ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 555 подписчиков, занимая 16 071 место в категории Новости и СМИ и 10 062 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 555 подписчиков.

Согласно последним данным от 16 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -270, а за последние 24 часа — -12, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.40%. В первые 24 часа после публикации контент обычно набирает 9.94% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 929 просмотров. В течение первых суток публикация набирает 1 248 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 17.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 17 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 555
Подписчики
-1224 часа
-597 дней
-27030 день
Архив постов
CNN သတင်းဌာန ရဲ့ ဖော်ပြချက်အရ ကျူးဘားအစိုးရဟာ သာမန်အရပ်သားပြည်သူတွေကို လက်နက်တွေ စတင်တပ်ဆင်ပေးနေပြီး၊ အမေရိကန်ရဲ့ စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအတွက် ပြင်ဆင်ထားကြဖို့ တရားဝင် တောင်းဆိုလိုက်ပါတယ်။ NOM

သူ့ရဲ့ "အထက်တန်းလွှာဆန်ပြီး နယ်ချဲ့ဝါဒီဆန်တဲ့" အမြင်တွေကြောင့် ချာချီရဲ့ ပုံတူကို ငွေစက္ကူတွေပေါ်ကနေ ဗဟိုဘဏ် (Bank of England
သူ့ရဲ့ "အထက်တန်းလွှာဆန်ပြီး နယ်ချဲ့ဝါဒီဆန်တဲ့" အမြင်တွေကြောင့် ချာချီရဲ့ ပုံတူကို ငွေစက္ကူတွေပေါ်ကနေ ဗဟိုဘဏ် (Bank of England) ဖယ်ရှား — တယ်လီဂရပ်ဖ် သတင်းဌာန The Telegraph ဗဟိုဘဏ်ရဲ့ လေ့လာမှုတစ်ခုအရ ချာချီ (Churchill)၊ ကျူရင် (Turing) နဲ့ အော်စတင် (Austen) တို့ဟာ "သဘောထားကွဲလွဲမှု ဖြစ်စေပြီး" ယူကေ (UK) ရဲ့ မတူကွဲပြားမှုကို ထင်ဟပ်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ငွေစက္ကူပေါ်ရှိ ၎င်းတို့၏ ပုံတူများနေရာတွင် သဘာဝအလှအပ သရုပ်ဖော်ပုံများဖြင့် အစားထိုးရန် အကြံပြုထားသည်။ NOM

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက်သင်ကြားလျက်ရှိသည့် နိုင်ငံ့သားကောင်းများအား သွားရောက်တွေ့ဆုံ ဇွန် ၇၊ ၂၀၂၆
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက်သင်ကြားလျက်ရှိသည့် နိုင်ငံ့သားကောင်းများအား သွားရောက်တွေ့ဆုံ   ဇွန် ၇၊ ၂၀၂၆   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။   ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ၏ စားရိပ်သာ၊ အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ စာကြည့်တိုက်နှင့် ဆံသဆိုင်များအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။   ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့၌ ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးနှင့် တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူ
သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့၌ ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးနှင့် တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ   ဇွန် ၆၊ ၂၀၂၆   သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးနှင့် တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် ည ၉ နာရီခွဲ တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက်နေ သက်ကို ဝင်း (၃၆) နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ (တစ်ပြား လျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၃၅၀)၊ မြန်မာငွေကျပ် ၃၀၀၀၀ တို့ကို ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန် ၅ ရက် နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်းသူ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၇)နေ စိုင်းညွန့် (ခ) မင်းညွန့် (၃၁) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်နယ်မြေ (၁၅)နေ အောင်ကိုကို (ခ) သားငယ် (၄၁)နှစ်တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀) နှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ကိုဝင်း၊ စိုင်းညွန့် (ခ) မင်းညွန့်နှင့် အောင်ကိုကို (ခ) သားငယ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။   အလားတူဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပါဘီး (၃) ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာနေ လော်ပီး (၃၃) နှစ် မောင်းနှင်လာသော WAVE I 110 အမျိုးအစား ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၆၀) အား ဖမ်းဆီးရမိသဖြင့် လော်ပီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်းသိရသည်။

အစ္စရေးနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ စေလွှတ်ထားတဲ့ အမေရိကန်စစ်သားတွေရဲ့ ဖုန်းတွေကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ (Mossad) က
အစ္စရေးနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ စေလွှတ်ထားတဲ့ အမေရိကန်စစ်သားတွေရဲ့ ဖုန်းတွေကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ (Mossad) က ကြားဖြတ်နားထောင်တာနဲ့ လျှို့ဝှက်စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့ကြောင်း New York Times သတင်းစာအရ သိရသည်။ NOM

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့်တွေ့ဆုံ ဇွန် ၆၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့်တွေ့ဆုံ   ဇွန် ၆၊ ၂၀၂၆   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။   တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ဝန်ထမ်းများအနေဖြင့် မဲစာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လစဉ် စိစစ်ဆောင်ရွက်သွားရန်၊ မြန်မာအီလက်ထရောနစ် မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများ ဖြစ်သောကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး အထူးအလေးထားထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။   ထို့နောက် တက်ရောက်လာသူများက မဲစာရင်းများ ပြည်စုံမှန်ကန်စေရေး၊ မဲပေးစက်များ စနစ်တကျ ထိန်းသိမ်းသွားမည့် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်တာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အီရန်နိုင်ငံရဲ့ ဆိုင်းငံ့ (သိမ်းဆည်း) ခြင်းခံထားရတဲ့ ရန်ပုံငွေတွေကို အီရန်ထံ ပြန်လည်လွှဲပြောင်းပေးမယ့်အစား အီရန်စစ်ပွဲအတွင်း စီးပွားရေးအရ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကို အကူအညီပေးဖို့အတွက် အဆိုပါ အီရန်ပိုင်ငွေကြေးတွေကို အသုံးပြုသွားမယ့် စီမံကိန်းမူကြမ်းတစ်ခုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့်တ် (Scott Bessent) က ရေးဆွဲနေကြောင်း CBS နှင့် NYP (New York Post) သတင်းဌာနများအရသိရသည်။ NOM

အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား ခြောက်စီး ဆင့်တိုက်ကိုးဦး ဒဏ်ရာရ NOM၊ဇွန်၇၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီ
အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား ခြောက်စီး ဆင့်တိုက်ကိုးဦး ဒဏ်ရာရ NOM၊ဇွန်၇၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ဇွန် ၆ ရက် ည ၉ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား ခြောက် စီးဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာအမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် "ကောင်းမြတ်မန်း" အဝေးပြေးခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၂၂၁/၇ အရောက် အရှိမထိန်းနိုင်ဘဲ Guard Rail တန်းအားဝင်တိုက်မိပြီးနောက် အမြန်လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမြန်ယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Alphart ကား၊ အနှေးယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Harrier ကားနှင့် Isuzu ကားအား လားရာတူနောက်မှမောင်းနှင်လာသော "သိန်းသန်းကုဋေ"အဝေးပြေးခရီးသည်တင်ကားနှင့် "ဇေယျာမြိုင်ကြီး"အဝေးပြေးခရီးသည်တင်ကားတို့က ထပ်ဆင့်ထပ်မံတိုက်မိခဲ့ကြသည်။ ဖြစ်စဥ်ကြောင့် "ဇေယျာမြိုင်ကြီး" အဝေးပြေးခရီးသည်တင်ကားနှင့် "သိန်းသန်းကုဋေ" အဝေးပြေးခရီးသည်တင်ကားတို့ပေါ်မှ လိုက်ပါလာသူ ကိုးဦးတွင် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရေတိုက်စား၍ပျက်စီးခဲ့သည့်တင်းချောင်းတံတား ချဥ်း ကပ်လမ်း ပြန်လည်ပြင်ဆင်ပြီး၍ကားလေးများဖြက်သန်ခွင့်ပြု NOM၊ဇွန်၆၊၂၀၂၆ ရေတိုက်စာ
ရေတိုက်စား၍ပျက်စီးခဲ့သည့်တင်းချောင်းတံတား ချဥ်း ကပ်လမ်း ပြန်လည်ပြင်ဆင်ပြီး၍ကားလေးများဖြက်သန်ခွင့်ပြု NOM၊ဇွန်၆၊၂၀၂၆ ရေတိုက်စား၍ပျက်စီးခဲ့သည့် ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းအား ယနေ့ဇွန်၆ရက်နေ့တွင်ပြန်လည်ပြင်ဆင် ပြီး၍ကားလေးများကိုဖြတ်သန်းခွင့်ပြုထားသည့်ဟု ဧရာဝတီ တိုင်းအစီုးရအဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဂျက်ကာ- စိန်တောင် မော်တင်လမ်းမိုင် ၅၆/၀-၁ ကြားရှိ တံတားအမှတ် (၁/၅၇)အရှည်(၁၀၀)ပေရှိ တင်းချောင်းတံတားမှာဇွန်၅ရက်နံနက်၆နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်ဘက်ခြမ်း ချဉ်းကပ်လမ်းရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ ပြန်လည်သွားလာနိုင်ရေးအတွက် လမ်းဦးစီးဌာနက ပြင်ဆင် ရေးလုပ်ငန်းတွေကို မနေ့ကစတင်ဆောင်ရွက်ခဲ့တာပါ အခုဒီနေ့မှာတော့ ယာယီသွားလို့ရအောင် တစ်ခြမ်းကိုပြု ပြင်ပြီးလို့ကားလေးတွေတော့စတင်ဖြက်သန်နေပါပြီး"ဟု ဒေသခံယာဉ်မောင်းတစ်ဦးကပြောသည်။

မြန်မာ တရုတ်တူညီအနာဂတ် လူ့အဖွဲ့အစည်း - အတူတကွ ဖော်ဆောင်မှုမျှဝေခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိ
မြန်မာ တရုတ်တူညီအနာဂတ် လူ့အဖွဲ့အစည်း - အတူတကွ ဖော်ဆောင်မှုမျှဝေခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတက်ရောက် NOM ဇွန် ၆၊ ၂၀၂၆ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး မဟာဗျူဟာမြောက် ဖလှယ်မှုများကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်မြန်မာအနာဂတ် ကံကြမ္မာ အတူတကွဖော်ဆောင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် ပိုမိုနက်ရှိုင်း၍ ခိုင်မာသော တိုးတက်မှုများရရှိစေရန် မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ ရည်မှန်းချက်ကို အလေးအနက်ထား အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံတရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း တို့ပူးပေါင်းစီစဉ်ကျင်းပသည့် "မြန်မာတရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွ ဖော်ဆောင်မှုမျှဝေခြင်း" အခမ်းအနားကို ရန်ကုန်မြို့မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ Ballroom ၌ ဇွန် ၆ ရက် နံနက် ၉ နာရီခွဲ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင် နိုင်သူကပြောကြားသည်။ အခမ်းအနားတွင် မြန်မာတရုတ်တူညီ အနာဂတ်လူ့အဖွဲ့အစည်းများမှအတူတကွ ဖော်ဆောင်မှုမျှဝေခြင်း ခေါင်းစဉ်အောက်တွင် မျိုးဆက်သစ်တာဝန်ထမ်းဆောင်နေကြသူ လူငယ်ရှစ်ဦးတို့က မြန်မာ-တရုတ်ချစ်ကြည်ရေး ဆောင်ရွက်ချက်များ၊အတွေ့အကြုံများကို ဆွေးနွေးတင်ပြကြသည်။ NOM

နတ်မောက်မြို့နယ်အတွင်း ကားနှစ်စီး ရေထဲမျောပါသွား အမျိုးသားတစ်ဦးသေဆုံး NOM ဇွန် ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အ
နတ်မောက်မြို့နယ်အတွင်း ကားနှစ်စီး ရေထဲမျောပါသွား အမျိုးသားတစ်ဦးသေဆုံး NOM ဇွန် ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း အင်းကုန်းကျေးရွာရှိ ချောင်းရိုးနှင့် တံခွန်တိုင်ကျေးရွာအနီးရှိ တံခွန်တိုင်ချောင်းအတွင်း တို့တွင် ယမန်နေ့( ဇွန် ၅ ရက်) ည ၇ နာရီကျော်က မိနစ်ပိုင်းသာခြားပြီးကားနှစ်စီး ရေထဲမျောပါသွားရာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ဇမ္ဗူထွန်း စက်သုံးဆီဆိုင် အနီးတွင် ည ၇ နာရီ ၄၄ မိနစ်ခန့်ကအမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း လေးဦး လိုက်ပါလာသော Hijet ယာဉ်တစ်စီးသည် ချောင်းရိုးအတွင်း ရေကျနေသည်ကိုဖြက်ကူးသည့်အတွက် ရေစီးဖြင့်မျောပါကြောင်း သတင်းအရ သွားရောက်ပြီး ချောင်းအတွင်းမှ Hijet ယာဉ်အား အသက်ကယ်ကြိုးများအသုံးပြု၍ ဆွဲတင်ခဲ့ရာ ည ၈ နာရီ ၅ မိနစ်အချိန်၌ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်စဉ်အတွင်းလူထိခိုက် ဒဏ်ရာရ သေဆုံးခြင်းမရှိကြောင်းသိရသည်။ အလားတူ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီးရှိ တံခွန်တိုင် ချောင်းအား မကွေးဘက်မှ နတ်မောက်ဘက်သို့ ယာဉ်မောင်း ဦးချစ်မင်းသူ မောင်းနှင်လာသော Kluger ယာဉ်တစ်စီးသည် ဖြတ်ကူးစဉ် ချောင်းရေစီးနှင့် မျောပါသွားကြောင်းသတင်းရရှိသဖြင့် နတ်မောက်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားလေးဦးအနက် သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးမှာပျောက်ဆုံးနေကြောင်းသိရသည်။ "ညကတော့ ရှာတယ်။ မတွေ့ဘူး။ ဒီနေ့ (ဇွန် ၆ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်မှစရှာတယ်။ ၈ နာရီ ၄၀ မိနစ်မှာ ချောင်းအတွင်းမျောပါသွားသူရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါယ်။ ကားကိုလည်း လွတ်ရာကိုဆွဲတင်ထားပါတယ်"ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ NOM

အိုဒက်ဆာဒေသတွင်ယူကရိန်းကခံစစ်လိုင်းကိုအကြီးအကျယ်တည်ဆောက် NOM အိုဒက်ဆာသာရုရှားလက်အောက် ကျရောက်သွားပါကယူကရိန်းသည်ကုန်းတွင်းပိတ်နိုင်ငံဖြစ်သွားမည့်အရေးရင်ဆိုင်နေရသဖြင့်ယူကရိန်းစစ်တပ်သည်အိုဒက်ဆာဒေသတွင်ခံစစ်လိုင်းကိုအကြီးအကျယ်တည်ဆောက်လျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်၊ ရေပြည့်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမား ခြောက်ဦးက သတ်ဖြတ်သွား NOM ဇွန် ၆၊ ၂၀
တောင်တွင်းကြီးမြို့နယ်၊ ရေပြည့်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမား ခြောက်ဦးက သတ်ဖြတ်သွား NOM ဇွန် ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရေပြည့်ကျေးရွာနေ ဦးရွှေအောင် (၄၃) နှစ်သည် ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရွှေအောင်တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jo
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ဇွန် ၅၊ ၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones နှင့် အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တွေ့ဆုံစဉ် UNHCR ဝန်ထမ်းများ ပြည်တွင်းခရီးသွားလာမှုနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် NGO ၊ INGO များဖြင့်သာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံး အကြီးအကဲ Mr. Daihei Mochizuki ဦးဆောင
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံး အကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဇွန် ၅၊ ၂၀၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် IOM တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။ တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မိမိတိုအားလုံး စုပေါင်း၍ လက်ရ
+1
ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မိမိတိုအားလုံး စုပေါင်း၍ လက်ရှိမျိုးဆက်နှင့် နောင်မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။ ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပိုသည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြ တိုက်တွန်းထားခြင်းဖြစ်သည်။ အလားတူ ဘင်းမ်စတက်အဖွဲကို မိမိတို၏ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ အစည်းတစ်ခုအဖြစ် ဆက်လက်ဖွံဖြိုးတိုးတက်စေရန်အတွက် မိမိတို အတူတကွလက်တွဲဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းထားသည်။

ယူကရိန်းစစ်သားစုဆောင်းရေး NOM ယူကရိန်းလူငယ်တစ်ဦး၏ခေါင်းကိုသေနတ်ဖြင့်ချိန်ပြီးစစ်သားစုဆောင်းရန်ဖမ်းဆီးချိန်တွင်အဆိုပါလူငယ်ကငါ့ကိုပစ်သတ်လိုက်၊ရှေ့တန်းတော့မသွားနိုင်ဘူးဟုအော်ဟစ်နေခဲ့သည်။

အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှအရေးပေါ်ထွက်ခွာရေးပြင်ဆင်ထားရန်နာဆာ​အမိန့်ထုတ် NOM နာဆာအဖွဲ့က အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ပေါ်ရှိ အာကာသယာဉ်မှူးများအား လေယိုစိမ့်မှုကြောင့် ဖြစ်နိုင်ချေရှိသော ကယ်ထုတ်မှုအတွက် ၎င်းတို့၏ အာကာသယာဉ်အတွင်း ခိုလှုံရန်နှင့် အသင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်။

ပုလောမြို့နယ်၊ မှော်မိကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက်ခူးနေသည
+1
ပုလောမြို့နယ်၊ မှော်မိကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက်ခူးနေသည့် အပြစ်မဲ့သားအမိနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဇွန် ၅၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ ပုလောမြို့နယ်၊ မှော်မိကျေးရွာနေ မခိုင်ဇင်နွယ် (၃၈) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်စွမ်းထက်အောင် (၁၂) နှစ်နှင့်အတူ ကျေးရွာအနီးရှိ တောအတွင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြာ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြား ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။