en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဖိုးမှန်

ဖိုးမှန်

Open in Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Show more
The country is not specifiedThe category is not specified
4 701
Subscribers
-124 hours
-447 days
-30830 days
Posts Archive
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များကို ရေငုပ်သင်္ဘောဖြင့် စမ်းသပ်ပစ်လွှတ် မြောက်ကိုရီးယားနိုင်ငံသည် ခရုဇ်ဒုံး ကျည်နှစ်စင်းကို
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များကို ရေငုပ်သင်္ဘောဖြင့် စမ်းသပ်ပစ်လွှတ် မြောက်ကိုရီးယားနိုင်ငံသည် ခရုဇ်ဒုံး ကျည်နှစ်စင်းကို ရေငုပ်သင်္ဘောဖြင့် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်း အေဂျင်စီက အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။ တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောထား တင်းမာခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ တွင် မြောက်ကိုရီးယားဘက်က ခရုဇ်ဒုံးကျည် များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းမှာ ငြိမ်းချမ်းရေးရသွားရင် ရုရှားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို ထရမ့် ဆန္ဒရှိနေ ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းသွားပ
ယူကရိန်းမှာ ငြိမ်းချမ်းရေးရသွားရင် ရုရှားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို ထရမ့် ဆန္ဒရှိနေ ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းသွားပြီဆိုရင် ရုရှားနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ တည်ဆောက်ဖို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖွင့်ာပြောဆိုထားတယ်လို The Wall Street Journal သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြလာပါတယ်။

ရုရှားဆီက ရေနံသယ်လာတဲ့ သင်္ဘောတွေပေါ် ပိတ်ဆိုအရေးယူထားတာကို လျှော့ပေါ့ပေးဖို အမေရိကန် စဉ်းစားနေ ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားတ
ရုရှားဆီက ရေနံသယ်လာတဲ့ သင်္ဘောတွေပေါ် ပိတ်ဆိုအရေးယူထားတာကို လျှော့ပေါ့ပေးဖို အမေရိကန် စဉ်းစားနေ ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားတိုဆီက ရေနံတွေကို သယ်ယူပိုဆောင်ခဲ့တဲ့ သင်္ဘောတွေအပေါ် ပိတ်ဆိုအရေးယူထားတာကို လျှော့ပေါ့ပေးဖို အမေရိကန်က စဉ်းစားနေတယ်လို အမေရိကန်အရာရှိတစ်ယောက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီအရာရှိရဲ့ ပြောကြားချက်အရ "ကမ္ဘာ့ရေကြောင်း ကုန်စည်ပိုဆောင်ခနှုန်းထားတွေ စံချိန်တင် မြင့်တက်နေတာကို လျှော့ချနိုင်ဖိုအတွက် အမေရိကန်အစိုးရဟာ ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလား အပါအဝင် နိုင်ငံတွေဆီက ရေနံနဲ့ စက်သုံးဆီထုတ်ကုန်တွေကို သယ်ယူပေးခဲ့ဖူးတဲ့ သင်္ဘောတွေအပေါ် ပိတ်ဆိုထားတာတွေကို လျှော့ပေါ့ပေးဖို စဉ်းစားနေတာ ဖြစ်ပါတယ်" လို သိရပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီအဖွဲဝင်အဖြစ် နီပေါနိုင်ငံ ရွေးချယ်ခံရ နီပေါနိုင်ငံသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရာ၌ ပေးအပ
ကုလလူ့အခွင့်အရေးကောင်စီအဖွဲဝင်အဖြစ် နီပေါနိုင်ငံ ရွေးချယ်ခံရ နီပေါနိုင်ငံသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရာ၌ ပေးအပ်ခဲ့သော မဲ ၁၈၀ အနက် ထောက်ခံမဲ ၁၇၃ မဲရရှိကာ ၂၀၂၇-၂၀၂၉ သက်တမ်းအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း နူးယော့ခ်မြိုရှိ ကုလသမဂ္ဂဆိုင်ရာ နီပေါအမြဲတမ်းကိုယ်စားလှယ်အဖွဲ ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။

စင်ကာပူတွင်လေထုညစ်ညမ်းမှုအမြင့်ဆုံးအဆင့်သိုရောက်ရှိ စင်ကာပူ၊ အောက်တိုဘာ ၁၅ ရက် စင်ကာပူနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလ ၁၅ ရက်က
စင်ကာပူတွင်လေထုညစ်ညမ်းမှုအမြင့်ဆုံးအဆင့်သိုရောက်ရှိ စင်ကာပူ၊ အောက်တိုဘာ ၁၅ ရက် စင်ကာပူနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလ ၁၅ ရက်က မီးခိုးငွေ့များ ဆက်လက်ဖုံးလွှမ်းနေခဲ့ပြီး နိုင်ငံ၏ အနောက်ပိုင်းဒေသ ၌ လေထုညစ်ညမ်းမှုညွှန်းကိန်း (PSI) သည် “ကျန်းမာရေးအတွက် အလွန်မသင့်လျော်သည့်” အဆင့်တွင် ဆက်လက်တည်ရှိနေကာ ယခုနှစ် မီးခိုးငွေ့ရာသီအတွင်း အမြင့်ဆုံးအဆင့်သို ရောက်ရှိခဲ့သည်။ မွန်းလွဲ ၁ နာရီအချိန်တွင် အနောက်ပိုင်းဒေသ၏ ၂၄ နာရီအတွင်း PSI စံချိန်မှာ ၂၁၀ အထိ ရှိခဲ့ပြီး မွန်းတည့်ချိန်က ၂၀၂၆ ခုနှစ်၏ အမြင့်ဆုံးစံချိန် ၂၁၂ သို ရောက်ရှိခဲ့ပြီးနောက် အနည်းငယ် ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။

အမျိုးသမီးသင်တန်းကျောင်းထွက်ကုန်များ ဈေးကွက်ချဲ့ထွင်နိုင်ရေး Weekend Market ပြုလုပ်မည် 15 October 2026 ■ ရန်ကုန်တိုင်းဒေသကြီး
အမျိုးသမီးသင်တန်းကျောင်းထွက်ကုန်များ ဈေးကွက်ချဲ့ထွင်နိုင်ရေး Weekend Market ပြုလုပ်မည် 15 October 2026 ■ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြိုနယ်ရှိ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးစင်တာတွင် Weekend Market ပြုလုပ်၍ အမျိုးသမီးသင်တန်းကျောင်းများမှ ထွက်ကုန်များကို ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကင်းထောက်လေယာဉ်လာပြီဆို ခဏနေဆော်တော့မယ်ဆိုတဲ့ Signal ပေးတာ ရခီးတို့ရေ ။ ရခိုင်မှာ လူရောကျန်သေးလားတော့ မသိပါဘူးနော်။ လူစုထားကြ
ကင်းထောက်လေယာဉ်လာပြီဆို ခဏနေဆော်တော့မယ်ဆိုတဲ့ Signal ပေးတာ ရခီးတို့ရေ ။ ရခိုင်မှာ လူရောကျန်သေးလားတော့ မသိပါဘူးနော်။ လူစုထားကြပါ။ 😁😁😁

ရုရှားတွင် သူလျှိလှုပ်ရှားမှုများ လုပ် ဆောင်နေခြင်းမရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား ရုရှားတွင် သူလျှိလှုပ်ရှားမှုများ လု
ရုရှားတွင် သူလျှိလှုပ်ရှားမှုများ လုပ် ဆောင်နေခြင်းမရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား ရုရှားတွင် သူလျှိလှုပ်ရှားမှုများ လုပ် ဆောင်နေခြင်းမရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ တွင် ဂျပန်ဂျာနယ်လစ်တစ်ဦး သူလျှိလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နောက် ရုရှား၏ စွပ်စွဲချက်များကို တာကာအီ ချီက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ "သူလျှိလုပ် တယ်ဆိုတာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံသား တွေကို ကာကွယ်ပေးရေးဟာ လက်ရှိအချိန် မှာ အရေးအကြီးဆုံးကိစ္စပါ။ ကျွန်မတို အဲဒီ ကိစ္စကိုအာရုံစိုက်လုပ်ဆောင်နေပါတယ်" ဟု ရုရှား၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် တာကာအီချီက ပြော ကြားခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူသစ် Katie Zacharia ၏ ရှေ့နေလုပ်သက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများထွက်ပေါ် 15 October 2026 ■ သမ္မ
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူသစ် Katie Zacharia ၏  ရှေ့နေလုပ်သက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများထွက်ပေါ် 15 October 2026 ■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အသစ်ဖြစ်လာတဲ့ Katie Zacharia ဟာ နိုင်ငံရေးလောကထဲ မဝင်ခင်ကတည်းက ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးတယ်လို ပြောဆိုထားပေမယ့် ၊ သူ့ရဲ့ ရှေ့နေလုပ်သက်နဲ့ ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ■ ဒေါ်နယ်ထရမ့်ကလည်း Katie ကို ရှေ့နေတစ်ဦးပါလို မိတ်ဆက်ခဲ့တာပါ။ ဒါပေမဲ့ Reuters သတင်းဌာနရဲ့ စုံစမ်းမှုအရ အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်ပြည်နယ်မှာမှ ဒါမှမဟုတ် ဝါရှင်တန်ဒီစီမှာမှ  Katie ဟာ တရားဝင် ရှေ့နေလိုင်စင် ရရှိထားသူ (ဒါမှမဟုတ်) ရှေ့နေအသင်းဝင်အဖြစ် မှတ်ပုံတင်ထားတဲ့ မှတ်တမ်းမတွေ့ရပါဘူး။

အစာစားချင်စိတ်ကို မထိခိုက်စေဘဲ အဆီတွေကို လောင်ကျွမ်းစေမယ့် ဓာတုပစ္စည်းအသစ် တစ်မျိုးကို သိပ္ပံပညာရှင်တွေ တွေ့ရှိ 15 October 20
အစာစားချင်စိတ်ကို မထိခိုက်စေဘဲ အဆီတွေကို လောင်ကျွမ်းစေမယ့် ဓာတုပစ္စည်းအသစ် တစ်မျိုးကို သိပ္ပံပညာရှင်တွေ တွေ့ရှိ  15 October 2026 ■ TOFA လိုခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အစာစားချင်စိတ်ကို ချုပ်တည်းပစ်တာမျိုးမဟုတ်ဘဲ၊ ဆဲလ်တွေက စွမ်းအင်ကို ပိုပြီးသုံးစွဲလာအောင် တွန်းအားပေးခြင်းအားဖြင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို သိရပါတယ်။ ■ အစာစားချင်စိတ်ကို လျှော့ချပေးပြီး စွမ်းအင်ဝင်ရောက်မှုကို လျော့ကျစေတဲ့ GLP-1 ဆေးဝါးတွေနဲ့ မတူဘဲ၊ အခုအသစ်တွေ့ရှိထားတဲ့ ဓာတုပစ္စည်းကတော့ အစားအသောက်စားသုံးမှုကို ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲစရာမလိုဘဲ ဆဲလ်တွေက အဆီတွေကို ပိုလောင်ကျွမ်းစေပါတယ်။ ဒါကို ကြွက်တွေပေါ်မှာ စမ်းသပ်ထားတာ အောင်မြင်မှုတွေ ရရှိထားပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၇၇ အနီး တွင် ခရီးသည်တင်ယာဉ်က Light Truck ကို နောက်မှဝင်တိုက်မိပြီး နှစ်ဦး ဒဏ်ရာရ ရန်ကုန်
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၇၇ အနီး တွင် ခရီးသည်တင်ယာဉ်က Light Truck ကို နောက်မှဝင်တိုက်မိပြီး နှစ်ဦး ဒဏ်ရာရ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၇၇ အနီး တွင် အောက်တိုဘာ ၁၄ ရက်က ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှသွားနေသည့် Light Truck ယာဉ်ကို နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ရာ Light Truck ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ ယနေ့ အောက်တိုဘာလ ၁၅ ရက
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခြင်း (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပလျက်ရှိသည်။ အခမ်းအနားသို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော NSPNC ကော်မတီဝင်များ၊ အကြံပေးများ၊ NSPNC အဖွဲဝင်ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ JMC ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင်ပါဝင်သူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ (NCA-S EAO)၊ NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ(NCA-NS EAO)၊ နိုင်ငံရေးပါတီများ၊ မိတ်ဖက်အဖွဲအစည်းများဖြင့် လူပေါင်း ၁၆၀ ကျော်တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ မြန်မာ-တရုတ် ဆွေးနွေး တရုတ်နိုင်ငံ ချေး
တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ မြန်မာ-တရုတ် ဆွေးနွေး တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ မြန်မာ-တရုတ် ဆွေးနွေးကြောင်း သိရသည်။ အောက်တိုဘာ ၁၄ ရက်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံစဉ် ထိုသိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ညဘက်တွေမှာ ၃ နာရီထိုးတိုင်း ဘာလိုအမြဲနိုးလာတတ်တာလဲ 15 October 2026 ■ အင်တာနက်ပေါ်မှာ လူတွေ ညဘက် ၃ နာရီထိုးပြီဆိုရင် ဘာမှလုပ်လ
ညဘက်တွေမှာ ၃ နာရီထိုးတိုင်း ဘာလိုအမြဲနိုးလာတတ်တာလဲ  15 October 2026 ■ အင်တာနက်ပေါ်မှာ လူတွေ ညဘက် ၃ နာရီထိုးပြီဆိုရင် ဘာမှလုပ်လိုမရဘဲ အမြဲတမ်းနိုးလာနေကြကြောင်း၊ အိပ်ဆေးတွေဘယ်လောက်ပဲသောက်သောက်၊ ဘယ်အချိန်ပဲအိပ်ရာဝင်အိပ်အိပ် အလကားဖြစ်နေကြောင်းပြောဆိုနေကြတာကို သင်သတိထားမိမှာပါ။ ■ ညဘက်အိပ်ရေးဝနေချိန်မှာ ရုတ်တရက်လန့်နိုးလာရတဲ့ ဒီပြဿနာက လူသားတွေအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်သစ်သုတေသီတွေကတော့ ဒါနဲ့ပတ်သက်ပြီး ကျေနပ်လောက်စရာ အကြောင်းပြချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ■ အဲဒါကလည်း ကျွန်တော်တိုရဲ့ ရှေးခေတ်သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ သမိုင်းပညာရှင် Roger Ekirch ဟာ ရှေးခေတ်က အိပ်စက်ပုံအကြောင်း ရည်ညွှန်းချက်ပေါင်း ၂,၀၀၀ ကျော်ကို စုဆောင်းလေ့လာခဲ့ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြိုအနီးအနားရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင
ချင်းပြည်နယ် ဖလမ်းမြိုအနီးအနားရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင်မည် ချင်းပြည်နယ် ဖလမ်းမြိုနှင့် အနီးအနားကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုးသွားသည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ သိရသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ မြိတ်ဆိပ်ကမ်းသိုရောက်ရှိပြီး တာဝန်ရှိသူများကြိုဆို မလေးရှားနိုင်
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ မြိတ်ဆိပ်ကမ်းသိုရောက်ရှိပြီး တာဝန်ရှိသူများကြိုဆို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ မြိတ်ဆိပ်ကမ်းသို ရောက်ရှိလာရာ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြိုမှမြိတ်မြိုသို တပ် မတော်စစ်သင်္ဘောဖြင့်ရောက်ရှိလာသည့် တနင်္သာရီတိုင်းဒေသကြီး ဒေသခံများအား ဆိပ်ငယ်ဗောတံတားတွင် တာဝန်ရှိသူများကကြိုဆိုကာ နေရာချထားပေးခဲ့ကြောင်း သိရသည်။

နောင်တွင် နိုင်ငံတော်၏လိုအပ်ချက်ပေါ်မူတည်၍ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို၌ ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည
နောင်တွင် နိုင်ငံတော်၏လိုအပ်ချက်ပေါ်မူတည်၍ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို၌ ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည် နောင်တွင် နိုင်ငံတော်၏လိုအပ်ချက်ပေါ်မူတည်၍ မွန် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို၌ ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာတင်ထွန်း ကပြောသည်။ အောက်တိုဘာ ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့တွင် ရေးမဲဆန္ဒနယ်မှဒေါ်မြင့်သန်း ၏ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတိုတွင်လိုအပ်နေသော ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးနိုင်ပါရန်အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သန်လျင်ရေနံချက်စက်ရုံ အပိုင်း(၁) ဖွင့်လှစ်၊ ပြည်တွင်းထုတ်လုပ်မှုနှင့် စွမ်းအင်လုံခြုံရေးမြှင့်တင်ရန်မှာကြား အောက်တိုဘာ ၁၅၊၂၀၂
သန်လျင်ရေနံချက်စက်ရုံ အပိုင်း(၁) ဖွင့်လှစ်၊ ပြည်တွင်းထုတ်လုပ်မှုနှင့် စွမ်းအင်လုံခြုံရေးမြှင့်တင်ရန်မှာကြား အောက်တိုဘာ ၁၅၊၂၀၂၆ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု မြှင့်တင်၍ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် တည်ဆောက်ထားသည့် သန်လျင်ရေနံချက်စက်ရုံ အပိုင်း(၁) ကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို၌ ဖွင့်လှစ်ခဲ့သည်။

တာဝန်ကျဒိုင်လူကြီးများကိုဝေဖန်ခဲ့သည့် Yangon United FC နည်းပြချုပ် ဦးခင်မောင်လွင်အား ဒဏ်ကြေးငွေကျပ်(၇)သိန်းပေးဆောင်ရန်ပြစ်ဒဏ်
တာဝန်ကျဒိုင်လူကြီးများကိုဝေဖန်ခဲ့သည့် Yangon United FC နည်းပြချုပ် ဦးခင်မောင်လွင်အား ဒဏ်ကြေးငွေကျပ်(၇)သိန်းပေးဆောင်ရန်ပြစ်ဒဏ်ချမှတ် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၏ ပွဲစဉ်အမှတ်(၁၇) Yangon United FC နှင့် Yangon City FC ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲ၌ တာဝန်ကျဒိုင်လူကြီးများကိုဝေဖန်ခဲ့သော Yangon United FC နည်းပြချုပ် ဦးခင်မောင်လွင်အား ဒဏ်ကြေးငွေကျပ်(၇)သိန်းပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မန္တလေး–လားရှိးလမ်းပိုင်းမှာ ဂိတ်ကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ကြောင်း အသိပေးဆိုင်းဘုတ် တပ်ဆင် မန္တလေး–လားရှိးလမ်
မန္တလေး–လားရှိးလမ်းပိုင်းမှာ ဂိတ်ကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ကြောင်း အသိပေးဆိုင်းဘုတ် တပ်ဆင်   မန္တလေး–လားရှိးလမ်းပိုင်းတစ်နေရာမှာ ဂိတ်ကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး မသင့်လျော်တဲ့ ငွေကြေးတောင်းခံမှုတွေရှိလာပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို တွေ့မြင်ခဲ့ရပါတယ်။   ခရီးသွားလာတဲ့ ပြည်သူတွေနဲ့ ယာဉ်မောင်းတွေအနေနဲ့ လမ်းခရီးတစ်လျှောက် ဂိတ်ကြေးပေးဆောင်ရတဲ့အခါ သတ်မှတ်ချက်မရှင်းလင်းတာ၊ မသင့်လျော်တဲ့ ငွေကြေးတောင်းခံမှုတွေရှိလာတာမျိုး ကြုံတွေ့ရပါက သက်ဆိုင်ရာကို တိုင်ကြားနိုင်ကြောင်း အသိပေးထားတာဖြစ်ပါတယ်။