es
Feedback
ကဗျာဂယ်လာရီ-Poetry Gallery

ကဗျာဂယ်လာရီ-Poetry Gallery

Ir al canal en Telegram

ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️

Mostrar más

📈 Análisis del canal de Telegram ကဗျာဂယ်လာရီ-Poetry Gallery

El canal ကဗျာဂယ်လာရီ-Poetry Gallery (@gabyargallery) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 15 082 suscriptores, ocupando la posición 2 470 en la categoría Libros y el puesto 8 672 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 15 082 suscriptores.

Según los últimos datos del 28 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -74, y en las últimas 24 horas de -14, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.60%. Durante las primeras 24 horas tras publicar, el contenido suele obtener 2.64% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 146 visualizaciones. En el primer día suele acumular 398 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 13.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Libros.

15 082
Suscriptores
-1424 horas
-307 días
-7430 días
Archivo de publicaciones
တိုက်ဆိုင်မှုရှိရင်  တိုက်တိုက်ဆိုင်ဆိုင် နီးစပ်ခဲ့ဖူးသလို တိုက်ဆိုင်မှုရှိရင်လည်း တိုက်တိုက်ဆိုင်ဆိုင် ဝေးခဲ့ရပါတယ် -ထွန်းဟိန်းယံ

အပြစ်တွေ အချစ်တွေ ကိုယ်မခွဲတတ်ဘူး မှားမိတဲ့အပြစ်ဆိုရင်လည်း မင်းကို ချစ်ခဲ့တာပဲရှိမယ်။ -မြတ်နွယ်

တရားမရှိတဲ့လောကထဲ မင်းဟာကိုယ့်ရဲ့ ပစ္စေက ‌‌ဗုဒ္ဓာငယ်။ -မြတ်နွယ်

သတိရတဲ့အကြောင်းကို မပြောမိပေမယ့် သတိရမိတဲ့ရက်ဟာ တစ်ဘဝစာ။ -ထွန်းဟိန်းယံ

ဒေစီခင်းထဲမှာလည်း နှင်းဆီတွေ ထပွင့်တတ်တယ်။ ငါတို့ဟာ စကားနဲ့မပြောဘဲ ကဗျာနဲ့ နားလည်တယ်။ အမည်တပ်မရတဲ့ဗေဒကို မသင်ဘဲ တတ်နေခဲ့တဲ့ လူနှစ်ဦးဟာ ဝေးကွာခြင်း ဘာသာရပ်ကိုတော့ အောက်သက်မကြေခဲ့။ ချစ်ခြင်းစာမေးပွဲမှာ သူတို့ကျရှုံးပါတယ်။ ဘဝမှာတော့ ဂုဏ်ထူးတွေနဲ့။ -မြတ်နွယ်

‎ယနေ့ညမိုးလေဝသ ‎မိုးလေဝသနဲ့ဇလဗေဒ ထုတ်ပြန်ချက် အရ ‎ဟိုဘက်ဒေသမှာ ‎နေရာကွက်ကြား သာယာနေပြီး ‎ဒီဘက်ဌာနမှာတော့ ‎ကမ္ဘာပျက်အလား အခါခါ သေရပါတယ်။‎အင်း သူလှည့်ပြုံးတာ တခြားအရပ်ပဲကို။ ‎ ‎-မြတ်နွယ်

အဆင်မပြေရင် ပြန်လာခဲ့ လို့ သေသေချာချာ မှာလိုက်ပေမဲ့ အဆင်ပြေစေဖို့ပဲ အမြဲ ဆုတောင်း ပေးနေခဲ့မိပါတယ် မငိုပါနဲ့ကွယ် မင်းမှာက ငါရှိသေးတယ် ငါ့မှာက ဘယ်သူမှ မရှိတော့ပါဘူး ။ 1 9 9 4

ကိုယ်ပိုင်ဘုရားကိုရှာတွေ့တဲ့အခါ လောကကို ဆီမီး စ ကပ်တယ်။ ‌ဖယောင်းစက်တွေကျလည်း ကျွန်တော့်လက်ဟာ မပူတတ်တော့ဘူး။ -မြတ်နွယ်

လရဲ့ ခေတ်မှာ နေမထွန်းလင်းနိုင်ပါဘူး။ ပန်းတွေအသက်ငင်ချိန် ကြယ်တွေဟာရှက်ကိုးရှက်ကန်း ထလင်း။ ကမ္ဘာဂြိုဟ်ရဲ့စည်းကမ်းကိုစွန့်ပစ်ပြီး ကိုယ့်အချစ်ကို ကိုယ်တိုင်တရားစီရင်ခဲ့။ ဘယ်အချစ်မှာ အမှားဆိုတာရှိလို့လဲ။ မေတ္တာစုဆောင်းရေးမှာ ကျွန်တော်ဟာ အထောက်အပံ့ မဖြစ်တဲ့ ‌volunteer . -မြတ်နွယ်

သောက်တလွဲသော ဆိုင်ကလုန်းငှက်များ Monsieur , ‎ဖွက်မထားခဲ့တဲ့ ပဟေဠိကို ‎ရုတ်တရက်မြင်လိုက်တဲ့နေ့ ‎ကျွန်တော်နားက လိပ်ပြာတွေ ‎ပျော်ပျော်ကြီး ထွက်ပြေးတော့တယ် ‎လောကရဲ့ သောက်တလွဲ ‎စုတ်ချက်တွေကို မြင်တတ်လာတဲ့အခါ ‎မျက်မှန်ကိုင်းဟာ ကမ္ဘာကပ်တစ်ခုစာ ‎လေးလံလာတယ်။ ‎‌ဘဝရဲ့ ပန်းခင်းထဲ ‎ပျိုးမရခဲ့တဲ့ ပန်းလေးတစ်ပွင့် ။ ‎မြေဩဇာရွာချပါလျက် ‎အညွန့်ပေါက်ဖို့ တာဝန်မသိတဲ့ ‎ပန်းတစ်ပွင့် ။ ‎ကြယ်တွေ ပြေးတဲ့ဝေဟင်နယ်ထဲ ‎ပင်လယ်ပြင်ဟာ ကူးခတ်ချင် ‎ကယောက်ကယက်နဲ့ ‎အပျောက်အပျက်သောညတွေမှာ ‎ပင်လယ်ရေဟာ လကိုခိုးနမ်းတယ်။ ‎နေမထွက်တဲ့ညမှာ ‎အိပ်မက်ဟာ မက်တတ်တယ်။ ‎အိပ်မက်ဟာအိပ်မက်သက်သက်ပေါ့။ ‎တိမ်တစ်စဟာ နွယ်တစ်မျှင်နဲ့ ‎ငြိလို့မှ မဖြစ်နိုင်ပဲ။ ‎ကိုယ့်ကမ္ဘာမှာ ကိုယ့်ခေါင်းစဉ်နဲ့ကိုယ်ပေါ့။ ‎အိပ်မက်တစ်ခုတည်းနဲ့ ‎သို့ပေသိ တသီးတသန့်နဲ့။ ‎ချောက်ချားစရာဟာ ‎ငါ့ကိုခြောက်လှန့်တယ်။ ‎သွေးကြောထဲလည်ပတ်နေတဲ့အဆိပ်ဟာ ‎ငယ်ထိပ်ကိုထိုးထွက်တယ်။ ‎‌အစိမ်းရောင်သောသွေးတွေနဲ့ ‎ငါဟာ နတ်ဆိုးတစ်ကောင်ပါလေ။ ‎နတ်ဆိုးကို လက်သပ်မွေးတဲ့ ‎ပျိုးခင်းထဲက ပိုးသတ်ဆေးတွေကြောင့် ‎ထွက်ပြေးခဲ့တဲ့ကောင်။ ‎မှင်စာတစ်ကောင်ရဲ့စိတ်ဓာတ်နဲ့ ‎ကိုယ့်အိမ်ကိုယ် ပြန်မရှာပဲ ‎လမ်းအသစ်တွေမှာ ‎အပင်အသစ်တွေစိုက်ခဲ့။ ‎ကိုယ့်နှလုံးသားကိုယ် စကန်ဖတ်ပြီး ‎ဆိုင်ကလုန်းငွေ့နဲ့ သန္ဓေတည်တဲ့ ‎ရဲတိုက်အသစ်ကို စဆောက်ခဲ့တယ်။ ‎အသက်ရှူကြပ်တတ်တဲ့ငှက်တွေဟာ ‎ဆိုင်ကလုန်းမြေမှာပဲလေ။ ‎ငါ့ဘဝရဲ့ အသက်ဟာ ‎ဘယ်မှာလဲ။ ‎ရေလောင်းတဲ့ငှက်ဟာ မိုးမမိဘဲ ‎ဘေးကငှက်ဟာ ထစိုရှာတယ်။ ‎ကံတရားနဲ့ မြှားနတ်မောင်ဟာ ‎လက်ဝါးချင်းရိုက်ပြီး ‎မွှေချင်တိုင်းမွှေကြတယ်။ ‎ကိုယ့်အသက်ကိုယ်ပြန်ရှာရင်း ‎ငှက်တွေ‌သက်စေ့လွှတ်ခဲ့. . ‎ဆိုင်ကလုန်းနယ်ထဲ သူတို့ ‎ပျော်မှပျော်ပါ့မလား။‌ ‎ငေးကြည့်နေတဲ့မျက်မှန်ကိုင်းဟာ ‎ကပ်တစ်ခုစာ လေးလံမှုတွေနဲ့။ ‎ရေစိုသောအတောင်နဲ့ငှက်တွေ ‎ဆက်ဆက်ရှင်သန်ပါစေလေ။ ‎ ‎-မြတ်နွယ် ‎-ဒီနေ့ရဲ့၁၁:၁၁မှာ ရေးသည်။ ‎

ဘဝရဲ့သေတမ်းစာဆိုတာ ချစ်ခြင်းတရားက တံဆိပ်နှိပ်ပေးတဲ့ စာချုပ်တစ်မျိုး -မြတ်နွယ်

အနှစ်မပါတဲ့ကျမ်းစာတွေနဲ့အတူ ဓားကိုကိုင်ဆွဲလျှောက်နေဆဲ အချစ်လှလှ၊အပြစ်လှလှ ပြီး ငါကျွံခဲ့တဲ့ နွံလှလှ -မြတ်နွယ်

အဓိပ္ပာယ်မဲ့တာတွေ ကျမ်းစာပေါ် ရောက်လာတာကိုက အချစ်ပဲ သေခြင်းတရားကိုဆွဲဆန့်တဲ့အခါ ချစ်ခြင်းဟာဘယ်မျဉ်းပေါ်မှာရှိသလဲ ပျော်စေချင်တဲ့အသက်တစ်ခုရှိရင် ဆက်ဆက်ရှင်သန်ရတယ်တဲ့။ -မြတ်နွယ်

နှလုံးသားဟာ အမှားအမှန်ကန့်လန့်ကာရဲ့ နယ်ခြားစည်းမျဉ်းပေါ့ အချစ်ငွေ့တွေ မှိုင်းတိုက်ခံရတဲ့အခါ ဦးနှောက်ဟာ ဝေဝါးသော ကမ်းလွန်ပင်လယ်ပြင် -မြတ်နွယ်

ကိုယ့်နှလုံးသားထဲက ရေသေအိုင်ဟာ မင်းကိုမြင်တိုင်း အကြိမ်ကြိမ်လှိုင်းတံပိုး ခတ်လှတယ် အချစ်ဟာ ဘာလဲ မသိပေမယ့် မင်းကို ချစ်တာ အပြစ
ကိုယ့်နှလုံးသားထဲက ရေသေအိုင်ဟာ မင်းကိုမြင်တိုင်း အကြိမ်ကြိမ်လှိုင်းတံပိုး ခတ်လှတယ် အချစ်ဟာ ဘာလဲ မသိပေမယ့် မင်းကို ချစ်တာ အပြစ်မဟုတ်ဖို့ ကိုယ်ဆုတောင်းမယ်။ -မြတ်နွယ်

ချစ်မိရင်တော့ ပိုင်ဆိုင်ချင်တာပေါ့အချစ်ရယ်.....။ ငေးကြည့်ပြီး အဆင်ပြေယောင်ဆောင်ရတာ အဆင်မပြေလှပါဘူး။ -ထွန်းဟိန်းယံ

‎နှင်းဆီဝါဝါတစ်ပွင့်ထဲ ‎ဒဏ္ဍာရီပေါင်း ၉၀ကျော်ပါတာ ‎ဘယ်သူသိမှာလဲ။ ‎ ‎နှလုံးသားမှာလောင်ကျွမ်းနေတဲ့ ‎ဝတ္ထုတစ်ခုကိုငြှိမ်းသတ်ဖို့ ‎မင်းကိုအကူအညီတောင်းမိရုံရယ်ပါ။ ‎တခြားဘာမှ ‎မရိုးမသား မကြံစည်ရပါဘူး။ ‎ ‎ငါ့မျက်ရည်အိတ်ဟာ ‎ငါ့ကိုပြန်လှောင်တယ်။ ‎စောက်သုံးမကျတဲ့ငါပါပဲလေ။ ‎‌ ‎အသက်မပါတဲ့ကြေးရုပ်ရှေ့မှာမှ ‎သွားငိုပြမိနေခြင်း ‎ ‎နောက်ဆို မတွဲချင်လို့ ‎လွှတ်ချထားတဲ့လိုက်တွေကို ‎လိုက်ပြီး မတောင်းပန်တော့ဘူး။ ‎ ‎ကျနော့်မာနလေးဟာ ‎ငိုရှာတယ်။ ‎ ‎ကိုယ်လုံးတီးနဲ့ ‎အိမ်မက်တစ်ယောက်ဟာ ‎ငါ့ညတွေထဲ အရှက်မရှိ ‎ဝင်ဝင်လာတယ်။ ‎ဘယ်နှင်ရက်ပါ့မလဲ။ ‎တစ်ချိန်က ငါချစ်ခဲ့တဲ့ ‎မိန်းမပျိုပဲလေ။ ‎ခုတော့သူလည်း ‎ပြည့်တန်ဆာကိုဖြစ်ရော ‎ ‎အပျိုဖော်မဝင်သေးတဲ့ ‎အရှက်တွေဟာ ‎ကျောက်ကပ်ရဲ့ ဦးနှောက်ထဲကို ‎ဝင်ပြေးနေကြ။ ‎ ‎ ကြိုက်မရှက် ငိုက်မရှက်ပါပဲ။ ‎ချစ်မိတဲ့လူဟာ ‎ဘယ်ရှက်တတ်ခဲ့ပါ့မလဲ။ ‎ ‎မမက်သင့်တဲ့အိမ်မက်တွေဟာ ‎ဈေးကြီးကြီးနဲ့လှပါတယ်။ ‎မမက်သင့်ပဲမက်လို့ ‎ခံရတဲ့ပြစ်ဒဏ်တွေဟာလည်း ‎တစ်ဘဝစာဈေးကြီးပါတယ်။ ‎ ‎ဈေးနှုန်းတက်နေတဲ့လောကကြီးပါပဲ။ ‎အဲ့လောကကြီးထဲ ‎ဈေးပေါနေတာကတော့ ‎ကြေးရုပ်တုရှေ့က ‎ကျနော့်မျက်ရည်တွေသာ ‎ ‎-မြတ်နွယ် ‎-ကြေးရုပ်ရှေ့ငိုကြွေးခြင်း ‎

လမ်းမှာတွေ့ရင် ငါ့ကိုကြည့်တဲ့အကြည့်တွေမကြိုက်ဘူး ငါ လူမိုက်မဟုတ်ဘူး ခင်ဘုန်းမြင့် ငါလူမိုက်ဆို နင့်ကောင်ကိုရိုက်မယ် ငါလူမိုက်ဆို နင့်ကားရှေ့ ဝမ်းလျားမှောက်မယ် ငါသာလူမိုက်ဖြစ်ခဲ့ရင် နင့်အိမ်ရှေ့ လာငိုမှာပေါ့ အခုက ငါ့ဟာငါ ဆိုင်ကျဉ်းလေးရဲ့အမှောင်ဆုံးထောင့်ချိုးမှာ အသေကောင်လို ခွေနေတာ ငါ လူလိမ္မာပါ ခင်ဘုန်းမြင့်ရ ။ နေလည်းညိုပြီ ခင်ဘုန်းမြင့် ပျို့လာတဲ့စိတ်ကို တခုခုနဲ့ မျောချရဦးမယ် အယ်ကိုဟောမှာ အဆင့်တန်းမခွဲခြားဘူး သူတောင်းစားကနေ သမ္မတအထိ သောက်ရင်မူးမယ်ဆိုတဲ့ တန်းတူညီမျှဝါဒဖြူစင်တယ် ကြက်တောင်စည်းလေးနဲ့ ခင်ဘုန်းမြင့်ကိုတွေ့ဖို့ ပါးကွက်ကြားလေးနဲ့ ခင်ဘုန်းမြင့်ကို မြင်ဖို့ ဖီးဆင့်စက်ဘီးလေးနဲ့ ခင်ဘုန်းမြင့်ဆီ အရောက်သွားဖို့ ဘုံဆိုင်ရှိရာ အရောက်ပြေးရတယ် ဘုံဆိုင်လေးရဲ့ ထောင့်စွန်းစားပွဲဝိုင်းမှာ တောအရက်ထဲ မရမ်းပြားချေထည့်ပြီး " ခင်က လမ်းလျှောက် မြန်တယ် စကားပြော သွက်တယ် စိတ်ဆတ်သလို လက်သွက်တယ် အထင်ရှားဆုံးအမှတ်အသားက အကျယ်ကြီး အော်ရယ်တာကွ " ဆိုပြီး တွေ့သမျှလူကို ရင်ဖွင့်နေတာ ငါ လူလိမ္မာပါ ခင်ဘုန်းမြင့်ရ ။ အဲ့ဒီလို ဘုံဆိုင်ထိုင် ဘဝမို့ ထားခဲ့တဲ့အကြောင်းတော့ မပြောပြရက်ဘူး မျက်နှာမွဲရဲ့ ကောင်းကင်မှာ အရည်အသွေးနိမ့် တိမ်တွေပဲရှိတာ ဘာဆန်းသလဲ။ ခင်ဘုန်းမြင့်ရေ...... ချစ်ရပါသော မခင်ဘုန်းမြင့်ရေ...... ဒီတခွက်ပြီးရင်တော့ အတိတ်ကိုငါပြန်ရောက်ပြီလေ အတိတ်မှာ နင်က ငါ့ကိုသိပ်ခင်တွယ်တာ ဒါကြောင့် အတိတ်ဆီရောက်ဖို့ အဆုတ်ကို ရွက်လိုလွှင့်ပြီး အယ်ကိုဟောမြစ်ထဲ ကူးခပ်ဦးမယ် အလွမ်းဟာ ဘယ်တော့မှ ဆီမခမ်းတဲ့အင်ဂျင်မို့ ကြိုနေပေဦး ခင်ဘုန်းမြင့်ရေ ကြိုနေပေဦး ခင်ဘုန်းမြင့်။ ။ -ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery - Estadísticas y analítica del canal de Telegram @gabyargallery