cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Western News

Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

نمایش بیشتر
پست‌های تبلیغاتی
33 780
مشترکین
+3524 ساعت
+2927 روز
+1 76730 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
👍 8🤮 1🥱 1
■ လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ သံတွဲမြို့နှင့် ငပလီ ကို AA က ဝိုင်းရံ ပိတ်ဆို့ထား Western News|ဇွန် ၂၂ စစ်ရေးအရ အရှုံးများနှင့် ရင်ဆိုင်နေရသည့်သံတွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် တပ်အင်အားများ ထပ်ဖြည့်နေကြောင်း စစ်ရေးလေ့လာသူများနှင့် တပ်တွင်းသတင်းရင်းမြစ်များက Western News ကိုပြောသည်။ လက်ရှိတွင် သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီက တပ်ရင်းများမှလည်း ခံစစ်ဖြင့် တိုက်ခိုက်နေသည်။ စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သလို အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။ "ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က ပါတယ်။ လေကြောင်းက လာတာတွေ၊ ပြီးတော့ ရေကြောင်း သင်္ဘောနဲ့ လာချပေးတာတွေရှိနေတယ်။ သူတို့က ၅၅ တပ်ရင်းမှာ ဆင်းတာတွေရှိတယ်။ ဂွ င/သိုင်းချောင်းဖက်က လာတာတွေရှိတယ်။ ကုန်းလမ်းကတော့ လာလို့ မရဘူး။ အဲ့ဒီလမ်းတွေကို AA က ပိတ်ဆို့ထားတာရှိတယ်" ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်က လက်နက်အင်အား တပ်အင်အားများကို ငပလီ ခလရ (၅၅) တပ်ရင်းနှင့် ငပလီ လေဆိပ်အနားက ခမရ (၅၆၆) တပ်ရင်းတို့ကို ဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ (၅၆၆) တပ်ရင်းကို ခံစစ်အနေဖြင့် ပြင်ဆင်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတပ်အင်းအားကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ စတင်၍ ဖြည့်တင်းလာခြင်းဖြစ်ပြီး ယခု ရက်ပိုင်းများမှာ တဖြည်းဖြည်း အင်းအား ပိုပြီး ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ယခု ရက်ပိုင်းများမှ နှစ်ဖက်တိုက်ပွဲများ ပိုမို့ ပြင်းထန်လာနိုင်ကြောင်း သိရသည်။ " သုံးရက်လောက် ရှိပြီ။ လေကြောင်းကမလာတာ။ အကြောင်းတစ်ခုခုရှိနေလိမ့်မယ်။ AA ဖက်က လေဆိပ်နားမှာ တိုက်ပွဲ ဖော်နေတယ်။ အဲ့ဒါကြောင်းများလား အရင်ကလို လေယာဉ်မဆင်းတော့ဘူး။ အဲ့ဒီလေဆိပ် ဝန်းကနေ လက်နက်ကြီးနဲ့ တစ်လျှောက် ပစ်နေတယ် "ဟုပြောသည်။ ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ Western News-WN ပုံစာ-ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စစ်ကောင်စီနေဗီတစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)
نمایش همه...
👍 12🤮 1🥴 1
Photo unavailableShow in Telegram
👍 67🤬 16🤣 4👏 2 1
■ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် (စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ) Western News| ဇွန် ၂၁ ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက " ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ " ဟု ပြောသည်။ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။ ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။ Western News-WN
نمایش همه...
👍 66🤬 11🫡 5🤣 4 3😢 3
Photo unavailableShow in Telegram
👍 28🤣 7
■ မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး Western News| ဇွန် ၂၁ ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲ သေနတ်ကျည်ဆံများနှင့် မော်တာပေါက်ကွဲမှုများ ဘင်္ဂလားဒေ့ရှ်ပိုင် နယ်စပ်သို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထပ်မံပစ်ခတ်ပါက ပြန်ပစ်ခတ်ရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးပြောကြားလိုက်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်နှင့် အလွန်နီးစပ်ပြီးသည့် မြို့ဖြစ်သည်။ စစ်ကောင်စီတပ်နှင့် AA ပစ်ခတ်သော ကျည်များ၊ လက်နက်ကြီးများမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နယ်မြေသို့ ကျရောက်နေ၍ နောက်ထပ်မဖြစ်ပွားစေရန် နှစ်ဖက်စလုံးကို သတိပေးထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ " မြန်မာစစ်တပ်နဲ့ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို့ သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ သူတို့က ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တစ်ခါစ်တရံ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ သူတို့ကို အသိပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ သင်္ဘောတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ် အလံကို ရှင်းရှင်းလင်းလင်းပြရင် ဘယ်သူကမှ ပစ်ခတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။ နတ်မြစ်၏ အချို့နေရာများတွင် ရေကြောင်းသွားလာမှု ညံ့ဖျင်းခြင်းကြောင့် Teknaf မှ Saint Martin's ကျွန်းသို့ ရောက်ရှိခြင်းသည် လှေများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောသည်။ ထို့ကြောင့် မြန်မာရေပိုင်နက်အတွင်းမှ ဖြတ်သန်းသွားသော ဘင်္ဂလားဒေ့ရှ်လှေများကို မြန်မာစစ်တပ် သို့မဟုတ် ရက္ခိုင့်တပ်မတော်မှ ပစ်ခတ်သည့် ဖြစ်စဉ်များဖြစ်ပွားစေခဲ့ပြီး ယခုအခါ အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။ လောလောဆယ် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွင် လှေတွေကို ပစ်ခတ်ခြင်းမရှိကြောင်းနှင့် နတ်မြစ်အတွင်းရှိနေသော မြန်မာသင်္ဘောနှစ်စင်းလည်း ဆုတ်ခွာသွားပြီဟု သိရသည်။ “နောက်ထပ် သေနတ်ပစ်ခတ်မှုတွေ ထပ်မဖြစ်တော့ဘူးလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို ဖြတ်သွားတဲ့ သူတွေကတော့ လိုအပ်သလို ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက် Teknaf နယ်စပ်တွင် သေနတ်သံများ၊ မော်တာပေါက်ကွဲမှုများ ဆက် လက် ထွက်ပေါ်လာပြီး Cox's Bazar ခရိုင်ရှိ Teknaf upazila တစ်လျှောက်တွင် သေနတ်သံများနှင့် မော်တာပေါက်ကွဲသံများကြားနေရသည်။ Western News-WN
نمایش همه...
👍 48😁 6🤣 5
Photo unavailableShow in Telegram
👍 60 12🤣 2
■ တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ Western News| ဇွန် ၂၁ ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တောင်ကုတ်စစ်ရေးသိသူတစ်ဦးက ပြောသည်။ " နေပူတောင်အနီးမှာ နေပူတောင်စခန်းငယ်တစ်ခုရှိတယ်။ ပြည်ဘက်ကနေ ရိုးမတောင်ဖြတ်ပြီး နေပူတောင်စခန်းလာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲက ရှိနေတုန်းပဲလို့ဆိုတယ်။ AA ကတော့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေကို ဝိုင်းရံပိတ်ဆို့ထားတာလေ။ " ဟု ပြောသည်။ တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများသို့ စစ်ကူလာနိုင်သော လမ်းကြောင်းများအားလုံးကို AA က ပိတ်ဆို့ထားပြီး အင်အားဖြည့် စစ်ကြောင်းများကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများကို AA က ဆောင်ရွက်နေသည်။ အဆိုပါ နေပူတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အများအပြား အကျအဆုံးရှိနေကြောင်း စစ်ရေးသိသူက ဆက်လက်ပြောသည်။ " ပြည်ကလာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ၊ တပ်ဖွဲ့ဝင်အများအပြား သေဆုံးတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က တော်တော်လေး အထိနာနေတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုရှိနေတယ်လို့ သတင်းရထားပါတယ်။ " ဟု ပြောသည်။ တောင်ကုတ်မြို့အနီးက စစ်ကောင်စီတပ်ရင်းများမှာ တောင်ကုတ်တက္ကသိုလ်ထဲက ပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်နှင်ထုတ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲအထိုင်ချထားကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။ တောင်ကုတ်တက္ကသိုလ်အပါအဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်းလည်း သိရသည်။ တောင်ကုတ်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြို့ကိုစွန့်ခွာကာ ဘေးကင်းရာနေရာများသို့ တိမ်းရှောင်နေကြပြီး ပိတ်မိနေသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။ တောင်ကုတ်မြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂိတ်များက မြို့ကထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားကြောင်း ဆိုသည်။ လက်ရှိ ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း စုံစမ်းသိရသည်။ Western News-WN
نمایش همه...
👍 92 8😁 2👌 2🤣 1
Photo unavailableShow in Telegram
👍 23🤬 3💩 3🤣 1
စစ်တပ်၏ မိတ်ဖက် Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက် လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေသတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေကြောင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း JFM က ထောက်ပြသည်။ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာ ကြံရာပါပတ်သက်မှုနှင့် ၎င်းအပေါ် အရေးယူရန်ပျက်ကွက်မှုများသည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်ဟု JFM က ဆိုသည်။ နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်း လဲကျင့်သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှုများနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေး ယူဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။ Western News-WN
نمایش همه...
👍 26🤣 3
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.