ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 485 подписчиков, занимая 15 905 место в категории Новости и СМИ и 10 046 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 485 подписчиков.

Согласно последним данным от 30 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -219, а за последние 24 часа — -6, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.80%. В первые 24 часа после публикации контент обычно набирает 6.61% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 224 просмотров. В течение первых суток публикация набирает 825 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 01 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 485
Подписчики
-624 часа
-117 дней
-21930 день
Архив постов
🇦🇫 💥 🇵🇰 "တာလီဘန်တစ်ဦးက ပါကစ္စတန်စစ်ဆေးရေးဂိတ်တစ်ခုကို အသေခံဗုံးခွဲတိုက်ခိုက်" တာလီဘန် အသေခံဗုံးခွဲသမားတစ်ဦးသည် ပါကစ္စတန်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပုံကို လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွင် တွေ့ရသည်။ ၎င်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ လူအုပ်စုဆီသို့ ချဉ်းကပ်သွားပြီးနောက် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးကာ အခြား ၂ ဦးဒဏ်ရာရရှိခဲ့သည်။ NOM

ငါးဇွန်မြို့နယ်၊ ရွာစိုက်ကျေးရွာသို့ လမ်းလျှောက်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bom
ငါးဇွန်မြို့နယ်၊ ရွာစိုက်ကျေးရွာသို့ လမ်းလျှောက်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bomb ချတိုက်ခိုက် NOM ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာနေ မောင်ဝေလင်းဦး (၁၉) နှစ်သည် ပေါက်စိမ်းကျေးရွာမှ ရွာစိုက်ကျေးရွာသို့ ခြေလျင် သွားရောက်စဉ် ရွာစိုက်ကျေးရွာအနီးအရောက် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်သားချဉ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်သားချဉ်ကျေးရွာနေ ဦးထွန်းဝေ (၆၄) နှစ်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ ကျေးရွာအနီးရှိ ၎င်းပိုင်လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

စစ်ကိုင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါ
+4
စစ်ကိုင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါးပျံလွန်တော်မူပြီး လေးပါးဒဏ်ရာရ NOM ဖေဖော်ဝါရီလ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံရပ်ကွက်ရှိ ဆန္ဒာရာမသီလရှင်ကျောင်းတိုက်မှ ကျောင်းထိုင်သီလရှင် ဒေါ်ယုစန္ဒာ (၅၃) နှစ်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်၌ ၎င်းကျောင်းတိုက်မှ သီလရှင် ၁၄ ပါးနှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် ရွှေဘို မြို့နယ်မှ စစ်ကိုင်းမြို့နယ်ဘက်သို့ စစ်ကိုင်း-ရွှေဘိုကားလမ်းအတိုင်း ထွက်ခွာလာစဉ် ဆားတောင် မြို့နှင့် ကျားမင်းကြီးကျေးရွာကြားအရောက် ကားလမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းနှစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် သီလရှင် မကုလာစာရီ (၁၃) နှစ်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူ သွားခဲ့ပြီး သီလရှင် မခေမာသင်္ဂီ (၁၂) နှစ်၊ မဝိမလ (၁၃) နှစ်၊ မပညာဝတီ (၁၂) နှစ်နှင့် မကုလာရီ (၁၂) နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား စစ်ကိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM.World News
🇦🇫🔥🇵🇰 အာဖဂန်နစ္စတန်-ပါကစ္စတန် စစ်ပွဲနှင့် ပတ်သက်၍ ရုရှားဒဿနပညာရှင် ဒူဂင် ၏အမြင် - 👉 ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အကြား အပြည့်အဝစစ်ပွဲတစ်ရပ် ဖြစ်ပွားနေပြီဖြစ်သည်။ ပါကစ္စတန်၏ အနောက်ဘက်ဒေသများဖြစ်သော မျိုးနွယ်စုနယ်မြေများတွင် အာဖဂန်နစ္စတန်၏ အဓိကလူမျိုးစုဖြစ်သည့် ပါရှတွန် (Pashtun) များ အများစုနေထိုင်ကြသည်။ တာလီဘန်တို့သည်လည်း အဓိကအားဖြင့် ပါရှတွန်များဖြစ်ကြပြီး ၎င်းတို့၏ အုပ်ချုပ်ရေးမှာ သလက်ဖီဝါဒ (Salafism) နှင့် ပါရှတွန်လူမျိုးစု၏ ဓလေ့ထုံးတမ်း (Pushtunwali) တို့ကို ပေါင်းစပ်ထားသည်။ ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းများစွာရှိပြီး မျိုးနွယ်စုနယ်မြေများတွင် အုပ်ချုပ်ရေးအာဏာနှစ်ရပ်တည်ရှိနေသည် — လူမှုအသိုက်အဝန်းများကို ပါရှတွန်များက အုပ်ချုပ်နေသော်လည်း စီမံခန့်ခွဲရေးနှင့် အဓိကအကျဆုံးဖြစ်သော စစ်တပ်မှာ အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) ၏ တိုက်ရိုက်လက်အောက်တွင်ရှိနေသည်။ 👉 ပြင်ပအင်အားစုများသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ပါကစ္စတန်သည် တရုတ်အပေါ် အများအပြား မှီခိုနေရပြီး အာဖဂန်နစ္စတန်ကမူ အိန္ဒိယကို ထောက်ခံသည်။ တစ်နည်းအားဖြင့် ဤသည်မှာ အစ္စလာမ်ကမ္ဘာအတွင်း ဖြစ်ပွားနေသော ယဉ်ကျေးမှုအင်အားကြီးနှစ်ခုဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့အကြားမှ ကြားခံစစ်ပွဲတစ်ခုဖြစ်သည်။ 👉 ရုရှားသည် ဤနေရာတွင် ထူးခြားသော အနေအထားတွင် ရှိနေသည်။ ကျွန်ုပ်တို့ (ရုရှား) သည် တရုတ်၊ အိန္ဒိယတို့နှင့်သာမက ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့နှင့်ပါ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိသည်။ 👉 ဤအချက်သည် ရုရှားအတွက် ငြိမ်းချမ်းရေးဖျန်ဖြေသူအဖြစ် ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်စေသည်။ ပါကစ္စတန်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုမှာ ယခင်ကထက် သိသိသာသာ လျော့နည်းသွားပြီ။ အနောက်အုပ်စု၏ အကူအညီဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အင်မရန်ခန်း လက်ထက်တွင် ပါကစ္စတန်သည် အပြည့်အဝ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာရန် အမှန်တကယ် ကြိုးပမ်းခဲ့သည်။ 👉 မူအားဖြင့် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စစ်ဆင်နွှဲမည်ဆိုလျှင် အာဖဂန်-ပါကစ္စတန် ပဋိပက္ခသည် ပိုမိုကြီးမားသော အာရှစစ်ပွဲကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သည်။ ပါကစ္စတန် သည် နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံဖြစ်သောကြောင့် အာဖဂန်နစ္စတန်အပေါ် နျူကလီးယားလက်နက် အသုံးပြုနိုင်ခြေမှာ သီအိုရီအရ ဖြစ်နိုင်ချေရှိသည်။ သို့သော် ပါရှတွန်လူမျိုးများကို အနိုင်ယူရန်မှာ သီအိုရီအရပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် တောင်တန်းများထဲတွင် လူစုခွဲပျောက်ကွယ် သွားနိုင်ပြီးနောက် ခန့်မှန်းရခက်သည့်နေရာများမှ ပြန်လည်ပေါ်ထွက် လာတတ်သည်။ ဤဝမ်းနည်းဖွယ် အမှန်တရားကို ကျွန်ုပ်တို့ (ရုရှား) ကိုယ်တိုင် ရုရှား-အာဖဂန်စစ်ပွဲအတွင်း ကြုံတွေ့ခဲ့ရဖူးသလို အမေရိကန်တို့လည်း အမေရိကန်-အာဖဂန်စစ်ပွဲတွင် ကြုံခဲ့ရပြီးဖြစ်သည်။ အာဖဂန်-ပါကစ္စတန် စစ်ရေးအခြေအနေကို ခြုံငုံကြည့်လျှင် ပိုမိုတင်းမာလာနေသည်။ NOM

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ကနျူကလီးယားလက်နက်များ ထပ်မံတိုးချဲ့ရန်ကတိပြု NOM မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ကနျူကလီးယားလက်နက်များ ထပ်မံတိုးချဲ့ရန်ကတိပြု NOM မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက မိမိနိုင်ငံ၏ နျူကလီးယားလက်နက် သိုလှောင်မှုကို တိုးချဲ့ရန် အာရုံစိုက်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရန် အလားအလာသည် ဝါရှင်တန်၏ သဘောထားအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေကြောင်း ပြောကြားခဲ့သည်။ ရှေ့ငါးနှစ်အတွက် အဓိက မူဝါဒပန်းတိုင်များ ချမှတ်လိုက်ချိန်တွင် အာရှနိုင်ငံ၏ "နိုင်ငံတကာ အဆင့်အတန်းသည် ထူးထူးခြားခြား မြင့်တက်လာသည်" ဟု ဆိုသည်။ "ကျွန်တော်တို့ရဲ့ အမျိုးသား နျူကလီးယား စွမ်းအားကို ပိုမိုချဲ့ထွင်ပြီး အားကောင်းစေဖို့၊ နျူကလီးယား နိုင်ငံတစ်နိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို စေ့စပ် စွာကျင့်သုံးဖို့ဆိုတာ ကျွန်တော်တို့ ပါတီရဲ့ ခိုင်မာတဲ့ ဆန္ဒပါပဲ" ဟု ကင်က ပြောကြားခဲ့သည်။ ကင်သည် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် "အမေရိကန်က ကျွန်တော်တို့နိုင်ငံဂုဏ်သိက္ခာကို လေးစားပြီး ထိပ်တိုက်ရင်ဆိုင်ရေး မူဝါဒကို ရုပ်သိမ်းမယ်ဆိုရင်ကောင်းကောင်း မွန်မွန် ဆက်ဆံလို့ရပါတယ်" ဟု ကင်က ပြောကြားခဲ့သည်။

Repost from NOM.World News
🇺🇸🇭🇳🇨🇺"အမေရိကန်အစိုးရ​၏ ညွှန်ကြားချက်ကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတက ၎င်းနိုင်ငံအတွင်း မျက်စိအခမဲ့ကုသပေးနေသည့် ကျူဘားဆရာဝန်များအဖွဲ့ကို နှင်ထုတ်" ဟွန်ဒူးရပ်စ်နိုင်ငံ၏ သမ္မတသစ်နက်စ်ရီ အက်စ်ဖူရာ က အမေရိကန်အစိုးရ၏ညွှန်ကြားချက်အရ နှင်ထုတ်ခဲ့သည့် ကျူးဘားဆရာဝန် များအတွက် ဟွန်ဒူးရပ်စ်ပြည်သူများက မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်ပွဲကျင်းပခဲ့ကြသည်။ အဆိုပါ ဆရာဝန်များသည် ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အခမဲ့မျက်စိကုသမှုပေးသော အော်ပရေးရှင်း မီရာကယ် (Operation Miracle) အစီအစဉ်တွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ NOM

ပလောင်အကြမ်းဖက်သူပုန် TNLA က ကိုးကန့်အကြမ်းဖက်အဖွဲ့ MNDAA နှင့်ဖြစ်သော ပဋိပက္ခကိုကူညီဖြေရှင်းပေးပါရန် ယူနန်ပြည်အစိုးရထံအသနားခ
ပလောင်အကြမ်းဖက်သူပုန် TNLA က ကိုးကန့်အကြမ်းဖက်အဖွဲ့ MNDAA နှင့်ဖြစ်သော ပဋိပက္ခကိုကူညီဖြေရှင်းပေးပါရန် ယူနန်ပြည်အစိုးရထံအသနားခံစာတင် NOM ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ သတင်းရင်းမြစ်များထံမှရသောအချက်အလက်များအရ ပလောင် အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင် တာဘုန်းကျော်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရထံသို့ ကိုးကန့်အကြမ်းဖက်အဖွဲ့နှင့် ဖြစ်ပွားနေသော စစ်ရေးပြသနာများကို ကြားဝင်ဖြေရှင်းပေးပါရန်အသနားခံစာပေးပို့ထားသည်ဟုသိရသည်။ ပလောင်အကြမ်းဖက် TNLA ကသူတို့ ချီးနိုင်ခွေးနိုင်နိုင်သော KIA အဖွဲ့ကို လုပ်သည့်ပုံစံအတိုင်း ကိုးကန့်အကြမ်းဖက် MNDAA အဖွဲ့ကိုသွားရောက်ရန်စရာ ကိုးကန့်အဖွဲ့ကပလောင်အကြမ်းဖက် ၁၉ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးလိုက်သည်။ ၁၈ ဦးကိုနောက်ပိုင်းတွင် ပြန်လွှတ်ပေးသော်လည်းခေါင်းဆောင်ဖြစ်သူ အကြမ်းဖက်ဗိုလ်ဆိုသူနှင့် လက်နက်များကိုပြန်မပေးသဖြင့် ယခုကဲ့သို့တရုတ်ထံအသနားခံစာတင်ထားခြင်းဟုသိရသည်။ NOM

🇺🇸🇮🇱 ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးက အစ္စရေးနိုင်ငံအတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများအနေဖြင့် လေကြောင်းလိုင်းများ ပုံမှန်ပြေးဆွဲနေဆဲဖြစ်သည့် ယနေ့တွင်ပင် ဖြစ်နိုင်ပါက အမြန်ဆုံးထွက်ခွာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ အရေးမကြီးသော သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုလည်း နိုင်ငံအတွင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်သည်။ NOM

သတ်မှတ်အချိန်ကာလအတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှနုတ်ထွက်ခဲ့သူများမှ ပြန်လည်နေရာချထားမှုခံယူလိုသူများအတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားကြောင်း၊ ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းထားရှိပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ NOM

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကျင်းပ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျဆင့်ခေါ်မှုကို အလေးထားရန်” လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့များအနေဖြင့်လည်း ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြု လက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ခု ဖွင့်လှစ်တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း။ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်း၊ ထို့အတူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်နေသူမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့်လည်းကောင်း၊ တစ်ဆင့်ကြားသိရသည့် သတင်းမှားများဖြင့်လည်းကောင်း တိုင်ကြားမှုများရှိနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်ကြောင်း၊ မမှန်မကန်တိုင်ကြားသဖြင့် တိုင်ကြားသူကို အရေးယူခဲ့ရသည်များလည်းရှိပြီး အရေးယူရန်ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်း၊ အလားတူ လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီစုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများတွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ရသည်များရှိ၍ စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာ စိစစ်ဆင့်ခေါ်ရန်လိုအပ်ကြောင်း။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများမှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေးကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ လက်ရှိအနေအထားတွင်လည်း အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေပါကြောင်း။ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့် ရေရှည်တွင်မှတ်တမ်းထည့်သွင်းမှုလွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်( National Service Information Management System - NSIMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သူများမှ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျ မှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့်ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကျင်းပ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကျင်းပ

မီဂန်ကယ်လီ (Megyn Kelly) - အိုကေ။ ဟီလာရီ ကလင်တန် (Hillary Clinton) က ဘယ်သူ့ကို သတ်ခဲ့တာလဲ။ တပ်ကာကားလ်ဆန် (Tucker Carlson) - သူ ကဒါဖီ (Gaddafi) ကို သတ်ခဲ့တာပေါ့။ အဲဒီကနေပဲ စလိုက်ရအောင်။ မိုမာ ကဒါဖီ (Muammar Gaddafi) လေ။ ပြောခဲ့သလိုပဲ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) က ဒါဖြစ်လာတော့မယ်ဆိုတာ ကြိုသိနေခဲ့တယ်။ ပြီးတော့ နာမည်ကျော် အီးမေးလ် အပြန်အလှန် ပေးပို့မှုတွေထဲမှာ လစ်ဗျားနိုင်ငံ ပြိုလဲမှုကနေ ငါတို့ ဘယ်လို အကျိုးအမြတ် ထုတ်မလဲဆိုတာကို ဆွေးနွေးနေခဲ့ကြတယ်။ ပြီးတော့ လစ်ဗျားနိုင်ငံ ပြိုလဲမှုကို တခြားသူတွေရော ကျွန်တော် (တာကာကာလ်ဆင်) ပါ လျစ်လျူရှုထားခဲ့ကြတာ။ ဘားရတ် အိုဘားမား (Barack Obama) က လစ်ဗျားကို ကဒါဖီလက်ကနေပြည်သူတွေဆီ ပြန်ပေးချင်တယ်၊ သူတို့က လွတ်လပ်ချင်နေကြတာဆိုပြီးပြောခဲ့တယ်။ ဒါဟာ ကဒါဖီက အမေရိကန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်မှာဖြစ်ခဲ့တာပါ။ ကဒါဖီက အမေရိကန် အစိုးရအတွက် ထောက်လှမ်းရေး အရင်းအမြစ်တစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့ ခိုင်းတာတွေကို လုပ်ပေးနေခဲ့တာပါ။ ဒါပေမဲ့ ဟီလာရီ ကလင်တန်က တခြားသူတွေရဲ့ ကိုယ်စားဆောင်ရွက်ပြီး သူ့ကို သတ်ဖို့ ကူညီခဲ့တယ်။ အဲဒါက ဘာလဲ။ ဘာကြောင့်လဲ။ မီဂန်ကယ်လီ - တခြားသူတွေလို့ ပြောတဲ့အခါ အစ္စရေးကို ဆိုလိုတာလား။ တပ်ကာကားလ်ဆန် - အစ္စရေးကို မဆိုလိုပါဘူး။ အဲဒါကို ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူက နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ သမ္မတ ဘားရတ် အိုဘားမားရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် တခြားသူတွေရဲ့ ကိုယ်စား ဆောင်ရွက်တာလို့ ဆိုလိုတာပါ။ ဒါပေမဲ့ နည်းနည်း ရူးကြောင်ကြောင်နိုင်တဲ့ ကဒါဖီ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံကို ဖျက်ဆီးလိုက်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးအမြတ် ရရှိသွားသလဲ။ကျွန်တော် ကဒါဖီဘက်က ကာကွယ်ပြောဆိုနေတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ အဲဒီတုန်းက (ကဒါဖီလက်ထက်) လစ်ဗျားဟာ နယ်နိမိတ်တွေ၊ စစ်တပ်တွေနဲ့ စနစ်တကျ ရှိနေသေးတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အခုတော့ ပရမ်းပတာ ဖြစ်နေတဲ့ ကျွန်စနစ်တွေ ကျင့်သုံးနေတဲ့ အရိုင်းအစိုင်းနယ်မြေတစ်ခု ဖြစ်သွားပြီ။ အဲဒါကို ဘာလို့ လိုချင်ကြတာလဲ။ ဘယ်သူက အကျိုးအမြတ်ရသွားတာလဲ။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်တစ်ခုပါ။ကျွန်တော်တို့နဲ့ အဝေးကြီးမှာ ဖြစ်နေလို့ သတိမထားမိကြတာ။ အစိုးရတစ်ရပ်ကို ဖယ်ရှားပြီး ပရမ်းပတာ အခြေအနေတွေကို ချန်ထားခဲ့တာဟာ ဘာကို ဆိုလိုတာလဲ။ လူသန်းပေါင်းများစွာ ဒုက္ခရောက်ပြီး သေဆုံးရမယ်ဆိုတာကို ဆိုလိုတာပါ။ ဒါပေမဲ့ တချို့ကတော့ အဲဒီကနေ အကျိုးအမြတ်ရကြတယ်။ အဲဒါဟာ အတော်လေးကို ယုတ်မာတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ Megyn Kelly (မီဂန်ကယ်လီ) နှင့် Tucker Carlson (တပ်ကာကားလ်ဆန်) တို့သည် မည်သူများနည်း? Megyn Kelly (မီဂန်ကယ်လီ)- သူမသည် အမေရိကန် သတင်းထောက်၊ ရှေ့နေနှင့် မီဒီယာလောကတွင် ထင်ရှားသူတစ်ဦး ဖြစ်သည်။ သူမသည် Fox News ရုပ်သံလိုင်းတွင် သတင်းတင်ဆက်သူအဖြစ် အလွန် လူသိများခဲ့ပြီး နောက်ပိုင်းတွင် NBC သတင်းဌာနသို့ ပြောင်းရွှေ့ခဲ့သည်။ လက်ရှိတွင် သူမသည် "သည်မီဂန်ကယ်လီရှိုး" (The Megyn Kelly Show) အမည်ရှိ ကိုယ်ပိုင် Podcast နှင့် အစီအစဉ်ကို လုပ်ကိုင်နေသည်။ Tucker Carlson (တပ်ကာကားလ်ဆန်) - သူသည် အမေရိကန် နိုင် ငံရေး ဝေဖန်သုံးသပ်သူနှင့် စာရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ Fox News ရုပ်သံလိုင်းတွင် နာမည်ကြီးညစဉ် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သော "တပ်ကာကားလ်ဆန်တူနိုက်" (Tucker Carlson Tonight) ကို တင်ဆက်ခဲ့သူဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံရေးနှင့် ပတ်သက်၍ ပြတ်သားပြီး လူသိများကာ လက်ရှိတွင် ကိုယ်ပိုင်မီဒီယာကွန်ရက်ဖြင့် လုပ်ဆောင်နေသည်။ NOM

ဖေဖော်ဝါရီလ၂၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ပါကစ္စတန်ကအာဖဂန်နစ္စတန်ကိုစစ်ကြေညာပြီးမြို့တော်ကဘူးလ်နှင့်ကန်ဒါဟာရှိတာလီဘန်စစ်စခ
+1
ဖေဖော်ဝါရီလ၂၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ပါကစ္စတန်ကအာဖဂန်နစ္စတန်ကိုစစ်ကြေညာပြီးမြို့တော်ကဘူးလ်နှင့်ကန်ဒါဟာရှိတာလီဘန်စစ်စခန်းများကိုလေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်။ပါကစ္စတန်ကတာလီဘန်စစ်သား၇၂ဦးသေပြီး၁၂၀ဒဏ်ရာရသည်ဟုကြေညာသလိုအာဖဂန်နစ္စတန်ကလည်းနယ်စပ်ရှိပါကစ္စတန်စခန်း၁၉ခုကိုဖျက်ဆီးခဲ့ ပြီးပါကစ္စတန်စစ်သား၅၅ဦးကိုသုတ်သင်နိုင်ကြောင်းကြေညာသည်။(ဓါတ်ပုံ) ၂။အာဖဂန်နစ္စတန်လေပိုင်နက်အတွင်းဝင်လာသောပါကစ္စတန်လေယာဥ်တစ်စီးကိုပစ်ချလိုက်ကြောင်းအာဖဂန်နစ္စတန်ကကြေညာသည်။ ၃။ပါကစ္စတန်နယ်ခြားစောင့်တပ်စခန်းများကိုတာလီဘန်တို့ကအပြင်းအထန်တိုက်ခိုက်နေပြီးတာလီဘန်စစ်ကူများကိုလည်းနယ်စပ်သို့အလုံးအရင်းဖြင့်ပို့​ဆောင်လျက်ရှိသည်။(ဗီဒီယို) ၄။မြန်မာနိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော် အွန်လိုင်း အရှုပ်တော်ပုံများ၏ နောက်ကွယ်မှ အဓိကရာဇဝတ် ဂိုဏ်း နှစ်ခုကို “လုံးဝဖျက်သိမ်းလိုက်နိုင်ပြီ” ဟု တရုတ်နိုင်ငံ၏ တရားရုံးချုပ်က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၆)တွင် ပြောကြားခဲ့ပြီး လူ ၁၆ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ ၅။ထိုင်းစစ်သားတစ်ဦးသည်ယနေ့နံနက်ကမြေမြှုတ်မိုင်းနင်းမိပြီးညာဖက်ခြေထောက်ပြတ်သွားသည်။ထိုင်းနှင့်က မ္ဘောဒီးယားနယ်စပ်တွင်လည်းပစ်ခတ်မှုများပြန်လည်ဖြစ်လျက်ရှိသည်။

နေပြည်တော်-မန္တလေး အမြန်လမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦးသေဆုံးသုံးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ နေပြည်တော်-မန္တလေး အမြန်လ
နေပြည်တော်-မန္တလေး အမြန်လမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦးသေဆုံးသုံးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၄/၃) နှင့် (၂၄၄/၄) ဖာလုံကြားတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၆ရက်)ညနေ၆နာရီ၂၀မိနစ်ခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်တိုက်မိရာ အမျိုးသားသုံးဦးဒဏ်ရာရှိပြီးအမျိုး သမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာနေပြည်တောမှမန္တလေးသို့သွားသည့် ကိုယ်ပိုင်ယာဉ်တစ်စီးသည် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၄/၃) နှင့် (၂၄၄/၄) ဖာလုံကြားတွင် မောင်းနှင်နေစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကုက္ကို ပင်အား ဝင်တိုက်မိ ခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးဒဏ်ရာရှိပြီးအမျိုးသမီးတစ်ဦးသေဆုံးတို့အား ဘုရားတောင်အမြန်လမ်းရဲစခန်းမှသူနာတင်ယာဉ်တစ်စီး၊ ဖြူစင် မေတ္တာပရဟိတအသင်းမှ သူနာတင်ယာဉ်တစ်စီးတို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

YBS ယာဉ်မောင်း ၁၀၇ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့် NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ ရန်ကုန်တိုင်းအတွင်းပြေးဆွ
YBS ယာဉ်မောင်း ၁၀၇ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့် NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် YBS ယာဉ်မောင်း(၁၀၇) ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့်မှုအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)  ရုံးချုပ်၌ ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) ၊ နံနက် ၁၀ နာရီတွင်ကျင်းပခဲ့ ကြောင်းသိရသည်။ "ယနေ့ချီးမြှင့်တဲ့ဆုများဟာ မိမိတို့ရဲ့ကျေးဇူး ရှင်များ ဖြစ်တဲ့ခရီးသွားပြည်သူလူထု၏အသက် အန္တရာယ်နှင့် လုံခြုံရေးကို အလေး ထားဆောင် ရွက်နိုင်တဲ့ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးအတွက် စံပြယာဉ်မောင်းများ နဲ့ မိမိရဲ့အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ ခါးပိုက်နှိုက် တစ်ဦးအား ဖမ်းဆီး ရရှိ၍ ရဲစခန်းသို့ အပ်နှံခဲ့သော တာဝန်ကျေပွန်ဆုတို့ကို ယနေ့ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်"လို့ YRTC ၏ ဒုဥက္ကဌဖြစ်သူကမိန့်ခွန်းပြောကြားခဲ့သည်။

🇦🇫🔥🇵🇰"တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကို အိန္ဒိယရဲ့ ကိုလိုနီနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးက အကြမ်းဖက်သမားတွေကို အာဖဂန်နစ္စတန်မှာ စုစည်းပေးထားပြီး အကြမ်းဖက်ဝါဒကို ပြန်လည်ဖြန့်ဖြူးနေကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြည်သူတွေကိုလည်း အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးအောင် လုပ်ဆောင်နေကြတယ်" ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ် က ပြောကြားခဲ့သည်။ NOM

Repost from NOM.World News
ဒူဘိုင်းမှာ ထုတ်ဖော်ပြသခဲ့တဲ့ Uber Air Taxi ဖြစ်ပါတယ်တဲ့။ မောင်းနှင်သူနဲ့ အခြားသူ ၄ ဦး လိုက်ပါနိုင်တယ်လို့ ဆိုပါတယ်။ Uber App ကနေ တဆင့် booking လုပ်နိုင်မှာဖြစ်ကာ အိမ်တိုင်ရာရောက ခရီးစဉ်အစီအစဉ်ကို ဖန်တီးပေးမယ်လို့လည်း သိရပါတယ်။ ထုံးစံအတိုင်း ဘယ်ကိုသွားမလဲဆိုတာကို ရွေးချယ်ရုံဖြစ်ပြီး စီးနင်းနေသူတွေက တချက်နှိပ်ရုံနဲ့ ခရီးစဉ်ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး ယာဉ်ဖြစ်ပြီး တနာရီကို မိုင် ၂၀၀ အထိ မြန်နှုန်းရောက်ရှိပြီး တကြိမ်အားသွင်းတိုင်း မိုင် ၁၀၀ လမ်းကြောင်းတွေကို ပြေးဆွဲနိုင်တယ်လို့ ဆိုပါတယ်။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက KIA အကြမ်းဖက် အဖွဲ့ကို ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်
+2
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက KIA အကြမ်းဖက် အဖွဲ့ကို ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်းနှင့် သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့သည်။ NOM

မကြာခင် တကောင်းပါဆို - တိုက်ပွဲသတင်းစုံ NOM
မကြာခင် တကောင်းပါဆို - တိုက်ပွဲသတင်းစုံ NOM