fa
Feedback
PSLF/TNLA News

PSLF/TNLA News

رفتن به کانال در Telegram

Official Telegram channel of PSLF/TNLA News Agency. Latest news and updates from Ta'ang region. https://www.taangland.org/

نمایش بیشتر

📈 تحلیل کانال تلگرام PSLF/TNLA News

کانال PSLF/TNLA News (@pslftnlanews) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 20 787 مشترک است و جایگاه 11 132 را در دسته اخبار و رسانه‌ها و رتبه 6 797 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 20 787 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 05 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -532 و در ۲۴ ساعت گذشته برابر -21 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.69% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 2.89% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 391 بازدید دریافت می‌کند. در اولین روز معمولاً 601 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 8 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Official Telegram channel of PSLF/TNLA News Agency. Latest news and updates from Ta'ang region. https://www.taangland.org/

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 06 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

20 787
مشترکین
-2124 ساعت
-1037 روز
-53230 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+6
در 0 کانال‌ها
اوت '26
+9
در 0 کانال‌ها
Get PRO
ژوئیه '26
+7
در 0 کانال‌ها
Get PRO
ژوئن '26
+12
در 0 کانال‌ها
Get PRO
مه '26
+28
در 1 کانال‌ها
Get PRO
آوریل '26
+5
در 2 کانال‌ها
Get PRO
مارس '26
+1
در 0 کانال‌ها
Get PRO
فوریه '26
+2
در 0 کانال‌ها
Get PRO
ژانویه '26
+2
در 0 کانال‌ها
Get PRO
دسامبر '25
+2
در 2 کانال‌ها
Get PRO
نوامبر '25
+7
در 1 کانال‌ها
Get PRO
اکتبر '25
+174
در 15 کانال‌ها
Get PRO
سپتامبر '25
+20
در 3 کانال‌ها
Get PRO
اوت '25
+37
در 3 کانال‌ها
Get PRO
ژوئیه '25
+84
در 4 کانال‌ها
Get PRO
ژوئن '25
+62
در 1 کانال‌ها
Get PRO
مه '25
+39
در 2 کانال‌ها
Get PRO
آوریل '25
+37
در 2 کانال‌ها
Get PRO
مارس '25
+31
در 5 کانال‌ها
Get PRO
فوریه '25
+58
در 3 کانال‌ها
Get PRO
ژانویه '25
+306
در 7 کانال‌ها
Get PRO
دسامبر '24
+479
در 3 کانال‌ها
Get PRO
نوامبر '24
+435
در 7 کانال‌ها
Get PRO
اکتبر '24
+413
در 6 کانال‌ها
Get PRO
سپتامبر '24
+1 445
در 18 کانال‌ها
Get PRO
اوت '24
+2 811
در 19 کانال‌ها
Get PRO
ژوئیه '24
+10 059
در 19 کانال‌ها
Get PRO
ژوئن '24
+7 767
در 13 کانال‌ها
Get PRO
مه '24
+2 128
در 5 کانال‌ها
Get PRO
آوریل '24
+2 823
در 3 کانال‌ها
Get PRO
مارس '24
+3 865
در 4 کانال‌ها
Get PRO
فوریه '24
+2 416
در 6 کانال‌ها
Get PRO
ژانویه '24
+2 357
در 10 کانال‌ها
Get PRO
دسامبر '23
+3 117
در 9 کانال‌ها
Get PRO
نوامبر '23
+1 433
در 5 کانال‌ها
Get PRO
اکتبر '23
+480
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
06 سپتامبر0
05 سپتامبر0
04 سپتامبر0
03 سپتامبر+4
02 سپتامبر0
01 سپتامبر+2
پست‌های کانال
photo content
+7

2
တအာင်းပြည်တွင် အရည်အချင်းပြည့်မီသော Software Engineer များ ပေါ်ထွက်လာစေရန် လက်ဖက်မြေနည်းပညာသင်တန်းကျောင်း (TLIT) အတွက် သင်တန်းသား စတင်ခေါ်ယူနေ နမ့်ဆန်၊ စက်တင်ဘာ ၆ ရက် တအာင်းပြည်သတင်း တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော Software Engineer များ မွေးထုတ်ပေးရန်နှင့် ဒေသတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Tea Land Information Technology School (TLIT) အတွက် သင်တန်းသားများ စတင်ခေါ်ယူနေကြောင်း ICT Center-Ta’ang Land မှ စက်တင်ဘာလ (၄) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါသင်တန်းကျောင်းသည် Programming နှင့် Software Development ကို အခြေခံမှစတင်၍ လုပ်ငန်းခွင်ဝင်နိုင်သည့်အဆင့်ထိ သင်ကြားပေးသော ကျောင်းဖြစ်ပါသည်။ ထို့ပြင် သီအိုရီကိုသာ သင်ကြားပေးခြင်းမဟုတ်ဘဲ Real-World Project များဖြင့် လက်တွေ့ လေ့လာသင်ကြားပေးသည့်အတွက် သင့်တန်းပြီးဆုံးသည်နှင့် IT လုပ်ငန်းခွင်သို့ ယုံကြည်စိတ်ချစွာ ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ သင်တန်းကာလသည် (၁၆) လ ကြာမြင့်မည်ဖြစ်ပြီး သင်ကြားပေးမည့် အဓိကဘာသာရပ်များ (၆) ခုဖြစ်သည့် Web Development, Mobile Development, Database Management, Server Administration, Software Engineering, Cyber Security Fundamentals စသည့်ဘာသာရပ်များဖြစ်သည်။ လျှောက်ထားသူများအတွက်အနေဖြင့် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) စနစ်သစ် Grade-12 အောင်မြင်ထားသူဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာရေးလည်း ကောင်းမွန်သူ ဖြစ်ရမည်။ ထို့နောက် IT နည်းပညာကို အမှန်တကယ် စိတ်ပါဝင်စားပြီး ကျောင်းမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ကြောင်း ဖော်ပြထားပါသည်။ သင်တန်းတတ်ရောက်သူများသည် စားသောက်စရိတ်အဖြစ် တစ်လလျှင် (၁၀၀,၀၀၀) ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ကျန်သင်ကြားရေးစရိတ်များကို TLIT ကျောင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကျောင်းကို သင်တန်းသား/သူ (၁၅) ဦးသာ ခေါ်ယူသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက တအာင်းပြည်အစိုးရ လုပ်ငန်းဌာနများတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါလျှောက်လွှာများကို စက်တင်ဘာလ (၂၅)ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး စက်တင်ဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိ လူတွေ့စစ်ဆေးမေးမြန်းသွားမည်။ ယင်းလျှောက်လွှာများကို အသေးစိတ် သိရှိလိုပါက ICT Center - Ta'ang Land Facebook Page (သို့မဟုတ်) အီးမေးလ် taangict@gmail.com၊ Telegram Username @ictcenter2027 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
447
3
+1
بدون متن...
432
4
နမ္မတူနှင့် မန်တုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသမီးတစ်ဦးအပါအဝင် (၁၁) ဦး ဖမ်းဆီးရမိ နမ့်ဆန်၊ စက်တင်ဘာ ၆ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီးတစ်ဦးအပါအဝင် (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့၌ မြို့နယ်ရဲ့တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၈) နှစ်အရွယ် ဦးဆိုထွေး သော်လည်းကောင်း၊ သြဂုတ်လ (၁၅) ရက်နေ့တွင် အသက် (၅၂) နှစ်အရွယ် ဦးရန်ကင်ကြယ် သော်လည်းကောင်း ၎င်းတို့ထံမှ စိတ်ကြွဆေးပြားအနည်းငယ်နှင့် ဆက်စပ်သည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။ ထို့နောက် သြဂုတ်လ (၂၃) ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၆၃) နှစ်အရွယ် ဦးလုံကော၊ အသက် (၂၈) နှစ်အရွယ် ဦးစိုင်းခမ်းအောင်၊ အသက် (၃၈) နှစ်အရွယ် ဦးအလိုင်၊ အသက် (၃၄) နှစ်အရွယ် ဦးညီချစ်၊ အသက် (၄၁) နှစ်အရွယ် ဦးဘိုဘိုတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းအပြင် သြဂုတ်လ (၃၀) ရက်နေ့၌ အသက် (၃၆) နှစ်အရွယ် ဒေါ်သီအောင်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ အလားတူ မန်တုံမြို့နယ်၊ လွယ်မွန်းကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လ (၃၀) ရက်နေ့၌ သွားရောက်စစ်ဆေးခဲ့ရာမှ အသက် (၃၀) နှစ်အရွယ် ဦးနိုင်ဆီ၊ အသက် (၃၆) နှစ်အရွယ် ဦးယိုင်ဘောင်နှင့် အသက် (၅၀) နှစ်အရွယ် ဦးနိုင်ထွန်းတို့ကို မူးယစ်ဆေးဝါးသုံးစွဲထားသည့် ဆက်စပ်ပစ္စည်းများနှင့်အူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားဖြစ်၍ အကျင့်စာရိတ္တလည်း ပြုပြင်ပေးသွားမည်ဖြစ်ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
509
5
+1
بدون متن...
977
6
တအာင်းပြည်တွင် သြဂုတ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးနိုင်ခဲ့ နမ့်ဆန်၊ စက်တင်ဘာ ၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ မိုင်းဝီး၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။ မိုင်းဝီးမြို့နယ်တွင် သြဂုတ်လ (၂) ရက်နေ့၌ မူးယစ်ဆေးဝါးသုံးစွဲမှု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦးထံ စိတ်ကြွဆေး (၂၀) ပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် သြဂုတ်လ (၁၇) ရက်နေ့လည်း ဟင်ဟောင်းကျေးရွာ၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ အသက် (၆၀) နှစ်အရွယ် ဒေါ်အီဒဲထံ ယာမ (၃.၇) ဂရမ်သော်လည်းကောင်း၊ နမ့်စန်းကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ထားရှိသူ အသက် (၃၀) နှစ်အရွယ် ဦးနိုင်အန်နှင့် အသက် (၃၃) နှစ်အရွယ် ဦးအိုက်ညော်ထံ ဘိန်းဖြူ (၀.၅) ဂရမ်၊ ယာမ (၂.၀) ဂရမ်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၅) နှစ်အရွယ် ဦးညီအေးနှင့် အသက် (၄၅) နှစ်အရွယ် ဦးအိုက်ဝင်းသော်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာတွင် သြဂုတ်လ (၇) ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အသက် (၃၇)နှစ်အရွယ် ကိုကျော်ခိုင်(ခ)အားတီထံ ယာမစိတ်ကြွဆေးပြား (၃၇၀) ပြား၊ ဘိန်းမည်းထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းဆီခဲထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းအရည်ဟု ယူဆရသော အဖြူရောင်ကော်ဗူး (၂) ဗူး၊ တရားမဝင်လက်နက်ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ယင်းနောက် သြဂုတ်လ (၁၀) ရက်နေ့လည်း ရပ်ကွက် (၃) အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင့်သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ အသက် (၅၇) နှစ်အရွယ် ဦးမောင်မောင်လွင်ထံ ယာမထုတ်သေး (၃၀) ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့်ဆပ်ပြာဘူး (၃၁) ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ နမ့်ခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အသက် (၅၉) နှစ်အရွယ် ဒေါ်မော်ခင်ထံ ယာမဆေး (၁၂၄၇)ပြား ၊ ဘိန်းမည်း (၃၁၆.၁)ဂရမ်၊ ခါးခူရွက် (၅) အိတ်၊ ဖုန်း (၂)လုံး စသည့်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။ မိုင်းငေါ့မြို့နယ်လည်း သြဂုတ်လ (၂၅) ရက်နေ့၌ ကွန်ကောက်ကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၁) နှစ်အရွယ် ဦးအောင်မိုးထံ ယာမဆေးပြား (၁၉၃) ပြား၊ ဘိန်းဖြူထည့်ထားသည့် ပိုက်ချောင်း (၁) ဝက်၊ ဘိန်းမည်း (၁၀) ဂရမ်၊ ဖုန်း (၂) လုံးနှင့် ကျပ်ငွေ (၁၆) သိန်းကျော်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၉) နှစ်အရွယ် ဦးအိုက်အေးထံ ခါခူးအနည်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
922
7
+7
بدون متن...
794
8
တအာင်းဥပဒေအထောက်အကူပြုအဖွဲ့- TLAF မှ အခြေခံဥပဒေ ဆိုင်ရာအသိပညာပေးသင်တန်းအတွက် စိတ်ဝင်းစားသောလူငယ်များ စတင်ခေါ်ယူနေ နမ့်ဆန်၊ စက်တင်ဘာ ၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်အတွင်း ဥပဒေအကာကွယ်များအားရယူပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းပေါ်ပေါက် လာစေရန်နှင့် ဥပဒေဆိုင်ရာပြဿနာများအား ကူညီလမ်းညွှန်တတ်စေရန်ရည်ရွယ်၍ အခြေခံဥပဒေ ဆိုင်ရာအသိပညာပေးသင်တန်းအတွက် တက်ရောက်ရန် စိတ်ဝင်စားသော ဒေသခံလူငယ်များကို တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ စတင်ခေါ်ယူနေကြောင်း စက်တင်ဘာလ (၃) ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ လျှောက်လိုသူများအနေဖြင့် အသက် (၁၆) နှစ်နှင့် (၃၅) နှစ်ကြားရှိရမည်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး အထက်တန်းအဆင့်တတ်ရောက်ဖူးသူဖြစ်ရပါမည်။ ထို့ပြင် သတ်မှတ်ထားသောစည်းကမ်းချက်များကို လိုက်နာနိုင်သူ၊ လူအများနှင့်လိုက်လျောညီထွေစွာ နေထိုင်နိုင်သူဖြစ်ပြီး သင်တန်းသား/သူ (၃၅)ဦးသာ ခေါ်ယူသွားမည်ဖြစ်ပါသည်။ ဤသင်တန်းအတွင်း ဘာသာရပ် (၁၄) ခုဖြစ်သည့် Trust Building၊ Human Rights၊ Legal Knowledge၊ Constitution၊ Women and Law၊ Rule of Law၊ Child Rights and the Child Rights Law၊ Criminal Law၊ Minority Rights၊ Federal၊ Democracy၊ Special Law၊ Basic Concepts of International Law၊ Other Subjects စသည့်ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလအားဖြင့် (၃) လသာ ကြာမြင့်သွားမည်ဖြစ်သည်။ ၎င်းသင်တန်းတတ်ရောက်ရွေးချယ်ခံရသူများအနေဖြင့် စက်တင်ဘာ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တွင် အကြောင်းကြားပေးမည်ဖြစ်၍ သင်တန်းကို အခမဲ့တတ်ရောက်သွားနိုင်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါ လျှောက်လွှာများကို စက်တင်ဘာ (၁၃)ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။ ထို့ပြင် သင်တန်းအသေးစိတ်အချက်အလက်များကို သိရှိလိုပါက အီးမေးလ် - tlafoffice@gmail.com၊ Facebook Page- Taang Legal Aid Foundation (သို့မဟုတ်) ဖုန်း - ၀၉-၆၉၆ ၆၁၈ ၀၉၃၊ ၀၉-၆၈၆ ၂၈၃ ၄၈၄ မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ၎င်းသင်တန်းဖွင့်လှစ်ရခြင်းသည် အခြေခံအခွင့်အရေးများကို သိရှိနားလည်စေရန်၊ ဥပဒေဆိုင်ရာသိဖွယ်များကို သိရှိလာစေရန်၊ ဥပဒေအကာအကွယ်များကိုရယူပြီး ငြိမ်းချမ်းသော အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်၊ မိမိနေထိုင်ရာရပ်ရွာဝန်းကျင်တွင် ပေါ်ပေါက်လာသောဥပဒေဆိုင်ရာပြသနာများကို ကူညီလမ်းညွှန်တတ်စေရန်၊ Paralegal အဆင့် တတ်လှမ်းနိုင်စေရန်စသည့် အချက်အလက်များကို ရရှိသွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
716
9
+2
بدون متن...
624
10
လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသူ (၃၆) ဦး အမည်စာရင်းထုတ်ပြန် နမ့်ဆန်၊ စက်တင်ဘာ ၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်မည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သူ စုစုပေါင်း (၃၆) ဦး၏ အမည်စာရင်းကို စက်တင်ဘာလ (၃) ရက်နေ့၌ TLSPS မှ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့အထိ လက်ခံခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်းရှိ လူငယ် (၃၆) ဦးကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိထားသည့် သင်တန်းသား/သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၌ နောက်ဆုံးထား၍ ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ပါသည်။ ကျောင်းဝင်ခွင့်ရရှိထားသူများအနေဖြင့် သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ သတင်းပို့ရောက်ရှိရေးဆိုင်ရာကိစ္စရပ်များကို သိရှိလိုပါက ၀၉-၂၆၄၆၀၇၅၃၆၊ ၀၉-၈၉၃၁၃၈၄၉၆ နှင့် ၀၉-၈၈၃၂၈၉၇၇၈ ကို တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် တာဝန်ရှိသူများမှ ယခုအကြိမ် ရွေးချယ်မခံရသူများအား စိတ်ဓာတ်မကျကြရန်နှင့် အနာဂါတ်တွင် အခွင့်အလမ်းသစ်များ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ပြီး လျှောက်ထားသူအားလုံး၏ စိတ်ဝင်စားမှုနှင့် ပါဝင်ကြိုးပမ်းမှုများကို ကျေးဇူးတင်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည် အဆိုပါ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်းသည် သင်တန်းကာလ (၂) နှစ်ကြာမြင့်မည်ဖြစ်ပြီး Semester (၂) ခုဖြင့် အဆင့်လိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ပထမနှစ်တွင် အခြေခံစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကာ ဒုတိယနှစ်တွင် နိုင်ငံရေးနှင့် မူဝါဒရေးရာ ဘာသာရပ်များကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သူများအား နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတငးနှင့်ပြန်ကြားရေးဌာန
630
11
+3
بدون متن...
652
12
BEAM Education Foundation နှင့် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပူးပေါင်း၍ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) လျှောက်လွှာစတင်ခေါ်ယူနေကြောင်း အသိပေးအပ် နမ့်ဆန်၊ စက်တင်ဘာ ၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်အတွင်းရှိကျောင်းများတွင် Grade-12 အောင်မြင်ပြီးမြောက်ထားသူများနှင့် အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသူ/သားများအား နိုင်ငံတကာအသိအမှတ်ပြုသည့် အဆင့်မြင့်ပညာရေးလက်လှမ်းမှီစေရန် ရည်ရွယ်၍ BEAM Education Foundation နှင့် TLEC မှ ပူးပေါင်းကာ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) ကို စက်တင်ဘာလ (၂) ရက်နေ့မှစတင်၍ စတင်ခေါ်ယူနေကြောင်း TLEC မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ လျှောက်ထားသူများအနေဖြင့် အသက် (၁၈) နှစ်နှင့် (၃၅) နှစ်ကြားရှိရမည်ဖြစ်ပြီး တအာင်းဒေသတွင် နေထိုင်သူများဖြစ်ရမည်။ အင်္ဂလိပ်စာအဆင့်အနေဖြင့် Upper Intermediate အဆင့်ရှိရန်လိုအပ်ပြီး TLEC ၏ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးမြောက်ထားသူများဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် TLEC ၏ စီမံခန့်ခွဲမှုအောက်တွင် သင်ယူလေ့လာနိုင်သူဖြစ်ပြီး GED အောင်မြင်ပြီးမြောက်ပါက အဆင့်မြင်ပညာရေး (သို့မဟုတ်) အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်တက်ရောက် သင်ကြားလိုသောသူများ ဖြစ်ရမည်ဖြစ်သည်။ သင်တန်းကာလသည် (၁၅) လတာကြာမြင့်ကာ လစဥ် စားသောက်စရိတ် (၁) သိန်းခွဲပေးသွင်းရမည် ဖြစ်ပြီး ဘဏ္ဍာရေးအခက်အခဲရှိပါက အကြောင်းအရင်းတင်ပြ၍ ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ထားသည့်စည်းမျဥ်းများကို လိုက်နာပြီး အရည်အချင်း စစ်ဆေးသတ်မှတ်ခြင်း (Placement Test) အောင်မြင်သူများကို TLEC မှ ပညာရေးထောက်ပံ့ကြေးအဖြစ် စာမေးပွဲကြေး (Exam Fee) ထိုင်းငွေ ဘတ် (၁၀၀၀) ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ သင်ကြားရေးကာလတွင် အဓိက ဘာသာရပ် (၄) ခုဖြစ်သည့် English၊ Mathematics၊ Social Studies နှင့် Science တို့ကို သင်ကြားပေးမည်ဖြစ်သည်။ သင်ယူမှုပုံစံသည် BEAM Education Foundation မှ Online စနစ်ဖြင့် တိုက်ရိုက်ပို့ချပေးမည်ဖြစ်ပြီး TLEC မှ စာသင်ခန်းအတွင်း နည်းပညာပိုင်းဆိုင်ရာကူညီပေးခြင်းနှင့် ပြန်လည်ဆွေးနွေးပေးခြင်းများကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သင်တန်းအောင်မြင်ပြီးမြောက်သူများအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်လူမှုသိပ္ပံဌာနမှ ချီးမြှင့်သော သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိမည်ဖြစ်ပြီး ၎င်း၏ မိတ်ဆက်နိုင်ငံခြားတက္ကသိုလ်များသို့ ပညာဆက်လက်တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။ အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ (၂) ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး Google Form (https://forms.gle/rMLRetsoAhSduH3b8) (သို့မဟုတ်) QR Code Scan ဖတ်၍ လျှောက်ထားနိုင်ပါသည်။ ထို့ပြင် သင်တန်းအသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉ ၂၆၂၆၁၄၇၈၆/ ၀၉ ၂၅၅၉၂၉၉၁၁ သို့မဟုတ် Email (tsm@taanglandeducationcouncil.org) မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
696
13
+1
بدون متن...
775
14
+9
بدون متن...
959
15
+9
بدون متن...
595
16
+9
بدون متن...
647
17
+9
بدون متن...
475
18
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ဩဂုတ်လထုတ်စာစောင် တအာင်းပြည်၊ ဩဂုတ်၊ ၂၀၂၆ခုနှစ် Downloadယူရန် https://shorturl.at/H2ZAU #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
527
19
بدون متن...
540
20
+9
بدون متن...
471