးကို ချက်ချင်းရပ်တန့်ရန်၊ DPP နှင့် မလေးရှား၏ ဒုက္ခသည်စီမံခန့်ခွဲရေးစနစ်တစ်ခုလုံးအပေါ် လွတ်လပ်သော ကြီးကြပ်မှု၊ လွှတ်တော်၏ စိစစ်မှုနှင့် ပွင့်လင်းမြင်သာသော တာဝန်ခံမှုစနစ်များ ထူထောင်ရန်၊ ဒုက္ခသည်မူဝါဒကို “ပြန်ပို့ရေး” မှ “ကာကွယ်စောင့်ရှောက်ရေး” သို့ ပြောင်းလဲကာ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အခြေခံဝန်ဆောင်မှုများ ရရှိခွင့်ပေးရန် Amnesty International Malaysia က  တောင်းဆိုထားသည်။ ထို့ပြင် အာဆီယံအတွင်း မလေးရှား၏ သြဇာလွှမ်းမိုးမှုကို အသုံးပြု၍ မြန်မာ့အကျပ်အတည်းကြောင့် နေရပ်စွန့်ခွာရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် တာဝန်ယူမှုရှိစေရေးကို မြှင့်တင်ရန်၊ လုံခြုံပြီး ဆန္ဒအလျောက်၊ လူ့ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်မည့် အခြေအနေများ မပြည့်စုံသေးသရွေ့ အချိန်မတိုင်မီ ပြန်ပို့မှုများကို ကန့်ကွက်ရန်၊ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၁၉၆၇ ခုနှစ် Protocol ကို အတည်ပြုလက်မှတ်ရေးထိုးကာ မလေးရှား၏ ဒုက္ခသည်မူဝါဒများကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီအောင် ပြုပြင်ရန် တို့ကိုလည်း ဆက်လက်တောင်းဆိုထားသည်။ Amnesty International Malaysia က ယခု မြန်မာဒုက္ခသည် ၅,၀၀၀ အပေါ် မလေးရှားအစိုးရ၏ ဆက်ဆံပုံသည် မလေးရှားနိုင်ငံ၏ ဒုက္ခသည်ကာကွယ်စောင့်ရှောက်ရေး အနာဂတ်ကိုသာမက နိုင်ငံ တကာအသိုင်းအဝိုင်းအတွင်း မလေးရှားနိုင်ငံအား အန္တရာယ်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသူများကို ကာကွယ်ပေးသည့်နိုင်ငံအဖြစ် ရှုမြင်မည်လား၊ သို့မဟုတ် အကူအညီလိုအပ်နေသူများကို ကျောခိုင်းသည့်နိုင်ငံအဖြစ် ရှုမြင်မည်လားဆိုသည်ကိုပါ ဆုံးဖြတ်ပေးမည့် စမ်းသပ်မှုတစ်ရပ်ဖြစ်ကြောင်း Amnesty International Malaysia က   သတိပေးထားသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ရန် မလေးရှားအစိုးရကို Amnesty International တောင်းဆို စက်တင်ဘာလ ၂ ရက် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည် ၅,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေမှုအား ချက်ချင်းရပ်တန့်ရန် Amnesty International Malaysia က မလေးရှားအစိုးရကို တောင်းဆိုလိုက်သည်။ Amnesty International Malaysia က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ မလေးရှားအစိုးရသည် မြန်မာအာဏာပိုင်များနှင့် သဘောတူညီမှုအရ မြန်မာဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်ပို့ဆောင်ရန် စီစဉ်နေပြီး ပထမအဆင့်အဖြစ် ရိုဟင်ဂျာဒုက္ခသည်အများစုပါဝင်သော လူပေါင်း ၁,၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်ပို့ရန် စတင်အကောင်အထည်ဖော်မည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးပဋိပက္ခများ၊ ပြည်တွင်းနေရပ်စွန့်ခွာမှုများနှင့် ဆိုးရွားသည့် လူ့အခွင့် အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် စီစဉ်ခြင်းသည် ၎င်းတို့၏ အသက်နှင့် လုံခြုံရေးကို အန္တရာယ်ကြီးမားစွာ ကျရောက်စေနိုင်ကြောင်း Amnesty International Malaysia က သတိပေးသည်။ Amnesty International Malaysia မှ ပြောရေးဆိုခွင့်ရှိသူ Divya Shesshsan Balakrishnan က “မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းမှု၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု သို့မဟုတ် ပြန်လည်ကုစား၍မရနိုင်သည့် အန္တရာယ်များ ကြုံတွေ့နိုင်သူများအားလုံးကို ပြန်ပို့မည့် အစီအစဉ်ကို မလေးရှားအနေဖြင့် ချက်ချင်းရပ်တန့်ရမည်” ဟု ပြောဆိုသည်။ ၎င်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အခြေခံအားဖြင့် လုံခြုံမှုမရှိသေးကြောင်း၊ မြန်မာနှင့် မလေးရှားအာဏာပိုင်များက မည်သည့်အာမခံချက်များ ပေးစေကာမူ မြေပြင်မှ အမှန်တကယ်ရှိနေသည့် အန္တရာယ်များကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ကြောင်းလည်း ပြောသည်။ မလေးရှားအစိုးရကမူ ယခုဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်သည် “ဆန္ဒအလျောက်နှင့် လုံခြုံစွာ ပြန်လည်ပို့ဆောင်ခြင်း” ဖြစ်သည်ဟု အကြိမ်ကြိမ်ပြောဆိုထားသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးအကျပ်အတည်းက မြန်မာပြည်သူများ၏ အသက်နှင့် လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှု ဖြစ်နေဆဲဖြစ်ကြောင်း Amnesty International Malaysia က ဆိုသည်။ Amnesty International ၏ မှတ်တမ်းများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ မကြာသေးမီက အကဲဖြတ်ချက်များအရ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည်များအား လုံခြုံစွာ၊ လူ့ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်တည်တံ့စွာနှင့် အမှန်တကယ် ဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရန် လိုအပ်သည့် အခြေအနေများ လက်ရှိအချိန်အထိ မရှိသေးကြောင်း ထောက်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ပိုမိုဆိုးရွားသည့် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ညှဉ်းပန်းမှုများ ပိုမိုဆိုးရွားလာနေသည်ကို အထူးထောက်ပြခဲ့သည်။ Admin: မြန်မာနိုင်ငံမှ ပြည်သူများသည် လက်နက်ကိုင်ပဋိပက္ခများ၊ စီးပွားရေးအခက်အခဲများ၊ စစ်မှုထမ်းရန် အတင်းအကျပ်ခေါ်ယူမှုများနှင့် အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံမှ ဆက်လက်ထွက်ပြေးနေကြခြင်းကိုယ်တိုင်က ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် မသင့်သေးကြောင်း သတိပေးချက်တစ်ရပ်ဖြစ်သည်ဟု Amnesty International Malaysia က ဆိုသည်။ “အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းမပြုရ ဆိုသည့် နိုင်ငံတကာအခြေခံမူကို ညှိနှိုင်းလျှော့ပေါ့၍ မရပါ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခ၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် ပြန်ပို့ခံရသူများ ရင်ဆိုင်ရနိုင်သည့် ကြီးမားသော အန္တရာယ်များကို မလေးရှားအနေဖြင့် လျစ်လျူရှု၍ မရပါ” ဟု Divya Shesshsan Balakrishnan က ပြောသည်။ မလေးရှားနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက အာဆီယံအတွင်း မြန်မာ့အရေးနှင့်ပတ်သက်၍ တာဝန်ယူမှုရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးနှင့် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးတို့ကို အားတက်သရော တောင်းဆိုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မလေးရှားအစိုးရက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

လာမည့်တစ်ပတ်အတွင်း မိုးဆက်လက် ကြီးနိုင်ပြီး ပဲခူးမြစ်ရေ ရန်ကုန်-ပဲခူး ကားလမ်းမပေါ်ထိ ရောက်ရှိ၊ မြစ်အချို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂ ရက် မုတ်သုံလေ အားကောင်းမှုနှင့်အတူ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေသဖြင့် လာမည့်တစ်ပတ် အတွင်း တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးဆက်လက် ကြီးနိုင်ပြီး မြစ်အချို့တွင်လည်း စိုးရိမ်ရေမှတ် ကျော်လွန်ကာ မြစ်ရေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။ ပဲခူးမြစ်ရေသည် ယနေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန် - ပဲခူး အဝေးပြေးလမ်းမကြီးပေါ်သို့ ရေရောက်ရှိ လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များထဲရေဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးဆောင်ရွက် သူများထံမှ သိရသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ကျော်လွန်ကာ ၉၁၇ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ "ဇိုင်းတောင်ဘက် ရေဝင်နေတယ်။ အနိမ့်ပိုင်းနေရာတွေဆို ပေါင်လောက် ရေရှိတယ်။ မြစ်ရေတက်လို့ ရေနည်းနည်းဝင်တာပဲရှိပြီး အရမ်းကြီး မမြှုပ်သေးပါဘူး။ အရင်နှစ်နှစ်က ရေတက်သလိုတော့ မဆိုးလောက်သေးဘူး။ မိုးဆက်ရွာရင်တော့ အခု ရေတက်နေတဲ့ ကားလမ်း မြှုပ်မယ်ထင်တယ်" ဟု ပဲခူးမြို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ စက်တင်ဘာ ၁ မှ ၆ ရက်အထိ တိုင်းနှင့်ပြည်နယ်တို့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည် ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများနှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ အထူးသတိပြုရန် မိုး/ဇလက အသိပေးထားသည်။ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် လာမည့်တစ်ရက်အတွင်း ၃ ပေ ၄ လက်မခန့်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၁၀ လက်မခန့် အလိုတွင်ရောက်ရှိနေသဖြင့် လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၅ လက်မခန့်အလိုရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာမှ ၈၆၃ စင်တီမီတာ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက် ၃ လက်မခန့်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက် တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။ ပဲခူးတိုင်းအတွင်းရှိ မဒေါက်မြစ်ရေသည် မဒေါက်မြို့တွင် လာမည့်တစ်ရက်အတွင်း ၆ လက်မခန့် ကျဆင်းကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေ၍ ရွှေကျင်မြစ်ရေသည်လည်း  ရွှေကျင်မြို့တွင် လာမည့်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ အထိ ရှိနိုင်သည်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဓာတ်ပုံ - မိုး/ဇလ၊ လူမှုကူညီရေးအသင်း #လာမည့်တစ်ပတ်မိုးဆက်ကြီးမည် #ပဲခူးမြစ်ရေတက် #မြစ်ကြီးများစိုးရိမ်ရေမှတ်အထက်ရောက် #ရေကြီးရေလျှံသတိပြုရန် #Ayeyarwaddy_Times Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

မန္တလေးရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ စက်တင်ဘာလ  ၂ ရက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။ မနေ့ မနက်ပိုင်းက ၈၅ လမ်းနဲ့ ၈၆ လမ်းကြား ၊ကန်တော်ကြီးမီးပွိုင့်အနီးရှိ ရွှေတချောင်းမြောင်းမှာအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းမျောပါလာတာပါ။ “ရေထဲမျောပါလာတာကို တွေ့လို့ အလောင်းကိုဆယ်ပြီး ရင်ခွဲရုံပို့လိုက်ကြတယ်" လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ ရုပ်အလောင်းဟာအသက် ၄၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး ဦးခေါင်းမှာ ရိုက်နှက်ထားတဲ့ ပေါက်ပြဲဒဏ်ရာတွေ တွေ့ရှိရပေမယ့် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မန္တလေး ကန်တော်ကြီးမှာ သတ်ဖြတ်ခံရပြီး ပီနံအိတ်နဲ့ထည့်ထားတဲ့ အမျိုးသားရုပ်အလောင်းတွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအမှုမှာလည်း ကျူးလွန်းသူတွေကိုတော့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲက  ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာ မြို့လယ်ကောင်ရှိ ဘဏ်တွေ ၊ ရွှေဆိုင်တွေကို ဓားပြတိုက်မှု အပြင် လုယက်မှု တွေ ၊ လူသတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တာပါ။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

လာမည့်တစ်ပတ်အတွင်း မိုးဆက်လက် ကြီးနိုင်ပြီး ပဲခူးမြစ်ရေ ရန်ကုန်-ပဲခူး ကားလမ်းမပေါ်ထိ ရောက်ရှိ၊ မြစ်အချို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂ ရက် မုတ်သုံလေ အားကောင်းမှုနှင့်အတူ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေသဖြင့် လာမည့်တစ်ပတ် အတွင်း တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးဆက်လက် ကြီးနိုင်ပြီး မြစ်အချို့တွင်လည်း စိုးရိမ်ရေမှတ် ကျော်လွန်ကာ မြစ်ရေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။ ပဲခူးမြစ်ရေသည် ယနေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန် - ပဲခူး အဝေးပြေးလမ်းမကြီးပေါ်သို့ ရေရောက်ရှိ လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များထဲရေဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးဆောင်ရွက် သူများထံမှ သိရသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ကျော်လွန်ကာ ၉၁၇ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ "ဇိုင်းတောင်ဘက် ရေဝင်နေတယ်။ အနိမ့်ပိုင်းနေရာတွေဆို ပေါင်လောက် ရေရှိတယ်။ မြစ်ရေတက်လို့ ရေနည်းနည်းဝင်တာပဲရှိပြီး အရမ်းကြီး မမြှုပ်သေးပါဘူး။ အရင်နှစ်နှစ်က ရေတက်သလိုတော့ မဆိုးလောက်သေးဘူး။ မိုးဆက်ရွာရင်တော့ အခု ရေတက်နေတဲ့ ကားလမ်း မြှုပ်မယ်ထင်တယ်" ဟု ပဲခူးမြို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ စက်တင်ဘာ ၁ မှ ၆ ရက်အထိ တိုင်းနှင့်ပြည်နယ်တို့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည် ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများနှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ အထူးသတိပြုရန် မိုး/ဇလက အသိပေးထားသည်။ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် လာမည့်တစ်ရက်အတွင်း ၃ ပေ ၄ လက်မခန့်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၁၀ လက်မခန့် အလိုတွင်ရောက်ရှိနေသဖြင့် လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၅ လက်မခန့်အလိုရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာမှ ၈၆၃ စင်တီမီတာ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက် ၃ လက်မခန့်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက် တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။ ပဲခူးတိုင်းအတွင်းရှိ မဒေါက်မြစ်ရေသည် မဒေါက်မြို့တွင် လာမည့်တစ်ရက်အတွင်း ၆ လက်မခန့် ကျဆင်းကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေ၍ ရွှေကျင်မြစ်ရေသည်လည်း  ရွှေကျင်မြို့တွင် လာမည့်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ အထိ ရှိနိုင်သည်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဓာတ်ပုံ - မိုး/ဇလ၊ လူမှုကူညီရေးအသင်း #လာမည့်တစ်ပတ်မိုးဆက်ကြီးမည် #ပဲခူးမြစ်ရေတက် #မြစ်ကြီးများစိုးရိမ်ရေမှတ်အထက်ရောက် #ရေကြီးရေလျှံသတိပြုရန် #Ayeyarwaddy_Times Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

စစ်အင်အားဆုံးရှုံးမှုကြောင့် ရှေ့တန်းစစ်မျက်နှာတွင် စစ်မှုထမ်းတပ်သားသစ်အများအပြား ထည့်သွင်းအသုံးပြုနေသည့် စာရွက်စာတမ်းများ မိုးဗြဲတိုက်ပွဲ၌ သိမ်းဆည်းရမိ စက်တင်ဘာ ၂၊ ၂၀၂၆ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အင်အားဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စစ်မှုထမ်းတပ်သားတွေကိုသာ တိုက်ပွဲရှေ့တန်းတွေကို အလုံးအရင်းနဲ့ ပို့ဆောင်နေရကြောင်း တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရ မိုးဗြဲဒေသ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ခမရ ၄၂၁ စစ်ကြောင်းမှာ ဗိုလ်မှူး မောင်မောင်နိုင် (ကြည်း) ဦးတာဖြစ်ပြီး စုစုပေါင်း အင်အား ၁၄၇ ဦး ပါဝင်နေတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းထဲမှာ ၁၁၉ဦးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားတဲ့ တပ်သားသစ်တွေဖြစ်ပြီး အရာရှိ ၃ဦး၊ ဒုအရာခံဗိုလ် ၁ဦး၊ အကြပ် ၁၆ဦးနဲ့ အမြဲတမ်းတပ်သား ၈ဦးသာ ပါဝင်လာတာ ဖြစ်ပါတယ်။ “အင်အားအရ အရာရှိ နဲ့ သန္ဓေလူဟောင်းက ရာနှုန်းနည်းနေပြီ။ ယခင် စစ်ထွက်စစ်ကြောင်း တစ်ခုမှာ အရာရှိ ၁၂ ယောက်ပါလေ့ ရှိရာကနေ အခု ၃ယောက်လောက်ဘဲ တွေ့ရတော့တယ်။ အလားတူဘဲ အခြားတပ်တွေမှာလည်း အရာရှိ အင်အား ထက်ဝက်ခန့် နည်းနေတယ်။ ရခိုင်က တပ်တစ်ခုဆိုရင်လည်း န

■ အာရက္ခပညာရေးဌာနက ပညာရေးဝန်ထမ်းအားလုံးကို လစာ ကျပ် ၂ သိန်း တစ်ပြေးညီသတ်မှတ် Western News| စက်တင်ဘာ ၂ ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် အာရက္ခပညာရေးဌာနက မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်များအပါအဝင် ပညာရေးဝန်ထမ်းအားလုံး၏ လစာကို တစ်လလျှင် ကျပ် ၂ သိန်းဖြင့် တစ်ပြေးညီ သတ်မှတ်လိုက်ကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။ အဆိုပါ လစာသတ်မှတ်ချက်ကို အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ အကောင်အထည်ဖော်ပေးချေသွားမည်ဖြစ်ပြီး ယခင်က ကျောင်းသားများထံမှ တိုက်ရိုက်ကောက်ခံရရှိသည့် ကျောင်းလခများဖြင့် ဝန်ထမ်းလစာပေးသည့်စနစ်မှ ပညာရေးဌာနသို့ ကျောင်းလခများ အပ်နှံပြီး ဌာနက ပြန်လည်ခွဲဝေပေးသည့်စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ “ဒီလကုန်မှာ အကုန်တပြေးညီ ၂ သိန်းရပါမယ်။ မူလတန်းရော အထက်တန်းရော အကုန် ၂ သိန်းပဲ။ ကျောင်းအုပ်လည်း ၂ သိန်းပဲ။ အဆင်မပြေပေမယ့် သတ်မှတ်ထားတာဆိုတော့ ဘာမှလည်း မပြောကြတော့ပါဘူး” ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ လစာကို တစ်ပြေးညီ သတ်မှတ်လိုက်ခြင်းကြောင့် ယခင်က ရရှိသည့် လစာထက် လျော့နည်းသွားသည့် ဆရာ၊ ဆရာမများရှိသလို လက်ရှိ ကုန်ဈေးနှုန်းနှင့် သွားလာစရိတ်များကြောင့် လစာ ကျပ် ၂ သိန်းဖြင့် လုပ်ငန်းတာဝန်များ ဆက်လက်ထမ်းဆောင်ရန် အခက်အခဲရှိနေသူများလည်း ရှိကြောင်း သိရသည်။ မြောက်ဦးမြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက လစာတစ်ပြေးညီ သတ်မှတ်လိုက်ခြင်းထက် လစာနည်းပါးသူများကို ပိုမိုထောက်ပံ့ပေးသင့်ကြောင်း ပြောသည်။ “ခုလို တပြေးညီသတ်မှတ်တာကလည်း အဆင်မပြေသလို လစာ ၂ သိန်းကလည်း အဆင်မပြေပါဘူး။ ဒီခေတ်ကုန်ဈေးနဲ့ စဉ်းစားရင် သိပါတယ်။ နယ်ဘက်ကျတဲ့လူတွေဆို ပိုဆိုးတယ်။ အသွားအလာ ဆီဖိုးတောင် မရှိဘူးလေ။ ဒီအနေအထားနဲ့ ကျောင်းသွားပြနိုင်ပါတော့မလားပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါ ဆရာမက ယခင်ကလည်း ဆရာ၊ ဆရာမများအားလုံး လစာအများအပြားရရှိခဲ့ခြင်း မဟုတ်သော်လည်း လစာနည်းပါးသူများကို တိုးမြှင့်ပေးမည့်အစား လစာပိုမိုရရှိနေသူများကိုပါ လျှော့ချလိုက်သည့်သဘော ဖြစ်နေကြောင်း ပြောသည်။ ရခိုင်ပြည်ရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် အာရက္ခအစိုးရက ပြည်မ၏ ပညာရေးစနစ်နှင့် သီးခြားဖြစ်သည့် ဒေသအခြေပြု ပညာရေးစနစ်တစ်ရပ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လက်ရှိတွင် အာရက္ခအစိုးရဘက်က ပညာရေးဝန်ထမ်းများအတွက် လစာငွေကို တိုက်ရိုက်ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးဘဲ ကျောင်းသားများထံမှ ကောက်ခံရရှိသည့် ကျောင်းလခများကို အဓိကအသုံးပြု၍ ပညာရေးဝန်ထမ်းများ၏ လစာနှင့် သက်ဆိုင်ရာကုန်ကျစရိတ်များကို ဖြေရှင်းနေကြရကြောင်း သိရသည်။ ပုံစာ - ကျောက်ဖြူမြို့နယ်တွင် တွေ့ရသော ကျောင်းဆရာ၊ ဆရာမများ။ (ပုံဟောင်းဖြစ်သည်) #WesternNews #WN #ရခိုင်ပြည် #အာရက္ခတပ်တော် #အာရက္ခပညာရေး #လစာတစ်ပြေးညီသတ်မှတ် #နည်းလွန်းဟုပြော #အခက်အခဲများရှိနေ #ဆရာ #ဆရာမများ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter

စစ်တွေတွင် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေပြီး ကျောက်ဖြူ၌ ရေတပ်ဌာန ချုပ်မှ စစ်သင်္ဘောများဖြင့် အင်အားဖြည့်နေရ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂ ရက် ‎ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လျက်ရှိပြီး အာရက္ခတပ်တော် (AA) ၏ မြို့သိမ်း တိုက်ပွဲများကို ခံစစ်ဖြင့် စောင့်ဆိုင်းရင်ဆိုင်နေရသည့် ရွေးတုအစိုးရစစ်တပ်အတွင်း တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းမှုနှင့် အင်အားပြုန်းတီးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ‎ စစ်တွေမြို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်တပ်က ရှေ့တန်းပြန် အခမ်းအနားများ ပြုလုပ်ကာ တပ်ဖွဲ့ဝင်များအား စိတ်ဓာတ်မြှင့်တင်ရေး စစ်ဆင်ရေးများ လုပ်ဆောင်နေရသည်။ "စစ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကို ခုခံစစ်နဲ့ စောင့်မျှော်နေရတာပေါ့။ ရွှေမင်းဂံ ဝင်တိုက်လည်း ခံရတယ်။ နာရီကန်ဆိုလည်း ခံရတာပဲ။ ဒကစထဲ လက်နက်ကြီးကျရင် သေတာပဲ။ ပြင်ပတိုက်ပွဲလည်း နာလန်မထူတော့ဘူး။ ရှေ့တန်းက ခဏပြန်ခေါ် အားသစ်လောင်း၊ ပြန်ပို့နဲ့ လည်နေတာ" ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ အဆိုပါ ရှေ့တန်းပြန် အခမ်းအနားကို  ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော (စတသ ၄၃) ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရှေ့တန်းတိုက်ပွဲဝင် တပ်ဖွဲ့ဝင်များသည် မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များသို့ ခဏပြန်လည် ဆုတ်ခွာလာရသည့် အခြေအနေများ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် AA ၏ ထိုးစစ်ကို စောင့်ဆိုင်းကာ ခံစစ်ပြင်နေရသဖြင့် စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်တွေမြို့အခြေစိုက် ခြေလျင်၊ ခြေမြန် တပ်ရင်း ၅ ရင်းအနက် ရေချမ်းပြင်အခြေစိုက် ခလရ-၂၇၀ မှလွဲ၍ ကျန်တပ်ရင်းများမှာ ရန်ကုန်-စစ်တွေ ပြည်ထောင်စု လမ်းမကြီး၏ ဝဲ၊ ယာတွင် နေရာယူထားကြသည်။ ယခင်က ခလရ -၂၃၂ ကို နောက်တန်းသို့ ခေါ်ယူခဲ့ပြီး ယခုအကြိမ်တွင် စစ်တွေမြို့နှင့် အနီးဆုံး တပ်ရင်းဖြစ်သည့် ခမရ -၃၅၄ ကို ခေတ္တ အနားပေးသည့်အနေဖြင့် ပြန်လည်ခေါ်ယူကာ အခြားစစ်မြေ ပြင်များသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း သိရသည်။ အလားတူ ကျောက်ဖြူမြို့နယ်အတွင်း၌လည်း စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က ဓညဝတီ ရေတပ်ဌာနချုပ်မှ တိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စီးဖြင့် တိုက်ပွဲများ ပြင်းထန်နေသည့် တောင်မော်ဦး ရေတပ်စခန်းသို့ အင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းပေးခဲ့သည်။ အဆိုပါ စစ်သင်္ဘောများသည် တောင်မော်ဦး စခန်းသို့ မရောက်မီ ကမ်းခြေနီးစပ်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ပုံစာ-စစ်အုပ်စုတပ်ဖွဲ့ဝင်များ၊ #ရခိုင် #စစ်ရေးတင်းမာ #စစ်တပ် #စစ်တွေ #ကျောက်ဖြူ #ဓညဝတီရေတပ် #Ayeyarwaddy_Times Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter