fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 514 مشترک است و جایگاه 16 060 را در دسته اخبار و رسانه‌ها و رتبه 10 078 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 514 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 19 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -278 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.38% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.08% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 300 بازدید دریافت می‌کند. در اولین روز معمولاً 1 137 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 16 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 20 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 514
مشترکین
-1024 ساعت
-777 روز
-27830 روز
آرشیو پست ها
တပ်မတော်စစ်ကြောင်းများက CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးအား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ် ဧပြီ ၂၅၊ ၂၀၂၆ ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့သည် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ မြောက်ဘက်တွင် တီးတိန်မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်သည်။ ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ဘက်သို့လည်းကောင်း သွားလာနိုင်ပြီး အချက်အချာကျပြီး နယ်မြေအေးချမ်းသည့် မြို့တစ်မြို့ဖြစ်သည်။ ထိုကဲ့သို့သော နယ်မြေအေးချမ်းသည့်တောင်ပေါ်ဒေသတွင် ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား CDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက CRPH ၊ NUG အကြမ်းဖက်အဖွဲ့တို့၏ သွေးထိုးမြှောက်ပင့်မှုနှင့်အတူ ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချပေးခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ နယ်မြေခံပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကိုဖျက်ဆီးပြီး အစိုးရအုပ်ချုပ်ရေးယန္တရားများပျက်စီးကာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးစေရန်ရည်ရွယ်၍ ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် မြို့ရွာများတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်းအသုံးပြု၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဖလမ်းမြို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့်၊ လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်များဖြင့် အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများကိုအသုံးပြုကာ ဒေသခံတိုင်းရင်းသားပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးချ၍ တိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းရင်းသားပြည်သူများ ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူလူထု၏နေအိမ်များ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ခုခံခဲ့သည်။ ထိုသို့ စစ်ဆင်ရေးကာလ (၆) လကြာမျှခုခံခဲ့ရာ ထိခိုက်၊ ဒဏ်ရာရရှိမှုများပြားလာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စနစ်တကျဆုတ်ခွာခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် ဖလမ်းမြို့အား ယာယီစိုးမိုးခဲ့သည်။

တပ်မတော်စစ်ကြောင်းများက CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခ
+7
တပ်မတော်စစ်ကြောင်းများက CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးအား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်

photo content
+9

photo content
+9

photo content
+9

ဒလ-ရန်ကုန် ကားကူးဇက်ရေယာဉ်များ ပုံမှန်ပြေးဆွဲပေးနေ NOM၊ဧပြီ၂၅၊၂၀၂၆ မြန်မာ-ကိုရီးယာ ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား ဖွင့်လှစ်ပြီးနောက် ဒလမှ ရန်ကုန်သို့ အသွားအပြန် ပြေးဆွဲပေးနေသည့်ကားကူးဇက်ရေယာဉ် ပြေးဆွဲမှုသည် ယခင်ထက်လျော့နည်း သော်လည်းပုံမှန်အတိုင်း ပြေးဆွဲပေးနေ‌ ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။ အဆိုပါရန်ကုန် ဝါးတန်း-ဒလ ကားကူးဇက်ကို အခုအချိန်တွင်ရေယာဉ် (၃)စင်းဖြင့်အလှည့်ကျ ပြေးဆွဲပေးနေကြောင်း၊ တံတားဖွင့်ပြီးနောက်ပိုင်း ကားကူးဇက်ဖြင့်ကားဖြတ်သန်းမှုနည်းပါးသွားကြောင်း၊ တံတားပေါ်ဖြတ်မရသော ကားများအတွက် အဆင်ပြေအောင် ပြေးဆွဲပေးနေကြောင်း ဒလ-ရန်ကုန် ကားကူးဇက်လမ်း၊ မြစ်ဝကျွန်း ပေါ်ဌာနခွဲမှ ကြီးကြပ်ရေးမှူး ဦးဇော်မင်းက ပြောသည်။ “ယခင်က တစ်နေ့ကို ကားအစီးရေ (၅၀၀)ကျော်ကို အသွားအပြန် (၁၂)ခေါက်ခွဲ ပြေးဆွဲခဲ့ရတာဖြစ်ပါတယ်။ ဒလတံတား ဖွင့်လှစ်ပြီးနောက်မှာတော့ တံတားပေါ် ဖြတ်သန်းခွင့်မပြုတဲ့ ကုန်တင်ကားတွေသာ ကားကူးဇက်နဲ့ ဖြတ်သန်းသွားလာနေကြတာဖြစ်ပြီး တစ်နေ့ကို အသွားအပြန် တစ်ခေါက်ခွဲလောက်သာ ပြေးဆွဲပေးနေရပါတယ်"ဟု၎င်းကဆက်လက်ပြောသည်။ ကားကူးဇက်ရေယာဉ်သည် ရေယာဉ်ခအဖြစ် လူတစ်ယောက်(၃၀၀) ကျပ် (၁)တန်အောက်ကားများ(၄၅၀၀) ကျပ်၊ ၁ တန်မှ၂ တန်အောက်ကား (၅၅၀၀)ကျပ်၊ ၂ တန်မှ၃ တန်အောက်ကား(၇၀၀၀) ကျပ်၊ ၃ တန်မှ၅ တန်အောက်ကား (၈၅၀၀)ကျပ်၊၅ တန်အထက်ကားတစ်သောင်း ကျပ်နှုန်း ကောက်ခံလျက်ရှိ‌ ကြောင်းသိရသည်။

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်(၂ဝ)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပမည် NOM၊ဧပြီ၂၅၊၂၀၂၆ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်(၂ဝ)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းယနေ့နံနက်နာရီက ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ပြုလုပ်သည့်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးမှသိရသည်။ အဆိုပါအခမ်းအနားသို့အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အိမ်ရှင်မြန်မာ၊ ထိုင်း၊မလေးရှား ၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင် နိုင်ငံများပါ၀င်မည်ဖြစ်၍ ပြိုင်ပွဲအမျိုးအစား ၂၂မျိုးထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲကို ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ မေလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ တိုက်ခိုက်မှုများကြောင့် လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် 'ပိုမိုကြီ
အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ တိုက်ခိုက်မှုများကြောင့် လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် 'ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုများ' ကြုံတွေ့ခဲ့ရကြောင်း CBS သတင်းဌာန၏ အစီရင်ခံစာတစ်ခုက အတည်ပြုခဲ့သည်။ အမေရိကန်အခြေစိုက်စခန်းအများစုမှာ ပျက်စီးသွားပြီဟု ဆိုကြပြီး ယင်းတို့ကို ပြန်လည်ပြုပြင်ရန်အတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျနိုင်ဖွယ်ရှိသည်။ အထူးသဖြင့် အီရန်လေတပ်မှာ ‘လုံးဝချေမှုန်းခံလိုက်ရပြီ’ ဟု ထရမ့်၏ ပြောကြားချက်များ ရှိနေသော်လည်း အမေရိကန်အခြေစိုက် စခန်းများသည် အီရန်၏ F-5 တိုက် လေယာဉ်များဖြင့်ပင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယခုဖြစ်ရပ်သည် စစ်ပွဲအတွင်း အီရန်လေတပ်က အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် တတိယမြောက် အတည်ပြုချက်ဖြစ်သည်။ ယခင်က အီရန် Su-24 လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံတွင် အမေရိကန်စစ်သည် ၆ ဦး သေဆုံးခဲ့ပြီး ယင်းလေယာဉ် များသည် ကာတာနိုင်ငံ၊ ဒိုဟာကမ်းခြေသို့ ချဉ်းကပ်လာချိန်တွင်မှ ပစ်ချခံခဲ့ရခြင်းဖြစ်သည်။ NOM

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ Abbas Araqchi သည် အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းမရှိဘဲ ပါကစ္စတန်နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ NOM

တစ်နိုင်ငံလုံးမီးပျက် NOM၊ဧပြီ၂၅၊၂၀၂၆ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရှိရသည်။ ထိုကြောင့် ရန်ကုန်တိုင်းအတွင်းသို အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပိုလွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုအတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတကတရုတ်နိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၅၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မ
+1
နိုင်ငံတော်သမ္မတကတရုတ်နိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၅၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည်တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲအား ယနေ့နေပြည်တော်တွင်လက်ခံတွေ့ဆုံကြောင်းသတင်းရရှိသည်။

သက်မွန်မြင့်၏ရုက်ရှင်ရုံတင်ပြသမည့်အပေါ်ဝေဖန်သူများ NOM၊ဧပြီ၂၅၊၂၀၂၆ သက်မွန်မြင့်၏အလျံပယ်ရုပ်ရှင်ရုံတင်ပြသရန်ကြေညာပြီးနောက်လူမှ
သက်မွန်မြင့်၏ရုက်ရှင်ရုံတင်ပြသမည့်အပေါ်ဝေဖန်သူများ NOM၊ဧပြီ၂၅၊၂၀၂၆ သက်မွန်မြင့်၏အလျံပယ်ရုပ်ရှင်ရုံတင်ပြသရန်ကြေညာပြီးနောက်လူမှုကွန်ရက်တွင်ဝေဖန်သူများစွာရှိလာသည်။ ဝေဖန်သူများကအပြစ်မဲ့ပြည်သူများကိုဒလန်ဟုခေါင်းစဉ်တပ်ပြီးသတ်ဖြတ်ရန်လှုံ့ဆော်ခဲ့သူ၊ပြည်သူများကိုလူသတ်ရန်စိတ်ရိုင်းများသွင်းပေးခဲ့သည့်လူစိတ်မရှိသူ၏ရုပ်ရှင်ကိုမည်သည့်စိတ်ထားပြီးကြည့်ရှုရမည်နည်း၊ခွင့်ပြုသူတို့ကလည်းမည်သည့်စိတ်ဖြင့်ခွင့်ပြုသနည်းဟုမေးခွန်းများထုတ်နေကြသည်။

သက်မွန်မြင့်၏ရုက်ရှင်ရုံတင်ပြသမည့်အပေါ်ဝေဖန်သူများ NOM၊ဧပြီ၂၅၊၂၀၂၆ သက်မွန်မြင့်၏အလျံပယ်ရုပ်ရှင်ရုံတင်ပြသရန်ကြေညာပြီးနောက်လူမှုကွန်ရက်တွင်ဝေဖန်သူများစွာရှိလာသည်။ ဝေဖန်သူများကအပြစ်မဲ့ပြည်သူများကိုဒလန်ဟုခေါင်းစဉ်တပ်ပြီးသတ်ဖြတ်ရန်လှုံ့ဆော်ခဲ့သူ၊ပြည်သူများကိုလူသတ်ရန်စိတ်ရိုင်းများသွင်းပေးခဲ့သည့်လူစိတ်မရှိသူ၏ရုပ်ရှင်ကိုမည်သည့်စိတ်ထားပြီးကြည့်ရှုရမည်နည်း၊ခွင့်ပြုသူတို့ကလည်းမည်သည့်စိတ်ဖြင့်ခွင့်ပြုသနည်းဟုမေးခွန်းများထုတ်နေကြသည်။

တိုက်ကြီးမြို့နယ်တွင်စက်ရုံ၀န်ထမ်းများကါးတိုက်ခံရ၊တစ်ဦးသေဆုံး ခုနှစ်ဦး ဒဏ်ရာ ရရှိ NOM၊ဧပြီ ၂၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ် အင်ကုန်း ကျေးရွာအနီး၌စက်ရုံသို့ အလုပ်သွားရန် ဖယ်ရီကား စောင့်ဆိုင်းနေသည့် စက်ရုံဝန်ထမ်းများကိုယာဉ်တစ်စီး၀င်တိုက်ခဲ့ရာတစ်ဦးသေဆုံး၊ခုနှစ်ဦးဒါဏ်ရာရရှိ‌ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာဧပြီ ၂၄ရက်နံနက် ၆နာရီခန့်ကရန်ကုန်-ပြည်လမ်းပေါ် အင်ကုန်း ကျေးရွာအနီးမှ စက်ရုံသို့ အလုပ်သွားရန် စောင့်ဆိုင်းနေ‌ သောအုပ်စုကို ယာဉ်မောင်း အိပ်ငိုက်မိရင်း ဝင်တိုက်မှုကြောင့် မမူမူသင်း မှာ ဆေးရုံသို့ ပို့​ဆောင်စဥ် သေဆုံးသွားသည်။ မထွေးညိုသန်း မှာ စိုးရိမ်ရ ဒဏ်ရာများဖြင့် ဆေးဝါးကုသနေရပြီး မနှင်းအိဖြူ၊ မနှင်းနှင်းဝေ၊ မမိမိုး၊ မချစ်စုဝေ၊ မမေဇင်နိုင်၊ မခိုင်ဇာလင်းတို့မှာ ဆေးဝါးကုသလျှက်ရှိကြောင်း သိရသည်။ ယင်းကားတိုက်၍ ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိသည့် အမျိုးသမီးများသည် ခွေးအိတ်ချောင်းကျေးရွာမှတဆင့် မြောင်းတကာ စက်ရုံသို့ သွားရောက်ရန် ကားလမ်းမပေါ် စက်ရုံဖယ်ရီ စောင့်ဆိုင်းနေစဥ်ကားတိုက်ခံရ‌ခဲ့ကြောင်းသိရသည်။ အဆိုပါကားတိုက်မှုနှင့်ပတ်သက်ပြီး ကားမောင်းသူ မင်းခန့်ကျော် (၃၀နှစ်)၊ ဇီးဖြူကုန်းကျေးရွာ၊ လက်ပံတန်းမြို့နယ် နေသူအား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်၍ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ NOM၊ဧပြီ ၂၅၊ ၂၀၂၆ နိုင
မြန်မာအမျိုးသားလေကြောင်းလမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ NOM၊ဧပြီ ၂၅၊ ၂၀၂၆ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကို အခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်းကောင်း ဧပြီ ၂၄ ရက်မှ စတင်ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။ အဆိုပါလေယာဉ်ခရီးစဉ်ပျံသန်းမှုများအနေဖြင့် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်ခရီးစဉ်အား ဧပြီ ၂၄ ရက်၊ နံနက် ၈ နာရီ တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်ခရီးစဉ်အား နံနက် ၈ နာရီတွင် မြိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ ဧပြီ ၂၅၊ ၂၀၂၆ ချင်းပြည်နယ်၏ ဒုတိယမြို့တော်၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်ရှိ သာယာအေးချမ်းသော
+7
ဖလမ်းမြို့သိမ်းတိုက်ပွဲ ဧပြီ ၂၅၊ ၂၀၂၆ ချင်းပြည်နယ်၏ ဒုတိယမြို့တော်၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်ရှိ သာယာအေးချမ်းသော ဖလမ်းမြို့လေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတဘ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၇ လကြာ ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သမားများရဲ့ လူသားတံတိုင်းပြုထားမှုကြောင့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ဆုတ်ခွာခဲ့ရပါတယ်။ - CDF များဟာ မြို့ကို ယာယီစိုးမိုးစဉ် အပြစ်မဲ့ပြည်သူများအား အတင်းလူသစ်စုဆောင်းခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ခြင်း၊ လုယက်ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ - ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များက ကလေးမြို့မှ စစ်ကြောင်း ၂ ကြောင်း၊ တီးတိန်မြို့မှ စစ်ကြောင်း ၁ ကြောင်းဖြင့် ပြန်လည်ရှင်းလင်းရေး ဆင်နွှဲရာ နေရာအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့အား အကြမ်းဖက်သမားများထံမှ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ - စစ်ဆင်ရေးအတွင်း ထိတွေ့တိုက်ပွဲ ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။ - အကြမ်းဖက်မှန်သမျှ နေဝင်ချိန်တန်ပါပြီ..

ဟန်ဂေရီတွင်မျက်မမြင်တစ်ဦးကိုဝန်ကြီးခန့် NOM ဟန်ဂေရီဝန်ကြီးချုပ်သစ် ပီတာ မက်ဂ်ယာသည် နိုင်ငံ၏ ပထမဆုံး မျက်မမြင်ဝန်ကြီးကို ခန့်အ
ဟန်ဂေရီတွင်မျက်မမြင်တစ်ဦးကိုဝန်ကြီးခန့် NOM ဟန်ဂေရီဝန်ကြီးချုပ်သစ် ပီတာ မက်ဂ်ယာသည် နိုင်ငံ၏ ပထမဆုံး မျက်မမြင်ဝန်ကြီးကို ခန့်အပ်ရန် စီစဉ်ထားသည်။ ဒေါက်တာ ဗီးလ်မို့စ် ကာတိုင်း-နီမက်သ်အား လူမှုရေးနှင့် မိသားစုရေးရာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည်။

ဒလ-ရန်ကုန် ကားကူးဇက်ရေယာဉ်များ ပုံမှန်ပြေးဆွဲပေးနေ NOM၊ဧပြီ၂၅၊၂၀၂၆ မြန်မာ-ကိုရီးယာ ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား ဖွင့်လှစ်ပြီးနောက် ဒလမှ ရန်ကုန်သို့ အသွားအပြန် ပြေးဆွဲပေးနေသည့်ကားကူးဇက်ရေယာဉ် ပြေးဆွဲမှုသည် ယခင်ထက်လျော့နည်း သော်လည်းပုံမှန်အတိုင်း ပြေးဆွဲပေးနေ‌ ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။ အဆိုပါရန်ကုန် ဝါးတန်း-ဒလ ကားကူးဇက်ကို အခုအချိန်တွင်ရေယာဉ် (၃)စင်းဖြင့်အလှည့်ကျ ပြေးဆွဲပေးနေကြောင်း၊ တံတားဖွင့်ပြီးနောက်ပိုင်း ကားကူးဇက်ဖြင့်ကားဖြတ်သန်းမှုနည်းပါးသွားကြောင်း၊ တံတားပေါ်ဖြတ်မရသော ကားများအတွက် အဆင်ပြေအောင် ပြေးဆွဲပေးနေကြောင်း ဒလ-ရန်ကုန် ကားကူးဇက်လမ်း၊ မြစ်ဝကျွန်း ပေါ်ဌာနခွဲမှ ကြီးကြပ်ရေးမှူး ဦးဇော်မင်းက ပြောသည်။ “ယခင်က တစ်နေ့ကို ကားအစီးရေ (၅၀၀)ကျော်ကို အသွားအပြန် (၁၂)ခေါက်ခွဲ ပြေးဆွဲခဲ့ရတာဖြစ်ပါတယ်။ ဒလတံတား ဖွင့်လှစ်ပြီးနောက်မှာတော့ တံတားပေါ် ဖြတ်သန်းခွင့်မပြုတဲ့ ကုန်တင်ကားတွေသာ ကားကူးဇက်နဲ့ ဖြတ်သန်းသွားလာနေကြတာဖြစ်ပြီး တစ်နေ့ကို အသွားအပြန် တစ်ခေါက်ခွဲလောက်သာ ပြေးဆွဲပေးနေရပါတယ်"ဟု၎င်းကဆက်လက်ပြောသည်။ ကားကူးဇက်ရေယာဉ်သည် ရေယာဉ်ခအဖြစ် လူတစ်ယောက်(၃၀၀) ကျပ် (၁)တန်အောက်ကားများ(၄၅၀၀) ကျပ်၊ ၁ တန်မှ၂ တန်အောက်ကား (၅၅၀၀)ကျပ်၊ ၂ တန်မှ၃ တန်အောက်ကား(၇၀၀၀) ကျပ်၊ ၃ တန်မှ၅ တန်အောက်ကား (၈၅၀၀)ကျပ်၊၅ တန်အထက်ကားတစ်သောင်း ကျပ်နှုန်း ကောက်ခံလျက်ရှိ‌ ကြောင်းသိရသည်။

မန္တလေးနှင့်ပြင်ဦးလွင်တို့တွင် ရောက်ရှိနေသောဗန်းမော်မှစစ်ရှောင်အိမ်ထောင်စု ၂၅၀၀ကျော်အား စတုတ္ထအကြိမ်လှူဒါန်းပေးမည် NOM၊ဧပြီ၂
မန္တလေးနှင့်ပြင်ဦးလွင်တို့တွင် ရောက်ရှိနေသောဗန်းမော်မှစစ်ရှောင်အိမ်ထောင်စု ၂၅၀၀ကျော်အား စတုတ္ထအကြိမ်လှူဒါန်းပေးမည် NOM၊ဧပြီ၂၅၊၂၀၂၆ ဇောတိကလူမှုကူညီရေးအသင်းမှဦးဆောင်၍ အလှူရှင်များနှင့်နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း (UNFPA )တို့နှင့်အတူ မေ ၅ရက်မှ ၉ရက်နေ့တိ ဗန်းမော်မှ စစ်ရှောင်မိသားစုများအားစတုတ္ထအကြိမ် လှူဒါန်းပေးမည်ဟု ဇောတိကလူမှုကူညီရေးအသင်းမှဥက္ကဌ ဦးသန်းလှိုင်ကပြောသည်။ ဗန်းမော်မှစစ် ရှောင်လာသောသူများမှာလက်ရှိမန္တလေးနှင့်ပြင်ဦးလွင်တို့တွင် ရောက်ရှိနေသောအိမ်ထောင်စု ၂၅၀၀ကျော်ကို စုရပ်ငါးနေရာခွဲပြီးလှူဒါန်းပေးမည်ဖြစ်သည့်အတွက် စစ်ရှောင်များအနေဖြင့်မိမိတို့နှင့်နီးစပ်သောစုရပ်များတွင်သက်မှတ်ရက်အတွင်းသွားရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။ "ကျွန်တော်တို့ရှေ့မှာသုံးကြိမ်လှူခဲ့ပြီးပါပြီး အိမ်ထောင်စု၇၅၀၀ခန့်ရှိပါတယ် အဲဒီတုန်းကလည်း စာသောက်ကုန်၊လူသုံးကုန်ပစွည်းတွေအပါ ပစွည်း၁၁မျိုးလှူဒါန်းခဲ့ပါတယ်အခုတစ်ခေါက်မှာတော့စစ်ရှောင်တွေကသူတို့တွေချက်ပြုက်ဖို့အိုးတွေ၊ ပန်ကန်တွေပါလိုအပ်နေပါတယ်လို့ပြောလို့အဲဒီပစွည်းတွေအပါပစွည်း၁၁မျိုးကိုလှူဒါန်းပေးသွားမှာပါ"ဟုဇောတိကလူမှုကူညီရေးအသင်းမှဥက္ကဌ ဦးသန်းလှိုင်ကပြောသည်။

ရုရှားကဒရုန်းတွင်သာမိုဘားရစ်ဗုံးအသုံးပြုတိုက်ခိုက် NOM သာမိုဘာရစ် (thermobaric)ဗုံး တပ်ဆင်ထားသည့် ရုရှား FPV ဒရုန်းတစ်စီးသည် ယူကရိန်းတပ်များ သိမ်းပိုက်ထားသော နေအိမ်တစ်လုံးကို ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံသည် အပျက်အစီးဖြစ်သွားသည်။ ထိုအချိန်က အဆောက်အအုံအတွင်း၌ ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦးရှိခဲ့သည်ဟု သိရသည်။ သာမိုဘားရစ်ဗုံးသည်အောက်စီဂျင်စုတ်ယူပေါက်ကွဲသောဗုံးဖြစ်သည်။