ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
274
المشتركون
-124 ساعات
+47 أيام
+2530 أيام
أرشيف المشاركات
photo content

◾️အပူလှိုင်းအန္တရာယ်ကြောင့် ပြင်သစ်၌ အရက်သောက်သုံးမှု ကန့်သတ်ထား ဥရောပတိုက်တစ်လွှား၌ ပြင်းထန်သည့် အပူလှိုင်းများ ကျရောက်နေမှုကြောင့် ပြင်သစ်နိုင်ငံ ၌ အရက်သေစာ ရောင်းချသောက်စားမှုကိုတစ်စိတ်တစ်ပိုင်း ကန့်သတ်ထားကြောင်း ဇွန် ၂၀ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ ပြင်သစ်နိုင်ငံသည် ပြည်တွင်းရှိအုပ်ချုပ်ရေးဒေသပေါင်း ၉၆ ခုအနက် ၃၅ ခုတို့အတွက် ဇွန် ၂၁ ရက်တွင် အပူလှိုင်းအန္တရာယ် အနီရောင်သတိပေးချက် ထုတ်ပြန်ထားရသည်။ ဇွန် ၂၀ ရက်တွင် ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်းမှသည် ပါရီဒေသကြီးအထိပါဝင်သော နယ်မြေများ၌ နေ့အပူချိန်များမှာ ၃၉ ဒီဂရီဆဲလ်စီးယပ်စ်နှင့် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အ ကြား (၁၀၂ ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိအပူချိန် မြင့်တက်လာနိုင် ကြောင်းအပူလှိုင်းအန္တရာယ် သတိပေးချက်တွင် ဖော်ပြထားသည်။ အပူလှိုင်း ကျရောက်မှုအန္တရာယ်ကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု ရယူသည့်အနေဖြင့် အုပ်ချုပ်ရေးဒေသကြီး ၃၅ ခုတို့၌ အရက်သေစာသောက်စားမှုနှင့် ပွဲလမ်းသဘင်များ ကျင်းပမှုကို ကန့်သတ်ပိတ်ပင်မည်ဖြစ်ကြောင်းပြင်သစ်ဝန်ကြီးချုပ် ဆီဘက်ရှန်လီကော်နူးက ဇွန် ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ထိုနည်းတူ အပူလှိုင်းများကျရောက်မှုကြောင့် ဂျာမနီနိုင်ငံသည်လည်း အပူလှိုင်းအန္တရာယ် အမျိုးသားအဆင့် သတိပေးချက်ကို ထုတ်ပြန်ထားရပြီးဖြစ်သည်။ သို့ရာတွင် ဒေသကြီး သုံးခု၌အရက်သောက်စားမှုနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမှုကို ကန့်သတ် ပိတ်ပင်ထားမည် ဖြစ်သော်လည်း ပန်းခြံများကိုမူ နေ့လုံးပေါက် ဆက်လက်ဖွင့် ထားရန် ပြင်သစ်တာဝန်ရှိသူများကထုတ်ဖော်ပြောကြားထားသည်။ ရာသီဥတုပြောင်းလဲမှု ပြဿနာကြောင့် ဥရောပတစ်လွှား၌ ပြင်းထန်သော အပူလှိုင်းကျ ရောက်မှုများဖြစ်ပွားလျက်ရှိရာ ယခုနွေလအတွင်းကျန်းမာရေး အရေးပေါ် အခြေအနေ များနှင့် စီးပွားရေးလုပ်ငန်း ကသောင်းကနင်းဖြစ်မှုများ ရှိလာနိုင်ကြောင်းသိရသည်။ ကိုးကား-ရိုက်တာ

photo content

◾️လော့စ်အိန်ဂျလိစ် ကုန်လှောင်ရုံမီးလောင်မှု အရေးပေါ်အခြေအနေ ကြေညာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ဧရာမကုန်လှောင်ရုံကြီးတစ်ခု မီးလောင် ကျွမ်းနေမှုကြောင့် ဇွန် ၂၀ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း သိရသည်။ အဆိုပါ ကုန်လှောင်ရုံမီးလောင်မှုသည် ဇွန်၁၇ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိမီးထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းနေကြရဆဲဖြစ်သည်။ ကုန်လှောင်ရုံမီးလောင်မှုမှ ပေါ်ထွက်လာသောမီးခိုးများသည် လော့စ်အိန်ဂျလိစ်မြို့တော် တစ်မြို့ လုံးအနှံ့ ပျံ့နှံ့လျက်ရှိရာ မြို့တော်တာဝန်ရှိသူများက အရေးပေါ်အခြေအနေ ကြေညာထားခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားနေသော ကုန်လှောင်ရုံမှာအကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းပေ ၅၀၀၀၀၀ အထိရှိသော ရေခဲရိုက်အစားအစာ ကုန်လှောင်ရုံဖြစ်သည်။ ကုန်လှောင်ရုံမီးလောင်မှုမှ ပေါ်ထွက်နေသည့် မီးခိုးများမှာ လော့စ်အိန်ဂျလိစ်တစ်မြို့လုံးသို့ ရောက်ရှိနေပြီဖြစ်ရာ ယင်းမီးခိုးများနှင့် ထိတွေ့မှုကိုရှောင်နိုင်သရွေ့ ရှောင်ကြရန် မြို့နေပြည်သူများကိုမီးသတ်တပ်ဖွဲ့က သတိပေးထားသည်။ ထိုနည်းတူ ကုန်လှောင်ရုံမီးလောင်မှုမှ ထွက်ပေါ်လာသော မီးခိုးများအား ရှောင်ရှားရန် မလွယ်သူများအတွက်လည်း လော့စ်အိန်ဂျလိစ်မြို့တော်တာဝန်ရှိသူများက အရေးပေါ်ခေါ်ထုတ်ရေးစခန်းများ ဖွင့်ပေးထားကြောင်း သိရသည်။ ကိုးကား-ရိုက်တာ

photo content

◾️အယ်လ်နီညို ဆိုးကျိုးကာကွယ်ရေး ဒေါ်လာ ၂၀၂ သန်း ကုလတောင်းဆို အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ဆိုးကျိုးသက်ရောက်မှုကိုအပြင်းထန်ဆုံး ခံစားရနိုင်သော နိုင်ငံပေါင်း ၂၂ နိုင်ငံတို့မှ ပြည်သူ ၈ ဒသမ၈ သန်းကို ကာကွယ်ပေးနိုင်ရေးအတွက် ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့က ဇွန် ၁၉ ရက်တွင် အမေရိကန်ဒေါ်လာ ၂၀၂ သန်းတောင်းခံထားကြောင်း သိရသည်။ ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အာဖရိက၊ အာရှ၊ ပစိဖိတ်ဒေသ၊ လက်တင်အမေရိက ဒေသနှင့်ကာရစ်ဘီယံဒေသတို့၌ မိုးခေါင်ရေရှား ကပ်ဘေး ပေါ်လာနိုင်ခြေ၊ရေလွှမ်းမိုးမှုများ ပေါ်လာနိုင်ခြေမြင့်တက်လာနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားသည်။ ယခုနှစ် ဒုတိယ နှစ်ဝက်ကာလအတွင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ဆိုးကျိုး သက်ရောက်မှုအားအပြင်းထန်ဆုံး ခံစားရနိုင်သော နိုင်ငံများမှာ ကင်မရွန်း၊ ကင်ညာ၊ မဒါဂတ်စကား၊ အီသီယိုးပီးယား၊ မာလာဝီ၊မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန်ဒါတို့ပါဝင်ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ယင်းအပြင် အာရှဒေသ၌အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် အရှေ့တီမော တို့သည်လည်းအယ်လ်နီညို ဆိုးကျိုးသက်ရောက်မှုကို ခံစားရနိုင်ကြောင်း သိရသည်။ ထိုနည်းတူ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတို့မှ ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်နှင့် ဗင်နီဇွဲလားနိုင်ငံတို့လည်း ပါဝင်သည်။ ကိုးကား-ရိုက်တာ

photo content

◾️အီရန်နှင့် ဆွေးနွေးရေးအတွက် အမေရိကန်ဒုတိယသမ္မတဂျေဒီဗင့်စ် ဆွစ်ဇာလန် ရောက်ရှိ အမေရိကန် ဒုတိယသမ္မတဂျေဒီဗင့်စ်သည် သုံးလကျော်ကြာအီရန်စစ်ပွဲ အပြီးသတ်နိုင်ရေး အတွက် အီရန်တာဝန်ရှိသူများနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် ဆွစ်ဇာလန် နိုင်ငံသို့ ဇွန် ၂၁ ရက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့သည် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရယူခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် စီစဉ်ထားသည်။ ဆွစ်ဇာလန်ခရီးစဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗင့်စ်နှင့်အတူ သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ဒေါ်နယ်ထရန့်၏သမက် ဂျရတ်ကပ်ရှ်နာတို့လည်း လိုက်ပါသွားကြောင်း သိရသည်။ ထိုနည်းတူ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ်မက်ဘာကာ ကာလီဘက်ဖ်နှင့် နိုင်ငံခြားရေးဝန် ကြီး အဘတ်စ်အာရက်ချီတို့သည်လည်း ဆွစ်ဇာလန်နိုင်ငံသို့ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဘာဂျင်စတော့ခ်အပန်းဖြေမြို့၌ ကျင်းပမည့် အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လက်ဘနွန်၌ ဖြစ်ပွားနေသောစစ်ရေးပဋိပက္ခများကို အဓိကအကြောင်းအရာ တစ်ရပ် အဖြစ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုတို့သည်ဇွန် ၁၉ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူထားသော်လည်းလက်ရှိအချိန်အထိ အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ အီရန်နှင့် အမေရိကန်တို့ ရယူထားသော အချက် ၁၄ ချက်ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမဆုံး ပြဋ္ဌာန်းချက်တွင် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး၌ အပစ်အခတ်ရပ်စဲရန် ထည့်သွင်းထားသည်။ လက်ဘနွန်နိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးကို အီရန်နျူ ကလီးယားအစီအစဉ်နှင့် အခြားအရေးကြီးကိစ္စများအား စတင်ဆွေးနွေးနိုင်ရေးအတွက်ကြိုတင်ပြဋ္ဌာန်းချက်အဖြစ် အီရန်က မှတ်ယူထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ

photo content

◾️ဘိုလီဗီးယားတွင် အရေးပေါ် အခြေအနေကြေညာ ဘိုလီးဗီးယားသမ္မတက အရေးပေါ် အခြေအနေကြေညာလိုက်ပြီး နိုင်ငံအား သီတင်းပတ်ပေါင်းများစွာ ချည့်နဲ့သွားစေခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ၊ လမ်းပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းရန် စစ်သားများ ၊ ဘူဒိုဇာများချထားလိုက်သည်။ ကွန်ဆာဗေးတစ်အစိုးရအား ကန့်ကွက်ဆန္ဒပြခဲ့သည့် အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားမျိုးနွယ်အဖွဲ့များ၊ ကိုကာစိုက်ပျိုးတောင်သူများသည် သီတင်း ခြောက်ပတ်ခန့် မြို့ကြီးများတွင် ချီတက်ဆန္ဒပြခြင်း၊ လမ်းများကို ပိတ်ဆို့ထားခြင်းများ လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံ့စီးပွားရေးလည်း အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။ မြို့ကြီးများတွင် လောင်စာ၊ စားနပ်ရိက္ခာ၊ ဆေူးဝါးများ ဆိုးရွားစွာ မလုံလောက်မှု ဖြစ်ပေါ်စေခဲ့သည့် ဆန္ဒပြပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ဆိုရှယ်လစ်များမဟုတ်သည့် ပထမဆုံး အစိုးရကို ပြုတ်ကျလုနီးနီးဖြစ်စေခဲ့သည်။ ဆန္ဒပြသူများအနေဖြင့် ဥပဒေ၏ပြင်းထန်သောအင်အား နှင့် ရင်ဆိုင်ရနိုင်‌ကြောင်း အကျပ်အတည်းကို ကျော်လွှားရန် ကြိုးစားနေသည့် သမ္မတ ရိုဒရီဂိုပက်ဇ်က ယမန်နေ့ နံနက်အစောပိုင်းရုပ်သံ မိန့်ခွန်းတွင် ပြောကြားသည်။ ထို့နောက်တွင် ရက်ပေါင်း ၉၀ အရေးပေါ် အခြေအနေကို သမ္မတက ကြေညာခဲ့ပြီး ထိုကာလအတွင်း ဆန္ဒပြခွင့်များကို ထိန်းချုပ်ကာ စစ်တပ်ကိုလည်း အသုံးပြုသွားမည် ဖြစ်သည်။ သမ္မတ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နာရီများစွာအကြာတွင် အယ်လ်အော်လတို မြို့တွင် စစ်သားများနှင့်လက်နက်ကိုင်ရဲတပ်ဖွဲ့ များ ယာဉ်တန်းဖြင့် သွားလာနေပြီး လမ်းပိတ်ဆို့မှုများကို ဖယ်ရှားရန် ဘူဒိုဇာများ အသုံးပြုနေသည်ကို အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့ကြသည်။ ၎င်းတို့ဖြတ်သန်းသွားစဉ် မြို့ခံ အချို့က လက်ခုပ်တီးကြိုဆိုခဲ့ကြပြီး ပစ်ကပ်ကားတစ်စီးနှင့်လိုက်ပါခဲ့သော ရဲအရာရှိတစ်ဦးကို လူတစ်ဦးက ပေါင်မုန့်ထုတ်တစ်ထုတ်ပေးလိုက်သည်ကို မြင်တွေ့ရသည်။ “ကျွန်မ အလွန်ပဲပျော်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပေါင်း ၅၀ လောက်က ဒီမြို့မှာ အလုပ်လုပ်ဖို့ သွားဖို့လာဖို့ အလွန်ပဲ ခက်ခဲခဲ့ပါတယ်” ဟု အသက် ၃၉ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင် ကာလာဘူထရွန်က ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-AFP #နိုင်ငံတကာသတင်း

norway-bans-ai-in-schools-jpg.webp0.43 KB

◾️ကျောင်းသားငယ်များ အေအိုင်နည်းပညာအသုံးပြုမှု နော်ဝေအစိုးရ ပိတ်ပင်မည် ပညာသင်ကြားရေးနယ်ပယ်အပေါ် ဆိုးကျိုးသက်ရောက်မှုများကိုတားဆီးရေးအတွက် နော်ဝေအစိုးရက အခြေခံပညာကျောင်းသားများဖန်တီးထုတ်လုပ်မှု ဉာဏ်ရည်တုနည်း ပညာ (Generative AI) အသုံးပြုမှုကိုပိတ်ပင်မည်ဖြစ်ကြောင်း ဇွန် ၁၉ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အခြေခံပညာကျောင်းသားများ ဖန်တီးထုတ်လုပ်မှု အေအိုင်နည်းပညာအသုံးပြုမှု ပိတ်ပင်ရေးအစီအစဉ်ကို နော်ဝေဝန်ကြီးချုပ် ယိုနက်စ် ဂါး စတိုးရေးကဇွန် ၁၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲမှု မြင့်မားလာခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် ပညာသင်ကြားရေး၏ အရေးပါသော အဆင့်များကို လွဲချော်သွားနိုင်ကြောင်း နော်ဝေဝန်ကြီးချုပ်က သုံးသပ်ထားသည်။ စာသင်ကျောင်းများ၌ အရေးအကြီးဆုံး အချက်မှာ ကျောင်းသားငယ်များစာဖတ်နိုင်ရေး၊ စာရေးနိုင်ရေးနှင့်သင်္ချာတွက်နိုင်ရေးတို့ကို လေ့လာ သင်ကြားနိုင်ရေးဖြစ်ကြောင်း နော်ဝေဝန်ကြီးချုပ်က ပြောကြားထားသည်။ နော်ဝေအစိုးရအနေဖြင့် အသက်ခြောက်နှစ်နှင့် (၁၃) နှစ်အကြားကျောင်းသားငယ်များ အေအိုင်အသုံးပြုမှုကို ပိတ်ပင်မည်ဖြစ်ပြီး အသက် (၁၄)နှစ်နှင့် (၁၆) နှစ်အကြား ကျောင်းသားများကိုမူ ဆရာမများ၏ ကြီးကြပ်မှုဖြင့်အေအိုင်နည်းပညာကို အသုံးချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ နော်ဝေအစိုးရသည် စာသင်ကျောင်းများ၌ ကျောင်းသားများ စမတ်ဖုန်းအသုံးပြုမှုကိုလည်း ၂၀၂၄ ခုနှစ်ကပင် ပိတ်ပင်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

‎◾️မိုးကောင်း၌ရေကြီးရေလျှံ၊ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ခန့်ရှိ ‎ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ယနေ့(ဇွန် ၂၁ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေများလျှံတက်လာကာ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ခန့်ရှိကြောင်း ရင်ငြိမ်းပန်းပရဟိတအသင်းထံမှသိရသည်။ ‎ ‎ယမန်နေ့(ဇွန် ၂၀ ရက်) မှစတင်ကာမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နန့်ရင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ရေလျှံတက်လာကာ မိုးကောင်းမြို့ရှိစျေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းထိ ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။ ‎ ‎"မနေ့ညနေပိုင်းမှာမိုးနည်းသွားတော့ ရေကတက်လည်းမတက်ဘူး။ ကျလည်းမကျတော့ဘဲတန့်နေ တယ်။ မိုးချုပ်တော့ရေကသုံးလက်မလောက်ကျလာတယ်။ အခုမနက်မှာမိုးကများတယ်။ ချောင်းရေ လည်းလျှံပြီးရေထပ်တက်လာတာ။ ဥူးဇင်းတို့ကျောင်းချက်ပြုတ်တဲ့အထိတောင်ရောက်တယ်။ အခု ကျန်တဲ့သူတွေကိုကယ်ထုတ်ပေးနေတယ်။ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ အတွက် မနက်စာထမင်းတွေ လည်းပေးနေပါတယ်" ဟု ရင်ငြိမ်းပန်းပရဟိတအသင်းမှဆရာတော်တစ်ပါးကမိန့်ကြားသည်။ ‎ ‎လက်ရှိတွင် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ Speed Boad တစ်စီး၊ ရာဘာလှေတစ်စီး၊ Fiber လှေ နှစ်စီး၊ သစ်သားလှေသုံးစီးတို့ဖြင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ယာယီ ကယ်ဆယ်ရေးစခန်းများသို့ကူညီပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - ငြိမ်းပန်းပရဟိတအသင်း၊ MFSD ‎#ပြည်တွင်းသတင်း

photo content

◾️အပူလှိုင်းကျရောက်နေသော ဥရောပတွင် ကန့်သတ်ပိတ်ပင်မှုများ ချမှတ် ဥရောပတွင် အပူလှိုင်းကျရောက်ပြီး အပူချိန်များက စံချိန်တင်အဆင့်များသို့ ဦးတည်နေစဉ် ပြင်သစ်နိုင်ငံ၌ ယမကာသောက်သုံးမှုကို တစ်စိတ်တစ်ပိုင်း ကန့်သတ်မှု ဖြစ်ပေါ်စေခဲ့ကာ ဂျာမနီ၌တစ်နိုင်ငံလုံး သတိပေးချက်များထုတ်ပြန်ထားပြီး စပိန်နိုင်ငံ၌ ဘောလုံးပွဲကြည့်ရူသည့် ဇုန်တစ်ခုကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် စီရင်စုပေါင်း ၉၆ ခု အနက်မှ ၃၅ ခုတွင် အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်မည်ဟု မျှော်လင့်ရပြီး အနောက်တောင်ဖက်မှသည် ပါရီဒေသ ၊ ဘာဂန်ဒီအထိ အပူချိန်သည် ၃၉ နှင့် ၄၁ ဒီဂရီ ဆဲလ်စီးယက်စ်ကြား ရှိမည်ဟု မျှော်လင့်ထားကြသည်။ ယင်းနှင့်အတူ ယနေ့ တနင်္ဂနွေနေ့တွင် ကျရောက်သော နှစ်စဉ်ကျင်းပသည့် Fete de la Musique ပွဲတော်အတွင်း အထက်ပါ ဒေသ ၃၅ ခုတွင် ယမကာသောက်သုံးမှုကို ပိတ်ပင်လိုက်ကြောင်း အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်ရှန် လာကိုနူက ကြေညာသည်။ ပါရီမြို့တွင်မူ ပန်းခြံများကို ၂၄ နာရီ ဖွင့်ထားရန် ညွှန်ကြားထားသည်။ အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယက်စ်နားကပ်နေသော ဂျာမနီနိုင်ငံတွင် ဒေသအများစု အတွက် အပူချိန် သတိပေးချက်များ ထုတ်ပြန်ထားပြီး အပူရှိန်နှင့် အပူလှိုင်းကြွမှုကြောင့် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဂျာမနီမိုးလေဝသဌာနက သတိပေးထားသည်။ အီတလီနိုင်ငံတွင်လည်း အဲ့ပ်စ် တောင်တန်းဒေသမှလွဲ၍ ကျန်ဒေသများတွင် အပူချိန် ၃၇ နှင့် ၃၈ ဆဲလ်စီးယက်စ်ကြား ပြေးနေမည်ဟု မျှော်လင့်ထားကြသည်။ စပိန်နိုင်ငံတွင် အပူလှိုင်းကြောင့် ဘောလုံးပရိသတ်များ ကမ္ဘာ့ဖလားပွဲကြည့်ရှုနိုင်ရန် မက်ဒရစ်မြို့ Plaza de Colon ရင်ပြင်တွင် ဖွင့်လှစ်ထားသော ပွဲကြည့်ဇုန်ကို ပိတ်ထားရန် စပိန်ဘောလုံးအဖွဲ့ချုပ် က ဆုံးဖြတ်ခဲ့သဖြင့် ပရိသတ်များအနေဖြင့် စပိန်နှင့် ဆော်ဒီအာရေးဗီးယားတို့ ပွဲစဉ်ကို အခြားနေရာများတွင် သွားရောက်ကြည့်ရှုကြရမည်ဖြစ်သည်။ စပိန်နှင့်ဆော်ဒီအာရေးဗီးယားအသင်း နှစ်သင်းကမူ အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့မှ အဲယားကွန်းတပ်ဆင်ထားသော အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ ရ ာသီဥတုပြောင်းလဲမှုကြောင့် ဥရောပတွင် ပြင်းထန်သော အပူလှိုင်းများ ပို၍ အဖြစ်များလာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားကြသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

◾️ဒိုမီနီကန် ကမ်းခြေဟိုတယ် မီးလောင်၊ ခရီးသွား ၁၇၀၀ နီးပါး ကယ်ထုတ်ခဲ့ရ ဒိုမီနီကန်သမ္မတနိုင်ငံ ဘာယာဟီဘီအပန်းဖြေကမ်းခြေ ဟိုတယ်တစ်လုံး၌ ဇွန် ၁၉ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာခရီးသွားဧည့်သည် ၁၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။ ဗီဗာဝိန်းအမ်း ဒိုမီနီကပ်စ် အမည်ရှိဟိုတယ်မီးလောင်မှု၌ သေဆုံးခဲ့ရသည့် အမျိုးသမီးမှာ အသက် (၄၆) နှစ်အရွယ် အီတလီနိုင်ငံသူ တစ်ဦးဖြစ်သည်။ဗီဗာဝိန်းအမ်း ဟိုတယ် မီးလောင်မှုအတွင်းလူပေါင်း ကိုးဦးလည်း ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဟိုတယ် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနောက်ခံအ ကြောင်းတရားကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကြည်လင်သော ရေပြင်နှင့် သာယာလှပသည့် ကမ်းခြေများကြောင့် ထင်ရှားသေဒိုမီနီကန် သမ္မတနိုင်ငံသည် ကာရစ်ဘီယံဒေသ၏ ထိပ်တန်းခရီးသွား ပန်းတိုင်တစ်ခုဖြစ်သည်။ ယခုနှစ် ပထမငါးလအတွင်း ဒိုမီနီကန်သမ္မတနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်မှာ ၅ ဒသမ ၆ သန်းအထိရှိခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်း မြင့်မားလာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပြဿနာကို သီရိလင်္ကာနိုင်ငံ ရင်ဆိုင်နေရကြောင်း ဇွန် ၁၉ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှစ၍ လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၄၄၀၀၀ ကျော်အထိရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၂၈ ဦးအထိရှိ ခဲ့ကြောင်း သီရိလင်္ကာ တာဝန်ရှိသူများက ပြောကြားသည်။ ယခုကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်း မြင့်မားနေမှုကြောင့် သီရိလင်္ကာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှာလည်း ဝန်ပိနေရကြောင်း သိရသည်။ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးမှာ မုတ်သုံရာသီကာလ အတွင်း သီရိလင်္ကာနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။ သို့ရာတွင် မြို့ပြ ဖွံ့ဖြိုးရေး အစီအစဉ်များ စနစ်မကျမှုနှင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် ဒစ်ဝါမုန်တိုင်းတို့ကြောင့် သီရိလင်္ကာနိုင်ငံ၌ယခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရခြင်းဖြစ်သည်။ သီရိလင်္ကာအမျိုးသား သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန၏ကိန်းဂဏန်းများအရ ယခုနှစ် ဧပြီလတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၅၆၅၁ ဦးအထိရှိသော်လည်း ဇွန်လ ပထမသီတင်းနှစ်ပတ်အတွင်း နှစ်ဆတိုးလာပြီး၁၀၆၃၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content