ကဗျာဂယ်လာရီ-Poetry Gallery
前往频道在 Telegram
ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️
显示更多📈 Telegram 频道 ကဗျာဂယ်လာရီ-Poetry Gallery 的分析概览
频道 ကဗျာဂယ်လာရီ-Poetry Gallery (@gabyargallery) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 14 978 名订阅者,在 书籍 类别中位列第 2 546,并在 缅甸 地区排名第 8 770 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 14 978 名订阅者。
根据 18 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -142,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.78%。内容发布后 24 小时内通常能获得 2.35% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 166 次浏览,首日通常累积 352 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 12。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ကဗျာကို ချစ်မြတ်နိုးကြသူများအတွက်
ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို
တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ
ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။
☘️22.7.2021☘️”
凭借高频更新(最新数据采集于 19 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 书籍 类别中的关键影响点。
14 978
订阅者
-324 小时
-387 天
-14230 天
帖子存档
အရှင်မြတ်ဟာ ကိုယ့်ဆုတောင်းတွေကြားပုံမပေါ်ဘူး။
ကိုယ့်ရဲ့ ရှိုက်သက်လေးဟာ
တခြားနေတစ်စင်းရဲ့ရောင်ခြည်မှာ ငိုကြွေးနေတုန်း။
-မြတ်နွယ်
အချစ်ဆိုတာ ဘတ်စ်ကားနဲ့
ဘတ်စ်ကားပေါ်က ခရီးသည်တွေလိုပါပဲ
သူတို့လိုရာအရပ်ရောက်ရင်
ခရီးသည်တွေက ဆင်းသွားကြမှာပဲ
ဘယ်သူက ချန်ခဲ့သူလဲ
ဘယ်သူက ကျန်ခဲ့သူလဲဆိုတာတော့ ဇဝေဇဝါ....
_ထွန်းဟိန်းယံ
ဥပဒါန် တဲ့။
တဒင်္ဂလောက်ငြိတဲ့အထုံးကို
ငါ့မှာ တစ်သံသရာ ဖြည်လို့မဆုံး။
-မြတ်နွယ်
သောကြာကြယ်လေးအတွက် မွေးနေ့ဆုတောင်း
ပျော်စရာ ဝမ်းနည်းစရာ
တဖန်တလဲ ကြုံရတဲ့လောကထဲ
နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းပန်းတွေပဲ
သောကြာကြယ်ကလေးရဲ့ ပန်းခင်းထဲ
ဝေဝေဆာဆာ ပွင့်ပါစေ။
မမြဲခြင်းတွေနဲ့ဒီလောကထဲ
ကို့အသည်းကို အပ်နှင်းထားပါတယ်
မင်းနင်းလျှောက်တဲ့ ခြေလှမ်းတိုင်း
ပန်းတွေ ခင်းပေးထားမယ့်သူဟာ
ကိုပဲ အမြဲဖြစ်ပါရစေ။
အမြဲတောက်ပနေတဲ့ ကြယ်လေးဟာမင်းဖြစ်ပြီး
အမြဲဘေးကရပ်တည်ပေးနိုင်တဲ့
ကောင်းကင်လေးဟာလည်း ကိုပဲဖြစ်ပါရစေ
နေ့ရက်တိုင်းက လှပပြီး
ဘဝတစ်ခုလုံး တောင့်တသမျှပြည့်ပါစေ။
တစ်ခါတစ်ခါ
မထင်ရင်မထင်သလို စိတ်ဆိုးစိတ်ကောက်တတ်တဲ့
သောကြာကြယ်ကလေးရေ
မင်းရောက်ရာအရပ်မှာ
စိတ်ကောက်စရာရင်ခွင်ဟာ
ကိုပဲ အမြဲဖြစ်ရပါစေ။
သောကြာကြယ်မွေးနေ့ရှင်လေးရေ
သောကမှန်သမျှ ဝေးပါစေ
ပြောသမျှ လိုသမျှ ပြည့်ပါစေ
စိတ်ကူးထားသမျှ အရာထင်ပါစေ
ကို့ရင်ခွင်မှာလည်း အမြဲဆိုးနိုင်ပါစေ။
-ထွန်းဟိန်းယံ
ဦးနှောက်က နာရတာများရင်
နှလုံးသားဟာ မျက်တောင်စင်းသွားတယ်။
အင်း . . သူလည်း နားချင်ရှာမှာပေါ့။
-မြတ်နွယ်
အကြောင်းအရင်း ။ ။ ထွက်ခွာခြင်းပုဒ်မ
ဘဝမှာ အပြောင်အပျက်တွေ မလုပ်နဲ့အသက်ရဲ့လို့ မိန့်ခွန်းခြွေသူဟာ ဘဝကို ရင်နာစရာဟာသအဖြစ် ရယ်သွမ်းသွေးသွားသူ jokerပဲ။
မထူးဆန်းဘူးလား။
နတ်ဘီလူးရဲ့စတုရန်းကွက်ပြက်လုံးထဲ
နယ်ရုပ်ဖြစ်မှန်းမသိဖြစ်နေတဲ့ ဘုရင်မဟာ
စစ်ရှုံးတာထက် ပိုခဲ့တာပေါ့။
မြားမှန်ထားတဲ့ စာသူငယ်ဟာ
ငိုချင်ရက်လက်တို့မယ့်သူမရှိတော့
မျည်ရည်တွေ ရှက်ရှက်နဲ့ပြန်ဝင်ပေးရတာပဲ။
ငါဟာ သိနေပြီးသား အဓိပ္ပာယ်ကို
လက်မခံချင်တဲ့အပြစ်တစ်ခုတည်းနဲ့
ဇာတ်ကွက်မျိုးစုံကနေ တူးဆွကြည့်ဆဲ။
မထူးလှတာသိလည်း ရူးရတာရှိတယ်။
သိက္ခာအပြည့်နဲ့ ခိုးငိုတာထက်တော့
တခုတ်တရရှိပါလိမ့်မယ်။
ဟိုးတုန်းက ငါ့တိမ်လွှာတွေ
ပွင့်ဖတ်ထဲ ကျပျောက်ခဲ့တယ်။
ဤ၍ ဤမျှ ဤခဏနောက်၌
တစ်သက်တာ ကိုယ်ယောင်ဖျောက်မှုများ။
သွေးမထွက်တဲ့ ဓားချက်တွေကို
သပ်သပ်ရပ်ရပ်ဗီရိုထဲ ခေါက်ထည့်လိုက်တယ်။
အောက်လမ်းမတတ်တဲ့ စုန်းမတစ်ပါး။
ကိုယ် ဖြစ်ပြမယ်။
စုန်းတစ်ကောင်လို ၊ မိစ္ဆာတစ်ပါးလို
ရည်ရွယ်ချက် ယုတ်ယုတ်နဲ့။
"ကမ္ဘာမှာ နေမသာရင် ဖြေသာစရာမရှိ"
ဒီလိုအော်ပြီး နေသူရိန်ကို
ဝေဘာဂီလမ်းကနေ ရေပြာကြည်စမ်းတဲ့ထိ
မပြေလည်တဲ့ညနေတွေ
ပုဇွန်ဆီရောင်သမ်းအောင်
ဖမ်းဆောင်လို့သွားမယ်။
ဘယ်သူ့လောကထဲ ကမ္ဘာပျက်ခဲ့ပျက်ခဲ့
ကမ္ဘာဟာ လှဆဲတဲ့။
ကိုယ်တော့ မယုံဘူး အချစ်ရဲ့။
နေရောင်မပါပဲ နှင်းဆီတွေခြောက်သွားတဲ့
ကမ္ဘာဟာ တကယ်မလှတော့ပဲ။
-မြတ်နွယ်
အနာဂတ်ရတနာလေးတွေ
တောက်ပချင်လိုက်ပုံများ
ကြယ်လို လလိုတော့မဟုတ်
အမှီနဲ့ ၊ အခိုနဲ့ မီးသီးလို။
-မြတ်နွယ်
ချစ်သူနဲ့ ကွေကွင်းရခြင်းသည်
ဒုက္ခလို့ ဆိုကြတယ်။
ဒါပင်မယ့်
ကိုယ့်ချစ်သူကို ပြန်မုန်းရတဲ့ဘဝဟာ
ပိုကြီးသော ဒုက္ခပဲ။
-တက္ကသိုလ်ဘုန်းနိုင်
ဝေးကွာခြင်းမှာ
မင်း အပြစ်ကင်းလောက်ပါတယ်
ငါ့ရဲ့ ဖြစ်တည်မှုကိုတွေးကြည့်ပြီး
ဝေးကြခြင်းပေါ့.....
သတိရခြင်းမှာ
ငါ အပြစ်ကင်းလောက်ပါတယ်
မင်းရဲ့ ဖြစ်တည်မှုကိုငေးကြည့်ပြီး
ကျေနပ်ရင်းပေါ့.....
ဒီလိုနဲ့ပဲ
နာရီလက်တံတွေက မြန်တယ်ထင်ဖူးသမျှ
ရက် လ နှစ်တွေကလည်း
မြန်လွန်းခဲ့တယ်
ဒီနှစ် နွေလည်းပူဦးမယ်.....
➣ထွန်းဟိန်းယံ
ကယောင်ကတမ်းနဲ့စောက်ရမ်းညံ့တဲ့ကဗျာ
အလိုရမ္မက်တွေပေါပေါပဲပဲမှောက်တဲ့
ခေတ်ကြီးထဲအတုအယောင်တွေဟာ
ဖောဖောကားကားပါပဲ။
စိတ်ဓာတ်၊စည်းကမ်း၊ပညာ
ထိုးကျတာနဲ့အမျှ ဆောင့်တက်သွားတဲ့
ကုန်စည်တန်ဖိုးတွေထဲပုဂ္ဂလိကပြည့်တန်ဆာအိမ်ထောင်ရေးစနစ်ရဲ့
အချစ်နဲ့အပျော်ဆိုတဲ့ဝေါဟာရကို
ရုပ်ဖျက်ပြီး အမျိုးသမီးကောင်းလေးတွေကို ကိုယ့်ကိုယ်ကို ဈေးပြိုင်စနစ်နဲ့ရောင်းကြတဲ့ ဂလက်စီနက်နက်ထဲက အမှိုက်ခေတ်။
ဒီပြဿနာဟာ ၊ ဒီဒဏ်ချက်ဟာ
အရေးပါတယ်လို့ တစာစာနဲ့
တိုးတိုးလေးပြောမိတယ်။
တော်စမ်းပါ။
အိမ်အိုလို့မှကျားမကန်နိုင်တဲ့
ခေါင်မိုးတွေပေါ် ဘယ် လ ကများ
အရေးတယူ လာသာပေးမှာမို့လို့လဲ။
အနာဂတ်ဆိုတာကြီးနဖူးပေါ်တင်မိတာနဲ့
ကမ္ဘာဟာအလိုလိုသိပ်သည်းဆပိုလာတယ်။
ချိန်ခွင်လျှာနှစ်ဖက်ညီမျှအောင်အဖေ့ပုခုံးပေါ်က
သက်ပြင်းဘယ်နှချက်ကို သား ပြောင်းသယ်ရမလဲ။
ဖက်ကြမ်းလိပ်တောင် မက်မက်မောမောရှိုက်ဖို့
အသပြာမပြည့်တဲ့ အဖေ့မှာလည်း
ငါးပြားစေ့ရေစိမ်ခွာတတ်တဲ့ သူ့ဇနီးငွေခင်ကို
ရွှေဆွဲကြိုးနဲ့ မျက်နှာလုပ်ချင်တဲ့ အိမ်မက်မျိုး
ရှိကောင်းရှိခဲ့မှာပဲလေ၊ရှိကောင်းရှိခဲ့မှာပေါ့။
ဓာတုဗေဒနဲ့ကျောင်းပြီးတဲ့အမေဟာ
ဈေးခြင်းတောင်းသယ်ရင်းစီးပွားရေးပညာကို တစ်ပတ်တစ်ခါသင်တန်းဆင်းရှာတယ်။
ဈေးကအပြန် ခိုတစ်ကောင်ရဲ့
ညည်းသံကိုပါ အဆစ် တတ်မြောက်လာသေးရဲ့။
ငါဆိုတဲ့ကောင်ကလည်း အိမ်အတွက်
ဖောက်ပေးချင်လိုက်တဲ့လမ်းတွေ
ကိုယ်တိုင်ထပြေးဖို့ကျ ကိုယ့်လမ်းကိုယ်
မရဲခဲ့တဲ့ သူရဲဘောတစ်ကောင်လေ။
ကလောင်တစ်ခုယူ ၊ ခဲတံကိုင်ဒူးနှံ့ပြီး
အိမ်ရဲ့လောကကို လျစ်လျူရှုထားတဲ့
အမေချစ်တဲ့ သားလိမ္မာပေါ့။
ဒဏ်ရာ ၊ ဒဏ်ရာ နဲ့
ကျုပ် ကဗျာတွေရေးပါတယ်။
ခြေမချဖူးတဲ့ တံခါးဝကို
စိတ်နဲ့ လှမ်းလှမ်းခေါက်ပြီး
သဘောတွေ့နေတဲ့ ခပ်အအ
ဆန်ကုန်မြေလေးတစ်ကောင်ပေါ့။
တကယ်လောကဓံနဲ့ကြုံမှပဲ
အဲ့စောက်ပေါဟာ
ခဲတံကောက်ကိုင်ဖို့တောင်အနိုင်နိုင်။
အမေ့ကိုတ ၊ မျက်ရည်ကျ ၊ နားရည်ဝပြီးသားဆရာငှက်သီချင်းကို ပထမဆုံးနားထောင်ဖူးသလို သောကနဲ့ရောလို့ သောတဆင်။
ကိုယ့်စိတ်ကိုယ်ဒဏ်ခတ်ဖို့
ကဗျာတွေမရေးတော့ဘူးလို့
ကိုယ့်ကိုယ်ကို ကတိပြန်ပေး။
ဒီကြားထဲ ဖီးလ်ကျဲအောင်
ရပ်ကွက်ရုံးက အသံချဲ့စက်နဲ့အော်ရှာတယ်။
နွေရောက်ပြီဖြစ်ပါသဖြင့်
မီးသတိပြုကြပါရန်။
နွေစာ ၊ နေစာ ၊ မီးလောင်စာ
နေ့တိုင်းပူနေရတဲ့ခေတ်။
ရပ်ကွက်ရုံးကဘိုးတော်တွေ
မသိချင်ယောင်ဆောင်ထားတာတစ်ချက်ကို ဗြောင်ချကြပါစို့။
ထင်းကုန်နေတဲ့အိမ်ကလေးမှာ
တောမီးက ထလောင်ဖို့ပဲရှိပါတယ် ဆရာ။
တောက ထလောင်ဖို့ပါပဲ။
သောက်ကြီးသောက်ကျယ်ဆန်ဖို့
နိုင်ငံနဲ့ချီပြီးပြောကြည့်ရင်
သစ်တောပေါတဲ့နိုင်ငံမှာ
ထင်းပဲကွက်ရှားတာဗျ။
ရယ်ရသားပဲ။
ထင်းမီးလည်းမလင်းနိုင် ၊
လျှပ်စစ်မီးလည်းမကူနိုင် ၊
ထားပါတော့လေ ။
သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့။
မတတ်နိုင်တဲ့အဆုံး အဲ့လိုဝါးချရတာပဲ။
ဩကာသလောက်ပဲ ဖြောင့်တာလေ။
မြန်မာတွေဟာလည်းသိပ်ခက်သဗျ။
ဆီတွင်းကြီးပါသွားပြီး ဆီတစ်ဘူးစီ
တန်းစီယူရတာကို ပျော်နေကြတာမျိုး။
အလှူခံဂိုဏ်းနဲ့ ယှဉ်မိုက်ရင်
လူရိုက်ခံရတာပဲရှိမှာပေါ့။
ထားပါတော့ ၊ ထားပါတော့ ။
ကိုယ့်အိမ်တောင်မီးမရှိရင်
တခြားကို မီးခြစ်ငှားဖို့ကျွန်တော်လည်း မတတ်နိုင်ပဲ။
ဖြစ်များဖြစ်နိုင်ရင်လေ။
ကျွန်တော် လေယာဉ်ပျံမောင်းချင်တယ် အဖေ။
နိုင်ငံကိုတင်ပြီး မြင့်ရာမောင်းလို့ရမယ့်
လေယာဉ်မျိုး ရိုက်ညီနောင်တီထွင်ခဲ့ကောင်းပါရဲ့။
ခုလောလောဆယ်တော့ ကျွန်တော် လေယာဉ်ခေါက်ဖို့ စက္ကူရှာတုန်း။
ညီမလေး အကြမ်းရေးထားတဲ့စာရွက်တွေ
လိုက်ရှာမိတယ် ၊ဟော ရပါပြီ။
စက္ကူလေယာဉ်တစ်စင်း အင်း . .
အိမ်ရှေ့မြောင်းထဲ ထိုးမဆင်းခင်ထိတော့
သူလည်း ခပ်ကြွားကြွားနဲ့ပါပဲ။
ပျော်ပျော်ကြီးသာ လက်ပိုက်ကြည့်ကြပါစို့။
ဓူဝံကြယ်မရှိတဲ့တစ်ထောင့်မှာ
ဘယ်လကများ လှအောင်
ထွန်းနိုင်မှာလဲ အဖေရဲ့။
မှောင်မိုက်လိုက်ပုံများ
ထွန်းပေးမယ်နေလည်းမရှိ
သွန်းမယ့်ကြယ်လည်းမရှိ
အပြုံးစစ်တွေ တဖြတ်ဖြတ်လင်းတာမျိုးမရှိ။
ခပ်ဝါးဝါးနဲ့ အတွေးတွေအဆုံး
ခပ်ရှားရှားမကျေနပ်သမျှကိုကဗျာထဲ လက်ညှိုးထိုးအန်ချရတယ်။
ဓူဝံကြယ်မရှိတဲ့တစ်ထောင့်မှာလေ
ကဗျာရေးဖို့ ခဲတံလေးကိုကိုင်ရင်း
မလင်းနိုင်တဲ့စောက်ပေါတစ်ကောင်ကျွန်တော်ပေါ့။
ဒီကဗျာဟာနွေမဟုတ်တဲ့
နေခေတ်အတွက် ရာသီစာခပ်ညံ့ညံ့
အင်း ကယောင်ကတမ်းနဲ့စောက်ရမ်းညံ့တဲ့ကဗျာပါပဲ။
-မြတ်နွယ်
-နေခေတ်ရဲ့နေစာ
တကူးတကတောင်းယူမှ ရတာမျိုးဆို
အချစ်လည်းတော်ပါပြီ။
ကမ္ဘာစစ်တစ်ခုကို ဘာကြောင့်များ
မျည်ရည်စိုက်ပြီး ဝယ်ကြမှာလဲ။
-မြတ်နွယ်
ကြယ်တွေ သွန်သွားတဲ့
အလင်းရောင်ကိုခံထားဖို့
လက်မပါခဲ့သူပါ။
ဘုရားနဲ့လွဲခဲ့တဲ့ ကံမွဲမှာ
အချစ်ကိုမှ ငမ်းငမ်းတက်။
-မြတ်နွယ်
အရောင်မပါတဲ့ စက္ကူအဖြူစလေးတွေဆို ကျွန်မသိပ်ချစ်တာပဲ။ ဒါကြောင့်
ကလေးတွေကိုပဲ ကမ္ဘာထင်တော့တယ်။
-မြတ်နွယ်
ကမ္ဘာကြီးလည်တာကိုဆွဲရပ်လို့မရသရွေ့
ကိုယ်တို့အကြိမ်ကြိမ်တိုက်မိဦးမှာပဲ။
မင်းက ခလုတ်တိုက်သွားလိုက် ၊
ကိုယ်က ငေးကျန်လိုက်ပေါ့ ။
-မြတ်နွယ်
ဘယ်သူ့ကိုမှမထိခိုက်စေလိုတဲ့
မုသားတွေဟာ အဝေးကိုပြေးထွက်ဖို့
အားယူတဲ့တောင်ပံတွေ အသက်ရဲ့။
-မြတ်နွယ်
နီလာရောင်အတ္တတွေနဲ့မင်းပါးပြင်ပြောင်လက်နေပုံများ
မနမ်းဝံ့စရာပဲ အချစ်ရယ်။
-မြတ်နွယ်
