cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

News Of Myanmar NOM

News Of Myanmar Official Channel. WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S

Больше
Рекламные посты
12 159
Подписчики
+524 часа
+467 дней
+18230 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ကလေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများ ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၃၁
Показать все...
👍 5
Фото недоступноПоказать в Telegram
စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM မေလ ၃၁၊ ၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ရာအိမ်မှူး ဦးဝင်းကို (၅၅) နှစ်သည် မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးဝင်းကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
😡 2👍 1
တောင်သာမြို့နယ်၊ ကန်တော် (တောင်) ကျေးရွာတွင် ဆယ်အိမ်မှူး၊ ၎င်း၏သမီးဖြစ်သူနှင့် သားမက်ဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM မေလ ၃၁၊ ၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်တော် (တောင်) ကျေးရွာနေ ဆယ်အိမ်မှူး ဦးအောင်စန်း (၄၉) နှစ်သည် မေလ ၂၉ ရက်နေ့ ည ၇ နာရီခွဲအချိန်၌ ၎င်း၏သမီးဖြစ်သူ မနှင်းယုဝေအောင် (၁၉) နှစ်နှင့် သားမက်ဖြစ်သူ ကိုစန်းလင်းအောင် (၂၇) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာသေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
😡 2
မုံရွာမြို့နယ်၊ ကျောက်ခွက်ကျေးရွာအနောက်ဘက်ရှိ ယာခင်းအတွင်းရှိနေသော သားအမိသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရ NOM မေလ ၃၁၊ ၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက်ခွက်ကျေးရွာနေ ဒေါ်သန်းသန်းဌေး (၄၂) နှစ်၊ သားဖြစ်သူ မောင်ဉာဏ်လင်းထက် (၂) နှစ်နှင့် သမီးဖြစ်သူ မဝါရီအောင် (၁၇) နှစ်တို့သည် မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်၌ ကျေးရွာ၏အနောက်ဘက်ရှိ ယာခင်းအတွင်း ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ News Of Myanmar NOM
Показать все...
👍 4
မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ခြံစည်းရိုးအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် အသံမိုင်းတစ်လုံးပေါက်ကွဲ NOM မေလ ၃၁၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ခြံစည်းရိုးအပြင်ဘက် ၃ ပေခန့်အကွာတွင် မေလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန် ၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် အသံမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့သော်လည်း ဖြစ်စဉ်အတွင်းလူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
👍 2
ဗန်းမော်မြို့နယ်၊ ဖိုးဒေဝကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်းအတွင်းသို့ KIA နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ပန်းရံလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦးဒဏ်ရာရ NOM မေလ ၃၁၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဖိုးဒေဝကျေးရွာအား မေလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်၌ KIA နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်းအတွင်းသို့ ရှော့တိုက်ဒုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဝင်းအတွင်း ပန်းရံလုပ်ငန်း လုပ်ကိုင်နေသည့် ကိုမျိုးမင်းအောင် (၂၅) နှစ်နှင့် ကိုမျိုးမင်းလွင် (၂၃) နှစ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိ ကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
👍 4😡 1
တံတားဦးမြို့နယ်၊ သပြေငူကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အမျိုးသားနှစ်ဦးကို သေနတ်၊ ဓါးများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ် သတ်ဖြတ်သွား NOM မေလ ၃၀၊ ၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပြေငူကျေးရွာနေ ဦးစိန်သောင်း (၆၅) နှစ်နှင့် ဦးဝမ်းထွန်း (၆၅) နှစ်တို့သည် မေလ ၃၀ ရက်နေ့ ည ၁၂ နာရီခွဲအချိန်၌ ၎င်းတို့၏ နေအိမ်အသီးသီးတွင် အိပ်နေစဉ် ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားငါးဦးရောက်လာပြီး သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်၊ ထိုးခုတ်သွားခဲ့သဖြင့် ဦးစိန်သောင်းနှင့် ဦးဝမ်းထွန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
😡 2👍 1 1
မတ္တရာမြို့နယ်၊ စက်ထိပ်ကျေးရွာတွင် မိခင်ဖြစ်သူ၏နေအိမ်သို့ စက်ဘီးဖြင့်သွားသည့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသေနတ်ဖြင့်ပစ်ခတ် NOM မေလ ၃၁၊ ၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စက်ထိပ်ကျေးရွာနေ ကိုဇော်လင်းထွန်း (၃၃) နှစ်သည် မေလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်၌ ၎င်း၏နေအိမ်မှ ကျေးရွာ၏မြောက်ဘက်ရှိ မိခင်ဖြစ်သူ ဒေါ်တင်ဌေး၏နေအိမ်သို့ စက်ဘီးဖြင့်သွားစဉ် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM
Показать все...
👍 5
Фото недоступноПоказать в Telegram
👍 5
ပြင်သစ်တွင်ကျောင်းလာတက်သောနိုင်ငံခြားကျောင်းသားတစ်ဦးကိုပြင်သစ်ရဲကသေသည်အထိရိုက်နှက် NOM အယ်လ်ဂျီးနီးယားနိုင်ငံမှပြင်သစ်တွင်တက္ကသိုလ်လာတက်နေသောအသက်၂၁နှစ်အရွယ်ဆမီဟမ်ဒါဝီကိုပါလက်စတိုင်းထောက်ခံသည့်ဆန္ဒပြပွဲအတွင်းရဲကဖမ်းဆီးပြီးရိုက်နှက်ခဲ့ရာ၂ရက်အကြာတွင်ရဲစခန်း၌သေဆုံးခဲ့ကြောင်းသိရသည်။ဥရောပနိုင်ငံများသည်နိုင်ငံငယ်များကိုသာဒီမိုကရေစီရေး၊လွတ်လပ်စွာထုတ်ဖော်ခွင့်များဖြင့်ဖိအားပေးနေသော်လည်းသူတို့နိုင်ငံတွင်မူအစိုးရမူဝါဒကိုဆန့်ကျင်ပါကသေသည်အထိနှိပ်စက်သတ်ဖြတ်ခံရမည်ကိုယခုဖြစ်ရပ်ကပြသလျက်ရှိသည်။
Показать все...
👍 6