fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက် အောက်တိုဘာ ၁၉၊ ၂၀၂၆ ရခို
+3
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက် အောက်တိုဘာ  ၁၉၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့  စားရေရိက္ခာဖူလုံမှုရှိစေရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိစေရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကအီးချောင်းတွင် Checkden တည်ဆောက်၍ ကျေးရွာနေပြည်သူများသို့ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေအား လည်းကောင်း၊ ဆားချက်ကျေးရွာရေရရှိရေးအတွက် ဆားချက်ဆည်မှ ကျေးရွာအတွင်းသို့ ရေပေးရေးဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ပလင်တောကျေးရွာ ရေရရှိရေးအတွက်ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း၊ သာယာကုန်းကျေးရွာ ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ခဲ့မှုနှင့် ရေရရှိရေးအတွက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုနှင့်အတူ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးဆက်များကို ကြိုတင်မှန်းဆပြီး ဒေသခံပြည်သူများ စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေလုံလောက်စွာ ရရှိရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများကို ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း(ဆားချက်)၊ အခြေခံပညာအထက်တန်းကျောင်း(သာယာကုန်း)သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များကောင်းမွန် စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့်ရေရရှိရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများသို့ ဆိုလာစနစ်ဖြင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုလာစက်ရုံဆိုင်ရာအချက်အလက်များနှင့်လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေများ၊ ပေါ်စကိုဒေဝူးကုမ္မဏီမှ လျှပ်စစ်ပညာရှင်များက ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ရှင်လင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ ဆိုလာစက်ရုံအနီးရှိ အမဲသားပြားလွှာစက်ရုံ တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆားချက်တိုက်နယ် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်နေသူများအား အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အောက်ဆီဂျင်စက်ရုံနှင့် ဆေးရုံအတွင်းဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။
19 اکتبر, 06:51

ပြင်သစ်တွင်လုယက်သူတစ်ဦးဘောင်းဘီကိုမီးလောင် NOM ကျောင်းသားများ ပညာရေးအခြေအနေကောင်းရန်တောင်းဆိုဆန္ဒပြမှုများနှင့် မည်သို့မှမသက်ဆိုင်သောဆူပူအကြမ်းဖက်သူ/ပစ္စည်းခိုးယူသူများထဲမှတစ်ယောက်သည်သူ့ဘောင်းဘီကို သူ အမှတ်မထင် မီးရှို့မိသွားသည်။
19 اکتبر, 06:50

မကွေး-ရခိုင်အစပ်တွင် သိမ်းပိုက်ရရှိခဲ့သည့် AA အကြမ်းဖက်အဖွဲ့၏ လက်နက်/ ပစ္စည်းများ။
+2
မကွေး-ရခိုင်အစပ်တွင် သိမ်းပိုက်ရရှိခဲ့သည့် AA အကြမ်းဖက်အဖွဲ့၏ လက်နက်/ ပစ္စည်းများ။
19 اکتبر, 06:48

ဆူပူမငြိမ်မသက်မှုများအတွင်း ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ဂျာကင်အင်္ကျီများနှင့် Apple Watch တို့အား လုယက်ယူဆောင်ခဲ့ကြောင်း စွပ်စွဲခံရ ရဲအရာရှိများသည် လိမိုးဂျစ် (Limoges) မြို့တွင် North Face ဂျာကင်၊ Lacoste အမှတ်တံဆိပ် ပစ္စည်းများနှင့် ပါရီမြို့တွင် Apple Watch တစ်လုံးတို့အား ယူဆောင်သွားခဲ့ကြောင်း သတင်းများက ဆိုသည်။
19 اکتبر, 06:47

ပြင်သစ်နိုင်ငံ မာဆေး (Marseille) မြို့တွင် တနင်္လာနေ့အတွက် လူထုစုဝေးမှုများ တားမြစ်ပိတ်ပင် ဘူချ်-ဒီ-ရိုန်း (Bouches-du-Rhône) ရဲဌာနချုပ်က နေ့လယ် ၁၂ နာရီမှ ညနေ ၈ နာရီအတွင်း "မည်သည့်စုဝေးမှုနှင့် ဆန္ဒပြမှုများကိုမဆို" တားမြစ်ကြောင်း ကြေညာခဲ့ပြီး ပြည်ထဲရေးဝန်ကြီးလည်း အဆိုပါမြို့သို့ ရောက်ရှိလာရန် ရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
19 اکتبر, 06:42

ဘောလိဝုဒ်မင်းသား တိုက်ဂါး ရှရော့ဖ် (Tiger Shroff) ၏ ကားကို သေနတ်သမားက ပစ်ခတ်။ ယာဉ်မောင်းနှင့် အနီးအနားရှိ ပရိသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ။
19 اکتبر, 06:35

အယ်လ်နီညိုဆိုတာဘာလဲ
အယ်လ်နီညိုဆိုတာဘာလဲ
19 اکتبر, 06:32

မင်းလှမြို့နယ်၊ ကျောက်ပုံကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ
+1
မင်းလှမြို့နယ်၊ ကျောက်ပုံကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့မောင်နှမနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၁၉၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ ကျောက်ပုံကျေးရွာနေ မမိုးသန္တာအောင် (၁၈) နှစ်နှင့် ၎င်း၏မောင်ဖြစ်သူ မောင်ခိုင်ကျော်ဗိုလ် (၁၅) နှစ်တို့သည် ကျောက်ပုံ ကျေးရွာ၏အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ တောအတွင်း ထင်းခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
19 اکتبر, 06:30

အယ်လ်ဘေးနီးယားနိုင်ငံတွင် ဆန္ဒပြသူများက ရဲအရာရှိတစ်ဦးအား မီးရှို့ခဲ့ကြပြီး နိုင်ငံအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားနေကာ ယင်းဆန္ဒပြမှုများအတွက် အစိုးရကရုရှားကို အပြစ်တင် သတင်းဖော်ပြချက်များအရ အဓိကရုဏ်းဖြစ်ပွားနေသည်မှာ ခြောက်ရက်မြောက်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ထားဆဲဖြစ်ကြောင်း သိရသည်။ ဒေသခံပြည်သူများက ၎င်း၏နုတ်ထွက်မှုကို တောင်းဆိုနေကြပြီး ၎င်းတို့၏ ဒေါသထွက်ရသည့် အဓိကအကြောင်းရင်းမှာ အဂတိလိုက်စားမှုကြောင့် ဖြစ်သည်။ ဝန်ကြီးချုပ်ကမူ ဆန္ဒပြပွဲများ၏နောက်ကွယ်တွင် ပြည်ပအင်အားစုများ ရှိနေသည်ဟု ပြောကြားခဲ့ပြီး၊ ထုံးစံအတိုင်း ရုရှားအပြင် အီရန်နိုင်ငံကိုပါ စွပ်စွဲပြောဆိုခဲ့သည်။ ဆန္ဒပြသူများသည် ကျောက်တုံးများ၊ မီးလောင်ဗုံးများနှင့် မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်နေကြပြီး အမှိုက်ပုံးများကိုလည်း မီးရှို့နေကြသည်။ တီရာနာမြို့ (Tirana) အတွင်းရှိ အဆောက်အအုံများနှင့် တရားဥပဒေစိုးမိုးရေး အဆောက်အအုံများမှာလည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က အယ်လ်ဘေးနီးယား ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော လမ်းပေါ်ထွက်ဆန္ဒပြပွဲများကို ရုရှားက လှုံ့ဆော်နေသည်ဟူသော စွပ်စွဲချက်များကို ရပ်တန့်ရန် တိုက်တွန်းလိုက်သည်။ "ကိုယ် တာဝန်ယူရမယ့် ကိစ္စကို သူများဆီ မလွှဲချပါနဲ့။ ကိုယ့်ရဲ့ ပြည်တွင်းပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းကြပါ" ဟု ဇာခါရိုဗာက ပြောကြားခဲ့သည်။
19 اکتبر, 06:23

မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့်နှင့်အညီ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်
+3
မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့်နှင့်အညီ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပြောကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံအနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့်နှင့်အညီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
19 اکتبر, 06:13

ပြင်သစ် ဆူပူဆန္ဒပြပွဲများအတွင်း နေရာမှားပုန်းမိသော အဓိကရုဏ်းနှိမ်နင်းရေး ရဲတစ်ဦးအားတွေ့ရစဉ်။
19 اکتبر, 06:12

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ထွ
+2
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ထွက်ခွာ အောက်တိုဘာ ၁၉၊ ၂၀၂၆
19 اکتبر, 06:08

ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း၌ ကလေးတစ်ဦးရေနစ်သေဆုံး NOM၊အောက်တိုဘာ၁၉၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှ
ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း၌ ကလေးတစ်ဦးရေနစ်သေဆုံး NOM၊အောက်တိုဘာ၁၉၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း၌ ယနေ့(အောက်တိုဘာ၁၉ရက်)နံနက်၁၁နာရီခွဲကကလေးတစ်ဥဦးရေဆင်းကူးရင် ရေနစ်သေဆုံခဲ့သည့်ဟုမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသို့အနီးဝန်ကျင်ရှိကျေးရွာမှအသက်၁၁နှစ်ဝန်ကျင်ရှိကလေးများမှာရေလာကစားရင်ရေကူးခဲ့ရာ ကလေးတစ်ဦးရေနစ် သွားသည့်အတွက် ကျန်ကလေးများမှာအနီးဝန်းကျင်သို့အကူညီတောင်းခံပြီးရှာဖွေခဲ့ရာ မွန်းလွဲ ၁၂နာရီ၅မိနစ်ခန့်တွင်သေဆုံးနေသည်အသက် ၁၁နှစ်ခန့်ရှိ ကလေး၏ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရ ဧရာဝတီမြစ်အတွင်း ကလေးတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်း၊ အောင်မြင်သာစံမြို့နယ်မီးသတ်စခန်းနှင့် ညောင်ကွဲအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သေဆုံးသူအားစေတနာမေတ္တာဂရုဏာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်
19 اکتبر, 05:41

ဇလင်စကီးသည်စစ်ပွဲကိုရပ်တန့်လိုစိတ်မရှိသူဟုထရမ့်ပြော NOM "ထရမ့်က ဇလင်စကီးသည် စစ်ပွဲကို အဆုံးသတ်ချင်သည့် ဆန္ဒ လုံးဝမရှိခဲ့ကြောင
ဇလင်စကီးသည်စစ်ပွဲကိုရပ်တန့်လိုစိတ်မရှိသူဟုထရမ့်ပြော NOM "ထရမ့်က ဇလင်စကီးသည် စစ်ပွဲကို အဆုံးသတ်ချင်သည့် ဆန္ဒ လုံးဝမရှိခဲ့ကြောင်း၊ လွန်ခဲ့သော ၂ နှစ်ကဆိုလျှင် ယခုထက် ပိုမိုကောင်းမွန်သော သဘောတူညီချက်တစ်ခုကို ရရှိနိုင်ခဲ့ကြောင်းနှင့် ယူကရိန်းသည် ၎င်း၏ နယ်မြေအမြောက်အမြား၊ ပင်လယ်ထွက်ပေါက်နှင့် ၎င်း၏ အမျိုးသားဦးရေ အများအပြားကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။"
19 اکتبر, 00:48

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်
19 اکتبر, 00:45

သီလရှင်ဆရာလေးများအတွက် ရထားလက်မှတ်ဝယ်ယူရာတွင် သာသနာဝင် စိစစ်ရေးကတ်ပြား အမှတ်ရှေ့တွင်(၀)တစ်လုံးကို မဖြစ်မနေထည့်ရမည် NOM၊အောက်တ
သီလရှင်ဆရာလေးများအတွက် ရထားလက်မှတ်ဝယ်ယူရာတွင် သာသနာဝင် စိစစ်ရေးကတ်ပြား အမှတ်ရှေ့တွင်(၀)တစ်လုံးကို မဖြစ်မနေထည့်ရမည် NOM၊အောက်တိုဘာ၁၉၊၂၀၂၆ ORTP စနစ်မှတစ်ဆင့် သီလရှင်ဆရာလေးများအတွက် ရထားလက်မှတ် ဝယ်ယူရာတွင် သီလရှင် မှတ်ပုံတင်နံပါတ် (သာသနာဝင် စိစစ်ရေးကတ်ပြား အမှတ်) ကို ဖြည့်သွင်းရာတွင် စနစ်၏ သတ်မှတ်ချက်အရ ရှေ့ဆုံးတွင် သုည (၀) တစ်လုံးကို မဖြစ်မနေ ထည့်သွင်းပေးရန် ORTP info By မြန်မာ့မီးရထား ယမန်နေ့ အောက်တိုဘာ၁၈ရက်တွင်ထုတ်ပြန်လိုက် ကြောင်းသိရသည်။ ORTP စနစ်မှတစ်ဆင့် သီလရှင်ဆရာလေးများအတွက် ရထားလက်မှတ် ဝယ်ယူရာတွင် ဥပမာအားဖြင့် သီလရှင် မှတ်ပုံတင်နံပါတ်(သာသနာဝင် စိစစ်ရေးကတ်ပြား) အမှတ် "၁၂၃၄၅" ဖြစ်ပါက စနစ်အတွင်းသို့ဝင်ရာတွင် ရှေ့ဆုံးမှ သုည ခံ၍ "၀၁၂၃၄၅"ဟုထည့်သွင်းရမည်ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်များ ဝယ်ယူရာတွင်အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရန်အတွက် သီလရှင်ဆရာလေးများအနေဖြင့်ဤအချက်လေးကို ကြိုတင်သတိပြုပေးကြရန် အသိပေး လျှောက်ထားအပ်ပါသည့်ဟု ORTP info By မြန်မာ့မီးရထားမှအသိပေးထားသည်။
19 اکتبر, 00:35

◾ ဗန်းမော်ကို အချောင်ရမလားဆိုပြီး KIA ကလာတိုက်တာ နှစ်ပေါက်သွားပြီ။ တကယ်တော့....ဒီတိုက်ပွဲမှာ KIA ထက် စစ်ကိုင်းအထက်ပိုင်း ဝန်းသို၊ ကသာ၊ ကောလင်း ဘက်က အညာ PDF တွေပဲ ဒီတိုက်ပွဲမှာ အများဆုံးသေလောက်တယ်။ ဂွမ်မော်တို့ ဒီလောက် မညံ့ဘူး။ မညံ့ဘူးဆိုပေမယ့်လည်း kia တွေလည်း အတော်လေး ရင်းထုတ်လိုက်ရမှာပါပဲ။ လက်ရှိ မတိုးနိုင်တော့ဘူးဆိုကတည်းက HR ပိုင်းမှာ လိုအပ်ချက်ကြီးသွားတာ သိသာစေတယ်။ နှစ်ပေါက်အောင် တိုက်တဲ့ တိုက်ပွဲဆိုတော့လည်း မြို့လည်း ပျက်တာပဲ။ ဆေးရုံတွေ၊ တက္ကသိုလ်တွေ....ဘာတစ်ခုမှ အကောင်းမကျန်တော့ဘူး။ လူနေအိမ်ရပ်ကွက်တွေ ဆိုတာကတော့...ပြောမနေနဲ့ပေါ့။ KIA လည်း ဗန်းမော်မှာ ထိုးစစ်ရပ်ပြီး တပ်လန် သွားတယ်လို့ပြောရမယ်။ ------------ ◾ လက်ရှိ ရခိုင်က စစ်တွေမှာလည်း စစ်တွေကို AA ကသိမ်းမယ်ဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာရှိတယ်။ စစ်တွေကိုသာ AA က သိမ်းဖို့ကြိုးစားလာရင်...ဘာကြောင့် တပ်က စစ်တွေမှာ ခံစစ်မပြင်ဘဲ ကုလားတန်မြစ်ကိုကျော်ပြီး ငပြီကျွန်းကို သိမ်းနိုင်ဖို့ ကြိုးစားနေမလဲပေါ့။ ဒါက စဉ်းစားဖို့ ကောင်းတဲ့အချက်ကို ပြောပြတာပါ။ --------- ◾ ဒါပေမယ့် ဗန်းမော်ပဲဖြစ်ဖြစ်...ရခိုင်မှာပဲဖြစ်ဖြစ်...ရလဒ်တစ်ခုခုကို ထုတ်ပြနိုင်မှပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ ရခိုင်မှာ သတင်းထောက်လှမ်းရေး ကွန်ရက်အရ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်တာက သူတို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့်...နယ်မြေသိမ်းနိုင်ခြင်းကသာ ပိုပြီး ထိရောက်နိုင်လိမ့်မယ်။ ဆိုလိုတာက ..AA ကို နှစ်သက်လက်ခံလိုခြင်းမရှိတဲ့ သံတွဲ၊ တောင်ကုတ်မြို့တွေကို ပြန်ရနိုင်ရင်...စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း ပြိုဆင်းလာနိုင်တယ်။ အဓိက Results ပြနိုင်ဖို့ လိုတယ်လို့ ယူဆမိတယ်။ --------- ◾ ခုလည်း တပ်မတော်ရဲ့ ထိုးစစ်တွေအောက်မှာ AA ဘက်က ခုခံနိုင်တဲ့ အနေအထား မရှိတာ တွေ့ရတယ်။ ရှေ့လျှောက် ပွင့်လင်းကာလဆိုတော့...အများကြီး မျှော်လင့်မိတယ်။ စစ်တွေကျော်ပြီး ပုဏ္ဏားကျွန်းလောက်ရမယ်။ ကျောက်ဖြူကျော်ပြီး စနဲနဲ့ မအီလောက် သိမ်းနိုင်မယ်။ ဂွ၊ သံတွဲနဲ့ တောင်ကုတ်လောက်ကို.... Resluts ပြနိုင်ရင်...မဆိုးဘူး။ ရခိုင်က အိမ်နီးနားချင်းတွေရဲ့ ဩဇာလွှမ်းမိုးမှု ဝေးပါတယ်။ ကိုယ်ကြိတ်ရင် ကြိတ်နိုင်သလောက်ရမယ့် အနေအထားပဲ။ တောင်ခမ်းကနေ ကျောက်မဲ၊ နောင်ချို ဆက်တိုက် ထိုးစစ်ဆင်နိုင်တဲ့ ပထဝီအနေအထားခြင်းတော့ မတူဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လောဘကြီးမိပြန်ရော။ (နရီမိုး)
19 اکتبر, 00:10

အီဂျစ်ဒီမိုကရက်တစ်ဆိုရှယ်လစ်ပါတီ (Egyptian Democratic Social Party) က ဆော်ဒီအာရေဗျနိုင်ငံအတွင်းသို့ အီဂျစ်စစ်တပ်စေလွှတ်ရေးကို ထောက်ခံမဲပေးမည်မဟုတ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။
19 اکتبر, 00:02

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိ အောက်တိုဘာ ၁၈၊ ၂၀၂၆ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် RFID ပါဝင်သည့်စနစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်အသုံးပြုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်အထိ ကိုယ်ပိုင်ယာဉ် ၁၂၀၅ စီးနှင့် ခရီးသည်တင်ယာဉ် ၄၉၅ စီး စုစုပေါင်း အစီးရေ ၁၇၀၀ ကို တပ်ဆင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ RFID Toll Pass စနစ်တပ်ဆင်ခြင်းများကို ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ၊ နေပြည်တော်စီလမ်းဆုံနှင့် စကားအင်းလမ်းဆုံတို့တွင် တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအမှတ်(၃)လမ်းဆုံရှိ Toll Pass Station ၌ ခရီးသည်တင် မော်တော်ယာဉ်ကြီးများနှင့် ကိုယ်ပိုင်ယာဉ်များက Toll Pass Unit ဝယ်ယူ၍ Toll Pass RFID Sticker တပ်ဆင်မှုအခြေအနေ၊ အဆိုပါစနစ်တပ်ဆင်ထားသော ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များသည် My Toll Pass Mobile Application ကိုအသုံးပြု၍ အမြန်လမ်းမကြီးတိုးလ်ဂိတ်အလိုက် မိမိဖြတ်သန်းမှုနှင့်ဖြတ်သန်းခ ပေးချေမှုဆိုင်ရာအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီကြည့်ရှုနိုင်မည့်အခြေအနေကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးစဉ် RFID (Radio Frequency Identification Device)ပါဝင်သည့် စနစ်သို့ အဆင့်မြှင့်တင်၍ ပြောင်းလဲဆောင်ရွက်ပေးခြင်းဖြင့် မော်တော် ယာဉ်များသည် တိုလ်းဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Free flow ဖြတ်သန်းနိုင်သဖြင့် ငွေသားလေလွင့်ဆုံးရှုံးမှုများမရှိခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးများရရှိမည်ဖြစ်ကြောင်း၊ တိုးလ်ဂိတ်များတွင်တပ်ဆင်အသုံးပြုသည့်ပစ္စည်းများ ပျက်စီးမှုနည်းပါးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့ကို အသုံးပြုသည့်ဝန်ထမ်းများအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။ ထိုမှတစ်ဆင့် မိုင်တိုင် ၃၂/၃ မှ ၃၃/၃ ကြားတွင် ၁၂ ပေ ၆ လက်မ အကျယ်၊ ၁ ပေ ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊ အမြန် လမ်းမကြီးတစ်လျှောက် Thermoplastic Road Paint ဖြင့် ဆေးလိုင်းဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု Box Culvert များ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ရန်ကုန် - မန္တလေးအမြန်လမ်းမိုင်တိုင် အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား (အသွားလမ်း) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းများအရှိန်အဟုန်မပြတ်ကြိုးစားဆောင်ရွက်သွားရန်၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
18 اکتبر, 14:25

ပြင်သစ်နိုင်ငံပဲရစ်မြို့နေရာအနှံ့လုယက်မှုများဖြစ်ပွါးနေ
18 اکتبر, 12:30