SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
رفتن به کانال در Telegram
ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ
نمایش بیشتر6 336
مشترکین
-424 ساعت
-457 روز
-16230 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+27
در 0 کانالها
سپتامبر '26
+54
در 1 کانالها
Get PRO
اوت '26
+75
در 0 کانالها
Get PRO
ژوئیه '26
+72
در 0 کانالها
Get PRO
ژوئن '26
+89
در 0 کانالها
Get PRO
مه '26
+89
در 0 کانالها
Get PRO
آوریل '26
+84
در 0 کانالها
Get PRO
مارس '26
+28
در 0 کانالها
Get PRO
فوریه '26
+79
در 0 کانالها
Get PRO
ژانویه '26
+100
در 0 کانالها
Get PRO
دسامبر '25
+147
در 1 کانالها
Get PRO
نوامبر '25
+101
در 0 کانالها
Get PRO
اکتبر '25
+139
در 0 کانالها
Get PRO
سپتامبر '25
+137
در 0 کانالها
Get PRO
اوت '25
+118
در 0 کانالها
Get PRO
ژوئیه '25
+187
در 0 کانالها
Get PRO
ژوئن '25
+170
در 3 کانالها
Get PRO
مه '25
+196
در 1 کانالها
Get PRO
آوریل '25
+213
در 4 کانالها
Get PRO
مارس '25
+302
در 4 کانالها
Get PRO
فوریه '25
+328
در 3 کانالها
Get PRO
ژانویه '25
+540
در 2 کانالها
Get PRO
دسامبر '24
+298
در 2 کانالها
Get PRO
نوامبر '24
+319
در 4 کانالها
Get PRO
اکتبر '24
+463
در 6 کانالها
Get PRO
سپتامبر '24
+314
در 3 کانالها
Get PRO
اوت '24
+451
در 1 کانالها
Get PRO
ژوئیه '24
+487
در 1 کانالها
Get PRO
ژوئن '24
+489
در 1 کانالها
Get PRO
مه '24
+407
در 0 کانالها
Get PRO
آوریل '24
+396
در 0 کانالها
Get PRO
مارس '24
+497
در 1 کانالها
Get PRO
فوریه '24
+632
در 1 کانالها
Get PRO
ژانویه '24
+384
در 1 کانالها
Get PRO
دسامبر '23
+1 030
در 4 کانالها
Get PRO
نوامبر '23
+418
در 1 کانالها
Get PRO
اکتبر '23
+220
در 1 کانالها
Get PRO
سپتامبر '23
+275
در 0 کانالها
Get PRO
اوت '23
+229
در 0 کانالها
Get PRO
ژوئیه '23
+223
در 0 کانالها
Get PRO
ژوئن '23
+256
در 0 کانالها
Get PRO
مه '23
+293
در 0 کانالها
Get PRO
آوریل '23
+311
در 0 کانالها
Get PRO
مارس '23
+273
در 0 کانالها
Get PRO
فوریه '23
+270
در 0 کانالها
Get PRO
ژانویه '23
+293
در 0 کانالها
Get PRO
دسامبر '22
+327
در 0 کانالها
Get PRO
نوامبر '22
+239
در 0 کانالها
Get PRO
اکتبر '22
+992
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 18 اکتبر | +2 | |||
| 17 اکتبر | +1 | |||
| 16 اکتبر | +1 | |||
| 15 اکتبر | +2 | |||
| 14 اکتبر | +2 | |||
| 13 اکتبر | +1 | |||
| 12 اکتبر | +1 | |||
| 11 اکتبر | 0 | |||
| 10 اکتبر | 0 | |||
| 09 اکتبر | +3 | |||
| 08 اکتبر | +2 | |||
| 07 اکتبر | +3 | |||
| 06 اکتبر | +1 | |||
| 05 اکتبر | +3 | |||
| 04 اکتبر | +2 | |||
| 03 اکتبر | +2 | |||
| 02 اکتبر | 0 | |||
| 01 اکتبر | +1 |
پستهای کانال
Repost from သတင်းစုဗူး
Daily Highlight 2
Oct 18 (10:50 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- ရသေ့တောင်နယ် ၁ ကြိမ်
- ပုဏ္ဏားကျွန်းနယ် ၁ ကြိမ်
- ကျောက်တော်နယ် ၁ ကြိမ်
- ကနီနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ဝက်လက်နယ် ၃ ကြိမ်
- ရေစကြိုနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ကန်ပက်လက်နယ် ကျင်ဒွေးဒေသ ၂ ကြိမ်
- ဆိပ်ဖြူနယ် ၁ ကြိမ်
- ပလက်ဝနယ် ၂ ကြိမ်
- ဟုမ္မလင်းနယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ဝန်းသိုနယ် ၂ ကြိမ်
- ပခုက္ကူနယ် ကမ္မဒေသ ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect
| 2 | Daily Highlight 1
Oct 18 (10:50 PM)
- အောက်တိုဘာလ ၁၅ ရက်နေ့က မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ တိုက်ပွဲအတွင်း အရာရှိတစ်ကောင်အပါအဝင် စစ်ခွေး ၁၅ ကောင်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ အထိနာသွားသော စစ်တပ်က ထုံးစံအတိုင်း တိုက်ပွဲနှင့်မသက်ဆိုင်သောနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရ။
- ယမန်နေ့ ညနေပိုင်းက တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချတပ်စွဲပြီး ကျောင်းပေါက်ဝတွင် ဂိတ်ချကာ လမ်းသွားလမ်းလာများထံမှ တောင်းရမ်းစားသောနေသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၂ ကောင် သေဆုံးပြီး ၃ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော တရားမဝင် အတုအယောင်လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာအခွန် ဒုဝန်ကြီးဆိုသူ သန်းသန်းလင်းက ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများက ဖြည့်စွက်ရန်ပုံငွေ ကျပ် ဘီလီယံ ၇၀၀၀ ကျော်ထပ်မံတောင်းခံခဲ့သဖြင့် ယခု ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေမှာ ငွေကျပ် ဘီလီယံ ၁၁,၄၁၈ ဒသမ ၈၇၈ အထိ ရှိလာကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ မူလ ရသုံးမှန်းခြေငွေစာရင်းတွင် စုစုပေါင်းရငွေ ကျပ် ဘီလီယံ ၄၀,၈၄၃ ဒသမ ၄၄၂ နှင့် စုစုပေါင်းသုံးငွေ ကျပ် ဘီလီယံ ၄၉,၈၅၈ ဒသမ ၆၂၃ ရှိပြီး ဘတ်ဂျက်လိုငွေမှာ ကျပ် ဘီလီယံ ၉,၀၁၅ ဒသမ ၁၈၁ ရှိမည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြောင်း၊ သို့ရာတွင် ဖြည့်စွက်ခွင့်ပြုငွေများ ထပ်မံတောင်းခံပြီးနောက် ပြင်ဆင်ပြီး ရသုံးမှန်းခြေငွေစာရင်းအရ စုစုပေါင်းရငွေမှာ ကျပ် ဘီလီယံ ၄၅,၃၁၅ ဒသမ ၂၈၁၊ စုစုပေါင်းသုံးငွေမှာ ကျပ် ဘီလီယံ ၅၆,၇၃၄ ဒသမ ၁၅၉ ဖြစ်လာပြီး ဘတ်ဂျက်လိုငွေမှာ ကျပ် ဘီလီယံ ၁၁,၄၁၈ ဒသမ ၈၇၈ အထိ ရှိလာခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရ။
- ယနေ့ မနက်အစောပိုင်း ညသန်းခေါင်းကျော်အချိန်က ရသေ့တောင်မြို့ပေါ်ရှိ အရှေ့တောင်ရပ်ကွက်၊ ဂူတာပြင်ရပ်ကွက် တို့နှင့် ပြင်ခေါင်၊ ပြားချောင်းကြီးရွာတို့ကို စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီးအလုံးရေများစွာ အကြောင်းမဲ့ ကြဲချတိုက်ခိုက်၊ ရသေ့တောင်မြို့ပေါ်မှ အမျိုးသမီး ၁ ဦး၊ ပြင်ခေါင်ရွာသစ်ရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရရှိထားပြီး အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရ။
- အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက လှိုင်သာယာမြို့နယ်မှ ကုန်သည်ဦးမျိုးမြင့်ဆိုသူ ညောင်တုန်းမြို့သို့ ကုန်ဖိုးငွေ လာရောက်ယူဆောင်ရန်အတွက် ညောင်တုန်းနယ်၊ ကဇန်းစစ်ဆေးရေးဂိတ်အနီးတွင် ကားစောင့်နေစဉ် ဆားမလောက်ရဲစခန်းမှ နယ်ထိန်းရဲခွေး မြဘုန်းအောင်နှင့် အခြားရဲခွေး ၁ ဦးတို့က တားဆီးစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ တားဆီးစစ်ဆေးစဉ် ဦးမျိုးမြင့်ထံတွင် ငွေသား ကျပ် ၂၁ သိန်းခန့်ပါရှိနေသည်ကို သိရှိပြီးနောက် နယ်ထိန်းရဲခွေးက မသင်္ကာဟုဆိုကာ ရဲစခန်းသို့ ခေါ်ဆောင်ရန် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အခြေအတင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ဦးမျိုးမြင့်မှာ ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ရဲခွေးများက ရေထဲအထိ လိုက်လံရန်ပြုခဲ့ပြီးနောက် နယ်ထိန်းရဲခွေးက ဓားဖြင့် ထိုးသွင်းတိုက်ခိုက်ရာမှ ဦးမျိုးမြင့်မှာ သေဆုံးသွားကြောင်း၊ ဦးမျိုးမြင့် သေဆုံးပြီးနောက် ၎င်း၏လွယ်အိတ်အတွင်းပါရှိသည့် ငွေကျပ် ၂၁ သိန်းခန့်ကို ရဲခွေးများက ရှာဖွေယူဆောင်ပြီး ဆားမလောက်ရဲစခန်းသို့ ပြန်သွားခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဆားမလောက်ရဲစခန်းမှ စခန်းမှူးရဲခွေးအပါအဝင် လူသတ်လုယက်မှုကျုးလွန်းခဲ့သော ရဲခွေးများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီးနောက် ရေနစ်သေဆုံးသည်ဟု သေမှုသေခင်းဖွင့်ကာ အလောင်းကိုလည်း မိသားစုထံ အကြောင်းမကြားဘဲ မီးသဂြိုဟ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို အစအဆုံး သိမြင်လိုက်သော မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ သိရ။
- ယမန်နေ့က ပခုက္ကူမြို့မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ကမ္မဒေသသို့ ရောက်ရှိလာသဖြင့် ပြည်သူများ ညအချိန် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထို့ပြင် မြိုင်မြို့နယ် စက်မှုဇုန် ၂ တွင်လည်း စစ်တပ်က ဆက်လက်တပ်စွဲထားကြောင်း၊ ပေါက်နှင့်မြိုင်မြို့နယ်အစပ် ရေနံမြေဒေသရှိ တဲကြီးရွာတွင်လည်း စစ်တပ်စစ်ကြောင်း ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းများကြောင့် ကမ္မဒေသရှိ ကျေးရွာ ၅ ခု ထက်မနည်းနှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ခု ထက်မနည်းတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း စစ်တပ်က မြစ်ခြေ/ကမ္မဒေသ အုန်းတောရွာကို ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။
- ရေကြီးရေလျှံပြီး တောင်ပြိုခြင်းများ ဖြစ်ပွားခဲ့သော လောင်းလုံးနယ် တောကျဲရွာတွင် ရှာဖွေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ ယနေ့ မနက်ပိုင်းတွင် သေဆုံးသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို တူးဖော်ရရှိခဲ့ကြောင်း၊ တောကျဲရွာမှ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရ။
- စစ်တွေနယ် မင်းချောင်းတံတား တစ်ဘက်ကမ်းရှိ အမြင့်ကျွန်းရွာတွင် စစ်တပ်က ခံစစ်အခိုင်အမာပြင်ဆင်ပြီး AA ၏ ထိုးစစ်ကို အသည်းအသန် ခုခံနေရ၊ AA က ကံ့ကော်ကျွန်း တစ်ဘက်ကမ်းရှိ ဝါဘိုရွာကို အပြည့်အဝ ထိန်းချုပ်ထားပြီး ကျားမသောက်၊ ကြွီတဲ၊ ပါဒလိတ်၊ ချီလိုင်ဖင်းနှင့် ငတောက်တက် စသည့် ကျေးရွာများ အနီးဝန်းကျင်များတွင် တိုက်ပွဲများ ဖြစ်ပွားနေ၊ ကျားမသောက်တွင် စအရ-၉၀၈ တပ်ရင်းတစ်ခုတည်းသာ တည်ရှိပြီး ဒကစ-စစ်တွေနှင့် ၄ မိုင်မျှသာ ကွာဝေးကြောင်း၊ ထို့ကြောင့် AA ၏ ပြင်းထန်သော ထိုးစစ်မှာ စစ်တွေမြို့နှင့် ပိုမိုနီးကပ်လာနေကြောင်း သိရ၊ ထို့ပြင် ပေါက်တောနယ် ငပြီကျွန်းပေါ်သို့ စစ်တပ်က ယနေ့ မနက်ပိုင်းတွင် ကမ်းတက်ရန် ထပ်မံကြိုးပမ်းလာသဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား၊ ကျွန်းပေါ်သို ရောက်ရှိနှင့်ပြီးဖြစ်သော စစ်ခွေးများမှာ စစ်ကူမရရှိတော့သဖြင့် AA ၏ သတ်ကွင်းများအတွင်း ချေမှုန်းခံနေကြရကြောင်း သိရ။
- အောက်တိုဘာလ ၁၆ ရက်နေ့က နွားထိုးကြီးနယ် အောင်ပန်းကုန်းရွာကို စစ်ခွေးရဲခွေး ပူးပေါင်းစစ်ကြောင်းက သေနတ်များ ရမ်းသန်းပစ်ခတ်ပြီး ဝင်ရောက်စီးနင်း၊ စစ်ခွေးများ၏ အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး စစ်ခွေးများက ရွာသား ၃၀ ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ယမန်နေ့ ညပိုင်းတွင် အောင်ပန်းကုန်းရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ MSCC ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ CRMH တို့ အွန်လိုင်းမှတဆင့် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး SCEF ၏ နိုင်ငံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ဆွေးနွေးတင်ပြခဲ့ကာ မေးခွန်းမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း SCEF က သတင်းထုတ်ပြန်ထားကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 53 |
| 3 | အယ်လ်နီညို ရာသီဥတုဖြစ်စဉ်က ကျန်းမာရေးအပေါ် သက်ရောက်မှု
(အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်)
- မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်သည်။
- ခြင်ပေါက်ပွားမှုများပြီး ကူးစက်ရောဂါများ အဖြစ်များနိုင်သည်။
- သောက်သုံးရေနှင့် အစားအစာများ ညစ်ညမ်းနိုင်သည်။
- မိုးခေါင်ရေရှားပြီး သန့်ရှင်းသောရေ ရရှိရန် ခက်ခဲနိုင်သည်။
- အပူဒဏ်သင့်၍ နာမကျန်းဖြစ်နိုင်သည်။
- တောမီးများလောင်၍ လေထုညစ်ညမ်းနိုင်သည်။
- အသက်ရှူလမ်းကြောင်း ရောဂါများ အဖြစ်များနိုင်သည်။
- စိုက်ပျိုးမွေးမြူရေး ပျက်စီး၍ အစာရှားပါးပြီး အာဟာရချို့တဲ့နိုင်သည်။
- မုန်တိုင်းများနှင့် ဘေးဒုက္ခများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးနိုင်သည်။
- စိတ်ကျန်းမာရေး ထိခိုက်နိုင်သည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ | 187 |
| 4 | بدون متن... | 170 |
| 5 | Daily Highlight 2
Oct 17 (11:30 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- ကနီနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- ပုဏ္ဏားကျွန်းနယ် ၁ ကြိမ်
- မိုးမိတ်နယ် ၁ ကြိမ်
- အင်းတော်နယ် ၃ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ရွှေဘိုနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 348 |
| 6 | Daily Highlight 1
Oct 17 (11:30 PM)
- ယမန်နေ့ မွန်းလွဲပိုင်းက ရေစကြိုနယ် သစ်ကြီးတောရွာရှိ StarLink အင်တာနက်အသုံးပြုရာနေရာကို စစ်တပ်က ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်၊ အင်တာနက်အသုံးပြုနေသူများနှင့် အနီးဝန်းကျင်ရှိ နေအိမ်များမှ အသက် ၁ နှစ်အောက်ကလေးငယ်အပါအဝင် ပြည်သူ ၁၅ ဦးအထိ သေဆုံး၊ သေဆုံးသူများမှာ သစ်ကြီးတောရွာမှ ပြည်သူ ၁၄ ဦး နှင့် သစ်ကောက်ဆိပ်ရွာမှ ပြည်သူ ၁ ဦးတို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများလည်းရှိပြီး မြေပြင်အခြေအနေများ ရှုပ်ထွေးလျက်ရှိရာ သေဆုံးဒဏ်ရာရ အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိတွင် ကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆက်သွယ်ရေးများလည်း ပြတ်တောက်လျက်ရှိကြောင်း သိရ။
- ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် Chinland Council - CC နှင့် Interim Chin National Consultative Council - ICNCC တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ရေးနှင့် ချင်းပြည်နယ်တွင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) ကို ပူးပေါင်းဖွဲ့စည်းရန် သဘောတူညီထားကြကြောင်း၊ ICNCC နှင့် CC တို့အကြား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ၃ ကြိမ်မြောက်တွေ့ဆုံပြီး Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီထားခြင်းဖြစ်ကြောင်း၊ CNC ဖွဲ့စည်းရေး လမ်းပြမြေပုံကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး CC နှင့် ICNCC တို့က အတည်ပြုထားကြောင်း၊ အဆိုပါလမ်းပြမြေပုံအရ CNC ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ချင်းပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့ ဖြစ်ကြောင်း၊ CNC ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတစ်ရပ် တည်ဆောက်သွားရန် သဘောတူခဲ့ကြပြီး ဒေသတွင်း၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်၊ ချင်း တော်လှန်ရေးအဖွဲ့အစည်းများအကြား ယခင်ကရှိခဲ့သည့် သဘောထားကွဲလွဲမှုများကို ကျော်လွှားနိုင်ရေး၊ လူထုအတွင်း ပြန်လည်သင့်မြတ်ရေးနှင့် အပြန်အလှန်နားလည်ယုံကြည်မှု တည်ဆောက်နိုင်ရေးတို့ကိုလည်း ဆက်လက်မြှင့်တင်သွားရန် နှစ်ဖက်အဖွဲ့များက သဘောတူကြကြောင်း သိရ။
- အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက လက်ပံတန်းနယ်၊ ဖိုးခေါင်ရွာ ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ကို ရွာအတွင်း တပ်စွဲထားသော စစ်ခွေးများက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ကြိုးဖြင့်ချည်ကာ ဆွဲကြိုးချသေဆုံးသည်ဟု လိမ်လည်ပြောဆိုနေကြောင်း၊ ဆရာတော်နှင့် ဒေသပြည်သူများမှာ အရုဏ်ဆွမ်းစားချိန်ကပင် ကျေးရွာ ကထိန်အလှူငွေများ စာရင်းရှင်းလင်းခဲ့ပြီး မကြာမီအချိန်တွင်ပင် ဆရာတော်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရ။
- အကြမ်းဖက်စစ်တပ်က တိုင်းရင်းသားဒေသများအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် အရပ်သားများကိုပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စစ်ရေးအရ အသာစီးရရှိလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာမည်ဖြစ်၍ ဗုံးကြဲနေခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များကို ရပ်တန့်ခိုင်းရန် တောင်းဆိုနေကြခြင်းမှာ မဖြစ်နိုင်ကြောင်း ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသော NCA စာချုပ် ၁၁ နှစ်ပြည့်အခမ်းအနားနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံး ပိတ်ပွဲတွင် အကြမ်းဖက်စစ်ခွေး ရာပြည့်က ခွေးစကားများပြောသွားကြောင်း သိရ။
- စစ်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ကန်ပက်လက်နယ် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဆောမြို့နယ် လောင်းရှည်ဒေသတွင် ခြေကုပ်ယူပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ပြီး အင်အား ၃၀၀ ကျော်ပါ နောက်ချန်စစ်ကြောင်းကိုလည်း လောင်းရှည်-ဆွဲလွဲကျင်း-မဆာတွီ လမ်းပိုင်းတွင် အထိုင်ချခြင်း၊ ကင်းပုန်းဝပ်ခြင်း စသဖြင့် တပ်ဖြန့်အသုံးပြုထားကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ကျင်ဒွေးမြိုသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိအချိန်တွင် စစ်တပ်က လောင်းရှည်မြို့နှင့် ဒေသတွင်းမှ လက်ကျန်အင်အားများကို ထုတ်နှုတ်ကာ အဆိုပါစစ်ကြောင်းကို ထပ်မံအင်အားဖြည့်ထားကြောင်းသိရပြီး စုစုပေါင်းအင်အား ၁၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်စစ်ကြောင်းများမှာ ကျင်ဒွေးဒေသ လှိုင်ဒုတ်ရွာ ရွာသစ်အနီးတွင် ရောက်ရှိနေကြပြီး ဆွဲလွဲကျင်း-မဆာတွီ-မောချောင်း ရွာလမ်းပိုင်းများတွင်လည်း ရှိနေကြောင်း၊ တစ်ဖက်တွင်လည်း ဆောမြို့နယ် ပုပ္ပကိုင်း-လယ်ဖြူ-ဝက္ကု ကားလမ်းပိုင်းကို ပြည်သူများ မော်တော်ကား အသုံးပြုသွားလာကြခြင်း မပြုလုပ်ကြရန် တော်လှန်ရေးအဖွဲ့များက ယနေ့ရက်စွဲဖြင့် တားမြစ်လိုက်ပြီး ဆိုင််ကယ်ဖြင့် သွားလာနိုင်ကြောင်း၊ ဒေသတွင်း စစ်တပ်က စစ်ရေးလှုပ်ရှားနေသဖြင့် အများပြည်သူ လုံခြုံရေးအတွက် တားမြစ်ရခြင်းဖြစ်ကြောင်း သိရ။
- ယမန်နေ့က ကျင်းပခဲ့သော ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းကို တင်သွင်းခဲ့ပြီး ကရင်နီပြည် ကြားကာလလွတ်တော်က ဥပဒေကြမ်းအဆင့်နှင့် ဥပဒေအတည်ပြုပြဌာန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးတပ်များကို စုစည်းပြီး တပ် တစ်တပ်တည်းအဖြစ်တည်ဆောက်နိုင်ရန်၊ တော်လှန်ရေးတပ်များအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ရန်၊ တပ်ဖွဲ့ဝင်များ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေရန်နှင့် ကရင်နီ ပြည်သူများနှင့် ကရင်နီပြည်ကိုသော်လည်းကောင်း၊ ပြည်ထောင်စုကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်နိုင်သော ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရ။
- ဘုတ်ပြင်းနယ်အတွင်း အာဏာသိမ်းစစ်တပ်၏ စစ်မှုမထမ်းမနေရ အမိန့်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသော မြို့နယ်၊ အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ထုတ်ပြန်လိုက်ကြောင်း သိရ။
- ယမန်နေ့ ညဦးပိုင်းက မြောင်မြို့နယ်၊ မကျည်းကန်ရွာကို စစ်တပ်က ဂျက်ဖိုက်တာများ၊ အသေခံဒရုန်းတို့ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် မော်တော်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- ယမန်နေ့မှ စတင်ပြီး စစ်တပ်က သရက်ချောင်းနယ် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ရငဲရွာဘက်သို့ စစ်ကြောင်းထိုးဝင်လာသဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ဝင်းဝစခန်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရ၊ အလားတူ ယမန်နေ့ကပင် ကြာအင်းဆိပ်ကြီးနယ် ခလယ်တံခွန်တိုင်ရွာဘက်သို့ စစ်တပ်နှင့် BGF တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 315 |
| 7 | စိုးရိမ်စိတ်လွန်ကဲမှုရောဂါအကြောင်း (၄) ချက်
(အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်)
၁။ လူတိုင်းသည် အခါအားလျော်စွာ စိုးရိမ်ကြောင့်ကြမှု ခံစားရတတ်သည်။ သို့သော် စိုးရိမ်စိတ်လွန်ကဲမှုရောဂါရှိသူများသည် ကြောက်ရွံ့စိုးရိမ်မှုကို ပြင်းထန်လွန်ကဲစွာ ခံစားရသည်။
၂။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါသည် အဖြစ်အများဆုံး စိတ်ရောဂါများထဲတွင် ပါဝင်သည်။
၃။ စိုးရိမ်စိတ်လွန်ကဲမှု လက္ခဏာများသည် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားရလေ့ရှိသည်။
၄။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါကို ကုသရန် စကားပြောကုထုံးများ၊ ဆေးဝါးများနှင့် လေ့ကျင့်ခန်းများကဲ့သို့ ထိရောက်သည့် နည်းလမ်းများစွာ ရှိပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ | 348 |
| 8 | بدون متن... | 306 |
| 9 | Daily Highlight 2
Oct 16 (11:25 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- အင်းတော်နယ် ၅ ကြိမ်
- ပေါက်တောနယ် ၃ ကြိမ်
- ယင်းမာပင်နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ဗန်းမော်နယ် ၃ ကြိမ်
- အရာတော်နယ် ၃ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ချောင်းဦး/ရေစကြိုနယ်အစပ် ၁ ကြိမ်
- ရေစကြိုနယ် ၃ ကြိမ်
- ရွှေဘို ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ရေစကြိုနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ကျောက်ထုတိုက်နယ် ၁ ကြိမ်
- မတ္တရာနယ် ၁ ကြိမ်
- မြိုင်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မြောင်မြို့နယ် ၂ ကြိမ်
- မြောင်မြို့နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ကနီနယ် ၃ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ရေစကြိုနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- ကန်ပက်လက်နယ် ၁ ကြိမ် (Source: WES)
- ရွှေဘိုနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- ဖယ်ခုံနယ် မိုးဗြဲဒေသ ၁ ကြိမ်ထက်မနည်း (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ)
- ပေါင်းတည်/နတ္တလင်းနယ်အစပ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ) (မှတ်ချက်။ ယမန်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခြင်း။)
- မင်းတုန်းနယ် ၂ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ) (မှတ်ချက်။ ယမန်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခြင်း။)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 439 |
| 10 | Daily Highlight 1
Oct 16 (11:00 PM)
- ခေါင်လန်ဖူးဒေသ တိုက်ပွဲများတွင် စစ်ခွေးများ ရှုံးနိမ့်နေသဖြင့် စစ်တပ်က ကစထ ၁ ကစထမှူးနှင့် မပခ တိုင်းမှူးတို့ကို ပူတာအိုမြို့သို့ သွားရောက်စစ်ဆေးစေခဲ့ပြီးနောက် ခေါင်လန်ဖူးစစ်မြေပြင်ကို ကွပ်ကဲရန် ဗိုလ်မှူးကြီး ၁ ကောင်နှင့် ဒုဗိုလ်မှူးကြီး ၁ ကောင် တို့ကို စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ ခွေးကြီး ၂ ကောင်မှာ ခေါင်လန်ဖူးမှတဆင့် စစ်မြေပြင်သို့ ထွက်ခွာလာစဉ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် KIA ၏ ကြားဖြတ်တိုက်ခိုက်မှုကိုခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ခေါင်လန်ဖူးသို့ ပြန်လည်သယ်ဆောင်စဉ် ၂ကောင်လုံး သေဆုံးသွားကြောင်း သိရ။
- အာရက္ခတပ်တော် AA က စစ်တွေနယ် အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ရေချမ်းပြင်အနီးရှိ ကာကင်းစခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ရရှိ၊ အောက်တိုဘာ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့ကလည်း အမြင့်ကျွန်းအနီးရှိ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ခဲ့သေးပြီး လက်တလောတွင် စစ်တွေနယ်တစ်ခုလုံးနီးပါး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်တွေမြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေ၊ ထိုသို့ မြို့တော် စစ်တွေကို စစ်ရေးဖိအားများ အကြီးအကျယ်သက်ရောက်နေသော စစ်တပ်က AA ၏ စစ်ရေးဖိအားကိုလျှော့ချရန်ကြိုးပမ်းသည့်အနေဖြင့် ပေါက်တောနယ် ငပြီကျွန်းပေါ်သို့ ကမ်းတက်ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်မျက်နှာတစ်ခု အပိုဖွင့်လှစ်လိုက်ရခြင်းသာ အဖတ်တင်ပြီး ကျွန်းပေါ်သို့ရောက်ရှိသွားသော စစ်ခွေးများမှာ AA ၏ သတ်ကွင်းအတွင်းသို့ ရောက်ရှိချေမှုန်းခံနေရကြောင်း၊ စစ်ခွေးများက ကျွန်းပေါ်ရှိ အလယ်ရွာကို ခေတ္တထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ အဆိုပါစစ်ခွေးများကို AA က လိုက်လံချေမှုန်းနေကြောင်း သိရ။
- အင်းတော်မှ ဝန်းသိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းက ဗန်းမောက်နယ်ဘက်သို့ ဖြန့်ခွဲဝင်ရောက်လာသဖြင့် ဝန်းသိုနှင့် ဗန်းမောက်နယ်ကြားရှိ ကျေးရွာတစ်ရွာအနီးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွား၊ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ပစ်ခတ်သံအချို့ ကြားနေရပြီး တိုက်ပွဲအခြေအနေ အသေးစိပ်ကို မသိရသေးကြောင်း၊ နယ်မြေအတွင်း စစ်ရေးမငြိမ်သက်မှုများကြောင့် ဗန်းမောက်နယ် တောင်ပိုင်းရှိ စီးမော်၊ နားမော်၊ ပေပင် နှင့် ကျောက်အိုင်ရွာတို့မှ ပြည်သူများ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေကြရကြောင်း သိရ၊ အခြားသတင်းတစ်ခုအရ အောက်တိုဘာလ ၁၂ ရက်နေ့တွင် အင်းတော်မှထွက်လာသော စစ်ကြောင်းက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ ထီးချိုင့်-ကျောင်းကုန်းလမ်းဆုံနှင့် ဝန်းသိုနယ်တို့ဘက်သို့ ဖြန့်ခွဲဦးတည်လာခဲ့ကြောင်း၊ ထီးချိုင့်-ကျောင်းကုန်းလမ်းဆုံသို့ ထွက်ခွာလာသော စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပိန်းအင်းရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားနေကြောင်း၊ ထို့ပြင် စစ်ခွေးအများအပြားကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း၊ ထို့ပြင် ဝန်းသိုဘက်သို့ ဦးတည်နေသော စစ်ကြောင်းမှာလည်း မဲဇာနှင့် ဝန်းသိုကြားရှိ ထန်းတပင်ရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခံနေရကြောင်း၊ တိုက်ပွဲများအတွင်း အထိနာနေသောစစ်တပ်က ထုံးစံအတိုင်း တိုက်ပွဲနေရာများအပြင် တိုက်ပွဲနှင့်မသက်ဆိုင်သော ကျေးရွာများကိုပါ လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရ။
- ယမန်နေ့က ကျင်းပခဲ့သော NCA စာချုပ်ချုပ်ဆိုခြင်း ၁၁ နှစ်ပြည့်အခမ်းအနားတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပြီး အဆိုပါဖိတ်ခေါ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ယုံကြည်နိုင်စရာ လုံးဝမရှိဘဲ နိုင်ငံတကာကို မျက်လှည့်ပြရန် အသေကောင်ကို အသက်သွင်းပြနေခြင်းမျိုးသာဖြစ်၍ လုံးဝ လက်ခံဆွေးနွေးမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသားပင် ပယ်ချလိုက်ကြောင်း၊ ထို့ပြင် KIA/KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မှာ အမြင်အားဖြင့် ကောင်းမွန်သော်လည်း အနှစ်သာရအားဖြင့် ကင်းမဲ့နေကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုမရှိဘဲ တိုင်းရင်းသားများကို လက်နက်ချခိုင်းခြင်းနှင့် လက်နက်စွန့်ခိုင်းခြင်းတို့ကြောင့် မည်သို့မှ ရှေ့ဆက်၍ မရနိုင်ကြောင်း၊ ထို့ပြင် စစ်တပ်က ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ဝင်ခိုင်းနေခြင်းကိုလည်း တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ စစ်တပ်နှင့် စစ်အာဏာရှင် ကြီးစိုးချုပ်ကိုင်ထားသော စနစ်နှင့် အခြေခံဥပဒေကို လက်မခံ၊ မကြိုက်၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း မှတ်ချက်ချ ဝေဖန်ခဲ့ကြောင်း၊ အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း ပြည်သူများကို သတ်ဖြတ်နေသော ကမ္ဘာ့စစ်ရာဇဝတ်ကောင် အကြမ်းဖက်သမား မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဘဲ ၎င်း၏ အနှစ်သာရမရှိသော ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကိုလည်း ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရ။ (မအလ၏ အောင်မြင်နေမှုကြီး 🤣)
- ယမန်နေ့ နေ့လယ်ပိုင်းက ပေါင်းတည်နယ်နှင့် နတ္တလင်းနယ်အစပ်က အရပ်ခေါ် ခုတ်ကြီးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အသက် ၁ နှစ် နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး အဘွားအို ၁ ဦး ဒဏ်ရာအပြင်းအထန်ရ၊ ထို့ပြင် ထိုတိုက်ခိုက်မှုမတိုင်မီကလည်း ပေါင်းတည်နယ် ခမောက်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် လူသူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရ။
- ယမန်နေ့ ညနေပိုင်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA တို့ အွန်လိုင်းမှတဆင့် ဒုတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေး၊ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကားပြောကြားခဲ့ပြီး SCEF ၏ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ဆွေးနွေးတင်ပြခဲ့ကာ မေးခွန်းမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရ။
- အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးနယ် ပုလိန်ရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်၏ အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် ပုလိန်ရွာမှ လူငယ် ၁ ဦးနှင့် ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ကလည်း လွတ်ရှမ်းရွာနှင့် ရတ်ဖေါရွာ အကြားရှိ ထီးတို့ကော်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ငြိမ်းချမ်းမြိုင်ရွာတွင် စစ်အင်အား ထပ်မံဖြည့်တင်းထားကြောင်း သိရ။
- ယမန်နေ့ ညနေပိုင်းက ဖောင်းပြင်နယ် မြောက်ပိုင်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း သိရ။
- ယမန်နေ့ နေ့လယ်ပိုင်းက မင်းတုန်းနယ် ချင်းနစ်ရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်နယ် အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- ယနေ့ မွန်းလွဲပိုင်းက ဖယ်ခုံနယ် မိုးဗြဲဒေသ အနောက်ခြမ်းကို စစ်တပ်က ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရ။
- ယနေ့ မွန်းလွဲပိုင်းက ရေစကြိုနယ် မြောက်ခြမ်းနှင့် မြိုင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးများ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ အသေခံဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးထပ်မနည်း သေဆုံးမှုရှိကြောင်း ကနဦးသတင်းများအရ သိရ။
- အောက်တိုဘာလ ၉ ရက်နေ့က ငဖဲနယ် လမ်းသစ် ဂုတ်ကြီးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တပ်ပျက်ပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး၊ ထို့ပြင် စစ်တပ်က မင်းတုန်း-တလိုင်းတောင်-မအီ လမ်းပိုင်းမှလည်း စစ်ကြောင်း ၁ ကြောင်း ထပ်မံဝင်ရောက်လာသဖြင့် ယမန်နေ့အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရ။
- ယနေ့ မနက်ပိုင်းမှစတင်ပြီး မိုးမိတ်မြို့အနီးရှိ ညောင်နီရွာတွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွား၊ မိုးမိတ်-သပိတ်ကျင်းလမ်းပေါ်ရှိ ဆင်တဲကုန်းရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 318 |
| 11 | Daily Highlight 2
Oct 15 (11:25 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- အင်းတော်နယ် ၄ ကြိမ်
- ဗန်းမော်နယ် ၁ ကြိမ်
- ပေါက်တောနယ် ၆ ကြိမ်
- ဖောင်းပြင်နယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ဝန်းသိုနယ် ၁ ကြိမ်
- ဖယ်ခုံနယ် မိုးဗြဲဒေသ ၁ ကြိမ်
- စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- ပေါင်းတည်နယ် ၁ ကြိမ်
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 177 |
| 12 | Daily Highlight 1
Oct 15 (11:00 PM)
- အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းက ပေါင်းတည်နယ် ကုန်းသာရွာနှင့် သဲမဲရွာအကြားကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ ထိုသို့ တိုက်ခိုက်ခံရသဖြင့် အဆိုပါစစ်ကြောင်းမှာ သဲမဲရွာတွင် ရပ်တန့်သွားကြောင်း၊ အောက်တိုဘာလ ၆ ရက်နေ့ မနက်အစောပိုင်းတွင်လည်း အင်အားထပ်မံဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးရန် ကြိုးပမ်းခဲသဖြင့် သဲမဲရွာနှင့် ဖောင်အိုင်ရွာအကြားတွင် တော်လှန်ရေးအဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၃ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေးအဖွဲ့များ၏ မိုင်းကွင်း ထိန်းချုပ်ရာနေရာသို့ ဝင်ရောက်လာသော စစ်ခွေးများကို တော်လှန်ရေးရဲဘော်များနှင့် မှားယွင်းပြီး အချင်းချင်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ကောင် အပါအဝင် စစ်ခွေး ၉ ကောင် သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ ခွေးသေခွေးနာများကို အရပ်သား လူမှုကူညီရေးအသင်းကားများဖြင့် သယ်ထုတ်သွားကြောင်း သိရ။
- ယမန်နေ့ မနက်ပိုင်းက ပုလဲမြို့မှ ထွက်လာသည့် စစ်ခွေး ပျူခွေး ပူးပေါင်းစစ်ကြောင်းက ယင်းမာပင်နယ်၊ တံခါးရင်းရွာကို သေနတ်များ ပစ်ဖောက်ဝင်ရောက်ပြီး ပြည်သူများ၏ ဆန် ဆီ စသော ရိက္ခာများ၊ ကား ၂ စီးနှင့် ဆိုင်ကယ်အစီး ၂၀ ထက်မနည်းကို အဓမ္မ ဓားပြတိုက်လုယက်ယူဆောင်သွားကြောင်း၊ ထို့နောက် စစ်ခွေးအချို့မှာ သရက်ကန်ရွာမှတဆင့် ပုလဲမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အချို့မှာ ကား ၁ စီးဖြင့် လည်ငေါက်ဘက်သို့ ဆက်လက်ဝင်ရောက်သွားကြောင်း သိရ။
- ယမန်နေ့က စလင်းနယ် ခြင်ထောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၂ ရက်နေ့က ပုလောနယ်၊ မြိတ်-ထားဝယ်လမ်းပိုင်းရှိ ဘုရင့်တောင်ရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေး၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်တပ်က ဘုရင့်တောင်ရွာကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း ခရစ်ယာန်ဘုရားကျောင်း ခန်းမဆောင် ၁ ခု ထိခိုက်ပျက်စီး၊ အလားတူ သရက်ချောင်းနယ်တွင်လည်း ဝင်းဝစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းက မြိတ်-ထားဝယ် လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ရငဲရွာ၊ ဝင်းဝရွာနှင့် မင်းဒပ်ရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ။
- မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေကျပ် ဘီလီယံ ၉၀၀၀ အထိရှိလာမှု၊ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများအားလုံး လုပ်ငန်းရပ်ဆိုင်းလိုက်မှု၊ ငွေစက္ကူသစ်များ ရိုက်နှိပ်မည်ဆိုသော သတင်းများကြောင့် ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းကာ ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အဆမတန် မြင့်တက်လာ၊ ယနေ့ မွန်းလွဲပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၄၇၅၀ ကျပ်အထိ မြင့်တက်လာကြောင်း၊ ထို့ပြင် ယနေ့ ရွှေဈေးမှာလည်း ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁ ကျပ်သားလျှင် ငွေကျပ် သိန်း ၁၀၀ နှင့် ၃ သိန်းခွဲ ( ငွေကျပ် ၁၀,၃၅၀,၀၀၀) ပေါက်စျေးရှိနေပြီး ရွှေဆိုင်များက အရောင်းရပ်ဆိုင်းထားကြောင်း၊ ထို့ပြင် စကစ က သွင်းကုန်မှန်သမျှ လုံး၀ တင်သွင်းခွင့်မပြုတော့ဘဲ ပိတ်ဆို့ထားသဖြင့် စက်သုံးဆီစျေးနှုန်းများမှလည်း တရိပ်ရိပ်တက်လာနေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာပြီး အထွေထွေကုန်စျေးနှုန်းများ လိုက်ပါမြင့်တက်လာနေကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကဏ္ဍမှာ ပြိုကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိလာနေကြောင်း သိရ။
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အခြေအနေများ ပြောင်းလဲသွားခဲ့ရပြီး NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း အစုအဖွဲ့အနေဖြင့် စုပေါင်းဆွေးနွေးဖော်ဆောင်တာမျိုး မရှိတော့ဘဲ တစ်ဖွဲ့ချင်းအနေဖြင့်သာ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ရသည့် အခင်းအကျင်းမျိုး ဖြစ်သွားခဲ့ကြောင်း၊ ထို့ပြင် အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုအကြား ရှိရမည့် ယုံကြည်ကိုးစားမှုများမှာလည်း စစ်တပ်၏ အာဏာသိမ်းခြင်းအပါအဝင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျောက်ဆုံးသွားခဲ့ရကြောင်း စသဖြင့် ယနေ့ကျရောက်သော NCA စာချုပ် ချုပ်ဆိုခြင်း ၁၁ နှစ်မြောက် နှစ် ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSSS)၏ အတွင်းရေးမှူး -၁ ဗိုလ်မှူးကြီး စိုင်းငင်းက မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားကြောင်း သိရ၊ ထို့ပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့သည့် KNU၊ CNF နှင့် ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း၊ PDF အမည်ခံအဖွဲ့များအနေဖြင့်လည်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းကြောင်း အရှက်တရားကင်းမဲ့စွာ အာချောင်ပြောဆိုသွားကြောင်း သိရ။
- ယမန်နေ့ ညနေပိုင်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ အွန်လိုင်းမှတဆင့် သည် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရ။
- ယမန်နေ့ မနက်အစောပိုင်းက မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ခွေးများနှင့် ရဲတိုင်းရုံးရှိ စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်မှု များပြားခဲ့ကြောင်း၊ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် စက်တပ်လေထီးများဖြင့်ပါ လိုက်လံ တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ညောင်ဦးနယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်းတွင် ယာယီအထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေး ၆ ကောင်ထက်မနည်း သေဆုံးပြီး ၅ ကောင်ထက်မနည်း ထွက်ပြေး၊ စစ်ကူနှင့် လေကြောင်းပစ်ကူများ ရောက်ရှိလာသဖြင့် စခန်းကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 165 |
| 13 | Daily Highlight 3
Oct 14 (10:30 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- တောင်သာနယ် ၁ ကြိမ်ထက်မနည်း (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)(Source: TTA Info)
- ဖယ်ခုံနယ် မိုးဗြဲဒေသ ၂ ကြိမ်
- ပုဏ္ဏားကျွန်းနယ် ၄ ကြိမ်
- စစ်တွေနယ် ၁ ကြိမ်
- မြိုင်မြို့နယ် ၂ ကြိမ်
- စစ်ကိုင်းနယ် ၃ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- တောင်ကုတ်နယ် ၁ ကြိမ်
- အင်းတော်နယ် ၂ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- ပေါက်မြို့နယ် ၃ ကြိမ်
- ဝန်းသိုနယ် ၁ ကြိမ်
- မုံရွာနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 149 |
| 14 | Daily Highlight 2
Oct 14 (10:00 PM)
- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော တော်လှန်တက္ကသိုလ် ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် (WunZinn Online University) ၏ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ ညဦးပိုင်းက အွန်လိုင်းစနစ်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်၊ အဆိုပါ ဘွဲ့နှင်းသဘင်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၁၁ ဦးကို ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြောင်း၊ ဒီပလိုမာဘွဲ့ရရှိသူ ၁၉ ဦး၊ ဝိဇ္ဇာဘွဲ့ ရရှိသူ ၅၄ ဦး၊ သိပ္ပံဘွဲ့ ရရှိသူ ၁၇ ဦး၊ ဝိဇ္ဇာဘွဲ့(ဂုဏ်ထူး) ရရှိသူ ၆ ဦး၊ သိပ္ပံဘွဲ့ (ဂုဏ်ထူး) ရရှိသူ ၁၁ ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၁ ဦး နှင့် မဟာသိပ္ပံဘွဲ့ ရရှိသူ ၃ ဦး တို့ရှိကြောင်း သိရ။
- အောက်တိုဘာလ ၁၂ ရက်နေ့က ကြာအင်းဆိပ်ကြီးနယ် ပုလိန်ရွာ အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် KNLA တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အထိနာသွားသော စစ်ခွေးများက ပြည်သူများကို အကြောင်းမဲ့ လိုက်လံပစ်ခတ်၊ စစ်ခွေးများ၏ပစ်ခတ်မှုကြောင့် ပုလိန်ရွာမှ လူငယ် ၁ ဦးနှင့် ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံး၊ ထို့ပြင် စစ်တပ်က လက်နက်ကြီးများဖြင့်လည်း အဆင်အခြင်မဲ့ ရမ်းသန်းပစ်ခတ်နေပြီး လက်ရှိအချိန်အထိ ပုလိန်ရွာအနီးတဝိုက်တွင် စစ်ရေး ဆက်လက်တင်းမာနေ၊ တိုက်ပွဲကြောင့် အဘစ် - ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ခရီးသွားပြည်သူများ ပိတ်မိနေကြကြောင်း သိရ။
- အောက်တိုဘာလ ၄ ရက်နေ့ မနက်အစောပိုင်းကတည်းက သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော စစ်သင်္ဘော ၃ စီးဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသား ၁၄၀၀ ကျော်အနက်မှ ရခိုင်တိုင်းရင်းသား အမျိုးသား ၂၀၀ ကျော်ကို စစ်တပ်က လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘဲ သန်လျင်နှင့် လှိုင်သာယာရှိ ဘုန်းကြီးကျောင်းများတွင် ဆက်လက်ဖမ်းဆီးထား၊ မိသားစုဝင်များနှင့် လူချင်းတွေ့ဆုံခွင့် မရသေးသည့်အပြင် ဖုန်းဖြင့် ဆက်သွယ်ခွင့်လည်း မရရှိဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရ။
- ယနေ့ မနက်အစောပိုင်းက တောင်သာမြို့မှ ထွက်ခွာလာသော ရဲခွေး ပျူခွေး ပူးပေါင်းစစ်ကြောင်းမှာ နေ့လယ်ပိုင်းတွင် တံငါကျင်းရွာထိပ်သို့ ရောက်ရှိလာပြီး ကိုင်းတံတားအနီးသို့ ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးများချတိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရ။
- ယနေ့ မနက်အစောပိုင်းက ဂန့်ဂေါ အခြေစိုက် ခလရ ၅၀ မှ အမြောက်လက်နက်ကြီးတစ်လက် အပါအဝင် စခများ ကားကြီး ၄ စီးဖြင့် ထွက်ခွာလာပြီး စခ ၁၀၀ ခန့်ကို အောင်မြင်(ရှောက်ပင်)ရွာတွင် ချထားပေးခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီးတင်ဆောင်ထားသောကားနှင့် စစ်ခွေးများမှာ အောင်မြင်ရွာမှ တောင်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လမ်းတွင် တွေ့ခဲ့သော အသက် ၃၀ ခန့်အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီးပြီး မြစ်သာဆည်ဘက်သို့ ဆက်လက်ဦးတည် ချီတက်နေကြကြောင်း သိရ။
- အောက်တိုဘာလ ၁၂ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်ထားနိုင်သော မြို့အနည်းငယ်အနက်မှ တစ်မြို့ဖြစ်သော မူဆယ်မြို့ ဈေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကြား နာရီစင်အနီးတွင် ရပ်တန့်ထားသော အိမ်စီးကား ၁စီးကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား ၂ ဦးက ဗုံးပစ်သွင်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွား၊ ကားအတွင်း လူမရှိသဖြင့် လူသူထိခိုက်မှုမရှိခဲ့ဘဲ ကားမှာ မီးလောင်ပျက်စီးသွားကြောင်း၊ မူဆယ်မြို့တွင် စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ ကြီးစိုးထားပြီး ဒုစရိုက်လုပ်ငန်းပေါင်းစုံ လည်ပတ်လုပ်ကိုင်လျက်ရှိရာ ယခုကိစ္စမှာလည်း ဒုစရိုက်အဖွဲ့များအချင်းချင်း ဖြစ်ပွားသော ပြဿနာဖြစ်နိုင်ကြောင်း၊ ၎င်းတို့၏ ပြဿနာကို အများပြည်သူကြားတွင် အကြမ်းဖက်ဖြေရှင်းခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း မူဆယ်မြို့ခံများက ဝေဖန်နေကြကြောင်း သိရ။
- သာပေါင်းနယ်၊ ဘောမိရွာတွင် ခြေကုပ်ယူထားသော စစ်ခွေးများက မကျည်းဇင်ရွာဘက်သို့ ဦးတည်ရွှေ့လျားမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်က သာပေါင်း-မကျည်းဇင်လမ်းအတိုင်း စစ်ကြောင်းထိုးလာသဖြင့် ဘောမိ၊ ဂျိုင်လယ်နှင့် မကျည်းဇင်ရွာ အနီးဝန်းကျင်တို့တွင် ထိတွေ့တိုက်ပွဲများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ဂွမြို့နယ် ရွှေသောင်ယံဒေသဘက်တွင်လည်း စစ်တပ်က ဗျူဟာတစ်ခု တပ်စွဲထားပြီး ဂွမြို့နယ်အတွင်းရှိ ကျောက်ချွန်းရွာဘက်သို့ ဝင်ရောက်နိုင်ရန် လေကြောင်း၊ ရေကြောင်း ပစ်ကူများ အသုံးပြုပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 153 |
| 15 | Daily Highlight 1
Oct 14 (10:00 PM)
- အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ရွှေဘိုနယ် ဆိပ်ခွန်ရွာရှိ မဟာစည်ဆရာတော်ဘုရားကြီး၏ မဟာစည်ကျောင်းတိုက်ကို စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ကျောင်းတိုက်အတွင်း ခိုလှုံနေသော စစ်ဘေးရှောင်များ၊ ဥပုသ်သီလဆောက်တည်နေသော သက်ကြီးရွယ်အိုများ ထိမှန်၊ ပြည်သူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျောင်းတိုက်အတွင်းရှိ မဟာစည်ဆရာတော်ဘုရားကြီးနှင့် သက်ဆိုင်သည့် သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများ၊ ဓမ္မာရုံများ၊ တရားအားထုတ်ရာ ရိပ်သာဆောင်များ၊ ဇရပ်များနှင့် အခြားသာသနိကအဆောက်အအုံများ ပျက်စီး၊ ကျောင်းဆောင်များ ပျက်စီးသွားသဖြင့် ကျောင်းမှ ဝါဆိုသံဃာများမှာ ဆက်လက်သတင်းသုံးဝါဆိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှာ ဘာသာရေးအမွေအနှစ်များကို အလေးမထားသည့်အပြင် ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း၊ မဟာစည်ကျောင်းတိုက်သည် ဘာသာရေးဆိုင်ရာ အဆောက်အအုံတစ်ခုဖြစ်သည်သာမက မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝသမိုင်းနှင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည့် ဝိပဿနာတရားအားထုတ်နည်း၏ သမိုင်းကြောင်းနှင့် ဆက်စပ်နေသည့် အရေးပါသောနေရာတစ်ခုဖြစ်ရာ အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများမှာ ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသော ဆုံးရှုံးမှုများဖြစ်ကြောင်း ရန်ကုန်မြို့ရှိ နာမည်ကြီး ဆရာတော်တစ်ပါး၊ မဟာစည်သာသနာ့ရိပ်သာမှ တရားပြဆရာတော်တစ်ပါးတို့အပါအဝင် သံဃာတော်များက ဝမ်းနည်းစိတ်ပျက်စွာ မိန့်ကြားကြကြောင်း သိရ၊ ထို့ပြင် အမေရိကန်နိုင်ငံအခြေစိုက် Burma Research Institute (BRI) ကလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းနှင့် ကျောင်းတိုက်အတွင်း ခိုလှုံနေသည့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိစေခဲ့ခြင်းတို့ကို ပြင်းထန်စွာရှုတ်ချကြောင်း၊ ဘာသာရေးဝတ်ပြုရာ မြင့်မြတ်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရေးဆိုင်ရာ ၁၉၅၄ ခုနှစ် ဟိဂ်ကွန်ဗင်းရှင်း (1954 Hague Convention) ကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမဥပဒေတွင် သတ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများနှင့်လည်း သက်ဆိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကို လူသိရှင်ကြားရှုတ်ချပြီး စစ်ရာဇဝတ်မှုဖြစ်ကြောင်း ဆုံးဖြတ်ပေးဖို့ သမ္မတထရမ့်ကို တိုက်တွန်းကြောင်း မှတ်ချက်ပြု၊ မြန်မာနိုင်ငံသည် 1954 Hague Convention ကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုလက်ခံထားခဲ့ကြောင်း သိရ၊ ထို့ပြင် BRI က အောက်တိုဘာလ ၉ ရက်နေ့က ချင်းပြည်နယ်ရှိ ပရက်စ်ဘီတေးရီးယန်း ခရစ်ယာန်ဘုရားကျောင်းနှင့် ၎င်း၏ပိုင်ဆိုင်မှုများကိုလည်း မြန်မာစစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကိုလည်း စစ်ရာဇဝတ်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၁ ရက်နေ့က အင်းတော်ကြီးဒေသရှိ ရှမ်းနီပြည်သူ့စစ် SNA အဖွဲ့ဝင် ၃ ဦး သေနတ် ၃ လက်၊ ခဲယမ်းများနှင့်အတူ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ ထံ အလင်းဝင်လာသဖြင့် KIA က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားကြောင်း သိရ။
- ယမန်နေ့ ညဦးပိုင်းက ဘီးလင်းနယ် အလူးကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် ခမရ ၃ မှလည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်၊ အဆိုပါတိုက်ခိုက်မှုများကြောင့် မိသားစုတစ်ခုမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- ပုဏ္ဏားကျွန်းနယ် တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်ဟုဆိုကာ နပခ တိုင်းမှူးကိုယ်တိုင် ဒုတပ်ကြပ်အဖြစ် စစ်မြေပြင်ရာထူးတိုးမြှင့်ပေးခဲ့သော စစ်မှုထမ်းတပ်သားသစ် စောသာဝါးဆိုသူမှာ ရာထူးတိုးမြှင့်ခံရပြီး ၁၀ ရက်ခန့်အကြာ စက်တင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏မိန်းမဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထား၊ အဆိုပါ စစ်မှုထမ်းတပ်သားသစ်နှင့် အခြားတပ်သားသစ်တို့ ၂ ကောင် ကတုတ်ကျင်းထဲမှထွက်လာပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်နေသော ရုပ်သံဖိုင်ကို စစ်တပ်လော်ဘီခွေးများက ဖြန့်ဝေခဲ့ပြီးနောက် ၎င်းတို့ကို နပခ တိုင်းမှူးက စစ်မြေပြင် ဒုတပ်ကြပ်ရာထူး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ။
- အောက်တိုဘာလ ၁၁ ရက်နေ့က ဗန်းမော်နယ် ၃ မိုင်ရွာ၊ နမ့်ဖာနောင်းဘက်သို့ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသဖြင့် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ တိုက်ပွဲအတွင်း အထိနာသွားသော စစ်ခွေးများက အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြပြီး ထိုသို့ ဆုတ်ခွာလာစဉ် ၃ မိုင်ရွာ ရွှေပြည်သာရပ်ကွက်ရှိ KBC ဘုရားကျောင်းဆောင်နှင့် ကျေးရွာအတွင်းရှိ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းကို KIA ပူးပေါင်းတပ်များက လိုက်လံတိုက်ခိုက်နေပြီး စစ်ခွေးများက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်များက အသိပေးထားကြောင်း သိရ။
- ယမန်နေ့ နေ့လယ်ပိုင်းက မြင်းမူနယ် ဂုံညင်းဆိပ်ရွာနှင့် ကန်ပြားရွာတို့ကို စစ်တပ်က ဂျိုင်ရိုကော်ပတာများ၊ စက်တပ်လေထီးတို့ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘဲ အိမ်မွေးနွား ၁ ကောင်သာ ဒဏ်ရာရရှိခဲ့ကြောင်း သိရ။
- ပြည်ပအခြေစိုက် လွတ်လပ်သော မြန်မာသတင်းဌာန ၅ ခုဖြစ်သော ရန်ကုန်ခေတ်သစ်၊ ဧရာဝတီ၊ Myanmar Now၊ မဇ္ဈိမနှင့် DVB သတင်းဌာနတို့နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို နိုင်ငံတကာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အင်တာပိုလ် (INTERPOL) မှတဆင့် နိုင်ငံတကာအဆင့် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေသည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) က ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က သတင်းဌာနများ၏ လုပ်ငန်းလိုင်စင်များကို ပယ်ဖျက်ခဲ့သဖြင့် သတင်းဌာနများမှာ ပြည်ပသို့ ပြောင်းရွှေ့၍ သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြရကြောင်း၊ ထို့ပြင် စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမား အနည်းဆုံး ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အကျိုးအမြတ်မယူသော ဥပဒေရေးရာနိုင်ငံတကာစင်တာ (ICNL) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မှတ်တမ်းများအရ စစ်တပ်က သတင်းသမား အနည်းဆုံး ၂၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀၀ ဦးကို စုစုပေါင်း ထောင်ဒဏ် ၅၄၉ နှစ် ချမှတ်ထားကြောင်း၊ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သတင်းသမား ၂၀ ဦး အကျဉ်းထောင်များအတွင်း ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရ၊ ထို့ပြင် စစ်တပ်က ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဆန့်ကျင်ရေးအင်အားစုများမှ ပုဂ္ဂိုလ် ၁၃၀၀ ကျော်၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ထားကြောင်း၊ ထို့ပြင် ပြည်ပမှ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထောက်ခံသူများအား စောင့်ကြည့်ခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းတို့ကို လုပ်ဆောင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း၊ မြန်မာစစ်တပ်က နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသလို ပြည်သူများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသော သတင်းဌာနများနှင့် သတင်းသမားများအပေါ် ဖိနှိပ်မှုများကို နိုင်ငံတကာအထိ တိုးချဲ့ရန် ကြိုးစားနေကြောင်း IFJ က ဝေဖန်ပြောဆိုထားကြောင်း သိရ။
- အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ကျပ် ၁၃ ဒသမ ၉ ထရီလီယံကျော်ဖိုး ထုတ်ရောင်းခဲ့သည့်အပြင် ဘတ်ဂျက်လိုငွေကို မဖြည့်ဆည်းနိုင်သေးဘဲ လိုငွေ အကြီးအကျယ်ပြနေ၍ ဗဟိုဘဏ်ထံမှ ကျပ် ဘီလီယံ ၂၁၀၀ ထပ်မံ ထပ်မံချေးယူမည်ဖြစ် ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ သက်ထွန်းအောင်ဆိုသူက အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော တရားမဝင် အတုအယောင်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း၊ ထို့ပြင် အချိန်ကိုက်ပင် ဗဟိုဘဏ်က ငွေစက္ကူအသစ်များ ရိုက်နှိပ်ပြီး ငွေကျပ် ၅ သောင်းတန်များ ထွက်ရှိမည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသဖြင့် ရွှေနှင့်ဒေါ်လာ ဝယ်ယူစုဆောင်းမှုများ ပြန်လည်မြင့်တက်လာပြီး ဒေါ်လာစျေးနှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျင် ငွေကျပ် ၄၆၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း၊ ထို့ပြင် ပြည်တွင်းတွင် နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းမှုများကို အကြီးအကျယ် လျှော့ချနေသဖြင့် ကုန်စျေးနှုန်းများမှာ နေ့စဉ် တရိပ်ရိပ်မြင့်တက်လာနေကြောင်း၊ တရားဝင် စက်သုံးဆီစျေးနှုန်းမှာလည်း အလွန်အမင်း မြင့်တက်လာသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာကာ အထွေထွေကုန်ဈေးနှုန်းများ တစ်နေ့တစ်ခြား ထိုးတက်နေကြောင်း၊ ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာသဖြင့် ဒေါ်လာနှင့် ရွှေ ဝယ်ယူစုဆောင်းမှုများ ပြန်လည်မြင့်တက်လာရာ ရွှေဈေးမှာလည်း ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ် ယာယီရပ်တန့်နေကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 355 |
| 16 | Daily Highlight 2
Oct 13 (11:30 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- တောင်ကုတ်နယ် ၁ ကြိမ်
- ပေါက်တောနယ် ၂ ကြိမ်
- ကျိုက်ထိုနယ် ၃ ကြိမ်
- ကျိုက်ထိုနယ် ၆ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ဘီးလင်းနယ် ၁ ကြိမ်
- မြိုင်မြို့နယ် ၁ ကြိမ်
- မြိုင်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ကျောက်ထုတိုက်နယ် ၅ ကြိမ်
- မြင်းမူနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မြင်းမူနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ပေါက်တောနယ်နှင့် ပုဏ္ဏားကျွန်းနယ် ၅ ကြိမ်
- ကျင်ဒွေးဒေသ ၁ ကြိမ်
- စဉ့်ကူးနယ် ၂ ကြိမ်
- အင်းတော်နယ် ၂ ကြိမ်
- ကြာအင်းဆိပ်ကြီးနယ် ၁ ကြိမ်
- ရွှေဘိုနယ် ၁ ကြိမ်
- ဖယ်ခုံနယ် မိုးဗြဲမြို့ ၃ ကြိမ် (Source: CJ)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 686 |
| 17 | Daily Highlight 1
Oct 13 (11:30 PM)
- အောက်တိုဘာလ ၉ ရက်နေ့က မန္တလေးမြို့မှ စတင်ထွက်ခွာလာသော ကုန်တင်ယာဉ် အစီးရေ ၆၁ စီးထက်မနည်းနှင့် စစ်ကားများ စုစုပေါင်း ကားအစီးရေ ၁၃၃ စီးပါ ယာဉ်တန်း မြစ်ကြီးနားဘက်သို့ ဦးတည်မောင်းနှင်နေပြီး ၎င်းကားများ ထီးချိုင့်နှင့် ကသာမြို့နယ်များအတွင်း ဖြတ်သန်းစဉ် ကြားဖြတ်တိုက်ခိုက်မှုများ ခံခဲ့ရကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒရုန်းများ တင်ဆောင်လာသော ကားအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ကားတန်းမှ ကုန်တင်ကားများပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းအများအပြား တင်ဆောင်ထားကြောင်း သိရပြီး အဆိုပါကုန်ကားများကို စစ်ခွေးအရာရှိတစ်ကောင်က လိမ်လည်ဖျားယောင်းပြီး ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကားများပေါ်တွင်မူ လက်နက်ခဲယမ်းများ၊ စစ်ကူအင်အားများနှင့် ရိက္ခာများ တင်ဆောင်လာကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါယာဉ်တန်းမှာ ဟိုပင်မြို့ကို ကျော်လွန်သွားပြီးဖြစ်ကြောင်း သိရ။
- စစ်တပ်က မိုးမိတ်မြို့ကို အင်အားအလုံးအရင်း ဖြည့်တင်းပြီးနောက် မဘိမ်းမြို့ဘက်သို့ဦးတည်ပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းနေ၊ ထို့ပြင် သပိတ်ကျင်းနယ်ဘက်မှ စစ်ကြောင်း ၁ ကြောင်းကလည်း တွင်းငယ်-မိုးမိတ်လမ်းအတိုင်း မိုးမိတ်မှထွက်ခွာလာသော စစ်ကြောင်းနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သော်လည်း ဆင်တဲကုန်းရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များက အောက်တိုဘာလ ၁၀ ရက်နေ့တွင် သစ်ဆိမ့်ကုန်း စစ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယခုအခါ ဒေသတွင်း စစ်ရေးတင်းမာမှု မြင့်တက်နေပြီး တော်လှန်ရေးအဖွဲ့များက တွင်းငယ်-မိုးမိတ်လမ်းကို ကောင်းမွန်စွာ ဖြတ်တောက်ပိတ်ဆို့ထားနိုင်ကြောင်း သိရ။
- အောက်တိုဘာလ ၉ ရက်နေ့က လားရှိုးတပ်နယ်ရှိ ထပရ ၆၂၆ တပ်အတွင်း စစ်ခွေးများ သန့်ရှင်းရေးပြုလုပ်နေစဉ် လက်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွား၊ တပ်ကြပ်ကြီးတစ်ကောင်အပါအဝင် စစ်ခွေး ၃ ကောင် သေဆုံးသွားကြောင်း သိရ။
- ယမန်နေ့ နေ့လယ်ပိုင်းက ကျိုက်ထိုနယ် ဇီးကုန်းစုရွာကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ နေအိမ် ၁ လုံး ထိခိုက်ပျက်စီး၊ မွန်းလွဲပိုင်းတွင်လည်း ဒရုန်းဖြင့် ၂ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦးနှင့် အခြား ပြည်သူ ၁ ဦး ဒဏ်ရာရ၊ ယနေ့ မနက်ပိုင်းတွင်လည်း အဆိုပါနေရာအနီးကိုပင် စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် ဆက်လက်တိုက်ခိုက်နေ၊ ယနေ့ မနက်အစောပိုင်းကလည်း ကျိုက်ထိုနယ် ကျောက်ဖြာရွာကို စစ်တပ်က ဂျက်ဖိုက်တာ Y12 လေယာဉ်တို့ဖြင့် ဗုံးသီးအလုံးရေများစွာ ကြဲချတိုက်ခိုက်၊ ထို့ပြင် လက်နက်ကြီး အသေခံဒရုန်းများဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်၊ အဆိုပါတိုက်ခိုက်မှုများကြောင့် အမျိုးသား ၂ ဦး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ထို့ပြင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရော်ဘာခြံများနှင့် ဆိုင်ကယ် ၂ စီးလည်း ပျက်စီးခဲ့ကြောင်း၊ လက်တလော ကျိုက်ထိုနယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်နေပြီး ရွာသားများကိုလည်း ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ စက်တင်ဘာ ၂၅ ရက်မှစ၍ ကျိုက်ထိုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်၊ ဗုံးသီးအလုံး ၂၀ ခန့်၊ Y12 လေယာဉ်ဖြင့် ၅ ကြိမ်၊ ဗုံးသီး အလုံးရေ ၁၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း နေ့စဉ် ၃၅ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ထိုသို့ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုနယ်အတွင်းရှိ ကျောက်ဖြာ၊ နတ်စင်၊ ခမောက်ခွေ၊ ကော်ကပ်နှင့် ချောင်းစောက်ရွာများအပါအဝင် ကျေးရွာများမှ ပြည်သူ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရ။
- စက်တင်ဘာလ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသော နိုင်ငံရေးအကျဉ်းသား ပြည်သူ ၅၀ ဦးဝန်းကျင်ကို တစ်နေ့တည်းအပြီး အမိန့်ချပြီး မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်လိုက်ကြောင်း၊ အဆိုပါ မတရား အမိန့်ချမှတ်ခံရသူများမှာ နောင်ချိုမြို့မှ TNLA အဖွဲ့ ဆုတ်ခွာသွားပြီးနောက် TNLA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော ပြည်သူများဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများပိုင်ဆိုင်သော နေအိမ်များကိုလည်း စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းထားကြောင်း သိရ။
- အိန္ဒိယနိုင်ငံ၊ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် Assam Rifles တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည့် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့သော်လည်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် မဟာဗျူဟာမြောက် စီမံကိန်းကို ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးတင်းကျပ်စွာဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်း၊ အဆိုပါ ခြံစည်းရိုးခတ်မည့် စီမံကိန်းကို အိန္ဒိယဗဟိုအစိုးရက ရူပီးငွေ ကုဋေ ၃၁,၀၀၀ ပံ့ပိုးပေးထားပြီး လက်နက်ကိုင်ပဋိပက္ခများ ကာလရှည်ကြာဖြစ်ပွားနေသည့် အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ တီရပ်၊ ချန်လန်နှင့် လောင်ဒင်း (TCL) ခရိုင်များတွင် လက်နက်ကိုင်ပုန်ကန်မှုကို ရေရှည်ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါ ခြံစည်းရိုးမှာ အိန္ဒိယ-မြန်မာ နယ်စပ်အရှည် ၁,၆၄၃ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး လုပ်ငန်းခွင်ကို လုံခြုံရေးတပ်ဖွဲ့များက အကာအကွယ်ပေးထားကြောင်း သိရ။
- ယမန်နေ့က အမ်းမြို့နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစခန်းများတွင် အလုပ်လုပ်နေသည့် China National Petroleum Corporation (CNPC) လက်အောက်ခံကုမ္ပဏီမှ တရုတ်နိုင်ငံသားဝန်ထမ်း ၁ ဦးနှင့် မြန်မာဝန်ထမ်း ၂ ဦးတို့ လိုက်ပါလာသော ကားတစ်စီးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်၊ လူ ၃ ဦးလုံး အချိန်မီ တိမ်းရှောင်နိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း ၎င်းတို့စီးနင်းလာသော ကားမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- ယနေ့ မွန်းလွဲပိုင်းက စဉ့်ကူးနယ် အနောက်တောင်ခြမ်းရှိ မြေနုရွာနှင့် ဆင်ကျွန်းရွာအကြားကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့နောက် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်ပါ ထပ်မံလေကြောင်းတိုက်ခိုက်၊ ထို့ပြင် စဉ့်ကူးနယ်တောင်ခြမ်းရှိ ကျွန်းဦးရွာဘက်မှ အနောက်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကြောင့် လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရသေးကြောင်း၊ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။
- ယနေ့ ညဦးပိုင်းက ဘီးလင်းနယ် အလူးကြီးရွာအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေ၊ အဆိုပါတိုက်ခိုက်မှုများကြောင့် လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရ။
- အောက်တိုဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့က စစ်တွေနယ် အမြင့်ကျွန်းရှိ စစ်တပ်စခန်း ၂ ခုကို AA က ထပ်မံတိုက်ခိုက်သိမ်းပိုက်၊ ရေချမ်းပြင်ဘက်တွင်လည်း စစ်တပ်၏ ဘန်ကာများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ AA ၏ စစ်တွေထိုးစစ်မှာ မြို့နှင့် ပိုမိုနီးကပ်လာနေကြောင်း၊ ထို့ပြင် ပေါက်တောနယ် ငပြီကျွန်းပေါ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ခွေးအလောင်း ၄၀ ခန့်နှင့် သုံ့ပန်း ၂၀ ခန့် ရရှိထားကြောင်း၊ စစ်တပ်က ငပြီကျွန်းပေါ်ရှိ အိမ်ခြေ ၁၉ အိမ် သာရှိသော အလယ်ရွာကို ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကျေးရွာစာသင်ကျောင်းအတွင်း ဓာတ်ပုံဝင်ရိုက်ပြီးနောက် စစ်ခွေးများမှာ ပုဇွန်ကန်များဘက်တွင် ပုန်းအောင်းနေကြကြောင်း၊ အဆိုပါစစ်ခွေးများကို AA က လိုက်လံရှင်းလင်းနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်တပ်၏ သင်္ဘောများမှာ ကမ်းအနီးသို့ မကပ်ရဲတော့ဘဲ အဝေးမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရ။
- ယမန်နေ့ နေ့လယ်ပိုင်းက မင်းတုန်းနယ် မဲဇလီရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက စဉ့်ကူးနယ် ထုံးကြီးရွာအထိုင်စခန်းမှ သံခွန်တစ်စီးဖြင့် စုန်ဆင်းလာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ဆင်ကျွန်းရွာအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၂ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ၁၁ ရက်နေ့က အင်းတော်နယ် မဲဇာရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော စစ်တပ်က ဝန်းသိုနယ်ဘက်သို့ ဆက်လက်ဦးတည်စစ်ကြောင်းထိုးနေ၊ လက်ရှိတွင် အဆိုပါစစ်ကြောင်းမှာ ပါအော့နှင့် တပ်လွင်ရွာတို့တွင် ရောက်ရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ စစ်တပ်က ယမန်နေ့ မနက်ပိုင်းက ကျောင်းကုန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။
- ဖယ်ခုံနယ် မိုးဗြဲမြို့ အနောက်ခြမ်း လွယ်ယင်းတောင်ခြေအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ခွေးများ အထိနာနေ၊ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ဂျက်ဖိုက်တာ Y12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရ။
- ယမန်နေ့ နေ့လယ်ပိုင်းက ကြာအင်းဆိပ်ကြီးနယ် ပုလိမ်ရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်ခွေးများ အထိနာနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရ။
- မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးရွာရှိ စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းမှူးတစ်ကောင် သေဆုံး၊ အခြား စစ်ခွေးများလည်း ထိခိုက်သေဆုံးမှုများပြားနေပြီး စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 550 |
| 18 | Daily Highlight 2
Oct 12 (11:00 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- ဝက်လက်နယ် ၁ ကြိမ်
- ပေါက်တောနယ် ၃ ကြိမ်
- ဘုတလင်နယ် ၁ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မင်းတုန်းနယ် ၂ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ဟုမ္မလင်းနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ဟုမ္မလင်းနယ် ၁ ကြိမ်
- စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- အင်းတော်နယ် ၁ ကြိမ်
- ငါန်းဇွန်နယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- မြိုင်မြို့နယ် ၁ ကြိမ်
- ပုဏ္ဏားကျွန်းနယ် ၃ ကြိမ်
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 536 |
| 19 | Daily Highlight 1
Oct 12 (10:30 PM)
- စက်တင်ဘာလ ၁၈ ရက်နေ့က မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် မင်းတုန်းနယ်တိုက်ပွဲများအတွင်း ရေစကြိုအခြေစိုက် ခလရ ၂၅၇ တပ်မှ ဗိုလ်မှူးအောင်မျိုးဇော် ဆိုသူ သေဆုံး၊ မင်းတုန်းနယ် တိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများနှင့် စစ်ခွေးများ အများအပြားသေဆုံးနေပြီး စစ်ခွေးအများစုမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း သိရ၊ အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မြန်အောင်နယ်အခြေစိုက် ခလရ ၅၁ မှ ဗိုလ်မှူးမျိုးမင်းအောင်ဆိုသူမှာလည်း ရခိုင်/ဧရာဝတီအစပ် သာပေါင်းနယ်တိုက်ပွဲများအတွင်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယခုရက်ပိုင်းအတွင်းတွင်ပင် ပုသိမ်ကြီးမြို့အခြေစိုက် ခလရ ၄ မှ ဗိုလ်ကြီးမင်းသူဆိုသူလည်း စစ်ကိုင်း/ကချင်အစပ် တိုက်ပွဲများအတွင်း သေဆုံးခဲ့ပြီး အလောင်းပင် ပြန်မရခဲ့ကြောင်း၊ လက်တလောတွင် စစ်တပ်က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်များဆင်နေပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်သို့ အင်အားအဆမတန် အသုံးပြုကာ စစ်မျက်နှာအများအပြား ဖွင့်လှစ်ပြီး ထိုးစစ်ဆင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း အမ်းမြို့နယ် တလိုင်းတောင်နှင့် မင်းတုန်းနယ် သဖန်ရောင်ကြားရှိ ရိုးကျော်လမ်းတလျှောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားနေကာ သုံ့ပန်းများ ဖမ်းဆီးရမိထားကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း၊ ထို့ပြင် မင်းတုန်းနယ်အတွင်းရှိ ကံကြိုးရွာပတ်ဝန်းကျင်တွင်လည်း AA နှင့် စစ်တပ်တို့ အပြန်အလှန် ထိုးစစ်ဆင်နေကြပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ အလားတူ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနယ် ငပြီကျွန်းတို့တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အရာရှိကြီးငယ်များအပါအဝင် စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာနေကြောင်း၊ ထို့ပြင် ဂွမြို့နယ်နှင့် သာပေါင်း၊ ရေကြည်နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ကချင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေပြီး စစ်ခွေးများ အထိနာနေကြောင်း သိရ။
- နိုင်ငံတဝှမ်းတွင် လျှပ်စစ်မီးများ အချိန်ပိုင်းဖြင့်သာ ခွဲတမ်းချပေးနေပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ဆိုလာဓာတ်အားပေး ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်ကို အာဏာသိမ်းစစ်ခေါင်းဆောင် သူခိုးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ သူခိုးအောင်ပြည့်စုံတစ်ဦးတည်းကသာ လက်ဝါးကြီးအုပ်ထားပြီး ယခုနောက်ဆုံး ရန်ကုန် စည်ပင်သာယာနယ်နမိတ်အတွင်း ဆောက်လုပ်မည့် ဓာတ်လှေကားပါဝင်သော အထပ်မြင့်အဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများတွင် ဆိုလာစနစ်များ မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမည်ဟု ထပ်မံ အမိန့်ထုတ်လိုက်ကြောင်း သိရ။ (သူခိုးသားအဖ ခိုးချက်က လက်လန်တယ် 🖕🏻)
- ယနေ့ မနက်အစောပိုင်းက မြန်အောင်နယ်ရှိ မမြရေလှောင်တမံ၏ တမံဘောင် အနည်းငယ် ထပ်မံပြိုကျခဲ့သဖြင့် အရေးပေါ်ရေပိုလွှဲပေါက်မှ ရေထပ်မံထုတ်လွှတ်ခဲ့ရကြောင်း၊ ဆည်ရေပမာဏ လျော့ကျသွားသော်လည်း တမံမှာ အချိန်မရွေး ကျိုးပေါက်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဆည်အောက်ဘက် တမံအနီးရှိ ကျေးရွာများမှ ပြည်သူများကို ထပ်မံရွှေ့ပြောင်းပေးထားရကြောင်း၊ ထို့ပြင် ရေလှောင်တမံမှ ရေဝင်ရောက်နိုင်သည့် မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၁၂ စုမှ ကျေးရွာ ၅၀ ကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သတိပြုစောင့်ကြည့်နေကြောင်း သိရ။
- ကာကွယ်ရေးဝန်ကြီး လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ရာထူးမှ ဖယ်ရှားပြီး စစ်တပ်အရန်အင်အားသို့ ပို့ဆောင်ထားပြီးဖြစ်သော ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်၊ ထို့ပြင် လက်ရှိ တပ်မတော်စစ်ဦးစီးအရာရှိချုပ် (နမခ တိုင်းမှူးဟောင်း) ဒုဗိုလ်ချုပ်ကြီး သန်းထိုက်ကို ညှိကွပ်အဖြစ်၊ လက်ရှိ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို စစ်ဦးစီးအရာရှိချုပ်အဖြစ်၊ လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးပြည့်စုံလင်းကို စရဖအရာရှိချုပ်အဖြစ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်ကို လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်၊ လပခတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ကိုနိုင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်၊ တပ်မ ၅၅ မှ တပ်မမှူးကို ရာထူးတိုးမြှင့်ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်၊ ရပခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်ကို ဒုဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ပြီး ကစထ ၂ ကစထမှူးအဖြစ်၊ နမခ တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်၊ တပ်မ ၉၉ မှ တပ်မမှူး ဗိုလ်မှူးချုပ်စိုးဝင်းထွန်းကို နမခ တိုင်းမှူးအဖြစ်၊ တပ်မ ၉၉ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီးအောင်စည်ဖြိုးကို ၉၉ တပ်မမှူးအဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး၏ လက်ရှိစခန်းမှူးကို အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ဒုတိယစခန်းမှူးကို စခန်းမှူးအဖြစ်လည်းကောင်း အသီးသီး ပြောင်းရွှေ့ခန့်အပ်၊ ထို့ပြင် လူကယ်ပြန်ဝန်ကြီးအဖြစ်လည်း ဒေါက်တာ ကိုကိုလွင်ကို အတုအယောင် တရားမဝင်လွှတ်တော်တွင် အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရ။
- ယနေ့ မနက်အစောပိုင်း အာရုံမတက်မီအချိန်က ဝက်လက်နယ်အနောက်ခြမ်းရှိ မဲကုန်းရွာ၊ ဥယျာဉ်မရွာ၊ ရေထွက်ရွာနှင့် ကျီးကန်မြောက်ရွာတို့ကို စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီးအလုံးရေများစွာ အကြောင်းမဲ့ ကြဲချတိုက်ခိုက်၊ မဲကုန်းရွာမှ ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ၊ ရေထွက်ရွာမှ ပြည်သူ ၄ ဦး၊ ဥယျာဉ်ရွာမှ ပြည်သူ ၁ ဦး၊ ကျီးကန်းမြောက်ရွာမှ ပြည်သူ ၁ ဦးတို့ ဒဏ်ရာရရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- အောက်တိုဘာလ ပထမပတ်အတွင်း စစ်တပ်ဘက်မှ တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်လာသူ စစ်သား ၅ ဦးရှိပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သူ ၁၇ ကောင်ရှိကြောင်း၊ သုံးပန်း ၁၇ ကောင်လုံးမှာ ချင်းပြည်နယ်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ၁၆ ကောင်မှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်အထိ စစ်တပ်ဘက်မှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချအညံ့ခံ၊ စစ်သုံ့ပန်း စုစုပေါင်း ၄,၀၅၉ ဦးအထိရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရ။
- ဩဂုတ်လမှစတင်ကာ ယနေ့အထိ စစ်တပ်က ရွာငံမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမွှေနှောက်နေ၊ စစ်ခွေးများက ၎င်းတို့ဝင်ရောက်ရာ ကျေးရွာများတွင် ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ခြင်းများ ကျူးလွန်နေကြောင်း၊ အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းကလည်း ရွာငံနယ်၊ သစ်စေးကုန်းရွာကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်ကို လမ်းပြပေးနေသူ၊ သတင်းပေးနေသူ လူပုဂ္ဂိုလ်များ၊ သံဃာများကိုလည်း အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်၏ တိုင်းပြည်အေးချမ်းနေသယောင် ပွဲလမ်းသဘင်များဖြင့် ဝါဒဖြန့်ချိနေမှုများကို ပြည်သူများအနေဖြင့် သတိပြုကြရန် စသဖြင့် Danu State National Defense Army (DSNDA) မှ သတိပေးထုတ်ပြန်ထားကြောင်း သိရ။
- ယနေ့ မနက်အစောပိုင်းက ပုလောနယ်အခြေစိုက် ခလရ ၅၅ နှင့် မီတာ ၅၀၀ အကွာရှိ မကျည်းကုန်းရွာ စစ်တပ်ကာကင်းဂိတ်စခန်းကို KNLA တပ်များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေး ၁၀ ကောင် သေဆုံးပြီး ၅ ကောင်ထက်မနည်း ဒဏ်ရာရ၊ ကျန် စစ်ခွေးများ ခြေဦးတည့်ရာ ထွက်ပြေးသွားသဖြင့် စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စခန်းအတွင်းမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ တဆက်တည်းတွင်ပင် ယမန်နေ့က ပုလောနယ်အတွင်းရှိ မိကျောင်းသိုက်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း KNLA မှ သတင်းထုတ်ပြန်ထားကြောင်း သိရ။
- ယနေ့ ညနေပိုင်းက အင်းတော်နယ် ဂျုံးဂျုံးကျရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။
- ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တဲကြီးရွာအပါအဝင် ရေနံမြေဒေသတွင် ဝင်ရောက်တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေ၊ တိုက်ပွဲအခြေအနေများကို အသေးစိတ်မသိရသေးဘဲ စစ်တပ်က ၆ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေ၊ ထို့ပြင် ယမန်နေ့က ပေါက်မြို့နယ် ယာကြီးပြင် ပျူရွာမှ ပျူခွေးများ ထွက်ပြေးလာပြီး အဆိုပါပျူခွေးများကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect | 527 |
| 20 | Daily Highlight 2
Oct 11 (10:30 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- မြေပုံနယ် ၁ ကြိမ် (Source: CJ)
- အမ်းမြို့နယ် ၂ ကြိမ် (Source: CJ)
- မြိုင်မြို့နယ် ၂ ကြိမ်
- မြိုင်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ပေါက်/မြိုင်အစပ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ငဖဲနယ် ၁ ကြိမ်
- ပေါက်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ရွှေဘိုနယ် ၁ ကြိမ်
- ဟုမ္မလင်းနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ပေါက်တောနယ် ၃ ကြိမ်
- မင်းတုန်းနယ် ၁ ကြိမ်
- ရွှေဘိုနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ကသာနယ် ၃ ကြိမ်
- ချောင်းဦး/မြင်းမူနယ်အစပ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- မြိုင်မြို့နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect | 556 |
