ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 379 подписчиков, занимая 15 949 место в категории Новости и СМИ и 10 127 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 379 подписчиков.

Согласно последним данным от 12 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -219, а за последние 24 часа — -14, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 8.12%. В первые 24 часа после публикации контент обычно набирает 5.53% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 005 просмотров. В течение первых суток публикация набирает 684 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 14.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 13 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 379
Подписчики
-1424 часа
-587 дней
-21930 день
Архив постов
အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက် ရေးကြီးကြပ်မှု ဗဟိုကော်မတီဖွဲ့စည်း
+1
အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက် ရေးကြီးကြပ်မှု ဗဟိုကော်မတီဖွဲ့စည်း

မန္တလေးနှင့်စစ်ကိုင်းတို့တွင် ၄ ဒသမ ၅အဆင့် ရှိငလျင် လှုပ်ခက်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ မန္တလေးနှင့်စစ်ကိုင်းတို့တွင်ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ညနေ ၄နာရီ ၅ မိနစ်နှင့် ၄၀ စက္ကန့်တွင်၄ ဒသမ ၅အဆင့်ရှိ ငလျင်လှုပ်ခက်မှုဖြစ်ပွားခဲ့ ကြောင်းမိုးဇလကထုတ်ပြန် ထား ကြောင်းသိရသည်။ အဆိုပါ ငလျင်မှာ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)ညနေ ၄နာရီ ၅ မိနစ်နှင့် ၄၀ စက္ကန့်တွင် မန္တလေးတိုင်း၊မတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့်ကိုဗဟိုပြု အင်းအား ၄ ဒသမ ၅အဆင့်ရှိ လှုပ်ခတ်ခဲ့သည့်အတွက် နောက် ဆက်တွဲ ငလျင်အမှတ် ၂၄၉ ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။ "လှုပ်သွားတာတော်တော်သိသာတယ်သိပ်တော့မကြာပါဘူး ကြောက်လို့ထွက်ပါပြေးရတယ် ဒီမှာကငလျင်နဲ့ပတ်သက် ပြီးကြုံတွေ့ခဲ့ဖူးတာရှိတော့ကြောက်တာပေါ့ အပြင်ကိုတောင်ထွက်ပြေးခဲ့ရပါတယ်"ဟုမန္တလေးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါငလျင်လှုပ်ခတ်မှုအား ၊မန္တလေးမြို့၊ပြင်ဦးလွင်မြို့၊ကျောက်ဆည်မြို့ နှင့်စစ်ကိုင်း တိုင်းရှိ ရွှေဘိုမြို့၊မုံရွာမြို့၊စစ်ကိုင်းမြို့တို့ရှိ ဒေသခံများလည်းသိသာစွာခံစားခဲ့ရကြောင်းသိရသည်။

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းကိုခန့်အပ်
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းကိုခန့်အပ်

+1
ဒီဇင်ဘာလ၁၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆူဒန်စစ်တပ်ကသူပုန်များစုဝေးနေသည်ကာတီလာမြို့ကိုဒရုန်းများဖြင့်တိုက်ခိုက်သည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်ကထိုင်းနှင့်က မ္ဘောဒီးယားခေါင်းဆောင်များထံဖုန်းခေါ်ပြီးစစ်ပွဲရပ်တန့်ရန်ဖိအား​ပေးမည်ဟုပြောသည်။ ၃။အမေရိကန်နှင့်ဥရောပသမဂ္ဂကကူညီပါကယူကရိန်းတွင်ရက်၆၀မှရက်၉၀အတွင်းရွေးကောက်ပွဲလုပ်ပေးမည်ဟုသမ္မတဇလင်စကီးကကြေညာသည်။ ၄။ယခင်က ဥရောပသမဂ္ဂကိုယ်စားလှယ် Josep Borrell က ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား အမေရိကန်သမ္မတထရမ့် ကိုဥရောပ၏ ရန်သူအဖြစ် သတ်မှတ်ရန် တိုက်တွန်းလိုက်သည်။ ၅။ယူကရိန်းကိုထောက်ပံ့နေမှုလျော့ချမည်ဟုကတိပြုထားသောအန်ဒရီဘီဘစ်ရှ်ကိုချက်နိုင်ငံ၏ ဝန် ကြီးချုပ်အဖြစ်ခန့်လိုက်သည်။(ဗီဒီယို)

ထိုင်းကိုပြင်းထန်စွာပြန်လည်လက်တုန့်ပြန်မည်ဟုဟွန်ဆန်ပြော NOM ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ပိုမိုအရှိန်မြင့်လာနေသော နယ်နိမိတ်ပဋိပက္ခတွင် ပြင်းထန်စွာ လက်တုန့်ပြန်တိုက်ခိုက်ရန် ကတိပြုလိုက်သည်။ ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်သည် အင်္ဂါနေ့တွင် နိုင်ငံနှစ်နိုင်ငံအကြား ဒုတိယမြောက်နေ့အဖြစ် ပြန်လည်ဖြစ်ပွားခဲ့သော ကျယ်ပြန့်သည့် တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီကာ နယ်စပ်ဒေသများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အခြေအနေတွင် ထိုင်းနိုင်ငံကို ပြင်းထန်စွာ တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် အပစ်အခတ်ဖြစ်ပွားမှုတစ်ခုနောက်ပိုင်း ဤတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ထိုအပစ်အခတ်ဖြစ်ပွားမှုတွင် ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာရခဲ့ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမ်း လှမ်း ခဲ့သည့် ဇူလိုင်လက နယ်နိမိတ်အရှုပ်အထွေးများကြောင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ရပ်စဲပေးရန် ကြိုးပမ်းမှု ရပ်တန့်သွားသည်။ နှစ်ဖက်စလုံးမှ လျှော့ရန် အခြေအမနမရှိပဲထိုင်းဝန်ကြီးချုပ် အနုတက်ကလည်း တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ပြောခဲ့သည်။

မော်လမြိုင်မြို့ရှိ သမိုင်းဝင် ခေါင်းဆေးကျွန်းတွင် မီးလောင် မှုဖြစ်ပွား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သမိုင်းဝင်ခေါင်းဆေး
မော်လမြိုင်မြို့ရှိ သမိုင်းဝင် ခေါင်းဆေးကျွန်းတွင် မီးလောင် မှုဖြစ်ပွား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သမိုင်းဝင်ခေါင်းဆေး ကျွန်းတွင်ယနေ့(ဒီဇင်ဘာ၁၀ရက်)နံနက်၈နာရီက မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှသတင်း ထုတ်ပြန်ထားကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ခေါင်းဆေးကျွန်း တွင်ရှိသည့် ဘုန်းကြီးကျောင်း၏ ဆွမ်းချက်ရုံတွင်ချက်ပြုတ် နေစဥ်မီးစတင်လောင်ကျွမ်းခဲ့ပြီး၎င်မှ တဆင့် မီးကူးစက်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်အပါအဝင်လူမှုကူညီ ရေးအဖွဲ့တွေက စက်လှေများဖြင့်သွားရောက်ငြိမ်းသတ် ခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ခေါင်း ဆေးကျွန်း တွင်ရှိသည့် ရှေးဟောင်ဘုန်းကြီးကျောင်း ၏ ပင်မကျောင်းအဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ရဟန်းသံဃာများနှင့်ပြည်သူများထိခိုက်ဒဏ်ရာရမှုမရှိကြောင်းသိရသည်။

ရန်ကုန်- မန္တလေးအမြန်လမ်း ယနေ့ နံနက်က ကားတစ်စီး မီးလောင်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း(၇/၆)မိုင်တွင် ယနေ့(ဒီဇင်ဘာ၁၀ရက်) နံနက်၅နာရီ၄၂မိနစ်တွင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ရန်ကုန်ဘက်မှမန္တလေးဘက်သို့သွားနေသည့် Mark II အဖြူရောင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း (၇/၆)မိုင်အရောက်တွင် ဝါယာရှော့ဖြစ်ပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ "ကားကတော့တစ်စီးလုံးရစရာမရှိအောင်လောင် ကျွမ်းသွားပါတယ်လူတွေကတော့ဘာမှမဖြစ်ပါဘူး" ဟု ၁၁မိုင်အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ််ဦး ကပြောသည်။ ကားတစ်စီးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ် ခဲ့ရာနံနက် ၅နာရီ၅၅မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

“ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံးအကြိမ် ပြေးဆွဲ NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ "ချုံချင့်-ရ
“ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံးအကြိမ် ပြေးဆွဲ NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ "ချုံချင့်-ရန်ကုန်”နိုင်ငံတကာလေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းအားဒီဇင်ဘာ၉ရက်က တရုတ်နိုင်ငံချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပထမဆုံးအကြိမ်ပျံသန်းပြေးဆွဲခဲ့သည်။ အဆိုပါလမ်းကြောင်းသည် China Postal Airlines မှ ဖွင့်လှစ်ခဲ့သော ၃၅ ခုမြောက် နိုင်ငံတကာလေကြောင်းလမ်းဖြစ်ပြီး ချုံချင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အထိ တိုက်ရိုက်ကုန်တင်လေယာဉ်များ၏ ဈေးကွက်လှစ်ဟာကို ဖြည့်ဆည်းပေးရုံသာမက China Postal Airlines၏နိုင်ငံတကာလမ်းကြောင်းကွန်ရက်ကိုပါကြွယ်ဝစေပြီး “ရပ်ဝန်နှင့် ပိုးလမ်းမ” အစီအမံအောက်တွင်ရှိသောတရုတ်-မြန်မာ ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ချုံချင့် နိုင်ငံတကာလေကြောင်းထောက်ပံ့ပို့ဆောင်ရေးအချက်အချာတည်ဆောက်ရေးအတွက် ဖြည့်တင်းပေးနိုင်မည်ဖြစ်‌ကြောင်းသိရသည်။

EAO တွေရဲ့ လောဂျစ် စစ်တပ်က အမာလိုင်း ဖြစ်တော့ တပ်နဲ့ မဆွေးနွေးချင်ဘူး။ တက်လာတဲ့ အစိုးရက အနောက်ယိမ်းရင် ယိမ်းရင်ယိမ်းသလောက် အမ
EAO တွေရဲ့ လောဂျစ် စစ်တပ်က အမာလိုင်း ဖြစ်တော့ တပ်နဲ့ မဆွေးနွေးချင်ဘူး။ တက်လာတဲ့ အစိုးရက အနောက်ယိမ်းရင် ယိမ်းရင်ယိမ်းသလောက် အမြတ်ထွက်တဲ့အခါ ဆုံးဖြတ်ချက်တထိုင်တည်း ချနိုင်တဲ့ တပ်မတော် အာဏာထိန်း ကာလတွေမှာ ငြိမ်းချမ်းရေး ပရောဆက်တွေ ဆွေးနွေးလေ့မရှ်ကြဘူး။ တစ်ခုတော့ရှိတယ်။ သိပ်ရိုးသားပါတယ်ဆိုတဲ့ EAO တွေ တောင်းဆိုတာက တပ်ဟာ နိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ လော့ဂျစ်။ ခက်တာက ကျော်တို့ကတော့ အစိုးရနဲ့ စကားပြောတဲ့အချိန် လက်နက်ကိုင်ထားဦးမယ်ဆိုတဲ့သဘော။ သူတို့တွေ သိပ်ရိုးသားရှာတယ်။ မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် စစ်တပ်မရှိတဲ့ မြို့ရွာဟာ EAO ထိန်းချုပ်ခံ ဒေသ ဖြစ်မှာပဲ။ ဖြစ်တော့ ဘာဖြစ်လဲလို့ မေးစရာ ရှိတယ်။ ရှင်းရှင်းလေး အခွန်မရဘူးပေါ့။ အခွန်မရတဲ့ ဒေသ၊ အစိုးရ လက်တံမရှိတဲ့ ဒေသဟာ အုပ်ချုပ်ရေး ယန္တာရား ဘယ်လည်ပတ်နိုင်ပါတော့မလဲ။ ဒေါ်စုသာ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဂုရုဆိုရင် NLD အာဏာ ရတာနဲ့ EAO တွေ အကုန်လုံး NCA ထဲ ပြေးဝင်ပြီး လက်မှတ်ဝိုင်းထိုးကြမှာပေါ့။ ဒါက နီပိန်း မိသားစုတွေ ထင်သလို ဒေါ်အေးအေးဝင်း စီစဉ်တဲ့ မြန်မာ ကားမှ မဟုတ်တာ။ ခု ထွန်းမြတ်နိုင် အချိုသပ်နေတဲ့ ဒေါ်စုဆိုတာ NLD လက်ထက် လွတ်လပ်ရေးနေ့မှာတောင် နယ်ခြားရဲကင်းစခန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ပြခဲ့သူတွေလေ။ တကယ်တော့ EAO တွေမှာ ဇ မရှိပါဘူး။ တပ်က နိုင်ငံရေးက ခွာ။ ကျွန်တော်တို့လည်း ရက်ပေါင်း ၁၈၀ အတွင်း လက်နက်စွန့်ပြီး ပါတီ ထောင်ပါ့မယ် လို့ ကြေညာကြည့်ပါ့လား။ တကယ်က ငြိမ်းချမ်းရေး အကြောင်းပြပြီး လက်နက်ကိုင်ရတဲ့ Warlord စနစ်တွေနဲ့ ယဉ်ပါးသွားခဲ့ကြတာ လို့ ပြောလို့ရတယ်။ တပ်က သူတို့ရှိနေသမျှ နိုင်ငံရေးက မဆုတ်ဘူး။ EAO ကလည်း နိုင်ငံရေးစကားပြောရဖို့ လက်နက်ကိုင်တယ်လို့ အကြောင်းပြတယ်။ ----- ခြုံပြောရရင် ငြိမ်းချမ်းရေး အကြောင်းပြပြီး လုပ်စားဂွင်တွေ ပျောက်မှာ သူတို့အစိုးရိမ်ဆုံးပဲ ဆိုတာ အသိသာကြီးပဲ ။ (နရီမိုး)

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) =========================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် ========================================== မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် =========================================== မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

သြစတေလျတွင်အသက်၁၆နှစ်အောက်ကလေးများလူမှုကွန်ရက်သုံးစွဲမှုပိတ်ပင် NOM ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များအား
သြစတေလျတွင်အသက်၁၆နှစ်အောက်ကလေးများလူမှုကွန်ရက်သုံးစွဲမှုပိတ်ပင် NOM ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များအား လူမှုကွန်ရက်အသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေစည်းမျဉ်းသစ် စတင်အာဏာသက်ရောက်ပြီဖြစ်ပြီး ဤကဲ့သို့ ပြုလုပ်သည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ဤဥပဒေအရ Facebook၊ Instagram၊ YouTube၊ TikTok၊ Snapchat နှင့် Reddit အပါအဝင် လူမှုကွန်ရက်များသည် ဩစတြေးလျနိုင်ငံအတွင်း အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အကောင့်အသစ်ဖွင့်လှစ်ခြင်း သို့မဟုတ် ရှိပြီးအကောင့်များကို ဆက်လက်ထိန်းသိမ်းခွင့် မရှိတော့ပေ။ ထို့အပြင် စီးရီးကြည့်ရှုရေး ပလက်ဖောင်းများဖြစ်သော Kick နှင့် Twitch တို့သည်လည်းကောင်း၊ Threads နှင့် X (ယခင်က Twitter) တို့သည်လည်းကောင်း အစိုးရ၏ တားမြစ်စာရင်းတွင် ထည့်သွင်းခြင်းခံထားရသည်။

နေတိုးကအမေရိကန်ထွက်ဖို့ပြင်ဆင်ပြီ NOM အမေရိကန် လွှတ်တော်အမတ်သောမတ်စ်မက်ဆီ သည် NATO မှ အမေရိကန်နုတ်ထွက်ရေး ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် တင်သွင်းလိုက်သည်။

အမျိုးသားခြင်းအဖွဲ့ကနိုင်ငံအတွက်ဒုတိယရွှေတံဆိပ်ရယူပေး NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်မြန်မာနိုင်ငံအတွက်ဒုတိယရွှေတံဆိပ်ကိုရိုးရာခြင်းပြိုင်ပွဲတွင်မြန်မာအမျိုးသားအသင်းကဆွတ်ခူးရရှိခဲ့သည်။

Repost from NOM
အီရန်ရဲ့ Fordwo စက်ရုံကို တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ GBU-57 ဗုံးအများအပြားဟာ ရည်ရွယ်ထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့ ယုံကြည်
အီရန်ရဲ့ Fordwo စက်ရုံကို တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ GBU-57 ဗုံးအများအပြားဟာ ရည်ရွယ်ထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့ ယုံကြည်ကြောင်း United States Central Command ရဲ့ တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး Frank McKenzie က NBC နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အမေရိကန်က GBU-57 ဗုံး ၁၄ လုံးအထိ ကြဲခဲ့တယ်လို့ ယူဆရပါတယ်။ ကန်အရာရှိတွေက အီရန်ဟာ အဆိုပါဗုံးနဲ့ ဆက်စပ်တဲ့ နည်းပညာကို Reverse Engineering လုပ်ရာမှာ အောင်မြင်သွားပြီး ဒုံးကျည်အသစ်တွေမှာ အသုံးပြုတာ ဒါမှမဟုတ် အလားတူဗုံးတွေကို ထုတ်လုပ်သွားနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။ NOM

Repost from NOM
ဖန်တီးထားတဲ့ တင့်ကားတခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရုရှားတပ်ဖွဲ့က လေ့ကျင့်နေတာဖြစ်ပါတယ်။ ယူကရိန်းဆီမှာ နေတိုးရဲ့ ခေတ်မီလက်နက်တွေ ရှိနေပြီး တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် နည်းဗျူဟာအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ NOM

ခြင်းလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းရွှေတံဆိပ်ရ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ယနေ့နံနက်ကကျင်းပျသာဆီးဂိမ်းအမျိုးသမီးခြင်း(Linking)
+1
ခြင်းလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းရွှေတံဆိပ်ရ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ယနေ့နံနက်ကကျင်းပျသာဆီးဂိမ်းအမျိုးသမီးခြင်း(Linking)အမျိုးအစားပြိုင်ပွဲဖိုင်နယ်တွင်မြန်မာအမျိုးသမီးအသင်းကထိုင်းအသင်းကိုနှစ်ပွဲပြတ်အနိုင်ရရှိပြီးနိုင်ငံတော်အတွက်ပထမဆုံးရွှေတံဆိပ်ရယူပေးခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲဖွင့်လှစ် NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုယမန်နေ့ညကထိုင်းနိုင်ငံ၊ဘန်ကောက်မြ
ဆီးဂိမ်းပြိုင်ပွဲဖွင့်လှစ် NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုယမန်နေ့ညကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိရာဇမင်္ဂလာအားကစားကွင်းတွင်တရားဝင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

Star Cityအိမ်ယာတွင်တောင်ကိုးရီးယားတစ်ဦးကိုမူးယစ်ဆေးများဖြင့်ဖမ်းမိ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ သန်လျင်City Starအိမ်ယာတွင်ဒီဇင်ဘာလ၈ရက်ညကဧည့်စာရင်းစစ်စဥ်ကိုးရီးယားနိုင်ငံသားတစ်ဦးကိုWYစိတ်ကြွရူးသွပ်ဆေးများဖြင့်ဖမ်းမိကြောင်းသိရသည်။ လုံခြုံရေးပူးပေါင်းအဖွဲ့သည်ဧည့်စာရင်းလိုက်လံစစ်ဆေးစဥ်တိုက်A 1၊အခန်း(၇၀၃)တွင်တောင်ကိုးရီးယားနိုင်ငံသားMr.Yoon Hyunukကိုတွေ့ရှိပြီးနေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် WY တံဆိပ်ပါစိတ်ကြွရူးသွပ်ဆေးပြား(၁၂၀)နှင့်မူးယစ်ဆေးသုံးသည့်ပစ္စည်းများကိုတွေ့ရှိခဲ့သည်။ထို့အတွက်အိမ်ခန်းအတွင်းဆက်လက်ရှာဖွေရာဧည့်ခန်းနံရံကပ်စင်ပေါ်မှWYမူးယစ်ဆေးပြား(၁၀၀)ပါအထုတ်၆ထုတ်ထပ်မံတွေ့ရှိခဲ့သည်။စုစုပေါင်းမူးယစ်ဆေးပြား ၇၂၀ဖမ်းဆီးရမိသဖြင့်အဆိုပါကိုးရီးယားနိုင်ငံသားကိုမူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတေ
+6
အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် Video Message (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

ရွှေဇင်ရွှေဆိုင်ဓါးပြတိုက်သူလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်အဖျော်ဆရာကိုဖမ်းမိ NOM ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နံနက် ၉း၁၀ နာရီ
+3
ရွှေဇင်ရွှေဆိုင်ဓါးပြတိုက်သူလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်အဖျော်ဆရာကိုဖမ်းမိ NOM ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နံနက် ၉း၁၀ နာရီအချိန်က လသာမြို့နယ်၊မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်တွင်ပိုင်ရှင်မှ ဆိုင်ဖွင့်ရန်ပစ္စည်းချနေစဥ် mask တပ်ထားသောလူနှစ်ဦးမှ သေနတ်ပြပြီးလုယက်သွားသော ရွှေထုတ်နှင့်ငွေများကိုလုယက်သွားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာကို ဒီဇင်ဘာလ ၉ ရက်ကဖမ်းမိကြောင်းသိရသည်။ ရဲတပ်ဖွဲ့ဝင်များသည်ဓါးပြတိုက်မှုဖြစ်ပွားရာမှတစ်ဆင့် CCTV များကိုလိုက်လံစစ်ဆေးရာမှဓါးပြများဖြစ်သော သာကေမြို့နယ် (၈) ရပ်ကွက်မှ အောင်ဘရားသားလက်ဖက်ရည်ဆိုင်ပိုင်ရှင်အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို၊ တိုက်ရာပါပစ္စည်းများလက်ခံသိမ်းဆည်းပေးထားသော သင်းမိုးကြူတို့ကို အဆိုပါလက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ စည်ပင်ရေစက်မောင်းဦးသန်းထွန်းတို့ကိုလည်းကောင်းဖမ်းဆီးရမိခဲ့သည်။ တရားခံများကဓါးပြတိုက်ခဲ့ကြောင်းဝန်ခံသဖြင့်တိုက်ရာပါငွေနှင့်ရွှေထည်များ၊ပြစ်မှုကျူးလွန်သည့်လုပ် သေနတ်နှင့်ကျည်များကိုသက်သေများရှေ့တွင်သိမ်းဆည်းပြီးတရားစွဲရန်ဆောင်ရွက်နေကြောင်းသိရသည်။ News Of Myanmar NOM