uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 390 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 945-o'rinni va Myanma mintaqasida 10 125-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 390 obunachiga ega bo‘ldi.

11 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -201 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.96% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.70% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 987 marta ko‘riladi; birinchi sutkada odatda 707 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 14 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 12 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 390
Obunachilar
-924 soatlar
-567 kunlar
-20130 kunlar
Postlar arxiv
Repost from NOM
အီရန်ရဲ့ Fordwo စက်ရုံကို တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ GBU-57 ဗုံးအများအပြားဟာ ရည်ရွယ်ထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့ ယုံကြည်
အီရန်ရဲ့ Fordwo စက်ရုံကို တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ GBU-57 ဗုံးအများအပြားဟာ ရည်ရွယ်ထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့ ယုံကြည်ကြောင်း United States Central Command ရဲ့ တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး Frank McKenzie က NBC နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အမေရိကန်က GBU-57 ဗုံး ၁၄ လုံးအထိ ကြဲခဲ့တယ်လို့ ယူဆရပါတယ်။ ကန်အရာရှိတွေက အီရန်ဟာ အဆိုပါဗုံးနဲ့ ဆက်စပ်တဲ့ နည်းပညာကို Reverse Engineering လုပ်ရာမှာ အောင်မြင်သွားပြီး ဒုံးကျည်အသစ်တွေမှာ အသုံးပြုတာ ဒါမှမဟုတ် အလားတူဗုံးတွေကို ထုတ်လုပ်သွားနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။ NOM

Repost from NOM
ဖန်တီးထားတဲ့ တင့်ကားတခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရုရှားတပ်ဖွဲ့က လေ့ကျင့်နေတာဖြစ်ပါတယ်။ ယူကရိန်းဆီမှာ နေတိုးရဲ့ ခေတ်မီလက်နက်တွေ ရှိနေပြီး တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် နည်းဗျူဟာအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ NOM

ခြင်းလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းရွှေတံဆိပ်ရ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ယနေ့နံနက်ကကျင်းပျသာဆီးဂိမ်းအမျိုးသမီးခြင်း(Linking)
+1
ခြင်းလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းရွှေတံဆိပ်ရ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ယနေ့နံနက်ကကျင်းပျသာဆီးဂိမ်းအမျိုးသမီးခြင်း(Linking)အမျိုးအစားပြိုင်ပွဲဖိုင်နယ်တွင်မြန်မာအမျိုးသမီးအသင်းကထိုင်းအသင်းကိုနှစ်ပွဲပြတ်အနိုင်ရရှိပြီးနိုင်ငံတော်အတွက်ပထမဆုံးရွှေတံဆိပ်ရယူပေးခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲဖွင့်လှစ် NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုယမန်နေ့ညကထိုင်းနိုင်ငံ၊ဘန်ကောက်မြ
ဆီးဂိမ်းပြိုင်ပွဲဖွင့်လှစ် NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုယမန်နေ့ညကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိရာဇမင်္ဂလာအားကစားကွင်းတွင်တရားဝင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

Star Cityအိမ်ယာတွင်တောင်ကိုးရီးယားတစ်ဦးကိုမူးယစ်ဆေးများဖြင့်ဖမ်းမိ NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ သန်လျင်City Starအိမ်ယာတွင်ဒီဇင်ဘာလ၈ရက်ညကဧည့်စာရင်းစစ်စဥ်ကိုးရီးယားနိုင်ငံသားတစ်ဦးကိုWYစိတ်ကြွရူးသွပ်ဆေးများဖြင့်ဖမ်းမိကြောင်းသိရသည်။ လုံခြုံရေးပူးပေါင်းအဖွဲ့သည်ဧည့်စာရင်းလိုက်လံစစ်ဆေးစဥ်တိုက်A 1၊အခန်း(၇၀၃)တွင်တောင်ကိုးရီးယားနိုင်ငံသားMr.Yoon Hyunukကိုတွေ့ရှိပြီးနေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် WY တံဆိပ်ပါစိတ်ကြွရူးသွပ်ဆေးပြား(၁၂၀)နှင့်မူးယစ်ဆေးသုံးသည့်ပစ္စည်းများကိုတွေ့ရှိခဲ့သည်။ထို့အတွက်အိမ်ခန်းအတွင်းဆက်လက်ရှာဖွေရာဧည့်ခန်းနံရံကပ်စင်ပေါ်မှWYမူးယစ်ဆေးပြား(၁၀၀)ပါအထုတ်၆ထုတ်ထပ်မံတွေ့ရှိခဲ့သည်။စုစုပေါင်းမူးယစ်ဆေးပြား ၇၂၀ဖမ်းဆီးရမိသဖြင့်အဆိုပါကိုးရီးယားနိုင်ငံသားကိုမူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတေ
+6
အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် Video Message (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

ရွှေဇင်ရွှေဆိုင်ဓါးပြတိုက်သူလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်အဖျော်ဆရာကိုဖမ်းမိ NOM ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နံနက် ၉း၁၀ နာရီ
+3
ရွှေဇင်ရွှေဆိုင်ဓါးပြတိုက်သူလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်အဖျော်ဆရာကိုဖမ်းမိ NOM ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နံနက် ၉း၁၀ နာရီအချိန်က လသာမြို့နယ်၊မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်တွင်ပိုင်ရှင်မှ ဆိုင်ဖွင့်ရန်ပစ္စည်းချနေစဥ် mask တပ်ထားသောလူနှစ်ဦးမှ သေနတ်ပြပြီးလုယက်သွားသော ရွှေထုတ်နှင့်ငွေများကိုလုယက်သွားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာကို ဒီဇင်ဘာလ ၉ ရက်ကဖမ်းမိကြောင်းသိရသည်။ ရဲတပ်ဖွဲ့ဝင်များသည်ဓါးပြတိုက်မှုဖြစ်ပွားရာမှတစ်ဆင့် CCTV များကိုလိုက်လံစစ်ဆေးရာမှဓါးပြများဖြစ်သော သာကေမြို့နယ် (၈) ရပ်ကွက်မှ အောင်ဘရားသားလက်ဖက်ရည်ဆိုင်ပိုင်ရှင်အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို၊ တိုက်ရာပါပစ္စည်းများလက်ခံသိမ်းဆည်းပေးထားသော သင်းမိုးကြူတို့ကို အဆိုပါလက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ စည်ပင်ရေစက်မောင်းဦးသန်းထွန်းတို့ကိုလည်းကောင်းဖမ်းဆီးရမိခဲ့သည်။ တရားခံများကဓါးပြတိုက်ခဲ့ကြောင်းဝန်ခံသဖြင့်တိုက်ရာပါငွေနှင့်ရွှေထည်များ၊ပြစ်မှုကျူးလွန်သည့်လုပ် သေနတ်နှင့်ကျည်များကိုသက်သေများရှေ့တွင်သိမ်းဆည်းပြီးတရားစွဲရန်ဆောင်ရွက်နေကြောင်းသိရသည်။ News Of Myanmar NOM

သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိုအမြန်ဆုံး အရေးယူမည် NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိ
သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိုအမြန်ဆုံး အရေးယူမည် NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိုအမြန်ဆုံးအရေး ယူမည်ဖြစ်ကြောင်းမြန်မာ နိုင်ငံသဘင်အစည်း အ ရုံး (ဗဟို) က ဒီဇင်ဘာ ၉ ရက် တွင် ထုတ်ပြန်ထား သည်။ အဆိုပါBurma Entertainment Facebook Page တွင် ဖော်ပြထားသည့်သင်္ကန်း ခြုံ၍ ဟာသလုပ်ကာ ကပြခဲ့သော ဇာတ်အဖွဲ့၏ ဘာသာ သာသနာ ညှိုး နွမ်းစေသော ပြုမူတင်ဆက်မှုအားပြင်းထန်းစွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ လက်ရှိတွင် အဆိုပါ ဇာတ်အဖွဲ့၏ အမည်၊ တည်ထောင်သူနှင့် တည် နေရာတို့ကို စုံစမ်းလျက်ရှိပြီး သဘင်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အမြန်ဆုံးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်ထား‌သည်။

+1
ဒီဇင်ဘာလ၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ယူကရိန်းသမ္မတဇလင်စကီးကယူကရိန်းနှင့်ဥရောပသမဂ္ဂတို့အသစ်ရေးဆွဲထားသောငြိမ်းချမ်းရေးအဆိုပြုချက်ကိုမနက်ဖန်ညနေအမေရိကန်သမ္မတထံတင်ပြမည်ဟုပြောသည်။ ၂။ထိုင်းလေတပ်ကF-16တိုက်လေယာဥ်များဖြင့်နှစ်ရက်ဆက်တိုက်ကမ္ဘောဒီးယားပစ်မှတ်များကိုလေကြောင်းမှတိုက်ခိုက်လျက်ရှိသည်။(ဗီဒီယို) ၃။ထရမ့်က Politico နှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းချက်တစ်ခုတွင် ယူကရိန်းသည် စစ်ပွဲတွင်ရှုံးနိမ့်နေသောကြောင့် ဇယ်လင်စကီးသည် "လက်တွေ့ဆန်ဆန်လုပ်ဆောင်ရမည်" နှင့် "အရာရာကိုအရှိအတိုင်းလက်ခံရမည်" ဟု ပြောကြားခဲ့သည်။ ၄။အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တော်တွင်အထပ်မြင့်အဆောက်အဦတစ်ခုယနေ့မီးလောင်ရာလူ၁၇ဦးသေဆုံးသည်။(ဗီဒီယို) ၅။ဂျပန်တွင်ယမန်နေ့ကပြင်းအား၇.၆မဂ္ဂနီကျုရှိငလျင်ကြီးလှုတ်ပြီးနောက်ယင်းထက်ပိုမိုကြီးမားသည့်ငလျင် လာနိုင်ကြောင်းသတိပေးချက်ထုတ်ပြန်လိုက်သည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ
+1
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ NOM ဒီဇင်ဘာ ၉၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာနေမနှင်းအိနွယ် (၂၂) နှစ်နှင့် မနုနုရီ (၃၂) နှစ်တို့သည် မန္တလေးမြို့မှ စည်သာကျေးရွာသို့ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် ဆန်းသစ်ကျေးရွာ အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံနှင့် မန်ခိန်လမ်းဆုံအနီး ယာဥ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံး NOM၊ဒီဇင်ဘာ၉ ၊၂၀၂၅ ကချင်ပြ
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံနှင့် မန်ခိန်လမ်းဆုံအနီး ယာဥ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံး NOM၊ဒီဇင်ဘာ၉ ၊၂၀၂၅ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံနှင့်မန်ခိန်လမ်းဆုံအနီးတွင် ယာဥ်မတော်တဆမှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦးနေရာတွင် သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ၉ရက်နံနက်၂ နာရီခွဲက ဖြစ်ပွားခဲ့ပြီး ခဲရောင်းကားအဖြူရောင် မောင်းလာ‌ေသာအမျိုး သားတစ်ဦးကားဘရိတ်ပျက်ပြီး အရှိန်ပြင်းစွာ တိုက်မိခဲ့သည့်အတွက် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။ သေဆုံးသွားသောအမျိုးသား သည်အသက် ၅၀ ဝန်း ကျင်ရှိပြီး ရုပ်အလာင်းကိုမြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ်အသင်းက မြစ်ကြီးနားဆးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Repost from NOM
တကျော့ပြန်စစ်ပွဲအတွင်း ထိုင်းစစ်သား ၃ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိထားပြီး ကမ္ဘောဒီးယား အရပ်သား ၉ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ
တကျော့ပြန်စစ်ပွဲအတွင်း ထိုင်းစစ်သား ၃ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိထားပြီး ကမ္ဘောဒီးယား အရပ်သား ၉ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နှစ်ဖက်ပြောဆိုချက်တွေအရ သိရပါတယ်။ NOM

photo content
+2

ကျောက်မဲမြို့တွင်  ၅ရက်ကြာပေ(၁၀၀၀)အနက်ရှိသည့် ချောက်ကမ်းပါးထဲပြုတ်ကျနေသည့်အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင် NOM၊ဒီဇင်ဘာ၉၊၂၀၂၅ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မန္တလေး-လားရှိုး ပြည်ထောင် စုလမ်းမကြီးဘေး၊ နောင်ပြစ်ကျေးရွာ၊ ပင်ပေါအုပ်စု၊ နမ့်ဆောင်ဟောင်ချောင်း ပေ(၁၀၀၀)အနက်ရှိသည့်ချောက်ကမ်းပါးထဲသို့ ၅ရက်ပြုတ်ကျနေသည့်အမျိုးသားတစ်ဦးကိုယမန်နေ့ဒီဇင်ဘာ၈ရက်နေ့ မွန်းတည့်၁နာရီ ၅၀မိနစ် တွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာချောက်ထဲပြုက်ကျသည့်အမျိုးသားသည် ဒီဇင်ဘာ ၃ရက်နေ့ကရှဉ့်ထောင်ရင်ခြေချော်ကာ ပြုက် ကျသွားခဲ့မည်သူမှမသိခဲ့ကြောင်း မိသာစုဝင်များကလည်းပြန်မလာသည်မှာ၃ရက်ခန့်ကြာမြင့်သောကြောင့်လိုက်လံရှာဖွေခဲ့ရာဒီဇင်ဘာ ၇ရက်နေ့တွင် ပြုက်ကျသည့်နေရာကိုရောက်ရှိပြီးအပေါ်မှာလှမ်းခေါ်ရာ အောက်မှပြန်ထူးသံကြားခဲ့ရသည့်အတွက်မီးသတ်တပ်ဖွဲ့များထံသို့ဆက်သွယ်အကူညီတောင်ခံခဲ့ကြောင်းသိရသည်။ "ကျွန်တော်တို့ဆီကိိုဒီဇင်ဘာ ၇ရက်ည နေမှာသတင်းရောက်တယ်ဖြစ်စဉ်နေရာကိုသွားတယ်သို့သော်လမ်းက ကားသွားလို့မရတော့တဲ့အတွက်နီစပ်ရာဘုန်းကြီးကျောင်းမှာကားတွေထားခဲ့ ဒိန်းဒေါင်နဲ့ဆက်သွားရတယ်  ဟိုရောက်တော့မီးသတ်တစ်ယောက်ဆင်းတယ် ပေ၃၀၀အနက်လောက်မှာသူကိုတွေ့တယ်ဒါပေမဲ့ချက်ခြင်းကယ်ဖို့ဆိုတာမလွယ်ဘူးမိုးကလည်းချုပ်နေတော့စားစရာ၊ အနွေထည်၊ရေဘူးတွေပေးခဲ့ပြီးနောက်တစ်နေ့မှာဘဲသွားရောက်ကယ် တင်ခဲ့ပါတယ်"ဟု ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူးဦးကိုကိုဦး က ပြောကြားခဲ့သည်။ ချောက်အနက်ဆင်ခြေလျော ပေ(၁၀၀၀)ရှိသည့်အနက် ပေ(၃၀၀)ခန့်သို့ပြုတ်ကျနေ သောအမျိုးသားအား ကျောက်မဲခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် နောင်ချိုမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာဒီဇင်ဘာ ၈ရက် မွန်လွဲပိုင်းတွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျောက်မဲ မြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့်ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဂျပန်တောင်ပိုင်းတွင်ည၁၁နာရီ၁၅မိနစ်ကပြင်းအားမဂ္ဂနီကျု၇.၆ရှိငလျင်လှုတ်နေစဥ်

တောင်ဥက္ကလာ စာတိုက် မီးပွိုင့်အနီးယာဥ််တိုက်မှုဖြစ်တစ်ဦးသေဆုံး NOM၊ဒီဇင်ဘာ ၉၊၂၀၂၅ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းမပေါ် စာတိုက
တောင်ဥက္ကလာ စာတိုက် မီးပွိုင့်အနီးယာဥ််တိုက်မှုဖြစ်တစ်ဦးသေဆုံး NOM၊ဒီဇင်ဘာ ၉၊၂၀၂၅ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းမပေါ် စာတိုက် မီးပွိုင့်အနီး ၌ ကားတစ်စီးမှ လူတစ်ယောက်ကိုတိုက်ပြေးမှုဖြစ်ပွား‌ခဲ့ကြောင်းကောင်းမှုဆောင် လူမူကူညီရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ၈ရက်ည၇း၃၀နာရီခန့်ကကားတစ်စီးမှ လူတစ်ယောက်ကိုတိုက်ပြေးသဖြင့်ယာဉ်တိုက်ခံရသူ အမျိုးသားမှာ သေဆုံးသွားခဲ့ပြီးမြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်း သိရသည်။

photo content

ဂျပန်မှာ ပြင်းအား 7.6 ရှိငလျင်လှုပ်၍ ဆူနာမီသတိပေးချက်ထုတ်ပြန်ရ NOM၊ဒီဇင်ဘာ၉၊၂၀၂၅ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၇ ဒဿမ ၆ ရှိ သော ငလျင်လှုပ်၍ ဆူနာမီသတိ ပေးချက်များကို ထုတ်ပြန်ခဲ့ရကာ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ခဲ့သည်။ ည ၁၁း၁၅ နာရီအချိန်ခန့်၌ ကမ်း လွန်ရေပြင်တွင် ခန့်မှန်း ခြေ ၇ ဒဿမ ၆ ပြင်းအားရှိ သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်၏ အရှေ့မြောက်ကမ်းရိုးတန်းဒေသကို ၃ မီတာအမြင့်ရှိ ဆူနာမီလှိုင်းရိုက်ခတ်နိုင်သည်ဟု ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ဟော့ကိုင်းဒိုး၊ အေအိုမိုရီနှင့် အီဝါတေစီရင်စုဒေသများအတွက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အေအိုမိုရီ၏ မူစုအိုဂါဝါရာနှင့် ဟော့ကိုင်းဒိုး၏ ယူရာကာဝါဆိပ်ကမ်းများတွင် ညသန်းခေါင်မတိုင်မီအချိန်၌ ၄၀ စင်တီမီတာအမြင့်ရှိ ဆူနာမီလှိုင်းရိုက်ခတ်ခဲ့ကြောင်း မိုး လေဝသဌာနက ပြောကြားခဲ့သည်။ အဆိုပါ ဘေးဒဏ်ခံရသူများကို ကယ်ဆယ်ခြင်းနှင့် ဘေးကင်းလုံခြုံစေခြင်းကဲ့သို့သော အရေးပေါ်ဘေးအန္တရာယ်တုန့်ပြန်ရေးအစီအမံများကိုအကောင် အ ထည်ဖော်ရန် အစွမ်းကုန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဝန် ကြီး ချုပ်ရုံးတွင် ဂျပန်ဝန် ကြီးချုပ် ဆာနားအဲ တာကာအိချိကသတင်းထောက်များကို ပြောကြားခဲ့သည်ဟု ဂျပန်သတင်းစာ ယိုမီယူရီ ရှင်ဘွန်းက သတင်းဖော်ပြခဲ့သည်။ ငလျင်သည် အေအိုမိုရီစီရင်စုမှ ကမ်းရိုးတန်းအလွန် ၈၀ ကီလိုမီတာအကွာကို ဗဟိုပြု၍ အနက် ၅၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသဌာနက ဆက်လက်ပြောကြားခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခ
+1
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ငွေလွှဲ/ ဖုန်းဆင်းကတ်အရောင်းဆိုင် တစ်ဆိုင်ပျက်စီး NOM ဒီဇင်ဘာ ၈၊ ၂၀၂၅ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ငွေလွှဲ/ဖုန်းဆင်းကတ် အရောင်းဆိုင်ရှေ့သို့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်လာပြီး လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် သွပ်မိုး၊ အထပ်သားကာနှင့် ကြမ်းခင်းထားသည့် ငွေလွှဲ/ဖုန်းဆင်းကတ် အရောင်းဆိုင်တစ်ဆိုင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းတဲကြီးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းတဲကြီးကျေးရွာ၏ အနောက်မြောက်ဘက်၂ မိုင်ခန့် အကွာရှိ ဒေသအခေါ် ဒဟတ်ပင်တဲတိုက်နေ ဦးမြတ်လင်း (၃၈) နှစ်သည် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။   News Of Myanmar NOM