ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ဖိုးမှန်

ဖိုးမှန်

Открыть в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Больше
Страна не указанаКатегория не указана
4 718
Подписчики
Нет данных24 часа
-747 дней
-30530 дней
Архив постов
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို အဆိုပြုတင်ပြ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံသို အမည်စာရင်းပေးပိုထားကြောင်း ယနေ့(အောက်တိုဘာ ၁၂ ရက်)တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက ဦးအောင်လင်းဒွေးက အသိပေးခဲ့သည်။

ရန်ကုန်မြိုတွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည် မြန်မ
ရန်ကုန်မြိုတွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည် မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association - MCA) ၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးနှင့် မျိုးဆက်သစ်လူငယ် ဘာရီစတာများပေါ်ထွက်လာစေရန် ရည်ရွယ်၍ "Myanmar Coffee Festival 2026: Brewing the Future" နှင့် "Myanmar National Barista Championship 2026" ပြိုင်ပွဲကြီးကို ရန်ကုန်မြို၊ Chatrium Hotel Royal Lake Yangon တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့တိုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ငံပြာရည်နှင့်ပဲငံပြာရည် အမှတ်တံဆိပ်နှစ်မျိုးကို ဈေးကွက်မှပြန်ရုပ်သိမ်းရန် အသိပေးထုတ်ပြန် 12 October 2026 ■ ကျားနဂါးမြိတ်ငံပြာ
ငံပြာရည်နှင့်ပဲငံပြာရည် အမှတ်တံဆိပ်နှစ်မျိုးကို ဈေးကွက်မှပြန်ရုပ်သိမ်းရန် အသိပေးထုတ်ပြန် 12 October 2026 ■ ကျားနဂါးမြိတ်ငံပြာရည်နှင့် ကင်းမွန်အဆင့်မြင့်ပဲငံပြာရည်တိုသည် စံချိန်စံညွှန်း မမီသည့်အတွက် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားသည်။ ■ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်ရှိ ကျားနဂါးမြိတ်ငံပြာရည်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကျားနဂါး’ အမှတ်တံဆိပ်မြိတ်ငံပြာရည် (၁၀၀၀) ml ဘူးတွင် နိုက်ထရိုဂျင်ပါဝင်မှုသည် သတ်မှတ်စံနှုန်းအောက်လျော့နည်းနေသကဲ့သို ၎င်းငံပြာရည်ဘူး၌ ထုတ်လုပ်သည့်ရက်စွဲအမှတ်အသားဖော်ပြထားခြင်းမရှိကြောင်း ၊ ၎င်းစစ်ဆေးခဲ့သည့်နမူနာကို ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူဈေးရှိ မချစ်ချစ်ဆိုင်မှကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လပေါ်တွင် မီးတောင်ခေါင်းသဖွယ် ချိုင့်ခွက်ကြီးတစ်ခုကို NASA တွေ့ရှိ ++++++++++++++++++++++++++++++++ 12 October 2026 ■ လမျက်နှ
လပေါ်တွင် မီးတောင်ခေါင်းသဖွယ် ချိုင့်ခွက်ကြီးတစ်ခုကို NASA တွေ့ရှိ ++++++++++++++++++++++++++++++++ 12 October 2026 ■ လမျက်နှာပြင်ပေါ်ကို ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်ပဲ ကြုံရလေ့ရှိတဲ့ ကြီးမားတဲ့ အာကာသကျောက်တုံးကြီးတစ်ခု ကျရောက်ရိုက်ခတ်ခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်ကြီး အသစ်တစ်ခုကို NASA က တွေ့ရှိခဲ့ပါတယ်။ ■ ဒါဟာ မကြာသေးမီနှစ်တွေအတွင်း နေအဖွဲအစည်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးဆုံး မီးတောင်ခေါင်းပုံစံ ချိုင့်ခွက်အသစ်ပဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး အပါအဝင် စုစုပေါင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၉၈ ဦး အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုထားဟုဆို နေပြည်တော်၊ အော်တိုဘာ ၁၂ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိင်းစွာ အမြစ်တွယ်နေသည့် ပြဿနာကြီးတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို တိုင်ကြားစာစုစုပေါင်း ၇၀၄၅ စောင် ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး၊ အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၁၂ ဦး၊ အခြား ပုဂ္ဂိုလ် ၃၉ ဦး စုစုပေါင်း ၁၉၈ ဦးတိုကို ရာထူးအဆင့်အလိုက် တရားစွဲဆို အရေးယူခဲ့ကြောင်း မြန်မာ့အလင်း အယ်ဒီတာအာဘော်တွင် ဖော်ပြထားချက်အရ သိရသည်။

ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေ ရေကြီး၊
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေ ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေပြီး ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။ ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မြိတ်နှင့် ထားဝယ်ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းအပိုင်းမှာ သွားလာ၍မရသည်အထိ ပျက်စီးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၈ ရက်မှစပြီး ယာဉ်ငယ်များ စမ်းသပ်သွားလာခဲ့ပြီး ကားကြီးများက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ထွက်ခွာနေသော်လည်း လမ်းခရီးအခြေအနေမှာ ဆိုးရွားနေကြောင်း သိရသည်။ Noted: PDF ကျန်နေသေးတော့ လမ်းခင်းရင်လည်း အစိုးရအလုပ်တွေဖျက်စီးတယ်ဆိုပြီး နှောင့်ယှက်နေကြတာ မျက်မြင်ပါပဲ။ ဘာပဲပြောပြော ဒေသတည်ငြိမ်အေးချမ်းမှု မရှိရင်တော့ မလွယ်တဲ့ အခြေအနေတွေပါ။

ချင်းမိုင်ရှိ အဆောင်ခန်းတစ်ခုမှ အိုက်စ် ၂၈၇ ကီလိုဂရမ် သိမ်းဆည်းရမိ၊ အခန်းငှားနေထိုင်သူ မြန်မာနိုင်ငံသား ထွက်ပြေးတိမ်းရှောင် �
ချင်းမိုင်ရှိ အဆောင်ခန်းတစ်ခုမှ အိုက်စ် ၂၈၇ ကီလိုဂရမ် သိမ်းဆည်းရမိ၊ အခန်းငှားနေထိုင်သူ မြန်မာနိုင်ငံသား ထွက်ပြေးတိမ်းရှောင် 𝙊𝘾𝙏~𝟏𝟐 ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြိုနယ်ရှိ အဆောင်ခန်းတစ်ခုကို ရဲတပ်ဖွဲက ဝင်ရောက်ရှာဖွေရာမှ အိုက်စ်မူးယစ်ဆေးဝါး ၂၈၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး အခန်းငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထိုင်းသတင်းဌာနများက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြထားသည်။

ထရမ့်စတိုင်နဲ့ ရုရှားဒီဇယ်ကို ဝယ်ဖိုအတွက် ဂျာမန်အတိုက်အခံပါတီတွေပြောပြီ အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ ) ဂျာမနီနိုင်ငံရဲ့ အတိုက
ထရမ့်စတိုင်နဲ့ ရုရှားဒီဇယ်ကို ဝယ်ဖိုအတွက် ဂျာမန်အတိုက်အခံပါတီတွေပြောပြီ အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ ) ဂျာမနီနိုင်ငံရဲ့ အတိုက်အခံပါတီ နှစ်ခုဖြစ်တဲ့ လက်ယာစွန်း AfD ပါတီနဲ့ လက်ဝဲစွန်း BSW ပါတီတိုက ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်စကြဖို တောင်းဆိုလာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားနဲ့ ဒီဇယ်တင်သွင်းတဲ့ သဘောတူညီချက် လုပ်လိုက်တာကို အတုယူပြီး လုပ်သင့်တယ်လို ဆိုပါတယ်။ ဂျာမနီမှာ စက်သုံးဆီဈေးတွေ အရမ်းကြီးလာပြီး ဥရောပရဲ့ အကြီးဆုံးစီးပွားရေးကိုပါ ထိခိုက်လာနေတာကြောင့် ဝန်ကြီးချုပ် ဖရိုင်ဒရစ်မားဇ် ရဲ့ ပိတ်ဆိုအရေးယူမှု မူဝါဒကို အခုလို စိန်ခေါ်လာကြတာပါ။

တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်ပေးလျှင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာတွေ့ရှိ 12 October 2026 ■ American Heart A
တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်ပေးလျှင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာတွေ့ရှိ  12 October 2026 ■ American Heart Association - AHA ရဲ့ နောက်ဆုံးလေ့လာသုံးသပ်ချက်အရ သာမန်လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ အထိ သောက်သုံးပေးတာဟာ ဘေးကင်းမှုရှိတယ်လို သိရပါတယ်။ ■ "ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" လို သုတေသီ Dr. Gregory M. Marcus က ပြောပါတယ်။ ■ "သကြားနဲ့ တခြားဖြည့်စွက်စာတွေ မပါတဲ့ ကော်ဖီကို တစ်နေ့ ၅ ခွက်အထိ (ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ ခန့်) သောက်ပေးတာဟာ စိတ်ချရပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မမြင့်တက်စေပါဘူး။" ■ လေ့လာမှုတွေအရ ကော်ဖီကို သင့်တော်ရုံ သောက်သုံးပေးတာဟာ နှလုံးပျက်စီးမှု၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာ (ယူ-၁၇)သမီးငယ်များ အပြင်းအထန်ကြိုးစားရလိမ့်မည် မြန်မာ (ယူ-၁၇)သမီးငယ်များဟာ ခြေစစ်ပွဲမှာ ဂူအမ် ကို (၉)ဂိုးပြတ်၊ ထိုင်ဝမ်ကို (၂-၁)နဲ့ နိုင်ပြီး AFC U17 Women's Asian Cup ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရသွားပါပြီ။ မြန်မာ - ထိုင်ဝမ် ပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ကနေ အသည်းအသန် ကြိုးစားရုန်းကန်ပြီး အနိုင်ဂိုး ရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာ (ယူ-၁၇) သမီးငယ်လေးများမှာ တစ်ယောက်ချင်းစွမ်းရည်တွေ ရှိကြသလို စုစည်းမှုလည်း အထိုက်အလျှောက် ကောင်းတယ်လို ဆိုရပါမယ်။ သိုသော် ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းက ဆီနီယာအမျိုးသမီးလက်ရွေးစင်အသင်းကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို သင်ခန်းစာယူရမှာပါ။ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ခြေစွမ်းပိုင်း၊ သက်လုံပိုင်း၊ တစ်ဦးချင်းစွမ်းရည်ပိုင်း လိုက်လိုမမီသေးတာကို အထင်အရှား တွေ့ခဲ့ရတယ်။ ဒါကြောင့် တိုတိုကျဉ်းကျဉ်း တိုက်တွန်းအားပေးစကား ပြောလိုတာက ဒေသတွင်း ပြိုင်ဘက်တွေမှာ သူတင် ကိုယ်တင် ခြေစွမ်းမျိုးရှိပါတယ်။ သိုသော် အာရှထိပ်သီးအသင်းတွေရဲ့ ခြေစွမ်းပိုင်းကို လေ့လာပြီး ပြင်ဆင်ထားမှ နောက်တစ်ဆင့်မှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်လိမ့်မယ်။ အဓိကအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အခြေအနေမျိုးကို ရောက်အောင် ကြိုးစားပြင်ဆင်ထားမှသာ အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မယ်။

photo content

အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ ညောင်ရွှေ၊ အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်ရှိ အင်းလေးဖောင်တော်ဦး မြတ
အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ ညောင်ရွှေ၊ အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်သည် ယနေ့ (အောက်တိုဘာ ၁၂)၌ စတင်ကျင်းပနေပြီဖြစ်သည်။ ယနေ့တွင် ဖောင်တော်ဦးကျောင်းတော်မှ ရွှေအင်းတိန်သိုဒေသစာရီ ကြွချီတော်မူမည် ဖြစ်သည်။ ပွဲတော်သည် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းနဲ့ LFC ရဲ့ လက်ဝှေ့ပြိုင်ပွဲ LFC တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nick Chapman က လက်ဝှေ့ကို ကမ္ဘာ
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းနဲ့ LFC ရဲ့ လက်ဝှေ့ပြိုင်ပွဲ LFC တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nick Chapman က လက်ဝှေ့ကို ကမ္ဘာ့အဆင့် မြှင်တင်ဖိုလုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အချိန်နဲ့အမျှ တင်ပြပေးနေပါတယ်။ သူတိုရဲ့ ဆောင်ရွက်မှုပုံစံကို ကြည့်ရတာနဲ့တင် အတော်လေး အားရကျေနပ်နေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လက်ဝှေ့အားကစားဟာ မြှင့်တင်မယ့်သူမရှိလို ပုံရိပ်ကျဆင်းနေတဲ့ အခင်းအကျင်းမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေက စိတ်ဝင်တစားရှိပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးပြီး Lethwei Fighting Championship (LFC) ဆိုတာကို တစ်ဆင့်ချင်းတက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ပြင်ဆင်မှု ကာလအားဖြင့်လည်း တော်တော်လေး အချိန်ယူကြိုးစားလုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားများ ကောင်စစ်ကိစ္စများအတွက် လျှောက်လွှာပုံစံအသစ်ကိုသာ အသုံးပြုရမည် ဂျပန်နိုင်ငံရှိ မြန်မာသံရုံး (တ
ဂျပန်ရောက် မြန်မာနိုင်ငံသားများ ကောင်စစ်ကိစ္စများအတွက် လျှောက်လွှာပုံစံအသစ်ကိုသာ အသုံးပြုရမည် ဂျပန်နိုင်ငံရှိ မြန်မာသံရုံး (တိုကျို) က ကောင်စစ်ဆိုင်ရာကိစ္စများ လျှောက်ထားရာတွင် အသုံးပြုရမည့် Application Form များကို ပြင်ဆင်အသစ်ပြောင်းလဲထားကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှစပြီး သံရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ လျှောက်လွှာပုံစံအသစ်ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ ထို့အပြင် လျှောက်လွှာနဲ့အတူ ထပ်မံတင်ပြရမယ့် စာရွက်စာတမ်းတွေကိုလည်း ဝက်ဘ်ဆိုက်မှာ အစိမ်းရောင်နဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လျှောက်ထားမှု မမှားယွင်းစေဖို့ သံရုံးဝက်ဘ်ဆိုက်က လျှောက်လွှာပုံစံအသစ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

ထရမ့်အဆိုပြုသည့် ‘စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ကို ထောက်ခံကြောင်း ဇယ်လင်စကီးဆို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးသည်
ထရမ့်အဆိုပြုသည့် ‘စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ကို ထောက်ခံကြောင်း ဇယ်လင်စကီးဆို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်တရမ့် ကြေညာခဲ့သည့် ရုရှားနှင့် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းလျက်ရှိပြီး၊ ယင်းကဲ့သိုသော သဘောတူညီချက်မျိုးကို ယူကရိန်းအနေဖြင့် ထောက်ခံကြောင်း ပြောကြားသည်။

ရန်ကုန်တွင် လမ်းဖြတ်ကူးစည်းကမ်းဖောက်ဖျက်သူများကို ယနေ့မှစတင်ကာ ထိရောက်စွာ အရေးယူမည် 𝙊𝘾𝙏~𝟏𝟐 ရန်ကုန်မြိုတော် စည်ပင်သာယာနယ်
ရန်ကုန်တွင် လမ်းဖြတ်ကူးစည်းကမ်းဖောက်ဖျက်သူများကို ယနေ့မှစတင်ကာ ထိရောက်စွာ အရေးယူမည် 𝙊𝘾𝙏~𝟏𝟐 ရန်ကုန်မြိုတော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးရာ၌ သတ်မှတ်ထားသည့် လူကူးနေရာများကို အသုံးမပြုဘဲ စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားသည်။

+6
၁၂-၁၀-၂၀၂၆ ရက်နေ့သတင်းစာများ

ဗြိတိန်ရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်သည့် အမျိုးသားတစ်ဦး ကျားကိုက်ခံရပြီး သေဆုံး ဗြိတိန်နိုင်ငံရှိ တိရိစ္ဆာ
ဗြိတိန်ရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်သည့် အမျိုးသားတစ်ဦး ကျားကိုက်ခံရပြီး သေဆုံး ဗြိတိန်နိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်ခဲ့သည့် အမျိုးသားတစ်ဦးကို ဆိုက်ဘေးရီးယား ကျားတစ်ကောင်က ကိုက်ခဲခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲက ပြောကြားခဲ့သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို နေပြည်တော်၊ အောက်တိုဘာ ၁၁ ပြည်သူ့စစ
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို နေပြည်တော်၊ အောက်တိုဘာ ၁၁ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) သို တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြိုရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲဝင်များ တက်ရောက်ကြသည်။

ရခိုင်မီဒီယာတွေက အော်ရင် ရပ်မယ်ထင်ပြီး အော်နေတာ။ ဒီဘက်ကလဲ အော်လေ ဆော်လေပဲ 😁😁
ရခိုင်မီဒီယာတွေက အော်ရင် ရပ်မယ်ထင်ပြီး အော်နေတာ။ ဒီဘက်ကလဲ အော်လေ ဆော်လေပဲ 😁😁