ဖိုးမှန်
Kanalga Telegram’da o‘tish
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
1 371
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kunlar
Ma'lumot yo'q30 kunlar
Postlar arxiv
1 371
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (ဇူလိုင် ၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီ)
🌀 လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအခြေအနေ: ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
⚓️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: အနောက် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ) တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါသည်။ (လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
⚓️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: တောင် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ) တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါသည်။ (လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#ဖိုးမှန်
1 371
+1
မိုးကြီးမည့် သတိပေးချက် အကျဉ်းချုပ် (ဇူလိုင် ၂၆ ရက်၊ နံနက် ၈ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ယနေ့နံနက်မှ ဩဂုတ်လ ၃ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
🌧သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်/သင်္ဘောများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
#ဖိုးမှန်
1 371
+1
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၂၆ ရက်၊ နံနက် ၇:၀၀ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(တောင်ပိုင်း/အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးပိုလာနိုင်ပါသည်)
🌧သတိပြုရန် (မိုးတိမ်တောင်): စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းပြီး ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျကာ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
🏙မြို့ကြီးများ: နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပါသည်။ (ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်)
#ဖိုးမှန်
1 371
+8
ကမ်းလင့်လို့ကြိုဆို သူရဲကောင်းတို့ အိမ်အပြန်ခရီးကို
📌 ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်းက ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့၊၊
🔹 အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဆရာ၊ ဆရာမများက ရှေ့တန်းပြန်တပ်မတော်သားများကို အောင်သပြေပန်းများကမ်း၍ ပန်းကုံးစွပ်ကာ အိုးစည်ဒိုးပတ်၊ အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရပါတယ်၊၊
#ဖိုးမှန်
#Myanmar #ShanState #Hsihseng #Tatmadaw #LocalNews
1 371
+6
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 သံလွင်မြစ်ရေ ဘားအံမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
1 371
အတော် ယုတ်မာကြပါလား...
သူများအသက်တွေနဲ့ ကိုယ်ကောင်းစားရေး လုပ်နေကြတာမို့ ဝဋ်လည်ပါလိမ့်မယ်...
သူများ မျက်ရည်ကြီးငယ်ကျ စိတ်ဒုက္ခရောက်ပြီးမှ ရလာတဲ့ ငွေကြေး ပျော်ရွှင်မှုကလည်း ဘယ်တော့မှ မတည်မြဲဘူး...
အသုံးချ PDF တွေ သဘောပေါက်ဖို့ လိုပြီ..
နဂိုက စား ရမဲ့ သောက်ရမဲ့ ဘဝကနေ PDF လုပ်မှ ကောင်းစားသွားတဲ့ ကောင်တွေကတော့ လက်နက်စွန့်ချင်မှာ မဟုတ်ဘူး..
ဒါပေမယ့် နဂိုက အခြေအနေတစ်ခုမှာ ရှိခဲ့ပြီး နိုင်ငံရေးစားဖားတွေကြောင့် စိတ်လိုက်မာန်ပါ တောထဲရောက်သွားတဲ့ PDF တွေကို သတိပေးချင်တာ...
အမြင်မှန်ရဖို့လိုပြီ.. 🕊🕊🕊
အလင်းဝင်ကြဖို့လိုပြီ...🕊🕊🕊
https://t.me/phoehmann007
#ဖိုးမှန်
1 371
+7
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨ချင်းတွင်းမြစ်ရေ ကြီးမှုအခြေအနေ။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
1 371
+9
တနင်္သာရီတိုင်းတွင် လက်နက်၊ ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်
🔹 အမျိုးသား ၂၂ ဦး
🔹 အမျိုးသမီး ၁ ဦး
🔹 စုစုပေါင်း ၂၃ ဦး
https://t.me/phoehmann007
#ဖိုးမှန်
1 371
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
https://t.me/phoehmann007
#ဖိုးမှန်
1 371
+9
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီး အောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
https://t.me/phoehmann007
#ဖိုးမှန်
1 371
+1
မန္တလေး-မြစ်ကြီးနားရထားလမ်းတွင် သံလမ်းထိန်းကလစ်များ ခိုးယူခံရ၍ ရထားလမ်းချော်မှုဖြစ်
📌 မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် သံလမ်းထိန်းကလစ်များ အခိုးခံရခြင်းကြောင့် လုံခြုံရေးကင်းလှည့်ရထား လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ခဲ့၊၊
🔹 ဇူလိုင် ၂၂ ရက်က အဆိုပါလမ်းပိုင်းတွင် ကင်းလှည့်ရထား စက်ခေါင်းနှင့်တွဲ ၂ တွဲ လမ်းချော်ခဲ့သဖြင့် ရထားလမ်းပိုင်းကို ယာယီပိတ်ခဲ့ရ၊၊
🔹 သံလမ်း ၆ ဆက်အတွင်းရှိ သံလမ်းထိန်းကလစ် ၄၀၈ ခု ဖြုတ်ယူခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြုပြင်ပြီးနောက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်၊၊
💀 ဒီလို ပြည်သူတွေ ထိခိုက်အောင်လုပ်တတ်တာ ဘယ်အဖွဲ့တွေလဲဆိုတာ ထွေထွေထူးထူး ပြောနေဖို့မလိုဘူး ထင်ပါတယ်
#ဖိုးမှန်
#Myanmar #Railway #MandalayMyitkyina #LocalNews
1 371
+1
ကလေးနှင့် မန္တလေးတွင် ကျပ် ၂.၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅.၆ သိန်း ဖမ်းဆီးရမိ
📌 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် ကလေးနှင့် မန္တလေးမြို့တို့တွင် စုစုပေါင်း ငွေကျပ် ၂.၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅.၆ သိန်းကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဥပဒေဖြင့် အရေးယူထားပါတယ်၊၊
🔹 ကလေးနှင့် မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးမှုများကြောင့် ပါဝင်သူအများအပြားကို ဖမ်းဆီးနိုင်ခဲ့သော်လည်း အဓိကတရားခံနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်၊၊
🔹 မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါတယ်၊၊
#ဖိုးမှန်
#Myanmar #DrugsSeizure #Kalay #Mandalay #LocalNews
