fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
+124 ساعت
+67 روز
+2430 روز
آرشیو پست ها
◾️ဘီလာရုစ်ကျောင်းသားများ လိုက်ပါလာသည့် ကားကို ယူကရိန်းတိုက်ခိုက်ခဲ့ ကြောင်း ရုရှားစွပ်စွဲ ဘီလာရုစ် ကျောင်းသားငယ်များလိုက်ပါလာသော ဘတ်စကားတစ်စီးကို ယူကရိန်းစစ်ဘက်က ဇွန်၁၇ ရက်တွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ ယူကရိန်းစစ်ဘက်က မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သောဘတ်စကားမှာ အားလပ်ရက်ကာလအတွက် ဘီလာရုစ်မှ ရုရှားတောင်ပိုင်းသို့ လာရောက်သည့်ဘီလာရုစ်ကျောင်းသား ဘောလုံးအသင်းဝင်များ လိုက်ပါလာသည့်ဘတ်စကားဖြစ်ကြောင်း ရုရှားနိုင်ငံဘရိုင်းယန့်ခ်ဒေသအုပ်ချုပ်ရေးမှူးယေဂါကိုဗယ်လ်ချော့ခ်က ပြောကြားထားသည်။ ယူကရိန်း စစ်ဘက်အနေဖြင့်အဝေးပြေးလမ်းပေါ်တွင် မောင်းနှင်နေသော အထက်ပါဘတ်စကားကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘရိုင်းယန့်ခ်ဒေသ အုပ်ချုပ်ရေးမှူးက လူမှုမီဒီယာစာမျက်နှာပေါ်တွင်ရေးသားထားသည်။ ယူကရိန်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် ဘတ်စကားပေါ် ကလေးများနှင့်အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ကလေးခြောက်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာများရခဲ့ကြောင်းသိရသည်။ ဘီလာရုစ် ကျောင်းသားများလိုက်ပါလာသော ဘတ်စကားတိုက်ခိုက်ခံရမှုကို ဆိုးရွားသည့်ရာဇဝတ်မှု ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကရှုတ်ချထားသည်။ ရုရှားနိုင်ငံ၏ ဝေဖန်စွပ်စွဲမှုများကို ယူကရိန်းစစ်ဘက်က ငြင်းပယ်ထားပြီး ယူကရိန်းတပ်များအနေဖြင့်ဘရိုင်းယန့်ခ်ဒေသရှိ ပစ်မှတ်များကိုတိုက်ခိုက်ရေးအတွက် မောင်းသူမဲ့လေယာဉ်များ စေလွှတ်ခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။ သို့ရာတွင် ဘီလာရုစ်ကလေးငယ်များလိုက်ပါလာသော ဘတ်စကားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရှင်းလင်းချက်များ ပြည့်ပြည့်စုံစုံပေးရန် ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းကို တောင်းဆိုထားသည်။ ဘတ်စကားတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရုရှားတာဝန်ရှိသူများကအကြမ်းဖက်ဝါဒဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်းသိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဖွံ့ဖြိုးဆဲနိုင်ငံများ ကုလသမဂ္ဂ၌ ပိုမိုကိုယ်စားပြုပိုင်ခွင့် တရုတ်တောင်းဆို ကုလသမဂ္ဂ၌ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများ ပိုမိုကိုယ်စားပြုပါဝင်ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇွန် ၁၇ ရက်တွင်တောင်းဆိုလိုက်သည်။ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ၌ အပြည့်အဝ ကိုယ်စားပြုနိုင်မှု မရှိသေးကြောင်း၊ ယင်းအပြင် ကုလသမဂ္ဂ၏ အခွင့်အာဏာမှာလည်း ကမ္ဘာတစ်ဝန်းလုံး၌ ပေါ်ပေါက်နေသော နိုင်ငံရေး၊ စီးပွားရေး အငြင်းပွားမှုများ၏စိန်ခေါ်မှုနှင့် ပိုမိုရင်ဆိုင်လာရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇွန် ၁၇ ရက်သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ ကမ္ဘာ့နိုင်ငံမှန်သမျှ သည် နိုင်ငံတကာ အသိုက်အဝန်း၏ အဖွဲ့ဝင်များသာ ဖြစ်ကြကြောင်း၊ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံကို ပိုမိုနားထောင်ပေးကြရန်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ထုတ်ဖော်ပြောကြားခဲ့သည်။ ဇွန် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင်အရှေ့အလယ်ပိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကိုခိုင်ခိုင်မာမာ ရုပ်လုံးဖော်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက တောင်းဆိုခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအားလုံးအနေဖြင့် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းသစ်၏ အခြေခံအုတ်မြစ်ကို ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်လည်းတိုက်တွန်းထားသည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ယူကရိန်းစစ်ပွဲ နှစ်ခုစလုံးတွင် ငြိမ်းချမ်းရေး ဖန်တီးပေးသူအဖြစ် ရပ်တည်နိုင်ရေးအတွက်ကြိုးပမ်းနေသည့်နိုင်ငံဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ယခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင် အပူပိုင်း ပစိဖိတ်သမုဒ္ဒရာဒေသ၌ အယ်လ်နီညို ရာသီဥတုပုံစံ ပေါ်ထွက်နေပြီဖြစ်ပြီး ယင်းရာသီဥတုပုံစံမှာ ယခုနှစ် ဒုတိယ ခြောက်လတာကာလအတွင်းပိုမိုအားကောင်းလာနိုင်ကြောင်း ဩစတြေးလျ မိုးလေ၀သ ဗျူရိုက ဇွန် ၁၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ယခုနှစ် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် နှစ်ပေါင်း ၇၀ အတွင်းအပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာနိုင်ကြောင်း ဩစတြေးလျ မိုးလေ၀သဗျူရို သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အမေရိကတိုက် နိုင်ငံများ၌ မိုးရွာသွန်းမှု လွန်ကဲနိုင်ပြီး အာရှ၌ ပူပြင်းခြောက်သွေ့သည့် အခြေအနေများရှိလာနိုင်ကြောင်း ဩစတြေးလျမိုးလေ၀သဌာနက ခန့်မှန်းထားသည်။ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာဒေသ၌ အပူချိန်မြင့်တက်လာမှု အတိုင်းအဆအရ ယခုနှစ် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် အလွန်ပြင်းထန်သော ရာသီဥတုဖြစ်စဉ် ဖြစ်လာနိုင်ကြောင်း ဩစတြေးလျမိုးလေ၀သဗျူရို၏ အဆိုအရသိရသည်။ ရာသီဥတုပြောင်းလဲမှု ပြဿနာကြောင့် ယခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ ဆိုးကျိုး သက်ရောက်မှု များမှာ ပိုမိုပြင်းထန်လာလိမ့်မည်ဖြစ်ကြောင်းနိုင်ငံတကာသိပ္ပံပညာရှင်များက သတိပေးထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️သားသမီးထောက်ပံ့ကြေး မပေးသည့် ဖခင် ၁၃၀၀၀ ကျော်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုခွင့် အာဂျင်တီးနား ပိတ်ပင် အာဂျင်တီးနားအစိုးရသည် သားသမီးထောက်ပံ့စရိတ်ပေးဆောင်ရန် ပျက်ကွက်နေသည့် ဖခင်များကို အားကစားကွင်းအတွင်း ဝင်ရောက်၍ ကမ္ဘာ့ဖလားပွဲစဉ်များ ကြည့်ရှုခွင့်မပြုရန် အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုက်ကြောင်း Fox News က ဖော်ပြထားသည်။ "ကိုယ့်ရဲ့ သားသမီးတွေကို ကျွေးမွေးပြုစုဖို့၊ ထောက်ပံ့ဖို့ဆိုတဲ့ အခြေခံအကျဆုံး တာဝန်တစ်ခုကိုတောင် ပျက်ကွက်ထားတဲ့ အဖေတွေဟာ ဒါရဲ့အကျိုးဆက်ကို ခံယူရပါလိမ့်မယ်။ တကယ်လို့ သူတို့ဟာ သားသမီးတွေကို ထောက်ပံ့စရိတ်ပေးဖို့ ပျက်ကွက်နေခဲ့ရင် အားကစားကွင်းထဲကို ပွဲလာကြည့်ခွင့် လုံးဝရရှိမှာ မဟုတ်ပါဘူး"ဟု ဗျူနိုအေးရိစ်မြို့တော်ဝန် ဂျော့ခ်ျမာကရီက ပြောကြားခဲ့သည်။ အာဂျင်တီးနားအစိုးရသည် သားသမီးထောက်ပံ့ကြေး (Child support) ပေးဆောင်ရန် ပျက်ကွက်နေသည့် ဖခင်ပေါင်း ၁၃၀၀၀ ကျော်၏ အမည်ပျက်စာရင်းကို "Tribuna Segura" အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမေရိကန်အာဏာပိုင်များထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဆိုပါဖခင်များသည် မိဘတစ်ဦး၏ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်မချင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်မရစေရေးဖြစ်ကြောင်း ဗျူနိုအေးရိစ်မြို့တော်ဝန်က ရှင်းပြခဲ့သည်။ အာဂျင်တီးနားအစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိသတ်များအကြား ရေပန်းစားလျက်ရှိပြီး ဘောလုံးအားကစားထက် ကလေးငယ်များ၏ အနာဂတ်နှင့် ဖခင်တစ်ဦး မဖြစ်မနေ တာဝန်ယူရန် လိုအပ်မှုကို ရှေ့တန်းတင်ခဲ့သည့် အစိုးရ၏ လုပ်ဆောင်ချက်အပေါ် လူအများက ချီးကျူးလျက်ရှိကြသည်။ "ကမ္ဘာ့ဖလားပြိုင်ပွဲက အရေးကြီးတာမှန်ပေမဲ့ မိသားစုနဲ့ သားသမီးကတော့ အမြဲတမ်း နံပါတ်တစ်ပါပဲ။ ကလေးတွေရဲ့ အခွင့်အရေးကို ဘောလုံးပွဲထက် ဦးစားပေးရပါမယ်။ တာဝန်မကျေတဲ့ ဖခင်တွေဟာ အားကစားကွင်းထဲ ဝင်ခွင့်မရဘဲ ကွင်းဝကနေ လှည့်ပြန်ရပါမယ်။ အမေရိကန်အာဏာပိုင်တွေနဲ့ လက်တွဲပြီး ဒါကို အပြည့်အဝ အကောင်အထည်ဖော်သွားမှာပါ" ဟု ဗျူနိုအေးရိစ်မြို့တော်ဝန် ဂျော့ခ်ျမာကရီက ထပ်လောင်းပြောကြားခဲ့သည်။ သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ် ကိုးကား-FoxNews #နိုင်ငံတကာသတင်း

‎◾️အမျိုးသားစာပေဆုခြောက်ဆုရ စာရေးဆရာတင်မောင်မြင့်ကွယ်လွန် ‎တစ်သက်တာအမျိုးသားစာပေဆုအပါအဝင် အမျိုးသားစာပေဆု ခြောက်ဆုရ ဘာသာပြန်စာရေးဆရာ တင်မောင်မြင့်သည် ယနေ့(ဇွန် ၁၈ ရက်)မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံ၌ကွယ်လွန်ခဲ့သည်။ ‎ ‎ဆရာကြီးကွယ်လွန်ခြင်းသည် မြန်မာစာပေလောကအတွက်သာမက နိုင်ငံအတွက်ပါကြီးမားလှသောဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ ကွယ်လွန်သွားသော်လည်း ချန်ထားရစ်ခဲ့သည့်နှမြောတသဖွယ် စာပေလက်ရာမွန်များသည် စာဖတ်သူတို့၏ရင်ထဲတွင် ထာဝရရှင်သန်နေမည်ဖြစ်ကြောင်း လင်းလွန်းခင်စာပေတိုက် မိသားစုက လူမှုကွန်ရက်တွင်မှတ်ချက်ပြုရေးသားထားသည်။ ‎ ‎ထို့ပြင် ကံ့ကော်ဝတ်ရည်စာပေတိုက်ကလည်း “ဘာသာပြန်ဖတ်သူ ပရိသတ်တွေအတွက် စာပေကျေးဇူးကြီးလှတဲ့ပါပါကြီးဦးတင်မောင်မြင့် ဒီနေ့လယ်ကပဲ ပင်လုံဆေးရုံမှာကွယ်လွန်ခဲ့ရှာပါပြီ။ ကံ့ကော်ဝတ်ရည်မိသားစုက အထူးဝမ်းနည်းကြေကွဲရပါတယ်။ ပါပါ အေးငြိမ်းရာဘုံမှာ တည်နေနိုင်ပါစေတော့” ဟု လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းရေးသားထားသည်။ ‎ ‎ဆရာကြီးတင်မောင်မြင့်ကို ဖခင်ဦးမောင်ဒွေး၊ မိခင်ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် တွင် ဟင်္သာတခရိုင်စစ်ကျွန်းရွာ၌မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ရေကျော်ဦးမောင်မောင်အလွတ်ပညာ သင်ကျောင်းမှအလယ်တန်းအောင်မြင်ခဲ့သည်။ ‎ ‎၁၉၅၈ ခုနှစ်တွင် တောင်ကြီးမြို့အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ထို့နောက်ရန်ကုန်သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး တောင်ကြီးမြို့ ပြည်သူ့ထောက်ပံ့ရေးဌာန၊ ရှမ်းပြည်နယ်ပညာမင်းကြီးရုံးများတွင် စာရင်းကိုင်စာရေးအဆင့်ဆင့်ဖြင့်တာဝန်ထမ်းဆောင် ခဲ့သည်။ ‎ ‎၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE) ၌ အလုပ်ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ဆရာကြီးသည် ဘီအိုစီကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေစဉ်ဆရာမြတ်ငြိမ်းနှင့်အတူ Jonathan Black ၏ World Rapers ကိုစတင်ဘာသာပြန်ခဲ့သည်။ ‎ ‎ရေနံမြေနယ်ပယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်စဉ်အတွင်း အဆိုပါစာအုပ် ပထမပိုင်းတစ်ဝက်ကို ဘာသာပြန်ဆိုပြီး ဒုတိယပိုင်းကိုဆရာမြတ်ငြိမ်းကပြန်ဆိုကာ ၁၉၈၃ ခုနှစ်တွင် ‘ငွေကျွန်’ ဟူသည့် ဘာသာပြန်စာပေလက်ရာပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း Gone With the Wind အဆက် Scarlett အမှာစာအုပ်တွင်ဖွင့်ဟရေးသားခဲ့သည်။ ‎ ‎၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း၌အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်း၌ ဒုတိယအယ်ဒီတာချုပ်တာဝန်များထမ်းဆောင်ခဲ့သည်။ ‎ ‎ဆရာကြီးတင်မောင်မြင့်သည် ပင်ကိုရေးနှင့်ဘာသာပြန်စာပေများစွာရေးသားပြုစုခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်အတွက် မဒမ်ကျူရီ (Madam Curie by Eve Curie) စာအုပ်ဖြင့် အမျိုးသားစာပေဆု ဘာသာပြန်(သုတ)၊ ၂၀၀၄ ခုနှစ်အတွက် တောင်ပံမဲ့သင်းကွဲတေးဆိုငှက် (To Kill a Mocking Bird by Harper Lee) စာအုပ်ဖြင့် အမျိုးသားစာပေဆုဘာသာပြန်(ရသ)၊ ၂၀၀၇ ခုနှစ်အတွက် အနက်ရောင် အိပ်မက် စိမ်းမြမေတ္တာ(A Place for Kathy by H.Denker) စာအုပ်ဖြင့် အမျိုးသားစာပေဆုဘာသာပြန် (ရသ)၊ ၂၀၁၁ ခုနှစ်အတွက် မျှော် (Waiting by Ha Jin) စာအုပ်ဖြင့် အမျိုးသားစာပေဆု ဘာသာပြန် (ရသ)၊ ၂၀၁၂ ခုနှစ်အတွက် ပြစ်မှုနှင့်ပြစ်ဒဏ် (Crime and Punishment by Fyodor Dostoevsky) စာအုပ်ဖြင့်အမျိုးသားစာပေဆုဘာသာပြန် (ရသ) တို့ဖြင့်အမျိုးသားစာပေဆုငါးကြိမ်အထိရရှိခဲ့သည်။ ‎ ‎ထို့ပြင် ၂၀၁၈ ခုနှစ်တွင်လည်း အမျိုးသားစာပေတစ်သက်တာဆုရှင်အဖြစ်ရွေးချယ်ခံရသည်။ ကိုယ်တိုင်ရေးစာအုပ်များအပါအဝင် ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၀) နှစ်ရှိပြီဖြစ်သည်။ ‎ ‎သတင်း - အင်ကြင်း ‎ဓာတ်ပုံ - MOI ‎#ပြည်တွင်းသတင်း

‎◾️ထောက်ပံ့မှုမရှိ၊ ကိုယ့်ထမင်းကိုယ်စားလေ့ကျင့်ခဲ့ရဟု သစ္စာအားမာန်နောက်ခံလူဒီဇင်ဘာနှင်းရင်ဖွင့် ‎မြန်မာအမျိုးသမီးလိဂ်ပွဲစဉ် (၁) ၏ ယမန်နေ့(ဇွန် ၁၇ ရက်) နောက်ဆုံးပွဲစဉ်ဖြစ်သည့် သစ္စာအားမာန် အမျိုးသမီးအသင်းနှင့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ကစားရာ ဧရာဝတီအက်ဖ်စီ အသင်းက ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ‎ ‎အဆိုပါပွဲစဉ်အပြီးတွင် သစ္စာအားမာန်အသင်းနောက်ခံလူဒီဇင်ဘာနှင်းက ၎င်းတို့အသင်းအနေဖြင့် ဝတ်စုံ အပါအဝင် ထောက်ပံ့မှုများမရှိခြင်းနှင့် စားသောက်ရေးအခက်အခဲများကြုံတွေ့ခဲ့ရသလို လေ့ကျင့်ရေး အပိုင်းတွင်လည်း အသေချာပြင်ဆင်လေ့ကျင်ခြင်းများမရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ‎ ‎သစ္စာအားမာန်ကစားသမား ဒီဇင်ဘာနှင်းက အသင်း၏အခက်အခဲများနှင့်ပတ်သက်ပြီး "အားနည်းတာ တော့အများကြီးပါပဲ။ အသင်းဘက်က ဝတ်စုံတွေဘာတွေကအစအကုန် လုံးပေါ့၊ ထောက်ပံ့မှုမရှိဘူး။ အခုထမင်းစားရ‌ပြီး နောက်နေ့ကျထမင်းမစားရတဲ့နေ့တွေတောင်ရှိတယ်။ လေ့ကျင့်ရေး(Training) ကာလမှာ ကိုယ့်ဘာသာကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး လေ့ကျင့်ရေးဆင်းခဲ့ရတာတွေရှိတယ်။ အားနည်းချက်တွေကအများကြီးပါပဲ။ လူလည်းမရှိဘူး။ လေ့ကျင့်ရေးတောင် တစ်ရက် တစ်ကြိမ် မနည်းနပ်မှန်အောင်ဆင်းနေရတာ။ သူများတွေလိုကွင်းထဲမှာဆို ဘာမှလူလဲစရာမရှိဘူး။ ကစားပုံလွဲ တာကတော့ သေချာလေးလေ့ကျင့်ရေးမလုပ်ဖြစ်လို့ထင်ပါတယ်။ ပြီးတော့လည်း ဒီလက်ရွေးစင်တွေက သေချာလေးမပူးပေါင်းရသေးဘူးပေါ့။ အဲဒီလိုမျိုးလေ့ကျင့်ရေးတွေ သေချာမဆင်းရသေးတာရှိနေတယ်။ အသင်းဖော်တွေကတော့ အကုန်လုံးကြိုးစားကြပါတယ်" ဟု မီဒီယာများနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြော ကြားခဲ့သည်။ ‎ ‎အဆိုပါပွဲစဉ်တွင် သစ္စာအားမာန်အမျိုးသမီးအသင်းနှင့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီအက်ဖ်စီအသင်းက ကစားသမားအင်အား အပြည့်ဖြင့်ကစားသွား ခဲ့သည်။ ‎ ‎သစ္စာအားမာန်အသင်းသည် မြန်မာအမျိုးသမီးလိဂ်တွင် အဆင့် ၁ မှ အဆင့် ၃ အတွင်း အမြဲဝင်ရောက်လေ့ရှိသည့်အသင်းကြီးတစ်သင်းဖြစ်သော်လည်း ယခုရာသီသစ်တွင်မူ အဖွင့်ပွဲကိုဂိုးပြတ်အရေးနိမ့်လိုက်ရခြင်းဖြစ်သည်။ ‎ ‎လက်ရှိကစားသမားဒီဇင်ဘာနှင်း၏ အင်တာဗျူးဖြေကြားချက်များသည် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာထက်တွင်ပျံ့နှံ့လျက်ရှိပြီး ပရိသတ်များနှင့်မီဒီယာများက ကစားသမားများဘက်မှဝန်းရံကာ သစ္စာအားမာန်အသင်း၏ စီမံခန့်ခွဲမှုအပေါ်ဝေဖန်မှုများရှိနေကြောင်းသိရသည်။ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ-သစ္စာအားမာန် ‎#ပြည်တွင်းသတင်း

◾️OWICလက်ဝယ်ရှိ၍ ပြည်ပထွက်ခွာခွင့် ပြုရန် အထောက်အထားစုံလင်စွာ တင်ပြလာသူ ၄၆ ဦးအား ပြည်ပသို့ ထွက်ခွာခွင့်ပြု မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်ဖြစ်စေ၊ ခွင့်ပြန်ဖြစ်စေ OWICလက်ဝယ်ရှိ၍ ပြည်ပထွက်ခွာခွင့်ပြုရန် အထောက်အထား စုံလင်စွာ တင်ပြလာသူ၄၆ ဦးအား ပြည်ပသို့ ထွက်ခွာခွင့်ပြု လက်ဝယ်ရှိ၍ပြည်ပထွက်ခွာခွင့်ပြုရန် အထောက်အထား စုံလင်စွာ တင်ပြသူ ၄၆ ဦးအား ပြည်ပသို့ ထွက်ခွာခွင့်ပြုကြောင်း ဇွန် ၁၆ ရက်ကအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်ပသို့ ထွက်ခွာခွင့်ရရှိသူများမှာ သတ်မှတ်ရက်တွင် မဖြစ်မနေ ထွက်ခွာရန် လိုအပ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ထွက်ခွာရက် ပြောင်းလဲပါက ပြည်ပထွက်ခွာခွင့်ကိုသတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပထွက်ခွာရာတွင် မိမိ အမည်ပါသည့်စာရွက်ကိုလေဆိပ်တွင် ပြသရန်လိုအပ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သတင်း-ဇော်ကိုက် ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ယူကရိန်း၏ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို ထောက်ခံကြောင်း ဂျီ-၇ အုပ်စု ပြောကြား ယူကရိန်းနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို မိမိတို့အနေဖြင့် ညီညီညွတ်ညွတ် ထောက်ခံအားပေးနေမည်ဖြစ်ကြောင်း ဂျီ-၇ အုပ်စုခေါင်းဆောင်များက ဇွန် ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ ယင်းအပြင် ရုရှားနိုင်ငံ၏ စစ်ပွဲကာလ စီးပွားရေးကိုလည်း ဖိအားပိုပေးရန်သဘောတူခဲ့ကြကြောင်း ဂျီ-၇ အုပ်စု ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ ရုရှား၏ စစ်ပွဲကာလစီးပွားရေးကို ဖိအားပေးနိုင်ရေးအတွက် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ကဏ္ဍအပါအဝင် လုပ်ငန်းနယ်ပယ်များကို အရေးယူ ပိတ်ဆို့မှုများ ထပ်မံမြှင့်တင်မည်ဖြစ်ကြောင်း ဂျီ-၇ အုပ်စု ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံ အက်ဗီယန်-လက်စ်-ဘိန်းစ် အပန်းဖြေမြို့၌ ကျင်းပခဲ့သောဂျီ-၇ အုပ်စု ထိပ်သီးညီလာခံတွင် အထက်ပါပူးတွဲကြေညာချက်ကို ဂျီ-၇ခေါင်းဆောင်များက ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။ အက်ဗီယန်- လက်စ်-ဘိန်းစ် အပန်းဖြေမြို့ ဂျီ-၇ ထိပ်သီးညီလာခံသို့ ဂျီ-၇အုပ်စုဝင်နိုင်ငံများဖြစ်ကြသော ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ ကနေဒါ၊အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ခေါင်းဆောင်များအပြင်အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇွန် ၁၅ ရက်တွင် စတင်ကျင်းပခဲ့သော သုံးရက်ကြာ ဂျီ-၇ ထိပ်သီးညီလာခံတွင် ဂျီ-၇ အုပ်စု ခေါင်းဆောင်များသည် အီရန်စစ်ပွဲ ပြီးဆုံးရေးနှင့် ယူကရိန်းစစ်ပွဲပြီးဆုံးရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ယင်းအပြင် ဂျီ-၇ အုပ်စုခေါင်းဆောင်များသည် မြေရှားသတ္တုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အားပြုမှီခိုနေရမှုကို လျှော့ချနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️“ကျွန်တော် ငိုခဲ့ရတာ ဘောလုံးပွဲနဲ့ မဆိုင်ပါဘူး၊ ပရိသတ်တွေကြောင့် ကိုယ့်အိမ်ကွင်းမှာ ကစားနေရသလို ခံစားရတဲ့စိတ်နဲ့ ငိုမိခဲ့တာပါ”ဟု ပြောလိုက်သည့် မက်ဆီ လက်ရှိချန်ပီယံ အာဂျင်တီးနားက အယ်လ်ဂျီးရီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် မက်ဆီက ဟက်ထရစ် သွင်းယူခဲ့ပြီး အာဂျင်တီးနားကို ဂိုးပြတ်နိုင်ပွဲနှင့်အတူ အဖွင့်လှပစေခဲ့သည်။ ပွဲအပြီးတွင် မက်ဆီက ငိုကြွေးခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွဲအပြီးတွင် သတင်းမီဒီယာများက အင်တာဗျူးမေးခွန်း မေးခဲ့ကြသည်။ "ကျွန်တော် ငိုခဲ့ရတာက ဘောလုံးအားကစားနဲ့ မသက်ဆိုင်တဲ့ တခြားအကြောင်းအရာတစ်ခုကြောင့်ပါ။ ကျွန်တော်ဟာ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေကိ ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီလို ခက်ခဲနေတဲ့ အချိန်တွေမှာ ကျွန်တော့်အနားမှာ အမြဲတမ်းရှိနေပေးပြီး ဒါတွေကို ဖြတ်သန်းကျော်လွှားနိုင်ဖို့ ခွန်အားတွေ အများကြီး ပေးခဲ့ကြတဲ့ အသင်းရဲ့ တာဝန်ရှိသူအဖွဲ့သားအားလုံးနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဘောလုံးကစားရတာကို ကျွန်တော် ချစ်ပါတယ်။ ဒါဟာ ကျွန်တော် ငယ်ငယ်လေးကတည်းက စွဲလန်းရူးသွပ်ခဲ့ရတဲ့ အရာပါပဲ။ အဲ့ဒီတော့ ကျွန်တော် အကောင်းဆုံးပုံစံ ထုတ်ဖော်ပြသနိုင်တဲ့ အခြေအနေမျိုး ရှိနေတဲ့အခါတိုင်း ကွင်းထဲမှာ ကျွန်တော်ပေးနိုင်သမျှ အရာအားလုံးကို ပုံအောပြီး ပေးဆပ်ကစားပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ (၆) ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပါပဲ။ အခုထက်ထိလည်း ကျွန်တော်ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ ခံစားရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော် အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့သလို ဒီကနေ့မှာ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲကို ကျွန်တော်တို့တွေ အတူတူ အနိုင်ယူနိုင်ခဲ့ကြပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဖွင့်ပွဲစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ဖို့က အမြဲတမ်း အရေးကြီးသလို အဖွင့်လှပဖို့ဆိုတာကလည်း တကယ့်ကို မလွယ်ကူတဲ့ကိစ္စမျိုးပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဲ့ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် အရေးကြီးတဲ့ ကွဲပြားခြားနားမှုတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကို ပြောချင်တာကတော့ ပထမဦးဆုံးအနေနဲ့ သူတို့ကို အရမ်းပဲ ကျေးဇူးတင်တယ် ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အာဂျင်တီးနား ပရိသတ်တွေဆိုတာ တကယ့်ကိုပဲ ထူးခြားလှတယ်လို့ ထပ်ပြီး သက်သေပြလိုက်ပါပြီ။ သူတို့တွေဟာ ကွင်းကြီးတစ်ခုလုံး ပြည့်လျှံနေအောင် ပြန်ပြီး အားပေးခဲ့ကြပြန်ပါပြီ။ ကွင်းထဲမှာ ပရိသတ် ၈၀,၀၀၀ လား ဒါမှမဟုတ် အဲ့ဒါထက်တောင် ပိုများမလား ကျွန်တော် မသိတော့ပါဘူး။ သူတို့တွေရဲ့ အင်တိုက်အားတိုက် အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲက ဘယ်နေရာမှာပဲ ကျင်းပကျင်းပ….ကာတာမှာတုန်းက ဖြစ်ဖြစ်၊ အခု အမေရိကန်မှာပဲဖြစ်ဖြစ် သူတို့ အမြဲတမ်း အရောက်လာပြီး အားပေးကြပါတယ်။ ပရိသတ်တွေအနေနဲ့ အများကြီး စွန့်လွှတ်အနစ်နာခံပြီး လာခဲ့ကြရတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူတို့တွေ အခုအချိန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့နဲ့ ဒီနေ့ရရှိခဲ့တဲ့ အနိုင်ရလဒ်အပေါ် ကျွန်တော်တို့လိုပဲ ထပ်တူထပ်မျှ ပျော်ရွှင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ကို ထပ်တလဲလဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အားပေးမှုတွေကြောင့်သာ ကျွန်တော်တို့ဟာ ကိုယ့်အိမ်ကွင်း ကိုယ့်မြေမှာ ကစားနေရသလိုမျိုး ခံစားချက်ကို ရရှိခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့အတွက် အမြဲတမ်း ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ"ဟု မက်ဆီက ဖွင့်ဟသွားခဲ့သည်။ သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ် ကိုးကား- GiveMeSports