cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

نمایش بیشتر
پست‌های تبلیغاتی
28 416
مشترکین
+21824 ساعت
+1 3587 روز
+6 49030 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ပန်ဝါက မြေရှားသတ္တုလုပ်ကွက်ပြိုကျမှု ၂၁ လောင်း ပြန်တွေ့ထား ~~~ ■ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေထဲက ဇွန်လ ၂၂ ရက် ဒီနေ့အထိ ၂၁ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပန်ဝါမြို့နဲ့ သုံးမိုင်ခန့်အကွာ ပါထိုင်ဟော် ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းမိသားစုတွေရဲ့ မြေရှားသတ္တုလုပ်ကွက်မှာ ဇွန်လ ၁၉ ရက်နေ့ည ၁၂ နာရီခန့်က မြေပြိုကျခဲ့တာဖြစ်ပြီး ထမင်းချက်တဲ့ အမျိုးသမီးတွေအပါအဝင် အလုပ်သမား ၃၁ ဦး ပျောက်ဆုံးခဲ့တာပါ။ လက်ရှိအထိ ပြန်လည်တွေ့ရှိထားတဲ့ အလောင်းတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီးလေးဦးပါဝင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “အားလုံး ၂၁ လောင်းတွေ့ပြီ။ မိန်းကလေး လေးယောက်ပါတယ်။ အမျိုးသား ၁၇ ယောက်ပါတယ်။ ၁၁ ယောက်ရဲ့အလောင်းကိုတော့ ဒီနေ့သင်္ဂြိုဟ်တယ်။ အခုကျန်တာက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ကိုးယောက် ကျန်သေးတယ်” မြေပြိုကျတဲ့အထဲမှာ တရုတ်နိုင်ငံသားတစ်ဦးပါဝင်ပြီး အများစုကတော့ မြန်မာပြည်အောက်ပိုင်းက အလုပ်လာလုပ်သူတွေနဲ့ ကချင်လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတွေကိုမေးမြန်နိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။ ဇွန် ၄ ရက်နေ့ကလည်း ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာ နယ်ခြားမှတ်တိုင်အမှတ် (၃) နားက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် အလုပ်သမား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ____ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
ပန်ဝါက မြေရှားသတ္တုလုပ်ကွက်ပြိုကျမှု ၂၁ လောင်း ပြန်တွေ့ထား

ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေထဲက ဇွန်လ ၂၂ ရက် ဒီနေ့အထိ ၂၁ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေထံ လက်နက်မရောက်ရေး ဥပဒေနဲ့ကာကွယ်ဖို့ သံအမတ်ကြီးတိုက်တွန်း ~~~ ■ စစ်ကောင်စီဟာ နယ်ခြားစောင့်တပ်တွေကို လက်နက်တွေလွှဲပြောင်းပေးသလို တရားဥပဒေမဲ့နေရာတွေ ဖန်တီးပေးပြီး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို လုပ်ခွင့်ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင် ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးနဲ့ ပပျောက်ရေးအစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ သံအမတ်ကြီးက တင်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်အေးချမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်အဖွဲ့တွေထံကို လက်နက်တွေ လွှဲပြောင်းရောင်းချတာမျိုးမလုပ်ဖို့ သူက တောင်းဆိုခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ်မှာလည်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်သေဆုံးတွေရဲ့ အဓိကအကြောင်းအရင်းဟာ အသေးစားနဲ့ အပေါ့စားလက်နက်၊ ခဲယမ်းတွေကြောင့်လို့ ဖော်ပြထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအစဥ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ လက်နက်တွေကို အာဏာရှင်တွေ၊ အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သည့်အဖွဲ့တွေထံ မရောက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့တားဆီးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အပစ်မဲ့အရပ်သား ၅,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေ သုံးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လူဦးရေ (၁၈.၆) သန်းကျော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂထံ တင်ပြခဲ့ပါတယ်။ _____ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေထံ လက်နက်မရောက်ရေး ဥပဒေနဲ့ကာကွယ်ဖို့ သံအမတ်ကြီးတိုက်တွန်း

မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်အေးချမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်အဖွဲ့တွေထံကို လက်နက်တွေ လွှဲပြောင်းရောင်းချတာမျိုးမလုပ်ဖို့ သူက တောင်းဆိုခဲ့တာပါ။

6👍 2
ဂန့်ဂေါမှာ လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ~~~ ■ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် သာလင်းရွာမှာ ဇွန်လ ၂၁ ရက်နေ့က ကလေးသုံးဦး မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိတာကြောင့် ပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၁၁ နှစ်အရွယ် မောင်မြင့်မြတ်ဇော်က နေရာမှာတင် သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် မောင်ရှင်းသန့်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်မင်းခန့်အောင်တို့က ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။ ကလေးတွေဟာ ရွာအပြင်ကို နွားထွက်ကျောင်းနေရင်း ဗုံးသီးကို ဆော့ကစားမိတာကြောင့် အခုလိုဖြစ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရွာအပြင်ကို နွားထွက်ကျောင်းရင်း ဗုံးသီးကို ဆော့ကြတာပေါ့။ ဆော့နေရင်းနဲ့မှ ဗုံးကလိမ့်ကျပြီး ထပေါက်လို့ ကလေးတစ်ယောက်က မျက်နှာ၊ ရင်ဘတ်ပွင့်ထွက်ပြီး ဆုံးသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ဒဏ်ရာပြင်းထန်ရထားတယ်။ ဗုံးကိုတော့ ရွာထဲက ကောက်ရတာလို့ လောလောဆယ် အကြမ်းအားဖြင့် သိရတယ်။ အသေးစိတ်ကတော့ ကလေးတွေကလည်း ဆေးကုနေတုန်းဆိုတော့ မေးလို့မရသေးဘူး” ဒဏ်ရာပြင်းထန်တဲ့ ကလေးနှစ်ဦးကို ဆေးကုသမှုပေးထားပြီး အခြေအနေကို ဆက်စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သာလင်းရွာနဲ့တစ်မိုင်အကွာ တောင်ခရမ်းရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်ခဲ့တာရှိပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတော့ အဲဒီတပ်စခန်းကနေ ပြန်သွားကြတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ RFA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦးသေဆုံးခဲ့ပြီး ၃၈၆၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ _______ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
ဂန့်ဂေါမှာ လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ် သာလင်းရွာမှာ ဇွန်လ ၂၁ ရက်နေ့က ကလေးသုံးဦး မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိတာကြောင့် ပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

😢 7👍 3
စစ်တွေမြို့နယ် ရွာနှစ်ရွာက ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ ~~~ ■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံလေးဆယ်ကျော်ကို ဇွန်လ ၂၀ ရက်နေ့ ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး၊ အမျိုးသား၊ အသက်အရွယ်ကြီးသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ စားနပ်ရိက္ခာ ရှားပါးလာတာကြောင့် အခြားနေရာတွေကိုပြောင်းဖို့ ထွက်ပြေးလာချိန် ကျောက်တန်းရွာအနားမှာ ဖမ်းဆီးခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “စားရေးသောက်ရေးက အကုန်ငတ်နေတဲ့သဘောပေါ့။ ဘာဆိုဘာမှမရှိဘူး။ ဒီမှာဆက်နေရင် ငတ်ပြီး သေကုန်မယ်ဆိုပြီး အရဲစွန့်ပြီးထွက်ရာမှ ဖမ်းဆီးခံရတာပေါ့။ အမျိုးတွေရှိတဲ့ ကျောက်တော်လိုနေရာ၊ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းလိုနေရာတွေကို သွားကြတာပါ” အားလုံးကို စစ်တွေအခြေစိုက် ခလရ (၂၀) တပ်ရင်းထဲမှာ ဖမ်းဆီးထားပြီး လူတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းနဲ့ပြန်ရွေးဖို့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခုနစ်လအတွင်း အရပ်သား သုံးရာကျော်သေဆုံးပြီး ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ _______ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
စစ်တွေမြို့နယ် ရွာနှစ်ရွာက ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ

စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံလေးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

😢 13👍 3
KNU နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်လာ ~~~ ■ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေမှာ လာရောက်ခိုလှုံတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၇၈,၅၀၅ ဦး) ရှိလာတယ်လို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU ဒူးသထူခရိုင် တပ်မဟာ (၁) နယ်မြေမှာ တစ်သိန်းကျော် (၁၄၃,၅၂၉ ဦး)၊ တောင်ငူခရိုင် တပ်မဟာ (၂) မှာ ရှစ်သောင်းကျော် (၈၃,၂၃၈ ဦး)၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မှာ ငါးသိန်းခန့် (၄၉၄,၅၉၀ ဦး)၊ မြိတ် - ထားဝယ် တပ်မဟာ (၄) မှာ တစ်သိန်းကျော် (၁၀၀,၈၇၃ ဦး)၊ မူတြော်ခရိုင် တပ်မဟာ (၅) မှာ ရှစ်သောင်းခန့် (၇၈,၈၇၉ ဦး)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) မှာ တစ်သိန်းခွဲကျော် (၁၅၄,၃၃၀ ဦး)နဲ့ ဘားအံ တပ်မဟာ (၇) မှာ နှစ်သောင်းကျော် (၂၃,၀၆၆ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။ အဲဒီအထဲက ခြောက်သိန်းကျော်ကို စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကူညီဖို့ကျန်ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောထားပါတယ်။ ဒီစာရင်းတွေဟာ အာဏာစသိမ်းထားတဲ့ကာလကနေ ၂၀၂၄ ခုနှစ် မေလအထိ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေမှုအခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။ _______ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
KNU နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်လာ

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေမှာ လာရောက်ခိုလှုံတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၇၈,၅၀၅ ဦး) ရှိလာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့် ပိတ်မိနေ ~~~ ■ ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ ကုန်သွယ်ရေးဂိတ်ကို ဇွန်လ ၁၇ ရက်နေ့စပြီး ဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မြန်မာဘက်အခြမ်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ထိုင်းဘက်လည်း အဲဒီနေ့မှာပဲ ပိတ်လိုက်တာလို့ ဆိုပါတယ်။ နယ်စပ်ဂိတ်ပိတ်တာ ငါးရက်ရှိလာပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသလို ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “ဘယ်တော့ပြန်ဖွင့်မလဲဆိုတာရယ်၊ ဘာကြောင့်ပိတ်တယ်ဆိုတာရယ် မသိရဘူးဗျ။ ကျွန်တော်တို့ထင်တာက သူတို့ နယ်စပ်လဝကအချင်းချင်းကြားမှာ ပြဿနာလေးတွေ ရှိပုံရတယ်။ ဒါကြောင့်ပိတ်တာဖြစ်မယ်။ အခုတော့ ဘုရားသုံးဆူလမ်းမတစ်လျှောက်မှာတော့ ကုန်တင်ဖို့ရော ကုန်ပို့ဖို့ရော ကားတွေရာနဲ့ချီ ရှိနေပါတယ်” နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့နေရတဲ့ကုန်ပစ္စည်းတချို့ ဈေးမြင့်တတ်နေတယ်လို့ ဆိုပါတယ်။ စစ်ရေးအခြေအနေအရ မြဝတီဘက်ကားလမ်းတွေ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ကုန်သည်တွေဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုပဲ အဓိကအသုံးပြုနေရပြီး နေ့စဥ် ကားအစီးရေ လေးဆယ်ကျော် ဝင်ထွက်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မြဝတီ - မဲဆောက်၊ တာချီလိတ် - မယ်ဆိုင်၊ မြိတ်-မောတောင်၊ ထီးခီး - နမ့်ဖုရော်နဲ့ ကော့သောင်း - ရနောင်းဂိတ်အပါအဝင် တရားမဝင်နယ်စပ်ဂိတ် ၂၂ ခုကို နှစ်နိုင်ငံအာဏာပိုင်တွေ ညှိနှိုင်းဖွင့်လှစ်ထားတယ်လို့ စင်ကာပူ The Straits Time သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။ ________ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့်ပိတ်မိနေ

👎 8👍 2
မုံရွာမြို့နယ်မှာ ဒေသခံ လူငယ်အမျိုးသားခြောက်ဦး ဖမ်းဆီးခံရ ~~~ ■ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို ဇွန်လ၂၀ ရက်နေ့ နေ့လယ်တစ်နာရီမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ လယ်ဇင်ရွာမှာရှိတဲ့ ဒေသခံ နှစ်ထောင်ခန့်လည်း စစ်ကြောင်းထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ လယ်ဇင်ရွာနဲ့ကပ်လျက် ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားသုံးဆယ်ခန့် ဝင်ရောက်စီးနင်းပြီး ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက်နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အကြား အမျိုးသားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရွာအလယ်က စာသင်ကျောင်းရှေ့ရောက်မှ သေနတ်ဖောက်တာ။ အဲဒါမှ စစ်ကြောင်းဝင်မှန်း သိကြတာ။ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒေသခံခြောက်ယောက်ကို ဖမ်းသွားတယ်။ နေအိမ်သုံးလုံးလည်း မီးရှို့သွားတယ်။ စစ်ကြောင်းဝင်ချိန်က တစ်နာရီလောက်ပဲ ကြာပါတယ်” ခြောက်ဦးစလုံးကို ရွာထောင်ရွာဘက် ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၆,၉၀၀ ဦး) ဖမ်းဆီးခံထားရပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
نمایش همه...
မုံရွာမြို့နယ်မှာ ဒေသခံလူငယ်အမျိုးသား ခြောက်ဦးဖမ်းဆီးခံရ

မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

👍 9😢 3👏 1
03:25
Video unavailableShow in Telegram
" ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည်" မြန်မာစစ်တပ်ကို ထောက်ခံတဲ့ တရုတ်ရပ်တည်ချက် မပြောင်းလဲနိုင် ~~~ ■ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တရုတ်ရဲ့ ရပ်တည်ချက် မပြောင်းလဲနိုင်တဲ့အကြောင်း ရေးသားထားတဲ့ Nikkei Asia သတင်းမှာ ဖော်ပြခဲ့တဲ့ ဝါရှင်တန်ဒီစီ Stimson Center က မြန်မာ-တရုတ် ဆက်ဆံရေး ကျွမ်းကျင်သူ Yun Sun ရဲ့ ဆောင်းပါးနဲ့ မြန်မာစစ်တပ်ဟာ အပစ်ရပ် သဘောတူညီချက်တွေကို ထပ်တလဲလဲ ချိုးဖောက်တယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဘက်ကနေ ပြောတဲ့အကြောင်း AFP သတင်းဆောင်းပါးတွေကို ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
نمایش همه...
B0621YKMM.mp4515.01 MB
12👍 3
00:57
Video unavailableShow in Telegram
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စိစစ်အရေးယူမယ်လို့ စစ်ကောင်စီပြော
نمایش همه...
Mont Short Video.mp4116.18 MB
🤔 10
04:51
Video unavailableShow in Telegram
တိုင်းရင်းသားတွေ ထိန်းချုပ်ဒေသက ကျောင်းတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေရ ~~~ ■ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေထဲက မြို့ပေါင်း ၆၀ နီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူခဲ့သလို အဲဒီနယ်မြေတွေမှာ စာသင်ကျောင်းတွေလည်း ဖွင့်လှစ်သင်ကြားပေးနေကြပါတယ်။ စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးတွေ သေဆုံး၊ ဒဏ်ရာရမှာ စိုးရိမ်နေရတယ်လို့ ပြောဆိုကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။ RFA Burmese Web တွင် ဝင်ရောက်ဖတ်ရှုန်..
نمایش همه...
B0619KLO.mp4705.88 MB
👍 7
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.