cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

𝐍𝐚𝐭𝐢𝐨𝐧𝐰𝐢𝐝𝐞 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧

پست‌های تبلیغاتی
6 669
مشترکین
-624 ساعت
-347 روز
-29130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

စွပု ငိုပြီ🥰 PDF တွေထိန်းချုပ်လိုက်တဲ့ မကွေးတိုင်းထဲက ကျောက်ခွက်နဲ့ လက်ပံတိုရေနံမြေ ၂ခု — ဒီလို ရေနံမြေ ၂ခုကို ထိန်းချုပ်လိုက်တဲ့အတွက် စစ်ကောင်စီဘက်မှာ အကြီးအကျယ်ထိခိုက်သွားတာကတော့ ဝါဇီစက်ရုံပဲ။ အဆိုပါရေနံတွင်းတွေကနေ ထွက်လာတဲ့ သဘာ၀ဓါတ်ငွေ့တွေကို ဝါဇီငွေစက်ရုံမှာစွမ်းအင်အဖြစ်သုံးဖို့ ပိုက်လိုင်းတွေနဲ့ ပို့ဆောင်နေတဲ့အတွက် အခုလို PDFတွေက ထိန်းချုပ်လိုက်တာကြောင့် ဝါဇီစက်ရုံလည်း အခက်တွေ့သွားနိုင်သလို စစ်ကောင်စီအတွက်လည်း ထိုးနှက်ချက်တခုဖြစ်သွားခဲ့မှာ အသေအချာပဲ — #RFA
نمایش همه...
👍 68 9👏 7
ငါတို့နိုင်မှာ❤ နိုင်ပြီဆိုတဲ့နိမိတ်ပြတာပဲ 🥰🥰🥰 KNDF ဗျူဟာ အသစ် တစ်ခုထပ်မံဖွဲ့စည်း ဇွန် ၇ ရက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဗျူဟာ အသစ်တစ်ခုကိုထပ်မံဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်သည်။ တပ်ရင်း ၂၂၊၂၃ နှင့် ၂၄ တို့ဖြင့် ဗျူဟာ အမှတ် (၈) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်နီအမျိုးသား များကာ ကွယ်ရေးတပ်- KNDF ၏ စစ်ရေးဦးဆောင်မှု အမိန့်အောက်တွင်ရှိသည်ဟု သိရသည်။ "ကရင်နီနဲ့ ရှမ်းပြည်နယ်ကြား မှာ ထပ်တိုးလိုက်တဲ့ ဗျူဟာ အသစ်တစ်ခု ပေါ့။ပင်လောင်းဘက်ခြမ်း မှာ "ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း ရဲဘော် အင်အား ၅၀၀ ကျော်ရှိသည့် ဗျူဟာ အမှတ် ၇ ကို KNDF ကတိုးချဲ့ဖွဲ့စည်းထားသည်။ ထို့ကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ဗျူဟာ အမှတ် ၁ မှ စ၍ ယခု အသစ်ဖွဲ့စည်းလိုက်သည့် ဗျူဟာ အမှတ် ၈ အထိ တပ်ဖွဲ့စည်းမှု သုံးနှစ်အတွင်း ဗျူဟာ ၈ ခု ရှိလာသည်။ "တပ်ရင်း အားလုံးပေါင်း ၂၈ ရင်း ဖွဲ့စည်းထားတယ်။တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်"ဟု KNDF ၏ ဖွဲ့စည်းပုံကို စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။ ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို ၊​ဘောလခဲ၊ ဖားဆောင်း၊ ရှားတော၊ ဖယ်ခုံ နှင့် မယ်စဲ့ မြို့နယ်တို့မှ စစ်ကောင် စီတပ်၏စစ်စခန်း ၆၅ ခုကို ကရင်နီပူးပေါင်းတပ်များက သိမ်းထားပြီး တပ်ဆုတ်လက်နက်ချခဲ့သည် စခန်းစုစုပေါင်း ၁၆ ခုအထိ ရှိ ကြောင်း KNDF က ထုတ်ပြန်ထားသည်။ ယခုအခါ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် ​တောင်ပိုင်းဆီဆိုင်မြို့နယ်မှ တဆင့် ကရင်နီပြည်နယ်သို့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ (KNDF ဗျူဟာ (၈ )တွင်ပါဝင်သည့် တပ်ရင်း ၂၄ မှ ရဲဘော်များ ကိုတွေ့ရစဥ် ။ ဓါတ်ပုံ-KNDF ) People's Spring
نمایش همه...
👍 33 7😁 3
မောင်တောတောင်ပိုင်း အငူမော်လမ်းပေါ်ရှိ အင်းဒင် နခခ(၆)စခန်းကြီးအား AA အပြီးသတ် သိမ်းပိုက် (စစ်ကောင်စီအကျအဆုံးများပြီး အများအပြားအဖမ်းခံရဟု သတင်းများထွက်ပေါ်နေ) နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၆ ရက်/၂၀၂၄ ရခိုင်ပြည်၊ မောင်တော-အငူမော်လမ်း ပေါ် ရွိ အင်းဒင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) စခန်းကြီးကို အာရက္ခတပ်တော် (AA)က ဒီနေ့ ဇြန္လ ၆ ရက် နံနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ် အရ သိရပါတယ်။ "နယ်ခြားစောင့်တပ်ဖွဲ့ တွေ အက်ဆုံးတွေရှိတယ်။ စခန်းက ထွက်ပြေးကြတာလည်းရှိတယ်။ လက်နက်ချတာလည်းရှိတယ်။ ထွက်ပြေးတာက ပင်လယ်ပြင်ဖက်ကို ထွက်ပြေးကြတာများတယ်။ ဖမ်းမိတာတွေလည်း ရှိတယ်။ နယ်မြေရှင်း လင်းရေလုပ်နေရတယ်" လို့ပြောပါတယ်။ အင်းဒင်နခခ(၆)နယ်ခြားစောင့်စခန်းဟာ မောင်တောမြို့နယ်တောင်ပိုင်း မွာ အခြေစိုက်ထားပြီး အင်အား ၆၀၀ ခန့်ရှိတဲ့ စခန်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအင်ဒင်စခန်းမကျစေဖို့ကို ပင်လယ်ပြင်ရှိ နေဗီတွေက လက်နက်ကြီးပစ်ကူမူတွေပေးခဲ့ကြသလို လေကြောင်းကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ပစ္ကူ တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာ အာရက္ခတပ်တော် အေအေကနေ အောင်မြင်စွာ သိမ်းပိုက်ခဲ့တာလို့ ပြောဆိုပါတယ်။
نمایش همه...
👍 21👏 5😁 1
အလွန်‼ အန္တရယ်များတဲ့ Mys pace app အကြောင်း BreakingNews ‼ စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်း အပြင် Camera ကိုလည်း အသုံးပြုနိုင်ကြောင်း ဇွန်လ ၄ ရက် စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်းအပြင် camera ကိုလည်း အသုံးပြုနိုင်ကြောင်း နည်းပညာသမားတဦးမှ Hlaing Info သို့ ပြောပြလာပါသည်။ ၎င်း App အား developer Nyan Myo Hteik [email protected] Myanmar(Burmese)ကရေးဆွဲထားတာ ဖြစ်ပြီး 27/4/2024 ရက်နေ့တွင်စတင်ကာ နောက်ဆုံး update ထားသောရက်မှာ 2/5/2024 ရက်နေ့ ဖြစ်ပါသည်။ App တွင် Permission ကို တောင်းရာ၌ Location , Contact , Microphone, camera , နှင့် Other အချက်များပါဝင်ပါသည်။ ထိုကြောင့် အသုံးပြုထားသူများ၏ တည်နေရာသိနိုင်ခြင်း ၊ ကိုယ့်ဖုန်းနံပတ် အားသိရှိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ Contact များ သိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ SMS များလည်း ဝင်ရောက်ဖတ်နိုင်ခြင်း ၊ ကင်မရာအသုံးပြုနိုင်ခြင်း အပြင် နောက်ဆုံး ဖုန်းတွင်းရှိ Photo နှင့် Video များပါ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း တို့ လုပ်နိုင်ပါတယ်။ အတော်လေး အန္တရာယ်များတဲ့ app တခုပါ။ ထို့အပြင် run in background အနေဖြင့်ပါ permission ယူထားသောကြောင့် My Space app အား မသုံးစွဲပဲ အခြား app များ ပြောင်းလည်းသုံးစွဲနေသည့် အချိန်တွင်လည်း အကြမ်းဖက် စကစ မှအားလုံးသိရှိနိုင်ရန် စီစဥ်ထားပါသည်။ လူ့အခွင့်အရေး ( privacy ) အားအကြီးအကျယ် ချိုးဖောက်သော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အား ဝင်ရောက်မသုံးစွဲခြင်းအပြင် google play store မှ ပြုတ်ကျသွားစေရန် ဝိုင်းဝန်းကာ report တင်ခြင်းဖြင့် စည်းလုံးကြပါစို့ ။ မိဘပြည်သူများအနေဖြင့် စကစ အန္တရာယ်ဘေးမှ လွတ်ကင်းအောင် သတိထားနိုင်ရန် Hlaing Info မှ ထပ်မံအသိပေး တင်ပြအပ်ပါသည်။ #HlaingInfo
نمایش همه...
👍 78 11🔥 1
ချေမှုန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ စစ်ရေးပြပွဲတွေမှာ ထုတ်ပြပြီး လူထုကို ခြိမ်းခြောက်နေတဲ့ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့တွေဟာ ပြည်သူ့ခုခံတော်လှန်စစ်မှာ ဘာမှအစွမ်းအစ မရှိဘူးဆိုတာ ချေမှုန်းခံထားရတဲ့ သံချပ်ကာ နဲ့ တင့် စာရင်း အရ သိသာထင်ရှားပါတယ်။ ဒီလို တင့် တပ်ဖွဲ့တွေ ထိန်းသိမ်းထားရခြင်းအတွက် ပြုပြင်စရိတ်၊ ထိန်းသိမ်းစရိတ်၊ တပ်ဖွဲ့ဝင်စရိတ်တွေသာ ကုန်ကျနေပြီး စစ်ဝန်ပိမှုဒဏ်ကိုပဲ စစ်အာဏာရှင်တွေ ခံစားရမှာ ဖြစ်ပါတယ်။ မကြာခင် စတင်တော့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေရဲ့ မြေပြန့်ထိုးစစ်ကြီးမှာ စစ်တပ်ရဲ့ တင့် နဲ့ သံချပ်ကာ တွေ ချေမှုန်း သိမ်းပိုက်ခံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
نمایش همه...
👍 27👏 3😁 1
Amazing တစ်နှစ်အတွင်း သံပုံးကင်၂၆ စီးတဲ့..😍 သံချပ်ကာ (၂၆) စီး သိမ်းပိုက် - စစ်မြေပြင် နဲ့ မကိုက်တဲ့ လက်နက်တပ်ဆင်ထားတဲ့ စစ်တပ် ………………………… ၂၀၂၃ ခုနစ်၊ အောက်တိုဘာလ ကနေ ၂၀၂၄ ခုနစ် မေလ အတွင်း စစ်အာဏာရှင်တွေရဲ့ သံချပ်ကာကား (၂၄) စီး နဲ့ တင့်ကား (၂) စီး ကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ အသုံးစရိတ်ပိုင်းအရ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သလို ချေမှုန်းတိုက်ခိုက်ခံရမှာ မဟုတ်ဘူးဆိုတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်ကိုလဲ ရိုက်ချိုးနိုင်လိုက်မှု ဖြစ်ပါတယ်။ ဒီထက် အရေးကြီးတာကတော့ စစ်တပ် တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေ၊ တင့်ကား၊ သံချပ်ကာကား၊ စစ်လေယာဉ် တွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ သမရိုးကျမဟုတ်တဲ့ စစ် ( Unconventional warfare)၊ ပြောက်ကျားစစ် အခြေပြု ခုခံ တိုက်ခိုက်မှု ပုံစံတွေနဲ့ မကိုက်ညီဘူး၊ အသုံးဝင်မှု မရှိဘူး ဆိုတာကို ပြသလျက်ရှိပါတယ်။ လက်ရှိ ခုခံ ပုန်ကန်မှုတွေကို တောင်တန်း နဲ့ မြေပြန့်ဒေသ ဆိုပြီး အဓိက အားဖြင့် (၂) ပိုင်းခွဲနိုင်ပါတယ်။ မြို့ပြ စစ်ရေးလှုပ်ရှားမှု၊ ချောင်းတွေ၊ ပင်လယ်တွေ အစပ်ဒေသ စစ်ရေးလှုပ်ရှားမှုတွေ ရှိပေမယ့်လဲ အဓိကနေရာမှာ မရှိပါဘူး။ တောတန်းဒေသဟာ ကျဉ်းမြောင်းတဲ့လမ်းတွေ၊ အကွေ့အကောက်တွေ ရှိပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာ၊ စစ်ရေးလှုပ်ရှားတဲ့နေရာတွေဟာ တောင်ပေါ်၊ တောင်ထိပ်တွေမှာ အများစု ဖြစ်ပါတယ်။ အဲဒီလိုနေရာကို သံချပ်ကာ တပ်ဖွဲ့၊ တင့်ကား စစ်ကြောင်း (Tank Column) တွေ သွားလာဖို့ မလွယ်ပါဘူး။ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့တွေ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ဟာလဲ မြေပြန့် ဒေသလွင်ပြင်တွေမှာ အလျင်အမြန် လှုပ်ရှားသွားလာဖို့၊ ထု အင်အား နဲ့ ပစ်အား၊ သံချပ်ကာ အကာအကွယ်ကို ယူပြီး စစ်ဆင်ဖို့ အတွက် ဖြစ်ပါတယ်။ တောင်ပေါ် နဲ့ မြစ်၊ ချောင်းပေါများတဲ့ ဒေသတွေဟာ စစ်အာဏာရှင်တွေရဲ့ ယန္တရားတပ်တွေကို မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် တင့်ကား နဲ့ သံချပ်ကာ ယာဉ်တွေဟာ တောင်ကြားဒေသ စစ်စခန်းကြီးတွေမှာ ပစ်ကူအဖြစ်၊ လှုပ်ရှား အမြောက် ပုံစံနဲ့သာ ရပ်တည်နေရပြီး မူလရည်ရွယ်ချက်ဖြစ်တဲ့ အလျင်အမြန် စစ်ဆင်ခြင်းဆိုတဲ့ အားသာချက် ပျောက်ဆုံးသွားပါတယ်။ အဲဒီအတွက် ၁၀၂၇ စစ်ဆင်ရေး ကာလမှာ စစ်တပ်ရဲ့ စခန်းထိုင် သံချပ်ကာ အများစု ဟာ ဒရုန်း၊ တင့်ဖျက် ဒုံးကျည်တွေ နဲ့ ပစ်ခတ်ချေမှုန်းခံရပါတယ်။ ချေမှုန်း သိမ်းပိုက်ခံထားရတဲ့ သံချပ်ကာ စုစုပေါင်းမှာ ရှမ်း မြောက်ဒေသက (၁၅) စီး ပါဝင်ပါတယ်။ သံချပ်ကာတွေကို စုစည်း အသုံးမပြုဘဲ စစ်တပ် ကွန်ဗွိုင်း အစောင့်လိုက်အဖြစ် အသုံးပြုမယ်ဆိုရင်လဲ တောင်တန်း ဒေသမှာ ခြုံခိုတိုက်ခိုက်တာ၊ တောင်ခြေ ဒေသမှာ တင့်ဖျက် မိုင်းထိတာ၊ တင့်ဖျက် ဒုံးကျည် ဖြစ်တဲ့ အာပီဂျီ မှန်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီ လို နဲ့ ချင်းတောင်တန်းမှာ သံချပ်ကာ (၂) စီး ဖျက်ဆီးခံခဲ့ရပြီး၊ ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင် မှာ တင့်ဖျက်မိုင်း နဲ့ တင့်ကား (၂) စီးကို ဖျက်စီးနိုင်လိုက်ပါတယ်။ ရှမ်းပြည်နယ် (၁၅) စီး၊ ရခိုင်ပြည်နယ် (၂) စီး၊ ချင်း ပြည်နယ် (၂) စီး၊ ကရင်ပြည်နယ် (၄) စီး၊ ပဲခူးတိုင်း တင့်ကား (၂) စီး၊ သံချပ်ကာ (၁) စီး၊ စုစုပေါင်း (၃) စီး၊ ကချင်ပြည်နယ် သံချပ်ကာ (၁) စီး ကို ဖျက်ဆီး၊ သို့မဟုတ် သိမ်းပိုက်နိုင်ထားပါတယ်။ အားလုံးနီးပါးကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကပဲ ချေမှုန်းသိမ်းပိုက်ထားပါတယ်။ အဓိက စစ်ရေး နယ်မြေဖြစ်တဲ့ မြေပြန့် ဒေသမှာ တင့်ကား နဲ့ သံချပ်ကာ အင်အားကို စစ်တပ်က စုစည်း အသုံးချနိုင်မလား၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ဘယ်လို တန်ပြန်မလဲ ဆိုတဲ့ မေးခွန်း ရှိပါတယ်။ မြေပြင် အနေအထားအရ မြေပြန့်ဒေသမှာ စစ်တပ်ဟာ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့ကို စုစည်း လှုပ်ရှား အသုံးပြုနိုင်ပါတယ်။ အဲဒီ ရည်ရွယ်ချက်အတွက်ပဲ မြေပြန့် စစ်ရေး မဟာဗျူဟာ အရ အချက်အချာကျတဲ့ လမ်းဆုံ ဒေသ မိတ္ထီလာမှာ တင့် နဲ့ ယန္တရား တပ်ဖွဲ့တွေကို စစ်တပ်က ထူထောင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ အခုချိန်ထိ အခိုင်အမာ အခြေစိုက်စခန်း၊ ခံစစ်လိုင်းသေ နဲ့ ခံစစ်နယ်မြေ တွေကို ထူထောင်ထားခြင်း မရှိပါဘူး။ အဲဒီအတွက် စစ်တပ်အနေနဲ့ တင့်တပ်ဖွဲ့တွေ စေလွှတ် တိုက်ခိုက်ဖို့ စစ်ရေးပစ်မှတ်မရှိ ဖြစ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ အခိုင်အမာ စခန်းချထားမှု ကို ရှောင်ပြီး လှုပ်ရှား အမြန် စစ်ကြောင်းတွေ၊ သေးငယ်တဲ့ တပ်ခွဲ၊ တပ်ရင်း အဆင့် လှုပ်ရှားမှုတွေကို ကျယ်ပြန့်စွာ ချိတ်ဆက် လုပ်ဆောင်နေသ၍ မြေပြန့်ဒေသ တင့် တပ်ဖွဲ့ကို စိုးရိမ်စရာ မရှိပါဘူး။ အဲဒီအတွက် စစ်တပ်အနေနဲ့ ကွန်ဗွိုင်း အစောင့်လိုက်အဖြစ် သံချပ်ကာ၊ တင့်ကားတွေကို အသုံးပြုရမှာ ဖြစ်ပြီး လက်ရှိ အဲဒီလို အသုံးပြုနေတာတွေကိုတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လက်လုပ်မိုင်း (IEDs) ထုတ်လုပ်အသုံးပြုမှု အဆင့်မြှင့် စွမ်းအားကြီးမားလာတာနဲ့ အမျှ ပင်မတိုက်ပွဲဝင် တင့်ကား (Main Battle Tank) တွေကိုပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင်တဲ့ အမေရိကန် ရဲ့ M1 Abrams တင့်ကားတွေကိုပါ စစ်သွေးကြွအဖွဲ့တွေက လက်လုပ်မိုင်းတွေ
نمایش همه...
👍 14 3
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.