ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

"အက္ခရာခူး" စာတို 🌺

"အက္ခရာခူး" စာတို 🌺

الذهاب إلى القناة على Telegram

"လွမ်းစရာတွေ အရာရာဖြစ်ခဲ့ပြီ " @solixcoin

إظهار المزيد
9 710
المشتركون
-124 ساعات
-347 أيام
-12430 أيام
أرشيف المشاركات
ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဖို့လား.. ဆိုင်ဖို့လား... ဒါမှမဟုတ် စွန့်လွှတ်ဖို့သက်သက်လား... မပိုင်ရရင် သေပါမယ်ဆိုတဲ့ ကောင်ကိုရွေးပြီး အဝေးကချစ်လည်း အချစ်ပါပဲလို့ ပြောခဲ့တဲ့ ကိုယ့်ကိုတော့ ပြစ်ချသွားတဲ့ လက်ဖဝါးနုနုကို တစ်သက်သာစွဲမှတ်နေမိတယ်။ လူတစ်ယောက်ကို ပိုင်မှဖြစ်မယ်ဆိုတဲ့ အချစ်နဲ့ ချစ်တဲ့ လူတွေထပ် မပိုင်လည်း ဖြစ်ပါတယ်ဆိုတဲ့ အချစ်နဲ့ ချစ်တဲ့လူတွေက ဘယ်ပွဲပြိုင်ပြိုင် ရှုံးရတယ်။ - လိပ်ပြာ
27 نوفمبر, 20:51

ပြောမှသိတဲ့ ဂရုစိုက်မှုတွေ ပြောမှရတဲ့ ချစ်ခြင်းမေတ္တာတွေ ကနေ ဝေးရပါလို၏။ -လှိုင်
27 نوفمبر, 11:53

မသက်သာတော့လို့ ‎ဖြေလွှတ်လိုက်ရတဲ့ ကြိုးတွေပါ။ ‎ပျံနိုင်သလောက်သာ မြင့်မြင့်ပျံပါ အချစ်ရေ။ ‎မြေပြင်က ရစ်ဘီးကလေး ‎အလှဆုံး ပြုံးနေမယ်။ ‎ ‎-ရွက်လှေ
27 نوفمبر, 11:30

🪾ဆောင်းရာသီကလည်းအေးတယ် မင်းကလည်း အေးစက်စက်နေတယ်။ ဝဋ်ရှိသမျှ ခံပေဦးတော့။ _ဦးခက်ဂုဏ်{ပုဂံ}📖
27 نوفمبر, 10:25

တစ်ချို့သူတွေဟာ ကိုယ့်အပြစ်ကို မမြင်ကြပဲ သူများအပြစ်ကိုမှ မြင်တတ်ကြတာမျိုး။ -လှိုင်
27 نوفمبر, 08:12

မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ်တဲ့ ဒါဆို ကျွန်တော့်ကို ရွာပြင်မှာ တဲတစ်လုံး အရင်ထိုးပေးထားပါ -လုလင်ပျို
27 نوفمبر, 03:33

တစ်ယောက်ယောက်ကို ယူကျုံးမရချစ်ခဲ့ပြီး တုံ့ပြန်မှု မရခဲ့သူ နာကျင်ခဲ့ရသူ အပြစ်ဖြစ်ခဲ့သူ ။ ▪️အောင်ချိမ့်
27 نوفمبر, 00:03

လောကဓံမှာ မျက်နှာတစ်ချက်မပျက်တော့ အဖေက မာန်ပါပါနဲ့ ငါ့သားကွတဲ့။ ဟုတ်တယ် အဖေ၊ ကျွန်တော် အဖေ့လက်မှာ နာရီ‌‌ပတ်ပေးချင်သေးတယ်။ -ခန့်သွယ် -လူငယ်ဘ၀ဆိုတာ ဘာလဲ
26 نوفمبر, 21:33

အတွေးတို့၏အာဏာစက်များ အဓိကဇာတ်ဆောင်ကငါဆိုပေမဲ့ ဇာတ်ညွန်းဆရာကတော့ "အတွေးလွန်ခြင်း''တဲ့လေ။ _ချစ်စံအိမ်။
26 نوفمبر, 19:10

မင်းမရှိတဲ့ဆောင်းရာသီ။
26 نوفمبر, 19:03

စိတ်တွေဝေသည် ဘယ်သူကြောင့်မှမဟုတ် လောကကြီးကို ခနလောက်မေ့ထားချင်သည်။ သုံးလေးငါးမိနစ်လောက်ပေါ့ ရံဖန်၊ရံခါမှာ ဘာမှ မရှိတာက ဘာမှအပူပင် မရှိပြန်ဘူး။ ဪ...ဘဝ..ဘဝ..လူဘဝ... _ဦးခက်ဂုဏ်{ပုဂံ}📖
26 نوفمبر, 10:06

ဝေးပြီကတည်းက ထပ်မတွေ့ချင်တော့ဘူး မင်းကိုရော...အချစ်ကိုရော... ။ -လောင်ချိတ်
26 نوفمبر, 05:25

ပြန်မလိုချင်တော့ဘူး ပြောပြီး ပြန်လာမလား စောင့်မျှော်နေတတ်တဲ့ မိုးတိမ်ဟာ ကိုယ်ပဲ။ -လင်းညီ
26 نوفمبر, 02:56

သည်ကမ္ဘာမှာ ဘုရားဟောရင်တောင် ကျွတ်တမ်းမဝင်မယ့် သတ္တဝါလေးတွေ ရှိတယ် ၊ ဘယ်လိုသတ္တဝါလဲဆိုတော့ "သူ ငါ့ကို တကယ်ချစ်တာကွ ၊ ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး " -လောင်ချိတ်
25 نوفمبر, 22:20

ယုံကြည် မှုသည်ကား ‎တည်ဆောက်ရတာ ကြာသလောက် ‎ပျက်စီးလွယ်လွန်းပါသည် ‎ ‎~ခန့်ထည်~
25 نوفمبر, 20:33

အမြတ်နိုးရဆုံး ကိုယ်ချည်နှောင်မိတဲ့ သံယောဇဥ်ကြိုးတစ်ချောင်းဟာ မင်းဖြစ်ကြောင်းသိစေချင်။ _ချစ်စံအိမ်
25 نوفمبر, 19:28

ကျွန်တော်တို့ တစ်တွေဟာ ငယ်ငယ်လေး ကတည်းကပင် အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ကြပါတယ်။ ငယ်ရွယ်စဥ်မှာ လူကြီးမြန်မြန်ဖြစ်ချင်ခဲ့ကြပြီး အသက
ကျွန်တော်တို့ တစ်တွေဟာ ငယ်ငယ်လေး ကတည်းကပင် အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ကြပါတယ်။ ငယ်ရွယ်စဥ်မှာ လူကြီးမြန်မြန်ဖြစ်ချင်ခဲ့ကြပြီး အသက်ကြီးလာတာနဲ့အမျှ ပြန်လည် ငယ်ရွယ်ချင်မိကြပါတယ်။ မရှိလို့ရှာရတာဟာ ခက်ခဲသူတွေအဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ မချစ်လို့ရှာရတာအတွက်တော့ ကျွန်တော်တို့ အားလုံးဟာ ဖြေဆေးမရှိနိုင်ပါ။ "မချစ်တော့လည်း အပြစ်" ဆိုသည့်အတိုင်း မည်သို့ပင် ဂရုစိုက် သူ့အကြိုက်လိုက်နေ​သော်လဲ၊ အပြစ်ပေါင်းတစ်သောင်းခြောက်ထောင်မှ မည်သို့မျှ မလွတ်နိုင်ပါ။(သူ၏အမြင်၌) ကိုယ်ချစ်ခင်မြတ်နိုးသူတွေအတွက်သာ ကျတော်တို့အများစုဟာ ကောင်းမွန်စွာ အသက်ရှင်နေပါသောကြောင့် သူ၏ဘက်မှ ဝေဒနါတွေ အပြစ်တွေ မည်သို့ပင် နယ်ချဲ့လာနေပါစေ ကျတော်တို့ လူးလှိမ့်ကြိတ်မှိတ်ရင်း အသက်ဆက်ရှင်သန်သွားမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။ -နတ်သျှင်နောင်
25 نوفمبر, 03:51
25 نوفمبر, ~03:51

ဘဝရုပ်ရှင်မှာ အချစ်ဇာတ်ကားတစ်ကား ရိုက်ခဲ့ဖူးတယ်။ မျက်ရည်ကျခန်းတွေ အများကြီးပါခဲ့ပေမဲ့ ပျော်ရွှင်တဲ့ဇာတ်သိမ်းကိုတော့ မရိုက်ကူးနိုင်ခဲ့ဘူး။ အကယ်ဒမီမရခဲ့လည်း နှစ်သိမ့်ဆုအဖြစ် မောင့်ဘေးမှာ ခဏလောက်နေခွင့်ရရင် ကျေနပ်ပါပြီ။ ဇာတ်ကားပြီးသွားရင်တောင် မောင့်ကို မေ့မရတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် မရဲ့နှလုံးသားထဲမှာ အမြဲကျန်နေခဲ့မှာပါ။ #𝓨𝓸𝓸𝓷𓂃
25 نوفمبر, 03:32

နှစ်စဉ်ကျင်းပတဲ့ပွဲတော်တစ်ခုကို ၄၊၅နှစ်မကျင်းပပဲနေပြီးး.... နောက်မှပြန်ကျင်းပတော့ကျ အရမ်းလူစီပြီး တစ်ပတ်လောက်စာမပို့ဖစ်၊ စကားမပြောဖစ်တာနဲ့ ဘာလို့လူတေက သွေးအေးသွားကြတာလဲဟင်......။ -ကောင်းကင်ခ
25 نوفمبر, 00:21

အချစ်ပွဲ အမြဲတမ်း ရှုံးပြီး... ဘယ်တော့မှ ဒူးမထောက်မယ့် ပွဲဟာ အချစ်ပွဲ ဖြစ်ခဲ့တယ် ။ -လောင်ချိတ်
24 نوفمبر, 22:20