Min's Beauty Book
Mental Health,Emotional Wellbeing,Relationship Counseling & Coaching
نمایش بیشتر📈 تحلیل کانال تلگرام Min's Beauty Book
کانال Min's Beauty Book (@realtalkwithminthant) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 10 251 مشترک است و جایگاه 2 312 را در دسته روانشناسی و رتبه 9 865 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 251 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 17 سپتامبر, 2025، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -172 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 0% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 0 بازدید دریافت میکند. در اولین روز معمولاً 0 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 0 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Mental Health,Emotional Wellbeing,Relationship Counseling & Coaching”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 18 سپتامبر, 2025)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته روانشناسی تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 16 سپتامبر | 0 | |||
| 15 سپتامبر | 0 | |||
| 14 سپتامبر | +1 | |||
| 13 سپتامبر | 0 | |||
| 12 سپتامبر | 0 | |||
| 11 سپتامبر | +1 | |||
| 10 سپتامبر | 0 | |||
| 09 سپتامبر | 0 | |||
| 08 سپتامبر | 0 | |||
| 07 سپتامبر | 0 | |||
| 06 سپتامبر | 0 | |||
| 05 سپتامبر | 0 | |||
| 04 سپتامبر | 0 | |||
| 03 سپتامبر | 0 | |||
| 02 سپتامبر | 0 | |||
| 01 سپتامبر | 0 |
| 2 | စာဖတ်ရင်းလှူ ပညာအမွေပေးလို့ကူ | 536 |
| 3 | ဒီစာအုပ်ကို စရေးဖို့ အကောင်အထည်ဖော်ကျတော့
ဘာသာပြန်ရေးကျတဲ့အခါ ကျွန်တော်တို့
ဤသည်မရွေးဘာသာပြန်မဟုတ်ပဲ
မူရင်းစာအုပ်ကို inspiredလုပ်ပြီးရေးကျတဲ့အခါမှာ
မူရင်းစာရေးသူကို ethicallyအရ အသိပေးဖို့
ကျွန်တော်စတင်လေ့လာရပါတယ်
လေ့လာလို့ ဒီအချက်သိရခြင်းထက်
ကျွန်တော့်ရဲ့ နဂိုစိတ်ရင်းမှာလည်း မူရင်းစာရေးသူကို
အသိပေးဖို့ဆန္ဒရှိပြီးသားပါ ဘာလို့ဆို စာရေးသူချင်း
ကိုယ်ချင်းစာလို့ပါ ကိုယ့်ရဲ့စာတစ်ပုဒ်သော်လည်းကောင်း
စာတစ်ကြောင်းသော်လည်းကောင်းကို သူများက
အသိမပေးပဲ ယူသုံး ယူရေးတဲ့အခါမှ
စိတ်ထဲမှာ တကယ်ကို စနိုးစနောင့်ဖြစ်ရပါတယ်
ပြီးတော့ ကျွန်တော်တို့ နောက်ထပ်လေ့လာရတဲ့အချက်တစ်ချက်က
မူရင်းစာရေးသူက သူ့ရဲ့စာအုပ်ကို အချိန်၃နှစ်လောက်ပေးပြီး
ရေးခဲ့တယ်ဆိုတာကို ထပ်သိရပါတယ်
သူကိုယ်တိုင် researchလုပ်ထားတဲ့
Thinkingတွေ conceptတွေဖြစ်လို့ပိုတန်ဖိုးထားရပါတယ်
ပိုပြီးလည်း credictပေးပါတယ်
သူအချိန်ကောင်းကောင်းယူပြီးရေးပေး
ထုတ်ဝေပေးခဲ့လို့ ကျွန်တော်တို့အဆင်ပြေပြေနဲ့
Inspiredလုပ်ပြီး ရေးခွင့်ရခဲ့တာပါ
သူများစာအုပ် သူများဖန်တီးထားတဲ့အရာကို
ပြန်လည်အသုံးပြုတဲ့အခါမှာ အသုံးပြုခွင့်တောင်းရပါတယ်
Credictသေချာစွာပေးရပါတယ် ဒါမှethicalအရ
Professional ပီသမှာပါ မသိလောက်ပါဘူးဆိုပြီး
ခပ်တည်တည်နဲ့ ကိုယ့်အပိုင်လို
ကိုယ်ကိုယ်တိုင်ရှာဖွေတွေ့ရှိထားသလိုနဲ့
မျက်နှာပြောင်တိုက်ယူသုံးလို့မရပါဘူး
မရဘူးဆိုတာက ကျွန်တောါ့အသိစိတ်ကလည်းလက်မခံတာပါ
ကျွန်တော်တို့ခပ်တည်တည်ယူသုံးလိုက်လည်း
မူရင်းစာရေးဆရာအနေနဲ့ ပြောပလောက်တဲ့အရာမဟုတ်ပေမယ့်
ကျွန်တော့် professional careerမှာဒါမျိုးမလုပ်ချင်လို့ပါ
ကျွန်တော်က နာမည်ကြီးစာရေးဆရာလည်းမဟုတ်ပါဘူး
အရမ်းလည်း အောင်မြင်မနေပါဘူး
ဒါပေမယ့် ဘယ်သူ့ကိုမဆို ethical အရအလေးထားပါတယ်
ကိုယ့်လောက်မှအခြေအနေမရောက်သေးပဲ
စာရေးကောင်းတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ဘယ်တော့မှ သူတို့ကိုအသိမပေးပဲ
ယူမသုံးပါဘူး ဘယ်မှာဖတ်ခဲ့ရတယ်
ဘယ်သူရေးတာကနေ သိခဲ့ရတယ်ဆိုပြီး
အမြဲတမ်း credictပေးပြီးမှ ကိုယ်ဖန်တီးချင်တဲ့
အရာကိုချပြပါတယ် သူများဖန်တီးထားတဲ့အရာကို
အလွယ်တကူ ယူသုံးဖို့ မဝံ့ပါဘူး
ဖန်တီးသူတွေဆိုတာ နှလုံးသားနဲ့ဖန်တီးကြရတာပါ
ဘဝနဲ့ရင်းပြီးမှရလာတဲ့အတွေ့အကြုံတွေနဲ့ဖန်တီးရတာပါ
ဖန်တီးသူအချင်းချင်း တန်ဖိုးထားပေးရပါမယ်
Respectထားပေးရမယ် ethicရှိရပါမယ်
သူများနှလုံးသားကို ဖောက်စားပြီး
ကိုယ့်ကိုယ်ကိုယ် ဖန်တီးသူ creator
စွန့်ဦးတီထွင်သူ entrepreneur လို့
ခေါင်းစဉ်တပ်တာက သိပ်ရှက်ဖို့ကောင်းပါတယ်
ကျွန်တော်တို့ ဒီစာအုပ်ကို မူရင်းစာရေးသူ
Kristen Butlerရဲ့ ခွင့်ပြုချက်နဲ့ရေးသားထုတ်ဝေခဲ့ပါတယ်
Agreementလုပ်ထားရတဲ့အရာတွေလည်းရှိပါတယ်
ဖန်တီးသူတိုင်းရဲ့ အနုပညာကို လေးစားပါ
ပိုက်ဆံရခြင်း မရခြင်းထက်
ပိုက်ဆံနဲ့ပိုင်းဖြတ်လို့မရတဲ့ဖန်တီးမှုတွေကို
အလေးထားဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်
ပိုက်ဆံက လူတွေရဲ့ ခံစားချက် လူတွေရဲ့အလေးထား
ရှင်သန်မှုတွေကို ပိုင်းဖြတ်လို့မရပါဘူး
ဒါပါပဲ
#Min_Thant
#သက်သောင့်သက်သာရှိသောဘဝနေထိုင်မှုအသစ်
#A_New_View_Of_Comfort_Zone
#The_Comfort_Zone
#Kristen_Butler | 566 |
| 4 | စာအုပ်တစ်အုပ်ကို ဖတ်ပြီဆိုရင် စာအုပ်အမျိုးအစားကိုခနထားလိုက်ပါဦး။ ကိုယ်ပြန်ရလာတဲ့ ရလာဒ်က ဖျော်ဖြေရေးအတွက်လား၊ ဘဝသင်ခန်းစာတွေအတွက်လား၊ စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့အတွက်လား ဒီအချက်တွေကို အနည်းနဲ့အများတော့ စာဖတ်သူတို့ တွေးမိကြတာပါပဲ။
"သက်တောင့်သက်သာဖြစ်သော ဘဝနေထိုင်မှုပုံစံအသစ်" စာအုပ်မှာ Comfort Zone ကိုအခြေခံပြီး
👉 Personal Development
👉 Mental Development
👉 Psychological Support
👉 လူတွေရဲ့ ယုံကြည်မှုတွေနဲ့
👉 Relationship အကြောင်းအရာတွေကို စာဖတ်သူတို့သိရှိနားလည်ဖို့၊ ကိုယ်ရည်မှန်းတဲ့ ဘဝပုံစံတစ်ခုဖန်တီးနိုင်ဖို့ ကူညီပေးမယ့်နည်းစနစ်တွေကို ပြောပြပေးထားပါတယ်။
ကိုယ်ရည်မှန်းတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုရလာအောင် ပထမဆုံးအဆင့်အနေနဲ့ အခြေခံသိထားရမယ့်အချက်တွေကစလို့ ကိုယ့်ရဲ့အမြင်တွေ၊ ယုံကြည်မှုတွေ၊ လက်ရှိဖြတ်သန်းနေတဲ့ ကိုယ့်ရဲ့အခြေအနေတွေ၊ ဟန်ချက်ညီတဲ့ Relationship တွေကနေ ရည်မှန်းချက်ပန်းတိုင်တွေအထိ ဖြတ်သန်းရမယ့် အဆင့်ဆင့်ကို ကိုယ်ပိုင်အတွေ့အကြုံတွေ၊ နည်းစနစ်တွေ၊ ဥပမာတွေနဲ့ လမ်းညွှန်ပြထားတဲ့ စာအုပ်တစ်အုပ် ဆိုရင်လည်းမမှားပါဘူး။
Comfort Zone ဆိုတဲ့ သဘောတရားကို အရင်ဆုံးမိတ်ဆက်ရှင်းပြထားပြီး Comfort Zone ထဲမှာရှိနေတာနဲ့ Comfort Zone အပြင်ကို ရောက်နေတာတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို မြင်သာအောင်နှိုင်းယှဉ်ပြီး ပြောပြပေးထားပါတယ်။
🌟 သက်တောင့်သက်သာရှိတာနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေက ဘယ်လိုဆက်စပ်မှုရှိနေတာလဲ။
🌟 ယုံကြည်မှုနဲ့ လုံခြုံမှုကို ဘယ်လိုတည်ဆောက်မလဲ။
🌟 မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်၊ လုပ်ငန်းခွင်က Relationship Connection ကို ဘယ်လိုဟန်ချက်ညီညီထိန်းသိမ်းမလဲ။
ဆိုတဲ့အချက်တွေက ကိုယ်ကဘယ်လိုလူမျိုး၊ ဘယ်လိုလုပ်ငန်းခွင်မှာ၊ ဘယ်လိုရပ်တည်နေတဲ့သူပဲဖြစ်ဖြစ် ဒီစာအုပ်မှာ ပြောပြထားတဲ့အကြောင်းအရာတွေက စာဖတ်သူတို့ တစ်သက်တာအသုံးဝင်စေမှာ သေချာပါတယ်။
Self Help စာအုပ်အမျိုးအစားလည်းဖြစ်တဲ့အတွက် ဘဝတိုးတက်မှုလမ်းကြောင်းပေါ်ရောက်အောင် ကူညီပေးမယ့် Tools တွေ၊ Strategy တွေနဲ့ ကိုယ့်ရဲ့ Limiting Belief တွေကို ကျော်လွှားနိုင်အောင်နည်းစနစ်တွေပါဝင်တဲ့အတွက် တစ်သက်တာအသုံးဝင်မယ့် စာအုပ်လို့တောင် ပြောလို့ရပါသေးတယ်။
ကိုယ်တိုးတက်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေပါ တိုးတက်တဲ့အတွက် သက်တောင့်သက်သာဖြစ်ဖြစ်နဲ့ ကိုယ်ရည်မှန်းတဲ့ ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့
📙 သက်တောင့်သက်သာဖြစ်သော ဘဝနေထိုင်မှုအသစ် 📙 စာအုပ်ကို
အခုပဲ Pre-order တင်ပြီး ဖတ်လိုက်တော့နော်။ 📢📢
------------------------------------------------------------------
#PREORDER_ONLY
✒️ စာရေးသူ - မင်းသန့် (Min’s Beauty Book)
📙 စာအုပ်အမည် - သက်တောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်
📖 စာမျက်နှာ - ၂၅၂ မျက်နှာ
💰 စာအုပ်တန်ဖိုး - ၁၈,၀၀၀ ကျပ်
📦 စတင်ပို့ဆောင်ပေးမည့်နေ့ - ၂၄.၃.၂၀၂၅ (တနင်္လာနေ့)
------------------------------------------------------------------
PRE-ORDER ဘယ်လိုတင်ကြမလဲ။❓
-
✅ စာအုပ်မှာယူရန် Website Link
http://smartsarpay.com/bookdetail/72/
SMART စာပေ
✅ VIBER No - 09799632254
✅ Facebook Messenger တွင်
- အမည်
- နေရပ်လိပ်စာအပြည့်အစုံ
- ဖုန်းနံပါတ်
- စာအုပ်အမည်
- အုပ်ရေတို့ တိကျမှန်ကန်စွာ ပေးပို့ပြီး မှာယူနိုင်ပါတယ်။
✅ Website ကနေမှာယူဖို့ခက်ခဲသူတွေအတွက် ကိုမင်းသန့်ရဲ့ Min’s Beauty Book နဲ့ Resilience of Min Thant Message Box ကနေလည်း မှာယူနိုင်ပါတယ်။
------------------------------------------------------------------
အသေးစိတ် သိရှိနိုင်ရန်
www.smartsarpay.com
ဖုန်းဆက်လိုပါက -
📱 09753381244
📱09799632254
(ရုံးချိန်အတွင်းသာ)
#Smartစာပေ #ComfortZone #KristenButler #MinThant #MinsBeautyBook #ResilienceofMinThant #သက်တောင့်သက်သာရှိသောဘဝနေထိုင်မှုအသစ် | 600 |
| 5 | بدون متن... | 450 |
| 6 | ကျွန်တော့်ရဲ့စာဖတ်သူတွေလည်း စောင့်မျှော်နေသလို
ကျွန်တော်လည်း စောင့်မျှော်နေတဲ့ နေ့ရက်လေးကို ရောက်လာခဲ့ပါပြီ
ပထမစာအုပ်ထွက်ပြီး ၁နှစ် ခွဲအကြာမှ
ကျွန်တော့်ရဲ့ အခုဒုတိယမြောက်စာအုပ်ဖြစ်တဲ့
"သက်သောင့်သက်သာဖြစ်သော ဘဝနေထိုင်မှုအသစ်"ဆိုတဲ့
စာအုပ်ကို ထွက်နိုင်ခဲ့ပါတယ်
အချိန်တွေရော ခွန်အားတွေရော ဉာဏတွေရော
အများကြီး အားစိုက်ထုတ်ခဲ့ရပါတယ်
ဒီစာအုပ်ရေးနေစဉ်ကာလအတောအတွင်းမှာ
ညမအိပ်ခဲ့ရတဲ့ ရက်တွေ လတွေတော်တော်များများရှိခဲ့ပြီး
ဘဝမှာတခါမှမရဖူးတဲ့ စိတ်ဖိစီးမှုပေါင်းများစွာကိုလည်းရခဲ့ပါတယ်
ဒီစာအုပ်ထဲမှာပါတဲ့ Comfort Zoneကို
ချဲ့ထွင်ရမယ်ဆိုတဲ့အရာကို ကိုယ်တိုင်လုပ်ကြည့်ခဲ့ပြီး
ဒီစာအုပ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်
အခုဆိုရင် မတ်လ ၂၃ရက်နေ့မှာ
ဒီစာအုပ်လေးကို စာဖတ်သူတွေလက်ထဲကို
ကျွန်တော်ထည့်ပေးနိုင်ပါတော့မယ်
ကျွန်တော့်ရဲ့fb pageမှာ စာတွေနေ့တိုင်းဖတ်နေနိုင်ပေမယ့်
အခုလို စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ဆိုရင်
အချိန်တော်တော်ကြာမှ ဖတ်ရတာမျိုးပါ
အဓိကကတော့ စာရေးသူကျွန်တော့်အတွက်
အကျိုးရှိဖို့ဆိုတာထက် စာဖတ်သူတွေကို အကျိုးရှိစေချင်တာက
ကျွန်တော့်ရဲ့ စေတနာပါ
လူအများလာနိုင်မယ့် Sundayကိုပဲရွေးချယ်ထားပါတယ်
ဝန်ကြီးများရုံးရဲ့ The Lantern Houseမှာ
နေ့လယ် ၁နာရီကနေ ၄နာရီထိရှိနေပါမယ်
အဲဒီနေ့မှာ ကျွန်တော့်ရဲ့ ပထမ စာအုပ်လေးရော
အခုဒုတိယစာအုပ်လေးကို ဝယ်ယူဖတ်ရှူနိုင်မှာပါ
တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း
The Lantern houseမှာ မွှေလို့ရတာမို့လို့
စာချစ်သူ သူငယ်ချင်းတွေရှိရင်လည်း ခေါ်လာလို့ရပါတယ်
ကျွန်တော်တို့ ဆုံကြမယ်နော်
စကားတွေပြောကြမယ် အဲဒီနေ့မှာ
RSအကြောင်းတွေလည်း ဆွေးနွေးပေးမယ်
Mental healthနဲ့ပတ်သက်တာလည်းတွေပြောပြမယ်
ဓာတ်ပုံတွေတူတူရိုက်ကြမယ်
အမှတ်တရလက်မှတ်လည်း ရေးထိုးမယ်
Snackလေးတွေ စီစဉ်ထားပါတယ်
Comfort Zoneမှာ ဆရာကျကျနေတတ်ကျရင်
ဒီပွဲလေးကို လာရောက်လေ့လာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျ
အားလုံးကို မျှော်နေမယ်နော်
#Min_Thant
#သက်တောင့်သက်သာရှိသောဘဝနေထိုင်မှုအသစ်
#a_new_view_of_comfort_zone
#kristenbutler
#ရေးသူဖတ်သူတွေ့ဆုံပွဲ
#ဝန်ကြီးများရုံး
#The_Lantern_House | 545 |
| 7 | "Comfort Zone"ဆို ရုန်းထွက်ရမယ့်
နေရာမဟုတ်ဘူးဆိုတာကိုဒီစာအုပ်မှာ
အခန်း ၂၂ ခန်းနဲ့ရေးသားတင်ဆက်ထားပါတယ်
"Comfort Zone"ထဲမှာဆက်နေဖို့ပဲပြောပြထားပါတယ်
ဘယ်လိုကြောင့် ဆက်နေသင့်တယ်
ဘယ်လိုနည်းတွေနဲ့ဆက်နေရမယ်ဆိုတာကို
အသေးစိတ် ပြောပြထားပါတယ်
စာရေးသူကျွန်တော်ကိုယ်တိုင်လည်း
ဒီစာအုပ်ကို "Comfort Zone"ထဲကနေရေးသားခဲ့တာပါ
ကျွန်တော်တို့ သိထားတဲ့ Traditional Comfort Zone
အကြောင်းကို ဒီစာအုပ်ထဲမှာဖတ်ရမှာမဟုတ်ပါဘူး
Comfort Zoneကနေ ရုန်းထွက်ရမယ်ဆိုတာမျိုးတွေ
ဒီစာအုပ်ထဲမှာမပါပါဘူး
"A New View Of Comfort Zone"အကြောင်းကို
လေ့လာချင်တယ် သိချင်တယ်ဆိုရင်တော့
ကျွန်တော့်ရဲ့ "သက်သောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်"ဆိုတဲ့
စာအုပ်လေးကို ဝယ်ယူဖတ်ရှုနိုင်ပါပြီ
အောက်က Linkမှာလည်း Pre orderတင်ဖို့
အသေးစိတ် ဖတ်ရှုနိုင်ပါတယ်
https://www.facebook.com/share/p/1BD3YJGayp/
လာမယ့် မတ်လ၂၃ရက်နေ့ကျရင်လည်း ရေးသူဖတ်သူ
တွေ့ဆုံပွဲလေးရှိပါမယ်နော်
အသေးစိတ်ကို ထပ်ကြေငြာပေးပါမယ်ဗျ
#Min_Thant
#A_New_View_Of_Comfort_Zone
#kristenbutler
#thecomfortzone
#သက်တောင့်သက်သာရှိသောဘဝနေထိုင်မှုအသစ် | 583 |
| 8 | May December Relationshipမှ Adult Groomingဆီသို့
Child grooming အကြောင်းကို လေ့လာကြည့်ရင်းနဲ့
ရုပ်ရှင်ပေ့ခ်ျတစ်ခုက ညွှန်းထားတဲ့ ရုပ်ရှင်တစ်ခုကို
ကြည့်ဖြစ်တယ် ဒီarticleမှာ Child groomingထက်
Adult groomingအကြောင်းကို ပြောပြချင်တာပါ
Child groomingနဲ့ Adult groomingက
အခြေအနေက ထိုနည်းလည်းကောင်းပါပဲ
Groomingလုပ်ခံရတဲ့သူတွေက သူတို့အဲ့လိုvictimဖြစ်လို့
ဖြစ်မှန်းမသိကြပါဘူး သိမ်းသွင်းခံရတာကို
အဆင်ပြေနေတယ်ဆိုတာမျိုးနဲ့ မွန်းကျပ်စရာ
ဘဝမှာ ဖြတ်သန်းနေရတာပါ
May Decemberရုပ်ရှင်မှာဆိုရင်
(May Decemberဆိုတာ အသက်အရွယ်ကွာဟတဲ့
Relationshipကိုခေါ်တဲ့ အသုံးနှုန်းတစ်ခုပါ)
Victimဖြစ်သူ Joeဟာ သူ့ကိုယ်သူ
Victimဖြစ်လို့ဖြစ်မှန်းသိမနေပါဘူး
ပြုလုပ်သူကလည်း Joeကို
Victimလို မခံစားရအောင်
အပြောအဆိုတွေနဲ့သိမ်းသွင်းထားပါတယ်
နင့်တာဝန်နင်ယူရတယ်ဆိုတာမျိုးပေါ့
၁၃နှစ်သား ၇တန်းပြီးခါစ ကောင်လေးက
၃၇နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို
တာဝန်ယူရမယ်ဆိုတဲ့ စကားက
နားထောင်ရတဲ့သူအဖို့ တော်တော်အော်ဂလီဆန်စရာကောင်းပါတယ်
ပြီးတော့ အဲဒီ၃၇နှစ်အရွယ်အမျိုးသမီးက
သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ မခံစားရပါဘူး
(သူမုဒိန်းမှုနဲ့ ထောင်၇နှစ်ကျခံပြီး အဲ့ကောင်လေးကိုလက်ထပ်ခဲ့တာပါ)
ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲလို့
ကြည့်နေရင်းနဲ့ဆက်မကြည့်ဘဲကလည်း မနေတော့
ဒီရုပ်ရှင်မြန်မြန်ပြီးသွားပါစေလို့ပဲ ဆုတောင်းနေရတယ်
ပြီးသွားတဲ့အထိကြည့်ပြီးတဲ့အခါမှာ
ခေါင်းထဲ ဒိုင်းခနဲဝင်လာတာက
Child groomingနည်းတူ
Adult groomingတွေလည်းရှိနေတယ်ဆိုတာပါပဲ
Adult groomingကျတော့ ပြောရမယ်ဆိုရင်
Child grommingလိုတော့ ပြစ်မှုမြောက်မနေဘူးပေါ့
ဒါပေမယ့် သူသည်လည်း စိတ်ပိုင်းဆိုင်ရာသိမ်းသွင်းခံရပြီး
Grooming လုပ်တဲ့သဘောပါပဲ
အရွယ်ရောက်တဲ့သူအချင်းချင်းconsentရှိလို့ဖြစ်ကြတာပဲ
ဘာကို Adult groomingလို့ခေါင်းစဉ်တပ်နေရတာလဲ
တွေးကောင်းတွေးနိုင်ပါတယ် အရွယ်ရောက်သူအချင်းအချင်းဆိုပေမယ့်
အသက်အရွယ်ကွာဟချက်ရယ်
ငွေကြေးကွာဟချက်ရယ်
တွေးခေါ်နိုင်စွမ်းကွာဟချက်တွေရှိတာကြောင့်
Adult groomingလုပ်ခံရတဲ့သဘောပါ
ရပ်ကွက်ထဲမှာ အပြောင်အပျက်ပြောကြတာမျိုး
ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်
အကြွေးမဆပ်နိုင် ရှင့်သားကို သိမ်းမှာနော်
ယူထားတာတွေ မပေးနိုင်ရင် ခများသမီးကို
ကျုပ်သိမ်းမှာနော် ဒါမျိုးတွေပေါ့
ပြီးကျရင် ပစ္စည်းဥစ္စာလိုအပ်ချက်ရှိတဲ့သူအများစုက
Adult grooming လုပ်ခံရတတ်ပါတယ်
ကိုယ့်ရဲ့လိုအပ်ချက်တွေကို groomingလုပ်မယ့်သူက
ဖြည့်စည်းပေးတဲ့အခါမှာ ကိုယ်က grooming
လုပ်ခံလို့ လုပ်ခံရမှန်းမသိတော့ပဲ
Stockholm syndromeလိုမျိုးရသွားတတ်ပါတယ်
Adult groomingလုပ်ခံရတဲ့သူတွေသည်
အများအမြင်မှာအဆင်ပြေနေတယ်လို့ထင်ရပေမယ့်
သူတို့ဘဝက အရမ်းမွန်းကျပ်စရာကောင်းနေပါတယ်
ကိုယ့်ကို groomingလုပ်နေတဲ့သူကို
ကိုယ်က အကောင်းမြင်ပေးနေရတာမျိုးကြောင့်
စိတ်ပိုင်းဆိုင်ရာ အေခြအနေက မကောင်းလှပါဘူး
May Decemberထဲက Victimဖြစ်သူJoeဆိုရင်
သူက အသက်၁၃နှစ်နဲ့ ကလေးအဖေဖြစ်ခဲ့တယ်
သူ့ကိုယ်သူလည်း ကလေးအဖေဖြစ်လို့ဖြစ်မှန်းမသိတဲ့
အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်
ဆယ်ကျော်သက်သားဖြစ်သူဆီက ဆေးလိပ်သောက်နည်းပြန်သင်ရတယ်
ဆယ်ကျော်သက်သားက သူ့အဖေကလေးတစ်ယောက်ငိုနေတာကို
ပုခုံးဖက်ပြီး ပြန်နှစ်သိမ့်ပေးနေရတယ်
အဖေဖြစ်သူက သားသမီးတွေနဲ့communicateလုပ်ရမှာကို
အိုးတိုးအမ်းတမ်းဖြစ်နေတဲ့ပုံစံတွေဖော်ပြထားတယ်
မင်းသားက တော်တော် သရုပ်ဆောင်ကောင်းပါတယ်
သူမျက်နှာမှာ စိတ်ရှုပ်ပြီး မပျော်နေရတဲ့ပုံစံတွေ
သူ့ဘဝကို သူအလိုမကျပေမယ့်
ဘာမှလုပ်လို့မရတဲ့ facial expressionတွေက
ကြည့်ရတဲ့ သူအတွက် တကယ်စိတ်ရှုပ်စရာကောင်းပါတယ်
အပြင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတယ်ဆိုလို့
လိုက်ရှာဖတ်ကြည့်တာ Joeက နောက်ဆုံး
ကွာရှင်းခွင့်တောင်းခံပြီး ကွာရှင်းခဲ့ပါတယ်တဲ့
Adult groomingလုပ်ခံရတဲ့လူတွေမှာလည်း
တဖက်လူရဲ့ အာဏာ ပါဝါ စည်းစိမ်ဥစ္စာတွေနဲ့
အဖိခံရတဲ့အခါမှာ ရုန်းထွက်ဖို့ခက်ပါတယ်
နင်မလုပ်နိုင်ရင် နင်သူနဲ့မနေချင်တော့ရင်
ဆက်မလုပ်နဲ့လေ ဆက်မနေနဲ့လေလို့
ဘေးလူတွေက အလွယ်လေးပြောကြပေမယ့်
Adult Grooming လုပ်ခံနေရတဲ့လူတစ်ယောက်အတွက်က
ရုန်းထွက်ဖို့မလွယ်လှပါဘူး
Adult grooming caseတွေက တိမ်မေယာင်နဲ့နက်ပါတယ်
အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်
Adult groomingအလုပ်ခံနေရတာကို
သိမြင်အောင် ကြည့်တတ်ဖို့ပါပဲ
ကိုယ်တိုင်က victimဖြစ်လို့ဖြစ်မှန်းသိမနေရင်
ရုန်းထွက်ဖို့ ပိုခက်ခဲသွားပါလိမ့်မယ်
Adult Groomingလုပ်တဲ့သူတွေရဲ့နေရာကိုလည်းဝင်မလေ့လာမိပါစေနဲ့
ဝင်လေ့လာရင်း ကိုယ်ကိုယ်တိုင် အဲ့လိုလူပုံစံဖြစ်သွားတတ်ပါတယ်
မည်သူတစ်ဦးတစ်ယောက်ရဲ့ groomingလုပ်ခြင်းမှ မခံရပါစေနဲ့
#Min_Thant
#counselingservices
#coachingservices
#physicalsupport
#mentalsupport
#emotionalsupport
#Childgrooming
#Adultgrooming
#MayDecember | 523 |
| 9 | May December Relationshipတွေမှ Adult Groomingဆီသို့ | 431 |
| 10 | A New View Of Comfort Zone
စိတ်ပိုင်း ဆိုင်ရာ သက်တောင့်သက်သာ ရှိရင် ခက်ခဲတဲ့ အချိန်ဖြစ်စေ ပျော်ရွှင်တဲ့အချိန် ဖြစ်စေ ဘယ်လို အခြေနေရောက်နေပါစေ ကြံခိုင်ပြီး ဆုံးဖြတ်ချက် အမှားယွင်းနည်းပြီး ဖြတ်သန်းနိုင်ကြတယ်လေ.
စာဖတ်သူ အများ သိတဲ့ Comfort Zone ကနေ ထွက် ရတဲ့ အခြေနေ ကို အမြင်အသစ် နဲ့ ပြန်ကြည့်ပြီး အမေရိကန်စာရေးဆရာမ Kristen Butlerက A New View of "The Comfort Zone"ဆိုတဲ့ စာအုပ်ကို ဖန်တီးရေးသားခဲ့ပါတယ်.
ကျွန်တော်တို့ သိထားခဲ့တဲ့ Comfort Zoneဆိုတာရဲ့ အပူပင် မရှိ သက်တောင့်သက်သာ ရှိနေတဲ့ အခြေနေ ကို အမြင်သစ် ပြန်ပြောင်းအသုံးချပြီး ကျွန်တော်တို့ ကိုယ်ပိုင်ဘဝ. မိသားစု. ပတ်ဝန်းကျင် မှာပျော်ပျော်ရွှင် တိုးတက်ဖြတ်သန်းဖို့ အမြင်သစ်ကို ရေးသားဖော်ပြထားတာပါ.
Kristen Butlerရဲ့ စာအုပ်ကို ကျွန်တော်က inspiredလုပ်ပြီး ကျတော်ရဲ့"သက်သောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်"ဆိုပြီးမြန်မာမှုပြုကာ ၂၀၂၃နှစ်ကုန်ပိုင်းလောက်ကနေ
ဒီစာအုပ် Projectကို စတင် ပြီး ကျွန်တော်ရဲ့ social media page ၂ ခု မှာ စတင်ခဲ့ပါတယ်.
ကျွန်တော် ရဲ့ social media page link စာမြည်း ပါဗျ.
https://www.facebook.com/share/p/165oFWUibW/
https://www.facebook.com/share/p/1BACH5wCit/
ဒီစာအုပ်ကို ကျွန်တော်တစ်ယောက်တည်းရဲ့အတွေးမြင်အား အင်နဲ့ရေးခဲ့တာမဟုတ်ပါဘူး.
ကျွန်တော့်Teamမှာ ပါဝင်အားဖြည့်ကျတဲ့ လူငယ်တွေရယ်
ကျွန်တော့်ရဲ့ Mentorနဲ့ ပေါင်းစပ်ရေးသားခဲ့ကြခြင်းဖြစ်ပါတယ်.
ကျွန်တော့်ဘဝမှာလည်း အချိန်တော်တော်ကြာကြာပေးပြီး
ကိုယ်တိုင်လည်း ဒီစာအုပ်ထဲကလိုပြောင်းလဲကျင့်ကြံနေထိုင်ပြီး ရေးခဲ့တဲ့စာအုပ်မျိုးဖြစ်ပါတယ်.
Self-Growthစာအုပ်ဖြစ်တဲ့အတွက်
ရေးရုံရေးခဲ့တာမဟုတ်ပဲ ကိုယ်တိုင်လည်း
Self-Growthအတွက် တပါတည်းပြောင်းလဲခဲ့ရပါတယ်.
ဒီစာအုပ်က လူငယ်တွေအတွက်ရော မိဘတွေအတွက်ရော
ပညာရေးနယ်ပယ် ဆရာ ဆရာမတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူညီပေးဖို့ရည်ရွယ်ထားတဲ့စာအုပ်ဖြစ်လို့
ကိုယ်တိုင်အတွက်လည်းဖတ်လို့ရသလို
မိမိပတ်ဝန်းကျင် တခြားသူအတွက်လည်း ဖတ်ပြီး
ပြန်အသုံးချလို့ရတဲ့ life timeအသုံးဝင်မယ့်Secret tipsတွေအများကြီးပါတယ်.
အဲဒီအတွက်ကြောင့် ဒီစာအုပ်က မြင်နေကျ
ဖတ်နေကျ စာရေးဆရာတစ်ယောက်တည်းက
ရေးထားတဲ့ပုံစံမဟုတ်ပဲ Team တစ်ခုကနေ အမြင်စုံပေါင်းစပ်ပြီး
စာဖတ်သူကို ချပြထားတဲ့ပုံစံနဲ့မြင်ရပါလိမ့်မယ်
ပြီးရင် ကျွန်တော်တို့သိထားတဲ့Comfort Zoneနဲ့
လားလားမှမတူတဲ့ Comfort Zoneအကြောင်းကို
ဒီစာအုပ်ထဲမှာအခန်း ၂၂ခန်းနဲ့ဖတ်ရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကိုယ်တိုင် ဆန်းစစ် ကြည့်လို့ရမယ့် exerciseတွေပါပါလိမ့်မယ်.
ကျွန်တော်တို့ ၁နှစ်ခွဲလောက်ကြိုးစားအားထုတ်ခဲ့ရတဲ့
ဒီစာအုပ်လေးက အခု မတ်လ ၂၃ရက် ၂၀၂၅ နေ့ကျရင်
စာဖတ်သူတွေရဲ့လက်ထဲကို ထည့်ပေးနိုင်ပါတော့မယ်
ကြားထဲမှာအဆင်မပြေမှုတွေ ပြန်လည်ပြင်ဆင်မှုတွေ
အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပြီး တော်တော်လေးအားစိုက်ထုတ်ခဲ့ရပါတယ်.
ဒီစာအုပ်ကရတဲ့အကျိုးအမြတ်တွေကိုကျွန်တော်တို့ Teamတစ်ဖွဲ့လုံးက ပညာရေး Charityကို စီးဆင်းစေဖို့သဘောတူထားပါတယ်.
ဒီစာအုပ်Projectရဲ့ရည်ရွက်ချက်ကလည်း ဒါပါပဲ.
ကလေးတွေပညာရေးအတွက် အထောက်အကူပြုနိုင်ဖို့
ကျွန်တော်တို့အားလုံး နှစ်နဲ့ချီ အားစိုက်ထုတ်ခဲ့ကြတာပါ.
ဒီစာအုပ်ရောင်းနေရသမျှကာလပတ်လုံးမှာ
ကလေးတွေပညာရေးအတွက် အထောက်အပံ့ရနေမှာပါ.
အလှူဆိုတာထက် ကလေးတွေပညာရေးအတွက်
လုပ်ထားတဲ့ projectလေးဖြစ်လို့
စာဖတ်သူတို့အနေနဲ့လည်း ဒီစာအုပ်ကိုဖတ်တဲ့အခါမှာ
ကိုယ့်အတွက်ရော ကလေးတွေအတွက်ရော
အကျိုးရှိသွားမယ်လို့ ကျွန်တော်တို့Teamကနေ အာမခံပါတယ်ဗျ.
ဒီစာအုပ်လေးအတွက် ရေးသူဖတ်သူတွေ့ဆုံပွဲလေးလည်း
ကျွန်တော်စီစဉ်နေပါတယ် အသေးစိတ်ကို
ထပ်ပြီး ကြေငြာပေးပါမယ်.
ယုံကြည်စွာ နဲ့ ဝယ်ယူအားပေးမဲ့ စာဖတ
သူများ ကြိုတင် လေးစားစွာ ကျေးဇူးတင်ပါတယ်ဗျ. (မင်းသန့် )
#PREORDER Only
✍️ မင်းသန့် (Min’s Beauty Book)
📔သက်သောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်
💰18000 ကျပ်
📄၂၅၂ မျက်နှာ
စာအုပ်မှာယူရန် Website Link
http://smartsarpay.com/bookdetail/72/သက်တောင့်သက်သာဖြစ်သော ဘဝနေထိုင်မှုအသစ်
Website linkကနေ မှာယူဖို့ခက်ခဲမယ်ဆိုရင်ကျွန်တော့် ပေ့ချ်ရဲ့ Min’s Beauty Book
Resilience of Min Thant ရဲ့
message boxကနေလည်းမှာယူနိုင်ပါတယ်.
@minthan5 ရဲ့ telegram အကောင့်ကလည်း ဆက်သွယ်မှာယူနိုင်ပါတယ်
✅ဖော်ပြပါ Website link မှ မှာယူရန်။
✅VIBER No - 09799632254
✅SMART စာပေ Facebook Messenger တွင်
- အမည်
- နေရပ်လိပ်စာအပြည့်အစုံ
- ဖုန်းနံပါတ်
- စာအုပ်အမည်
- အုပ်ရေ
တို့ တိကျမှန်ကန်စွာ ဖြည့်သွင်း၍ မှာယူနိုင်ပါတယ်။
အသေးစိတ် သိရှိနိုင်ရန်
www.smartsarpay.com
ဖုန်းဆက်လိုပါက
📱 09753381244
📱09799632254
(ရုံးချိန်အတွင်းသာ) | 626 |
| 11 | A New View Of Comfort Zone | 460 |
| 12 | Outfit repeater
အခုပုံက ဟိုရက်ကမှ ရိုက်ထားတာပါ
ပုံထဲမှာဝတ်ထားတဲ့ပုဆိုးက လွန်ခဲ့တဲ့
၈နှစ် တက္ကသိုလ်ကျောင်းသားဘဝကဝတ်တဲ့ပုဆိုးပါ
အဲဒီတုန်းက မင်းသားကျော်ထက်အောင်
ပေါ်ခါစခေတ်စားနေတဲ့အချိန်ပေါ့
သူအဲဒီပုဆိုးတွေကို ကြော်ငြာရိုက်တော့
ရန်ကုန်မှာဝယ်မရဘူး မန်းလေးက မမအေးဆိုတဲ့
အစ်မတစ်ယောက်က ဝယ်ပို့ပေးတာ
၅ထည် ရောင်စုံနော်
ကျောင်သွားရင် တရက်တရောင်ဝတ်ပြီး
Fashion kingလုပ်ခဲ့သေးတာပေါ့
ပြောချင်တာက လွန်ခဲ့တဲ့၈နှစ်တုန်းက
ဝတ်တဲ့ပုဆိုးက အခုထိ အိမ်ကဗီရိုထဲမှာလည်းရှိနေသေးသလို
အလျဉ်းသင့်ရင်လည်း သင့်သလိုအခုထိဝတ်ပါတယ်
Outfit repeaterလုပ်ရတာကိုလည်းသဘောကျပါတယ်
မြန်မာရုပ်ရှင်ထဲက မင်းသမီးတစ်ယောက်လို
ဝတ်စုံတစ်စုံကို သုံးခါဝတ်ပြီးရင် လွှင့်ပစ်ဖို့ကလည်း
အဲ့လောက်ထိချမ်းသာမနေပါဘူး ချမ်းသာနေရင်လည်းမလွှတ်ပစ်ပါဘူး
ကျွန်တော်ကကျွန်တော့်အဝတ်အစားလေးတွေဆို
ဈေးပေါပေါ ဈေးကြီးကြီး တန်ဖိုးထားတတ်တဲ့အကျင့်ရှိပါတယ်
မတော်တဆပျောက်သွားတာတို့ မီးပူကျွမ်းတာတို့ဆို
အရမ်းနှမြောတာပဲ လုပ်တဲ့သူကိုလည်းသိပ်စိတ်ဆိုးတာပဲ
ကျန်တဲ့အရာတွေဖြတ်နိုင်ပေမယ့် အဝတ်အစားတွေပေါ်မှာ
စွဲလမ်းတဲ့တဏှာကိုတော့မဖြတ်နိုင်သေးပါဘူး
အရမ်းကြိုက်တယ် ကိုယ်လည်း ထပ်ခါတလဲလဲပြန်ဝတ်လို့
ရနေသေးရင် သိမ်းထားပါတယ် ကိုယ်လည်းဝတ်လို့မရတော့ဘူး
အဆင်မပြေတော့ဘူးဆိုရင် သူများဝတ်လို့ရမယ့်
Conditionရှိသေးရင် သူများကို သေချာလျှော်ဖွတ်
မီးပူတိုက်ပြီး ပေးလိုက်ပါတယ်
ပြီးရင် အိမ်နေရင် အဝတ်ကောင်းတွေချမဝတ်ပါဘူး
အဲတာဘယ်သူသင်ပေးခဲ့တာလည်းတော့မမှတ်မိတော့ဘူး
ငယ်ငယ်တည်းက အပြင်ကပြန်လာရင်
အဝတ်တွေချွတ်လဲ သေချာ အဝတ်အကောင်းတွေ
လျှော်မယ့်ခြင်းထဲကိုထည့်ရပါတယ် အပြင်ကပြန်လာပြီး
အဝတ်ကောင်းတွေနဲ့ကြမ်းမှာလှိမ့်နေတာမြင်ရင်
အဆဲခံရပါတယ် ကျွန်တော်ကိုယ်တိုင်လည်း
အဲ့တာကိုနှမြောပါတယ် အခုခေတ်ဆိုရင်
အိမ်ထဲနေရင်း အဝတ်အကောင်းတွေဝတ်ပြပြီး
အိမ်ထဲမှာသာလမ်းလျှောက်ပြ ကပြတဲ့လူတွေကို
နားမလည်နိုင်ဘူး သူတို့အစားကိုယ့်မှာနှမြောလို့
Commerciallyအရ tryonလုပ်ပြတဲ့သူတွေကိုမဆိုလိုပါ
Cmtမှာပြထားတဲ့ပုံထဲက ဘောင်းဘီအပြာလေးဆိုရင်လည်း
ကျွန်တော် ဆယ်ခါထက်မနည်းဝတ်ဖူးတယ်
အဲ့ဘောင်းဘီဝတ်ရင် လူကပိုပြီးconfidenceရှိတယ်လို့
ခံစားရလို့ပါ ချုပ်ထားတာ ၄နှစ်လောက်ရှိပါပြီ
မြန်မာငွေ ၂၅၀၀၀လားပဲပေးရပါတယ်
ပွဲတွေသွားတုန်းကလည်းဝတ်တယ်
လေဆိပ်ဆင်းတုန်းကလည်းဝတ်တယ်
ဟိုတလောက မျက်စိlasikလုပ်တုန်းက
ဆေးရုံသွားတုန်းကဝတ်တယ် ထိုင်းမှာလည်း
ဝတ်တယ် ရန်ကုန်မှာလည်းဝတ်တယ်
တောက်လျှောက်ဝတ်ခဲ့တာတောင် အခုထိမဟောင်းသေးပါဘူး
ခြေထောက်လေး a little တိုသွားတယ်လို့ခံစားရပါတယ်
လေးနှစ်အတွင်း အရပ် တစ်လက်မ နှစ်လက်မလောက်များ
ရှည်လာလားမသိဘူး
အဝတ်တထည်ကို ခဏခဏပြန်ဝတ်တာကို
လူတွေက ရှက်စရာလို့ထင်ကြပါတယ်
ရှက်စရာမဟုတ်ပါဘူး ကိုယ်နဲ့သင့်တော်နေသေးသ၍
ကိုယ်ကြိုက်နေသ၍ အခါခါပြန်ဝတ်ခွင့်ရှိပါတယ်
အလှူသွားလည်းဝတ်လို့ရတယ်
မဂ်လာဆောင်သွားလည်းဝတ်လို့ရတယ်
ကိုယ့်အတင်းပြောတဲ့ကောင်မရဲ့
နာရေးမှာလည်း ဝတ်လို့ရတယ်
ကိုယ်ကြိုက်လို့ ကိုယ်ဝတ်တာ ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး
လွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်က ဘဲငန်းတီရှပ်တထည်က
၇ထောင်လားပဲရှိတယ် ကျွန်တော်၅ထည်ဝယ်ချပစ်ပြီး
အိမ်နေရင်းနဲ့ညအိပ်ကို အဲ့၅ထည်ပဲဝတ်တယ်
အေးလည်းအေးတယ် လျှော်ရလွယ်ခြောက်လွယ်
ချွေးစုပ်လွယ်နဲ့ ကျွန်တော့်ကိုအိမ်မှာဆို
ဘဲငန်းတီရှပ်အဖြူပွပွကြီးနဲ့မြင်းခြံဘောင်းဘီနဲ့
ဦးလေးကြီးပုံစံပဲတွေ့ရတတ်တယ်
အခုကတော့ အဲဒီတီရှပ်တထည်၂သောင်းကျော်သွားပြီ
အဲဒီ၅ထည်ကို ၅နှစ်လောက်
ဖွတ်လမွတ်ထအောင် ဝတ်ခဲ့ရတာတန်ချက်
အပြင်သွားတာတို့ လူကြားသူကြားထဲသွားတို့သာ
သက်တောင့်သက်သာမဖြစ်လည်း လှချင်လို့
ထွေလီကာလီတွေ ကြံဖန်ဝတ်ပေမယ့်
အိမ်နေရင်းကတော့ သက်တောင့်သက်သာဖြစ်နေဖို့
First priorityပဲ
ပွဲတွေဘာတွေသွားရင် dress upလုပ်ပြီး
Suitတွေ coatတွေဝတ်ရှိတာရှိတယ်
ခဏခဏပြန်ဝတ်လို့ရအောင် ကျွန်တော်က
အနက်တို့ ကာကီတို့ချုပ်ထားတယ်
အဲ့တာတွေက ဘာနဲ့တွဲဝတ်ဝတ်အတင်ပြေတယ်
ဘောင်းဘီအနက်တထည်ကောင်းကောင်းရှိရင်လည်း
အပေါ်ကဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေတယ်
Outfit repeaterလုပ်ရတာပျော်စရာကောင်းပါတယ်
ဟိုဟာလေးတွဲစပ်လ်ုက် ဒီဟာလေးနဲ့တွဲစပ်လိုက်နဲ့
ကိုယ့်ideaရှိရင်သလို လှအောင်ဝတ်လို့ရပါတယ်
လိုအပ်လို့ မဖြစ်မနေဆိုရင်လည်းထပ်ဝယ်ပေါ့
အသက်၃၀နားကပ်လာတယ် ကျော်နေပြီဆိုရင်တော့
နည်းနည်းကောင်းတာလေးတွေသုံး
တစ်သောင်းတန်ဆယ်ခါဝယ် ဆယ်ထည်ဝတ်နေပြီး
Cheap lookကြီးထွက်နေတာထက်
ကိုယ့်အသက်အရွယ် ကိုယ့်အလုပ်ကိုင်နဲ့ကိုက်ညီတဲ့
Lookထွက်အောင် basicကျတဲ့အရောင်တွေ
အထည်တွေကို နှထည် သုံးထည်ကောင်းကောင်းရှိရင်
ခဏခဏ repeatလုပ်ဝတ်လို့ရပါတယ်
Outfit repeaterလုပ်တာက
budgetလည်းsavedဖြစ်တယ်
အိမ်မှာလည်း အဝတ်တွေပုံမနေတော့နေရာမယူတော့ဘူး
ကိုယ်က outfit repeaterဆိုရင်လည်း
ပုံလေးနဲ့အတူ အတွေ့အကြုံဖီလင်လေးတွေ
ဝေမျှခဲ့လို့ရပါတယ် | 688 |
| 13 | Outfit Repeater | 529 |
| 14 | သာမန်လူလူချင်းမှာ ယောကျာ်းကလည်း မိန်းမထက်
ပိုမြင့်မြတ်မနေသလို LGBTတွေကလည်း ပိုနိမ့်ကျမနေဘူး
သောတာပန်တွေလည်း မဟုတ်ကြဘူး
သောတာပန်တွေမှာတောင်မှ လူ့ဘောင်ကိစ္စတွေ
တချို့တလေမစွန့်လွှတ်ကြသေးဘူး
ရိုးရိုးပုထုစဥ်တွေက လိင်မှုကိစ္စ၁၀ခါလုပ်ရင်
သူတို့က ၃ခါလောက်ပေါ့ အဲ့ထက်နည်းချင်လည်းနည်းမယ်
အဲ့လိုဆိုတော့ သာမန်လူလူချင်းတွေမှာအရူးကတမူးသာချင်ပြီး
အခွင့်ထူးခံချင်တာက Toxic ဝါဒီပါ
Princess logicတွေများသောအားဖြင့်
အမျိုးသမီးတွေမှာတွေ့ရသလို Mama Boy logicတွေလည်း
အမျိုးသားတွေမှာတွေ့ရပါတယ် LGBTတွေမှာကျတော့
ကိုယ့်ကိုယ်ကိုယ်အတင်းdefenseလုပ်တတ်တာတွေတွေ့ရပါတယ်
Princess Logicဆိုတာ ကျွန်မတို့က ရုပ်လှတယ်
ခန္ဓာကိုယ်မိုက်တယ် ပိုက်ဆံရှိတဲ့သူကိုကောက်ယူမယ်
ပြီးရင် သူဌေးကတော်လုပ်မယ် ပြီးရင်အမျိုးသမီးတွေအတွက်
women empowermentဆိုပြီး စာအရှည်ကြီးတွေရေးမယ်
အဲ့လိုဆိုတော့ ခေါင်းရွက်ဖျင်ထိုး ရှာစားလုပ်စားနေရတဲ့
အမျိုးသမီးတွေက ရယ်ချင်တာပေါ့
စိုင်ကော်ခြုံပေါ်ရောက်သွားတာကို အောက်ကို
ပြန်မငုံ့ကြည့်ပဲ သူဌေးကတော်အချင်းချင်းပဲ
ကိုယ့်အသိုင်းအဝိုင်းထဲက လူအချင်းချင်းပဲ
ချစ်ရေအားကျတယ် အတုယူရတယ် ချစ်တယ်နော်ဆိုပြီး
ရွှေရည်စိမ် ဝါဒီတွေ ဖြန့်နေခြင်းကလည်း
တကယ်ရုန်းကန်နေရတဲ့ သူတွေအတွက်အဆိပ်အတောက်ဖြစ်စေပါတယ်
အမျိုးသားတွေဘက်မှာဆိုရင်လည်းအမြဲပြုလုပ်သူလို့
ထင်ခံနေရတဲ့ ဝါဒီမျိုးတွေရှိပါတယ်
အမျိုးသားတွေက အမြဲတမ်းAbuserဖြစ်နေတာမျိုး
အမျိုးသားတွေကပဲ အမြဲလက်ပါခြေပါလုပ်တတ်တာမျိုး
ဒါတွေက တဖက်တည်းအမြင်တွေနဲ့အဆိပ်တောက်ဖြစ်နေတာပါ
အမျိုးသားတွေအကြမ်းဖက်ခံရတဲ့caseတွေအများကြီးရှိပါတယ်
မိန်းမဖြစ်သူက အမြဲရိုက်ပုတ်နှိပ်စက်လို့Traumaတွေရနေပြီး
ပုခုံးလေးပုတ်တာကို လန့်ဖြန့်တတ်တဲ့အမျိုးသားမျိုးကို
တွေ့ဖူးပါတယ် Victim blamingထပ်လုပ်ကြပါတယ်
မင်းယောကျာ်းဖြစ်ရဲ့သားနဲ့ သူတစ်ချက်ကိုယ်တစ်ချက်
ပြန်လုပ်ပေါ့ဆိုတာမျိုးတွေပေါ့ အခြေအနေတွေကမတူနိုင်ပါဘူး
ပြန်လုပ်တဲ့ယောကျာ်းမျိုးတွေရှိသလို ပြန်မလုပ်တတ်တဲ့
ယောကျာ်းမျိုးတွေလည်းရှိပါတယ် ပြောချင်တာက
မိန်းမတွေကအမြဲခံဖက်ကပဲမဟုတ်သလို
ယောကျာ်းတွေကလည်း အမြဲပြုလုပ်သူဖြစ်မနေပါဘူး
Genderနဲ့ပတ်သက်ရင် ကျွန်တော်တို့က
Awakeningဖြစ်မလိုလိုနဲ့မဖြစ်ပါဘူး
မဖြစ်တဲ့အပြင် အဆိပ်အတောက်ဝါဒီတွေဖြစ်တဲ့
Toxic Feminityဆန်ဆန်တွေ
Toxic Masculinityဆန်ဆန်တွေ
လူထုကို အဆိပ်ခတ်ပါတယ် မသိနားမလည်တဲ့
လူတွေက အဲ့တာတွေကို အဟုတ်မှတ်ပြီး
Toxic societyကြီးတစ်ခုဖြစ်လာနိုင်ပါတယ်
အဓိကကတော့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
သာတူညီမျှ အခွင့်အရေးမျိုးရမယ့် Relationshipမျိုးတွေကိုသာ
တည်ဆောက်ပါ ကိုယ်ကလည်း သူများဆီက parasiteမလုပ်ပါနဲ့
သူများက ကိုယ့်ဆီက Parasiteလာလုပ်လည်း
လက်မခံပါနဲ့ ငွေရှာနိုင်ခြင်း ငွေရှာတတ်ခြင်းက
လူတိုင်းလုပ်ရမယ့် တာဝန်ဝတ္တရားတစ်ခုပါပဲ
ထူးခြားပြောင်မြောက်နေတဲ့ အရည်အချင်းမျိုး
မဟုတ်တဲ့အတွက် ငွေရှာတတ်ခြင်းအပေါ်မှာ
လွန်ကဲစွာ အခွင့်အထူးခံချင်နေတယ်ဆိုရင်တော့
မိမိဟာ အဆိပ်တောက်ဝါဒီသမားတစ်ယောက်
ဖြစ်နေပြီဆိုတာ သတိထားပေးပါ
#Min_Thant
#counselingservices
#coachingservices
#emotionalsupport
#mentalsupport
#physicalsupport
#အဆိပ်တောက်ဝါဒီ
#genderequality
#awakening
#Princesslogic | 688 |
| 15 | အဆိပ်အတောက် ဝါဒီ
အဆိပ်အတောက်ဝါဒီက ဘယ်ကနေလာလဲဆိုရင်
ကိုယ့်ကိုယ်ကိုယ် defenseအတင်းလုပ်လာရာကနေ
ဆင်းသက်လာပါတယ် Superiority complexနဲ့လည်း
ဆက်စပ်နေပါတယ် ကိုယ့်ကို သူများက နှိမ်မှာဆိုးလို့ဆိုပြီး
ကိုယ်က ဦးအောင် နှိမ်ချလိုက်တာမျိုး ကိုယ့်ကိုယ်ကိုယ်
အတင်းကာကွယ်တာမျိုးတွေကနေ
အဆိပ်အတောက်ဝါဒီဖြစ်လာပါတယ်
ယောကျာ်းမှာလည်းရှိတယ် မိန်းမမှာလည်းရှိတယ်
LGBTတွေမှာလည်းရှိတယ်
အခုခေတ်မှာ လူတွေက တသီးတသန့်လိုက်နှိမ်နေကြတာမျိုး
မတွေ့ရတော့ပါဘူး ခပ်ရိုင်းရိုင်းပြောရင်
Educatedမဖြစ်တဲ့အနည်းအကျဥ်းသာ
ယောကျာ်းဖြစ်လို့ မိန်းမဖြစ်လို့
LGBTဖြစ်လို့ဆိုပြီး အခုချိန်ထိ Awakeingမဖြစ်သေးပဲ
လိုက်နှိမ်နေတာမျိုးလောက်ပဲရှိပါတော့တယ်
Gender equalityအကြောင်းပြောကြရင် ဆွေးနွေးကြရင်
ယောကျာ်းဘက်ကလည်း တန်းတူညီမျှဖြစ်ရမယ်
မိန်းမဘက်ကကြည့်လည်း သာတူရည်မျှဖြစ်ရမယ်
LGBTတွေဘက်ကြည့်လည်း အခွင့်အရေးတွေမဆုံးရှုံးရဘူး
ဒါကို Gender Equalityလို့ပြောတာပါ
မိန်းမတစ်ယောက် ထမင်းဟင်းချက်ရတာက တာဝန်အရဖြစ်ပြီး
ယောကျာ်းတစ်ယောက်ထမင်းဟင်းချက်တတ်ရင်ကျ
smartကျလိုက်တာလို့ တဆင့်မြင့်ပြီး တွေးခေါ်နေသေးသ၍
ခများဦးနှောက်ထဲမှာ Genderနဲ့ပတ်သက်ပြီး
Awakeမဖြစ်သေးပါဘူး
ယောကျာ်းဖြစ်လို့ သံရိုက်တတ်ရမယ် မီးချောင်းလဲတတ်ရမယ်
ပိုက်ဆံရှာကိုရှာနိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေကလည်း
Gender equalityကို ပိတ်မိနေတဲ့အတွေးအခေါ်တွေပါ
အဲ့တာတွေမလုပ်တတ်ပဲ တခြားနေရာတွေမှာတော်နေ
သုံးစားလို့ရတဲ့ ယောကျာ်းမျိုးတွေအများကြီးရှိပါတယ်
LGBTတွေဆိုရင်လည်း အဲ့လိုပဲ ကိုယ့်ကိုသူများက
နှိမ်မှာဆိုးလို့ ကိုယ်က တဖက်genderကို
အစစ်မတို့ ငံပြာရည်မတို့ သုံးနှုန်းခြင်းကလည်း
တဖက်ကို gender shamingလုပ်တဲ့
Toxicဝါဒီမျိုးတွေပါ
ပိုက်ဆံလား မိန်းမလည်းကြိုက်တယ် ယောကျာ်းလည်းကြိုက်တယ်
လူတိုင်းကြိုက်တယ် အဲ့တော့လူတိုင်းပိုက်ဆံရှာရမယ်
My money is my money.
His money is our money.
အဲ့လိုလုပ်လို့မရတော့ဘူး အရင်ခေတ်ကဟုတ်ကောင်းဟုတ်မယ်
အိမ်ထောင်ပြုရင် မိန်းမကမှီခို ယောကျာ်းကသေအောင်
ရှာကျွေး တစ်အိမ်လုံးတာဝန်ကို ယောကျာ်းတွေကထမ်း
မိန်းမတွေအနှိမ်ခံထားရတာလည်းပါတော့ မိန်းမတွေက
အပြင်စီးပွားရေးမလုပ်တတ်နဲ့ အခေတ်ကကုန်ခဲ့ပြီ
အခုခေတ်ကျ နည်းနည်းUpgradeဖြစ်သွားပြီး
မိန်းမတွေက ငွေတော့ရှာတတ်လာတယ်
ဒါပေမယ့် Toxic ဝါဒီကြီး တွဲပါလာတယ်
ငွေရှာနိုင်တဲ့မိန်းမတွေဆိုရင် အထင်ကြီးပေးရမယ်ဆိုတာမျိုးပေါ့
ငွေရှာတယ်ဆိုတာ လူဖြစ်လာပြီဆိုတာနဲ့
အသက်ပြည့်ပြီဆိုတာနဲ့ တခါတည်းတန်းလုပ်ရမယ့်
အရာမျိုး ငွေရှာနိုင်တယ်ဆိုတာက အရည်အချင်းဆိုတာထက်
လူ့ဘဝမှာ လုပ်ကိုလုပ်ရမယ့် တာဝန်တစ်မျိုးပဲ
ယောကျာ်းလည်းငွေရှာရမယ် မိန်းမလည်းငွေရှာရမယ်
LGBTလည်း ငွေရှာတတ်ရမယ် ငွေရှာတတ်တာကို
အခွင့်ထူးခံလို့မရဘူး ယောကျာ်းအင်္ဂါကလည်း ယောကျာ်းအဖြစ်နဲ့
မွေးလာလို့ပါလာတာကြောင့် အခွင့်ထူးခံစရာမလိုသလို
ငွေရှာရမယ်ဆိုတာကလည်း လူ့ဘဝရလာတာမို့
တခါတည်းကပ်ပါလာတဲ့အလုပ်တစ်ခုဖြစ်တာကြောင့်
ငွေရှာနိုင်ခြင်း ငွေရှာတတ်ခြင်းအပေါ်မှာ အခွင့်ထူးခံလို့မရပါဘူး
လူတစ်ယောက်မှာက ဘယ်သို့သောgenderဖြစ်စေ
Toxic Energyတွေအရမ်းမြင့်တက်လာရင်
လူတွေနဲ့သင်းကွဲလာတတ်ပါတယ် တစ်ခုနားလည်ထားရမှာက
မိန်းမတွေကလည်း အမြဲတမ်းလက်ခံရရှိသူမဟုတ်သလို
ယောကျာ်းတွေကလည်း အမြဲ ပေးကမ်းနေရမယ့်သူမျိုး
မဟုတ်ပါဘူး အမေရိကန်စစ်စတမ်သွားရင်သွားသို့မဟုတ်
70/30နည်းနာကို ကျင့်သုံး ဒါအဆင်ပြေတယ်
ကော်ဖီဆိုင်ထိုင်လို့ တသောင်းကျရင်
သူ၇ထောင်စိုက် ကိုယ် ၃ထောင်စိုက်
သူရုပ်ရှင်လက်မှတ်ဖြတ်ရင် ကိုယ်က ပေါက်ပေါက်လောက်တော့
ဝယ်ကျွေးပေါ့ဟုတ်လား အအမ်းခံချင်တဲ့စိတ်ကြီးအမြဲရှိလို့မကောင်းဘူး
Giving energyလည်း သူ့ဟာနဲ့သူရှိရမယ်
Receiving energyလည်း အတိုင်းအတာတစ်ခုထိရှိရမယ်
ကိုယ်တောင်သူ့မွေးနေ့မှာ ပို့စ်စကဒ်လေးတစ်ခုလောက်တောင်
မရေးပေးခဲ့ပဲ ကိုယ်မွေးနေ့ကျမှ စိန်လက်စွပ်လိုချင်လို့မရဘူးလေ
အဲ့တာကို အလိုက်မသိတဲ့ကောင်တို့ အလကားဘူကောင်တို့
သွားBlameရင် ကိုယ်လည်း အာပလာကောင်မကြီး
ဖြစ်သွားလိမ့်မယ် လောကကြီးမှာ အပေးနဲ့အယူဆိုတာ
အမြဲရှိတယ် အယူကြီးပဲရှိချင်နေလို့မရဘူး
အပေးလည်း အမြဒမဟုတ်တောင်တခါတလေရှိရတယ်
သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးမှာတောင်
ကိုယ့်ဘက်က သိသိသာသာ အမြဲကုန်ကျနေရပြီဆိုရင်
အဲ့လိုလူကို ဆက်မပေါင်းအကောင်းဆုံးပဲ
တကယ် မရှိလို့ချို့တဲ့လို့ဆိုတာကတမျိုးပေါ့
ကိုယ်နဲ့ကျ ကုတ်ကပ်ထားပြီး တခြားသူတွေနဲ့ကျ
တရွှမ်းရွှမ်းသုံးနေတာမျိုးဆိုရင်တော့ ဂျောင်းလိုက်တော့ပေါ့
အမြဲ Receiving Energyတွေနဲ့ပဲရှိချင်နေရအောင်
သူတို့ လှူထိုက်တဲ့အလှူခံပုဂ္ဂိုလ်တွေလည်းမဟုတ်သလို
ကိုယ်ကလည်း အမြဲGiving Energyတွေနဲ့ပြည့်နေရအောင်
ဝိသာခကျောင်းအမကြီးလည်း ဟုတ်မနေဘူး
အခွင့်ထူးခံချင်တာကရောဂါတစ်မျိုးပေါ့ | 539 |
| 16 | အဆိပ်အတောက် ဝါဒီ | 500 |
| 17 | ကော်ဖီတစ်ခွက်နှင့်အိပ်ပျော်သွားခြင်း
တစ်ရက်ပေါ့ အပြင်ကပြန်လာပြီး နေ့လည်စာစားအပြီးမှာ
ကော်ဖီသောက်ချင်စိတ်က အရမ်းဖြစ်လာတာနဲ့
mallတစ်ခုထဲကကော်ဖီဆိုင်မှာကော်ဖီတခွက်ဝင်ဝယ်ပြီး
ပြန်လာခဲ့ပါတယ် ဝယ်ဝယ်လာခြင်းမှာကော်ဖီတအားပူနေတော့
Taxiပေါ်မှာလည်း မသောက်ဖြစ်ခဲ့ပါဘူး
ကားပေါ်ကဆင်းတော့ ကျွန်တော့်အခန်းက
၅လွှာဆိုတော့ မောမောနဲ့တက်လာရပါတယ်
အပေါ်ရောက်တော့လည်း အဝတ်တွေချွတ်ပြီးလဲပစ်ချင်နေတော့
ကော်ဖီဘူးကို ထမင်းစားပွဲပေါ်သွားတင်ထားလိုက်ပါတယ်
အဝတ်အစားတွေ လဲပြီးသွားတော့ ရေတွေဘာတွေသောက်ပြီး
ခဏနားလိုက်တာ ကော်ဖီဘူးကိုမေ့သွားပါတယ်
သိပ်မကြာဘူး ကော်ဖီဝယ်လာတယ်ဆိုတာကို သတိရသွားတော့
အပြေးအလွှားထသောက်လိုက်ပါသေးတယ် အဲ့အချိန်ကော်ဖီက
ခပ်နွေးနွေးလေးပဲအပူချိန်ရှိပါတော့တယ်
တစ်ငုံ နှစ်ငုံလောက်သောက်ပြီး စာရေးစရာရှိလို့
ဆက်ရေးနေလိုက်ရင်းကနေ စျာန်ဝင်သွားပြီး
စာတော်တော်ရေးဖြစ်လိုက်ပါတယ် စာရေးပြီးတော့
လူက မျက်လုံးရော ဇက်ရောညောင်းသွားတာနဲ့
အပြင်သွားထားတာပင်ပန်းနေတာနဲ့ရော
ခဏမှေးခနဲအိပ်ပျော်သွားပါတယ်
ကျွန်တော်အကျင့်က မှေးခနဲလောက်မှေးလိုက်ရရင်
အားအင်ပြန်ပြည့်သွားတဲ့လူမျိုးဆိုတော့
နေ့လယ်ဘက်အိပ်ရင် မိနစ်၂၀ကနေ နာရီဝက်အပြင်မပိုပါဘူး
ပြန်နိုးလာတဲ့အချိန် ဘေးကကော်ဖီခွက်ကလည်း
တော်တော်လေးအေးစက်နေပြီဖြစ်တဲ့အပြင်
နာရီကြည့်လိုက်တော့ ၄နာရီခွဲကျော်ပြီး ၅နာရီထိုးခါနီးနေပါပြီ
နှမြောပြီး ဂလု ဂလုနဲ့မော့ချဖို့မရဲပါဘူး
ဘာလို့ဆို ကျွန်တော်က ညနေ၄နာရီနောက်ပိုင်း
ကော်ဖီ လက်ဖက်ရည် အားဖြည့်အချိုရည်တွေသောက်လိုက်မိရင်
ည၂နာရီလောက်ထိကြောင်စီစီနဲ့အိပ်မပျော်တော့တဲ့
ဒဏ်ကိုခံရလို့ပါ အဲ့လိုကြောင်စီစီဖြစ်တဲ့ခံစားမှုကို
တကယ်စိတ်တိုပါတယ် လူကအိပ်ချင်နေပြီ ဒါပေမယ့်
မျက်လုံးနဲ့ဦးနှောက်က မနားသေးတော့ ဘယ်လိုမှအိပ်မရဖြစ်နေတာက
လူကို တော်တော်ဒေါသဖြစ်စေလို့ပါ
တော်ရုံညနေဘက် caffineပါတာလုံးဝမသောက်ပါဘူး
အရက်ဆိုရင်တော့ သောက်ပါတယ်
ဒါကသက်သက်တပိုင်းပါ
အဲ့လိုနဲ့ကော်ဖီတခွက်က အိပ်မပျော်ခင်တုန်းကတော့
ခပ်နွေးနွေးလေးနဲ့သောက်ရတာ ပါးစပ်ထဲမှာခါးသက်သက်နဲ့
သောက်လို့ကောင်းလိုက်တာဆိုပြီးသောက်ခဲ့ပြီး
အိပ်ရာကလည်းနိုးလာရော ဒီကော်ဖီကအေးစက်သွားတဲ့အပြင်
ကော်ဖီသောက်ရင် အိပ်မပျော်မှာဆိုးလို့ဆိုပြီး
မသောက်တော့ပဲ ဘေစင်ထဲသွန်ချလိုက်ရတဲ့
အခြေအနေကိုဖြစ်သွားပါတယ် လုပ်ချင်တဲ့စိတ်
ဖြစ်ချင်တဲ့စိတ်ရှိနေတုန်းမှာ အပြည့်အဝလုပ်လိုက်တာက
ကိုယ့်အတွက် self-satisfactionကိုရစေပါတယ်
ကော်ဖီကိုအချိန်တစ်ခုမှာတုန်းက သိပ်သောက်ချင်လို့ဝင်ဝယ်ခဲ့တယ်
ဒီကော်ဖီကိုပဲ အချိန်တစ်ခုရောက်သွားတဲ့အခါမှာ
သောက်လို့မဖြစ်တော့ဘူးဆိုပြီးသွန်ခဲ့တယ်
ပြောချင်တဲ့သဘောက ကိုယ့်အတွက်ကိုယ်
Self-satisfactionရဖို့အတွက်ဆိုရင်
ကိုယ်လုပ်ချင်တွေကို လုပ်လိုက်ပါ
ဘယ်သူ့ကိုမှမထိခိုက်ဘူးဆိုရင်ပေါ့
ကော်ဖီတစ်ခွက်ဝယ်သောက်တဲ့ကိစ္စနဲ့
မသောက်ဖြစ်လို့ သွန်လိုက်တဲ့ကိစ္စကဘယ်သူ့ကိုမှ
မထိခိုက်ဘူးလို့ကျွန်တော်ထင်တယ်
ကျွန်တော်Barသွားတိုင်းမူးတယ်
ဘာလို့ဆို မူးချင်လို့သွားတာဖြစ်တဲ့အတွက်
မူးအောင်သောက်တယ် မူးလာရင်အာပြဲကြီးနဲ့
သီချင်းလိုက်ဆိုတယ် စည်းချက်မညီတဲ့အကတွေနဲ့
လျှောက်ကတယ် ရှက်လားဆိုတော့မရှက်ပါဘူး
Barထဲမှာဒီလိုပဲ သူလိုကိုယ်လိုကကြအော်ကြနဲ့ပျော်ကြရတာပဲ
မနက်လင်းလို့အဲ့တာမျိုး မူးချင်ပါတယ်ပျော်ချင်ပါတယ်
ဆိုချင်ပါတယ် ကချင်ပါတယ် လုပ်လို့မရတော့ဘူး
မမူးရင် ကျွန်တော်ကလည်းမကရဲဘူး
အာပြဲကြီးနဲ့အော်မဆိုရဲဘူး ဒီအချိန်ဒီအခိုက်အတန့်မှာပဲ
လုပ်လို့ရတဲ့အရာတွေကို နောက်မှလုပ်မယ်လို့မတွေးပါနဲ့
နောက်မှဆိုရင် မလုပ်ဖြစ်ဖို့များသလို satisfactionလည်းမရတော့ပါဘူး
မနက်မိုးလင်းလာရင်က Gymသွားရတယ်
ဘုရားရှိခိုးရတယ် စာရေးရတယ်အလုပ်လုပ်ရတယ်
ဒါတွေရှိတဲ့အတွက်အဲ့အချိန်မှာမူးချင် ကချင်နေလို့မရပါဘူး
မူးလို့ ကလို့ရမယ့်နေရာမျိုးမှာ မူးပါ ကပါ
မူးလို့ကလို့မတော့တဲ့နေရာမျိုးကိုပြန်ရောက်သွားတဲ့အခါမှာ
ကိုယ်အရှိန်ကိုယ်ထိန်းပါ
လူ့ဘဝရောက်တုန်းတော့ မလုပ်ဖူးတာမရှိရအောင်
လုပ်ကြည့်ပါ ဒါတွေကို သူ့အချိန်ကုန်သွားမှဆိုရင်
မလုပ်ချင်တော့တာမျိုး မလုပ်ရဲတော့တာမျိုး
မလုပ်သင့်တော့တာမျိုးတွေရှိတဲ့အတွက်
လုပ်ဖို့အခြေအနေအချိန်အခါပေးနေရင်လုပ်ကြည့်ပါ
တန်ဆေးလွန်ဘေးဆိုတာလည်းသိထားပြီး
ကိုယ့်အရှိန်ကိုယ်ထိန်းပါ အချိန်လွန်မှဆိုရင်
ကော်ဖီတစ်ခွက်လိုပဲ ပြန်နွှေးပြီးသောက်လို့မရတော့တဲ့အတွက်
သွန်ပစ်လိုက်ရတာပဲ အဖတ်တင်သွားပါလိမ့်မယ်
ကော်ဖီတစ်ခွက်နဲ့အိပ်ပျော်သွားခြင်းဆိုတာ ဒါပါပဲ
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကရေးထားတဲ့စာလေးပါ
#Min_Thant
#counselingservices
#coachingservices
#mentalsupport
#emotionalsupport
#physicalsupport
#self_satisfaction | 673 |
| 18 | ကော်ဖီတစ်ခွက်နှင့်အိပ်ပျော်သွားခြင်း | 508 |
| 19 | Circle Of Friends
တစ်ရက် အိမ်မှာ သူငယ်ချင်းနဲ့ဆိုဂျူထိုင်သောက်ကြတယ်
ငယ်ငယ်က အမေတို့ပြောသလိုပေါ့
အရည်လေးများဝင်ရင် အာသွက်လျှာသွက်နဲ့ပြောကြလေးသတည်းပေါ့
ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ လက်၅ချောင်းမပြည့်ပါဘူး
အဲ့ဒီသူငယ်ချင်းတွေနဲ့ကလည်း ကိုယ့်ရဲ့ဘယ်အကြောင်းအရာမဆို
ဖွင့်ပြောပြလို့ရတဲ့သူတွေချည်းပါ
အဲ့သူငယ်ချင်းတွေကလည်း လိုင်းစုံမတွေပါ
လိုင်းစုံမဆိုတာ ဘာသာရေးအကြောင်းပြောလည်း
ငြိမ်မသွားဘူးနော် ဝိပဿနာတွေဘာတွေထိဆွေးနွေးကြတာ
ဘာသာရေးကနေ night lifeအကြောင်းတွေရောက်သွားလည်း
အ မနေစေရဘူး အာဘောင်အာရင်းသန်သန်ပြောကြတာပဲ
ကိုယ်လုပ်ဖူးတဲ့အတွေ့အကြုံတွေပြော
သူလုပ်ဖူးတဲ့အတွေ့အကြုံတွေကိုပြော
တဟီးဟီးနဲ့ရယ်ကြ အဲ့မှာကြားထဲမှာ
သိပ်နားမလည်တဲ့ ကောင်မတကောင်ပါလာရင်
သူကသိသလိုလိုနဲ့နားထောင် ပြီးကျမှနင်တို့ပြောနေတာက
ဘာလဲဆိုပြီး ပြန်မေး ဟာ ဒီကောင်မကတော့ဆိုပြီး
သူ့ကိုထပ်ရှင်းပြရနဲ့ အူတက် ခွက်ထိုးခွက်လန်ရယ်ကြ
တသောသောပေါ့
ကိုယ့်ရဲ့ဘယ်အစိတ်ပိုင်းမဆို ချပြလို့ရတဲ့
Circle သေးသေးလေးတစ်ခုတော့ရှိသင့်တယ်
စကားတွေထိန်းပြောနေစရာမလိုဘူး
ငါဒါလုပ်ထားလို့ သူတို့ငါ့ကိုအထင်သေးမလားဆိုပြီလည်း
တွေးပူနေစရာမလိုဘူး ကိုယ်မကောင်းတခုခုလုပ်ထားလို့
သူတို့ကိုပြောပြရင် အားလုဲးကအကျိုးသင့်အကြောင်းသင့်နဲ့
နင်ဒါကြီးကတော့ဆက်မလုပ်သင့်ဘူး
ဒီလိုဖြင့်လုပ်သင့်တယ်ဆိုတာမျိုးပဲ
ကောင်းကောင်းမွန်မွန်နဲ့ဝိုင်းဝန်းဖေးမကြတယ်
ကျွန်တော်တို့ သူငယ်ချင်း သုံးလေးယောက်ဆုံကြရင်
အရက်သောက်ပြီး Open chestလုပ်ကြတာများတယ်
တချို့အကြောင်းအရာတွေကျတော့လည်း
ပြောတဲ့သူရော နားထောင်တဲ့သူရော
တသောသောရယ်ကြဟီကြနဲ့ပေါ့
တချို့အကြောင်းအရာတွေကျတော့လည်း
စဉ်းစားရတွေးပေးရနဲ့ပေါ့
အကြောင်းရာပေါင်းစုံပြောကြတယ်
အိမ်ထောင်ရေးကိစ္စ အိပ်ယာပေါ်ကကိစ္စ
စီးပွားရေး လူမှုရေး ဘာသာရေးအစုံပဲ
အဲ့တာည၂နာရီလောက်ထိမအိပ်ပဲပြောကြတာမျိုးပေါ့
အဲ့လို open chest လုပ်လို့ရတဲ့
circleလေးတစ်ခုကရှိကိုရှိသင့်ပါတယ်
အဲ့ဒီcircleထဲမှာက သူမှန်တယ် ကိုယ်မှားတယ်ရယ်မရှိဘူး
ငါစကားနွားရတွေမပြောဘူး
ရင်ဘတ်နဲ့ပြောတဲ့စကားတွေကိုရင်ဘတ်နဲ့နားထောင်ပေးကြတယ်
ကိုယ့်ရဲ့dark sideတွေပြောကြတယ်
တချို့အရာတွေကလည်း ဟာသသာသာ
အကြောင်းအရာတွေပေါ့ တချို့အရာတွေကလည်း
Deep downစဉ်းစားရတဲ့အရာတွေလည်းပါတာပေါ့
သူငယ်ချင်းမက်လားဆိုတော့ အဲ့လိုသူငယ်ချင်း နှစ်ယောက်
သုံးယောက်ကိုတော့မက်တယ် သူတို့ကကိုယ့်ကို
ဘာမှငွေရေးကြေးရေးအားဖြင့်တော့
ကြီးကြီးမားမားအကူညီမပေးနိုင်ကြဘူး
ဒါပေမယ့် ဘယ်နေရာမှာမှပြောလို့မရတဲ့
စကားတွေ သူတို့ဆီမှာပြောလို့လည်းရတယ်
ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေတယ်
ရှိန်နေစရာမလိုဘူး ဟိတ်ဟန်တွေမရှိကြဘူး
ဘဝမှာတစ်ယောက်တည်းနေလို့ရပေမယ့်
အဲ့လို သူငယ်ချင်းတွေလိုအပ်ပါတယ်
သူတို့လည်း လိုအပ်ကြတယ်
ကျွန်တော်လည်း လိုအပ်တယ်
ဒီတစ်ယောက်ကိုတစ်ယောက်လိုအပ်မှုတွေက
တဏှာလည်းမပါဘူး ရမ္မက်လည်းမပါကြဘူး
အချင်းချင်းကြားမှာ စိတ်သက်တောင့်သက်သာဖြစ်စေတဲ့
အခိုက်အတန့်တစ်ခုကို ဖန်တီးဖို့ပါပဲ
ကိုယ့်ရဲ့ဘယ်အရာကိုမဆို ပြောပြလို့မရတဲ့
လူအများကြီး ကိုယ့်ဘေးနားမှာရှိနေတာထက်
ကိုယ့်ရဲ့ဘယ်အရာကိုမဆို ပြောပြလို့ရတဲ့
လူနည်းနည်းလေး ကိုယ့်အနားမှာရှိနေတာကပိုကောင်းပါတယ်
ဘဝမှာ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်စေတဲ့
လူတွေကိုပဲ ကိုယ့်ဘေးနားမှာထားသင့်ပါတယ်
ကိုယ့်ဘေးနားကလူတွေကြောင့် ကိုယ်က
စိတ်သက်တောင့်သက်သာဖြစ်မနေဘူးဆိုရင်တော့
ကိုယ့်ရဲ့Quality of lifeကို ဖန်တီးဖို့ခက်ခဲသွားပါလိမ့်မယ်
#Min_Thant
#counselingservices
#coachingservices
#emotionalsupport
#mentalsupport
#physicalsupport
#circleoffriends
#qualityoflife | 637 |
| 20 | Circle Of Friends | 499 |
