uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 379 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 949-o'rinni va Myanma mintaqasida 10 127-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 379 obunachiga ega bo‘ldi.

12 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -219 ga, so‘nggi 24 soatda esa -14 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 8.12% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.53% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 005 marta ko‘riladi; birinchi sutkada odatda 684 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 14 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 13 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 379
Obunachilar
-1424 soatlar
-587 kunlar
-21930 kunlar
Postlar arxiv
+2
အမေရိကန်-ဇီယွန်ဝါဒီ (အစ္စရေး) မဟာမိတ်အဖွဲ့က အီရန်နိုင်ငံပိုင် ရုပ်သံဌာန (IRIB) ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ NOM

ကျိုက်ထို-ကင်မွန်းချောင်းသွားကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မော်တော်ယာဉ်မောင်းနှ
ကျိုက်ထို-ကင်မွန်းချောင်းသွားကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မော်တော်ယာဉ်မောင်းနှင်လာသည့် အဘိုးအိုတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ်လ ၁၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်နေ ဦးညီညီထွန်း (၇၃) နှစ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၆ နာရီအချိန်၌ ကျိုက်ထိုမြို့နယ်၊ တကေးချောင်းကျေးရွာမှ တောင်သူစုရပ်ကွက်သို့ မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ပြန်လာစဉ် ကျိုက်ထို-ကင်မွန်းချောင်းသွားကားလမ်းမပေါ်အရောက် ၎င်းအား PDF အကြမ်းဖက်အဖွဲ့ က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ဆေးကုသနိုင်ရေး ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသ၊ အာဘေးလ်မြို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းသည် အနည်းဆုံး ဘော်လစ်စတစ်ဒုံးကျည် (သို့မဟုတ်) ဒရုန်း (၄) စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ NOM

ယနေ့ညတွင် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး စီးနင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်ရသည့်အတွက် အီရတ်အစိုးရသည် "ဂရင်းဇုန်း" (Green Zone) နယ်မြေအတွင်းသို့ စစ်ဘက်ဆိုင်ရာ အင်အားဖြည့်တင်းမှုများ ပေးပို့ထားသည်။ ဂရင်းဇုန်ဆိုသည်မှာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့လယ်ရှိ အမေရိကန်သံရုံးအပါအဝင် နိုင်ငံတကာသံရုံးများနှင့် အစိုးရရုံးစိုက်ရာ အလွန်လုံခြုံရေးတင်းကျပ်ထားသော နယ်မြေဖြစ်သည်။ NOM

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က "ပိတ်ဆို့ကန့်သတ်မှုကို ချိုးဖောက်ခဲ့သည့် အမေရိကန်နှင့် ဗြိတိန်ပိုင် ရေနံတင်သင်္ဘော (၃) စင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်ရှိတွင် မီးလောင်ကျွမ်းလျက်ရှိသည်။" ဟု ထုတ်ပြန်ကြေညာခဲ့သည်။ NOM

ပခုက္ကူမြို့နယ်၊ လက်ပံကျွန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ယာခင်းအတွင်းအလုပ
ပခုက္ကူမြို့နယ်၊ လက်ပံကျွန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ယာခင်းအတွင်းအလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး NOM မတ်လ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ လက်ပံကျွန်းကျေးရွာနေ မောင်ရဲရင့်နောင် (၁၇) နှစ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ အောင်သာကျေးရွာအနီးရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ၎င်းအား PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

✈️ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ စစ်တပ်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် နာရီပိုင်းအတွင်း ရန်သူ့ အဆင့်မြင့်ဒရုန်း (၁၀) စင်းကို ပစ်ချနိုင်ခဲ့ကြောင်းနှင့် အစ္စရေး-အမေရိကန်တို့နှင့် ပဋိပက္ခစတင်ကတည်းကဆိုလျှင် စုစုပေါင်း အဆင့်မြင့်ဒရုန်း (၂၂) စင်းကို ပစ်ချနိုင်ခဲ့ကြောင်းသိရသည်။ NOM

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ် NOM မတ်လ
+2
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ် NOM မတ်လ ၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်ကွက်နေ ဦးအောင်နိုင်ဝင်း (၄၆) နှစ်သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သီသီမာ (၄၈) နှစ်နှင့်အတူ အိုးလုပ်ရပ်ကွက်နေ ဦးသန့်ဇင်စိုး (၃၅) နှစ် မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်ဖြင့် ထားဝယ်မြို့နယ်မှ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာသို့ ထွက်ခွာလာစဉ် စုံစင်ဖျားကျေးရွာ၏အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ကြံတိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ အယာတိုလာခါမေနီ၏ သေဆုံးသွားသည့် မြေးမ။ NOM
အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ကြံတိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ အယာတိုလာခါမေနီ၏ သေဆုံးသွားသည့် မြေးမ။ NOM

မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက် သည့် Drop Bomb ကျရောက်ပေါက်ကွဲခဲ့
မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက် သည့် Drop Bomb ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သံဃာတော်တစ် ပါး ထိခိုက်ဒဏ်ရာရ NOM မတ်လ ၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သံဃာတော်တစ်ပါးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိအောင်ပင်လယ်ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးစိန္ဒိ (၂၉) နှစ် (၂) ဝါသည် ဘုန်းကြီးကျောင်း၏အနောက်ဘက်ရှိ ကွမ်းယာဆိုင်၌ ကွမ်းဝယ်ယူနေစဉ် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ဗုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

🛢⚠️ အီရန်က ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အာရပ်စော်ဘွားများပြည်ထောင်စုပိုင် ကမ်းလွန်ရေနံတူးစင်တစ်ခုကို ရှာဟစ်-၁၃၆ အသေခံဒရုန်းဖြင့
🛢⚠️ အီရန်က ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အာရပ်စော်ဘွားများပြည်ထောင်စုပိုင် ကမ်းလွန်ရေနံတူးစင်တစ်ခုကို ရှာဟစ်-၁၃၆ အသေခံဒရုန်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ NOM

(ပုတီးဖြူရွာ) မတ် ၁ ရက်နေ့ သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့နယ်ကြား ပုတီးဖြူကျေးရွာမှာ အခြေပြုနေထိုင်နေတဲ့ PDF အကြမ်းဖက်စခ
+5
(ပုတီးဖြူရွာ) မတ် ၁ ရက်နေ့ သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့နယ်ကြား ပုတီးဖြူကျေးရွာမှာ အခြေပြုနေထိုင်နေတဲ့ PDF အကြမ်းဖက်စခန်းကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းသိမ်းပိုက်။ တိုက်ပွဲသတင်းစုံ NOM

မင်းတုန်းမြို့နယ်တွင် AA အကြမ်းဖက်အဖွဲ့ထံံသို့ ကုန်ပစ္စည်းများပို့ဆောင်ပေးမည့် ကုန်တင်ကားများကို တပ်မတော်က လေကြောင်းမှ တိုက်ခ
+1
မင်းတုန်းမြို့နယ်တွင် AA အကြမ်းဖက်အဖွဲ့ထံံသို့ ကုန်ပစ္စည်းများပို့ဆောင်ပေးမည့် ကုန်တင်ကားများကို တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ မတ်လ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးတွင် မတ်လ ၁ ရက်နေ့ နံနက်အချိန်၌ AA အကြမ်းဖက်အဖွဲ့ထံသို့ ကုန်ပစ္စည်းများပို့ဆောင်ပေးမည့် ကုန်တင်ကားများနှင့် အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမား ၂၀ ကျော်သေဆုံးခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် ကုန်ကား ၈ စီးခန့်ပျက်စီးခဲ့ပြီး ကုန်ပစ္စည်းများလည်း မီးလောင် ပျက်စီးခဲ့ကြောင်းသိရသည်။ NOM

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် လိုက်ပါလာသူအားလုံးဒဏ်ရာရ NOM၊မတ်၁၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် လိုက်ပါလာသူအားလုံးဒဏ်ရာရ NOM၊မတ်၁၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ မတ် ၁ ရက်မွန်းလွဲ ၂ နာရီခန့်က အိမ်စီးကားမောင်းသူအိပ်ငိုက်ပြီး ဘယ်ရီယာတုံးများကိုဝင်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါအမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးလေးဦးလိုက်ပါလာသော Toyota Hilux Revo ကားသည် မိုင်တိုင်အမှတ် ၁၇၆/၆ နှင့် ၁၇၆/၇ ကြားအရောက် ကားမောင်းသူအိပ်ငိုက်ပြီး ဘယ်ရီယာတုံးများကိုဝင်တို-က်မိကာ လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဥ်ကြောင့် ကားမောင်းသူနှင့် လိုက်ပါလာသူများတွင် ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီမှုများပြုလုပ်ပေးပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကူဝိတ်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင်
ကူဝိတ်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင်

အီရန်၏ ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အမေရိကန်စစ်သည် (၃) ဦး သေဆုံးခဲ့ပြီး (၅) ဦးမှာဒဏ်ရာစိုး
အီရန်၏ ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အမေရိကန်စစ်သည် (၃) ဦး သေဆုံးခဲ့ပြီး (၅) ဦးမှာဒဏ်ရာစိုးရိမ်ရကြောင်း၊ အခြားလက်နက်ကြီးပေါက်ကွဲစထိမှန်ဒဏ်ရာရသူများလည်းရှိကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (U.S. CENTCOM) က ထုတ်ပြန်ကြေညာခဲ့သည်။ NOM

🏳️ အမေရိကန်က အီတလီမှတဆင့် အီရန်ထံ အပစ်ရပ်ရန်ကမ်းလှမ်း အမေရိကန်အစိုးရသည် ယမန်နေ့က အီတလီနိုင်ငံမှတစ်ဆင့် အီရန်ထံ ဆက်သွယ်ကာ အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းခဲ့သော်လည်း အီရန်အစိုးရဘက်က ထိုကမ်းလှမ်းချက်ကို "ချက်ချင်းပင် ပယ်ချခဲ့သည်" ဟု ယဒီယော့တ် အာရိုနော့တ် သတင်းစာက ဖော်ပြသည်။ NOM

ကံမမြို့တွင်အကြမ်းဖက် PDFများဖွက်ထားသည့်သေနတ်၁၃လက်နှင့်ကျည်များဖမ်းမိ NOM၊မတ်၁၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့တွင
ကံမမြို့တွင်အကြမ်းဖက် PDFများဖွက်ထားသည့်သေနတ်၁၃လက်နှင့်ကျည်များဖမ်းမိ NOM၊မတ်၁၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့တွင်အကြမ်းဖက်PDFများဖွက်ထား သောသေနတ်၁၃လက်နှင့်ကျည်များကိုဖေဖော်ဝါရီလ၂၈ရက် ကသိမ်းဆည်းရမိကြောင်းသိရသည်။ ကံမမြို့နယ်မြဝတီကျေးရွာအနီးသို့ပြည်ခရိုင်အကြမ်းဖက်PDF တပ်ရင်း ၃၆၀၂မှခွဲမှူးသားငယ်နှင့်အကြမ်းဖက် PDFများ ရောက်နေပြီးဘုရားကုန်းတွင်လက်နက်မှားဝှက်ထားကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ကဒါန်းကိုင်းစစ်ဆေးရေးဂိတ်တွင်ပိတ်ဆို့ရှာဖွေရာသရက်-ရန်ကုန်သွား ရွှေသရက်ကားပေါ်မှလက်နက်များဝှက်ပေးထားသူကညင်တိုင်းကျေးရွာနေမျိုးဝင်း(၅၅နှစ်)ကိုဖမ်းဆီးရမိပြီးမျိုးဝင်း၏လိုက်လံပြသမှုအရဘုရားကုန်းတွင်မြေကြီးအတွင်းမြှုတ်နှံထားသောဆာလာအိတ်ငါးအိတ်အတွင်းမှ KA-25သေနတ်၁၁လက်၊ M22သေနတ်၂လက်၊ကျည်အိမ်၃၂ခု၊လွယ်ကြိုး၈ချောင်းKA25ကျည်၂၀၀တောင့်၊M22ကျည်၁၉၉တောင့်ကိုဖမ်းဆည်းရမိကြောင်းသိရသည်။

အဘူဒါဘီမြို့အား အီရန်၏ တိုက်ခိုက်မှုများအတွင်း ပြင်သစ်ရေတပ်စခန်းထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ NOM
အဘူဒါဘီမြို့အား အီရန်၏ တိုက်ခိုက်မှုများအတွင်း ပြင်သစ်ရေတပ်စခန်းထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

🚨 Breaking News အမေရိကန်လေယာဉ်တင်သင်္ဘောကို စပစ်ပြီ "အာရေဗျပင်လယ်အတွင်းရှိ အမေရိကန် လေယာဉ်တင်သင်္ဘော ယူ-အက်စ်-အက်စ် အေဘရာဟမ် လင်ကွန်း USS Abraham Lincoln ကို သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် (၄) စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ထုတ်ပြန်ကြေညာခဲ့သည်။" NOM