ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 514 名订阅者,在 新闻与媒体 类别中位列第 16 060,并在 缅甸 地区排名第 10 078

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 514 名订阅者。

根据 19 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -278,过去 24 小时变化为 -10,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 10.38%。内容发布后 24 小时内通常能获得 9.08% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 300 次浏览,首日通常累积 1 137 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 20 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 514
订阅者
-1024 小时
-777
-27830
帖子存档
အာဖရိကတိုက်ရှိ မာလီနိုင်ငံတွင် ရုရှားအာဖရိကတပ်ဖွဲ့များ​၏ ချေမှုန်းခြင်းခံလိုက်ရသည့် အကြမ်းဖက်သမားများ။
+9
အာဖရိကတိုက်ရှိ မာလီနိုင်ငံတွင် ရုရှားအာဖရိကတပ်ဖွဲ့များ​၏ ချေမှုန်းခြင်းခံလိုက်ရသည့် အကြမ်းဖက်သမားများ။

🇷🇺🇲🇱 ရုရှားကာကွယ်ရေးဝန်ကြီးဌာန "အာဖရိကတပ်ဖွဲ့" ၏ ထုတ်ပြန်ချက် မနေ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် နံနက် ၅:၃၀ နာရီခန့်တွင် အနောက်နိုင်ငံထောက်လှမ်းရေးအဖွဲ့များ၏ လေ့ကျင့်ပေးမှုခံထားရသော "အာဇာဝါဒ် Azawad လွတ်မြောက်ရေးတပ်ဦး" နှင့် "အစ္စလာမ်မစ် မာဂရက်ဘ်ဒေသ အယ်လ်ကေးဒါးအဖွဲ့" (AQIM) အမည်ရှိ အကြမ်းဖက်အုပ်စုများသည် အင်အား ၁၀,၀၀၀ မှ ၁၂,၀၀၀ ခန့်အထိ အသုံးပြုကာ မာလီနိုင်ငံတွင် နိုင်ငံတော်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့သည် မြို့တော်ရှိ အဓိကကျသောနေရာများ၊ အထူးသဖြင့် သမ္မတနန်းတော်အား သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ ထို့အပြင် မြို့ကြီးများဖြစ်သော ဂါအို Gao၊ ကီဒါးလ် Kidal၊ ကာတီ Kati နှင့် ဆီဗာရေး Sevare တို့ရှိ မြို့တော်စီမံခန့်ခွဲရေးအဆောက်အအုံများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ ကီဒါးလ် နှင့် ဂါအိုနယ်မြေများတွင် ယူကရိန်းနှင့် ဥရောပမှ ကြေးစားစစ်သားများသည် အစိုးရဌာနဆိုင်ရာများနှင့် အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြပြီး အနောက်နိုင်ငံထုတ် စတင်ဂျာ Stinger နှင့် မစ်စထရယ်လ် Mistral လေကြောင်းရန်ကာကွယ်ရေးစနစ် (မန်းပက်ဒ်စ် MANPADS) များကို အသုံးပြုခဲ့ကြသည်။ ရုရှားတပ်မတော်၊ အာဖရိကတပ်ဖွဲ့မှ စစ်သည်များ၏ သတ္တိနှင့် သူရဲကောင်းပီသမှုတို့ကြောင့် မာလီနိုင်ငံတွင် "ဆီးရီးယားဇာတ်လမ်း" ကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်အောင် တားဆီးနိုင်ခဲ့သည်။ အာဖရိကတပ်ဖွဲ့သည် အဓိကကျသော အချက်အချာနေရာများ၊ လေဆိပ်များနှင့် ကာတီရှိ အမျိုးသားလက်နက်တိုက်တို့ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ တပ်ဖွဲ့ဝင်စစ်သည်များနှင့် အရာရှိများ၏ ကျွမ်းကျင်သော လုပ်ဆောင်မှုများကြောင့် သမ္မတသက်တော်စောင့်တပ်ဖွဲ့နှင့် မာလီအမျိုးသားတပ်မတော်တို့အကြား စနစ်တကျ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး သမ္မတနန်းတော်အား သိမ်းပိုက်ခြင်းမခံရအောင် တားဆီးနိုင်ခဲ့သည်။ အကြမ်းဖက်သမားဘက်မှ အင်အား ၁,၀၀၀ ကျော် ကျဆုံးခဲ့ပြီး (ဘာမာကို Bamako တွင် ၂၀၀ ကျော်၊ ဂါအို တွင် ၅၀၀၊ ကာတီတွင် ၃၀၀ နှင့် ကီဒါးလ်တွင် ၂၀၀) ယာဉ်အစီးရေ ၁၀၀ ကျော်လည်း ပျက်စီးသွားခဲ့သည်။ ရုရှားတပ်မတော်၏ အာဖရိကတပ်ဖွဲ့သည် အာဖရိကတိုက်ပေါ်ရှိ ရုရှားနိုင်ငံ၏ ဂုဏ်ဆောင်တပ်ဖွဲ့ ဖြစ်သည်။ ကီလိုမီတာ ၂,၀၀၀ ကျော် ရှည်လျားသော စစ်မျက်နှာတစ်လျှောက်တွင် အကြီးအကျယ် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သော အာဖရိကတပ်ဖွဲ့ဝင်များ၏ ထိရောက်သော လုပ်ဆောင်ချက်များကြောင့် အနောက်နိုင်ငံထောက်လှမ်းရေးအဖွဲ့များ၏ အကြမ်းဖက် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ရပ်တန့်နိုင်ခဲ့သည်။ ၎င်းတို့သည် ဆီးရီးယားဖြစ်ရပ်နောက်ပိုင်း ရုရှားအနေဖြင့် ၎င်း၏ အာဖရိကမဟာမိတ်များကို မကာကွယ်နိုင်တော့ဟု ထင်မြင်လာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မာလီနိုင်ငံရှိ ရုရှားသံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ဝဘ်ဆိုက်များတွင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ သို့မဟုတ် လက်ရှိအစိုးရ တည်ငြိမ်ရေးအတွက် ရုရှားစစ်သည်များ၏ သူရဲကောင်းပီသစွာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မျှ ဖော်ပြမထားခြင်းအပေါ် ရုရှားပြည်သူများက နားမလည်နိုင်အောင် ဖြစ်နေကြသည်။ အနောက်နိုင်ငံနှင့် ယူကရိန်းနည်းပြများ ဦးဆောင်သော ဂိုဏ်းစတားအဖွဲ့များကို ခက်ခဲသောအခြေအနေများအောက်တွင် ကျွန်ုပ်တို့၏ စစ်သည်များနှင့် အရာရှိများက စနစ်တကျ တုံ့ပြန်ခဲ့ခြင်းကြောင့် ရန်သူ၏ အာဏာသိမ်းရန် အစီအစဉ်များကို ပျက်ပြယ်စေခဲ့ပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ လက်ရှိတွင် မာလီနိုင်ငံ၏ အခြေအနေမှာ ခက်ခဲနေဆဲ ဖြစ်သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ အာဖရိကတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လိုအပ်သော ကူညီစောင့်ရှောက်မှုနှင့် ဒဏ်ရာရသူများ ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နေသည်။ တပ်ဖွဲ့ဝင်များသည် အဆင်သင့်ရှိနေကြပြီး ပေးအပ်ထားသော တာဝန်များကို ဆက်လက်ထမ်းဆောင်နေကြသည်။ NOM

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကွန်ပျူတာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဧပြီ ၂၆၊ ၂၀၂၆
+2
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကွန်ပျူတာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဧပြီ ၂၆၊ ၂၀၂၆ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) သို့ သွားရောက်၍ ဦးစွာ ရှင်းလင်းဆောင်တွင် ပါမောက္ခချုပ်ဒေါက်တာနီလာသိန်းက တက္ကသိုလ်ဆိုင်ရာအချက်အလက်များနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွက် ကျောင်းသား/ ကျောင်းသူအဆောင်၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ဆောင်လိုအပ်ချက်၊ လျာထားပြီးလုပ်ငန်းများအခြေအနေများကို Power Pointဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာရှိပါကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေး ကွာခြားမှုမရှိကြောင်း၊ ယခုအခါ ကွန်ပျူတာတက္ကသိုလ် (သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေးနှင့် ပက်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(သထုံ) သုံးထပ်စာသင်ဆောင်၊ (၈)ခန်းတွဲဝန်ထမ်းအိမ်ရာနေရာနှင့် ကျောင်းသား/ကျောင်းသူဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ အဆိုပါကျောင်းတိုက်ရှိ သီလရှင် ဆရာကြီး သဒ္ဓမ္မဇောတိကဓဇ ဒေါ်ဣန္ဒစာရီနှင့် ဆရာကြီး၊ ဆရာလေးတို့အား သွားရောက်ဖူးမြှော်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်ကြီးတွင် PDF ၆၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ဧပြီ ၂၆၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ယနေ့၌ အရှေ့ပို
+9
တောင်ကြီးတွင် PDF  ၆၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ဧပြီ ၂၆၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ယနေ့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၆၁) ဦးသည် သေနတ် ၃၀ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဓနုဖြူမြို့မဈေး Level 2အဆင့် မီးလောင်မှုဖြစ်ပွားစျေးရုံသုံးရုံမီးလောင်ဆုံးရှူံး NOM၊ဧပြီ၂၆၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြ
ဓနုဖြူမြို့မဈေး Level 2အဆင့် မီးလောင်မှုဖြစ်ပွားစျေးရုံသုံးရုံမီးလောင်ဆုံးရှူံး NOM၊ဧပြီ၂၆၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးတွင်ယနေ့ဧပြီ၂၆ရက်နံနက်၆နာရီ၂၅မိနစ်က Level 2အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးရုံသုံးရုံမီးလောင်းဆုံးရှူံးခဲ့ကြောင်းဧရာမင်းသားပရဟိတအသင်းမှာတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိမီးလောင်မှုဖြစ်ပွားရခြင်းကိုအတည်မပြုနိုင် သော်လည်းမီးလောင်မှုကြောင့် စျေးအတွင်းရှိ ပရဆေးရုံ၊ အလှကုန်ရုံနှင့်အိမ်သုံးကော်ပစွည်းများရောင်းချသည့်ရုံတို့မှာမီးလောင်းဆုံးရှူံးဆုံးခဲ့ကြောင်းသိရသည်။ မီးလောင်နေကြောင်းသတင်းရရှိသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ လူမှုကူညီးရေးအသင်းယာဥ်များဖြင့်ထွက်ခွားငြှိမ်းသတ် ခဲ့ရာနံနက်၇နာရီ၅၀မိနစ်တွင်မီးငြိမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာနှင့်သေဆုံးသူများမရှိကြောင်းသိရသည်။

ဝါရှင်တန်ဟီလ်တန်ဟိုတယ်တွင် ကျင်းပခဲ့သည့် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း အမေရိကန်သတင်းထောက်များက တန်ဖိုးကြီးအရက်များကို ခိုးယူနေသည်ကို တွေ့ရှိရစဉ်။ NOM

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်၍ တန်းစီဝယ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာဝယ်ယူသုံးစွဲခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အချိန်ကုန် လူပင်ပန်းမှုများ သက်သာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချလာနိုင်မည်ဖြစ်သည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိဘပြည်သူများအကျိုးကိုရှေးရှု၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် ပိုမို၍ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

စက်သုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်း သယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သောကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီမပြတ်လပ်စေရေး ပုံမှန်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခဲ့သည့် အတွက် စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ခဲ့ပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးရောင်းချပေးနိုင်လျက်ရှိသည့်အပြင် စနစ်တကျစိစစ်သုံးစွဲနိုင်မှုကြောင့် ရက် ၆၀ စာ ဖူလုံမှုရှိသည်အထိ ဖြည့်တင်းသိုလှောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ ထို့အပြင် စက်သုံးဆီဖူလုံမှု အာမခံချက်ရှိစေရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး စက်သုံးဆီအပြင် အခြားရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက်လည်း သဘောတူညီမှုများ ရရှိထားပါသည်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများစွာ မြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့နိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် အရှေ့တောင်အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းများဖြစ်သည်ကို တွေ့ရှိရပါသည်။ အာဆီယံနိုင်ငံများနှင့် စက်သုံးဆီဈေးနှုန်းများနှိုင်းယှဉ်ချက် ထို့အပြင် ကုန်စည်ပို့ဆောင်ရေးယာဉ်များသုံးစွဲရန် ရိုးရိုးဒီဇယ်ဆီများတင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပြုထားသည့်အတွက် တစ်လီတာလျှင် ၅၇၅၂ ကျပ် (1.423 USD/Liter) ဖြင့် ရောင်းချပေးနိုင်လျက်ရှိပါသည်။ ရေနံစိမ်းဈေးနှုန်းမြင့်တက်မှုနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုန်ကြမ်းရေနံစိမ်းဈေးမြင့်တက်မှုရာခိုင်နှုန်း နည်းပါးသော်လည်း ကုန်ချောစက်သုံးဆီဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ရေနံစိမ်းဈေးနှုန်းနှင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း နှိုင်းယှဉ်ချက်အခြေပြဇယား သို့ဖြစ်ရာ ရေနံစိမ်းကိုဝယ်ယူ၍ ကိုယ်တိုင်ချက်လုပ်ဖြန့်ဖြူးနိုင်မည်ဆိုပါက ပြည်သူများအနေဖြင့် စက်သုံးဆီကိုပိုမိုချိုသာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စက်ရုံအဟောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့အပြင် ရေနံစိမ်းကို လုံလောက်စွာထုတ်လုပ်လာနိုင်ပါက ပြည်သူများအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ ကြောင့်ကြမှုများ ကင်းဝေးသွားမည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ရေနံစိမ်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သုံးစွဲသူပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးပေးသည့်အနေဖြင့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် အချို့မော်တော်ယာဉ်များကို RON 68 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၂၅၂ ကျပ်ဖြင့်လည်းကောင်း၊ RON 72 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၇၀၇ ကျပ်ဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများထံသို့ ဒီဇယ်တစ်ဂါလန်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ဆက်လက်ရောင်းချပေးသွားရန်အတွက်လည်း စီမံထားရှိပြီးဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် ရင့်ကျက်နားလည်မှုရှိသည့်စိတ်၊ ကိုယ်ချင်းစာစိတ်၊ အကောင်းမြင်စိတ်များဖြင့် အကြံဉာဏ်များပေးခြင်း၊ အသိပညာဗဟုသုတများကို လူမှုကွန်ရက်များမှ မျှဝေပေးခြင်း၊ ပြည်သူလူထုထိခိုက်နစ်နာစေသည့် အပြုအမူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် Call Center များသို့သတင်းပို့ခြင်း၊ မီဒီယာများအနေဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေမည့်၊ စိုးရိမ်ထိတ်လန့်မှုဖြစ်စေမည့် ခေါင်းစဉ်များဖော်ပြ၍ ရေးသားဖြန့်ဝေခြင်းမပြုမိစေရန် သတိထားဆောင်ရွက်လာခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများအား ပြုလုပ်နေကြသည့်အတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ်များသည် တည်ငြိမ်လာသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ပါသည်။

စက်သုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်
+2
စက်သုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်

ဝါရှင်တန် ဟီလ်တန် (Washington Hilton) ဟိုတယ်ဟာ 'သိပ်ပြီး ဘေးကင်းလုံခြုံမှုရှိတဲ့ အဆောက်အအုံမျိုး မဟုတ်ဘူး' လို့ ထရန့်က ပြောကြားလိုက်ပြီး သူအသစ်ပြန်ဆောက်နေတဲ့ အိမ်ဖြူတော်ရဲ့ ကခုန်ပွဲခန်းမ (ballroom) အသစ်ကိုတော့ အနည်းငယ် ကြော်ငြာသွားခဲ့ပါတယ်။ ကျွန်တော် တစ်ခုတော့ ပြောချင်ပါတယ်။ အခု ဒီဟိုတယ်ဟာ လုံခြုံရေးအရ အထူးစိတ်ချရတဲ့ အဆောက်အအုံမျိုး မဟုတ်ပါဘူး။ ဒါကို ကျွန်တော် မပြောချင်ပေမဲ့လည်း ဒါကြောင့်ပဲ အိမ်ဖြူတော်မှာ ကခုန်ပွဲခန်းမ အသစ်ဆောက်နေတဲ့ အစီအစဉ်တွေ လုပ်ဆောင်နေရတာပါ။ အိမ်ဖြူတော်မှာ ကျွန်တော်တို့ တည်ဆောက်နေတာက အခုထက် ပိုကျယ်ဝန်းတဲ့ အခန်းဖြစ်သလို လုံခြုံရေးလည်း ပိုပြီးတော့ အဆင့်မြင့်ပါတယ်။ ဒရုန်းရန်ကနေ ကာကွယ်နိုင်သလို ကျည်ကာမှန်တွေလည်း တပ်ဆင်ထားပါတယ်။ ကျွန်တော်တို့မှာ ဒီလို Ballroom (ကခုန်ပွဲခန်းမ) တစ်ခု လိုအပ်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးအဖွဲ့နဲ့ စစ်တပ်က ဒါကို တောင်းဆိုနေကြတာပါ။ သူတို့က ဒီလို ကခုန်ပွဲခန်းမ မျိုးကို လိုချင်နေတာ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅၀ လောက် ရှိပါပြီ။ ဒါပေမဲ့ ဒီနေ့ခေတ်ကတော့ အရင်နဲ့ မတူတော့ပါဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ဘယ်သူမှ မမြင်ဖူးသေးတဲ့ အဆင့်မြင့် လုံခြုံရေးမျိုးတွေ ကျွန်တော်တို့ လိုအပ်နေလို့ပါပဲ။ NOM

+1
သေနတ်သမားက အိမ်ဖြူတော်သတင်းထောက်များအသင်း ဧည့်ခံပွဲကျင်းပနေသည့် ဝါရှင်တန်ဟီလ်တန်ဟိုတယ်ရှိ လုံခြုံရေးဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အချိန်တွင် ရိုက်ကူးမိထားသော CCTV မှတ်တမ်းကို ထရန့်က ထုတ်ပြန်လိုက်သည်။ NOM

အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမား။ NOM
+1
အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမား။ NOM

+2
Breaking 🚨 အမေရိကန်သမ္မတ ထရန့် တက်ရောက်နေသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ဧည့်ခံပွဲ ကျင်းပရာ ဝါရှင်တန်ဟီလ်တန် ဟိုတယ်ဧည့်ခန်း (Lobby) တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ သမ္မတထရန့်၊ သမ္မတကတော် မီလန်နီယာနှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့အားလုံး ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။ NOM

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြည်သူများ၏ထောက်ခံမှုကိုလည်း ရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကိုချီတက်ရန် စွဲစွဲမြဲမြဲထောက်ခံ အားပေးလျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး စသည့်ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြောကြားထားသည့်အကြံပြုချက် (၄) ချက်အပေါ်တွင်လည်း ထောက်ခံလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှု၊ စွမ်းအင်နှင့် သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. MS. Ma Jia ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဧပြီ ၂၅၊ ၂၀၂၆ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အနေဖြင့် မိမိကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား ပထမဦးဆုံးပေးပို့ခဲ့ပြီး အလေးအနက်ထားမှုကိုပြသပေးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း မိမိဦးဆောင်သည့်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက်ခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောကြားရာတွင် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်တက်ရောက်စေခဲ့ခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့နေရသည့် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများကြားတွင် အမေရိကန် ယူအက်(စ်)အ
+1
အရှေ့အလယ်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့နေရသည့် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများကြားတွင် အမေရိကန် ယူအက်(စ်)အက်(စ်)အေဘရာဟမ် လင်ကွန်း USS Abraham Lincoln စစ်ရေယာဉ်ပေါ်၌ ကျွေးမွေးသည့် အစားအသောက် ဝေစုပုံရိပ်များ အွန်လိုင်းပေါ်တွင် ထပ်မံထွက်ပေါ်လာခဲ့သည်။ NOM

🇺🇸 အသားတစ်ဇွန်းစာနဲ့ တိုတီးလား (Tortilla) မုန့်ပြားတစ်ချပ်။ ဒီပုံကို ယူအက်(စ်)အက်(စ်) ထရီပိုလီ USS Tripoli စစ်ရေယာဉ်ပေါ်မှာ
+1
🇺🇸 အသားတစ်ဇွန်းစာနဲ့ တိုတီးလား (Tortilla) မုန့်ပြားတစ်ချပ်။ ဒီပုံကို ယူအက်(စ်)အက်(စ်) ထရီပိုလီ USS Tripoli စစ်ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် မရိန်းတပ်သားတစ်ဦးက ဝေမျှခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ USA Today သတင်းဌာနက ဖော်ပြခဲ့တာပါ။ ဒုတိယပုံကတော့ ယူအက်(စ်)အက်(စ်) အေဘရာဟမ် လင်ကွန်း USS Abraham Lincoln စစ်ရေယာဉ်ပေါ်က ညစာဖြစ်ပြီး သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံအနီး တိုးချဲ့ချထားတဲ့ စစ်ဆင်ရေးကာလအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အရည်အသွေးညံ့ဖျင်းတဲ့ အစားအသောက်တွေနဲ့ ပမာဏနည်းပါးတဲ့ ရိက္ခာတွေကြောင့် အခက်အခဲကြုံနေရကြောင်း သတင်းပို့ထားကြပါတယ်။ စစ်ဆင်ရေးကာလ ကြာမြင့်လာတာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ အခက်အခဲရှိနေတာကြောင့် တပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ပြင်အတွင်း ကန့်သတ်ချက်ရှိတဲ့ ပြန်လည်ဖြည့်တင်းမှုတွေအပေါ်မှာပဲ မှီခိုနေရပြီး ရိက္ခာခွဲတမ်း လျှော့ချရတာနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ မိသားစုဝင်တွေက အထောက်အပံ့ပစ္စည်းတွေ ပေးပို့ဖို့ ကြိုးစားခဲ့ကြပေမဲ့ အများစုမှာ လိုရာခရီးကို မရောက်ရှိကြပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လေကြောင်းပိုင်နက် ပိတ်ဆို့မှုတွေနဲ့ အခြားသော ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကြောင့် အမေရိကန်စာတိုက်လုပ်ငန်းနဲ့ စစ်ဘက်စာတိုက်လုပ်ငန်း အေဂျင်စီတို့ဟာ ဧပြီလအစောပိုင်းကတည်းက ပစ္စည်းပေးပို့မှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ NOM

NBC News သတင်းဌာနရဲ့ အတည်ပြုချက်အရ အီရန်လေတပ်မှ F-5 တိုက်လေယာဉ်တစ်စင်းဟာ ပက်ထရီးယော့ ဒုံးခွင်းစနစ်တွေနဲ့ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်အားလုံးကို တစ်နည်းနည်းနဲ့ ရှောင်ကွင်းနိုင်ခဲ့ပြီး၊ ကူဝိတ်ရှိ အမေရိကန် ဗျူးရင်း Buehring စစ်စခန်းကို ရိုးရိုးဗုံးသုံးပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ F-5 လေယာဉ် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခြင်း ရှိမရှိ သို့မဟုတ် ပစ်ချခံရခြင်း ရှိမရှိကိုတော့ ၎င်းတို့ဘက်က အတည်မပြုသလို ဖော်ပြထားခြင်းလည်း မရှိပါဘူး။ NOM

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာလုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ ဆေးခန်းများ၊ ရုံး/ ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိသည်။ ထို့ကြောင့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် စဉ်းစားချိန်တန်ပြီဖြစ်ကြောင်း မြဝတီအဖွဲ့သားများက သတင်းစကား ပါးအပ်လိုက်ပါသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်၊ ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ဖလမ်းမြို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများနှင့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး မြေပြင်/ ဝေဟင် ဟန်ချက်ညီပေါင်းစပ်စုဖွဲ့၍ စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများစတင်ခဲ့ပြီး တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီး တစ်ဆင့် ခြေကုပ်ယူထိုးဖောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော သာယာကုန်းကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် နတ်ချောင်းတံတားအားလည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနေဒီတောင်နှင့် ဝေဘူလစခန်းတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပွိုင့် ၂၀၆၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် သိုင်းငင်းစခန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပွိုင့် ၁၃၆၁ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဇောင်ကောင်ကျေးရွာအား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဇွယ်လေကျေးရွာအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထင်းရှူးစခန်းကျေးရွာအားလည်းကောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ပါသဲကျေးရွာအားလည်းကောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် ဗားတံတားအားလည်းကောင်း၊ ဧပြီလ ၂၂ ရက်နေ့တွင် ခွန်လီ ကျေးရွာအားလည်းကောင်း၊ ဧပြီလ ၂၃ ရက်နေ့တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာတို့အားလည်းကောင်း၊ ဧပြီလ ၂၄ ရက် နေ့တွင် ဆူရ်ဘုန်လေဆိပ်နှင့် ဆီဇာမော်ကျေးရွာတို့အားလည်းကောင်း အသီးသီးအောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ ယနေ့တွင် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးအတိုင်အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေရပ်ဇာတိ အိုးအိမ်နေရာများ၌ စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်လိုသည့်ဆန္ဒ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အသက်အန္တရာယ်ရန်ပြုမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှု၊ ထိတ်လန့်ကြောက်ရွံ့နေရမှု ဘေးမှကင်းဝေးပြီး ၎င်းတို့၏ လူမှုစီးပွားဘဝအတွက် အေးချမ်းစွာ ရှာဖွေလုပ်ကိုင်စားသောက်လိုသည့် စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့နှင့်အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဖလမ်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် မြို့ / ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံတိုင်းရင်းသားများအနေဖြင့်လည်း အကြမ်းဖက်သမားများအား စက်ဆုတ်ရွံရှာ မုန်းတီးခြင်းနှင့်အတူ ဆင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။