9 931
订阅者
-224 小时
-327 天
-10230 天
帖子存档
9 930
ကိုယ့်ကို မချစ်ပေးနိုင်တာ
သိသိကြီးနဲ့တောင် နောက်ဆုံးချိန်ထိ
ကောက်ရိုးတစ်မျှင်စာလောက်
မျှော်လင့်နေမိတုန်း....။
-ခဲတံ
9 930
ပကာသနမပါတာ ကလွဲရင်
ပေးခဲ့တဲ့ မေတ္တာ တွေက
စစ်မှန်ပါကြောင်း....နဲ့
အချစ်ကံက မကောင်းတော့...
အသစ်တဖန်..လာတောင်းခဲ့ရင်တောင်...
အချစ်ဒဏ်ကမင်းကိုပဲ..သက်ရောက်မယ်တဲ့။
_ငြိမ်းချမ်း!
9 930
ကံကံ၏အကျိုးနဲ့ကံဆိုတာက
လူလုပ်မှဖြစ်လာတဲ့အရာမို့
မင်းနဲ့ငါ့ရဲ့နှစ်ဦးကြားက
အေးစက်သွားခဲ့တဲ့
ဆက်ဆံရေးတစ်ခုအတွက်
ကံကြမ္မာကြီးကိုလည်း
အပြစ်မဖို့လိုတော့ပါဘူး
သူလဲပျော်ရွှင်ပါစေ
ကိုယ်လဲလွတ်မြောက်ပါစေပေါ့....
-Dee Dee
9 930
ပျော်ချင်ရင် ပေးရတယ်
ရယူချင်စိတ် မမွေးရဘူး
ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ်
မျှော်လင့်ချက် ဖျောက်နိုင်မှ
တကယ် ပျော်ရတာ ။ ။
- ခွန်ဟိဏ်း
9 930
ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်နဲ့အတူရှိရမှ
ဖြည့်ဆည်းပေးလိုစိတ် ၊ ကာကွယ်လိုစိတ်
ဖြစ်လာတာမဟုတ်ပါဘူး ။
ဘယ်သူနဲ့ပဲရှိရှိ ဘာလေးပဲလိုလို
စိတ်ချမ်းသာစေချင်တာ ၊
ဘာလေးနေနေဖြည့်ဆည်းပေးချင်တာ ၊
အဝေးကနေဆိုလည်း ကာကွယ်ပေးချင်တာ
ဒါတွေဟာ မေတ္တာပဲ ။
သိတယ်မလား အချစ်ကြီးပဲဆို
ရယူလိုမှုနဲ့ပူလောင်တယ်လေ
အနောက်ကမေတ္တာလေးကလဲရှိဦးမှ …။
-မယ်ညို
9 930
သိပ်ချစ်တဲ့အကြောင်းလေး
ကြားချင်တယ်
ငါ့ဘဝနဲ့ရင်းပြီး တောင်းဆိုမယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
9 930
"ငါတို့ ဝေးသွားကြတာဟာ
အချစ်တွေ ကုန်သွားလို့ မဟုတ်ပါဘူး၊
တစ်ယောက်အပေါ်တစ်ယောက်
နားလည်ပေးနိုင်စွမ်းတွေ
ကုန်ဆုံးသွားခဲ့ကြလို့ပါ။"
#Crd
9 930
"ညဉ့်နက်လေ... သတိရခြင်းက ကျယ်လောင်လေပဲ၊
အိပ်မက်ထဲမှာတောင် မင်းနာမည်ကို
တိုးတိုးလေး ရေရွတ်မိဆဲ။"
#Crd
9 930
ဒီ 💘roup လေထဲ အစီစဥ်လေးရှိပါ
တယ်ရှင့်
😯ဘာအစီစဥ်လေးလဲဆိုတော့...
🤩လူ⭐⭐ ထည့်ရုံနဲ့
ဖုန်းဘေလ် 💘💘💘💘ယူ
🧋ခုစနေပါပြီး ဝင်ရောက်ပြီးလာယူလို့ရပါပြီးရှင့်💐
https://t.me/+McZ8jrlkKKY5OThl
9 930
သူမရှိလို့မဖြစ်တာတော့ မဟုတ်ပါဘူး
ဒါပေမဲ့ သူရှိနေရင် ပိုပျော်တယ်။
သူမပါလည်း သွားရမဲ့လမ်းပါပဲ
ဒါပေမဲ့ သူလိုက်လာတဲ့အခါ ပိုလုံခြုံတယ်။
ဒီတိုင်းလည်း ဘဝက ပုံမှန်ပါပဲ
ဒါပေမဲ့ သူရှိရင် သိပ်ကောင်းမှာပဲဆိုပြီး
လိုအပ်နေတဲ့ စိတ်ကလေးတော့ရှိတယ်။
#su
#Crd
9 930
"အိုစာသွားတဲ့ အမှတ်တရတွေကြားမှာ
မင်းရဲ့ အပြုံးလေးတွေကတော့
အမြဲတမ်း သစ်လွင်နေတုန်းပဲ။"
#Crd
9 930
တစ်ချို့အရာတွေ အပေါ်မှာ
အရမ်းကြီး ခံစားပြီး
ပျော်ရွှင်မှုတွေ ပျောက်မသွားစေနဲ့ဦး။
မင်းကို ဆုံးရှုံးရလို့
ဘယ်သူကများ
တကူးတက
ဝမ်းနည်းကြဖူးလို့လဲ။
#su
#Crd
9 930
အဝေးကြီးဆီ ရေးတဲ့စာ
တနေ့တာ ပင်ပန်းခဲ့သမျှ
စိတ်အေးလက်သာ အနားယူပါ။
ညခင်းတွေမှာ ပျော်အောင်အိပ်ပါ။
ကိုယ့်သတိရခြင်းတွေဟာ
မင်းဆီမှာ ...
လေပြေညှင်းလို လာအေးပါစေ။ ။
▪️ပိုပိုဖီးနစ်
9 930
တစ်စုံတစ်ယောက်ကို အများကြီး
မျှော်လင့်ထားပြီးမှ သဲထဲရေသွန်
ဖြစ်သွားတဲ့ အခိုက်အတန့်တွေမှာ
ကိုယ်ဘယ်လောက်ထိ ပြိုလဲခဲ့ရသလဲ
ဆိုတာ ပြန်မမှတ်မိချင်တော့ဘူး"။
_ငြိမ်းချမ်း!
9 930
စပြီးငြိတွယ်လာခဲ့တာ အဲ့အမျိုးသားပါ ၊
ဆက်ချစ်နေရတာတော့ ကိုယ်ဖြစ်နေတယ် ။
ဪ ....ချစ်မိလိုက်ပုံများ
တစ်ခြားအမျိုးသမီးနဲ့သာယာနေတာတောင်
စိတ်မနာနိုင်လောက်တဲ့အထိပဲ ..၊
ဝဋ်လည်ပုံကြီးကလည်းဆန်ကြယ်လိုက်တာဗျာ ။ ။
#su
9 930
သူစိတ်ညစ်တဲ့အကြောင်း
ကြားတဲ့အခါ ကိုယ်ပါ စိတ်မောရပြီး
သူ့ရယ်သံတွေကို ကြားရတဲ့အခါ
ကိုယ်ပါ လိုက်ပြုံးမိတာဟာ
ချစ်ခြင်းမေတ္တာပဲ။
#su
#Crd
9 930
အေးချမ်းခြင်းရပ်ဝန်းငယ်
မုန်တိုင်းထန်တဲ့ လောကအပြင်မှာ
ပင်ပန်းနွမ်းနယ် သမျှတွေကို
ခဏတာ မေ့ဖျောက်လို့...။
သစ်ရွက်ကလေးတွေ လှုပ်ခတ်သံနဲ့
လေပြေနုနု အေးအေးလေးက
ရင်ထဲထိ စီးဝင်လာတယ်။
ဒီနေရာလေးမှာ...
ပြိုင်ဆိုင်ခြင်းတွေ မရှိဘူး
ပူပန်ခြင်းတွေ မရှိဘူး။
တိတ်ဆိတ်ခြင်းရဲ့ အနိဋ္ဌာရုံ မဟုတ်ဘဲ
စိတ်ရဲ့ ငြိမ်းအေးမှုကို
အပြည့်အဝ ခံစားရတဲ့
ငါ့ရဲ့... သီးသန့် ကမ္ဘာငယ်ပေါ့။
အိမ်မက် မဟုတ်တဲ့ ဒီရပ်ဝန်းမှာ
အမောအပန်းတွေကို ဖြေလျှော့လို့
စိုးရိမ်မှုမရှိ... အိပ်စက်ခွင့်ရပြီ။
_ ငြိမ်းချမ်း!
9 930
လမ်းခွဲခြင်းမှာ အခက်ဆုံးက
သူ့ကို လက်လွှတ်ရခြင်း မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်မှု မပေးနိုင်ခြင်း၊
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာမတွေ့ခြင်းရယ်ပါ။
#su
