ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 380 подписчиков, занимая 15 945 место в категории Новости и СМИ и 10 125 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 380 подписчиков.

Согласно последним данным от 11 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -201, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.96%. В первые 24 часа после публикации контент обычно набирает 5.70% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 987 просмотров. В течение первых суток публикация набирает 707 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 14.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 12 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 380
Подписчики
-924 часа
-567 дней
-20130 день
Архив постов
+2
ဒီဇင်ဘာလ၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်ကလက်တင်အမေရိကနိုင်ငံများရှိမူးယစ်ဂိုဏ်းများ၏ကိုကင်းထုတ်လုပ်သည့်စက်ရုံများကိုတိုက်ခိုက်တော့မည်ဟုကြေညာသည်။(ဗီဒီယို) ၂။ဂျပန်သည်တရုတ်နိုင်ငံ၏လုံခြုံရေးကိုခြိမ်းခြောက်နေကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာသည်။ ၃။ဟာဝိုင်ယီရှိကီလာကူအာမီးတောင်မှချော်ရည်နှင့်ပြာများမှုတ်ထုတ်နေသည်ကိုခရီးသွားများကအနီးအထိသွားရောက်ကြည့်ရှုနေကြသည်။(ဗီဒီယို) ၄။အမေရိကန်သမ္မတထရမ့်က သူရေးဆွဲထားသောယူကရိန်းငြိမ်းချမ်းရေးအဆိုကိုယူကရိန်းသမ္မတဇလင်စကီးကယခုထိလက်မခံသေးသည့်အပေါ်စိတ်မကောင်းဖြစ်မိသည်ဟုပြောသည်။ ၅။သူဌေးကြီးအီလွန်မတ်ခ်သည်ဥရောပသမဂ္ဂကိုအွန်လိုင်းမှဆက် တိုက် တိုက်ခိုက်လျက်ရှိရာဥရောပသမဂ္ဂခေါင်းဆောင်များသည်ဥရောပကိုစတုတ္ထဂျာမနီအင်ပါယာလိုမျိုးထင်နေသည်ဟူသောပို့စ်ကိုတင်လိုက်သည်။(ဓါတ်ပုံ)

ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bo
+2
ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာတစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၈၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာသို့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb ဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးမိုးဇော် (၅၂) နှစ်၊ ရှမ်းကျောင်းကြီး ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ မူလတန်းပြကျောင်းဆရာ ဦးထက်မိုးအောင် (၂၆) နှစ် နှင့် ဦးစိုးမြင့် (၆၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး တောကျွဲအင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် =========================== (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) ------------------------------------------------------------------------ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် ------------------------------------------------------------------------ မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် ------------------------------------------------------------------------- မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ကိုရီးယားရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် မဲရုံးဖွင့်လှစ်သည့်ရက် တိုးမြှင့် NOM၊ဒီဇင်ဘာ၈၊၂၀၂၅ ကိုရီယားသမ္မတနိုင်ငံရောက်ရှ
ကိုရီးယားရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် မဲရုံးဖွင့်လှစ်သည့်ရက် တိုးမြှင့် NOM၊ဒီဇင်ဘာ၈၊၂၀၂၅ ကိုရီယားသမ္မတနိုင်ငံရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးဖွင့်လှစ်မည်ရက်ကို ဒီဇင်ဘာ (၁၂) ရက်ထိ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ ၌ မြန်မာသံရုံး (ဆိုးလ်မြို့) ကအသိပေး ထုတ်ပြန်ထားသည်။ ကိုရီယားသမ္မတနိုင်ငံရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးကိုနံနက် (၁၀) နာရီမှညနေ (၄) နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကြိုတင်မဲလာရောက်ပေးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းသို့မ ဟုတ် မိတ္တူကို မပျက်မကွက် ယူဆောင်လာကြရန်လည်း အသိပေးထားသည်။ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ (၁၅) ဖြည့်စွက်ပြီး ပေးပို့ထားသည့် ကိုရီးယားသမ္မတနိုင်ငံရောက်မြန်မာ နိုင်ငံသား မဲဆန္ဒရှင်များအတွက်  ဒီဇင်ဘာ၆ရက် မှစပြီးမဲရုံဖွင့်လှစ် ပေးထားကြောင်းသိရသည်။

Repost from NOM
ကမ္ဘောဒီးယားစစ်တပ် အခြေစိုက်စခန်းအဖြစ် ပြောင်းလဲထားတဲ့ ကာစီနိုရုံတခုကို ထိုင်းက F-16 တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ NOM

နီပေါ အများစုက ထိုင်းဘက် လက်နက်ကြီး ကျရင် မြန်မာနဲ့ ထိုင်းက ထိုင်း-ခမာ လို စစ်ထဖြစ်မယ်လို့ ထင်နေကြတာ။ ဒါ့ကြောင့်လည်း နယ်စပ်မှ
နီပေါ အများစုက ထိုင်းဘက် လက်နက်ကြီး ကျရင် မြန်မာနဲ့ ထိုင်းက ထိုင်း-ခမာ လို စစ်ထဖြစ်မယ်လို့ ထင်နေကြတာ။ ဒါ့ကြောင့်လည်း နယ်စပ်မှာ ကရင်နဲ့ တပ် စစ်ဖြစ်ရင်....ဘယ်လက်နက်ကြီးစက ထိုင်းကို မှန်၊မမှန် ပြူးပြဲ ရှာပြီး သတင်းရေးကြတယ်။ မြေပြင်မှာ ထိုင်းက မြန်မာအပေါ် ဇ မရှိတာလည်း သူတို့ မသိကြဘူး။ ----- ဒီကြားထဲ ကျားဖျန့်အရေးမှာ ဗခ ဇော်မင်းထွန်း ထွက်ရှင်းထားတာက အစိုးရနဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ပဲ။ လက်ရှိ KK Park ထဲက ကျားဖျန့်တွေဟာ ထိုင်းနိုင်ငံကတဆင့် ရောက်လာတာ ၉၉.၉၉ ဆ်ုတာမျိုး ဖွင့်ချထားသလို လိုအပ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်တွေကလည်း ထိုင်း နယ်ခြား ပြည်နယ် အစိုးရတွေ ပါဝင်မှုနဲ့ လည်ပတ်နေတယ်ဆိုပြီး ချပြထားတာက ပူပူနွေးနွေးရှိသေးတယ်။ ------ တရုတ်ကို လွှဲလိုက်တဲ့ ရှီကျင့်ကျန်း ကိစ္စရယ်၊ နုတင်နဲ့ တွဲရိုက်ထားတဲ့ ကျားဖျန့်ခေါင်းဆောင်တွေရဲ့ ဇာတ်လမ်းတွေကလည်း ထိုင်းနိုင်ငံရေးမှာ ဂယက်ပဲ။ ဘုရင်လုပ်သူက တရုတ်အထိ ပြေးတွေ့ရသလို လက်ရှိ မင်းလက်ပံ ကိစ္စကလည်း သိပ်မရိုးသားပြန်ဘူး။ တခြားနိုင်ငံကနေ အွန်လိုင်း လိမ်လည်မှု လာလုပ်တယ်လို့ ဆိုထားကြသူတွေက ဒီနယ်မြေကနေ မပြန်ဘူးလို့ ဆိုနေတဲ့ KNU ရဲ့ ထုတ်ပြန်ချက်ကလည်း သဘာဝ ကျမနေပြန်ဘူး။ ----- ဒေါ်‌စုကို လွှတ်ပေးဖို့ အချိန်ကျပြီလို့ ဆိုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်မှာ ယို့ကျိုးနေပြန်တော့ ယာယီသမ္မတရဲ့ ရွေးကောက်ပွဲ လက်ချာကြားမှာ သပ်သပ် ခေါ်ရိုက်ခံရသလိုပဲ။ ----- နိုင်ငံရေးနဲ့ စစ်ရေးဟာ မာလို့ ရနိုင်တဲ့သူကပဲ မာတာပါ။ ခမာ ဆို ထိုင်းက ဘယ်လို ဗျင်းလဲ ဆိုတာလည်း မျက်မြင်ပဲ မဟုတ်လား။ ထိုင်းနိုင်ငံရေး သိက္ခာက ကျားဖျန့်နဲ့ရောပြီး ဂုဏ်သိက္ခာ ကျနေခဲ့တာလည်း ကြာပါပြီ။ (နရီမိုး)

Repost from NOM
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ တကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး ထိုင်းဘက်က လေယာဉ်နဲ့ ဗုံးကြဲမှုတွေလုပ်ခဲ့သလို ကမ္ဘောဒီးယ
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ တကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး ထိုင်းဘက်က လေယာဉ်နဲ့ ဗုံးကြဲမှုတွေလုပ်ခဲ့သလို ကမ္ဘောဒီးယားကလည်း ရုရှားထုတ် BM-21 ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပိုမိုပြင်းထန်လာပြီး ကမ္ဘောဒီးယားက စခန်းချထားတဲ့ ကာစီနိုရုံတခုကို ထိုင်းက ဗုံးကြဲခဲ့ကာ ဒုံးကျည်တွေနဲ့ ကမ္ဘောဒီးယားက ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း ထိုင်းစစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ NOM

Repost from NOM
ထိုင်း-ခမာနယ်စပ်မှာ တိုက်ပွဲဖြစ်နေချိန် ကျောင်းသားကလေးတွေ ဘေးလွတ်ရာကို ရှောင်နေကြတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ (RT) NOM

ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခွအရှိန်တက်လာပြန် NOM ထိုင်းနိုင်ငံ၏ တော်ဝင်လေတပ်က ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့များ၏ စခန်းများကို
ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခွအရှိန်တက်လာပြန် NOM ထိုင်းနိုင်ငံ၏ တော်ဝင်လေတပ်က ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့များ၏ စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ ဆင်နွဲခဲ့ကြောင်း ထိုင်းနိုင်ငံ တော်ဝင်လေတပ်ပြောရေးဆိုခွင့်ရှိသူရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ တော်ဝင်လေတပ်က ဤစစ်ဆင်ရေးကို "ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ နယ်စပ်ဒေသအတွင်းနေထိုင်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ထိုင်းနိုင်ငံ၏ ဝန်ထမ်းများ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေခဲ့သော ကမ္ဘောဒီးယား၏ စစ်ရေးလုပ်ရပ်များ" ကို တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့သည်။

ဒို့အတူတူ "မဲ"ပေးကြမည်...
ဒို့အတူတူ "မဲ"ပေးကြမည်...

ကလေးတစ်ဦးကိုအစ္စရေးစစ်တပ်ကပစ်သတ် NOM ဂါဇာတောင်ပိုင်းရာဖာမြို့တွင်သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးကိုအစ္စရေးစစ်တပ်ကပစ်ခတ်သတ်ဖြတ်လိုက်သည်။

ထိုင်းလေတပ်ကနယ်စပ်တစ်လျောက်ဗုံးကြဲ NOM ပိုင်ဆိုင်မှုအငြင်းပွါးနေသောထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျောက်ယနေ့ထိုင်းလေတပ်ကဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။နယ်စပ်တစ်လျောက်နှစ်နိုင်ငံခြေလျင်တပ်များကြားတွင်လည်းတိုက်ပွဲများဖြစ်ပွါးလျက်ရှိသည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချဖျက်ဆီး နေပြည်တော် ဒီဇင်ဘာ ၇ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၂ လုံးနှင့် ၂ ထပ်အဆောက်အအုံ ၁၀ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၃၃ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်ကစတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ စစ်ဆေးခဲ့သည့် အဆောက်အအုံ ၆၉၄ လုံးအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါအဆောက်အအုံများကို ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ နယ်မြေများရှိ ဖမ်းဆီးထိန်းသိမ်းထားရှိသည့် တရားမဝင်ပြည်ပနိုင်ငံသားများကို တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို ပေါင်းစပ်ညှိနှိုင်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

photo content
+4

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ်မြောက်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ် နေပြည်တော် ဒီဇင်ဘာ ၇ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ်မြောက်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိသူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့်မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အားချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက်တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုသောအားဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကိုအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအားရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Sihasakm Phuangketkeow လာရောက်တွေ့ဆုံ နေပ
+1
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Sihasakm Phuangketkeow လာရောက်တွေ့ဆုံ နေပြည်တော် ဒီဇင်ဘာ ၇ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ဥပဒေနှင့်အညီ အလေးထားဆောင်ရွက်နေမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက် ဂါရဝပြုတွေ့ဆုံ

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၂၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ ဒီဇင်ဘာ ၇ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၁၁၂ ဦး၊ တရုတ်နိုင်ငံသား ၉၆ ဦး၊  သီရိလင်္ကာနိုင်ငံသား ငါး ဦး၊ နီပေါနိုင်ငံသား လေး ဦးနှင့် ပါကစ္စတန်နိုင်ငံသား သုံး ဦး၊စုစုပေါင်း ပြည်ပနိုင်ငံသား ၂၂၀ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၇ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၂၉၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၂၃၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၀၅၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+3

Repost from NOM
ယူကရိန်းစစ်တပ်ဟာ ပြိုလဲနေပြီး ဒီတနှစ်အတွင်းမှာပဲ စစ်ပြေး ၁၈၀၀၀၀ ကျော်အထိရှိတယ်လို့ နော်ဝေသတင်းထောက် Paul Steigan က ရေးသားခဲ့ပ
ယူကရိန်းစစ်တပ်ဟာ ပြိုလဲနေပြီး ဒီတနှစ်အတွင်းမှာပဲ စစ်ပြေး ၁၈၀၀၀၀ ကျော်အထိရှိတယ်လို့ နော်ဝေသတင်းထောက် Paul Steigan က ရေးသားခဲ့ပါတယ်။ သေဆုံးနှုန်းကလည်း အရမ်းမြင့်မားတယ်လို့ သူက ထပ်မံရေးသားထားပါတယ်။ NOM