en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 494 subscribers, ranking 16 799 in the News & Media category and 10 308 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 494 subscribers.

According to the latest data from 12 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -154 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.61%. Within the first 24 hours after publication, content typically collects 4.65% reactions from the total number of subscribers.
  • Post reach: On average, each post receives 645 views. Within the first day, a publication typically gains 534 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 13 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 494
Subscribers
-724 hours
-267 days
-15430 days
Posts Archive
ညောင်တုန်းမြို့နယ် ၊ ရန်ကုန်-ပုသိမ် ကားလမ်းတွင် ယာဉ်လေးစီးဆင့််တိုက်မှုဖြစ်ပွား ခြောက်ဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၄၊၂၀၂၆ ဧရာဝတီတိုင
ညောင်တုန်းမြို့နယ် ၊ ရန်ကုန်-ပုသိမ် ကားလမ်းတွင် ယာဉ်လေးစီးဆင့််တိုက်မှုဖြစ်ပွား ခြောက်ဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၄၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မဲဇလီတံတားအနီးတွင် ယမန်နေ့(နိုဝင်ဘာ၃ရက်)ည ၁၀နာရီ ၁၅မိနစ်ခန့်က ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီးလူခြောက်ဦးဒဏ်ရာရရှိခဲ့သည့်ဟု လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဘက်မှရန်ကုန်ဘက်သိူ့သွားနေသည့်ကုန်ကားတစ်စီးသည် မဲဇလီတံတားအနီးတွင်ရုတ်တရက်ကားရပ်လိုက်သည့်အတွက် နောက်မှပါလာသည့် ခရီးသည် တင်တက္ကဆီတစ်စီးနှင့် သစွာရှင်လူမှုကူညီရေးအသင်းယာဉ်နှင့်ခြောက်ဘီးယာဉ်ကုန်တင်ကားတို့မှာအဆင့်ဆင့်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဆားမလောက်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး၊ ဖြစ်စဉ်ကြောင့်ဒဏ်ရာရရှိခဲ့သူများကိုလူငယ်ရိပ်မွန်လူမှုကူညီရေး သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ပိုဆောင်ပေးခဲ့ရာ အမျိုးသမီးနှစ်ဦးမှာစိုးရိမ်ရသည့်အတွက် ညောင်တုန်းမြို့နယ် ပြည်သူ့ ဆေးရုံမှရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

Press Release on Deliberate Attempts by KNU, KNLA and PDF Terrorists to Undermine Myanmar-Thailand Bilateral Friendship
Press Release on Deliberate Attempts by KNU, KNLA and PDF Terrorists to Undermine Myanmar-Thailand Bilateral Friendship

အီရန်နှင့် ဖြစ်ပွားသည့် စစ်ပွဲကြောင့် သမ္မတ ထရန့်နှင့် ရီပတ်ဘလစ်ကန်များ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရဟု Fox News သတင်းဌာနဖော်ပြ "ငါတို့သာ အီရန်နဲ့ စစ်မဖြစ်ခဲ့ရင် ဒီနေ့ည ရွေးကောက်ပွဲ ရလဒ်ဟာ အခုထက် အများကြီး အပြောင်းအလဲ ရှိသွားမလား။ ၁၀၀ ရာခိုင်နှုန်းကို ပြောင်းလဲသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကတော့ လုံးဝ သံသယဖြစ်စရာကို မလိုတာပါ" ဟု Fox News သတင်းတင်ဆက်သူများက ပြောကြားခဲ့သည်။ Fox News အစီအစဉ်မှူး ရှောန် ဟန်နတီ (Sean Hannity) ကလည်း "အီရန်အရေးနဲ့ ပတ်သက်ရင်… စက်သုံးဆီဈေးတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေရဲ့ ခံစားချက်နဲ့ မကျေနပ်မှုတွေဟာ လက်ရှိအချိန်မှာ အဓိက လွှမ်းမိုးနေတဲ့ အချက် ဖြစ်သွားပါတယ်" ဟု သုံးသပ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် ထိန်းချုပ်ခွင့်ရရှိမည်ဟု ခန့်မှန်းထား အမေရိကန် သတင်းမီဒီယာများ၏ ခန့်မှန်းတွက်ချက်မှုများအရ ဒ
ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် ထိန်းချုပ်ခွင့်ရရှိမည်ဟု ခန့်မှန်းထား အမေရိကန် သတင်းမီဒီယာများ၏ ခန့်မှန်းတွက်ချက်မှုများအရ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းများသည် အောက်လွှတ်တော် မဲဆန္ဒပွဲတွင် အနိုင်ရရှိရန် မျှော်လင့်ရပြီး ပါတီအနေဖြင့် အာဏာရရှိရန် လိုအပ်သည့် အမတ်နေရာ ၂၄၄ နေရာအထိ အနိုင်ရရှိနိုင်ကြောင်း ဖော်ပြထားကြသည်။ အောက်လွှတ်တော်တွင် အများစုအမတ်နေရာ ရရှိလိုက်ခြင်းဖြင့် ဒီမိုကရက်များသည် လာမည့် ဇန်နဝါရီလမှစ၍ သက်သေခံဆင့်ခေါ်လွှာ (subpoena) များ ထုတ်ပြန်ခွင့်နှင့် လွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို စတင်ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့် အာဏာများရရှိသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ နိုဝင်ဘာ ၃၊ ၂၀၂၆ အလုပ်သမားရေးရာအ
ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ နိုဝင်ဘာ ၃၊ ၂၀၂၆ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပသည်။ အဆိုပါနှီးနှောဖလှယ်ပွဲကို ခုံသမာဓိကောင်စီ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုံသမာဓိအဖွဲ့ဝင်များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအချင်းချင်း အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုများကို ဖျန်ဖြေ၊ စစ်ဆေးဆုံးဖြတ်ခဲ့သည့် အတွေ့အကြုံများကို မျှဝေဖလှယ်နိုင်ရန်၊ နောင်ဖြစ်ပွားလာမည့် အငြင်းပွားမှုများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လုပ်ငန်းခွင်ပြဿနာများကို WCC တွင် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ပြေလည်မှုရရှိခြင်းကြောင့် လုပ်ငန်းခွင်ငြိမ်းချမ်းသာယာခြင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ပြီး အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်သော်လည်း ပြေလည်မှုမရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။ အလားတူ တာဝန်ရှိသူများက နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့်ကိစ္စရပ်များ၊ ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စုလေးစုဖွဲ့၍ အလုပ်သမားရေးရာအငြင်းပွားမှုများကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်ဆက်ဆံရေးတည်ဆောက်ခြင်း၊ လူမှုဖူလုံရေးစနစ်နှင့် အာမခံချက်ရှိသော အကျိုးခံစားခွင့်စံနှုန်းများ၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်တစ်ရပ်ဖြစ်ပေါ်ရေး ခေါင်းစဉ်များအပေါ် အုပ်စုအလိုက်ဆွေးနွေးခြင်း၊ ခေါင်းစဉ်အလိုက် အကြံပြုဆွေးနွေးချက်များကို အကျိုးရလဒ်များထွက်ပေါ်သည်အထိ အပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး နှီးနှောဖလှယ်ပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ်မူတည်၍ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု လျော့ပါးစေရေးအတွက် အသိပညာပေးခြင်း၊ အငြင်း ပွားမှုဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ လျော့နည်းကျဆင်းကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစ္စရေး ဆေးရုံတွေဟာ စစ်ရေးအခြေအနေ ပိုမိုတင်းမာဆိုးရွားလာမှုကို ပြင်ဆင်တဲ့အနေနဲ့ ဆေးကုသမှု လုပ်ငန်းစဉ်တွေကို မြေအောက်ကားရပ်နားစခန်းတွေထဲ ပြောင်းရွှေ့ဆောင်ရွက်နေကြပါတယ်။

သမ္မတ ထရန့် နာမည်က မဲဆန္ဒပေးလွှာ ပေါ်မှာ ပါမလာလို့ပါ။ သူကိုယ်တိုင် မဲဆန္ဒပေးလွှာ ပေါ်မှာ ပါတဲ့အခါဆိုရင်တော့ ထရန့်ကို ထောက်ခံတ
သမ္မတ ထရန့် နာမည်က မဲဆန္ဒပေးလွှာ ပေါ်မှာ ပါမလာလို့ပါ။ သူကိုယ်တိုင် မဲဆန္ဒပေးလွှာ ပေါ်မှာ ပါတဲ့အခါဆိုရင်တော့ ထရန့်ကို ထောက်ခံတဲ့သူတွေ မဲရုံကို အသီးသီး မဲလာပေးကြတာ သက်သေပြပြီးသားပါ — အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက CNN ကို ပြောကြားချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများဟာ နိုဝင်ဘာ ၃ ရက်က လာအို
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများဟာ နိုဝင်ဘာ ၃ ရက်က လာအိုပြည်သူ့တပ်မတော် အကြီးအကဲများ၏ ဇနီးများနှင့်အတူ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းတွေကို သွားရောက်လေ့လာ။

သမ္မတ ထရန့်၏ ဘဏ္ဍာရေးအကူအညီဖြတ်တောက်မည့် ဆုံးဖြတ်ချက်ကို အစ္စရေး မသိရှိခဲ့ဟု အစ္စရေးအတိုက်အခံခေါင်းဆောင်ပြောကြား "လုံခြုံရေးဆ
သမ္မတ ထရန့်၏ ဘဏ္ဍာရေးအကူအညီဖြတ်တောက်မည့် ဆုံးဖြတ်ချက်ကို အစ္စရေး မသိရှိခဲ့ဟု အစ္စရေးအတိုက်အခံခေါင်းဆောင်ပြောကြား "လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစ္စရေးပြည်သူတွေဟာ မဟာဗျူဟာမြောက် ဆက်ဆံရေးမူဘောင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေထဲကမှ သိရှိရတာဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုရဲ့ လုပ်ဆောင်ပုံတွေဟာ တကယ့်ကို အန္တရာယ်ကြီးမားနေတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ ငါတို့ သူ့အပေါ် ဆက်လက် မမှီခိုနိုင်တော့သလို သူ့ကိုလည်း ရာထူးကနေ အစားထိုး အလဲအလှယ်လုပ်ရပါတော့မယ်" ဟု အစ္စရေး၏ အဓိက အတိုက်အခံအုပ်စု ခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့တ် က X (ယခင် တွစ်တာ) တွင် ရေးသားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုသည် "အစ္စရေးပြည်သူများ၏ မျက်လုံးကို တည့်တည့်ကြည့်ပြီး အမှန်တရားကို ပြောပြနိုင်စွမ်း မရှိသူဖြစ်သည်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နိုဝ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နိုဝင်ဘာ ၃၊ ၂၀၂၆ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Tor Saralamba နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်ဝေစု၊ ချေးငွေစသည်တို့ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းဖြင့် အဆိုပါငွေကြေးများသည် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးချဲ့လုပ်ကိုင်ရန်အတွက် ပြန်လည်ရောက်ရှိလာ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ်ခွဲလာရောက်ဖွင့်လှစ်ထားသော ထိုင်းဘဏ်များသည် မြန်မာ နိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနှင့်မြန်မာ ကုမ္ပဏီများကို ချေးငွေများ ထုတ် ချေးပေးရန် ရည်ရွယ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၏ ပြန်လည်ငွေလွှဲပို့မှုအတွက် တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်နှင့် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ငွေကြေးလွှဲပြောင်းမှုများ၊ ငွေပေးချေမှုများချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက် ဗဟိုဘဏ်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အမြတ်ဝေစုလွှဲပို့ခြင်း၊ ချေးငွေအတွက် အတိုးငွေလွှဲပို့ခြင်းများကို လုပ်ငန်းလုပ်ထုံးလုပ်နည်း ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အခြေ အနေပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန်သတ်မှတ်ခြင်းကို အမြဲတမ်းသုံးသပ်လျက်ရှိပြီး ဖြေလျှော့ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်သော အလုပ် သမားများ ပြန်လည်ငွေလွှဲပေးပို့ခြင်း (Worker Remittance)နှင့် ပတ်သက်၍ တရားမဝင်ငွေလွှဲပို့မှု ကို အားပေးသကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုအညတရစစ်သည်ဗိမာန်သို့ သွားရောက်ကာ ပန်းခွေချ၍ အလေးပြု။
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုအညတရစစ်သည်ဗိမာန်သို့ သွားရောက်ကာ ပန်းခွေချ၍ အလေးပြု။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအ
+4
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို။

အစ္စရေးဝန်ကြီးချုပ် နာတာယာဟု ၏ တောင်းဆိုချက်အရ အစ္စရေးသို့ ပေးနေသည့် ဘဏ္ဍာရေးအကူအညီများကို ဖြတ်တောက်မည်ဟု သမ္မတထရန့် ပြောကြား အစ္စရေးအနေဖြင့် ယင်းအကူအညီများကို ရယူရန် မလိုတော့သည့်အတွက် "လက်ဝဲယိမ်းများ" အနေဖြင့် ဤအကြောင်းအရာကို အပြစ်ပြော/ဝေဖန်စရာအဖြစ် အသုံးပြု၍ မရနိုင်တော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများဟာ နိုဝင်ဘာ ၃ ရက်က လာအို
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများဟာ နိုဝင်ဘာ ၃ ရက်က လာအိုပြည်သူ့တပ်မတော် အကြီးအကဲများ၏ ဇနီးများနဲ့အတူ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းတွေကို သွားရောက်လေ့လာ။

အမေရိကန်ပြည်ထောင်စု၏ အခြေအနေအပေါ် မဲဆန္ဒရှင်များ စိတ်ပျက်အားလျော့လျက်ရှိ (မဲရုံအထွက် စစ်တမ်းကောက်ယူမှု) မဲဆန္ဒရှင် ၇၅ ရာခိုင်
အမေရိကန်ပြည်ထောင်စု၏ အခြေအနေအပေါ် မဲဆန္ဒရှင်များ စိတ်ပျက်အားလျော့လျက်ရှိ (မဲရုံအထွက် စစ်တမ်းကောက်ယူမှု) မဲဆန္ဒရှင် ၇၅ ရာခိုင်နှုန်းက စီးပွားရေးအခြေအနေ ဆိုးရွားနေကြောင်း ဖော်ပြခဲ့ကြပြီး စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကြီးမားစွာ ရှိနေကြသည်။ ထို့ပြင် မဲဆန္ဒရှင် ၆၉ ရာခိုင်နှုန်းကလည်း အမေရိကန်၏ စနစ်သည် လူတိုင်းအတွက် အခွင့်အလမ်းညီမျှမှု ပေးသည်ထက် ချမ်းသာသူများဘက်သို့သာ ယိမ်းယိုင်ဖေးမပေးနေကြောင်း ပြောကြားခဲ့ကြသည်။

ရွှေနှင့် လက်ဝတ်ရတနာများ အွန်လိုင်းမှ ရောင်းချခြင်း ယာယီခွင့်မပြု
ရွှေနှင့် လက်ဝတ်ရတနာများ အွန်လိုင်းမှ ရောင်းချခြင်း ယာယီခွင့်မပြု

အမေရိကန်ပြည်သူတွေ သူ့ကို ငြီးငွေ့သွားရင် အစ္စရေးရဲ့ ဝန်ကြီးချုပ် လုပ်မယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပြီး၊ အစ္စရေးမှာ သူ့ရဲ့ ထောက်ခံမှုနှုန်း ၉၉% ရှိတယ်လို့လည်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာ
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးအားတွေ့ဆုံသည်။ နိုဝင်ဘာ ၃၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား လာအိုအမျိုးသားကာကွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီး
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား လာအိုအမျိုးသားကာကွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ အညတရစစ်သည်ဗိမာန်သို့ သွားရောက်ပန်းခွေချ အလေးပြုသည်။  ေနိုဝင်ဘာ ၃၊ ၂၀၂၆

အမေရိကန် လက်နက်ကုမ္ပဏီကြီးများ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီနှစ်ခုလုံးကို နောက်ကွယ်မှ ထောက်ပံ့နေ Lockheed Martin၊ Northrop Grumman နှင့် Boeing လက်နက်ကုမ္ပဏီကြီးများသည် ပင်တဂွန်စစ်ဌာနချုပ်နှင့် ၎င်းတို့ချုပ်ဆိုထားသော စာချုပ်များကို ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (PAC) များမှတစ်ဆင့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် မဲဆွယ်စည်းရုံးပွဲများသို့ ဒေါ်လာသန်းပေါင်းများစွာလှူဒါန်းခဲ့ကြသည်။