ru
Feedback
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

Открыть в Telegram

ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ

Больше
6 555
Подписчики
-524 часа
-297 дней
-14630 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+14
в 0 каналах
август '26
+75
в 0 каналах
Get PRO
июль '26
+72
в 0 каналах
Get PRO
июнь '26
+89
в 0 каналах
Get PRO
май '26
+89
в 0 каналах
Get PRO
апрель '26
+84
в 0 каналах
Get PRO
март '26
+28
в 0 каналах
Get PRO
февраль '26
+79
в 0 каналах
Get PRO
январь '26
+100
в 0 каналах
Get PRO
декабрь '25
+147
в 1 каналах
Get PRO
ноябрь '25
+101
в 0 каналах
Get PRO
октябрь '25
+139
в 0 каналах
Get PRO
сентябрь '25
+137
в 0 каналах
Get PRO
август '25
+118
в 0 каналах
Get PRO
июль '25
+187
в 0 каналах
Get PRO
июнь '25
+170
в 3 каналах
Get PRO
май '25
+196
в 1 каналах
Get PRO
апрель '25
+213
в 4 каналах
Get PRO
март '25
+302
в 4 каналах
Get PRO
февраль '25
+328
в 3 каналах
Get PRO
январь '25
+540
в 2 каналах
Get PRO
декабрь '24
+298
в 2 каналах
Get PRO
ноябрь '24
+319
в 4 каналах
Get PRO
октябрь '24
+463
в 6 каналах
Get PRO
сентябрь '24
+314
в 3 каналах
Get PRO
август '24
+451
в 1 каналах
Get PRO
июль '24
+487
в 1 каналах
Get PRO
июнь '24
+489
в 1 каналах
Get PRO
май '24
+407
в 0 каналах
Get PRO
апрель '24
+396
в 0 каналах
Get PRO
март '24
+497
в 1 каналах
Get PRO
февраль '24
+632
в 1 каналах
Get PRO
январь '24
+384
в 1 каналах
Get PRO
декабрь '23
+1 030
в 4 каналах
Get PRO
ноябрь '23
+418
в 1 каналах
Get PRO
октябрь '23
+220
в 1 каналах
Get PRO
сентябрь '23
+275
в 0 каналах
Get PRO
август '23
+229
в 0 каналах
Get PRO
июль '23
+223
в 0 каналах
Get PRO
июнь '23
+256
в 0 каналах
Get PRO
май '23
+293
в 0 каналах
Get PRO
апрель '23
+311
в 0 каналах
Get PRO
март '23
+273
в 0 каналах
Get PRO
февраль '23
+270
в 0 каналах
Get PRO
январь '23
+293
в 0 каналах
Get PRO
декабрь '22
+327
в 0 каналах
Get PRO
ноябрь '22
+239
в 0 каналах
Get PRO
октябрь '22
+992
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
06 сентября0
05 сентября+2
04 сентября+3
03 сентября+6
02 сентября+2
01 сентября+1
Посты канала
Daily Highlight 2 Sep 6 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဖြူးမြို့နယ် ၁ ကြိမ်ထက်မနည်း (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ) - စလင်းနယ် ၁ ကြိမ်ထက်မနည်း (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ) - ဗန်းမော်နယ် ၁၁ ကြိမ် - ကန့်ဘလူနယ် ၃ကြိမ် - ခင်ဦးနယ် ၂ ကြိမ် - ရွှေဘိုနယ် ၁ ကြိမ် - မင်းတပ်နယ် ၂ ကြိမ် - ရွှေကူနယ် ၄ ကြိမ် - ငဖဲနယ် ၁ ကြိမ် - ရေကြည်နယ် ၁ ကြိမ် (Source: WES) - စစ်တွေနယ် ၁ ကြိမ် (Source: WES) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

2
Daily Highlight 1 Sep 6 (11:30 PM) - ယနေ့ နေ့လယ်ပိုင်းက ဗန်းမော်နယ် စင်းခန်းရွာအနီး စင်းခန်းတံတားအခြေကို စစ်တပ်က ဂျင်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်၊ တံတားသံဘောင်အချို့ ထိခိုက်ပျက်စီးပြီး ကြမ်းခင်းနေရာအချို့လည်း ပေါက်ပြဲပျက်စီး၊ ထို့ပြင် ချဉ်းကပ်တံတား ပင်မတိုင်အနီးတွင် မြေကျင်းကြီးများ ဖြစ်ပေါ်လာပြီး တံတားပေါ်သို့ တက်ရန် ပြုလုပ်ထားသော ဘေးလှေကားများလည်း ကျိုးကျပျက်စီးသွားကြောင်း သိရ။ - စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက စကစ လက်အောက်ခံ ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (လျှပ်စစ်/စက်မှု) ဇင်မင်းထိုက်ဆိုသူကို လောကနန္ဒ မြစ်ရေတင်စီမံကိန်းမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ပုဂံမြို့၊ နွားကြိုးအိုင်ရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား၊ မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ဆိုသည်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဖြူးမြို့နယ် အရှေဘက်ခြမ်း ဘိုစည်းခင်ရွာကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်၊ ဟိန္ဒူဘာသာဝင်မိသားစုတစ်စုမှ ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးသွားကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက စလင်းနယ် ရေနားတန်းရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိဘဲ အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေး၊ ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ဆိပ်ဖြူနယ်ဘက်မှ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းက ထိန်ကန်ရွာနှင့် တမာချောင်းရွာအနီးရှိ ဆည်ဘောင်ဘက်ကို ဒရုန်းများဖြင့် အကြောင်းဗုံးသီးချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ခြေထောက်ဖြတ် ဆေးကုသမှုခံယူရသူ ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက မင်းဘူးနယ် မုတ္တောကြီးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမှုတွင် စစ်ခွေးများက လက်နက်ငယ်များဖြင့် အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ခွေးများက အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးတို့ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ ပေါင်းရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရ။ - စက်တင်ဘာလ ၄ ရက်နေ့က ဆိပ်ဖြူနယ် ထမ္မကောက်ရွာတွင်ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက လက်ဆည်ရွာမှတဆင့် အုန်းမှင်ရွာနှင့် ချတောက်ရွာအကြားသို့ ရောက်ရှိလာပြီး ဆူးပုတ်ကုန်းရွာဘက်သို့ ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များနှင့် တရားရိပ်သာများတွင် စစ်မှုထမ်းတိမ်းရှောင်ရန်ရည်ရွယ်၍ ရဟန်းလာဝတ်သူများ မရှိစေရေးအတွက် ဒုလ္လဘရဟန်းဝတ်လိုသူများကို စိစစ်လက်ခံပြီး သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်ထွေအုပ်သို့ အကြောင်းကြားရန် စကစ က ညွှန်ကြားထားကြောင်း၊ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများ စစ်မှုထမ်းတိမ်းရှောင်ရန် ရဟန်းဝတ်ခြင်း မဖြစ်စေရေး ယခုဝါတွင်းကာလတွင် ဒုလ္လဘရဟန်းဝတ်လိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ထွေအုပ်ထံ အသိပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားထားကြောင်း၊ ကျောင်းတိုက်များရှိ လက်ရှိ ဝါဆိုသံဃာများစာရင်းကို ကောက်ယူနေပြီး ရဟန်းအသစ်များကို လက်မခံရန် စကစ က ဖိအားပေးနေကြောင်း သိရ။ - ကျုံပျော်မြို့နယ်တွင် လေးမျက်နှာမြို့နယ်ဘက်မှ စီးဆင်းလာသည့် ရေများကြောင့် ကျေးရွာအများအပြား ရေကြီးရေနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရပြီး သောက်သုံးရေသန့်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ၊ လေးမျက်နှာနယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့မှစတင်ပြီး ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကာ အခြေအနေများ တည်ငြိမ်စ,ပြုလာသော်လည်း အဆိုပါရေများမှာ ငါးသိုင်းချောင်းနှင့် ကျုံပျော်မြို့နယ်တို့ဘက်သို့ စိမ့်ဝင်စုဝေးလာခြင်းဖြစ်ကြောင်း၊ လက်ရှိ ရေထုမှာ ညစ်ညမ်းနေပြီး တုန်ကင်တွင်းများမှာလည်း ရေမြုပ်နေသဖြင့် သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲဖြစ်နေကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ကျုံပျော်မြို့နယ်အတွင်း လူဦးရေ ၆၅၀၀ ခန့် ရေဘေးဒဏ် ခံစားနေရကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ဗန်းမော်မြို့သို့ မရောက်မီ ရေနီကန်သာအနီးတွင် သောင်တင်နေသော စစ်တပ်၏ စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်၊ သင်္ဘောတစ်စီးမှာ လက်နက်ကြီးငယ် ခဲယမ်းကျည်ဆံများနှင့် စစ်သုံးပစ္စည်း အမြောက်အမြား တင်ဆောင်ထားရာ ပစ်ခတ်ခံရပြီးနောက် ခဲယမ်းများ ပေါက်ကွဲပြီး အကြီးအကျယ် ပျက်စီးသွားကြောင်း၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ဗန်းမော်မြို့အောက်ဘက်ရှိ စာဝတီးရွာကို ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော် အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးအောင်မင်းဆိုသူက တပ်မိသားစုဝင်အမျိုးသမီးတစ်ဦး၏ သားဖြစ်သူကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖြစ်စဉ်ကို လူမှုကွန်ယက်ပေါ်တွင် ပြောဆိုခဲ့သော ဒေါ်ခင်ဌေးမြင့်ကို ဗိုလ်မှူးအောင်မင်းကပင် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒေါ်ခင်ဌေးမြင့်၏ အခြား သား ၂ယောက်မှာလည်း စစ်ခွေးများဖြစ်ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက နတ်မောက်နယ် ကမ်းပြိုရွာမှ ကုလားရှင်ရွာဘက်သို့ ထွက်ခွာလာသော စစ်ကား ၂ စီးကို တော်လှန်ရေးအဖွဲ့များက မိုင်းကွင်း ၂ ကွင်းဖြင့် မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ခွေးများမှာ နတ်မောက်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
37
3
Daily Highlight 2 Sep 5 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဗန်းမော်နယ် ၂၃ ကြိမ် - မြိုင်မြို့နယ် ၅ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ပခုက္ကူနယ် မြစ်ခြေဒေသ ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ကနီနယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ငဖဲနယ် ၁ ကြိမ် - ပုလဲနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ရှားတောနယ် ၁ ကြိမ်ထက်မနည်း (Source: CJ) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
354
4
Daily Highlight 1 Sep 5 (11:55 PM) - ဇူလိုင်လ ဒုတိယအပတ်မှစတင်ပြီး ခေါင်လန်ဖူးနယ်နဲ့ ရှိန်းခေါင်နယ်အကြား၊ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၀၊ အမှတ်ပေါ်ရွာအနီးတွင် စစ်တပ် ပြည်သူ့စစ်ခွေးများ ပူးပေါင်းအဖွဲ့နှင့် KIA ပူးပေါင်းအဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွား၊ စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကာ ဒေသတွင်း စစ်ရေးတင်းမာမူ မြင့်တက်လာနေသဖြင့် အမတ်ပေါ်ရွာ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၀ ထက်မနည်းမှ ဒေသခံများ ပူတာအိုမြို့အပါအဝင် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ၊ လက်ရှိတွင် KIA ပူးပေါင်းအဖွဲ့က ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့၏ ဌာနချုပ်တည်ရှိရာ မှတ်တိုင် ၃၁ အနီး၊ မှတ်တိုင် ၃၀ နေရာအထိ ရှေ့တိုးထားပြီး ဩဂုတ်လ လကုန်ရက်များတွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ KIA က ခေါင်လန်ဖူးနယ် လာဟီဆင် ရှေ့တန်းစခန်းနှင့် ဆော့လော်နယ် လန်ဆယ်ရွာတို့ကို ၂၀၂၄ ခုနှစ်အတွင်းက သိမ်းပိုက်ခဲ့ပြီး စစ်တပ်နှင့် နယ်မြေခံ ပြည်သူ့စစ်တို့က ပြန်လည်ထိုးစစ်ဆင်နေသော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက ညောင်တုန်းနယ် ချောင်းဖျားရွာ ညောင်တုန်းကျွန်း ပင်မတာ၏ တာဟောင်းဘက် ရွာများမရှိသည့်ဘက်အခြမ်းတွင် တတိယအကြိမ်အဖြစ် ၃၁၀ ပေခန့် တာပြိုကျမှုဖြစ်ပွား၊ ယနေ့ ထပ်မံပြိုကျသည့်နေရာမှာ ကြံ့ခိုင်မှုအားနည်းနေသည့် ပင်မမြေသားတာ၏ အစိတ်အပိုင်းဖြစ်ပြီး ယခင်က တာပဲ့ကျခဲ့သည့်နေရာများနှင့် ဆက်စပ်နေသဖြင့် တာ၏ ပျက်စီးမှုအခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေ၊ အဆိုပါ တာပြိုကျမှု ပထမအကြိမ်ဖြစ်ပွားပြီးနောက် အကုသိုလ်ကောင် မင်းအောင်လှိုင်က ဟန်ပြ လာရောက်စစ်ဆေးခဲ့ပြီးနောက် တာပြိုကျမှုအခြေအနေမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းမှစတင်ပြီး မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း စစ်တပ်ရေယာဉ်အုပ်စု ထပ်မံ ဆန်တက်လာ၊ အဆိုပါ ရေယာဉ်အုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော ၄ စီး အပါအဝင် စုစုပေါင်း ၃၂ စီး ပါဝင်၊ စစ်တပ်က ၎င်းတို့ဖြတ်သန်းရာ မြစ်ကြောင်းတလျောက် ရမ်းသန်းပစ်ခတ်လေ့ရှိသဖြင့် မြစ်ကမ်းဘေးနေ ပြည်သူများ သတိပြုနေထိုင်ကြရန် သတိပေးမှုများရှိနေ၊ နောက်ဆုံးရရှိထားသော သတင်းများအရ အဆိုပါသင်္ဘောများမှ ရှေ့ဆုံးသင်္ဘောမှာ သပိတ်ကျင်းနယ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရ။ - ယမန်နေ့က ဗန်းမော်မြို့အနီး ရောက်ရှိနေပြီး စက်ချို့ယွင်းမှုကြောင့် ဧရာဝတီမြစ်အတွင်း မျောပါနေသော စစ်တပ်သင်္ဘော ၁စီးကို ပြန်လည်ဆွဲယူရန် ဗန်းမော်မြို့ဘက်မှ စုန်ဆင်းလာသော သင်္ဘော ၃စီးကို KIA ပူးပေါင်းအဖွဲ့များက ထပ်မံတိုက်ခိုက်၊ သင်္ဘော ၂စီး မီးလောင်ပျက်စီးပြီး ကျန် ၁ စီးကိုလည်း ညောင်ပင်သာအနီးတွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ယနေ့မနက်ပိုင်းတွင်လည်း နောက်ဆုံးကျန်ရစ်သော သင်္ဘော ၁ စီးကို စင်းခန်းနှင့် ညောင်ပင်သာအကြားတွင် ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရာ အချိန် တစ်ရက်ကျော်အတွင်း စစ်တပ်သင်္ဘော ၄ စီးအထိ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ရွှေကူနှင့် ဗန်းမော်အကြား ဇင်းဘုံအနီးတွင် သင်္ဘော ၂ စီး ကမ်းကပ်ပြီး စစ်ခွေး ရဲခွေး မိသားစုဝင်များအပါအဝင် ၁၉၀ ကျော် လက်နက်ချအညံ့ခံသည့်သတင်းကို စစ်တပ်နှင့် စစ်တပ်လော်ဘီများက အကြောက်အကန် ငြင်းဆိုဖုံးဖိနေကြေသော်လည်း ကာယကံရှင်နှင့် နီးစပ်သူများက ဖြစ်စဉ်မှန်ကန်ကြောင်း လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုမှုများရှိနေ၊ စစ်တပ်နှင့် လော်ဘီများကမူ အဆိုပါ စစ်သုံပန်းများ ဖမ်းဆီးခံရမှုသတင်းအပြင် ထိခိုက်သေဆုံးမှုသတင်းများကိုပါ ပြင်ပသို့မပေါက်ကြားစေရန် ဖုံးဖိထိန်းချုပ်နေပြီး မိတ္ထီလာမြို့မှ DSA ၆၅ ဆင်း စစ်ခွေးဗိုလ်တစ်ကောင် သေဆုံးမှုကိုလည်း မိသားစုထံအကြောင်းကြားရာတွင် နာရေးကြော်ငြာပင် ထည့်ခွင့်မပေးခဲ့ကြောင်း သိရ။ - စစ်တပ်အတွင်းတွင် သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ သတင်းအချက်အလက် ပေါက်ကြားမှုများနှင့် တပ်တွင်းအခြေအနေများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့မှုများ ဆက်တိုက် ပေါ်ပေါက်နေချိန်တွင် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက သတင်းလုံခြုံရေးကျိုးပေါက်မှုများအတွက် ပြင်းထန်စွာ အရေးယူခဲ့ရမှုများ ရှိကြောင်း ယမန်နေ့က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း စစ်အရာရှိများနှင့် တွေ့ဆုံစဉ် ခြိမ်းခြောက်သတိပေးပြောကြားခဲ့ကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ပြွန်တန်ဆာနယ် ရေတွင်းကုန်းရွာမှ အုပ်ကြီးစိုးဌေးနှင့် အောင်းကြီးရွာမှ ရာအိမ်မှူးဖြစ်သူ ပျူခွေးခေါင်းဆောင် အောင်ကျော်မျိုး (ခ) ငကျော် တို့ကို တော်လှန်ရေးအဖွဲ့များက အောင်းကြီး-ပြွန်တန်ဆာလမ်း တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်၊ ၂ ကောင်လုံး ကျည်အချက်ပေါင်းများစွာ ထိမှန်ခဲ့သဖြင့် သေဆုံးပြီဟု ယူဆခဲ့သော်လည်း နောက်ဆက်တွဲသတင်းများအရ ပဲခူးဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရ။ - စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ ထွက်လာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေးတပ်ကြပ် ၁ ကောင် သေဆုံးပြီး စစ်ခွေး ၁ ကောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ပခုက္ကူနယ် မြစ်ခြေဒေသ ညောင်နီပင်ရွာအခြေစိုက် မြင်းမွေးမြူရေးတပ် ဒေသအခေါ် BPI တပ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေးအချို့ ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်အခြေအနေကို မသိရသေး၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဂျိူင်ရိုကော်ပတာများ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အနီးရှိ တိုက်ပွဲနှင့်မသက်ဆိုင်သော ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိုင်ကြီးရွာမှ မိသားစုဝင် ၃ ဦး သေဆုံး၊ ကျေးရွာဆုတောင်းပြည့်ဘုရားအတွင်းရှိ စေတီများနှင့် ဘုရားတန်ဆောင်းများလည်း ထိခိုက်ပျက်စီး၊ ထို့ပြင် အခြားလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောရွာမှ သက်ကြီးပိုင်း လင်မယား ၂ ဦးလည်း သေဆုံးသွားကြောင်း၊ အဆိုပါ ပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်မှ ပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရ။ - စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်နယ်၊ လွယ်ထွက်ရွာအရှေ့ဘက်ရှိ စစ်တပ်စခန်းကုန်းကို ကရင်နီတော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ခွေး အကောင် ၂၀ သေဆုံး၊ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ထိုစခန်းကို ဒရုန်းတိုက်ခိုက်မှုပြုလုပ်ရန် ထွက်လာသော စစ်ကား ၁ စီး စက်ချို့ယွင်းပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ခွေးများ ထပ်မံသေဆုံး၊ အထိနာသွားသော စစ်တပ်က ယနေ့ နေ့လယ်ပိုင်းက လွိုင်ကော်-ရှားတောလမ်းဘေးရှိ နောင်ပုလုရွာကို လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့က ဆောမြို့နယ်၊ ကြီးရွာတွင် တပ်စွဲထားသော စစ်ခွေးများက ရွှေအောင်သာရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးရန် ကြိုးပမ်းလာစဉ် တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေး ၅ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ ခွေးသေကောင်များကို ကြီးရွာနောက်ဘက်ရှိ ဘုရားကုန်းတွင် နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်၊ ခွေးနာကောင်များကို ညောင်ကားယားသို့ပို့ဆောင်ပြီး ၎င်းတို့ကို ကျောက်ထုမှ စစ်ခွေးများက လာရောက်သယ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ခွေးနာသယ်ရန်ထွက်လာသော စစ်ကြောင်းကိုလည်း တော်လှန်ရေးအဖွဲ့များက ညောင်ကားယားရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - နတ်မောက်နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ခြင်း၊ အဖိုးတန်ပစ္စည်းများကို ရှာဖွေလုယူခြင်းများ ပြုလုပ်နေသော စစ်ခွေးများက ကျေးရွာများမှ ကားနှင့် လယ်ယာသုံးပစ္စည်း ပိုင်ဆိုင်သည့် ဒေသခံများကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းအထိ ဆက်ကြေးတောင်းခံခြင်း၊ မပေးပါက ရိုက်နှက်ခြိမ်းခြောက်ခြင်းတို့ ကျူးလွန်နေကြောင်း၊ အဆိုပါစစ်ကြောင်းမှာ စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင် နတ်မောက်နယ်အရှေ့ခြမ်း ထနောင်းကုန်းရွာဘက်မှ ထွက်ခွာလာပြီး ပြန်လှည့်လာစဉ် သရက်ချောင်းရွာနှင့် ကံလှရွာအကြားအရောက်တွင် တော်လှန်ရေးအဖွဲ့များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်ခွေး ၃ ကောင် သေဆုံးပြီး ၁၅ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက မင်းဘူးနယ် မုတ္တောကြီးရွာကို စစ်တပ်က လက်နက်ကြီးငယ်များ ရမ်းသန်းပစ်ခတ်ပြီး ဝင်ရောက်စီးနင်း၊ စစ်ခွေးများ၏ အဆင်အခြင်မဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် မုတ္တောကြီးရွာမှ စကားမပြောနိုင်သော အသက် ၂၀ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးနှင့် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးငယ် ၁ ဦးတို့ သေဆုံး၊ ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာနှစ်ခုမှ ဘောလုံးကွင်း နှစ်ခုအတွင်းကို စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် အကြောင်းမဲ့  လေကြောင်းတိုက်ခိုက်၊ ဘောလုံးကစားနေသူများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်မှု မရှိကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
316
5
Daily Highlight 2 Sep 4 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဗန်းမော်နယ် ၃၁ ကြိမ် - မြစ်ခြေနယ် ၁ကြိမ် - ဆိပ်ဖြူနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မြစ်ခြေနယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - စစ်ကိုင်းနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ပေါက်မြို့နယ် ၄ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
206
6
Daily Highlight 1 Sep 4 (11:55 PM) - ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော တိုက်ခိုက်ရေးသင်္ဘော ၂စီးပါ စစ်ရေယာဉ် ၁၅စီးအုပ်ကို KIA ပူးပေါင်းအဖွဲ့များက ကသာမြို့နှင့် ရွှေကူမြို့အကြား၊ ရွှေကူမြို့နှင့် ဗန်းမော်မြို့အကြား ဇင်းဘုံ-စင်းခန်းဒေသအနီးတို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်တိုက်ခိုက်ရေးသင်္ဘောအပါအဝင် ရေယာဉ် ၈ စီး ပျက်စီးဆုံးရှုံး၊ ကမ်းကပ်ပြီး လက်နက်ချအညံ့ခံခဲ့သော သင်္ဘော ၂စီးပေါ်မှ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် စစ်သုံ့ပန်း ၁၉၀ ထက်မနည်းကိုလည်း ဖမ်းဆီးရမိ၊ စစ်သင်္ဘောအုပ်စုမှ ကျန်ရှိသည့် ရေယာဉ်များအနက် ၆ စီးမှာ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ဇင်းဘုံ-စင်းခန်းဒေသဘက်မှ လွတ်မြောက်လာနိုင်ခဲ့ပြီး ဗန်းမော်မြို့အောက်ဘက်ရှိ ရေနီရွာသစ်အနီးတွင် ကမ်းကပ်ရပ်နားခဲ့ကာ ကျန် ၁ စီးမှာ သောင်တင်နေခဲ့သဖြင့် ဗန်းမော်မြို့သို့ မရောက်မီ လမ်းခရီးတွင် ကျန်ရစ်ခဲ့ကြောင်း သိရ။ - ယမန်နေ့ ည​နေပိုင်းက ဝက်လက်နယ်၊ ကန်ပေါက်ရွာအနီးကို စစ်တပ်က အသေခံဒရုန်းဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ထားဝယ်နယ် ရာဖူးရွာအနီးတွင် တပ်စွဲထားသော စစ်ခွေးများက ရာဖူးရွာဘက်သို့ လက်နက်ကြီး အလုံးရေများစွာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက စလင်းနယ် ဆင်ကျုံးရွာရှိ ပျူခွေးများက စရင်ဦးရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့က စကုနယ် ကျောင်းကုန်းကြီးနှင့် အောင်ချမ်းသာရွာတို့တွင် တပ်စွဲထားသော စစ်ခွေးများက ရေပုတ်ကလေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရ။ - အာဏာသိမ်းစစ်တပ်၏ ပုလင်းတူဗူးဆို့ လက်ဝေခံ ဖွတ်ခွေးပါတီ ကြံ့ဖွတ်က စက်တင်ဘာလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ပါတီညီလာခံ ကျင်းပမည်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံလည်းဖြစ်၊ လက်ရှိ တရားမဝင် အမည်ခံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ  အကြမ်းဖက် အောင်လင်းဒွေး ဦးဆောင်သော အငြိမ်းစားဗိုလ်ချုပ်များအဖွဲ့က ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့သစ်တွင် ပါဝင်လာမည်ဖြစ်ကြောင်း၊ ပေါ်ပေါက်လာသော CEC အဖွဲ့အသစ်က ပါတီဥက္ကဋ္ဌနေရာကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ CEC အဖွဲ့သစ်တွင် ပါဝင်ရန် ရေပန်းစားနေသူများတွင် အောင်လင်းဒွေး၊ သက်ပုံ၊ တေဇကျော်၊ စိုးတင့်နိုင်၊ မောင်မောင်အုန်း တို့၏ အမည်များပါဝင်နေပြီး အောင်လင်းဒွေးမှာ ပါတီ၏ အရေးကြီးဆုံးသော အဆုံးအဖြတ်နေရာကို ရယူလာနိုင်ကြောင်း၊ လက်ရှိတာ၀န်ထမ်းဆောင်နေသော CEC အချို့နှင့် ဒုဥက္ကဋ္ဌ အချို့မှာလည်း ပါတီမှ အနားယူမည်ဟု တရားဝင် အသိပေးထားပြီးဖြစ်ကြောင်း၊ ပါတီ၏ လက်ရှိအတွင်းရေးမှူး သောင်းအေး၏ နေရာမှာလည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ ဖွတ်တို့၏ CEC အသစ်တွင် မျက်နှာသစ်များ ပါဝင်လာမည်ဖြစ်ပြီး စစ်တပ်မှစေလွှတ်ထားသော ဗိုလ်မှူးကြီးဟောင်း၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အချို့လည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရ။ - ကရင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသည့် နေရာတစ်ခုတွင် ရှေ့တန်းစစ်မြေပြင်များမှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၂၅ ဦးနှင့် KNU/KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၈ မှ ဒုတိယဗိုလ်မှူးကြီး စောဒါဘောတို့ ယနေ့ တွေ့ဆုံပွဲ ပြုလုပ်၊ အဆိုပါတွေ့ဆုံပွဲတွင် သုံ့ပန်း ၇ ဦးက KNLA တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်လိုသည်ဟု အဆိုပြုခဲ့ကြကြောင်း၊ လူငယ်များအနေဖြင့် စစ်တပ်၏ အဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းများကို သတိပြုရှောင်ရှားကြရန်နှင့် ဖမ်းဆီးခဲရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရပါကလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ကြရန် KNLA ဘက်က တိုက်တွန်းထားကြောင်း သိရ။ - ဩဂုတ်လ ၂၈ ရက်နေ့က ချောင်းဦးနယ်အတွင်း ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက မုံရွာ-အမြင့်လမ်းပေါ်ရှိ ရွှေဒါးကျရွာအနီးတဝိုက်တွင် အသက် ၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် သတ်ဖြတ်ခံရသူ ၁ ဦးကို PDF ပြောက်ကျားယူနီဖောင်းနှင့် စစ်ယူနီဖောင်း ဝတ်ဆင်ပေးထားခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းမှာ လက်ရှိတွင် ကျီကုန်းရွာအနီးတွင် ရောက်ရှိနေပြီး ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ညနေပိုင်းတွင်လည်း ပြည်သူပိုင်ပစ္စည်းများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်နေကြောင်း၊ ထို့ပြင် ယမန်နေ့ ညနေပိုင်းကလည်း မထိသာရွာနှင့် မင်းခေါင်ရွာတို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ကျောက်ထုမြို့ဘက်မှ မင်းတပ်မြို့နှင့် အနီးတဝိုက်နေရာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်၊ အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းမှစတင်ပြီး စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်းနှင့် အမြင့်ကျွန်းတို့အနီးတွင် တိုက်ပွဲ​ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ခွေးများ အထိနာနေသဖြင့် စစ်တွေမြို့ပေါ်မှ လက်နက်ကြီး အလုံးရေ ရာနှင့်ချီပြီး ရမ်းသန်းပစ်ခတ်နေ၊ တိုက်ပွဲအခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံများပြော၊ အာရက္ခတပ်တော် AA ကလည်း ယမန်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နယ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း စစ်တွေမြို့ပေါ်ရှိ လက်နက်ကြီးအထိုင်နေရာ အနည်းဆုံး ၇ခု၊ တင့်ကား ၂စီး၊ ပင်လယ်ပြင်အတွင်းရှိ စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း ဂွ ကမ်းခြေနှင့် ငပလီမြို့အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထား။ - စက်တင်ဘာလ ၂ ရက်နေ့က စစ်ကိုင်းမြို့အနီး ကုန်းရွာအနောက်ဘက် ရေမြောင်းဘောင်အနီးတွင် စစ်ကိုင်း တပ်မ ၃၃မှ မုံရွာ နမခ သို့ မောင်းနှင်လာသော စစ်ယာဉ်တန်းအတွက် လုံခြုံရေးရယူပေးနေပြီး လမ်းသွားလမ်းလာများထံမှ တောင်းရမ်းစားသောက်နေသော စစ်ခွေးသူတောင်းစားများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၃ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
290
7
Daily Highlight 3 Sep 3 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မိုးမိတ်/မဘိမ်းနယ်အစပ် ၁ကြိမ် - ရွှေကူ/ဗန်းမော်နယ်အစပ် ၂ကြိမ် - ပုဏ္ဏားကျွန်း/စစ်တွေ/ရသေ့တောင်နယ်များအစပ် ၄ကြိမ် (Source: AA) - မြောင်မြို့နယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတပ်နယ် ၂ကြိမ် - ချောင်းဦးနယ် ၂ကြိမ် - မြိုင်မြို့နယ် ၁ကြိမ် - ဝက်လက်နယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဗန်းမော်နယ် ၂၂ကြိမ်ထက်မနည်း - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
535
8
Daily Highlight 2 Sep 3 (11:55 PM) - မိုးဗြဲတိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များ သိမ်းဆည်းရရှိခဲ့သည့် ခမရ-၄၂၁ စစ်ကြောင်း၏ လျှို့ဝှက် စစ်ထွက်အင်အား စာရင်းများအရ ဗိုလ်မှူး မောင်မောင်နိုင် ဦးစီးသည့် စုစုပေါင်း အင်အား ၁၄၇ ကောင်ပါ စစ်ကြောင်းတွင် ၅ ပုံ ၄ ပုံနီးပါး (၁၁၉ ဦး) မှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံထားရသည့် တပ်သားသစ်များဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် အရာရှိ ၃ ကောင်၊ အရာခံနှင့် အကြပ် ၁၆ ကောင်၊ အမြဲတမ်းတပ်သား ၈ ကောင်အပါအဝင် သန္ဓေစစ်သည် ၂၈ ကောင်တို့က စစ်မှုထမ်းတပ်သားသစ် ၁၁၉ ကောင်ကို တပ်စု၊ တပ်စိတ်ငယ်များခွဲ၍ ရှေ့တန်းတိုက်ပွဲများတွင် ကွပ်ကဲနေရခြင်းဖြစ်ကြောင်း၊ အလားတူ ရွှေဘိုနယ်အခြေစိုက် စစ်ကိုင်း တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၂ တွင်လည်း သန္ဓေစစ်သည် အင်အားမှာ ယခင် ၁၈၀ ခန့်မှ ၁၁၀ သာ ကျန်ရှိတော့ကြောင်း၊ တပ်ရင်း၏ စုစုပေါင်းအင်အား ၃၈၀ အနက် ၇၀ ရာခိုင်နှုန်းခန့် (၂၅၆ ကောင်) မှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြပြီး စစ်ဆင်ရေးထွက်ရာတွင် ပုံမှန်ပါဝင်ရမည့် အရာရှိ ၁၀ ကောင်မှ ၁၂ ကောင်အစား ၅ ကောင်သာ လိုက်ပါနိုင်တော့သဖြင့် တပ်ခွဲမှူးနှင့် တပ်စုမှူး ရာထူးများအတွက် အရာရှိ လိုအပ်ချက်များ ကြုံတွေ့နေရကြောင်း သိရ။ - ဩဂုတ်လ ၃၁ ရက်နေ့က စလင်းနယ်၊ ကံပြားရွာအနောက်ဘက်ရှိ ငလှိုင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ သက်တော် ၄၀ အရွယ် သံဃာတော် ၁ ပါး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး ဂွ၊ ကျိန္တလီ၊ ဂျိတ္တောမြို့များနှင့် အနီးပတ်ဝန်းကျင်တို့ကို ပင်လယ်ပြင်အတွင်းရှိ စစ်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေ၊ အသေးစိတ် အခြေအနေများကို ဆက်လက်ထုတ်ပြန်သွားမည်ဟု AA ပြော၊ အလားတူ ယနေ့ နေ့လယ်ပိုင်းတွင်ပင် ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ ၃ မြို့ကြား အနီးတဝိုက်ရှိ ကျေးရွာများအပါအဝင် နေရာ ၆ နေရာကို စစ်တပ်က ဂျက်ဖိုက်တာ ၄စီးဖြင့် ဗုံးသီးများစွာ အကြောင်းမဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် အခြား အသေးစိတ် အခြေအနေများကို ဆက်လက်ထုတ်ပြန်သွားမည်ဟု အာရက္ခတပ်တော် AA မှ ထုတ်ပြန်ထားကြောင်း သိရ။ - ယခုနှစ် မေလ ၅ ရက်နေ့ မနက်အစောပိုင်းက ထားဝယ်မြို့ စောမိညိုရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သား ၇ ဦး လက်နက်များ ယူဆောင်ထွက်ပြေးလာပြီး တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့ကို တော်လှန်ရေးအဖွဲ့များက ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ မေလ ၅ ရက်နေ့ ညပိုင်းကလည်း လောင်လုံနယ် ရဲစခန်းမှ ထွက်ပြေးလာသော စစ်ခွေး ၃ ကောင်ကို တော်လှန်ရေးအဖွဲ့များ၏ ကင်းပုန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့မှာ စစ်တပ်ထဲတွင် မနေထိုင်လို၍ ထွက်ပြေးလာခြင်းဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့များက ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရ။ - ယနေ့ ညနေပိုင်းက မင်းတပ်နယ် အရှေ့ခြမ်းရှိ နေရာတစ်ခုကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ဩဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့က ဒီပဲယင်းနယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယနေ့ မနက် အစောပိုင်းက ရေဖြူနယ် ကျွဲတလင်းရွာအတွင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေး၊ ထို့ပြင် ယနေ့ မနက်ပိုင်းတွင်ပင် ရားဖူးရွာအတွင်းရှိ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၁ ကောင် သေဆုံးပြီး ၁ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
441
9
Daily Highlight 1 Sep 3 (11:55 PM) - အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် လွှတ်တော်တွင် ကွန်ဂရက်ပါတီ လွှတ်တော်အမတ် K Ranjit Singh က အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်မြေအလဲအလှယ်ပြုလုပ်ရန် အဆိုပြုထားသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးက လက်ရှိတွင် မဏိပူရပြည်နယ်အတွင်း နယ်နိမိတ် အတိအကျသတ်မှတ်ထားခြင်းမရှိသေးသည့် အိန္ဒိယ-မြန်မာနယ်စပ်နေရာများကို နယ်နိမိတ်သတ်မှတ်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် မိုရေးဒေသရှိ နယ်စပ်မှတ်တိုင်အမှတ် ၇၅ မှ ၇၉ အကြား နယ်စပ်ဧရိယာသည် အလွန်အထိအခိုက်မခံဘဲ အရေးကြီးသည့် နယ်စပ်ပိုင်းတစ်ခုဖြစ်ကြောင်း၊ မဏိပူရပြည်နယ်ရှိ နယ်စပ်မှတ်တိုင်အမှတ် ၃၂ မှ ၁၃၀ အထိ စုစုပေါင်း အိန္ဒိယ-မြန်မာနယ်စပ်အရှည် ၃၉၈ ကီလိုမီတာရှိရာ လက်ရှိအချိန်အထိ ၅၅ ကီလိုမီတာကို ခြံစည်းရိုး ကာရံပြီးစီးထားကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့် လုပ်ငန်းတိုးတက်မှု နှောင့်နှေးနေကြောင်း၊ ကျန် နယ်စပ်တလျှောက်လုံးကို ၂၀၂၈ ခုနှစ်အတွင်း အပြီးသတ်ကာရံသွားရန် ရည်မှန်းထားကြောင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်မြေအလဲအလှယ်ပြုလုပ်မည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍မူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မဏိပူရပြည်နယ်အစိုးရထံ မည်သည့် သတင်းအချက်အလက်မျှ ပေးပို့ထားခြင်းမရှိဟု ပြန်လည်ဖြေကြားသွားကြောင်း သိရ။ - ယမန်နေ့က ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်ရန် ကြိုးပမ်းခဲ့သော စစ်တပ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းအဖွဲ့များက အပြင်းအထန် တိုက်ခိုက်ခဲ့ရာ စစ်တပ် တိုက်ခိုက်ရေးသင်္ဘော ၁ စီး စစ်ခွေးများနှင့်အတူ နစ်မြုပ်သွားပြီး အခြားသင်္ဘော အနည်းဆုံး ၂စီး ထိခိုက်ပျက်စီးပြီး အခြား ၂ စီးမှာလည်း ကမ်းကပ် အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရသဖြင့် စစ်တပ်က ရွှေကူနယ်နှင့် ဗန်းမော်နယ်တို့ကို လေကြောင်းမှ တနေကုန် မရပ်မနားတမ်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်သင်္ဘော ၂ စီးမှ ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၁၈၀ ကျော်ခန့်ရှိပြီး ၎င်းတို့ကို တော်လှန်ရေးအဖွဲ့များက ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ ယနေ့ စစ်တပ်လော်ဘီများက ဗန်းမော်မြို့သို့ ၎င်းတို့၏ ရေယာဉ်အုပ်စု ဆိုက်ရောက်လာပြီဖြစ်ကြောင်း ကြွေးကြော်အောင်ပွဲခံနေကြသော်လည်း ၎င်းတို့ ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံများအရ တွန်းတွဲသင်္ဘော ၄ စီးနှင့် တိုက်ခိုက်ရေးသင်္ဘောငယ် ၁ စီးတို့သာ ဗန်းမော်မြို့သို့ ရောက်ရှိဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရ၊ မိမိတို့ သတင်းစုဗူး၏ မှတ်တမ်းများအရ ဩဂုတ်လ ၂၁ ရက်နေ့ မန္တလေးမြို့ ဂေါဝိန်ဆိပ်မှ စတင်ထွက်ခွာစဉ်က စစ်တပ်၏ ရေယာဉ်မျိုးစုံ အရေအတွက်မှာ အနည်းဆုံး ၁၄ စီးရှိခဲ့ရာ လမ်းခရီးတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ရေယာဉ်မျိုးစုံ အနည်းဆုံး ၉ စီးခန့် ပျက်စီး နစ်မြုပ် ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။ - ယမန်နေ့ နေ့လယ်ပိုင်းက တီးတိန်နယ် သိုင်းငင်းဘက်မှ တီးတိန်မြို့ဘက်သို့ မောင်းနှင်လာသော စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက တီးတိန်မြို့အဝင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ ထွက်လာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေးတပ်ကြပ် ၁ ကောင် သေဆုံးပြီး အခြားစစ်ခွေး ၁ ကောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရ။ - ဩဂုတ် ၃၀ ရက်နေ့မှစ၍ တီးတိန်နယ် ခိုင်ကမ်းမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ကွဲချောင်းရေ ရေကြီးရေလျှံမှုဖြစ်ပွား၊ ချောင်းရေတိုက်စားမှုကြောင့် ဘုရားကျောင်း အပါအဝင် နေအိမ်အချို့ ရေစီးအတွင်း မျောပါပျက်စီး၊ ထို့ပြင် ခိုင်ကမ်းမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်ခဲ့သဖြင့် ဒေသခံများ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း၊ အလားတူ တီးတိန်နယ်၊ ကိမ်လိုင်ကျေးရွာတွင်လည်း နတ်တံခါး ချောင်းရေ ရေကြီးရေလျှံမှုဖြစ်ပွားကာ လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့သဖြင့် ကျေးရွာ ၃ ရွာကြား ဆက်သွယ်ထားသည့် လမ်းကြောင်းအချို့ ပြတ်တောက်လျက်ရှိကြောင်း သိရ။ - စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကလေးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့၏ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသအများစုတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိ၊ ယမန်နေ့က ကလေးမြို့မြောက်ပိုင်းရှိ ဖောင်ကူးရွာဘက်တွင် ရေစတင်နစ်မြုပ်ခဲ့ပြီး ကျည်ကုန်းရွာဘက်တွင်လည်း လမ်းပေါ်သို့ ရေအများအပြား ဝင်ရောက်လာသည့်အတွက် သွားလာ၍ မရတော့ကြောင်း၊ ထို့ပြင် စစ်ခွေးဂိတ်ရှိရာ မြို့ပြင် မြောက်ဘက်အထိ ရေဝင်ရောက်နေပြီး တမူးဘက်သို့ သွားသည့် ကွင်းလမ်းနှင့် ကလေးဝဘက်သို့ သွားသည့် ကျည်ကုန်းလမ်းရှိ အနိမ့်ပိုင်းနေရာများတွင်လည်း ရေမြုပ်နေကြောင်း၊ ကလေးမြို့တောင်ပိုင်း ဇင်းကလင်းတံတား ဘေးဘက်ရှိ မြေသားများ ပြိုကျသွားသည့်အတွက် လမ်းပိတ်ထားရပြီး ကူးသန်းသွားလာ၍ မရတော့ကြောင်း၊ ထို့ပြင် ကလေးမြို့ အနိမ့်ပိုင်းတွင်ရှိသော မြို့သာရပ်ကွက်၊ ဇင်းကလေးကျေးရွာနှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့တွင်လည်း ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရ။   - စက်တင်ဘာလ ၁ ရက်​နေ့ ညပိုင်းမှစတင်၍ ပဲခူးမြို့တွင် ပဲခူးမြစ်​ရေ မြင့်တက်လာခြင်း​​ကြောင့် စာသင်ကျောင်း ၁၃ ကျောင်း ယာယီပိတ်ထားရပြီး ယ​နေ့တွင်လည်း ​ရေ ဆက်လက် မြင့်တက်လာနေကြောင်း၊ ပဲခူးမြစ်​ရေ​ မြင့်တက်လာမှုကြောင့် ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ၊ မြို့သစ်၊ မဇင်း၊ ဇိုင်းတောင်နှင့် မဟာမြိုင်ရပ်ကွက်ကတို့ ​​ရေမြှုပ်​နေကြောင်း၊ ယနေ့မနက်ပိုင်းအချိန် တိုင်းထွာချက်များအရလည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ဆက်လက်ရှိနေသေးကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ညောင်တုန်းမြို့နယ်၊ ချောင်းဖျားရွာရှိ ညောင်တုန်းကျွန်းတာ၏ ဧရာဝတီမြစ်ခွဲဘက် တာမိုင် ၁၁/၅ နှင့် ၁၁/၆ ကြားတွင် မြေသားတာ အက်ရာထင်လာပြီး အိကျမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မြေသားတာအက်ရာဖြစ်ပွားသည့်နေရာမှာ အကျယ် ၁၀ ပေခန့်ရှိပြီး လက်ရှိတွင် မိုးများစွာရွာသွန်းနေခြင်းနှင့် ရေတိုးလာခြင်းတို့ကြောင့် မြေသားတာ၏ ကြံ့ခိုင်မှုအခြေအနေမှ စိုးရိမ်ရကြောင်း၊ အဆိုပါနေရာကို အကုသိုလ်ကောင် မင်းအောင်လှိုင် ဩဂုတ်လ ၂၉ ရက်နေ့တွင် လာရောက်ခဲ့ပြီးနောက် တာပြိုကျမှုအခြေအနေမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ပြီး နေညမပြတ် စောင့်ကြည့်နေကြရကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက လေးမျက်နှာနယ် ထိန်ငူရွာအနီးရှိ ပထမအကြိမ်နှင့် မတူညီသော အခြားနေရာတစ်ခုတွင် ငဝန်မြစ် ရေကာတာ တာ အိဆင်းပြိုကျမှု ထပ်မံဖြစ်ပွား၊ သဲအိတ်ဖို့ခြင်းနှင့် ဝါးတုတ်ရိုက်ခြင်းစသည့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရ၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာမှာ နေရာ ၂ ခုတွင် ပြိုကျနေခြင်းဖြစ်​ပြီး မူလက မိုင်တိုင်အမှတ် ၂၅/၃ နေရာတွင် တာနိမ့်ကျကျိုးပေါက်ပြီးနောက် ယခုအခါ မိုင်တိုင်အမှတ် ၂၀ တွင် ထပ်မံ၍ ပြိုကျလာခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းတွင် လတ်တလော မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြစ်ကမ်းပါးနှင့် ရေကာတာများ၏ ကြံ့ခိုင်မှုအခြေအနေကို စိုးရိမ်နေရပြီး ရေဘေးဒဏ် အဆိုးရွားဆုံးခံစားနေရသည့် လေးမျက်နှာ၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်များတွင် ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရ။ - ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ပြင်းထန်သည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိစေရေးအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မိတ်ဖက်အဖွဲ့အစည်းများအတွက် အခမဲ့ အရေးပေါ်ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်နေ၊ WFP အနေဖြင့် ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးယာဉ်ယန္တရားများနှင့် ပို့ဆောင်ရေးလမ်းကြောင်းများကို လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများ အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းဖြင့် ရေဘေးသင့်ဒေသများသို့ အသက်ကယ်ဆယ်ရေးအကူအညီများ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်ရေး ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကို ရေဘေးဒဏ် အဆိုးရွားဆုံးခံစားနေရသည့် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် ငသိုင်းချောင်းဒေသများတွင် ကနဦး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များအပေါ်မူတည်၍ အခြားရေဘေးသင့်ဒေသများသို့လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တချိန်တည်းတွင်ပင် WFP က စစ်ကိုင်းတိုင်းတွင်လည်း အရေးပေါ်စားနပ်ရိက္ခာ တုံ့ပြန်ကူညီရေးလုပ်ငန်းများကို တပြိုင်နက်တည်း စတင်ဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်အထိ WFP က ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၁၅,၀၀၀ ထံသို့ အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
428
10
Daily Highlight 3 Sep 2 (11:20 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဒီပဲယင်းနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (မှတ်ချက်။ ယမန်နေ့က တိုက်ခိုက်ခြင်း။) - ဖားဆောင်းနယ် မော်ချီးဒေသ ၂ကြိမ် (Source: CJ) (မှတ်ချက်။ ယမန်နေ့က တိုက်ခိုက်ခြင်း။) - မြဝတီနယ် ၂ကြိမ် (မှတ်ချက်။ ယမန်နေ့က တိုက်ခိုက်ခြင်း။) - ရွှေကူ၊ ရွှေကူ/ဗန်းမော်အစပ်၊ ဗန်းမော်နယ်များ ၃၈ကြိမ် - မုံရွာ/ချောင်းဦးနယ်အစပ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - စစ်ကိုင်းနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
485
11
Daily Highlight 2 Sep 2 (11:20 PM) - ဩဂုတ်လ ၂၈ ရက်နေ့က ပဲခူးတိုင်း ထန်းတပင်နယ်၊ ဘုမ္မတီးရွာ စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေး ၁၄ ကောင် သေဆုံးပြီး ၄ ကောင် ဒဏ်ရာရ၊ အသာစီးမှ တိုက်ခိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များမှာ ခဲယမ်းအင်အား အကန့်အသတ်ရှိနေသဖြင့် စခန်းကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရ။ - ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ညောင်တုန်းနယ် ချောင်းဖျားရွာအနီး ညောင်တုန်းကျွန်းတာမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါနေရာသို့ ဩဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် ဂြိုဟ်ကောင်မင်းအောင်လှိုင် လာရောက် နှမ်းဖြူးခဲ့ကြောင်း၊ ထို့နောက် ဂြိုဟ်ကောင်မင်းအောင်လှိုင်၏ ထုံးစံအတိုင်း ၎င်းလာရောက်ပြီးနောက်တစ်ရက် ဩဂုတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် မြေသားတာ ပြိုကျမှုမှာ ပိုမိုဆိုးရွားလာကြောင်း၊ သို့ရာတွင် စစ်တပ်က ထိုသို့ တာပြိုကျမှုကို သတင်းဖုံးဖိထားပြီး ဓာတ်ပုံ ရုပ်သံများ မရိုက်ကူးရန်၊ လူမှုကွန်ယက်ပေါ်သို့ မတင်ရန် တားမြစ်ပိတ်ပင်နေကြောင်း၊ ထို့ပြင် မြေသားတာပြိုကျမှုကို ပြုပြင်ရန်နှင့် ကာကွယ်ရန်အတွက် အစိုးရအလွန်လုပ်ချင်နေသော ခွေးသူခိုးစစ်ခွေးများက ဒုက္ခရောက်နေသော ပြည်သူများထံမှ ပီနန်အိတ်များ လိုက်လံအလှူခံနေကြောင်း၊ ထို့ပြင် တာပြုပြင်ရေးလုပ်ငန်းများတွင်လည်း ပြည်သူများ တစ်အိမ်တစ်ယောက် မလာမနေရ အဓမ္မ လုပ်အားပေးနေရကြောင်း သိရ။ - ကနီနယ် မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝ ကားလမ်းတဝိုက် စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းက ဧပြီလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျေးရွာပေါင်း ၃၅ ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်ထက်မနည်း ပြုလုပ်၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရ၊  ထို့ပြင် စစ်ခွေးများက စိတ်ကျန်းမာရေးမကောင်းမွန်သူ ၃ ဦး၊ အသက် ၇၈ နှစ်အရွယ် အဘိုးအို ၁ ဦး အပါအဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ထို့ပြင် စစ်ခွေးများက အလွန်တရာ ယုတ်မာစွာဖြင့် ပြည်သူများ၏ နေအိမ်များအတွင်း မိုင်းများထောင်ထားခဲ့ရာ နေအိမ်အတွင်း ပြန်လည်ဝင်ရောက်သော ပြည်သူများ မိုင်းနင်းမိပြီး အမျိုးသား ၂ ဦး သေဆုံး၊ ထို့ပြင် စစ်ခွေးများက နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၈၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်-အောင်လံ လမ်းပိုင်းပေါ်ရှိ ငါးပြင်းရွာအနီးတွင် ကပစ-၇ မှ ဗိုလ်မှူး ၁ ကောင် လိုက်ပါလာသော အိမ်စီးကား ၂ စီးကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ သို့ရာတွင် အဆိုပါကား ၂ စီးအနီးတွင် အရပ်သားကားများ ရှိနေသဖြင့် ၁ စီးကိုသာ ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ခဲ့ရပြီး အခြား ၁ စီးမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ထို့ပြင် မိုင်းဆွဲပြီးနောက် နောက်ဆက်တွဲ ပစ်ခတ်မှုများလည်း မပြုလုပ်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တော်လှန်ရေးအဖွဲ့များက ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ခဲ့သဖြင့် စစ်ခွေးလိုက်ပါလာသော ကားမှာ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ဖားဆောင်းနယ် မော်ချီးမြို့ ဆုတောင်းတောင် ကျောက်ကြားရပ် ကွက်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ၊ ထို့ပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ၎င်းတို့၏ မူဝါဒများနှင့် စစ်ဘက်ဆိုင်ရာဥပဒေများ လိုက်နာမှု တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုလက်ခံယုံကြည်လာစေရန် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ လိုက်နာကျင့်သုံးနေမှုကို နိုင်ငံတကာမှ စောင့်ကြည့်အကဲဖြတ်နိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့က ကရင်နီပြည် ကျင်းပခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ပထမအကြိမ် ညီလာခံမှ ထုတ်ပြန်သော ထုတ်ပြန်ချက်နှင့် နိုင်ငံရေးအစီရင်ခံစာတွင် ဖော်ပြထား၊ ထို့ပြင် KNDF က ကရင်နီပြည်အတွင်း လူမျိုးပေါင်းစုံ ညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် အများဆန္ဒအပေါ်အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ရေး ပေါ်ပေါက်လာစေရန်အတွက် KNDF ၏ နိုင်ငံရေးမူဝါဒကို ဗဟိုပြုကာ ကရင်နီပြည်အတွင်းရှိ အခြားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ အရပ်သားပါတီနိုင်ငံရေးအင်အားစုများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကရင်နီပြည်တွင် ညီညွတ်သောအစိုးရတစ်ရပ်နှင့်အတူ ပြည်နယ်တပ်တစ်ခုတည်း ပေါ်ပေါက်လာရေးကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားကြောင်း သိရ။ - ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ပျူခွေးခေါင်းဆောင် ထွန်းဝင်းနှင့် မယားဖြစ်သူတို့ကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ကောင်လုံး သေဆုံး၊ ထွန်းဝင်းထံမှ ပစ္စတိုသေနတ် ၁ လက်၊ ဆက်စပ်ခဲယမ်းပစ္စည်းအချို့နှင့် အခြားပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ နယ်မြေအခြေအနေအရ နောက်ကျပြီးမှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရ။ - ပဲခူးမြို့တွင် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ရေ စတင်ဝင်ရောက်နေ၊ ပဲခူး-ရန်ကုန်ကားလမ်းပေါ်အထိ ရေကျော်နေကြောင်း၊ ထိုသို့ ရေကျော်မှုမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းလာခြင်းနှင့် ဇောင်းတူချောင်းဖျားဆည် ရေပြည့်လာသဖြင့် ဆည်ရေ လွှတ်ချခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် ကလျာဏီရပ်ကွက် နယ်မြေ (၄)၊ (၆) နှင့် (၁၆)၊ မြို့သစ်ရပ်ကွက်၊ မဇင်း၊ ဇိုင်းတောင်နှင့် မဟာမြိုင်ရပ်ကွက်များအပြင် မင်္ဂလာလမ်းမ၊ ကွက်သစ်လမ်း၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းပိုင်းများတွင် ရေဝင်ရောက်နေကြောင်း၊ သို့ရာတွင် ဒေသခံ အများစုမှာမူ ၎င်းတို့ဒေသမှာ နှစ်စဉ်ရေတက်လေ့ရှိသောဒေသဖြစ်သဖြင့် လက်ရှိအချိန်အထိ နေအိမ်များမှ ပြောင်းရွှေ့မှုများ မပြုလုပ်ကြသေးကြောင်း သိရ။ - လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် စတင်ဖြစ်ပွားခဲ့သည့် ရေဘေးအခြေအနေမှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း ရေနစ်မြှုပ်နေဆဲ ကျေးရွာအများအပြားရှိနေပြီး ရေဘေးသင့် ကျေးရွာများလည်း ထပ်မံတိုးလာနေကြောင်း၊ အချို့ ဒေသများတွင် ရေအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း ရေစီးဆင်းရာလမ်းကြောင်းတလျှောက်ရှိ ကျေးရွာများတွင် ရေထပ်မံဝင်ရောက်လာနေသဖြင့် ရေနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း၊ လက်ရှိအချိန်တွင် အလှူရှင်လာရောက်မှု အလွန်နည်းပါးသွားသဖြင့် ရေဘေးဒုက္ခသည်များမှာ အစားအစာ၊ သောက်ရေသန့်နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရ။ - ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်း​နေမှုကြောင့် ကျောင်းကုန်းနယ်တွင်လည်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအများအပြား ရေဝင်နစ်မြှုပ်ခဲ့ပြီး ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းနေရ၊ ကျောင်းကုန်းမြို့ပေါ်ရှိ အမှတ် (၁) နှင့် အမှတ် (၅) ရပ်ကွက်များအပါအဝင် ရပ်ကွက်စုစုပေါင်း ၅ ခု၊ မကျည်းပင်ကွင်းရွာအပါအဝင် ကျေးရွာအုပ်စု ၅ ခုမှ ကျေးရွာ ၁၇ ရွာ ရေဝင်နစ်မြှုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြောင်းရွှေ့နေရသူများကို ဥယျာဉ်ကြီးကျောင်း၊ ရတနာပုံရိပ်သာနှင့် ဆုတောင်းပြည့်ဘုရားနေရာများတွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ နေရာချထားပေးနေရကြောင်း သိရ။ - ဇူလိုင်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အတွင်း မော်လိုက်ခရိုင်၊ ချင်းတွင်းမြစ်ကြောင်းတွင် အစုန်အဆန် လုပ်ဆောင်ခဲ့သော စစ်တပ်သင်္ဘော ၂၈ စီးကို တော်လှန်ရေးအဖွဲ့များက “မိချောင်း” စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ခွေးအရာရှိများ၊ တပ်သားများ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းများအပါအဝင် စုစုပေါင်း ထိခိုက်သေဆုံးမှု ၂၃ ကောင် ရှိကြောင်း၊ ထို့ပြင် စစ်သင်္ဘော ၁ စီးကို နှစ်မြှုပ်နိုင်ခဲ့ပြီး ၅ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
436
12
Daily Highlight 1 Sep 2 (11:20 PM) - ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ရွှေကူနယ် ဇင်းဘုံဒေသရှိ စစ်တပ်၏ လုံခြုံရေးစခန်းကုန်းများကို KIA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်၊ တိုက်ပွဲများအတွင်း ဗိုလ်ကြီး ၁ ကောင်အပါအဝင် စစ်ခွေး ၁၀ ကောင်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရ၊ စစ်တပ်က ခွေးသေခွေးနာများကို စက်လှေများ​ဖြင့် ရွှေကူမြို့ဘက်သို့ သယ်ဆောင်သွား၊ မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်တပ်က လေကြောင်းမှ အချိန်ပြည့်နီးပါး အလွန်အကျွံ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရ။ - ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်တပ်သင်္ဘောအုပ်စုမှာ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းနေ၊ KIA ပူးပေါင်းအဖွဲ့များက ဆက်တိုက် တိုက်ခိုက်နေသဖြင့် ရှေ့ဆက်မတက်နိုင်ဘဲ ရပ်တန့်နေခဲ့ရာမှ ယနေ့ မနက်အစောပိုင်းတွင် ဇင်းဘုံအောက်ဘက်တွင် ရပ်နားထားသော စစ်သင်္ဘောများ အထက်ဘက်သို့ ဆက်လက်ဆန်တက်နိုင်ရန် စတင်လှုပ်ရှားလာ၊ အဆိုပါ စစ်သင်္ဘောများ ဆန်တက်နိုင်ရန်အတွက် စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲပြီး လမ်းကြောင်းရှင်းပေးနေ၊ ယမန်နေ့ မနက်အစောပိုင်းမှ ညပိုင်းအထိ ရွှေကူနယ်နှင့် ဗန်းမော်နယ်တို့ကို လေကြောင်းမှ  အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေပြီး ဝေဟင် လေကြောင်းကင်းထောက်ဌာန၏ မှတ်တမ်းများအရ ယမန်နေ့တစ်ရက်တည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ထက်မနည်း ပြုလုပ်၊ တဆက်တည်းတွင်ပင် ကသာမြို့နှင့် ရွှေကူမြို့အကြားတွင် KIA မှ သိမ်းဆည်းရရှိထားသော စစ်တပ်သင်္ဘော ၁စီးကိုလည်း KIA က ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းမှစတင်ပြီး ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်လာသော စစ်တပ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ မနက်ပိုင်းတွင်ပင် စစ်တပ်၏ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ရွှေကူနယ် ဇင်းဘုံဒေသအနီးတွင် နစ်မြုပ်သွားပြီး အခြားသင်္ဘော ၁ စီးလည်း မီးလောင်ခဲ့ကြောင်း၊ ထို့ပြင် စင်းခန်းရွာအနီးတွင်လည်း ဆက်လက်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁စီး မီးလောင်ပျက်စီးပြီး အခြား ၁ စီးမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် သင်္ဘော ၂ စီးမှာလည်း ကမ်းတွင် ကပ်ပြီး အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ရာ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ စစ်တပ်ကလည်း တံတားဦးလေတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာများအကြား မိုးသည်းထန်စွာ ရွာသွန်းနေလျက်နှင့်ပင် လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရ။ - ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မလှိုင်နယ် ဒဟန်းတန်းရွာနှင့် လဲတောရွာကြားရှိ ကျောင်းအိုကြီးဘုရားအနီးဝန်းကျင်ကို စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် ဘိစပ်ကုန်းရွာ အနောက်ဘက်ရှိ ဆည်ဘောင်အနီးကိုလည်း ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကံကောင်းစွာဖြင့် အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ဝက်လက်နယ်အတွင်းရှိ ကျွေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၎င်းတို့ စိုးမိုးနယ်မြေများရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် စာသင်ခန်းများတွင် အကြမ်းဖက်စစ်ခေါင်းဆောင် ခွေးသူခိုးမင်းအောင်လှိုင်၏ (မတန်မရာ) ရွှေစလွယ်လွယ်ထားသော ဓာတ်ပုံများကို မှန်ဘောင်သွင်း၍ စနစ်တကျ ချိတ်ဆွဲထားရန် ညွှန်ကြားချက်ထုတ်ပြန်၊ အဆိုပါ ညွှန်ကြားချက်အရ မြို့နယ်ပညာရေးမှူးရုံးများက အလျား ၁ ပေနှင့် အနံ ၂ ပေရှိ မင်းအောင် လှိုင်၏ ရွှေစလွယ်ဝတ် ဓာတ်ပုံများကို ထုတ်ပေးခဲ့သော်လည်း မှန်ဘောင်များ ထုတ်ပေးခြင်းမရှိဘဲ ကျောင်းများအနေဖြင့် မိမိတို့၏ အစီအစဉ်ဖြင့်သာ မှန်ဘောင်များကို ဝယ်ယူချိတ်ဆွဲရမည်ဖြစ်ကြောင်း၊ လက်ရှိ ဓာတ်ပုံမှန်ဘောင်ဆိုင်အများစုတွင် ကျောင်းများ တက္ကသိုလ်များ၏ မှန်ဘောင် စုပြုံဝယ်ယူမှုကြောင့် ပစ္စည်းများ ပြတ်လပ်နေကြောင်း သိရ။ (အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ 😂) - ဩဂုတ်လ ၃၁ ရက်နေ့ မနက်အစောပိုင်းက မလှိုင်နယ် ထမ္မကြီးရွာ ရွာလယ်နတ်စင်အနီးတွင် စစ်တပ်ခန့် အုပ်ကြီး ပျူခွေးခေါင်းဆောင် စိုးလင်းထိုက်နှင့် အပေါင်းအပါများ စုဝေးနေစဉ် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်၊ စိုးလင်းထက်အပါအဝင် ၁၂ ဦး သေဆုံး၊ သေဆုံးသူအားလုံးမှာ ပျူခွေးအဖွဲ့မှ ခေါင်းဆောင်ပိုင်းများနှင့် အဖွဲ့ဝင်များဖြစ်ကြသော်လည်း စစ်တပ်လော်ဘီများကမူ အရပ်သားများအဖြစ် လိမ်လည်ပုံဖော် ဝါဒဖြန့်နေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သော Guardians Of Mahlaing အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရ။ - ဩဂုတ်လ ၃၀ ရက်နေ့က ဆောမြို့နယ်အတွင်း လှည့်လည်နေသော စစ်တပ်စစ်ကြောင်းက မင်းလယ်ရွာဘက်မှတဆင့် လမ်းတွင်တွေ့သမျှ ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး သီးကုန်းရွာအတွင်းသို့ ဝင်ရောက်လာ၊ သီးကုန်းရွာမှ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သည့် ပြည်သူအချို့ကိုပါ ထပ်မံဖမ်းဆီးခဲ့ရာ စုစုပေါင်း ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံထားရ၊ ယခု သတင်းရရှိချိန်အထိ အဆိုပါ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်း မရှိသေး၊ ထို့ပြင် စစ်တပ်က ဆောမြို့ပေါ်တွင် အင်အားထပ်မံစုဖွဲ့ပြီး မြို့တောင်ဘက်ရှိ မင်းလယ်ရွာနှင့် ရင်းခေါ်ကျေးရွာတို့ဘက်သို့ ထပ်မံစစ်ကြောင်းထိုးကာ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရ။ - ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက မြိုင်မြို့နယ် တဲကြီးရွာတွင် ရောက်ရှိနေသော စစ်ခွေးများက ပေါက်မြို့နယ်၊ နယ်သတ်ရွာသို့ ဝင်ရောက်ပြီး နေအိမ် ၃ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးကာ တဲကြီးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ပြီး ချောင်းဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းက ယမန်နေ့က ရွှေဒါးကျရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ စစ်ခွေးများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရ၊ ထို့ပြင် စစ်ခွေးများက ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကျီကုန်းအရှေ့ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ကလည်း ခင်မွန်ရွာနှင့် ကျီးကုန်းအရှေ့ရွာအကြားတွင် တွေ့ရှိသမျှ ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ကျီကုန်းရွာနှင့် အနီးတဝိုက်ကို စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ စစ်ခွေးစစ်ကြောင်းကြောင့် ချောင်းဦးနယ်အတွင်းရှိ ကျေးရွာများအပြင် မုံရွာနယ် အနောက်တောင်ခြမ်းရှိ ကျေးရွာအချို့မှ ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ -  ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက မကွေးနယ် ကြာကန်ရွာနှင့် ပုဂံမျှော်ရွာအကြား မကွေး-နတ်မောက်လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ အရာခံဗိုလ် ၁ ကောင် အပါအဝင် စစ်ခွေး ၅ ကောင် သေဆုံး၊ ၁ ကောင် ဒဏ်ရာအပြင်းအထန်ရပြီး ကား ၁စီးလည်း ပျက်စီး၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာအနည်းငယ်ရ၊ ထို့ပြင် တော်လှန်ရေးအဖွဲ့များက စစ်ခွေး ပျူခွေးများ ပူးပေါင်းတပ်စွဲထားသော ပုဂံမျှော် ဂိတ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင်မူ စစ်ခွေး ပျူခွေးများ ထိခိုက်မှု ရှိမရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
418
13
Daily Highlight 1 Sep1 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၃၁ကြိမ်ထက်မနည်း - ခင်ဦးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ချောင်းဦးနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဒီပဲယင်းနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရွှေကူ/ဗန်းမော်နယ်အစပ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
664
14
Daily Highlight 2 Aug 31 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၂၃ကြိမ်ထက်မနည်း - မလှိုင်နယ် ၃ကြိမ် - ဝက်လက်နယ် ၁ကြိမ် - ချောင်းဦးနယ် ၅ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဒီပဲယင်းနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
639
15
Daily Highlight 1 Aug 31 (11:55 PM) - ယမန်နေ့က ရွှေကူနယ်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12၊ L-410 E20 လေယာဉ်များအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ထက်မနည်း ပြုလုပ်၊ အထူးသဖြင့် ညနေပိုင်းနှင့် ညပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့၊ တချိန်တည်းတွင်ပင် ဧရာဝတီမြစ်အတွင်း စစ်တပ်ရေယာဉ်အုပ်စုနှင့်  KIA ပူးပေါင်းအဖွဲ့များအကြား ရေကြောင်းစစ်ရေးတိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေ၊ KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်သင်္ဘော ၄ စီးထက်မနည်း ထိခိုက်ပျက်စီးပြီး လုံးဝမောင်းနှင်၍ မရတော့သဖြင့် စွန်ပစ်ခဲ့ရသော သင်္ဘော ၁စီးကို KIA က သိမ်းဆည်းရရှိ၊ ထို့ပြင် ယမန်နေ့ ညနေပိုင်းက ရွှေကူနယ် Hka Gyip အောက်ဘက် ဇင်းဘုန်း (Zin Bung) ဒေသရှိ သင်္ဘောလုံခြုံရေး ကြည်းတပ်စစ်ကြောင်းနှင့် အထိုင်စခန်းတို့ကိုလည်း KIA ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်ခွေးများ ထိခိုက်သေဆုံးမှု အလွန်များပြား၊ အဆိုပါနေရာမှာ ဧရာဝတီမြစ်အတွင်း စစ်ရေယာဉ်များ သွားလာရေးအတွက် မဟာဗျူဟာကျသော နေရာတစ်ခုဖြစ်သည့်အတွက် စစ်တပ်က ယနေ့တွင် လေကြောင်း လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းအဖွဲ့များက ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ရာ စစ်ခွေးများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ လက်ရှိအချိန်အထိ ရွှေကူနယ် ဇင်းဘုန်းဒေသတဝိုက် စစ်ရေးတင်းမာမှု အလွန်မြင့်တက်နေကြောင်း သိရ။ - ယခုလ နောက်ဆုံးအပတ်အတွင်း ဒီမောဆိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ D.M.O ဗဟိုကော်မတီက မြေပြင်ရှိ တပ်ရင်း၊ တပ်ဖွဲ့များထံသို့ တိုက်ရိုက်ကွင်းဆင်းတွေ့ဆုံ၍ စစ်ရေးနှင့် နိုင်ငံရေးလမ်းညွှန်မှုများကို ဒုတိယအကြိမ် ပေးအပ်ခဲ့ရာတွင် တော်လှန်ရေး၏ ရှေ့ဆက်မည့် ရည်မှန်းချက်နှင့် မဟာဗျူဟာများကိုပါ ထုတ်ပြန်ပြောကြား၊ D.M.O PDF အနေဖြင့် “အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး” ကို အဓိကပန်းတိုင် အဖြစ် ဆက်လက်ကိုင်စွဲထားကြောင်း၊ လက်တလောတွင် “စစ်အနိုင်တိုက်ရေး” သည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး စစ်အာဏာရှင်တပ်ဖွဲ့ကို အပြီးသတ် အလဲထိုးချေမှုန်းနိုင်ရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးဗျူဟာများကို အပြန်အလှန်ချိတ်ဆက်ပေါင်းစပ်ကာ မယိမ်းမယိုင်သည့် သံမဏိစိတ်ဓာတ်ဖြင့် ပြည်သူလူထုနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိ၊ မြေပြင်တွေ့ဆုံမှုများအတွင်း တပ်တွင်းစည်းလုံးညီညွတ်ရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် စစ်ရေးနှင့် နိုင်ငံရေးမဟာဗျူဟာများကို ဆွေးနွေးလမ်းညွှန်ခဲ့သည့်အပြင် မြေပြင်ရဲဘော်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုလည်း တိုက်ရိုက်ကြားနာခဲ့ကြောင်း DMO PDF ၏ ထုတ်ပြန်ချက်အရ သိရ။ - ယမန်နေ့မှစတင်ပြီး တနင်္သာရီမြို့တွင် အန္တရာယ်ရေမှတ်ထက် ကျော်လွန်ခဲ့သော တနင်္သာရီမြစ်ရေမှာ ယနေ့ မနက်ပိုင်းတွင်လည်း ဆက်လက်မြင့်တက်လာနေပြီး အန္တရာယ်ရေမှတ် အထက် ၁ ပေခွဲကျော်အထိ ရောက်ရှိလာ၊ မြို့ပေါ်နေပြည်သူအားလုံးနီးပါး ကုန်းမြင့်နေရာများသို့ ဆက်လက်ပြောင်းရွှေ့နေရ၊ ထို့ပြင် တနင်္သာရီနယ်အတွင်းရှိ မြစ်ကြောင်းတလျှောက် ကျေးရွာများအပါအဝင် အနိမ့်ပိုင်းကျေးရွာ ၃၀ နီးပါးမှ ထောင်နှင့်ချီသော ပြည်သူများမှာလည်း ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း၊ မြိတ်-တနင်္သာရီ-ကော့သောင်း လမ်းပိုင်းပေါ်ရှိ လယ်တောင်ယာရွာအနီး လမ်းမပေါ်တွင်လည်း ရေအမြင့် ၅ ပေခန့်အထိ ဆက်လက်မြင့်တက်လာပြီး ခရီးသည်တင်ကားများအပြင် ကုန်ကားများပါ သွားမရတော့ဘဲ ဆက်လက်ပိတ်မိနေကြောင်း၊ တနင်္သာရီ-မြိတ်လမ်းပိုင်းတွင်လည်း အော်ကြီးရွာအနီး လမ်းမပေါ်တွင် ရေအမြင့် ၂ ပေကျော်၊ ဥယျာဉ်ကွင်းရွာအနီး လမ်းမပေါ်တွင် ရေအမြင့် ၂ ပေကျော်အထိ ဆက်လက်မြင့်တက်လာပြီး ရေစီးကြမ်းနေသဖြင့် အိမ်စီးကားများနှင့် ကုန်ကားများ ဖြတ်သန်းနိုင်ခြင်းမရှိတော့ကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက မင်းတပ်နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ မူလတန်းကျောင်းသား ၂ ဦး၊ နဝမတန်းကျောင်းသူ ၁ ဦး၊ စစ်ဘေးရှောင် ပြည်သူ ၂ ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့ မနက်အစောပိုင်းမှစတင်ပြီး ယနေ့အထိ တောင်ငူနယ် အမြန်လမ်းအနီးဝန်းကျင်ရှိ ဝက်ခေါက်စိန်အုပ်စု၊ ကညင်မြောင်အုပ်စုနှင့် စပါးကြွယ်အုပ်စုတို့အတွင်းရှိ မြပင်ကူးရွာ၊ ကညင်မြောင်ရွာ၊ သရက်ပင်ကုန်းရွာနှင့် ဖောင်ဆိပ်ရွာတို့အပါအဝင် ကျေးရွာများဘက်သို့ ကျေးရွာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်နေ၊ အဆိုပါစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားနေပြီး တော်လှန်ရေးအဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၅ မှ ၁၅၂ အတွင်း ဖြတ်သန်းသွားလာမည့် ပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ပြီး မုံရွာ နမခမှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ချောင်းဦးနယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ခင်မွန်ရွာမှစတင်ကာ စစ်ကြောင်းထိုး၊ ယမန်နေ့နှင့် ယနေ့တို့တွင် အဆိုပါစစ်ကြောင်းက ဒရုန်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျီကုန်းရွာမှ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ လက်တလော ဒေသတွင်းအခြေအနေများကြောင့် တော်လှန်ရေးအဖွဲ့များက ခင်မွန်-ရွေဒါးကျ လမ်းပိုင်းကို ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် ယာယီပိတ်ပင်ထားကြောင်း သိရ။ - ဩဂုတ် ၂၄ရက်နေ့က မြိတ်မြို့နယ် တုံးဗျောရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေးများ ထွက်ပြေးသွားကြသဖြင့် လက်နက် ၄လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဩဂုတ်လ ၂၇ ရက်နေ့တွင် မဇောကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ငါးရပ်အင်းရွာမှ အမျိုးသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ ထို့ပြင် တုံးဗျောရွာမှ နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီး၊ ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း ရေခမ်းချောင်းရွာမှ နေအိမ် ၁ လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီး၊ လက်ရှိတွင် စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်းရှိ ငါးရပ်အင်း၊ တုံးဗျော၊ ရေခမ်းချောင်းနှင့် ဒူးကျိုးရွာတို့ကို အဓမ္မ စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း သိရ။ - သြဂုတ်လ ၂၁ရက်နေ့က မြောင်မြို့နယ် ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့မှုတွင် ဒဏ်ရာရရှိထားသူများအနက်မှ လူငယ်အမျိုးသား ၁ ဦး ဩဂုတ်လ ၂၉ ရက်နေ့တွင် ထပ်မံသေဆုံးသွားသဖြင့် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးသူ ၁၆ ဦး အထိရှိလာ၊ ထို့ပြင် အခြား ဒဏ်ရာရရှိထားသူ ၂၆ ဦးမှာလည်း ယနေ့အထိ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက မလှိုင်နယ် ထမ္မကြီးရွာမှ စစ်တပ်ခန့် အုပ်ကြီး ပျူခွေးခေါင်းဆောင် စိုးလင်းထိုက်ဆိုသူနှင့် အမျိုးသမီး ၂ ဦး အပါအဝင် လူ ၁၂ ဦးကို ကား ၄စီးဖြင့် ရောက်ရှိလာသော လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကို မသိရသေး၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာကို စစ်တပ်က ဝင်ရောက်လာပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မောင်တောနယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်တွင် အာရက္ခတပ်တော် AA နှင့် ARSA အကြမ်းဖက် မွတ်စလင်သူပုန်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွား၊ ယနေ့အထိ ပစ်ခတ်မှုအချို့ ရှိနေသေးပြီး တိုက်ပွဲများအတွင်း ARSA တပ်ဖွဲ့ဝင် ၁၀ ကောင်ခန့်ကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၂၆ ရက်နေ့က ရွာငံနယ်၊ တောင်ဦးရွာနှင့် ဆက်ခြံရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေး ၅ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ခွေးများ ပြန်လည်ဆုတ်ခွာသွား၊ ထို့နောက် ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း စစ်တပ်က အင်အားဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်ခွေး ၇ ကောင် ထပ်မံသေဆုံး၊ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေး၊ ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း စစ်တပ်က တောင်ဦးရွာနှင့် ဆက်ခြံရွာတို့မှ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးကြိုးတုတ်ကာ စစ်ကြောင်းရှေ့မှ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရ၊ လက်ရှိအချိန်တွင် စစ်တပ်က တောင်ဦးရွာနှင့် ဆက်ခြံရွာတို့ကို ပိတ်ဆို့ထားပြီး ပြည်သူများကို အပြင်ထွက်ခွင့်မပေးကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက နတ်မောက်နယ်၊ လဲဘူရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်၊ ထို့နောက် စစ်ခွေးများ လျှော်ချောင်းလေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးပြီး ၅ ကောင် ဒဏ်ရာအပြင်းအထန်ရ၊ စစ်ခွေးများ ရှေ့ဆက်မသွားတော့ဘဲ ခွေးသေခွေးနာများကို ကောက်ယူပြီး လျှော်ချောင်းလေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
592
16
Daily Highlight 2 Aug 30 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၁၇ကြိမ် - ချောင်ဦး/မုံရွာနယ်အစပ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ချောင်းဦးနယ် ၈ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတပ်နယ် ၂ကြိမ် - မြိုင်မြို့နယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - တောင်သာနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
722
17
Daily Highlight 1 Aug 30 (11:55 PM) - ဩဂုတ်လ ၂၈ ရက်နေ့က တွန်းဇံနယ်အတွင်းရှိ ဇိုးမီးလက်နက်ကိုင်အဖွဲ့၏ နတ်ဇံကင်းစခန်းကို CDF-Tonzang Zo အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ ဇိုးမီးလက်နက်ကိုင်အဖွဲ့မှာ စစ်တပ်နှင့် ပူးပေါင်းထားသော လက်နက်ကိုင် သူပုန်အဖွဲ့ဖြစ်ပြီး တွန်းဇံမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်စဉ်က ပူးပေါင်းပါဝင်ခဲ့သည့်အပြင် ဂဲလ်မှာလ်ရွာမှ စစ်ဘေးရှောင် အရပ်သား ၁ ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သဖြင့် ယခုကဲ့သို့ တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ဇိုးမီးသူပုန် အများအပြား ဒဏ်ရာရရှိပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး အသေးစိတ်အခြေအနေကိုမူ မသိရသေးကြောင်း  CDF-Tonzang က ထုတ်ပြန်ထားကြောင်း သိရ။ - ဩဂုတ်လ ၂၈ ရက်နေ့က လေးမျက်နှာမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို စကစ ခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဆိုသူ အေးကျော်က ဟန်ပြ သွားရောက်တွေ့ဆုံခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းမှာ နှစ်စဉ် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသည့်ဒေသဖြစ်သဖြင့် ဆည်နှင့် တာတမံများ ရေရှည်ကြံ့ခိုင်စေရေးအတွက် မိုးရာသီကုန်ဆုံးမှသာ ကြံ့ခိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၁၀ ရက်အတွင်း ပြီးစီးအောင်ပြုပြင်မည်ဟု ပြောဆိုခဲ့သည့် ငဝန်မြစ်ရေကာတာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းမှာလည်း မည်သည့်အချိန်တွင် အပြီးသတ်နိုင်မည်ကို အာမခံ၍ မရနိုင်သေးကြောင်း အလေနတော ပြောဆိုသွားကြောင်း သိရ၊ ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်မြစ် ရေကာတာ ကျိုးပေါက်ခဲ့မှုကြောင့် ဧရာဝတီတိုင်းအတွင်း ရေဘေးဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး လတ်တလောတွင်လည်း ညောင်တုန်းမြို့နယ်အတွင်းရှိ ဂန်ချောင်း-ထုံးဝ,တာမှာ ကျိုးကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေသဖြင့် အရေးပေါ် ပြန်လည်ပြုပြင်နေရသည်မှာ ၅ ရက်ခန့် ကြာမြင့်နေပြီဖြစ်ကာ လက်ရှိအချိန်အထိ စိတ်ချရသည့်အနေအထားတွင် မရှိသေးကြောင်း၊ အဆိုပါနေရာသို့ ယမန်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟန်ပြလာရောက်ခဲ့ကြောင်း၊ အလားတူ ဇလွန်မြို့နယ်အတွင်းရှိ ညောင်ပင်သာတာမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေတိုက်စားမှုကြောင့် တာတမံအချို့ ပြိုကျပျက်စီးခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသပြည်သူများ ပူးပေါင်းကာ အရေးပေါ်ပြုပြင်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ ညောင်ပင်သာတာ ပြိုကျပျက်စီးခဲ့သည့် ရေပေါက်ကြီးရွာအနီးရှိ နေအိမ်များမှ ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ သို့သော် အဆိုပါတာတမံ၏ အခြေအနေနှင့်ပတ်သက်၍ အောက်ခြေအာဏာပိုင်များနှင့် တိုင်းအာဏာပိုင်များက သတင်းအချက်အလက်များ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ တာပြိုကျပျက်စီးမှုနှင့်ပတ်သက်သည့် အခြေအနေများကို လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့သူများအား ခေါ်ယူစစ်ဆေးခြင်းနှင့် ခံဝန်လက်မှတ်ရေးထိုးခိုင်းခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်းတာနှင့် မြန်အောင်မြို့နယ်ရှိ မန်ကျည်းစုရေကာတာတို့မှာလည်း ကြံ့ခိုင်မှုအားနည်းနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည့် အခြေအနေဖြစ်ကြောင်း သိရ။ - ယမန်နေ့ ညဦးပိုင်းက မင်းတုန်းမြို့အနောက်ခြမ်းသို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းမှ စစ်ခွေး ၅၀ ခန့် ရိက္ခာရှာဖွေရန် ထွက်လာစဉ် တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ရာ စစ်ခွေး အလောင်း ၁လောင်း၊ သေနတ် ၁ လက်၊ ခဲယမ်းဗုံးသီးအချို့နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ၊ ထို့ပြင် ယမန်နေ့ကပင် မင်းတုန်းနယ်အတွင်း ရောက်ရှိနေသော စစ်ကြောင်းတစ်ခုမှ ထွက်ပြေးလာသည့် တပ်ကြပ်အဆင့် ၁ ဦး၊ ဒုတပ်ကြပ်အဆင့် ၂ ဦးနှင့် စစ်မှုထမ်းသစ် ၂ ဦး စုစုပေါင်း ၅ ဦးကို တော်လှန်ရေးအဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ကာ ထိန်းသိမ်းထားကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ရွှေကူမြို့မှ စစ်သင်္ဘော ၃ စီး အထက်ဘက်သို့ ဆန်တက်လာခဲ့ရာ အဆိုပါသင်္ဘောများကို KIA ပူးပေါင်းအဖွဲ့များက စောင့်ကြိုတိုက်ခိုက်၊ စစ်သင်္ဘော ၁ စီး ဒရုန်းထိမှန်ခဲ့ပြီး စစ်ခွေးတပ်ရင်းမှူး ၁ ကောင် ဆိုးရွားစွာ ဒဏ်ရာရ၊ ဒဏ်ရာအခြေအနေ ပြင်းထန်သဖြင့် စစ်တပ်က အဆိုပါစစ်ခွေးကို ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားကြောင်း၊ ထို့ပြင် စစ်ခွေး ၁၆ ကောင်ထက်မနည်းလည်း သေဆုံးခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ကသာမှ ထွက်ခွာလာစဉ် ရွှေကူမြို့ အောက်ဘက် ဘိုကုန်းဒေသတွင်လည်း KIA ပူးပေါင်းတပ်များက သင်္ဘောအုပ်စုကို တိုက်ခိုက်ခဲ့သေးပြီး သင်္ဘော ၄ စီး ထိခိုက်ပျက်စီးခဲ့ကာ ၁ စီးမှာ ဆက်လက်မောင်းနှင်၍ မရတော့သဖြင့် စစ်တပ်က စွန့်ပစ်ထားခဲ့ရကြောင်း၊ အဆိုပါသင်္ဘောကို KIA ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရမှုများအတွင်း စစ်တပ်ဘက်မှ အရာရှိအဆင့်များလည်း သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ရာတွင် တပ်မ ၃၃ မှ တပ်မမှူးနှင့် ဒုတပ်မမှူးတို့ ၂ ဦးစလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တပ်ရင်းမှူး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အတူ ခလရ ၁၂၀ မှ တပ်ရင်းမှူးမှာလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရ။ - ထိုင်းဝန်ကြီးချုပ်အနုတင်က နိုင်ငံခြားသားများ ဥပဒေချိုးဖောက်ပါက ချက်ချင်း ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ်ကို ဩဂုတ်လ ၂၈ ရက်နေ့တွင် အာဏာတည်စေရန် ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများအပေါ် ရှာဖွေစစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနေ၊ စည်းမျဉ်းသစ် အသက်ဝင်လာပြီးနောက် စက်ရုံများတွင် တရားဝင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများထက် ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းခြင်းနှင့် ကိုယ်ပိုင်အသေးစားစီးပွားရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအပေါ် ပိုမိုထိခိုက်လာနိုင်ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေးမှုများလည်း ပိုမိုတိုးမြှင့်လာနိုင်ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ထက် ၁၀ လက်မ ကျော်လွန်သွား​ပြီး မြို့ပေါ်သို့ ရေများ စတင်ဝင်ရောက်၊ မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းပိုင်းပေါ်ရှိ လယ်တောင်ယာရွာအနီးတွင် လမ်းမပေါ်သို့ ရေအမြင့် ၄ ပေခန့် တက်လာကြောင်း၊ တနင်္သာရီ-မြိတ် လမ်းပိုင်းရှိ အော်ကြီးရွာလမ်းမ နှင့် ဥယျာဉ်ကွင်းရွာလမ်းမ များတွင်လည်း ရေအမြင့် ၁ ပေခန့် မြင့်တက်လာကြောင်း၊ လက်ရှိအချိန်တွင် တနင်္သာရီ-ကော့သောင်းလမ်းပိုင်း၌ ရေစီးကြမ်းနေခြင်းကြောင့် ကားများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ ခရီးသည်များ ပိတ်မိနေကြောင်း၊ မြိတ်-တနင်္သာရီ ကားလမ်းပိုင်းမှာမူ ရေ ၁ ပေခန့်သာ မြင့်တက်သေးသဖြင့် ကားများ သွားနေဆဲဖြစ်ကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့က မူဆယ်နယ် ၁၀၅ မိုင်ရှိ MNDAA နှင့် AA တို့က စစ်ဆေးရေးဂိတ်တွင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်တစ်စီးမှာ ရပ်တန့်မပေးဘဲ ရဲဘော်များနှင့် ဂိတ်တို့ကို ကားဖြင့်တိုက်ပြီး မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ယာဉ်မောင်းအမျိုးသမီး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရ။ - ယနေ့ ညနေပိုင်းက မင်းတပ်မြို့အနီးရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း ကနဦးသိရပြီး အသေးစိတ် အခြေအနေကို စိစစ်လျက်ရှိကြောင်း သိရ။ - ယနေ့ ညနေပိုင်းက ချောင်းဦးနယ်၊ ကျီကုန်းရွာတွင် ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီး ဒရုန်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေ၊ လူသူထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ပန်းတောင်းနယ်ဘက်မှ ဝင်ရောက်လာပြီး တောင်သာနယ်၊ ဝဲလောင်ရွာတွင် ရပ်နားနေသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ စစ်ခွေး ၇ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
585
18
ကင်ဆာရောဂါ ကာကွယ်ဖို့ သင်ဘာတွေ လုပ်နိုင်သလဲ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်) ▪️ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ ▪️ သားအိမ်ခေါင်းကင်ဆာနှ+9
ကင်ဆာရောဂါ ကာကွယ်ဖို့ သင်ဘာတွေ လုပ်နိုင်သလဲ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်) ▪️ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ ▪️ သားအိမ်ခေါင်းကင်ဆာနှင့် အသည်းရောင်အသားဝါ ဘီ ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံပါ၊ ဆေးစစ်ပါ၊ ကုသပါ။ ▪️ အရက်သောက်သူများ အရက်လျှော့သောက်ပါ။ ▪️ အာဟာရပြည့်ဝပြီး အပိုထည့်သွင်း ပြုပြင်မှုနည်းပါးသော သဘာဝအစားအစာများကို စားသုံးပါ။ ▪️ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ အဝ မလွန်ပါစေနှင့်။ ▪️ လေထုညစ်ညမ်းမှုနှင့် ထိတွေ့ခြင်းကို ကန့်သတ်ပါ။ ▪️ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို လျှော့ချပါ။ အရိပ်ထဲ နေပါ။ ▪️ နေပူထဲ ထွက်ပါက ထီး သို့မဟုတ် အနားကျယ်ပါသော ဉီးထုပ် ဆောင်းပါ၊ မျက်မှန်တပ်ပါ၊ နေလောင်ခံ လိမ်းဆေး လူးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: WHO
747
19
Нет текста...
450
20
Daily Highlight 2 Aug 29 (11:40 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူ/ဗန်းမော်နယ်အစပ် ၁၁ ကြိမ် - ရွှေကူနယ် အကြိမ် ၂၀ - ချောင်းဦးနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မုံရွာနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - သာပေါင်းနယ် ၁ကြိမ် (Source: WES) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
507