fa
Feedback
APTV

APTV

رفتن به کانال در Telegram

Welcome to APTV ! We used to be Ayadaw Post, but after 4 years of revolutionary journey, we also had to go through some changes like many. But, the stories we reported as a former news media are still on our channels, as our history and milestones.

نمایش بیشتر
4 108
مشترکین
اطلاعاتی وجود ندارد24 ساعت
-287 روز
-13430 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '25
ژوئیه '25
+4
در 0 کانال‌ها
ژوئن '25
+13
در 0 کانال‌ها
Get PRO
مه '25
+22
در 0 کانال‌ها
Get PRO
آوریل '25
+37
در 0 کانال‌ها
Get PRO
مارس '25
+17
در 0 کانال‌ها
Get PRO
فوریه '25
+35
در 0 کانال‌ها
Get PRO
ژانویه '25
+17
در 0 کانال‌ها
Get PRO
دسامبر '24
+8
در 0 کانال‌ها
Get PRO
نوامبر '24
+54
در 0 کانال‌ها
Get PRO
اکتبر '24
+127
در 1 کانال‌ها
Get PRO
سپتامبر '24
+192
در 0 کانال‌ها
Get PRO
اوت '24
+191
در 1 کانال‌ها
Get PRO
ژوئیه '24
+84
در 0 کانال‌ها
Get PRO
ژوئن '24
+85
در 1 کانال‌ها
Get PRO
مه '24
+124
در 2 کانال‌ها
Get PRO
آوریل '24
+254
در 1 کانال‌ها
Get PRO
مارس '24
+106
در 1 کانال‌ها
Get PRO
فوریه '24
+105
در 1 کانال‌ها
Get PRO
ژانویه '24
+82
در 0 کانال‌ها
Get PRO
دسامبر '23
+164
در 4 کانال‌ها
Get PRO
نوامبر '23
+177
در 4 کانال‌ها
Get PRO
اکتبر '23
+130
در 2 کانال‌ها
Get PRO
سپتامبر '23
+154
در 0 کانال‌ها
Get PRO
اوت '23
+151
در 0 کانال‌ها
Get PRO
ژوئیه '23
+264
در 0 کانال‌ها
Get PRO
ژوئن '23
+108
در 0 کانال‌ها
Get PRO
مه '23
+189
در 0 کانال‌ها
Get PRO
آوریل '23
+147
در 0 کانال‌ها
Get PRO
مارس '23
+304
در 0 کانال‌ها
Get PRO
فوریه '23
+506
در 0 کانال‌ها
Get PRO
ژانویه '23
+237
در 0 کانال‌ها
Get PRO
دسامبر '22
+216
در 0 کانال‌ها
Get PRO
نوامبر '22
+166
در 0 کانال‌ها
Get PRO
اکتبر '22
+197
در 0 کانال‌ها
Get PRO
سپتامبر '22
+196
در 0 کانال‌ها
Get PRO
اوت '22
+506
در 0 کانال‌ها
Get PRO
ژوئیه '22
+224
در 0 کانال‌ها
Get PRO
ژوئن '22
+156
در 0 کانال‌ها
Get PRO
مه '22
+248
در 0 کانال‌ها
Get PRO
آوریل '22
+91
در 0 کانال‌ها
Get PRO
مارس '22
+88
در 0 کانال‌ها
Get PRO
فوریه '22
+90
در 0 کانال‌ها
Get PRO
ژانویه '22
+371
در 0 کانال‌ها
Get PRO
دسامبر '21
+1 328
در 0 کانال‌ها
Get PRO
نوامبر '21
+2 492
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
21 ژوئیه0
20 ژوئیه0
19 ژوئیه0
18 ژوئیه+1
17 ژوئیه0
16 ژوئیه0
15 ژوئیه0
14 ژوئیه0
13 ژوئیه0
12 ژوئیه0
11 ژوئیه0
10 ژوئیه0
09 ژوئیه0
08 ژوئیه0
07 ژوئیه0
06 ژوئیه0
05 ژوئیه0
04 ژوئیه+1
03 ژوئیه0
02 ژوئیه+1
01 ژوئیه+1
پست‌های کانال
ဝက်လက်နယ်၊ မြင်းသည်ရွာရှိ ဓာတ်ဆီဆိုင်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ ဧပြီ ၂၂ | စစ်ကိုင်း မနေ့ ဧပြီ ၂၁ ရက်၊ ည ၁၁ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လောင်စာဆီများ မီးလောင်ကျွမ်းကာ အနီးရှိ သုံးထပ်တိုက်အဆောက်အအုံနှင့် ဈေးဆိုင်ခန်းအချို့ ကူးစက်လောင်ကျွမ်း၍ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ တံတားဦးလေတပ်မှ ပျံတက်လာခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ၏ မနေ့ည တိုက်ခိုက်မှုတွင် မြင်းသည်ကျေးရွာ ပြည်သူများ သေဆုံးမှုမရှိခဲ့သော်လည်း ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့သည်ဟု သိရှိရသည်။ ယမန်နေ့က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင်လည်း ဓာတ်ဆီဆိုင်အနီးတွင် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ လူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ပျက်စီးမှုများ ပိုမိုကြီးမားခဲ့သည်။ ရုပ်သံ - CJ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA

2
+3
بدون متن...
1
3
သင်္ကြန်အတက်နေ့တွင် အရာတော်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိ ဧပြီ+9
သင်္ကြန်အတက်နေ့တွင် အရာတော်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိ ဧပြီ ၁၆ | မုံရွာ ယနေ့ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီဂျက်ဖိုက်တာက လေကြောင်းမှ (၄)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာသည် အရာတော်မြို့နယ်တောင်ပိုင်းတွင် နံနက် ၉း၄၅ နာရီခန့်မှစ၍ ပျံဝဲခဲ့ပြီး ကျေးရွာများအား ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဂျက်ဖိုက်တာကလေကြောင်းတိုက်ခိုက်ခဲ့ပြီးချင်းပင် အရာတော်မြို့အခြေစိုက် စခတ(၁၀)တပ်ရင်းက မြို့နယ်တွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်သေးသည်ဟု ဒေသခံများထံမှ သိရှိရသည်။ ဆက်လက်တင်ပြပေးပါမည်။ Photo - Thet Naung Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 827
4
ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ --- ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှေ+9
ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ --- ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို ပြန်လည်မျှဝေလိုက်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ MOHADM ဝန်ကြီးဌာန၏ စာမျက်နှာရှိ မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 836
5
+8
بدون متن...
1 535
6
ဗမာပြည်ကွန်မြူနစ်ပါတီ၏ PLA တပ်မတော် တည်ထောင်ခြင်း ၄ နှစ်ပြည့် ကျင်းပ မတ် ၁၅ | APTV ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သ+9
ဗမာပြည်ကွန်မြူနစ်ပါတီ၏ PLA တပ်မတော် တည်ထောင်ခြင်း ၄ နှစ်ပြည့် ကျင်းပ မတ် ၁၅ | APTV ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ အထိမ်းအမှတ်အခမ်းအနားကို လွတ်မြောက်ဒေသတခုတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ PLA ၏ ၄ နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် အလံ လွှင့်တင်ခြင်း၊ အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်းကို PLA က ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အခမ်းအနားနောက်ဆုံး အစီအစဉ်အနေဖြင့် အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို၍ အလေးနီပြုပြီး ၄ နှစ်မြောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရှိရသည်။ ဓာတ်ပုံ - PLA စာမျက်နှာ Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA #PLA #ဗကပ
1 453
7
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆက်လက်ချီတက်နေဆဲ အမျိုးသမီးများအားလုံးကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ် Photo - ncsk Join O+5
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆက်လက်ချီတက်နေဆဲ အမျိုးသမီးများအားလုံးကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ် Photo - ncsk Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #aptvburma #IWD #InternationalWomensDay #InternationalWorkingWomensDay #genderequality #diversity
1 384
8
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကို ကာကွယ်ရန် ဗုံးခိုကျင်းပြုလုပ်နည်း --- ပြန်လည်မျှဝေခြင+7
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကို ကာကွယ်ရန် ဗုံးခိုကျင်းပြုလုပ်နည်း --- ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ --- Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 597
9
စစ်ကောင်စီ၏ စက်တပ်လေထီး(Paramotor)အန္တရာယ်ကို သတိပြုကာကွယ်နိုင်ရန် --- ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ --- Join Our Telegram : ht+1
စစ်ကောင်စီ၏ စက်တပ်လေထီး(Paramotor)အန္တရာယ်ကို သတိပြုကာကွယ်နိုင်ရန် --- ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ --- Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 489
10
ဒီနိုင်ငံနဲ့ ကမ္ဘာကြီးမှာ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်လာနေပြီလို့ ခင်ဗျား ခံစားရပါသလား Malcolm X spoke about 'Progress'. Join
ဒီနိုင်ငံနဲ့ ကမ္ဘာကြီးမှာ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်လာနေပြီလို့ ခင်ဗျား ခံစားရပါသလား Malcolm X spoke about 'Progress'. Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 320
11
စက်တပ်လေထီးနဲ့ ဆက်စပ်ပစ္စည်းတွေ မုံရွာနမခကို ရောက်နေလို့ ဂရုစိုက်ကြဖို့ သတိပေးနေကြ ဖေဖော်ဝါရီ ၂ | မုံရွာ ယနေ့ ဖေဖော်ဝါရီ ၂ ရက
စက်တပ်လေထီးနဲ့ ဆက်စပ်ပစ္စည်းတွေ မုံရွာနမခကို ရောက်နေလို့ ဂရုစိုက်ကြဖို့ သတိပေးနေကြ ဖေဖော်ဝါရီ ၂ | မုံရွာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့၊ နံနက် ၉ နာရီကျော်ခန့်မှာ မိတ္ထီလာ၊ ရှမ်းတဲလေတပ်မှ ပျံတက်လာတဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေး Y-8 လေယာဉ်တစီးက မုံရွာ နမခကို စက်တပ်လေထီးနဲ့ ဆက်စပ်ပစ္စည်းတွေ လာပို့သွားတယ်လို့ ဝေဟင်သတင်းချယ်နယ်ကနေ သိရှိရပါတယ်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) လက်လှမ်းမီတဲ့နယ်မြေအတွင်းက ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအတွင်းမှာ လေကြောင်းအန္တရာယ်သတိရှိကြဖို့ အချင်းချင်း သတိပေးပြောဆိုနေကြပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေရင်ကျေးရွာ စာသင်ကျောင်းကို မကွေးလေတပ်က တက်လာခဲ့တဲ့ စစ်ကောင်စီ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယနေ့မနက်ပိုင်းမှာလည်း မကွေးတိုင်းအတွင်း မြို့နယ်အချို့ကို စစ်ကောင်စီဘက်က စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်မှု‌တွေရှိခဲ့တယ်လို့ သိရပါတယ်။ ပုံ - ၂၀၁၈ ခုနှစ်၊ အိန္ဒိယစစ်တပ်၏ စက်တပ်လေထီးသရုပ်ပြတပ်ဖွဲ့ဝင်တစ်ဦး Join Us : https://t.me/aptvburma #APTV #APTVBURMA
3 128
12
တစ်ဦး‌တစ်ယောက်ချင်းက ထုတ်ဖော်ဆန့်ကျင်နေရင် တစ်ဦးချင်းကို ပါးစပ်တွေ လိုက်ပိတ်ခံရမှာဖြစ်ပြီး အပြောင်းအလဲလိုလားသူ‌တိုင်းက စာရွက်ပေါ်မှာရော၊ လေလှိုင်းနဲ့ မြေပြင်မှာပါ ပြောသင့်တာကိုပြောပြီး လုပ်သင့်တာကို တညီတညွတ်တည်း လုပ်ဆောင်ကြမယ်ဆိုရင်တော့ ဘယ်မတရားမှုကိုမှ သေးငယ်မေ့လျော့ပစ်လို့ ရမှာမဟုတ်ပါ။ ◾ • သော် ၃၁၊ ၀၁၊ ၂၀၂၅။ ◼️ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
2 142
13
ဟန်လွန်ရဲ့သင်တုန်းဓားနဲ့ ခုတ်ပယ်သင့်တာ ခုတ်ပယ်နိုင်ဖို့ ◾ ဆောင်းပါး | APTV ◾ ခါးသီးတဲ့အမှန်တရားတခု ပြောပြလိုပါတယ်။ - လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ တော်လှန်အစိုးရရဲ့ အာဏာပိုင်အဖွဲ့အစည်းဝင်တွေက အရပ်သားပြည်သူအပေါ်မှာ ကျူးလွန်တဲ့ မတရားမှုတွေနဲ့ အချို့ တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အရည်အချင်းမပြည့်မီမှုတွေဟာ အွန်လိုင်းပေါ်မှာ ဒီလောက်မြင်နေရသလောက် မြေပြင်မှာ ထိထိရောက်ရောက် အရေးယူမခံရဘဲ ဘာကြောင့် ဆက်လက်ကျူးလွန်ခွင့်ရနေသေးတယ်လို့ ထင်ကြပါသလဲ။ တကယ်တမ်း ‌ပြောစရာဆိုစရာကို အွန်လိုင်းမှာပဲ ကြုံလာမှ ပြောကြပြီး မြေပြင်မှာကျ တကယ်ပြောရမယ့်သူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ပါးစပ်ပိတ်ပြီး အချင်းချင်း အဆင်ပြေရုံ ရှေ့ဆက်နေကြလို့ပါပဲ။ - တော်လှန်ရေးအင်အားစုတွေအတွင်းက မကျေလည်မှုနဲ့ မတရားမှုတွေကို အွန်လိုင်းမှာမဟုတ်ဘဲ မြေပြင်မှာ လက်တွေ့ဆန့်ကျင်ပြီး လက်တွေ့ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေ ဘာဖြစ်သွားကြသလဲဆိုတာကိုလည်း သတင်းတွေ မျက်ချေမပြတ်ရင် သိကြမှာပါ။ ဆိုးရွားတဲ့ ဥပမာတွေကို သေချာသိချင်ရင် သတင်းတွေ၊ ဓာတ်ပုံတွေ ရှာကြည့်လို့ရပါတယ်။ အွန်လိုင်းမှာ အမှုကိစ္စတခုခု ဟော့လာတိုင်း ပြင်ဆင်သင့်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ စနစ်တွေ၊ ယန္တရားတွေကို ပြင်ဆင်ပြောင်းလဲဖို့ အားလုံးဝိုင်းတွန်းကြရမယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ကိစ္စတခုခုနဲ့ ပတ်သက်ပြီး Facebook မှာ RCS ဝိုင်းလုပ်ကြရုံနဲ့ စနစ်တကျအပြောင်းအလဲ (Systematic Change) ဖြစ်လာမယ်လို့ ယုံကြည်ရင်တော့ စိတ်ကူးယဉ်တာပါပဲ။ သတင်းမီဒီယာတွေမှာ ဟော့သွားတဲ့အမှုတွေ အများကြီးရှိခဲ့ပေမယ့် တော်လှန်ရေးအစိုးရအနေနဲ့ နောက်ကလိုက်ပြီး စနစ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အမှုတွေကတော့ တရားဥပဒေစိုးမိုးမှုအရကြည့်ရင် နည်းပါးပါသေးတယ်။ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အမှုတွေထဲမှာလည်း ပြစ်မှု၊ ပြစ်ဒဏ် မမျှတတာမျိုးတွေကြောင့် တကယ်ကျယ်ပြန့်တဲ့အပြောင်းအလဲ မဖြစ်လာခဲ့ဘဲ မတရားမှုကျူးလွန်သူတွေအတွက်လည်း 'ငါတို့ လုပ်ချင်ရာလုပ်လည်း ဘာမှမဖြစ်ပါဘူး' ဆိုတဲ့အမြင်မျိုး ရိုက်သွင်းပေးသလိုတောင် ဖြစ်ခဲ့ပါတယ်။ - Hanlon's Razor (ဟန်လွန်ရဲ့ သင်တုန်းဓား) ဆိုတဲ့ အတွေးအမြင်ဆိုင်ရာနိယာမတခု ရှိပါတယ်။ ဟန်လွန်ရဲ့ သင်တုန်းဓားက ဘာပြောထားတာလဲဆိုတော့ "မိုက်မဲမှုကို မကောင်းမှုအဖြစ် မမှတ်ယူပါနဲ့" တဲ့။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင်တော့ "Never attribute to malice that which is adequately explained by stupidity." လို့ ဆိုပါတယ်။ "တစုံတခု/တစုံတယောက်ကို ထိခိုက်စေတဲ့ အပြုအမူတခုခုပြုလုပ်သူတွေအများစုဟာ သူတို့ရဲ့ ဆိုးယုတ်တဲ့ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ မိုက်မဲမှု (သို့) အသိပညာမပြည့်စုံမှုကြောင့် ဖြစ်နိုင်တယ်" လို့ ယူဆဖို့ ပြောတာပါ။ ကျနော်တို့ တော်လှန်ရေးကာလတလျှောက် မြေပြင်မှာ မြင်ခဲ့တွေ့ခဲ့ရတဲ့ အလွဲအမှားတွေထဲက အများစုသည်လည်း မသိနားမလည်မှုကို အရင်းခံကြတာများပါတယ်။ မိုက်မဲမှုကြောင့် နောက်ဆက်တွဲကို မစဉ်းစားမိဘဲ မလုပ်သင့်တာတွေ လုပ်နေတာမျိုး၊ နားမလည်ရင် အရေးယူလို့မရဘူးလို့ ထင်တာကြောင့် လုပ်နေတာမျိုး၊ လက်နက်ကိုင်ထားရင်/အခွင့်အာဏာပေးထားရင် လုပ်ချင်တာလုပ်လို့ ရတယ် ယူဆပြီး လုပ်နေတာမျိုး စသဖြင့် မသိနားမလည်မှုမှတဆင့် မိုက်မှားမှုထိ ဖြစ်သွားခဲ့ကြတာက အများစုပဲလို့ ကျနော်ကတော့ ထင်မြင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို မရိုးမသားစိတ်နဲ့ ဝင်လာတဲ့ လူစုတ်၊ လူယုတ်တွေလည်း မရှိမဟုတ် ရှိနေမှာပါ။ ဘာအကြောင်းပြချက်နဲ့ မှားယွင်းခဲ့ကြတာပဲဖြစ်ဖြစ် ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေ လုပ်ကြဖို့ အချိန်တန်ပါပြီ။ မသိနားမလည်လို့ မှားယွင်းသူတွေ သိနားလည်လာအောင် ကြိုးစားဖို့ရယ်၊ သိသိရက်နဲ့ ဆိုးယုတ်သူတွေကို အပြစ်ပေးနိုင်အောင် ကြိုးစားဖို့ရယ် လိုအပ်နေပါပြီ။ တော်လှန်ရေးနယ်မြေတွေမှာ အမှန်တကယ်ရှိနေသူတွေအနေနဲ့ ဝိုင်းဝန်းပြင်ဆင်ကြဖို့ တိုက်ရိုက်တာဝန်ရှိပါတယ်။ - ဒီလို မတရားမှုတွေကို စနစ်နဲ့ချီပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲချင်တဲ့ တော်လှန်ရေးသမားတိုင်းအနေနဲ့ လက်တွေ့ လုပ်သင့်/လုပ်နိုင်တာတွေ ရှိပါတယ်။ လွယ်ကူမှာတော့ မဟုတ်ပေမယ့် မြေပြင်မှာရှိတဲ့သူတိုင်း လုပ်လို့ရတာတွေရှိပါတယ်။ တော်လှန်ရေးလောကဟာ ကျဉ်းပါတယ်။ အလုပ်တွေလုပ်ရင်း ကျနော်တို့ဟာ လူအသစ်၊ ဒေသအသစ်တွေကို အမြဲတမ်း တွေ့ဆုံနေရပါတယ်။ ~ အခွင့်အာဏာအလွဲသုံးစားလုပ်နေသူတွေကို ခရီးသွားဟန်လွှဲ ကြုံတွေ့လာရတယ်ဆိုပါစို့၊ ~ လက်နက်ကိုင်ပြီးနောက်ပိုင်း ‌ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်နေတယ်ဆိုတဲ့ စစ်ဘုရင်ပေါက်စတဦးနဲ့ မိတ်ဆက်ပေးခံရတယ်ဆိုပါစို့၊ ~ မုဒိန်းကောင်လို့ ကျော်စောပေမယ့် အရေးယူမခံရတဲ့ အာဏာပိုင်တဦးရဲ့ နယ်မြေထဲက ဖြတ်သန်းသွားရမှာမို့ ပတ်သက်ဆက်ဆံရတော့မယ်ဆိုပါစို့၊ ~ အလှူငွေတွေ ဘုန်းပြီး ရဲဘော်တွေကို ချနင်းရင်း ကောင်းစားနေတယ်လို့ နာမည်ကြီးတဲ့ လက်နက်ကိုင်ခေါင်းဆောင်တဦးနဲ့ ထိန်းချုပ်နယ်မြေတနေရာမှာ ဆုံတွေ့ကြတယ်ဆိုပါစို့၊ မိမိတို့အနေနဲ့ ဘာစကား‌တွေပြောကြမလဲ၊ ဘာလုပ်ကြမလဲ၊ ဘယ်လိုမျိုးအမူအယာပြသကြမလဲဆိုတာကိုတော့ သေချာရွေးချယ်ဆုံးဖြတ်ကြစေချင်ပါတယ်။ -
1 861
14
ဟန်လွန်ရဲ့သင်တုန်းဓားနဲ့ ခုတ်ပယ်သင့်တာ ခုတ်ပယ်နိုင်ဖို့ ◾ ဆောင်းပါး | APTV ◼️ Join Our Telegram : https://t.me/aptvburma Subs
ဟန်လွန်ရဲ့သင်တုန်းဓားနဲ့ ခုတ်ပယ်သင့်တာ ခုတ်ပယ်နိုင်ဖို့ ◾ ဆောင်းပါး | APTV ◼️ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
1 321
15
အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက‌ ဒေသတွင်း ပညာရေးလုပ်ငန်းကဏ္ဍအတွက် သုံးစွဲဖို့အတွက် ရန်ပုံငွေ ခွဲဝေခြင်း မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရာတော်မြို့နယ် ပညာရေးတာဝန်ခံက ပြောဖူးတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာ/ဆရာမတွေထံက သိရှိရပါတယ်။ အချို့နယ်မြေတွေမှာတော့ သင်ကြားရေး ဝန်ထမ်းတွေကို အသုံးစရိတ် ပြန်လည် ထောက်ပံ့နိုင်ဖို့အတွက် ကျောင်းလခအဖြစ်လည်း ကျောင်းသားမိဘတွေဆီက နှုန်းထားအနည်းငယ်နဲ့ ကောက်ခံကြတာမျိုး ရှိပါတယ်။ ဒီ နှုန်းထားဟာလည်း လာရောက်သင်ကြားပေးသူတွက် ဆိုင်ကယ်ဆီဖိုးအတွက်လောက်ပဲ ရနိုင်တာ ဖြစ်တယ်လို့ ဒေသခံကျောင်းသားမိဘတွေက ဆိုပါတယ်။ လူအားဖြင့် ကိုယ်ထူကိုယ်ထ လုပ်အားစိုက်ပြီး သင်ကြားပေးနိုင်ပေမယ့် အခုလို စာရွက် / ရုပ်ပုံ / အသံ စတာတွေနဲ့ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့ မီဒီယာပစ္စည်းတွေကတော့ မြန်မာကျပ်ငွေဖောင်းပွမှုကြောင့် တနေ့တခြား ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကျေးရွာအဆင့် ကျောင်းတွေမှာ လက်လှမ်းမမီနိုင်ဘူးလို့ သင်ကြားရေးပိုင်းမှာ ပါဝင်နေသူတွေထံမှ သိရပါတယ်။ စစ်ပွဲကာလမှာ ကျောင်းမတက်ရဘဲ အရွယ်‌ရောက်သွားတော့ နယ်ခြားကို အလုပ်ထွက်လုပ်ကြတာ၊ တပ်ဖွဲ့တွေထဲ ဝင်သွားကြပြီး ပညာရေးကို ဆက်မသင်ယူတော့တာ၊ မိဘတွေရဲ့စီးပွားရေးနဲ့ အလုပ်လိုအပ်ချက်ကြောင့် ကလေးတွေကို ကျောင်းမထည့်ချင်ကြတော့တာ နဲ့ ပညာရေးအပေါ် သိပ်စိတ်အားထက်သန်မှု၊ ယုံကြည်မှု မရှိတော့တာမျိုးတွေကလည်း လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် ရေရှည်စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ CDM တက္ကသိုလ်ကျောင်းသား တဖြစ်လဲ ကိုယ်ထူကိုယ်ထ ကျောင်းဆရာလေးက ပြောပါတယ်။ ◾ • သစ်မြစ် (ဆောင်းပါးရှင်သည်‌ အညာဒေသ၏ ကိုယ်ထူကိုယ်ထ ပညာရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။) ◾ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #APTVBURMA
2 794
16
သနပ်ခါးတို့ရဲ့ အသက်ရှူကြပ်နေတဲ့ ကြားကာလပညာရေး ▪️APTV | ဆောင်းပါး ကျေးရွာနဲ့ ခပ်ဝေးဝေးမှာ ဆောက်ထားတဲ့ ထန်းရွက်တဲကလေးရဲ့အောက်မှာ လွယ်အိတ်‌လေးတွေကိုယ်စီနဲ့ ကလေးငယ်တစ်စု ရှိနေပါတယ်။ ဒါ့အပြင် စားပွဲဝိုင်းလေးတွေနဲ့ အနက်ရောင်သစ်သားသင်ပုန်းချပ်တစ်ခုရယ်၊ ရေအိုးစင်ကလေးရယ်လည်း ရှိနေပါတယ်။ ဒါကတော့ စစ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကြာတဲ့အချိန်မှာ စစ်မီးတောက်လောင်နေဆဲဖြစ်တဲ့ အညာဒေသက အရာတော်မြို့နယ်ရဲ့ စာသင်ခန်းလေးတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ စစ်ပွဲဟာ ဒေသခံပြည်သူလူထုရဲ့ နေ့စဉ်ကဏ္ဍတွေအပေါ် ဆိုးဝါးတဲ့သက်ရောက်မှု ရှိလာပါတယ်။ ဂရုစိုက်ရမယ့် ကဏ္ဍတွေထဲမှာ နောင်လာမယ့် လူငယ်မျိုးဆက်အသစ်တစ်ခုလုံးရဲ့ တန်ဖိုးနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ပညာရေးကဏ္ဍဟာလည်း အရေးပါပါတယ်။ တိုက်ပွဲ၊ မိုင်း၊ လက်နက်ကြီး၊ ဟောင်ဝှစ်ဇာ၊ ဗုံးခိုကျင်း စတဲ့ စကားလုံးတွေနဲ့ ရင်းနှီးလာစေတဲ့ စစ်ပွဲတွေကြောင့် ကလေးငယ်တွေဟာ တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူခွင့် မရကြရှာပါဘူး။ ဒီလို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကြားထဲက ပညာရေးလစ်လပ်မသွားအောင် ဒေသခံ လူ့အဖွဲ့အစည်းဟာ ကိုယ်ထူကိုယ်ထ ကြံဖန်ကြိုးစားလို့ ကလေးတွေကို ပညာသင်ကြား‌ပေးနေကြပါတယ်။ ဒါကို အညာဒေသမှာ ကြားကာလပညာရေးလို့ နားလည်ခေါ်ဆိုကြပါတယ်။ တနည်းအားဖြင့် မတည်ငြိမ်သေးတဲ့ ကာလအတွင်းက ပညာရေးပေါ့။ အမျိုးသားညီညွတ်ရေးအစိုးရမှာ ပညာရေးဝန်ကြီးဌာနဖွဲ့စည်းထားပြီး မြေပြင်ကိုလည်း ချိတ်ဆက်ကူညီပေးနေတယ် ဆိုပေမယ့် မြေပြင်အခင်းအကျင်းမှာတော့ အရာတော်ဒေသရဲ့ ကြားကာလပညာရေးဟာ အခြေခံအကျဆုံးလိုအပ်ချက်များကြားမှာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတဲ့ ကြားကာလပညာရေးမှာ သင်ကြားရေးအတွက် လိုအပ်တဲ့ မာလ်တီမီဒီယာပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ (Computer) ၊ ပုံနှိပ်စက် (Printer) နဲ့ အသံထွက်ဆောင်းဘောက် (Speaker) လို ပစ္စည်းတွေ မရှိခြင်းဟာ ကြားကာလပညာရေးရဲ့ ခရီးတွင်နိုင်စေရေးမှာ အခက်အခဲတစ်ခု ဖြစ်တယ် လို့ အခြေခံပညာသင်ကြားရေးမှာ ကျောင်းဆရာတစ်ဦးအဖြစ် ပါဝင်နေတဲ့ တက္ကသိုလ် CDM ကျောင်းသားတစ်ဦးက ဆိုပါတယ်။ "ကျွန်တော်တို့မှာ Computer နဲ့ Printer လို မီဒီယာပစ္စည်း ထုတ်မပေးနိုင်တဲ့အခါ ကလေးတွေကို သင်ပေးချင်တဲ့ သင်ခန်းစာတစ်ခုခုကို ဖြန့်ဝေဖို့ပဲဖြစ်ဖြစ် ၊ မေးခွန်းထုတ်ပြီး စာမေးပွဲ စစ်တာမှာပဲဖြစ်ဖြစ် အင်မတန်မှ အခက်တွေ့ပါတယ်။ ဒီ ပစ္စည်းတွေရှိတဲ့ ရွာတွေအထိ ဘယ်လောက် ဝေး‌ဝေး သွားပြီး ထုတ်ရတယ်။" လို့ ဆိုပါတယ်။ အရင်က ကျေးရွာစာသင်ကျောင်းမှာ သင်ထောက်ကူပစ္စည်းတွေ ရှိခဲ့ပေမယ့်လည်း ကျောင်းနှစ်ရှည်ပိတ်ထားတဲ့ကာလအတွင်း ရာသီဥတုကြောင့် ပျက်စီးဆွေးမြေ့ကုန်တာ၊ တချို့ဒေသတွေမှာ စစ်ကြောင်းဝင်တဲ့အခါ စစ်တပ်က စာသင်ကျောင်းမှာ တပ်စွဲလေ့ရှိလို့ ရံဖန်ရံခါ ပစ်ခတ်မှုဖြစ်တာကြောင့် ထိခိုက်တာ၊ ဝင်ရောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားတာ နဲ့ အနီးအနားက ကလေးတွေ ဝင်ရောက်ဆော့ကစားရင်း ပျောက်ပျက်တာတွေကြောင့် စာသင်ကျောင်းတွေရဲ့ ယခင်က ပစ္စည်းတွေကို ဒီကာလမှာ ဆက်လက်အသုံးပြုလို့ မရ‌တော့ဘူးလို့ သိရပါတယ်။ "စစ်ရေးအန္တရာယ်တွေနဲ့ ပြည့်‌နှက်နေတဲ့ဒေသမို့ ဘယ်အရာမှ အဆင်‌ပြေပြေ ချောချောမွေ့မွေ့ မဖြစ်နိုင်တာကို သိပါတယ်။ ဒါပေမယ့် ကိုယ်ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ပညာရေးရဲ့ လိုအပ်ချက်တွေ၊ ကွက်လပ်အဟောင်းတွေကို ကိုယ့်နောက် မျိုးဆက်တွေမှာ ထပ် မကြုံစေချင်ဘူး။ တတ်နိုင်သလောက်တော့ ပညာရေးကို အဓိပ္ပါယ်ရှိရှိ ပုံစံသစ်နဲ့ သွားချင်တယ်။" လို့ ဆရာက ကြားကာလပညာရေးမှာ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။ "ဒါပေမယ့်လည်း အသုံးချနိုင်တဲ့ ရင်းမြစ်တွေ မပြည့်စုံတဲ့အခါမှာ‌ကျ ရည်ရွယ်သလောက် ခရီးမပေါက်တာကို ကြုံရတယ်။ လိုအပ်တာက Computer နဲ့ Printer မပြောနဲ့ ၊ ကျွန်တော် သင်တဲ့ အင်္ဂလိပ်စာမှာတောင် ဘာသာစကားပိုင်းအတွက် Listening Exercise လေ့ကျင့်ခန်း‌မျိုးအတွက်က ကျွန်တော်တို့ ဖုန်းလောက်နဲ့ အသံ မကျယ်တာမို့ အသံကျယ်ဖို့ လိုတဲ့အခါ သုံးရအောင် Speaker က ရှိမနေဘူး။ သိရ‌သလောက် ဒီအခက်အခဲက နယ်မြေတိုင်းနီးပါးရဲ့ ကြားကာလကျောင်းတွေမှာ ရှိနေတယ်။" လို့ သူက ဆက်လက်ပြောဆိုပါတယ်။ ရရှိထားတဲ့ အချက်အလက်အရ အရာတော်ဒေသအတွင်းမှာ အခုလို ကိုယ်ထူကိုယ်ထ ကြားကာလ ပညာရေးကျောင်းပေါင်း (၁၂၀) ခန့် ရှိပါတယ်။ ပအဖ၊ ပကဖ စိုးမိုးကျေးရွာတွေမှာ NUG ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကြပေမယ့် ဒီလိုမဟုတ်တဲ့ နယ်မြေတွေမှာတော့ စာသင်ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိတဲ့အတွက် ကျူရှင်၊ ကိုယ်ထူကိုယ်ထကျောင်း၊ ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်း စသဖြင့် အခြေခံ စာတတ်‌မြောက်ဖို့အတွက် ပညာရေးကို နယ်မြေအလိုက် မတူညီတဲ့ ပုံစံတွေနဲ့ ထူထောင်လှုပ်ရှားနေကြရပါတယ်။ ဒါပေမယ့် ကျောင်းတိုင်းမှာ တူညီတာကတော့ အခြေခံပစ္စည်း လိုအပ်နေဆဲ ဖြစ်တဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။
2 165
17
بدون متن...
1 552
18
ခေါင်းမာတဲ့ဗျူရိုကရက်အရာရှိဆိုးများကို လည်း ထိရောက်စွာအရေးယူရပါလိမ့်မယ်။ ဒါမှသာ စစ်ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပြီး ဒီမိုကရေစီယန္တရားနဲ့ အစားထိုးနိုင်မှာဖြစ်ပါတယ်။ ◾ ဒီမိုကရေစီရေး ဒီမိုကရေစီအရေးအတွက် အထက်ပါ စစ်(၃)စစ်ကို မဖြစ်မနေ တိုက်ဖျက်ဖို့လိုတယ်။ စစ်(၃)စစ်ကို မတိုက်ဖျက်နိုင်ရင် စစ်ဝါဒဟာ တစ်နည်းနည်းနဲ့ပြန်လည်ပြီး ခေါင်းထောင်ထလာမှာဖြစ်တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်(၃)စစ်ကို တိုက်ဖျက်ရေးဟာ အဓိကအရေးကြီးဆုံး အခန်းကဏ္ဍမှာရှိနေပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း တော်လှန်ရေးမှာ ခြေလှမ်းမှန်မှန်၊ အမျှော်အမြင်ရှိရှိ ချီတက်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ စစ်သုံးစစ်တိုက်ဖျက်ရေးကဲ့သို့ ခိုင်မာပြတ်သားတဲ့မူဝါဒများကိုင်စွဲနိုင်မှသာ တော်လှန်ရေးရဲ့အဓိပ္ပါယ်ဟာ ပိုမို လေးနက်ပြည့်စုံမှာ ဖြစ်ပါတယ်။ ◾ ▪️ကျော်စွာ (၂၆.၅.၂၀၂၁) ◾ Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma #APTV #aptvburma
2 359
19
❝စစ်(၃)စစ် တိုက်ဖျက်ရေးဆိုတာ ဘာလဲ?❞ ဆောင်းပါး | ဖတ်ရန်ကြာချိန်(၃)မိနစ် ၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိမ်၊ ၂၀၂၁ မှာ တစ်ကြိမ် စစ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့် ဗမာပြည်သူတွေဟာ ဒီမိုကရေစီစစ်စစ်ရဲ့အရသာ၊ ငြိမ်းချမ်းရေးရဲ့အရသာ အပြည့်အဝခံစားခွင့်မကြုံခဲ့ရဘဲ ဒီမိုကရေစီအတု၊ ဆိုရှယ်လစ်အတု စသည်တို့နဲ့သာ ကြုံတွေ့ခဲ့ရတယ်။ စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်သထက်ရှည်ခဲ့တယ်။ ရင့်ကြားစေ့ရေးဆိုတဲ့ခေါင်းစဥ်အောက်မှာ စစ်ဝါဒအမြစ်ဖြုတ်ရေးဟာ ဝေဝါးခဲ့တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ‌တော့ အဖိနှိပ်ခံပြည်သူလူထုကြီးတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်အမြစ်ဖျက်ချေမှုန်းရေးဆိုတဲ့ သံန္နိဌာန်ကို ခိုင်မာစွာချလာခဲ့ကြပါတယ်။ စစ်ဝါဒကိုအမြစ်ဖြုတ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းနိုင်ဖို့အတွက် စစ်(၃)စစ်က်ို မဖြစ်မနေ တိုက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ ◾ စစ်(၃)စစ်ဆိုတာ ၁။စစ်အုပ်စု ၂။စစ်အစိုးရ ၃။စစ်ဗျူရိုကရေစီယန္တရား တို့ပဲဖြစ်တယ်။ ◾ ၁။စစ်အုပ်စု စစ်အုပ်စုဆိုတာ စစ်ယူနီဖောင်းဝတ်ပြီး နိုင်ငံရေးအာဏာရယူထားတဲ့၊ နိုင်ငံရေးလောကမှာခြေရှုပ်နေတဲ့ လူတွေနှင့် အပေါင်းအပါတစ်စုကို စစ်အုပ်စု လို့ခေါ်တာဖြစ်တယ်။ စစ်တပ်နဲ့ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီတွေ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေဟာ စစ်အုပ်စုဝင်တွေဖြစ်ပါတယ်။ ကြံ့ဖွတ်ပါတီ၊ သက်သက်ခိုင်ပါတီ၊ ရွှေမန်းပါတီ အစရှိတဲ့ပါတီတွေဟာ စစ်အုပ်စုဝင်ပါတီတွေ ဖြစ်တယ်။ မိုင်တဲဖုန်းကုမ္မဏီ၊ ရွှေမန်းသူယာဥ်လိုင်း၊ မြန်မာစီးပွားရေးဦးပိုင်ကုမ္မဏီ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်း၊ မတရားသဖြင့်သိမ်းယူထားတဲ့ တပ်ပိုင်စိုက်ပျိုးရေးခြံတွေ စသဖြင့် စစ်ဗိုလ်တွေနှင့် အပေါင်းအပါတစ်စု လက်ဝါးကြီးအုပ်ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်အုပ်စုရဲ့အကျိုးစီးပွားတွေဖြစ်တယ်။ မဘသ၊ ပျူစောထီး၊ တပ်ကဖွဲ့ထားတဲ့လူမှုရေး အသင်းအဖွဲ့ စတာတွေဟာလည်း စစ်အုပ်စုဝင်တွေဖြစ်တယ်။ စစ်ဝါဒခေါင်းထောင်မထလာနိုင်ဖို့ဆိုရင် စစ်အုပ်စုဝင် နိုင်ငံရေးပါတီ၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း တိုက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဗမာပြည်မှာ စစ်ဝါဒ လွှမ်းမိုးလာတာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပါပြီ။ စစ်အုပ်စုအကျိုးစီးပွား တစ်စုံလုံးဖျက်သိမ်းရေးဆိုတဲ့နေရာမှာ မင်းအောင်လှိုင်စစ်အုပ်စုတစ်ခုထဲရဲ့အကျိုးစီးပွားတစ်မယ်ထဲ ဖျက်သိမ်းရုံနဲ့မလုံလောက်ပါဘူး၊၊ နေဝင်းခေတ်၊ သန်းရွှေခေတ်၊ စစ်ကျွန်ခေတ်တလျောက်လုံးမှာ စစ်အာဏာရှင်စနစ်နဲ့အတူ ပြည်သူလူထုအပေါ် ဂုတ်သွေးစုပ်ပြီး ချမ်းသာခဲ့တဲ့ စစ်ခရိုနီတွေရဲ့ အကျိုးစီးပွားမှန်သမျှ မဖြစ်မနေ ဖျက်သိမ်းရပါလိမ့်မယ်။ နေဝင်းခေတ် စစ်ခရိုနီ၊ သန်းရွှေခေတ် စစ်ခရိုနီ၊ မင်းအောင်လှိုင်ခေတ် စစ်ခရိုနီတွေရဲ့ အကျိုးစီး ပွားမှန်သမျှဖျက်သိမ်းပြီး အနာဂါတ်နိုင်ငံတော်တည်ဆောက်ရေးမှာ အသုံးချရပါလိမ့်မယ်။ ဒါမှသာ တော်လှန်ရေးအလွန် အနာဂါတ်နိုင်ငံတော်ဟာ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ အသက်အိုးအိမ်တွေအတွက် ထိုက်တန်မှုတစ်စုံတရာဖြစ်ပါလိမ့်မယ်။ ''မီးလောင်မြေတစပြင်မှာ ထွန်းသစ်တဲ့ တိုင်းပြည် တည်ဆောက်မယ်'' ဆိုတဲ့စကားလိုပါပဲ။ ◾ ၂။စစ်အစိုးရ စစ်အာဏာရှင်စနစ်ကို အဓိကအကောင်ထည်ဖော်ဆောင်ရွက်နေတဲ့အစိုးရကို စစ်အစိုးရလို့ ခေါ်ပါတယ်။ အစိုးရ၊ တရားရုံး၊ အချုပ်၊ ထောင်၊ ရဲတပ်၊စစ်တပ် စတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို စစ်အာဏာရှင်လူတစ်စုက မောင်ပိုင်စီးထားပြီး အများပြည်သူအပေါ် ရက်စက်စွာ သွေးစုပ်ဖိနှိပ်အုပ်ချုပ်တဲ့စနစ်ကို စစ်အာဏာရှင်စနစ်လို့ ခေါ်ပါတယ်။ အများပြည်သူဟာ မွဲပြာကျနေပြီး ဒီမိုကရေစီအခွင့်အရေးတွေဆုံးရှုံးမယ်၊ စစ်ဗိုလ်ကြီးတွေနဲ့ သူတို့နဲ့ နီးစပ်ရာ စစ်အုပ်စုတွေသာ ချမ်းသာသထက်ချမ်းသာမယ်ဆိုတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် စစ်ဗိုလ်တွေက ပြည်သူတွေကို ကျွန်တွေလောက်သာ သဘောထားပြီး သေနတ်ထောက်ပြီး ခေါ်မယ်၊ ခိုင်းမယ်၊ ခွဲမယ် ဆိုတဲ့စနစ်ပါပဲ။ တစ်အိမ်တစ်ယောက် မလာမနေရ၊ တစ်အိမ်တစ်ယောက်မလုပ်မနေရ၊ တစ်အိမ်ဘယ်လောက် မထည့်မနေရ ဆိုတဲ့စနစ်ဟာ လူထုကဘဝနဲ့ရင်းပြီးသိထားတဲ့ စစ်အစိုးရရဲ့ သရုပ်သကန်ဖြစ်ပါတယ်။ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်းဟာ ဖြောင့်တန်းမှာဖြစ်ပါတယ်။ ◾ ၃။စစ်ဗျူရိုကရေစီယန္တရား စစ်ဗျူရိုကရေစီယန္တရားဆိုတာ စစ်အစိုးရ ကိုနာခံပြီး စစ်အစိုးရရဲ့အကျိုးစီးပွားကို အကောင်အထည်ဖော်ပေးနေတဲ့ နိုင်ငံတော် ယန္တရားတွေကို စစ်ဗျူရိုကရေစီယန္တယား လို့ခေါ်ပါတယ်။ လူထုနဲ့ကင်းကွာပြီး လူထု အပေါ် တဖက်သက်ဖိနှိပ်နေတဲ့ စစ်အစိုးရဌာန ယန္တရားတွေဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်ဖို့ဆိုရင် စစ်တပ်ကမောင်ပိုင်စီးထားတဲ့ အစိုးရယန္တရား၊ တရားရုံး၊ အချုပ်၊ ထောင်၊ ရဲတပ်၊ စစ်တပ်၊ စစ်တပ် စစ်ဝါဒကြီးစိုးတဲ့ လွှတ်တော် တို့ကို လုံးဝဥဿုန်ဖျက်သိမ်းရပါလိမ့်မယ်၊၊
2 043
20
❝စစ်(၃)စစ် တိုက်ဖျက်ရေးဆိုတာ ဘာလဲ?❞ ဆောင်းပါး | ဖတ်ရန်ကြာချိန်(၃)မိနစ်
❝စစ်(၃)စစ် တိုက်ဖျက်ရေးဆိုတာ ဘာလဲ?❞ ဆောင်းပါး | ဖတ်ရန်ကြာချိန်(၃)မိနစ်
1 388