fa
Feedback
Khaing Thu Kha

Khaing Thu Kha

رفتن به کانال در Telegram

Spokesperson of ULA/AA

نمایش بیشتر

📈 تحلیل کانال تلگرام Khaing Thu Kha

کانال Khaing Thu Kha (@khaingthukha) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 715 مشترک است و جایگاه 15 671 را در دسته اخبار و رسانه‌ها و رتبه 9 872 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 715 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 04 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 3 و در ۲۴ ساعت گذشته برابر 11 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 11.65% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.33% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 481 بازدید دریافت می‌کند. در اولین روز معمولاً 551 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 69 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Spokesperson of ULA/AA

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 05 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 715
مشترکین
+1124 ساعت
+297 روز
+330 روز

در حال بارگیری داده...

کانال‌های مشابه
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+40
در 0 کانال‌ها
اوت '26
+113
در 0 کانال‌ها
Get PRO
ژوئیه '26
+112
در 0 کانال‌ها
Get PRO
ژوئن '26
+77
در 0 کانال‌ها
Get PRO
مه '26
+26
در 0 کانال‌ها
Get PRO
آوریل '26
+1
در 0 کانال‌ها
Get PRO
مارس '260
در 0 کانال‌ها
Get PRO
فوریه '26
+9
در 0 کانال‌ها
Get PRO
ژانویه '26
+18
در 0 کانال‌ها
Get PRO
دسامبر '25
+63
در 0 کانال‌ها
Get PRO
نوامبر '25
+44
در 0 کانال‌ها
Get PRO
اکتبر '25
+48
در 0 کانال‌ها
Get PRO
سپتامبر '25
+140
در 0 کانال‌ها
Get PRO
اوت '25
+75
در 0 کانال‌ها
Get PRO
ژوئیه '25
+32
در 0 کانال‌ها
Get PRO
ژوئن '25
+19
در 0 کانال‌ها
Get PRO
مه '25
+17
در 0 کانال‌ها
Get PRO
آوریل '25
+25
در 0 کانال‌ها
Get PRO
مارس '25
+79
در 0 کانال‌ها
Get PRO
فوریه '25
+74
در 0 کانال‌ها
Get PRO
ژانویه '25
+506
در 0 کانال‌ها
Get PRO
دسامبر '24
+2 037
در 0 کانال‌ها
Get PRO
نوامبر '24
+831
در 0 کانال‌ها
Get PRO
اکتبر '24
+640
در 0 کانال‌ها
Get PRO
سپتامبر '24
+1 115
در 0 کانال‌ها
Get PRO
اوت '24
+1 632
در 4 کانال‌ها
Get PRO
ژوئیه '24
+728
در 0 کانال‌ها
Get PRO
ژوئن '24
+975
در 1 کانال‌ها
Get PRO
مه '24
+899
در 2 کانال‌ها
Get PRO
آوریل '24
+1 567
در 5 کانال‌ها
Get PRO
مارس '24
+1 283
در 0 کانال‌ها
Get PRO
فوریه '24
+1 505
در 0 کانال‌ها
Get PRO
ژانویه '24
+2 195
در 0 کانال‌ها
Get PRO
دسامبر '23
+1 471
در 0 کانال‌ها
Get PRO
نوامبر '23
+457
در 0 کانال‌ها
Get PRO
اکتبر '23
+392
در 0 کانال‌ها
Get PRO
سپتامبر '23
+957
در 0 کانال‌ها
Get PRO
اوت '23
+8
در 0 کانال‌ها
Get PRO
ژوئیه '23
+8
در 0 کانال‌ها
Get PRO
ژوئن '23
+10
در 0 کانال‌ها
Get PRO
مه '23
+31
در 0 کانال‌ها
Get PRO
آوریل '23
+10
در 0 کانال‌ها
Get PRO
مارس '23
+10
در 0 کانال‌ها
Get PRO
فوریه '23
+13
در 0 کانال‌ها
Get PRO
ژانویه '23
+22
در 0 کانال‌ها
Get PRO
دسامبر '22
+8
در 0 کانال‌ها
Get PRO
نوامبر '22
+210
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
05 سپتامبر0
04 سپتامبر+12
03 سپتامبر+21
02 سپتامبر0
01 سپتامبر+7
پست‌های کانال
Repost from AA Info Desk
Warning Notice to the Public: Danger from Naval Vessels, Jet Fighters, and Heavy Artillery Shelling– Stay Vigilant at All Tim
+1
Warning Notice to the Public: Danger from Naval Vessels, Jet Fighters, and Heavy Artillery Shelling– Stay Vigilant at All Times   September 4, 2026

2
Warning Notice to the Public: Danger from Naval Vessels, Jet Fighters, and Heavy Artillery Shelling– Stay Vigilant at All Tim+1
Warning Notice to the Public: Danger from Naval Vessels, Jet Fighters, and Heavy Artillery Shelling– Stay Vigilant at All Times   September 4, 2026
110
3
ရီကြောင်း၊ လီကြောင်း၊ လက်နက်ကြီးရန် အချိန်ပြည့် သတိဟိစီရန် ပြည်သူသို့ အသိပီး ထုတ်ပြန်ကြေညာချက် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော
ရီကြောင်း၊ လီကြောင်း၊ လက်နက်ကြီးရန် အချိန်ပြည့် သတိဟိစီရန် ပြည်သူသို့ အသိပီး ထုတ်ပြန်ကြေညာချက်   ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၇) ရက် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၄) ရက်
842
4
🚨Breaking News 🚨 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် အာရက္ခဒေသ၏ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ အစပ်ကြား ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော - (၁) ကွမ်းတောင်ကျေးရွာ (၂) ကုန်းတန်းကြိမ်ချောင်းကျေးရွာ (၃) မက္ကလာကျကျေးရွာ (၄) ညိုရောင် နှင့် မင်းလှကျေးရွာအကြား (၅) - (က)ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (မူဆလင်ရွာ) အကြား (ခ) ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (ရခိုင်ရွာ) အကြား အစရှိသည့် ကျေးရွာများအတွင်းသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၃) ရက်၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်ခန့်မှ စတင်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် အကြိမ် (၃၀) ခန့် အား မိနစ် (၃၀) အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အာရက္ခဒေသပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် ထပ်မံအသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
867
5
🚨 Breaking News 🚨 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် အာရက္ခဒေသ၊ ဂွ၊ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်များဖက်သို့ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင် ၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ ရေကြောင်းတိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၃) ရက်၊ နံနက်(၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ အာရက္ခဒေသပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်​၏ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
1 080
6
ဓာတုလက်နက်များအကြောင်းအသိပညာပီးထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၆) ရက် ဓာတုလက်နက် ( chemical weapons ) ဆိုသည်မာ လူသားများ
ဓာတုလက်နက်များအကြောင်းအသိပညာပီးထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၆) ရက် ဓာတုလက်နက် ( chemical weapons ) ဆိုသည်မာ လူသားများ အထူးပြု ဖန်တီးထားသော (man-made poison) ဖြစ်ပြီး ၄င်းရို့ကို gases (ဓာတ်ငွိ)၊ liquids (အရည်)၊ powders (အမှုန့်)များ အနီ ဖြင့်  ထုတ်လုပ်ထားပြီး အမြောက်ကျည်ဆံ၊ ဒုံးကျည်၊ လီကြောင်းတိုက်ခိုက်မှု၊ ဝေဟင်မှ ကြဲချမည့် ဗုံးသီး၊ ဒရော့ဗုံးသီးများတွင် ထည့်သွင်း ပစ်ခတ် တိုက်ခိုက်လိဟိသည်။  ဓာတု လက်နက်များမှ အဆိပ်ဓာတ်ငွိ၊ အရည်နန့်အမှုန့်များသည် ပတ်ဝန်းကျင်တွင် ပုံစံမျိုးစုံနန့် တည်ဟိနိုင်ပြီး ကိုယ်ခန္ဓာတွင်းသို့ အဆုတ် ၊ အရီ ပြား၊ မျက်လုံးနန့် အမြှေးပါးများ  မှတဆင့် ဝင်ရောက်နိုင်ပါသည်။ ဓာတုအဆိပ်သင့်မှုကြောင့် - အရီပြားနန့်မျက်စိ၊ - အသက်ယှူလမ်းကြောင်း၊ - အဆုတ်၊ နှလုံး၊ - ဦးနှောက်နန့်အာရုံကြော၊ - အစာအိမ် အူလမ်းကြောင်း၊ - ကြွက်သားအဖွဲ့အစည်းများကို ထိခိုက်ပျက်စီးနိုင်ပါသည်။   ဓာတုလက်နက်များ သုံးစွဲခသည်ဟု ယူဆနိုင်သော သံသယလက္ခဏာများ -ထိခိုက်ဒဏ်ရာမဟိသော်လည်း အဆိပ်သင့်လက္ခဏာဟိသူများ၊ -ရဟိထားသောဒဏ်ရာနန့်မသက်ဆိုင်သော အဆိပ်သင့်ဝေဒနာခံစားနီရသူများ၊ -ထိခိုက်မှုတစုံတရာမဟိဘဲ လူအများအပြား ဗြုန်းခနဲသီဆုံးမှုများ၊ -ပုံမှန်မဟုတ်သော အနံ့၊ အရည်၊ အငွိများနန့်ထိတွိပြီးနောက်တွင် အဆိပ်သင့်လက္ခဏာများ ပြသ လာလျှင်၊ -ကျွဲ၊ နွားတိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ အစုလိုက်အပုံလိုက် သီဆုံးမှုများဟိလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်။ ကြုံတွိရနိုင်သော အဆိပ်သင့်လက္ခဏာများ -အဆိပ်နန့်ထိတွိမိပြီး အစပိုင်းတွင် မျက်ရည်ကျခြင်း၊ မျက်စိစပ်ခြင်း၊ မျက်သားရောင်ခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်းနန့် မျက်စိ ယာယီ မမြင် ရခြင်း၊ -လိုင်ခြောင်းနာခြင်း၊ အသံဩခြင်းများ ခံစားရမည် ဖြစ်ပါသည်။ နာရီများစွာ ကြာမြင့်ပြီးနောက် -အရီပြားများတွင် နီရဲနာကြင်လာခြင်း၊ -ရောင်ရမ်းခြင်း -အရည်ကြည်ဖုများ ထွက်လာခြင်း၊   -အနာဖြစ်လာပြီး အနာမကျက်ခြင်း၊ -အသက်ယှူလမ်းကြောင်းရောင်ရမ်းခြင်း၊ -ခြောင်းဆိုးခြင်း၊ -အသက်ယှူရ ခက်ခဲလာခြင်း စသည့် လက္ခဏာများ ခံစားရလိဟိပါသည်။  ဓာတုလက်နက်များနန့်တိုက်ခိုက်ခံရကြောင်း သံသယဟိပါက လိုက်နာရန်အခြီခံနည်းလမ်းများ -စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ။ -ဓာတုဓာတ်ငွိ၊ အရည်(သို့) အမှုန့်များနန့်ဝီးရာ ဟင်းလင်းပြင်နီရာ၊ လီတင်ဖက်၊ အမြင့်ပိုင်းဖက်တွင် နီပါ။ -ဝတ်ထားသော အဝတ်အစားများကို ချွတ်ပြီး ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်ထားပါ။ -ရီနန့်သပုန်ကို သုံးပြီး “ဆီး - သုတ် - ဆီး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဓာတုပစ္စည်းများကို ဆီးကြောပါ။ -မျက်လုံးတွင် ထိခိုက်မိလျှင်မူ ရီ (သို့) ၀.၉% ဆလိုင်း ( 0.9% saline)  ရို့နန့် ဆီးကြောပါ။ -အရီပြားဟိ ဓာတုအဆိပ်များကို စုပ်ယူ ဓာတ်ပြယ်စီနိုင်သည့် ပေါင်ဒါနန့် လိမ်းဆီးများကို အသုံးပြုနိုင်ပါ သည်။ -ရီကို အများကြီး မသုံးဘဲ အနည်းရာ အသုံးပြု ဆီးကြောပါက ဆီးကြောရာ မရောက်ဘဲ ဓာတုပစ္စည်းများကို ပိုပြီး ပြန့်လားစီနိုင်ပါသည်။ -အဝတ်အစားများဟိ ခြည်မျှင်များသည် ဓာတုအဆိပ် အရည်နန့် အငွိများကို ခိုအောင်းနီတတ်သောကြောင့် လူနာ၏ အဝတ်အစားများ ဖယ်ယှားလိုက်ခြင်းသည် ဓာတုအဆိပ်များကို (၈၀ %) ခန့် ဖယ်ယှားနိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်။ -အဝတ်အစားအသုံးအဆောင်များ ဖယ်ယှားရာတွင်လည်း ဓာတုပစ္စည်းစွန်းပေခြင်း မဟိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန့်နှံ့ စွန်းပေလားခြင်းမဟိစီရန် ဂရုပြုရမည်။ -အဆိပ်သင့်လက္ခဏာများ ဟိ၊ မဟိ ကို စောင့်ကြည့်ပါ။ အဆိပ်သင့်လက္ခဏာများ မပြလာသိမ့်သော်လည်း ဓာတုအဆိပ်တမျိုးမျိုးနန့် ထိတွိမှု ဟိခပါက ဆီးရုံ၊ ဆီးခန်း သို့ အယင်ဆုံး လားရောက်ပြသပါ။                                                                အာရက္ခပြည်သူ့ကျန်းမာရီးဌာန
3 477
7
အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်အတွင်း နွားများသီဆုံးနီသည့်ကိစ္စနန့်ပတ်သက်၍ အသိပီးထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၅) ရက် လက်+1
အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်အတွင်း နွားများသီဆုံးနီသည့်ကိစ္စနန့်ပတ်သက်၍ အသိပီးထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၅) ရက် လက်ဟိအချိန်တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မသျှန်တပ်သည် လီကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကို နိစဉ်နန့်အမျှ ဆက်လက်လုပ်ဆောင်နီပါသည်။ ထို့ကြောင့် ဗုံးကြဲချခံရသော နီရာများ၌ ဗုံးသီးထဲတွင် ပါဝင်သောယမ်းများသည် မိုးရာသီဖြစ်သည့်အလျောက် မိုးရီနန့်အတူ ဘေးပတ်ဝန်းကျင် နီရာများသို့ ပြန့်နှံ့ရောက်ဟိလားကတ်သည်။ အခြားတဖက်တွင် ဗုံးကြဲဖြစ်စဉ်များဖြစ်ပြီးနောက် ယမ်းအဆိပ်သင့်မှုများမာ ဖြစ်လိဖြစ်ထဟိသည့် ဖြစ်စဉ် တခု ဖြစ်သည်။ အေဂု ဖြစ်ရပ်မတိုင်ခင်အထိ ဗုံးကြဲချခံရသည့်နီရာများ၌ တိရစ္ဆာန်များသီဆုံးသည့် ဖြစ်ရပ်မာ မဟိခသော်လည်း အေဂု ရသေ့တောင်မြို့နယ်အတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ လီကြောင်းမှ ဗုံးချခသည့်နီရာများ၊ ယင်းပတ်ဝန်းကျင်အနီးဟိ နွားစားကျက်များ၌ နွားများကို အစာစားရန် လွှတ်သည့် အချိန်များတွင် တခြားအကြောင်းရင်းများ ရှာမတွိဘဲ နွားများ တကောင်ပြီးတကောင် သီဆုံးနီ ကတ်သည်ကို တွိဟိခပါသည်။ အာရက္ခပြည်သူ့ကျန်းမာရီးဌာန၊ မှုခင်းရီးရာ ဆီးပညာဌာနခွဲအနီနန့် နွားများသီဆုံးခသည့်ဖြစ်ရပ်ကို ထူးခြား ဖြစ်စဉ်နန့် မသင်္ကာဖွယ်ရာ ဖြစ်ရပ်တခုအဖြစ် သတ်မှတ်ကာ အထူး ဂရုထားစစ်ဆီးလျက်ဟိပြီး မည်သည့် အတွက်ကြောင့် သီဆုံးခရသည်ကို စစ်ဆီးအဖြေရှာဖွီပြီးနောက် အသိပီးထုတ်ပြန်လားမည်ဖြစ်ပါသည်။ အာရက္ခပြည်အတွင်း၌ ဤကဲ့သို့ နွား၊ ကျွဲ တိရစ္ဆာန်များ သီဆုံးနီသည် ဖြစ်စဉ်မျိုးကို တွိဟိပါက နီးစပ်ရာ အုပ်ချုပ်ရီးဌာန၊ DLEPS ဌာနများသို့ ချက်ချင်း အကြောင်းကြားကတ်ရန် အသိပီးအပ်ပါသည်။ ပြည်သူလူထု များအနီဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မသျှန်၏ လီကြောင်းတိုက်ခိုက်ခံခရသည့် နီရာအနီးတဝိုက်မှ အသီးအနှံများ၊ စားသောက်ဖွယ်ရာများကို စားသောက်ခြင်းနန့် ဗုံးကြဲခသည့် နီရာများတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်အစဟိသော တိရိစ္ဆာန်များကို လွှတ်ကျောင်းခြင်းများကို ယှောင်ယှားကတ်ရန် သတိပီး ထုတ်ပြန်လိုက်ပါသည်။ Photo- Arakan Princess Media
2 451
8
စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်စဉ်အတွင်း လူနေအိမ်များပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပု+9
စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်စဉ်အတွင်း လူနေအိမ်များပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံအချို့
2 314
9
စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်စဉ်အတွင်း ဘုန်းကြီးကျောင်းထဲရှိ မူလတန်းကျောင်းသား/သ+7
စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်စဉ်အတွင်း ဘုန်းကြီးကျောင်းထဲရှိ မူလတန်းကျောင်းသား/သူများ စာသင်နေသည့် ဓမ္မာရုံ အနီးကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
1 663
10
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်+6
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည့် မူလတန်းကျောင်းသား/သူ များနှင့် အပြစ်မဲ့အရပ်သားပြည်သူများ
1 277
11
+9
بدون متن...
1 387
12
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်+5
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် မူလတန်းကျောင်းသားနှင့် အပြစ်မဲ့အရပ်သားပြည်သူများ
841
13
ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ မူလတန်းကျောင်းသာ+1
ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ မူလတန်းကျောင်းသား/သူများနှင့်အတူ အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦးသေဆုံးကာ (၁၇) ဦး အထိ ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်မှ (၁၁) နာရီ (၁၆) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လှည့်ပတ်ကာ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စိမ်းညှင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ အေးချမ်းစွာ ပညာသင်ကြားနေကြသော မူလတန်းကျောင်းသား (၁) ဦး နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ အသက် (၁) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတို့ စုစုပေါင်း (၅) ဦးမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အတူ အသက် (၁၀) နှစ်အောက် မူလတန်းကလေးငယ် (၈) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၁၇) ဦး မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိ၍ စိုးရိမ်ရသူ မူလတန်းကျောင်းသား/သူ များအပါအဝင် ပြည်သူ (၆) ဦးအထိ ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ နောက်ထပ်လည်း မြင့်တက်လာနိုင်ခြေ ရှိသည်။ ထို့အပြင် စိမ်းညှင်းဝရွာရှိ လူနေအိမ် (၁၇) လုံး နှင့် ဘုန်းကြီးကျောင်းဆောင် အချို့ မှာလည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပျက်စီး ဆုံးရှုံးသွားခဲ့သည်။ ထို့အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁၊ ၁၂) ရက်နေ့များ၌လည်း ပလက်ဝမြို့နှင့် ဆမီးမြို့များအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကျောင်းသား/ကျောင်းသူ/ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
1 103
14
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲ နှင့် ဂွ မြို့နယ်တို့အား ညအချိန် လေယာဉ်အုပ်စုလိုက်ဖြင့် ထပ်မံအကြမ်းဖက်ဗုံးကြဲတိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ၌ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စခန်းချတပ်စွဲခဲ့သော တပ်ရင်းနေရာဟောင်းများဖြစ်ကြသည့် ခလရ (၅၅) နှင့် ခမရ (၅၆၆) တပ်ရင်းများ နှင့် အရပ်သားပြည်သူ၊ စစ်ဘေးရှောင်ပြည်သူတို့နေထိုင်ရာ ပတ်ဝန်းကျင်များအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ ညသန်းခေါင် အများပြည်သူ အိပ်မောကျနေချိန်တို့၌ ဂျက်တိုက်လေယာဉ် (၈) စီး၊ Y12 (၁) စီး၊ Y8 (၁) စီး စုစုပေါင်း လေယာဉ် (၁၀) စီးဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၁၀၀) ခန့် ကြဲချကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ဩဂုတ် (၂၁) ရက်၊ နံနက် (၀၁း၅၇) မှ (၀၃း၁၈) အချိန်အထိ (၁) နာရီကျော်ကြာမြင့်သော အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ငပလီမြို့ ၌ လာရောက် စစ်ဘေးရှောင်နေကြသည့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့ပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထို့အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၅) နာရီခန့်အချိန်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာအား ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ပထမ တစ်ကြိမ် နံနက် (၀၅း၀၁) နာရီအချိန်တွင် ညောင်ချောင်းကျေးရွာ အထက်တန်း စာသင်ကျောင်းကို ပေါင် (၅၀၀) ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့သောဖြစ်စဉ်အတွင်း အဆိုပါစာသင်ကျောင်း၌ ခေတ္တလာရောက် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်းဆောင် တစ်ခုလုံးမှာ လုံးဝပျက်စီးသွားခဲ့သည်။ အလားတူ ဒုတိယတစ်ကြိမ် နံနက် (၀၅း၀၅) နာရီအချိန်တွင် ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကို နောက်ထပ် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များနှင့် အနီးအနားရှိ ပြည်သူများ၏ နေအိမ် (၃) လုံးအပါအဝင် ပြည်သူပိုင်ပစ္စည်းအချို့၊ ပဲဆီကြိတ်စက် (၁) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် စက်ဘီး (၁) စီး တို့မှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခဒေသအပြင် မြန်မာပြည်အနှံ့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။ အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်းရန်တို့ကို ယခင်ထက်ပိုမိုသတိထားကြပါရန် ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည်။ (ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့ညတွင် ငပလီ နှင့် ညောင်ချောင်းကျေးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းအချို့ ) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
1 656
15
+6
بدون متن...
1 277
16
+9
بدون متن...
1 643
17
+9
بدون متن...
1 471
18
ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ၂+8
ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက် အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ် အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ဒေါ်သန်းမေနု (၄၈ နှစ်) မှာ နဖူး၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု၏ နေအိမ် (၃) လုံးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယမန်နေ့ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း သံတွဲမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သားအဖနှစ်ဦး သေဆုံးခဲ့ကာ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့၊ ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်။ (ဓာတ်ပုံ - ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အောက်ဇီးကိုင်းကျေးရွာသူ ဒေါ်သန်းမေနု (၄၈ နှစ်) နှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
2 517
19
သံတွဲမြို့တစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ရက်ဆက်ဗုံးကြဲတိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် အာရက္ခပြည်၊ သံတ+9
သံတွဲမြို့တစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ရက်ဆက်ဗုံးကြဲတိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် အာရက္ခပြည်၊ သံတွဲမြို့ပေါ်ရှိ အမှတ် (၈) (က) ရပ်ကွက်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ ယနေ့ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းရပ်ကွက်၌ နေထိုင်သည့် ဦးမင်းနောင် (၅၀ နှစ်) နှင့် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (၁၄ နှစ်) တို့ သားအဖ နှစ်ဦးမှာ ၎င်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အပြင် ၎င်းရပ်ကွက်၌နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသော ဦးဇေယျာမင်းလွှင် (၄၅ နှစ်)၊ မောင်ရွှေမိုးယံဇော် (၂ နှစ်) နှင့် ဒေါ်ဌေးဌေးမော် (၄၀ နှစ်) တို့ (၃) ဦးမှာ ဗုံးစထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ် နှင့် အဆောက်အအုံ စုစုပေါင်း (၇) လုံးမှာလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အလားတူ ယနေ့နံနက် (၆) နာရီ (၄၉) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာ အနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့သေးသည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း၌လည်း သန့်ရှင်းရေးလုပ်သား ဝန်ထမ်း (၃) ဦးမှာ အသေးစားဒဏ်ရာများရရှိခဲ့ကြသည်။ (ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
2 623
20
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗု+8
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု စာရင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် #AAInfoDesk
2 148