cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Ko'proq ko'rsatish
Reklama postlari
814
Obunachilar
+824 soatlar
+477 kunlar
+8330 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
Photo unavailableShow in Telegram
👍 1
အာဂျင်တီးနား ဖမ်းဝရမ်းလျှောက်ထားချက် အားတက်စရာခြေလှမ်းဟု လူ့အခွင့်အရေးအဖွဲ့ပြော ဇူလိုင်လ ၁ ရက် ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်း ၂၅ ခု ထုတ်ပေးဖို့ အာဂျင်တီးနားတရားရုံးကို လျှောက်ထားလိုက်တာဟာ မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက ပထမဆုံး လုပ်ဆောင်လိုက်တဲ့ အားတက်စရာခြေလှမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တဲ့ Global Justice Center က ဇူလိုင် ၁ ရက်၊ တနင်္လာနေ့က ပြောကြားပါတယ်။ ဒီတရားရုံး လျှောက်ထားချက်မှာ မြန်မာနိုင်ငံက စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးတော်ကနေ ဖမ်းဝရမ်းထုတ်ဖို့ ဇွန်လ ၂၈ ရက်နေ့က လျှောက်ထားခဲ့တာပါ။ Global Justice Center က အကြီးတန်းဥပဒေအကြံပေး Michelle Onello က "စစ်ကောင်စီဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်နေချိန်ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ပိုပြီး အထောက်အကူ ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်သလို၊ တစ်ဖက်မှာလည်း စက်ဆုပ်ရွံရှာဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ကာလရှည်ကြာစွာ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတာကိုလည်း အဆုံးသတ်နိုင်ရေး ကြိုးပမ်းဖို့လိုပါတယ်"လို့ တိုက်တွန်းပါတယ်။ အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းမှာတော့ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး စတဲ့ စစ်ခေါင်းဆောင်တွေ ပါဝင်သလို နိုင်ငံ့အကြီးအကဲတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်နေပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက တရားလိုလုပ်ပြီး အာဂျင်တီးနားတရားရုံးမှာ ၂ဝ၁၉ ခုနှစ်က တိုင်ကြားခဲ့တာပါ။ နိုင်ငံတကာဥပဒေတွေအရ အလွန်ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal Jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ - နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တရားရုံးတွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့်ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့၌ ဆန္ဒပြနေသူတစ်ဦး။ (Photo: Reuters) Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Hammasini ko'rsatish...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Photo unavailableShow in Telegram
People's Spring: အိမ်ရာချေးငွေပိုထုတ်ချေးသည်ဆိုကာဘဏ် ၇ ခု၏ တာဝန်ရှိသူများကို အရေးယူမည်ဟုစစ်ကောင်စီဆိုပြန် ▪︎​ဒေါ်လာ ၊​ရွှေ ၊စားအုန်းဆီ ၊ဆန် လုပ်ငန်းရှင်ပြီး​နောက် ဘဏ်လုပ်ငန်းများကိုစစ်​ကောင်စီက ခြိမ်း​ခြောက်အ​ရေးယူခြင်းဖြစ် စောနွေဦး/People's Spring စစ်ကောင်စီသတ်မှတ်ထားသည့်ပမာဏထက် အိမ်ရာချေး ငွေပိုထုတ်ချေးသည်ဆိုကာ ပုဂ္ဂလိကဘဏ် ၇ခုမှတာဝန်ရှိသူများကို အရေးယူသွားမည်ဟု စစ်ကောင်စီယနေ့ (ဇူလိုင် ၁ )ထုတ်ပြန်သည်။ ပုဂ္ဂလိဘဏ်များသည် အကျိုးအမြတ်ပိုမိုရရှိရန်အတွက် စစ်ကောင်စီဗဟိုဘဏ်သတ်မှတ်ကိုကျော်လွန်ကာ အိမ်ရာချေးငွေများ များပြားစွာထုတ်ချေးလျက်ရှိ၍ စစ်ဆေးခဲ့ပြီး အဆိုပါဘဏ် ၇ ခုက ကျော်လွန်ချေးထားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါဘဏ်များမှာ ရိုးမဘဏ်(Yoma)၊ မြန်မာနိုင်ငံသားများဘဏ်( MCB), ဧရာဝတီဘဏ်(AYA)၊ အသေးစား၊အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်( SMDB) ၊ ယူအေဘီဘဏ်(UAB)၊ မြန်မာမက်ထရိုဘဏ် နှင့် ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ် (CHIDBank)တို့ဖြစ်သည်။ Yomaဘဏ်သည် အိမ်ရာချေးငွေကို သတ်မှတ်နှုန်းထက် ၁၁ ရာခိုင်နှုန်း၊ AYAဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ SMDBဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ UABဘဏ်က  ၃ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာ့မက်ထရိုဘဏ်က ၀ ဒဿမ ၃၉ ရာခိုင်နှုန်းနှင့် CHID ဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းထုတ်ချေးထားသည်ဟု စစ်ကောင်စီကဆိုထားသည်။ “ဘဏ်တွေကို ချေးငွေပိုချေးလို့ ရာဇဝတ်ကြောင်းနဲ့ အရေးယူလို့မရပါဘူး။ အလွန်ဆုံး ဒဏ်ကြေးဆောင်ရုံပဲ။ အခု သူတို့လုပ်ပုံက ဘဏ်တာဝန်ရှိသူတွေကို ပစ်မှတ်ထားတာဆိုတော့ ဘယ်လို အမှုတွေတပ်မလဲမသိသေးဘူး”ဟု ဘဏ်လုပ်ငန်းဆိုင်ရာ အရာရှိတစ်ဦးကပြောသည်။ စစ်ကောင်စီက ထိုချေးငွေကို သတ်မှတ်ချက်အတိုင်း ပြန်ရောက်ရန် နှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။ အရေးယူမည့် ပုဒ်မကို စစ်ကောင်စီထုတ်ပြန်ကြေညာခြင်းမရှိပေ။ ထိုအပြင် ချေးငွေများအတွက် ဒဏ်ကြေးပေးရမည်ဟုလည်းဆိုထားပြီး စိစစ်မှုအားနည်းသည့် စစ်ကောင်စီဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း စိစစ်ဖော်ထုတ်သွားမည်ဟု စစ်ကောင်စီကဆိုသည်။ စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းပြီး​နောက် ​ဒေါ်လာ နှင့်​ ​ရွှေ​ရောင်းဝယ်သူများ ၊ စားအုန်းဆီ​ဈေး တက်သည်ဆိုကာ စားအုန်းဆီတင်သွင်း​သောလုပ်ငန်းရှင်များ ၊ဆန်​ဈေးတက်သည်ဆိုကာ ဆန်လုပ်ငန်းရှင်များ၊ အ​ရောင်းဆိုင်များကို ဖမ်းဆီး စစ်​ဆေး ပြီး​နောက် ယခုအခါဘဏ်လုပ်ငန်းများကိုပါအ​ရေးယူမည်ဟုဆိုလာခြင်းဖြစ်သည်။ သို့​သော် တိုင်းပြည်စီးပွား​ရေးပြိုလဲပျက်စီးခြင်းမှာ စစ်​ကောင်စီ​၏ စီမံခန့်ခွဲမှု အမှားများ​ကြောင့်ဖြစ်​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်ဆင်းရဲ နွမ်းပါးသူ ခုနှစ်သန်းတိုးလာကြောင်း ၊ငွေကြေးဖောင်းပွမှု နှုန်း နှင့်အလုပ်လက်မဲ့ နှုန်းများဆက်လက်မြင့်တက်နိုင်မှုနှင့်အတူ ဆင်းရဲမှုအခြေ အနေမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွာနေမည်ဟု ဇွန်လ ၁၂ ရက်ထုတ်ပြန်​သောအစီရင်ခံစာတွင်​ဖော်ပြထားသည်။ လောင်စာဆီစျေးနှုန်းမြင့်မားခြင်း၊ချေးငွေရရှိနိုင်ရန် ခက်ခဲခြင်း၊ပဋိက္ခ ဖြစ်စဥ်များစသည်တို့ ကြောင့် ကုန်ထုတ်လုပ်မှု​လျော့ကျပြီးအလုပ်လက်မဲ့နှုန်းမြင့်မားကာနိုင်ငံစီးပွား​ရေး အ​ပေါ် ထိခိုက်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်သည်ဟုကမ္ဘာဘဏ်က ခန့်မှန်းထားသည်။ ဓာတ်ပုံ-ရိုးမဘဏ် ပိုင်ရှင် ဦးသိမ်း​ဝေ ၊ ဧရာဝတီဘဏ် ပိုင်ရှင်ဦး​ဇော်​ဇော် နှင့်  UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင် Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Hammasini ko'rsatish...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ  လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုများ လုပ်နေ   ဇူလိုင်လ ၁ ရက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယနေ့ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီအချိန်မှစတင်ပြီး ပြင်ဦးလွင်မြို့ နမ့်ကပ်ရွာဘက်အခြမ်းတွင် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ စစ်တက္ကသိုလ် DSA အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။ "တိုက်ပွဲမဖြစ်ဘဲ လိုက်ပစ်နေတာ။ ပျူတွေပြောတာကတော့ လေ့ကျင့်ပြီး ပစ်နေတာလို့ ပြောတယ်။  ဒီနေ့ ည ၈ နာရီကတည်းက ပစ်နေတာ အခု ည ၁၀ နာရီကျော်အထိပဲ ။ သူတို့ ပစ်နေတာက အရင် ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ ရွာနားတွေကို ပစ်နေတာ။  လက်နက်ငယ်သံ ဆက်တိုက်နှင့် လက်နက်ကြီးသံ ၇ ခါလောက် ကြားရတယ်။  အခုထိတော့ လက်နက်ကြီးသံ ၁၀ မိနစ် ၁ ကြိမ် ကြားရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ ပြင်ဦးလွင်မြို့ပြင် ဝက်ဝံအနီးတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို ယခုညပိုင်း လုပ်ဆောင်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်မြို့တွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးမှ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဆင်းများ ထောင်ချီ ခေါ်ယူထားသည့်အပြင် ပြင်ဦးလွင်မြို့ပေါ်ရှိ ပျူစောထီးများကိုလည်း လက်နက်များ ထုတ်ပေးနေကြောင်း သိရှိရသည်။ ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။) Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Hammasini ko'rsatish...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Photo unavailableShow in Telegram
ပုသိမ်တွင် စစ်ကောင်စီတပ်နဲ့ ရဲက KTV နှင့် တည်းခိုခန်းများအားလိုက်လံစစ်ဆေးနေ ဇူလိုင်လ  ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက PDF ဝင်ရောက်လာခြင်း ရှိ မရှိ အကြောင်းပြကာ KTV နှင့် တည်းခိုခန်းများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ လိုက်လံစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်အတွက် PDF တပ်ဖွဲ့များနှင့် အရက္ခတပ်တော် (AA) တို့ ဝင်ရောက်လာနိုင်သည့်အတွက် ခုလိုမျိုးလိုက်လံစစ်ဆေးနေရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။ '' ခုက လမ်းကြောင်းတွေပိတ်ပြီး နယ်စပ်တွေမှာ စစ်ဆေးတာတွေလည်းရှိတယ်၊ ဒါပေမယ့် တခြားလမ်းကြောင်းတွေက ဝင်လာတာမျိုးရှိနေနိုင်လို့ ကြိုတင် စစ်ဆေးနေရတဲ့သဘောပါ''ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။ စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု အကြောင်းပြသော်လည်း KTV များကို အဓိကလိုက်လံစစ်ဆေးနေကြောင်း ဒေသခံများမှ ပြောသည်။ '' စစ်တဲ့အဖွဲ့က တပ်၊ ရဲ၊ ရပ်ကျေးနဲ့ ပျူစောထီးတွေပါတယ်။ စစ်တဲ့နေရာက ကင်ပလင်းကျွန်းဘက်က KTV တွေ လိုက်စစ်ဆေးနေတာ၊ ပြောရရင် ဘာမှမရှိတဲ့ နေရာမှာ လုံခြုံရေးအကြောင်းပြပြီ KTV သွားတာလို့မြင်ပါတယ်'' ဟု ပုသိမ်မြို့ခံ အမျိုးသားတဦးမှ ဧရာဝတီတီတိုင်းမ်သို့ ပြောသည်။ စစ်ကောင်စီတပ်နှင့် ရဲများလိုက်လံစစ်ဆေးနေသည့် အမှတ် ၁၃ ရပ်ကွက်၊ ကင်ပလင်းကျွန်းသည် KTV နှင့် တည်းခိုခန်းများ အများဆုံးရှိသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဧရာဝတီတိုင်းတွင်း ၂၀၂၄ ခုနှစ် စတင်ကာ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းမရှိသေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Hammasini ko'rsatish...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.