cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Click For BPLA

Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား

نمایش بیشتر
پست‌های تبلیغاتی
1 088
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-1430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

“လမ်း” ယုံကြည်ရာကိုမဆုတ်တမ်းလုပ်တတ်တာ အမေမွေးကတည်းက ပါလာတဲ့ဗီဇ ဒီလမ်းကကြမ်းတမ်းမှန်း အစကတည်းကသိပြီးသား ငါတို့အတူတူပြုပြင်ရင်ရပါတယ်ဆိုတဲ့.. အသိစိတ်နဲ့ ဖက်ဒရယ်တံဆိပ်ကို ငါလက်နဲ့နှိပ်ခဲ့တယ်…… ဒီလမ်းကကြမ်းတမ်းပြီး ရှည်လျားတယ်ဆိုတာ…. ကုလားထိုင်လိုလူတွေလည်းသိတယ် လ္ဘက်ရည်ဆိုင်ဒေါင့်က….စားပွဲဝိုင်းပေါ်မှာ ဒီလမ်းနဲ့ပတ်သတ်ပြီး ဆွေးနွေးမူငါမှာမရှိခဲ့ဘူး... ပြီးတော့…. ရိုက်ထားတဲ့နှင်းဆီဆေးပေါလိပ်ကို လက်ကြားညှပ်ပြီး ရပ်ကွပ်ထဲလမ်းသလားနေတဲ့…… ဖိုးတေမဟုတ်တဲ့ဖိုးတုတ်လို ကောင်တွေကိုမေးချင်တယ် မင်းတို့လက်သီးထိုးပါးရိုက်လုပ်ပြီး ပိုက်ဆံတောင်းတာ ဘယ်သူတွေလည်း…… လို့…. မှိုင်းဝေလည်း ပုဒ်မ ၅၀၅ နဲ့ ညှိလည်းမညှိ သိလည်းမသိခဲ့ဘူး….. နိုင်ငံရေးလည်းမသိဘူး ငါသိတာတခုပဲရှိတယ် အာဏာရှင်ကို ပုန်ကန် တော်လှန့်ရမယ်ဆိုတာ မြန်မာပြည်မှာမွေးလိုသိရတာ….. ဒီလမ်းကို ငါဆက်ပြီးသွားနေအုံးမယ် လမ်းအဆုံးထိရောက်ရင်တော့ ပြန်ဆုံရအုန်းမှာပေါ့ “အမေ”………. 👉 by မှိုင်းဝေ 👇 https://ouo.io/9aYuqL
نمایش همه...
2🔥 1
အနှစ်ချုပ်ပြောရမယ်ဆိုရင် အာဏာရှင်စနစ်ရှိနေသရွေ့ ကျွန်မတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုကတော့ မှေးမှိန်နေဦးမှာ အသေအချာပါပဲ။ ဒီစနစ်ရဲ့ဒဏ်ကိုခါးစည်းခံနေရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ၊ အထူးသဖြင့် အညာဒေသမှ စစ်ဘေးရှောင်တွေအတွက် အယ်နီညိုဖြစ်စဥ်ဟာ ပိုမိုအခက်တိုးစေဦးမဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ ဒီလို အပူပေါ်အပူဆင့်ကြမဲ့ဖြစ်ရပ်တွေမဖြစ်စေဖို့အတွက် စစ်အာဏာရှင်စနစ်အမြန်ချုပ်ငြိမ်းအောင် ကျွန်မတို့တွေကြိုးစားတိုက်ယူကြရမည်ဖြစ်ပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/swkQg8
نمایش همه...
👍 3🔥 2
ကျွန်မတို့မြန်မာနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပို၍အမေ့လျော့ခံအဖြစ်ကို လုံးဝကျရောက်နေတာကြောင့် ကိုယ်ထူကိုယ်ထကိုယ်နိုင်သလောက် ဆောင်ရွက်ရမဲ့အခြေအနေဖြစ်ပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/ta9QL8
نمایش همه...
🔥 5👍 1
စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအနေဖြင့် အယ်နီညိုဖြစ်စဥ်ဖြစ်ပေါ်နေသည့်ကာလအတွင်း မိမိတို့နိုင်ငံရဲ့စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမဖြစ်စေရန် နိုင်ငံ့ရဲ့အစိုးရအနေဖြင့်လည်း ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကောင်းစွာပြုလုပ်ကြရမည်ဖြစ်သည်။ ထိုလုပ်ငန်းဆောင်တာတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် အစိုးရကိုယ်တိုင်ကအင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပြီး ပြည်သူတွေကို သတိပေးနှိုးဆော်ချက်တွေထုတ်ပြန်ကြပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/eRERvQ
نمایش همه...
4👍 1🔥 1
ထို့ကြောင့်ကျွန်မတို့ ဒီ အယ်နီညို ရာသီဥတုဖြစ်စဥ် ဖြစ်ပေါ်လာချိန်တွင် မိမိတို့လက်လှမ်းမီရာ အဓိကလိုက်နာဆောင်ရွက်နိုင်မည့်အချက်များကို ပြောပြချင်ပါသည်။ ၁။ နံနက် (၁၀)နာရီမှ ညနေ(၅)နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့တွင်ရေချိုးခြင်းတို့မှ ရှောင်ကြဥ်၍ အရိပ်ရအေးမြသောနေရာများတွင်နေပါ။ ၂။ နေပူထဲမှပြန်လာပြီးချက်ချင်းရေချိုးချိုးခြင်းမှရှောင်ကြဥ်ပါ။ ၃။ နေပူထဲတွင်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများမပြုလုပ်သင့်ပါ။ ၄။ နေ့ခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းပါ။ ၅။ ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်ပါ။ ၆။ ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပါ။ ၇။ မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်ပါ။ ၈။ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါဖြစ်လျှင် ဆေးရုံအရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့အမြန်ဆုံးပြသကြရန် လိုအပ်ပါသည်။ ဒီအချက်တွေကိုလိုက်နာဆောင်ရွက်ရမဲ့အပြင် ဒီလိုဖြစ်ရပ်တွေမဖြစ်ဖို့အတွက် အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်း၊ ဆည်မြောင်းတာတမံများ၊ မြစ်၊ချောင်းင်း အင်းအိုင်များမှာရွာသွန်းသော မိုးရေများကိုစုဆောင်းစေခြင်းနှင့် စနစ်တကျခွဲဝေအသုံးပြုကြခြင်း တို့ကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/HsVqw2K
نمایش همه...
👍 4🔥 3
ဒီလိုဆိုးဝါးလွန်းလှတဲ့ အကျိုးသက်ရောက်မှုတွေရှိတဲ့ အယ်နီညိုဖြစ်စဥ်ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့ အတွင်း ကျွန်မတို့မြန်မာနိုင်ငံအတွင်း၊ အထူးသဖြင့် အညာဒေသတွေမှာ နေ့အပူချိန်များမြင့်တက်လာကာ အလွန်ပူပြင်းလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါသည်။ မြေလတ်ဒေသတွေမှာဆိုရင် အယ်နီညိုကြောင့် သစ်တောသစ်ပင်များခြောက်သွေ့ကာ တောမီးလောင်နိုင်ခြင်း၊ ပူပြင်းခြောက်သွေ့မှုကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေတွင်း၊ ရေကန်များ ရေနည်းခြင်း နှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများကြိုတင်ကာကွယ်မှုမရှိပါက ထိခိုက်ပျက်စီးမှုများဖြစ်လာနိုင်ပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/mn9IF0
نمایش همه...
👍 6🔥 3
အယ်နီညိုဖြစ်စဥ် သက်ရောက်မှုကာလတွင် ခြင်မှတစ်ဆင့် ကူးစက်ပျံ့ပွားသောရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါရောဂါများကို ပိုမိုဖြစ်ပွားစေပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/8PqdB4
نمایش همه...
👍 4🔥 2
ဒီလိုအပူရှိန်မြင့်တက်နေတဲ့ အယ်နီညို ရာသီဥတုကြောင့် ၂၀၁၆ ခုနှစ် အတွင်းမှာပဲ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေပင် ပြုလုပ်ခဲ့ကြရပါသည်။ ဒီအယ်နီညိုရာသီဥတုဖြစ်စဥ်ဟာ တိရစ္ဆာန်တွေအတွင်းမှာတင်ထိခိုက်စေတာမဟုတ်ပါဘူး။ ဒီဖြစ်စဥ်ကြောင့် သန်းနှင့်ချီသည့် ကလေးများ အာဟာရချိုတဲ့မှု ဖြစ်ပွားနိုင်တယ်လို့ သုတေသနတွေကလေ့လာတွေ့ရှိထားပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/FhNdyCy
نمایش همه...
🔥 3👍 2
ကမ္ဘာ့နိုင်ငံတွေမှာ ဒီအယ်နီညိုဖြစ်စဥ်ကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွေမှာ မြန်မာနိုင်ငံမှာလည်းရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် မြန်မာနိုင်ငံမှာလည်း အယ်နီညိုဖြစ်စဥ်ဟာ အကျွမ်းတဝင်ရှိပြီးသားဖြစ်ပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅-၁၆ ခုနှစ် တို့တွင် အားကောင်းခဲ့သည့်အယ်နီညိုဖြစ်စဥ်များဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၁၅ - ၁၆ ကာလအတွင်းတွင် ဖြစ်ပွားခဲ့သည့် အားကောင်းသော အယ်နီညိုကြောင့် စံချိန်တင် ပူပြင်းခြောက်သွေ့မှုများကို ကြုံတွေ့ခဲ့ရပြီး အယ်နီညိုအန္တရာယ်ကာကွယ်ရေးကို လွှတ်တော်တွင်ဆွေးနွေးရသည်အထိ အခက်အခဲကြုံတွေ့ခဲ့ရသည်။ ၂၀၁၆ ခုနှစ် မေလတွင် အယ်နီညိုဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတွင် အပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း သိရပါသည်။ ၂၀၁၀ ခုနှစ်၊ မေလတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင်အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒဂရီ ဆဲလ်ဆီးယပ် နှင့် စံချိန်သစ်တင်ခဲ့ပါသည်။ ဒါမှမကသေးပါဘူး။ ၂၀၁၀ ပြည့်နှစ်တွင် အားအသင့်အတင့်ရှိသောအယ်နီညိုဖြစ်စဥ်ကြောင့် ရှမ်းပြည်နယ်ညောင်ရွှေမြို့ရှိ အင်းလေးကန် ရေခမ်းခြောက်မှုဖြစ်ပွားခဲ့ပြီး မြေလတ်ဒေသများတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ခဲ့ပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/0zskVtk
نمایش همه...
👍 3🔥 2
၂၀၂၃ ခုနှစ်အတွင်းမှာကြုံတွေ့ခဲ့ရတဲ့ မိုခါမုန်တိုင်းဟာ အယ်နီညိုဖြစ်စဥ်ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ ပညာရှင်တော်တော်များများခန့်မှန်းထားကြပါသည်။ ဒါတင်မှမဟုတ်သေးပါဘူး။ ၂၀၂၃ခုနှစ် ဇူလိုင်လကုန်ပိုင်း မိုးလယ်ကာလတုန်းက မိုးများခဲ့တာကြောင့် ရန်ကုန်၊ မွန်ပြည်နယ်၊ မုဒုံ၊ မော်လမြိုင် နဲ့ မြို့နယ်အချို့တို့မှာ ရေကြီးခဲ့တဲ့ဖြစ်စဥ်တွေဖြစ်ခဲ့ပါသည်။ ဒီလို ရုတ်တရက်မိုးများများရွာတာ၊ မိုးမရွာရင်လည်း အပူချိန်ကပုံမှန်ထက်ပိုပူတာ စတဲ့ ရာသီဥတုဖြစ်စဥ်တွေဟာ ၂၀၂၄ခုနှစ်မှာစတင်နိုင်တဲ့ အယ်နီညိုဖြစ်စဥ်အတွက် အကြိုရိုက်ခတ်မှုတွေလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းထုတ်ပြန်ထားပါသည်။ အယ်နီညိုဖြစ်စဥ် ဖြစ်ပေါ်လာ၊မလာကို နေ့စဥ်နဲ့အမျှ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အတိအကျ မပြောနိုင်သေးပေမယ့်လည်း ဒီရှေ့ပြေးဖြစ်ရပ်တွေဟာ အယ်နီညိုဖြစ်စဥ်ကို ညွှန်ပြနေပါသည်။ 👉 မြေလတ်ဒေသ နှင့် အယ်နီညိုအန္တရာယ် by နွေ 👇 https://ouo.io/qjn7bQe
نمایش همه...
👍 4🔥 2 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.