uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဖိုးမှန်

ဖိုးမှန်

Kanalga Telegram’da o‘tish

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
4 336
Obunachilar
-4824 soatlar
-2827 kun
-56930 kun

Ma'lumotlar yuklanmoqda

O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Okt '26
Oktabr '260
7 kanalda
Sentabr '26
+35
8 kanalda
Get PRO
Avgust '26
+4 321
19 kanalda
Get PRO
Iyul '26
+1 372
48 kanalda
Get PRO
Iyun '26
+1
32 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
27 Oktabr0
26 Oktabr0
25 Oktabr0
24 Oktabr0
23 Oktabr0
22 Oktabr0
21 Oktabr0
20 Oktabr0
19 Oktabr0
18 Oktabr0
17 Oktabr0
16 Oktabr0
15 Oktabr0
14 Oktabr0
13 Oktabr0
12 Oktabr0
11 Oktabr0
10 Oktabr0
09 Oktabr0
08 Oktabr0
07 Oktabr0
06 Oktabr0
05 Oktabr0
04 Oktabr0
03 Oktabr0
02 Oktabr0
01 Oktabr0
Kanal postlari
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို တောင်သူအခြေပြုသုတေသနစခန်းများဆီသို Green Revolution (စိုက်ပျိုးရေးတော်လှန်ရေး) နောက်ပိုင်း
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို တောင်သူအခြေပြုသုတေသနစခန်းများဆီသို Green Revolution (စိုက်ပျိုးရေးတော်လှန်ရေး) နောက်ပိုင်းကာလတွင် လယ်ယာမြေအခြေပြုသုတေသန (On-farm Research) နှင့် စိုက်ပျိုးရေးတိုးချဲ့အကြံပေးဝန်ဆောင်မှုများသည် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေများနှင့် ကိုက်ညီစေရန် တိုးချဲ့ရေးနည်းလမ်းများ၊ ကိရိယာများ၊ မူဝါဒများနှင့် လုပ်ဆောင်ပုံများကိုလည်း ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်လာခဲ့ကြသည်။ ယခင်ကအသုံးပြုခဲ့သော သုတေသနပညာရှင်များ ဦးဆောင်သည့် “အပေါ်မှအောက်သို” နည်းလမ်းများကို တဖြည်းဖြည်းလျှော့ချလာပြီး တောင်သူများကို အခြေခံသည့် “အောက်မှအပေါ်သို”ပါဝင်ဆောင်ရွက်မှုနည်းလမ်းများဖြင့် အစားထိုးအသုံးပြုလာခဲ့သည်။

2
မာရဝိဇယဘုရားဖူးပြည်သူများအတွက် EV ယာဉ်များအပါအဝင် အခမဲ့ယာဉ်များ ပြေးဆွဲပေးမည် --------------------------------------- နေပြည်တ
မာရဝိဇယဘုရားဖူးပြည်သူများအတွက် EV ယာဉ်များအပါအဝင် အခမဲ့ယာဉ်များ ပြေးဆွဲပေးမည် --------------------------------------- နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်တွင် တည်ထားကိုးကွယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်မည့် ဘုရားဖူးပြည်သူများအတွက် အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ အခမဲ့ယာဉ်များ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အခမဲ့ပိုဆောင်ရေးအစီအစဉ်ကို တော်ဝင်ယာဉ်လိုင်းနှင့် ဇာဧကရာဇ် EV ယာဉ်များဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပျဉ်းမနားမြိုရှိ ဘောဂသီရိကားကွင်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
106
3
ရုရှားရဲ့ဒီဇယ်ထုတ်လုပ်မှုက တိုးသထက် တိုးလာနေပြီ အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်န
ရုရှားရဲ့ဒီဇယ်ထုတ်လုပ်မှုက တိုးသထက် တိုးလာနေပြီ အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တိုကြား သဘောတူညီချက် ရရှိခဲ့ပြီးနောက် ရုရှားနိုင်ငံဟာ ဒီဇယ်ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်လိုက်တယ်လို ရိုက်တာ သတင်းဌာနက စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
107
4
ဆာရာဝပ်ပြည်နယ်၊ ဆာမာလာဂျူတွင် လေထုညစ်ညမ်းမှုက ကျန်းမာရေးနှင့်မညီညွတ်တဲ့ အဆင့်သိုရောက်ရှိ အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) အောက်တ
ဆာရာဝပ်ပြည်နယ်၊ ဆာမာလာဂျူတွင် လေထုညစ်ညမ်းမှုက ကျန်းမာရေးနှင့်မညီညွတ်တဲ့ အဆင့်သိုရောက်ရှိ အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) အောက်တိုဘာလ ၂၇ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်အထိ စတားသတင်းဌာနရဲ့ ဖော်ပြချက်အရ မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၊ ဆာမာလာဂျူ ဒေသသည် လေထုညစ်ညမ်းမှု အညွှန်းကိန်း (API) ၁၅၂ ဖြင့် ကျန်းမာရေးနှင့်မညီညွတ်သော အဆင့်တွင် ရှိနေပြီး နိုင်ငံအတွင်း ယင်းကဲ့သို အဆင့်ရောက်ရှိနေတဲ့ တစ်ခုတည်းသော ဒေသဖြစ်ကြောင်း သိရပါတယ်။
148
5
အာဆီယံအထူးကိုယ်စားလှယ် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည် ရန်ကုန်၊ အောက်တိုဘာ ၂၇ မြန်မာနိုင်ငံအတွင်း လူသားချင်
အာဆီယံအထူးကိုယ်စားလှယ် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည် ရန်ကုန်၊ အောက်တိုဘာ ၂၇ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ဆွေးနွေးရန် အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲသည် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Thai PBS World က ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) သည် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်သို သွားရောက်ကာ မြန်မာနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အမည်မဖော်လိုသည့် သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။
146
6
ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” အားအလွန်ကောင်းလာ၊ နေပြည်တော်၊ မန္တလေး၊ ချင်းနှင့် ရှမ်းပြည်နယ်တိုတွင် မိုးကြီးနိုင်ပြီး ကမ်းရိ
ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” အားအလွန်ကောင်းလာ၊ နေပြည်တော်၊ မန္တလေး၊ ချင်းနှင့် ရှမ်းပြည်နယ်တိုတွင် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသများ၌ လှိင်းကြီးနိုင် နေပြည်တော်၊ အောက်တိုဘာ ၂၇ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို ရောက်ရှိနေပြီး ၎င်း၏အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၅ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းသည် ကိုကိုးကျွန်းမြို၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၄၀ ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားနေကြောင်း သိရသည်။
150
7
Express ယာဉ်များ ကုန်အပိုတင်ဆောင်ပါက အမြန်လမ်းသုံးစွဲခွင့် ရုပ်သိမ်းမည် 𝙊𝘾𝙏~𝟐𝟕 ခရီးသည်တင် Express ယာဉ်တွေမှာ ခရီးသည်တွေရ
Express ယာဉ်များ ကုန်အပိုတင်ဆောင်ပါက အမြန်လမ်းသုံးစွဲခွင့် ရုပ်သိမ်းမည် 𝙊𝘾𝙏~𝟐𝟕 ခရီးသည်တင် Express ယာဉ်တွေမှာ ခရီးသည်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေမှအပ အခြားကုန်ပစ္စည်းတွေ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးများဥပဒေအရ အရေးယူသွားမှာဖြစ်သလို အမြန်လမ်းသုံးစွဲခွင့်ကိုပါ ရုပ်သိမ်းသွားမယ်လို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက အောက်တိုဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုသွားလာကြမယ့် ယာဉ်မောင်းတွေအနေနဲ့ အမြန်လမ်းပေါ် မဝင်ရောက်မီ ယာဉ်တာယာ၊ အချက်ပြမီး၊ ဘရိတ်စနစ်၊ ဆိုင်းထိန်းစနစ်နဲ့ ရေသုတ်တံ (ဝိုက်ပါ) အပါအဝင် ယာဉ်ထိန်းချုပ်မောင်းနှင်မှုဆိုင်ရာ စနစ်တွေ ကြံ့ခိုင်ကောင်းမွန်မှုရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို လိုအပ်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
141
8
လွိင်ကော်မြို၊ လယ်ထွဲကျေးရွာသို KNPP/KNDF/PDF အကြမ်းဖက်သောင်းကျန်းသူ များမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဒေသခံပြည်သူ
လွိင်ကော်မြို၊ လယ်ထွဲကျေးရွာသို KNPP/KNDF/PDF အကြမ်းဖက်သောင်းကျန်းသူ များမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ လွိင်ကော်၊ အောက် ၂၇ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ သီတင်းကျွတ်လပြည်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိင်ကော်မြိုရှိ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်နှင့် အပန်းဖြေနေရာများ၊ အထင်ကရနေရာများသိုသွားရောက်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများ၊ အပန်းဖြေလည်ပတ်ခြင်း များ ပြုလုပ်လျက်ရှိရာ နေ့လည်ပိုင်းတွင် KNPP/ KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို၊ လယ်ထွဲကျေးရွာအတွင်းသို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီး ကျောင်းဝန်းအနီးနှင့် လူနေအိမ်များပေါ်သို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ကျား ၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
141
9
အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ဆုတံဆိပ် ၅ ခုရရှိပြီး နိုင်ငံအဆင့် ၂၅ တွင် ရပ်တည် ရန်ကုန်၊ အောက်တိုဘာ ၂၇ ဂျပန်န
အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ဆုတံဆိပ် ၅ ခုရရှိပြီး နိုင်ငံအဆင့် ၂၅ တွင် ရပ်တည် ရန်ကုန်၊ အောက်တိုဘာ ၂၇ ဂျပန်နိုင်ငံ၊ နာဂိုယာမြို၌ အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၅ ခု ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲဝင် ၄၅ နိုင်ငံအနက် အဆင့် ၂၅ တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
133
10
မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ ပြည်ပနိုင်ငံသား ၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှပြောင်း ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို
မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ ပြည်ပနိုင်ငံသား ၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှပြောင်း ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သတ်မှတ်ခံရသည့် ပြည်ပနိုင်ငံသား ၇ ဦးကို အောက်တိုဘာ ၂၆ ရက်တွင် သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှပြောင်းပေးခဲ့ကြောင်း သိရသည်။ ပြန်လည်လွှပြောင်းပေးခဲ့သူများမှာ လာအိုနိုင်ငံသား ၂ ဦး၊ သီရိလင်္ကာနိုင်ငံသား ၂ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတိုဖြစ်ပြီး မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှပြောင်းပေးခဲ့ခြင်းဖြစ်သည်။
148
11
💬 စစ်ရေးအရှုံးကို ဖုံးကွယ်ရန် ဓာတ်ပုံအဟောင်းများဖြင့် သတင်းအမှား ဝါဒဖြန့်နေသည့် AA အကြမ်းဖက်လော်ဘီများ ​▪️ စစ်တွေမြို့ရှိ စခ
💬 စစ်ရေးအရှုံးကို ဖုံးကွယ်ရန် ဓာတ်ပုံအဟောင်းများဖြင့် သတင်းအမှား ဝါဒဖြန့်နေသည့် AA အကြမ်းဖက်လော်ဘီများ ​▪️ စစ်တွေမြို့ရှိ စခန်းအချို့မှ တပ်မတော်သားများ လက်နက်ချ အလင်းဝင်သည်ဟု ဆိုကာ AA အကြမ်းဖက်သူပုန် လော်ဘီများသည် ဓာတ်ပုံအဟောင်းများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအမှားများကို လူမှုကွန်ရက်ပေါ်၌ ဗြောင်ကျကျ ဝါဒဖြန့်ဝေလျက်ရှိ။ ​▪️ အဆင့်မရှိသည့် သတင်းအမှားများ လှည့်စားရေးသားနေခြင်းမှာ ရခိုင်ပြည်နယ် စစ်မျက်နှာဒေသအသီးသီး၌ AA အကြမ်းဖက်အဖွဲ့များ အသေအပျောက်များပြားပြီး ခွက်ခွက်လန်အောင် အရေးနိမ့်နေသည့် မြေပြင်အမှန်တရားကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုအား ထင်ရောင်ထင်မှား ဖြစ်စေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောလိုက်ပါရစေ... အောင်ပွဲတွေ မကြာမီ လာမည်...
148
12
မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို အခြားစီးပွားရေးကဏ္ဍများ နမူနာယူသင့်ကြောင်း UMFCCI ဥက္ကဋ္ဌ တိုက်တွန်း 𝙊𝘾𝙏~𝟐𝟕 မြန်မာ
မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို အခြားစီးပွားရေးကဏ္ဍများ နမူနာယူသင့်ကြောင်း UMFCCI ဥက္ကဋ္ဌ တိုက်တွန်း 𝙊𝘾𝙏~𝟐𝟕 မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို နမူနာယူပြီး အခြားစီးပွားရေးကဏ္ဍတွေမှာလည်း သက်ဆိုင်ရာအသင်းအဖွဲတွေအကြား စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲအစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
146
13
ဆီးချိုနှင့် အင်ဆူလင်တုံပြန်နိုင်စွမ်း အားနည်းသူတွေ အတွက် အာဟာရပညာရှင် အကြံပြုထားတဲ့ အစားအစာတစ်မျိုး 27 October 2026 ■ ဂရိဒိန
ဆီးချိုနှင့် အင်ဆူလင်တုံပြန်နိုင်စွမ်း အားနည်းသူတွေ အတွက် အာဟာရပညာရှင် အကြံပြုထားတဲ့ အစားအစာတစ်မျိုး  27 October 2026 ■ ဂရိဒိန်ချဉ်မှာ အာဟာရဓာတ်တွေ အများကြီးပါဝင်တယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ ပုံမှန်ဒိန်ချဉ်နဲ့ မတူတာက ဂရိဒိန်ချဉ်ဟာ ပိုပြီးပျစ်နှစ်တဲ့အပြင် ပရိုတင်းဓာတ်လည်း ပိုမိုကြွယ်ဝတာပါပဲ။ ■ ဖျော်ရည်တွေ၊ မနက်စာအဖြစ် စားသုံးတဲ့ အစားအစာတွေ၊ တာကို (Tacos) နဲ့ နာချိုစ် (Nachos) စတဲ့ အစားအစာတွေမှာလည်း အရသာပိုကောင်းစေဖို ဂရိဒိန်ချဉ်ကို ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ■ ဒါပေမဲ့ ဂရိဒိန်ချဉ်မှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိနေတယ်ဆိုတာကိုတော့ လူတိုင်း သတိမထားမိကြပါဘူး။ ■ ဂရိဒိန်ချဉ်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်းပါဝင်ပါတယ်။
146
14
နေပြည်တော်ရှိ ဘုရားစေတီများတွင် သီတင်းကျွတ်လပြည့်နေ့ ဘုရားဖူးများဖြင့် စည်ကား 𝙊𝘾𝙏~𝟐𝟕 နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီမ
နေပြည်တော်ရှိ ဘုရားစေတီများတွင် သီတင်းကျွတ်လပြည့်နေ့ ဘုရားဖူးများဖြင့် စည်ကား 𝙊𝘾𝙏~𝟐𝟕 နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အဖြစ် ဘုရားဖူးလာရောက်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ နေရောင်ပြအင်းစေတီတော်၊ ရန်အောင်မြင်စေတီတော်၊ ပျဉ်းမနားဘုရားကိုးဆူစေတီတော်၊ ဆုတောင်းရဆုတောင်းပြည့်စေတီတော်နှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးတိုအပါအဝင် နေပြည်တော်ရှိ ဘုရားစေတီများသို ပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြသည်။
145
15
အာနာဘ်ဆိုင်ကလုန်းမုန်တိုင်း အောက်တိုဘာ ၂၈ ရက်တွင် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်နိုင်၊ မြန်မာနိုင်ငံ၌ မိုးကြီးလေပြင်းနှင့် ရေကြီ
အာနာဘ်ဆိုင်ကလုန်းမုန်တိုင်း အောက်တိုဘာ ၂၈ ရက်တွင် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်နိုင်၊ မြန်မာနိုင်ငံ၌ မိုးကြီးလေပြင်းနှင့် ရေကြီးမှုများ သတိပြုရန်လို 𝙊𝘾𝙏~𝟐𝟕 ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အာနာဘ်ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ပြည်နယ် ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်အရ သိရသည်။ အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းသည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၁၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၁၀ ခန့်နှင့် ကာကီနာဒါမြို၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅၅ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
146
16
ဂျော်ဒန်က ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်စခန်းတွေကို ဗုံးကျဲတိုက်ခိုက် အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ဂျော်ဒန်နိုင်ငံဟာ ပြီးခဲ့တ
ဂျော်ဒန်က ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်စခန်းတွေကို ဗုံးကျဲတိုက်ခိုက် အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ဂျော်ဒန်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံဘက်က အကြမ်းဖက်စခန်းတွေလို ထင်တဲ့နေရာတွေကို တနင်္လာနေ့မှာ လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်အပေါ် ဆီးရီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
122
17
ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ဝန်ထမ်း ၆၀,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ် Microsoft ကမ်းလှမ်း
ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ဝန်ထမ်း ၆၀,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ် Microsoft ကမ်းလှမ်း ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၆၀,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ် (voluntary buyout)ကို Microsoft ကုမ္ပဏီက ကမ်းလှမ်းကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းစုစုပေါင်းရဲ့ လေးပုံတစ်ပုံကျော် ရှိပါတယ်။ နည်းပညာကုမ္ပဏီကြီး Microsoft ဟာ ကုန်ကျစရိတ်တွေကို ထိန်းချုပ်ဖိုနဲ့ ဉာဏ်ရည်တု (AI) နည်းပညာအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတဲ့ အသုံးစရိတ်တွေကို ကာမိစေဖို ကြိုးပမ်းနေတာလို ဆိုပါတယ်။
123
18
ဟယ်ရီကိန်း — ၂၅ နှစ်အကြာမှာ Ballon d’Or ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်သား! 🏆 လန်ဒန်မြိုမှာ ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအန
ဟယ်ရီကိန်း — ၂၅ နှစ်အကြာမှာ Ballon d’Or ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်သား! 🏆 လန်ဒန်မြိုမှာ ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင်နောက်ပိုင်း Ballon d’Or ဆုကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
112
19
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ -
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ထပ်မံလွှပြောင်းပေးအပ် နေပြည်တော်၊ အောက်တိုဘာ ၂၇ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချိုကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် လာအိုနိုင်ငံသား နှစ် ဦး၊ သီရိလင်္ကာနိုင်ငံသား နှစ် ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား တစ် ဦး၊ အင်ဒိုနီးရှားနိုင်ငံသား တစ် ဦးနှင့် အိန္ဒိယနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ် ဦးတိုအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှပြောင်းပေးသည်။
123
20
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ရိုးရာသပိတ်မျှောပွဲ သိုတက်ရောက် ထားဝယ်၊ အောက်တိုဘာ ၂၆ သီတင်းက
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ရိုးရာသပိတ်မျှောပွဲ သိုတက်ရောက် ထားဝယ်၊ အောက်တိုဘာ ၂၆ သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင်ဒုတိယ မြောက်အစည်ကားဆုံး ကျင်းပကြသောပွဲတော်ဖြစ်ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်မြိုတွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ် သောထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယခုနှစ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ထားဝယ်သူ၊ ထားဝယ်သားများ ဦးဆောင်၍ ထားဝယ်ရိုးရာသပိတ်မျှောပွဲဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ ညနေ(၆)နာရီခွဲက ထားဝယ်မြို၊ တလိုင်းမရပ်၊ ကမ်းနားလမ်း၊ ထားဝယ်ရိုးရာသပိတ်မျှောကွင်း၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည်။
142