ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 485 подписчиков, занимая 15 905 место в категории Новости и СМИ и 10 046 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 485 подписчиков.

Согласно последним данным от 30 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -219, а за последние 24 часа — -6, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.80%. В первые 24 часа после публикации контент обычно набирает 6.61% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 224 просмотров. В течение первых суток публикация набирает 825 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 01 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 485
Подписчики
-624 часа
-117 дней
-21930 день
Архив постов
နေပြည်တော်-မန္တလေး အမြန်လမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦးသေဆုံးသုံးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ နေပြည်တော်-မန္တလေး အမြန်လ
နေပြည်တော်-မန္တလေး အမြန်လမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦးသေဆုံးသုံးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၄/၃) နှင့် (၂၄၄/၄) ဖာလုံကြားတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၆ရက်)ညနေ၆နာရီ၂၀မိနစ်ခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်တိုက်မိရာ အမျိုးသားသုံးဦးဒဏ်ရာရှိပြီးအမျိုး သမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာနေပြည်တောမှမန္တလေးသို့သွားသည့် ကိုယ်ပိုင်ယာဉ်တစ်စီးသည် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၄/၃) နှင့် (၂၄၄/၄) ဖာလုံကြားတွင် မောင်းနှင်နေစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကုက္ကို ပင်အား ဝင်တိုက်မိ ခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးဒဏ်ရာရှိပြီးအမျိုးသမီးတစ်ဦးသေဆုံးတို့အား ဘုရားတောင်အမြန်လမ်းရဲစခန်းမှသူနာတင်ယာဉ်တစ်စီး၊ ဖြူစင် မေတ္တာပရဟိတအသင်းမှ သူနာတင်ယာဉ်တစ်စီးတို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

YBS ယာဉ်မောင်း ၁၀၇ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့် NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ ရန်ကုန်တိုင်းအတွင်းပြေးဆွ
YBS ယာဉ်မောင်း ၁၀၇ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့် NOM၊ဖေဖော်ဝါရီ၂၇၊၂၀၂၆ ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် YBS ယာဉ်မောင်း(၁၀၇) ဦးအား စံပြယာဉ်မောင်းဆု နှင့် တာဝန်ကျေပွန်ဆုများ ချီးမြှင့်မှုအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)  ရုံးချုပ်၌ ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) ၊ နံနက် ၁၀ နာရီတွင်ကျင်းပခဲ့ ကြောင်းသိရသည်။ "ယနေ့ချီးမြှင့်တဲ့ဆုများဟာ မိမိတို့ရဲ့ကျေးဇူး ရှင်များ ဖြစ်တဲ့ခရီးသွားပြည်သူလူထု၏အသက် အန္တရာယ်နှင့် လုံခြုံရေးကို အလေး ထားဆောင် ရွက်နိုင်တဲ့ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးအတွက် စံပြယာဉ်မောင်းများ နဲ့ မိမိရဲ့အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ ခါးပိုက်နှိုက် တစ်ဦးအား ဖမ်းဆီး ရရှိ၍ ရဲစခန်းသို့ အပ်နှံခဲ့သော တာဝန်ကျေပွန်ဆုတို့ကို ယနေ့ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်"လို့ YRTC ၏ ဒုဥက္ကဌဖြစ်သူကမိန့်ခွန်းပြောကြားခဲ့သည်။

🇦🇫🔥🇵🇰"တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကို အိန္ဒိယရဲ့ ကိုလိုနီနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးက အကြမ်းဖက်သမားတွေကို အာဖဂန်နစ္စတန်မှာ စုစည်းပေးထားပြီး အကြမ်းဖက်ဝါဒကို ပြန်လည်ဖြန့်ဖြူးနေကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြည်သူတွေကိုလည်း အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးအောင် လုပ်ဆောင်နေကြတယ်" ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ် က ပြောကြားခဲ့သည်။ NOM

Repost from NOM.World News
ဒူဘိုင်းမှာ ထုတ်ဖော်ပြသခဲ့တဲ့ Uber Air Taxi ဖြစ်ပါတယ်တဲ့။ မောင်းနှင်သူနဲ့ အခြားသူ ၄ ဦး လိုက်ပါနိုင်တယ်လို့ ဆိုပါတယ်။ Uber App ကနေ တဆင့် booking လုပ်နိုင်မှာဖြစ်ကာ အိမ်တိုင်ရာရောက ခရီးစဉ်အစီအစဉ်ကို ဖန်တီးပေးမယ်လို့လည်း သိရပါတယ်။ ထုံးစံအတိုင်း ဘယ်ကိုသွားမလဲဆိုတာကို ရွေးချယ်ရုံဖြစ်ပြီး စီးနင်းနေသူတွေက တချက်နှိပ်ရုံနဲ့ ခရီးစဉ်ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး ယာဉ်ဖြစ်ပြီး တနာရီကို မိုင် ၂၀၀ အထိ မြန်နှုန်းရောက်ရှိပြီး တကြိမ်အားသွင်းတိုင်း မိုင် ၁၀၀ လမ်းကြောင်းတွေကို ပြေးဆွဲနိုင်တယ်လို့ ဆိုပါတယ်။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက KIA အကြမ်းဖက် အဖွဲ့ကို ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်
+2
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက KIA အကြမ်းဖက် အဖွဲ့ကို ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်းနှင့် သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့သည်။ NOM

မကြာခင် တကောင်းပါဆို - တိုက်ပွဲသတင်းစုံ NOM
မကြာခင် တကောင်းပါဆို - တိုက်ပွဲသတင်းစုံ NOM

Repost from NOM.World News
🤔 🇵🇸 "ဂါဇာက ပါလက်စတိုင်းတွေအတွက် အားကစားကွင်းတစ်ခုက တကယ်လိုအပ်နေတာလား?" "ပြီးပြည့်စုံတဲ့ ဘောလုံးလောက ဂေဟစနစ်" — FIFA နဲ့ အမေရိကန်သမ္မတ ထရမ့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) တို့ဟာ ဂါဇာမှာ ဘောလုံးကွင်း ၅၅ ကွင်း၊ FIFA အကယ်ဒမီတစ်ခုနဲ့ အမျိုးသားအားကစားကွင်းတစ်ခု တည်ဆောက်မယ့် အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးက ဖျက်ဆီးခဲ့တဲ့ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဗလီတွေကကော ဘယ်လိုဖြစ်မလဲ? ပြီးတော့ အဲဒီဗီဒီယိုထဲမှာ "ပါလက်စတိုင်း" ဆိုတဲ့ စကားလုံးကို တစ်ခွန်းတောင် ထည့်မပြောသွားပါဘူး။ NOM

🇦🇫 ⚔️ 🇵🇰 ပါကစ္စတန် နယ်ခြားစောင့်တပ်စခန်းတစ်ခုကို တာလီဘန်တို့က သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့သည်။ NOM

ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာရှိ PDF အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှတိုက်ခိုက် NOM ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာရှိ PDF အကြမ်းဖက်သမားများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်မှညနေ ၆ နာရီကျော်အထိ တပ်မတော်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် PDF အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။ NOM

ဖေဖော်ဝါရီ ၂၄ ရက်နေ့က လားရှိုးမြို့၊ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တဆိုင်တွင် ဓါးပြတိုက်ပြီး ပြန်ပေးဆွဲ ခေါ်ဆောင်သွားခံရသည့်မိန်းကလေးငယ်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက ပြန်လည် လွတ်မြောက်လာကြောင်းသိရသည်။ NOM

မြစ်ကြီးနားမြိုနယ်နှင့် တွံတေးမြိုနယ်တိုရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ဖေဖော်ဝါရီ ၂၆၊ ၂၀
မြစ်ကြီးနားမြိုနယ်နှင့် တွံတေးမြိုနယ်တိုရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေးဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်၌ အခြေပြု၍ မြစ်ကြီးနားမြို့ရှိ သံဃာတော်အပါး ၃၀ တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဆေးဝါးကုသခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော သံဃာတော်များအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးဆောင်ရွက်ပေးသည်။ အလားတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တကလှဲ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာမှ သံဃာတော်ခုနစ်ပါးနှင့် ဒေသခံပြည်သူ ၁၃၂ ဦးအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်၌ အခြေပြု၍ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ NOM

🇨🇳🛰 တရုတ်ဂြိုဟ်တုဖြစ်တဲ့ မီဇာဗီးရှင်း (MizarVision) ဟာ မြေထဲပင်လယ်အတွင်းရှိ ဆူဒါ (Souda) ရေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာလာတ
🇨🇳🛰 တရုတ်ဂြိုဟ်တုဖြစ်တဲ့ မီဇာဗီးရှင်း (MizarVision) ဟာ မြေထဲပင်လယ်အတွင်းရှိ ဆူဒါ (Souda) ရေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာလာတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford (CVN-78) ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ F/A-18 တိုက်လေယာဉ် အစီးရေ ၄၀ ခန့် ရှိနေတာကို တွေ့ရှိရပါတယ်။ NOM

"ရုရှားအာကာသအေဂျင်စီနှင့် မြန်မာနိုင်ငံတို့သည် ပထမဆုံးသော မြန်မာအာကာသယာဉ်မှူးကို လေ့ကျင့်ပျိုးထောင်ပေးရန် သဘောတူညီ" ရုရှားအာက
"ရုရှားအာကာသအေဂျင်စီနှင့် မြန်မာနိုင်ငံတို့သည် ပထမဆုံးသော မြန်မာအာကာသယာဉ်မှူးကို လေ့ကျင့်ပျိုးထောင်ပေးရန် သဘောတူညီ" ရုရှားအာကာသအေဂျင်စီ ရော့စကိုစမော့စ် နှင့် မြန်မာနိုင်ငံတို့သည် ပထမဆုံးသော မြန်မာအာကာသယာဉ်မှူးကို လေ့ကျင့်ပျိုးထောင်ပေးရန် သဘောတူညီခဲ့ကြသည်။ နေပြည်တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများအပြီးတွင် သက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရော့စကိုစမော့စ် မှ ၎င်းတို့၏ တယ်လီဂရမ်ချန်နယ် မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ ရော့စကိုစမော့စ်၏ အကြီးအကဲဖြစ်သူ ဒီမီထရီ ဘာကာနော့ဗ် (Dmitry Bakanov) သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လာရောက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။ ၎င်းခရီးစဉ်အတွင်း လူလိုက်ပါသော အာကာသစူးစမ်းလေ့လာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရုရှား-မြန်မာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါစာချုပ်ကို ဒီမီထရီ ဘာကာနော့ဗ် နှင့် မြန်မာနိုင်ငံအာကာသအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့် မောင်တို့က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရော့စကိုစမော့စ်သည် မြန်မာနိုင်ငံမှ ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးရန် အသင့်ရှိကြောင်း သိရသည်။ "ဒါဟာ ရုရှားနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ နောက်ထပ် အရေးပါတဲ့ ခြေလှမ်းတစ်ခုပါပဲ" ဟု ဘာကာနော့ဗ် က ပြောကြားခဲ့သည်။ ထို့အပြင် နှစ်ဖက်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် GLONASS စနစ်အတွက် တိုင်းတာရေးစခန်းတစ်ခု တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။ ကမ္ဘာ့ပတ်လမ်းကြောင်းအနီး အန္တရာယ်ရှိသောအခြေအနေများကို အလိုအလျောက်သတိပေးသည့်စနစ် (Space Object Tracking Station) တစ်ခု တည်ဆောက်ရန်လည်း စီစဉ်ထားသည်။ အဆိုပါစခန်း တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (MAEU) ဝင်းအတွင်း၌ မြေနေရာ လျာထားပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲကလည်း ကျောင်းသားအဆင့် နာနိုဂြိုဟ်တုများ (Nanosatellites) လွှတ်တင်သည့် စီမံကိန်းတွင် ပါဝင်ရန် စိတ်ပါဝင် စားကြောင်း ဖော်ပြခဲ့သည်။ ခရီးစဉ်အတွင်း ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအာကာသအေဂျင်စီရှိ ရုရှားဒုံးပျံပုံစံငယ်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြသည်။ ရော့စကိုစမော့စ်၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆာဂေး ကရီကာလက်ဗ် (Sergey Krikalev) ကလည်း အာကာသစူးစမ်းလေ့လာရေးကို စိတ်ပါဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး အာကာသစူးစမ်းလေ့လာမှု သမိုင်းကြောင်းဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ NOM

နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာကဇာတ်ရုံအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် မင်္ဂတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အဆောက်အအုံအရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်မဖြစ်ပေါ်စေရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှုဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲကျင်းပ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ခ
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှုဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲကျင်းပ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy) ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။ တာဝန်ရှိသူများ တက်ရောက် အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ ဒစ်ဂျစ်တယ်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (DPDC)၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများ စိစစ်ရေးအဖွဲ့ဝင်များ စသည့်ဒစ်ဂျစ်တယ်မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က ယနေ့ကာလတွင် တရားမဝင်ခိုးကူးဖြန့်ချိမှု (Digital Piracy) များသည် ပုံစံအမျိုးမျိုးဖြင့် အားကောင်းလာပြီး ဖန်တီးရှင်များ၏ အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုပါ ထိခိုက်မှုများရှိလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တရားမဝင်ခိုးကူးမှုများသည် ဖန်တီးရှင်များ၏ အားထုတ်မှုနှင့် အရင်းအနှီးကို တိုက်ရိုက်ခိုးယူခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ မူပိုင်ခွင့်ချိုးဖောက်မှုထက်ကျော်လွန်ပြီး အနုပညာနှင့် နည်းပညာစနစ်တစ်ခုလုံးကို ပျက်စီးစေသည့် လုပ်ရပ်ပင်ဖြစ်ပါကြောင်း။ ထိုလုပ်ရပ်များကို ထိရောက်စွာမတားဆီးနိုင်ပါက အရည်အသွေးမြင့် ဖန်တီးမှုအသစ်များ ထွက်ပေါ်လာရန် အဟန့်အတားဖြစ်စေမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်း၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ၊ ဂီတလုပ်ငန်းများ၊ Software နှင့် Digital Content လုပ်ငန်းများက ယနေ့ခေတ်တွင် နိုင်ငံ့စီးပွားရေးအတွက် အရေးပါသည့် အခြေခံယန္တရားများအဖြစ် ပါဝင်လည်ပတ်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများ၏ ဝင်ငွေသည်လည်း အများအားဖြင့် Broad-casting Rights နှင့် Digital Distribution ပေါ် တွင် အဓိကအားထားနေရပါကြောင်း။ နည်းပညာကာကွယ်ရေးကို တွဲဖက်အသုံးချ Digital Piracy ပြဿနာသည် နိုင်ငံတစ်နိုင်ငံအတွင်းသာ ဖြစ်ပေါ်နေသည့် ပြဿနာမဟုတ်တော့ဘဲ နယ်စပ်ဖြတ်ကျော်ခြင်း၊ ပလက်ဖောင်းမျိုးစုံအသုံးပြုပြီး ချိုးဖောက်ခြင်း၊ Cloud စနစ်များ အသုံးပြုပြီး ချိုးဖောက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့်အတွက် မူပိုင်ခွင့်ကာကွယ်ရေးကို ဥပဒေတစ်ခုတည်းဖြင့်သာ မဖြေရှင်းနိုင်တော့ဘဲ နည်းပညာအခြေပြုကာကွယ်ရေးစနစ်များကို တစ်ပြိုင်နက်အသုံးချရန် လိုအပ်လာပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီသည့် အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာပံ့ပိုးသူများ၊ ဖန်တီးသူများနှင့် ပြည်သူအားလုံးပူးပေါင်းလက်တွဲ၍ ဥပဒေစိုးမိုးမှုနှင့် နည်းပညာကာကွယ်ရေးကို တွဲဖက်အသုံးချ၍ လုံခြုံမှုရှိပြီး တရားမျှတသည့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တစ်ရပ်ကို မြန်မာနိုင်ငံတွင် အတူတကွတည်ဆောက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ GTL Group of Companies ၏ Chairman ဒေါက်တာစိန်ထူးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ရုရှားနိုင်ငံ၊ နည်းပညာဆိုင်ရာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည့် Positive Technologies မှ Anti-Piracy Solu-tions ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် Mr. Milogolov Sergey နှင့် Mr.Goncharov Stanislav Andree-vich တို့က ရုရှားနိုင်ငံနှင့် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy Solu-tions) ဆိုင်ရာ နည်းပညာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ပါဝင်မေးမြန်းဆွေးနွေးကြပြီး နည်းပညာကျွမ်းကျင်သူများက Anti-Piracy Solutions ဆိုင်ရာ လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မကွေးတိုင်း၊ ရေစကြို တောင်ဘက်ရှိ အကြမ်းဖက် PDF စခန်း တစ်ခုအား တပ်မတော်ကရှင်းလင်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစက
+7
မကွေးတိုင်း၊ ရေစကြို တောင်ဘက်ရှိ အကြမ်းဖက် PDF စခန်း တစ်ခုအား တပ်မတော်ကရှင်းလင်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ တောင်ဘက် ပေါက်ကူကျေးရွာအနီးရှိ အကြမ်းဖက် PDF စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်အချိန်၌ တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများသည် ခုခံတိုက်ခိုက်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အောက်ပါပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်- (၁) ၁၀ ယောက်ဆံ့ လူနေတဲ ၁ လုံး (၂) ၅.၅၆ မမကျည် ၁၆ တောင့် (၃) ၇.၆၂ မမကျည် ၄ တောင့် (၄) အမ် -၂၂ ကျည် ၁၀ တောင့် (၅) ကာဘိုင်ကျည် ၁ တောင့် (၆) မိုင်း receiver ၅ ခု (၇) Baofeng စကားပြောစက် ၁ လုံး (၈) ဆိုင်ကယ် ၁ စီး (၉) ဘတ်တံတိပ် ၄ စုံ (၁၀) ပြောက်ကျား ၄ စုံတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရန်သူပြန်လည်အသုံးမပြုနိုင်အောင်မီးရှို့ဖျက်ဆီးခဲ့ပြီး နယ်မြေရှင်းလင်းရေးဆက်လက် ဆောင်ရွက်လျက်ရှိသည်။ NOM

"လိင်ရာဇဝတ်ကောင် အက်ပ်စတိုင်းအရှုပ်တော်ပုံကြောင့် ရော့သ်ချိုင်းလ်ဒ် (Rothschild) ဘဏ် ဖောက်သည်များ လက်မလွှတ်ရစေရန် ကြိုးပမ်းနေ
"လိင်ရာဇဝတ်ကောင် အက်ပ်စတိုင်းအရှုပ်တော်ပုံကြောင့် ရော့သ်ချိုင်းလ်ဒ် (Rothschild) ဘဏ် ဖောက်သည်များ လက်မလွှတ်ရစေရန် ကြိုးပမ်းနေရ" ဘီလျံနာစီအီးအို အရီယန်း ဒီ ရော့သ်ချိုင်းလ်ဒ် (Ariane de Rothschild) သည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့ကြောင်း ဝန်ခံပြီးနောက် အက်ဒ်မွန် ဒီ ရော့သ်ချိုင်းလ်ဒ် (Edmond de Rothschild) ဘဏ်အနေဖြင့် ၎င်းတို့၏ ဖောက်သည်များနှင့် ဝန်ထမ်းများ၏ အကျိုးစီးပွားကို ကာကွယ်ရန် "လိုအပ်သော အစီအမံများ" ကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အရီယန်း ဒီ ရော့သ်ချိုင်းလ်ဒ်၏ ပြောကြားချက်အရ သူမသည် အက်ပ်စတိုင်းနှင့် စတင်သိရှိခဲ့စဉ်က "သူ့ကို နိုင်ငံတကာ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်သူများနှင့် တာဝန်ရှိသူများအကြား ဩဇာညောင်းသော စီးပွားရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြသည့် အခြေအနေဖြစ်သည်" ဟု The Telegraph သတင်းဌာနတွင် ဖော်ပြထားသည်။ ရော့သ်ချိုင်းလ်ဒ်မိသားစု၏ ဆင်ခြေပေးမှုများသည် အက်ပ်စတိုင်း နှင့် အဆိုပါ ဘဏ်လုပ်ငန်းရှင် မျိုးရိုးတို့အကြား အလွန်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ကြောင်း ပေါ်ထွက်လာပြီးနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အက်ပ်စတိုင်းသည် တစ်ကြိမ်တွင် ၎င်းတို့အတွက် ယူရိုသိန်းချီတန်ဖိုးရှိ ရှေးဟောင်းပရိဘောဂများကို မှာယူပေးချေခဲ့သည်အထိ ရင်းနှီးခဲ့ခြင်းဖြစ်သည်။ အက်ပ်စတိုင်းသည် အရီယန်း ဒီ ရော့သ်ချိုင်းလ်ဒ်၏ လုပ်ငန်းများအတွက် ကျွမ်းကျင်ပညာရှင်များနှင့် အကြံပေးအရာရှိများကို ရှာဖွေပေးရာတွင်လည်း ကူညီပေးခဲ့သည်။ ထို့အပြင် အက်ဒ်မွန် ဒီ ရော့သ်ချိုင်းလ်ဒ်ဘဏ်သည် အမေရိကန်နိုင်ငံသားများ အခွန်ရှောင်ရန် ကူညီပေးခဲ့မှုနှင့် ပတ်သက်၍ အမေရိကန် တရားရေးဌာန (DOJ) နှင့် ညှိနှိုင်းရာတွင်လည်း အက်ပ်စတိုင်း ကို အကူအညီတောင်းခဲ့ဖူးကြောင်း သိရသည်။ ဘီလျံနာ လက်စလီ ဝက်ဇ်နာ (Leslie Wexner) ကလည်း အက်ပ်စတိုင်း သည် ရော့သ်ချိုင်းလ်ဒ်တို့၏ ငွေကြေးများကို စီမံခန့်ခွဲပေးနေရကြောင်း ကြွားဝါခဲ့ဖူးသည်ဟု ပြန်လည်ပြောကြားခဲ့သည်။ NOM

အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်မရိန်းတပ်ဖွဲ့၏ MQ-4 မောင်းသူမဲ့ဒရုန်း တစ်စင်းကို အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်များအသုံးပြု၍ ထိန်းချုပ်မှု ဖြတ်တောက် ပစ်ချခဲ့သည်။ MQ-4C Triton အမျိုးအစား ဒရုန်းသည် အရေးပေါ်အချက်ပြမှု ပေးပို့ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားတွင် ပျောက်ဆုံးသွားခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ယင်းနေရာ၌ပင် ဒုတိယအကြိမ်မြောက် တိုက်ပွဲဝင်ဒရုန်း ဆုံးရှုံးမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ NOM

🇮🇷 ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အီရန်-အမေရိကန် ဆွေးနွေးပွဲများတွင် အီရန်​၏တောင်းဆိုချက်များ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် လောင်စာထုတ်လုပ်ခြင်းအပါအဝင် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ယူရေနီယံသန့်စင်ခွင့်ဆိုင် ရာ အီရန်၏ အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားမည်။ အီရန်၏ သန့်စင်ပြီး ယူရေနီယံလက်ကျန်များကို ပြည်ပသို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို လုံးဝငြင်းပယ်ပြီး ထိုသို့ဖြစ်လာရန် အလျဉ်းမရှိစေရ။ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှားပေးရန် အီရန်ဘက်မှ အလေးအနက် တောင်းဆိုသည်။ NOM

🇮🇷 အီရန်အခြေစိုက် 'Tasnim News' မှ အီရန်ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူခဲ့သော စစ်တမ်းအရ ၇၂% သော ဖြေဆိုသူများက စစ်ဖြစ်ပွားနိုင်ခြေရှိသည့်တိုင်အောင် ဘော်လစ်စတစ်ဒုံးကျည်များ (Ballistic Missile) ထုတ်လုပ်မှု ရပ်တန့်ခြင်းကို ငြင်းဆန်ကြသည်။ ၆၉.၅% သော ဖြေဆိုသူများက အီရန်နိုင်ငံသည် အမေရိကန်နှင့်ဖြစ်ပွားမည့် စစ်ပွဲကို ခုခံတောင့်ခံနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ အမျိုးသားများတွင် ၆၅.၇% ကသာ နိုင်ငံ၏ ခုခံနိုင်စွမ်းကို ယုံကြည်ကြသော်လည်း၊ အီရန်အမျိုးသမီးများ၏ ၇၆.၅% က နိုင်ငံတွင် ခုခံနိုင်စွမ်းရှိသည်ဟု ပိုမိုခိုင်မာစွာ ယုံကြည်ကြသည်။ NOM