ru
Feedback
ကဗျာဂယ်လာရီ-Poetry Gallery

ကဗျာဂယ်လာရီ-Poetry Gallery

Открыть в Telegram

ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️

Больше

📈 Аналитический обзор Telegram-канала ကဗျာဂယ်လာရီ-Poetry Gallery

Канал ကဗျာဂယ်လာရီ-Poetry Gallery (@gabyargallery) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 15 082 подписчиков, занимая 2 470 место в категории Книги и 8 672 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 15 082 подписчиков.

Согласно последним данным от 28 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -74, а за последние 24 часа — -14, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.60%. В первые 24 часа после публикации контент обычно набирает 2.64% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 146 просмотров. В течение первых суток публикация набирает 398 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 13.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️”

Благодаря высокой частоте обновлений (последние данные получены 29 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Книги.

15 082
Подписчики
-1424 часа
-307 дней
-7430 дней
Архив постов
တောင်ပေါ်ပြေးတဲ့တိမ်လိပ်တွေကို လက်နဲ့ဖမ်းဆုပ်ချင်တာ ကိုယ့်အပြစ်လား။ ဇာပုဝါနောက်မှာ သီတာ့မေးဖျားကို တစ်စုံတစ်ယောက်ကပင့်တင်နေချိန် ကမ္ဘာကိုပိတ်ကားချပြီး အသံတိတ်ငိုရတဲ့ လူကြမ်းကို သနားလောက်ရတဲ့ထိ ဘယ်ကမ္ဘာဟာ စာနာစိတ်ပြည့်ဝခဲ့လို့လဲ။ စံတော်ချိန်မတူတဲ့ လောကတွေပေါ် ချက်သက်ကြွေရင်း ကိုယ်တို့ဟာ လွဲချင်တိုင်းလွဲခဲ့ကြ။ မြစ်တစ်မြစ်ရဲ့အသက် နဲ့ နှစ်တစ်နှစ်ရဲ့ ဇာတ် အလွမ်းဟာ ခေါင်းဆောင်လို့ အဆက်အဆက်နဲ့ သတ်ခဲ့။ -မြတ်နွယ်

‎သမုဒယတောင်ထိပ်မှာ ကိုယ့်ကိုစောင့်ပါ အချစ် ‎ဥပေက္ခာတွေ သယ်မလာနဲ့ ‎အချစ်လေးနေမယ် ‎ကိုယ် မေတ္တာတွေနဲ့ ခရီးဦးကြိုမှာမို့ ‎ပြုံးပြုံးလေးသာ လှမ်းလာခဲ့ပါ ‎ ‎-မြတ်နွယ် ‎

11:11

တိုက်ဆိုင်မှုရှိရင်  တိုက်တိုက်ဆိုင်ဆိုင် နီးစပ်ခဲ့ဖူးသလို တိုက်ဆိုင်မှုရှိရင်လည်း တိုက်တိုက်ဆိုင်ဆိုင် ဝေးခဲ့ရပါတယ် -ထွန်းဟိန်းယံ

အပြစ်တွေ အချစ်တွေ ကိုယ်မခွဲတတ်ဘူး မှားမိတဲ့အပြစ်ဆိုရင်လည်း မင်းကို ချစ်ခဲ့တာပဲရှိမယ်။ -မြတ်နွယ်

တရားမရှိတဲ့လောကထဲ မင်းဟာကိုယ့်ရဲ့ ပစ္စေက ‌‌ဗုဒ္ဓာငယ်။ -မြတ်နွယ်

သတိရတဲ့အကြောင်းကို မပြောမိပေမယ့် သတိရမိတဲ့ရက်ဟာ တစ်ဘဝစာ။ -ထွန်းဟိန်းယံ

ဒေစီခင်းထဲမှာလည်း နှင်းဆီတွေ ထပွင့်တတ်တယ်။ ငါတို့ဟာ စကားနဲ့မပြောဘဲ ကဗျာနဲ့ နားလည်တယ်။ အမည်တပ်မရတဲ့ဗေဒကို မသင်ဘဲ တတ်နေခဲ့တဲ့ လူနှစ်ဦးဟာ ဝေးကွာခြင်း ဘာသာရပ်ကိုတော့ အောက်သက်မကြေခဲ့။ ချစ်ခြင်းစာမေးပွဲမှာ သူတို့ကျရှုံးပါတယ်။ ဘဝမှာတော့ ဂုဏ်ထူးတွေနဲ့။ -မြတ်နွယ်

‎ယနေ့ညမိုးလေဝသ ‎မိုးလေဝသနဲ့ဇလဗေဒ ထုတ်ပြန်ချက် အရ ‎ဟိုဘက်ဒေသမှာ ‎နေရာကွက်ကြား သာယာနေပြီး ‎ဒီဘက်ဌာနမှာတော့ ‎ကမ္ဘာပျက်အလား အခါခါ သေရပါတယ်။‎အင်း သူလှည့်ပြုံးတာ တခြားအရပ်ပဲကို။ ‎ ‎-မြတ်နွယ်

အဆင်မပြေရင် ပြန်လာခဲ့ လို့ သေသေချာချာ မှာလိုက်ပေမဲ့ အဆင်ပြေစေဖို့ပဲ အမြဲ ဆုတောင်း ပေးနေခဲ့မိပါတယ် မငိုပါနဲ့ကွယ် မင်းမှာက ငါရှိသေးတယ် ငါ့မှာက ဘယ်သူမှ မရှိတော့ပါဘူး ။ 1 9 9 4

ကိုယ်ပိုင်ဘုရားကိုရှာတွေ့တဲ့အခါ လောကကို ဆီမီး စ ကပ်တယ်။ ‌ဖယောင်းစက်တွေကျလည်း ကျွန်တော့်လက်ဟာ မပူတတ်တော့ဘူး။ -မြတ်နွယ်

လရဲ့ ခေတ်မှာ နေမထွန်းလင်းနိုင်ပါဘူး။ ပန်းတွေအသက်ငင်ချိန် ကြယ်တွေဟာရှက်ကိုးရှက်ကန်း ထလင်း။ ကမ္ဘာဂြိုဟ်ရဲ့စည်းကမ်းကိုစွန့်ပစ်ပြီး ကိုယ့်အချစ်ကို ကိုယ်တိုင်တရားစီရင်ခဲ့။ ဘယ်အချစ်မှာ အမှားဆိုတာရှိလို့လဲ။ မေတ္တာစုဆောင်းရေးမှာ ကျွန်တော်ဟာ အထောက်အပံ့ မဖြစ်တဲ့ ‌volunteer . -မြတ်နွယ်

သောက်တလွဲသော ဆိုင်ကလုန်းငှက်များ Monsieur , ‎ဖွက်မထားခဲ့တဲ့ ပဟေဠိကို ‎ရုတ်တရက်မြင်လိုက်တဲ့နေ့ ‎ကျွန်တော်နားက လိပ်ပြာတွေ ‎ပျော်ပျော်ကြီး ထွက်ပြေးတော့တယ် ‎လောကရဲ့ သောက်တလွဲ ‎စုတ်ချက်တွေကို မြင်တတ်လာတဲ့အခါ ‎မျက်မှန်ကိုင်းဟာ ကမ္ဘာကပ်တစ်ခုစာ ‎လေးလံလာတယ်။ ‎‌ဘဝရဲ့ ပန်းခင်းထဲ ‎ပျိုးမရခဲ့တဲ့ ပန်းလေးတစ်ပွင့် ။ ‎မြေဩဇာရွာချပါလျက် ‎အညွန့်ပေါက်ဖို့ တာဝန်မသိတဲ့ ‎ပန်းတစ်ပွင့် ။ ‎ကြယ်တွေ ပြေးတဲ့ဝေဟင်နယ်ထဲ ‎ပင်လယ်ပြင်ဟာ ကူးခတ်ချင် ‎ကယောက်ကယက်နဲ့ ‎အပျောက်အပျက်သောညတွေမှာ ‎ပင်လယ်ရေဟာ လကိုခိုးနမ်းတယ်။ ‎နေမထွက်တဲ့ညမှာ ‎အိပ်မက်ဟာ မက်တတ်တယ်။ ‎အိပ်မက်ဟာအိပ်မက်သက်သက်ပေါ့။ ‎တိမ်တစ်စဟာ နွယ်တစ်မျှင်နဲ့ ‎ငြိလို့မှ မဖြစ်နိုင်ပဲ။ ‎ကိုယ့်ကမ္ဘာမှာ ကိုယ့်ခေါင်းစဉ်နဲ့ကိုယ်ပေါ့။ ‎အိပ်မက်တစ်ခုတည်းနဲ့ ‎သို့ပေသိ တသီးတသန့်နဲ့။ ‎ချောက်ချားစရာဟာ ‎ငါ့ကိုခြောက်လှန့်တယ်။ ‎သွေးကြောထဲလည်ပတ်နေတဲ့အဆိပ်ဟာ ‎ငယ်ထိပ်ကိုထိုးထွက်တယ်။ ‎‌အစိမ်းရောင်သောသွေးတွေနဲ့ ‎ငါဟာ နတ်ဆိုးတစ်ကောင်ပါလေ။ ‎နတ်ဆိုးကို လက်သပ်မွေးတဲ့ ‎ပျိုးခင်းထဲက ပိုးသတ်ဆေးတွေကြောင့် ‎ထွက်ပြေးခဲ့တဲ့ကောင်။ ‎မှင်စာတစ်ကောင်ရဲ့စိတ်ဓာတ်နဲ့ ‎ကိုယ့်အိမ်ကိုယ် ပြန်မရှာပဲ ‎လမ်းအသစ်တွေမှာ ‎အပင်အသစ်တွေစိုက်ခဲ့။ ‎ကိုယ့်နှလုံးသားကိုယ် စကန်ဖတ်ပြီး ‎ဆိုင်ကလုန်းငွေ့နဲ့ သန္ဓေတည်တဲ့ ‎ရဲတိုက်အသစ်ကို စဆောက်ခဲ့တယ်။ ‎အသက်ရှူကြပ်တတ်တဲ့ငှက်တွေဟာ ‎ဆိုင်ကလုန်းမြေမှာပဲလေ။ ‎ငါ့ဘဝရဲ့ အသက်ဟာ ‎ဘယ်မှာလဲ။ ‎ရေလောင်းတဲ့ငှက်ဟာ မိုးမမိဘဲ ‎ဘေးကငှက်ဟာ ထစိုရှာတယ်။ ‎ကံတရားနဲ့ မြှားနတ်မောင်ဟာ ‎လက်ဝါးချင်းရိုက်ပြီး ‎မွှေချင်တိုင်းမွှေကြတယ်။ ‎ကိုယ့်အသက်ကိုယ်ပြန်ရှာရင်း ‎ငှက်တွေ‌သက်စေ့လွှတ်ခဲ့. . ‎ဆိုင်ကလုန်းနယ်ထဲ သူတို့ ‎ပျော်မှပျော်ပါ့မလား။‌ ‎ငေးကြည့်နေတဲ့မျက်မှန်ကိုင်းဟာ ‎ကပ်တစ်ခုစာ လေးလံမှုတွေနဲ့။ ‎ရေစိုသောအတောင်နဲ့ငှက်တွေ ‎ဆက်ဆက်ရှင်သန်ပါစေလေ။ ‎ ‎-မြတ်နွယ် ‎-ဒီနေ့ရဲ့၁၁:၁၁မှာ ရေးသည်။ ‎

ဘဝရဲ့သေတမ်းစာဆိုတာ ချစ်ခြင်းတရားက တံဆိပ်နှိပ်ပေးတဲ့ စာချုပ်တစ်မျိုး -မြတ်နွယ်

အနှစ်မပါတဲ့ကျမ်းစာတွေနဲ့အတူ ဓားကိုကိုင်ဆွဲလျှောက်နေဆဲ အချစ်လှလှ၊အပြစ်လှလှ ပြီး ငါကျွံခဲ့တဲ့ နွံလှလှ -မြတ်နွယ်

အဓိပ္ပာယ်မဲ့တာတွေ ကျမ်းစာပေါ် ရောက်လာတာကိုက အချစ်ပဲ သေခြင်းတရားကိုဆွဲဆန့်တဲ့အခါ ချစ်ခြင်းဟာဘယ်မျဉ်းပေါ်မှာရှိသလဲ ပျော်စေချင်တဲ့အသက်တစ်ခုရှိရင် ဆက်ဆက်ရှင်သန်ရတယ်တဲ့။ -မြတ်နွယ်

photo content
+5

နှလုံးသားဟာ အမှားအမှန်ကန့်လန့်ကာရဲ့ နယ်ခြားစည်းမျဉ်းပေါ့ အချစ်ငွေ့တွေ မှိုင်းတိုက်ခံရတဲ့အခါ ဦးနှောက်ဟာ ဝေဝါးသော ကမ်းလွန်ပင်လယ်ပြင် -မြတ်နွယ်

ကိုယ့်နှလုံးသားထဲက ရေသေအိုင်ဟာ မင်းကိုမြင်တိုင်း အကြိမ်ကြိမ်လှိုင်းတံပိုး ခတ်လှတယ် အချစ်ဟာ ဘာလဲ မသိပေမယ့် မင်းကို ချစ်တာ အပြစ
ကိုယ့်နှလုံးသားထဲက ရေသေအိုင်ဟာ မင်းကိုမြင်တိုင်း အကြိမ်ကြိမ်လှိုင်းတံပိုး ခတ်လှတယ် အချစ်ဟာ ဘာလဲ မသိပေမယ့် မင်းကို ချစ်တာ အပြစ်မဟုတ်ဖို့ ကိုယ်ဆုတောင်းမယ်။ -မြတ်နွယ်