es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

"အက္ခရာခူး" စာတို 🌺

"အက္ခရာခူး" စာတို 🌺

Ir al canal en Telegram

"လွမ်းစရာတွေ အရာရာဖြစ်ခဲ့ပြီ " @solixcoin

Mostrar más
9 873
Suscriptores
-424 horas
+117 días
-10030 días
Archivo de publicaciones
အိပ်မက်တွေက ကြီးမားလေလေ ကြုံရတဲ့ စိန်ခေါ်မှုတွေကခက်ခဲလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ပြီး တစ်လှမ်းချင်းစီ ဆက်လျှ
အိပ်မက်တွေက ကြီးမားလေလေ ကြုံရတဲ့ စိန်ခေါ်မှုတွေကခက်ခဲလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ပြီး တစ်လှမ်းချင်းစီ ဆက်လျှောက်သွားပါ။" Ⓜချည်ခရာ

မင်းကို မချစ်ချင်ဘူး ချစ်မိသွားတာထက် ပိုဆိုးတဲ့အရာတစ်ခု ဖြစ်နေပြီ။ မင်းမရှိတဲ့ညတွေမှာ ငါ့စိတ်က ငါ့ကိုတောင် မမှတ်မိတော့ဘူး။ မင်းက အချစ်မဟုတ်ဘူး… အစွဲပဲ။ -𝙂𝙝𝙚𝙞𝙨𝙮𝙖

တစ်ကမ္ဘာလုံးက... ကျနော်ကို ကြည့်မရလောက်အောင်ဖြစ်တဲ့ အထိ... မမကို ကျနော် ချစ်ပါတယ်...။ လောင်ချိတ်

ရာသီဘယ်လိုပြောင်းပြောင်း ပန်းတွေ ဆက်ပွင့်နေတယ်။ ရိုမန်တစ်ဆန်တဲ့ နွေဦးမှာဖြစ်ဖြစ်၊ ပူပြင်းတဲ့ နွေမှာဖြစ်ဖြစ်၊ အေးချမ်းတဲ့ ဆောင်းဦးမှာဖြစ်ဖြစ်၊ အေးခဲတဲ့ ဆောင်းမှာဖြစ်ဖြစ် ပန်းတွေဟာ ဖြူစင်ကြည်လင်တဲ့ စိတ်ခံစားမှုနဲ့ သိပ်လှတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောနေတယ်။ ▪️နိုင်းနိုင်းစနေ

တစ်ခါက ရခဲ့ပြီးသား ချစ်သူတစ်ဦးဆီက ချစ်ခြင်းမေတ္တာတို့ဟာ တစ်သက်စာ နေထိုင်ဖို့ လုံလောက်ခဲ့ရပါတယ်...။ ။ ။ - လောင်ချိတ်

ရင်နင့်အောင် ချစ်ခဲ့၍ ကမ္ဘာမကြေ မုန်းခဲ့သည်။ အချစ်ဆုံးသူကို ပြပါဆို မင်းကိုပဲ လက်ညှိုးထိုးပြမိတဲ့ ငါ့ကို ခုချိန်ထိ လာမေး… “အမုန်းဆုံးနဲ့ အကြောက်ဆုံးက ဘယ်သူလဲ” လို့လေ။ ငါ့လက်ညှိုးထိမိတာ မင်းဖြစ်သွားပြီထင်တယ်။ ငါ့မေတ္တာ ပေးခဲ့မိတာ လူမှားသွားပြီ။ ငါ့အချစ်ဆုံးလူကလည်း မင်းဖြစ်ခဲ့ပြီ၊ အမုန်းဆုံးလူကလည်း မင်းပဲ။ ဂုဏ်ယူလိုက်စမ်းပါ… မင်း ဂုဏ်ယူလိုက်စမ်းပါ။ — မောင်ကြယ်

ဝေးပြီ… မမရေ… မောင်တို့ တကယ်ဝေးရပြီ။ ဒီအမှန်တရားကို ကျနော် ရင်နာနာနဲ့ လက်ခံလိုက်ရတော့မလား… ကျနော်တို့ ပြန်ဆုံဖို့ဆိုတာ အသင်္ချေ ဘယ်လောက်နဲ့၊ ကမ္ဘာ ဘယ်လောက်အထိ စောင့်ရမလဲ မမရယ်… ကျနော် စောင့်ပါ့မယ်။ ဒါပေမဲ့… ကွာဝေးခြင်းဆိုတဲ့ အရာကြီးကိုတော့ ကျနော် အရမ်းမုန်းမိတယ်… — မောင်ကြယ်

မိသားစုကစွန့်ပစ်တယ် အပေါင်းအသင်းတွေကစွန့်ပစ်တယ်ဒါကြောင့်ကိုယ်ချစ်တဲ့အမိစွန့်မပစ်အောင် နေထိုင်ပေးခဲ့တာပါ အဘယ်ကြောင့် ကိုယ့်ကို ထားသွားရက်တာလဲအမိ #ဦးယာ

အချစ်မှာ မျက်စိရှိမရှိ    ကျွန်တော်မသိဘူးဒါပင်မဲ့ ကျွန်တော်သိတဲ့ အချစ်ကတော့    မျက်မှန်လေးနဲ့ - ဝီလျံ

ခုထိချစ်ခဲ့တာလားလို့မေးရင်ဟုတ်ကဲ့ကျွန်တော်အသက်တမျှချစ်ခဲ့ပါတယ် ပြန်လည်းလိုချင်ပါတယ် အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် ကိုယ်အစကနေပြန်ပီးပိုးပါမယ်အမိ #ဦးယာ

တကယ်တမ်းကျသူသာနောက်တယောက်နဲ့တွဲမြင်ရင် သတ်မယ်ဖြတ်မယ်နဲ့ တလောကလုံးကိုပေါက်ကွဲမယ်ဆိုတဲ့လူလည်း တကယ်လည်းကြုံရတော့ စီးကရက်တလိပ်တောင် မီးမညှိ နိုင်တော့ပါလား #ဦးယာ

လူတောင်းပွဲစပြီး📢
❗️❗️❗️❗️❗️❗️❗️ GP မှ😝 💞ချစ်သူ  🙅‍♀️သူငယ်ချင်း Game ဆော့ဖော်ဆော့ဖက်ရှာဖွေသူတွေအားလုံး ။😊 လူတောင်းချင်ရင် VC (voice chat)တောင်းနိုင်သလို Owner နဲ Admin တွေရဲ့ DMမှာလဲ လျှို့ဝှက်စွာ လာပြောလို့လည်း ရပါတယ်ရှင့်။ 💌"ဖိတ်ကြားခြင်း"💌 "C O F F E E PU PU မှ စီစဉ်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် လာရောက် ပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။🤩 🌟Gp  Link: https://t.me/+6B9zaXZiLmBmYjM9

ကိုယ်တို့တွေ့ခဲ့တဲ့အချိန်တွေ နေ့ရက်တွေ ပို့ခဲ့တဲ့စာလေးတွေ ဖုန်းပြောဖြစ်ခဲ့တာလေးတွေကအပေါ်ယံမှမဟုတ်ခဲ့တာ တစ်နေ့တော့ဒီလိုအချစ်မျိုးလေးနဲ့ ပြန်ချစ်ပေးချင်ပါတယ် မင်းသာ ကိုယ့်ဆီပြန်လာခဲ့ရင်ပေါ့။ #ဦးယာ

အသည်းကွဲပြီး လွင့်မျောနေရမှာ နောင်တ နဲ့ နာကျင်စွာ ခရီးရောက်သွားမှာ ဘေဘီရယ် ပြန်လာပါ မိုးလေကင်းလွတ်တာနဲ့ သက်တံ့လိုပြန်လာပါ...။                      #Min

သံသရာတစ်ထောင့်မှာ ပြန်ဆုံချင်တယ်… ကံကုန်လို့ ဝေးရတာပဲဖြစ်ဖြစ်၊ မချစ်လို့ပဲ ဝေးရတာဖြစ်ဖြစ် ပြန်ဆုံချင်တယ်။ အကယ်၍ ပြန်ဆုံခဲ့ရင်လည်း မင်းရဲ့အကြည့်၊ အပြုံးတွေကို အရင်ကလိုပဲ ပြန်ရင်ခုန်မယ်။ ဒီတစ်ဘဝ မဆုံနိုင်ခဲ့ရင်တောင် နောက်တစ်ဘဝမှာတော့ ပြန်ဆုံခွင့်ရချင်တယ်… အဲ့တော့… အချစ်ရယ် တို့တွေ သံသရာတစ်ထောင့်မှာပဲဖြစ်ဖြစ် ပြန်ဆုံကြမယ်။ — မောင်ကြယ်

ထားခဲ့မယ်လို့ မပြောပဲ ခဏလေးနေခဲ့ဦး လို့ပဲ ပြောပေးပါလားအချစ်ရယ် ပြန်မလာမှန်းသ်ိပေမဲ့လဲ ငါ့နှလုံးသားက်ိုငါ့ကိုယ်တိုင် အတ္တနဲ့ငြင်းဆန်ပြီး ဒီလမ်းခွဲခြင်းရဲ့ ခါးသီးမှုကို ခဏတာလိမ်ညာမှုလေးနဲ့ပဲ သက်သာခွင့်ပေးချင်လို့ပါ။ -kay

ဘဒ္ဒကမ္ဘာမှာ အသက်သမျှပါဆိုပီး ချစ်တဲ့ကောင်တွေလဲ နောက်ဆုံးတော့ အဝေးက ငေးရတာပါဘဲ... ▪️𝐳𝐞𝐞

မြို့ပြရဲ့ အပြိုင်အဆိုင်တွေနဲ့ ပင်ပန်းလာသမျှ သူ့ဆီက လာတဲ့ ရိုးသားတဲ့ ဂရုစိုက်မှု၊ နွေးထွေးတဲ့ စကားသံလေးတွေ ကြားလိုက်ရရင်ပဲ အမောတွေ ပြေသွားရတာ။ အညာသားလေးရဲ့ စိတ်ဓာတ်ခိုင်မာမှုက မြို့သူလေး ငါ့အတွက်တော့ အခိုင်မာဆုံး သစ်ပင်ကြီးတစ်ပင်ပါပဲ။ -ချည်ခရာ

စကားတွေ အများကြီးမပြောဖြစ်ရင်တောင် မောင် ဘေးနားမှာ ရှိနေပေးရုံနဲ့တင် ငါ့အတွက်တော့ အားဆေးတစ်ခွက်ပါပဲ။ -ချည်ခရာ

"တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါကျရင်တော့... သိရက်နဲ့ လျစ်လျူရှုခံရတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင် အေးစက်စက်နဲ့ နာကျင်ရသလဲဆိုတာ အစ်ကို နာသွားမှာပါ..." -ချည်ခရု

"အက္ခရာခူး" စာတို 🌺 - Estadísticas y analítica del canal de Telegram @sadness099