ru
Feedback
"အက္ခရာခူး" စာတို 🌺

"အက္ခရာခူး" စာတို 🌺

Открыть в Telegram

"လွမ်းစရာတွေ အရာရာဖြစ်ခဲ့ပြီ " @solixcoin

Больше
9 926
Подписчики
-324 часа
-377 дней
-10830 дней
Архив постов
ပျော်ရာမှာမနေ တော်ရာနေတဲ့ ဟုတ်ပါတယ်" မေတ္တာ ပေးရင် မေတ္တာပြန်ရတဲ့အရပ်ဝန်းမှာ ပျော်ချင်ပေမဲ့ မေတ္တာပေးရင် ဥပေက္ခာပဲ့ပြန်ပြန်ရတဲ့ အရပ်အဝန်းငယ်မှာပဲ့ တော်နေရတဲ့ ဘဝမျိုးပါ။ ထို့ကြောင့် ချစ်မိခဲ့သော် အပြစ်ရှိကြောင်းကို ဝန်ခံပါတယ်။ -Nu Yee(နုရီ

စိတ်သေသွားရင်... ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ဘူးကွ..။ လူသေကောင်ကို ရင်ခုန်သံစမ်းနေရသလိုပဲ..။ - ရွှေစွန်ညို

မနက်ဖန်ဆိုတာ ငါတို့နဲ့ အဝေးကြီးပဲလေ ဖြစ်မလာသေးတဲ့အရာတွေအတွက် တွေးကြောက်နေရင် လက်ရှိအချိန်တွေက ဘယ်ပျော်စရာကောင်းပါတော့မလဲ။ -လရောင်မေ

မင်းလဲငါ့အကြောင်း မသိတော့သလို ငါလည်းမင်းအကြောင်း မသိတော့ဘူး လွမ်းတိုင်းလတွေကိုတူတူ ကြည့်မိမှာ​တော့ငါယုံတယ်။ -ချစ်စံအိမ်

ကိုယ့်ကို မချစ်ပေးနိုင်တာ သိသိကြီးနဲ့တောင် နောက်ဆုံးချိန်ထိ ကောက်ရိုးတစ်မျှင်စာလောက် မျှော်လင့်နေမိတုန်း....။ -ခဲတံ

ပကာသနမပါတာ ကလွဲရင် ပေးခဲ့တဲ့ မေတ္တာ တွေက စစ်မှန်ပါကြောင်း....နဲ့ အချစ်ကံက မကောင်းတော့... အသစ်တဖန်..လာတောင်းခဲ့ရင်တောင်... အချစ်ဒဏ်ကမင်းကိုပဲ..သက်ရောက်မယ်တဲ့။ _ငြိမ်းချမ်း!

ကံကံ၏အကျိုးနဲ့ကံဆိုတာက လူလုပ်မှဖြစ်လာတဲ့အရာမို့ မင်းနဲ့ငါ့ရဲ့နှစ်ဦးကြားက ​အေးစက်သွားခဲ့တဲ့ ဆက်ဆံ​ရေးတစ်ခုအတွက် ကံကြမ္မာကြီးကိုလည်း အပြစ်မဖို့လို​တော့ပါဘူး သူလဲ​ပျော်ရွှင်ပါ​စေ ကိုယ်လဲလွတ်​မြောက်ပါ​စေ​ပေါ့....                        -Dee Dee

ပျော်ချင်ရင် ပေးရတယ် ရယူချင်စိတ် မမွေးရဘူး ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ် မျှော်လင့်ချက် ဖျောက်နိုင
ပျော်ချင်ရင် ပေးရတယ် ရယူချင်စိတ် မမွေးရဘူး ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ် မျှော်လင့်ချက် ဖျောက်နိုင်မှ တကယ် ပျော်ရတာ ။ ။ - ခွန်ဟိဏ်း

ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်နဲ့အတူရှိရမှ ဖြည့်ဆည်းပေးလိုစိတ် ၊ ကာကွယ်လိုစိတ် ဖြစ်လာတာမဟုတ်ပါဘူး ။ ဘယ်သူနဲ့ပဲရှိရှိ ဘာလေးပဲလိုလို စိတ်ချမ်းသာစေချင်တာ ၊ ဘာလေးနေနေဖြည့်ဆည်းပေးချင်တာ ၊ အဝေးကနေဆိုလည်း ကာကွယ်ပေးချင်တာ ဒါတွေဟာ မေတ္တာပဲ ။ သိတယ်မလား အချစ်ကြီးပဲဆို ရယူလိုမှုနဲ့ပူလောင်တယ်လေ အနောက်ကမေတ္တာလေးကလဲရှိဦးမှ …။ -မယ်ညို

သိပ်ချစ်တဲ့အကြောင်းလေး ကြားချင်တယ် ငါ့ဘဝနဲ့ရင်းပြီး တောင်းဆိုမယ် မင်းသိတဲ့ အတိုင်းပဲ ပြောပြလိုက်ပါ ချစ်သူရယ်

"ငါတို့ ဝေးသွားကြတာဟာ အချစ်တွေ ကုန်သွားလို့ မဟုတ်ပါဘူး၊ တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးနိုင်စွမ်းတွေ ကုန်ဆုံးသွားခဲ့ကြလို့ပါ။" #Crd

"ညဉ့်နက်လေ... သတိရခြင်းက ကျယ်လောင်လေပဲ၊ အိပ်မက်ထဲမှာတောင် မင်းနာမည်ကို တိုးတိုးလေး ရေရွတ်မိဆဲ။" #Crd

ဒီ 💘roup လေထဲ အစီစဥ်လေးရှိပါ တယ်ရှင့် 😯ဘာအစီစဥ်လေးလဲဆိုတော့... 🤩လူ⭐⭐ ထည့်ရုံနဲ့        ဖုန်းဘေလ် 💘💘💘💘ယူ 🧋ခုစနေပါပြီး ဝင်ရောက်ပြီးလာယူလို့ရပါပြီးရှင့်💐 https://t.me/+McZ8jrlkKKY5OThl

သူမရှိလို့မဖြစ်တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ သူရှိနေရင် ပိုပျော်တယ်။ သူမပါလည်း သွားရမဲ့လမ်းပါပဲ ဒါပေမဲ့ သူလိုက်လာတဲ့အခါ ပိုလုံခြုံတယ်။ ဒီတိုင်းလည်း ဘဝက ပုံမှန်ပါပဲ ဒါပေမဲ့ သူရှိရင် သိပ်ကောင်းမှာပဲဆိုပြီး လိုအပ်နေတဲ့ စိတ်ကလေးတော့ရှိတယ်။ #su #Crd

"အိုစာသွားတဲ့ အမှတ်တရတွေကြားမှာ မင်းရဲ့ အပြုံးလေးတွေကတော့ အမြဲတမ်း သစ်လွင်နေတုန်းပဲ။" #Crd

အသပြာထည့်လိုက်မှ အလုပ်လုပ်တဲ့ စက်တွေနဲ့ တူလာခဲ့တယ် ။                                            - ဂန္ဓမာ

တစ်ချို့အရာတွေ အပေါ်မှာ အရမ်းကြီး ခံစားပြီး ပျော်ရွှင်မှုတွေ ပျောက်မသွားစေနဲ့ဦး။ မင်းကို ဆုံးရှုံးရလို့ ဘယ်သူကများ တကူးတက ဝမ်းနည်းကြဖူးလို့လဲ။ #su #Crd

အဝေးကြီးဆီ ရေးတဲ့စာ တနေ့တာ ပင်ပန်းခဲ့သမျှ စိတ်အေးလက်သာ အနားယူပါ။ ညခင်းတွေမှာ ပျော်အောင်အိပ်ပါ။ ကိုယ့်သတိရခြင်းတွေဟာ မင်းဆီမှာ ... လေပြေညှင်းလို လာအေးပါစေ။ ။ ▪️ပိုပိုဖီးနစ်

တစ်စုံတစ်ယောက်ကို အများကြီး မျှော်လင့်ထားပြီးမှ သဲထဲရေသွန် ဖြစ်သွားတဲ့ အခိုက်အတန့်တွေမှာ ကိုယ်ဘယ်လောက်ထိ ပြိုလဲခဲ့ရသလဲ ဆိုတာ ပြန်မမှတ်မိချင်တော့ဘူး"။ _ငြိမ်းချမ်း!

စပြီးငြိတွယ်လာခဲ့တာ အဲ့အမျိုးသားပါ ၊ ဆက်ချစ်နေရတာတော့ ကိုယ်ဖြစ်နေတယ် ။ ဪ ....ချစ်မိလိုက်ပုံများ တစ်ခြားအမျိုးသမီးနဲ့သာယာနေတာတောင် စိတ်မနာနိုင်လောက်တဲ့အထိပဲ ..၊ ဝဋ်လည်ပုံကြီးကလည်းဆန်ကြယ်လိုက်တာဗျာ ။ ။ #su