cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

نمایش بیشتر
پست‌های تبلیغاتی
27 062
مشترکین
-524 ساعت
-627 روز
-30030 روز
توزیع زمان ارسال

در حال بارگیری داده...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
تجزیه و تحلیل انتشار
پست هابازدید ها
به اشتراک گذاشته شده
ديناميک بازديد ها
01
https://myanmar-now.org/mm/news/52690/
5731Loading...
02
ရွှေပြည်သာမြို့ရှိ ကျူးကျော်နေအိမ်များ လျှပ်စစ်မီးလိုချင်ပါက ကျပ် နှစ်သိန်းခွဲပေးရန် YESC တောင်းခံနေ 23 May 2024 By MPA CJ 022 ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်ရှိ ကျူးကျော်နေအိမ်များ လျှပ်စစ်မီးလိုချင်ပါက ငွေကျပ် နှစ်သိန်းခွဲပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-YESC လက်အောက်ခံ ဝန်ထမ်းများက ငွေကျပ် နှစ်သိန်းခွဲပေးရန် တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်၊ ပေါ်တော်မှုလမ်းတွင် ကျူးကျော်နေအိမ်များ များသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ၂၀၂၄ခုနှစ်၊ မေ ၁၆ရက်မှစတင်ကာ မီးမပေးတော့သည့်အတွက် YESC ရုံးသို့သွားရောက်မေးမြန်းရာမှ အထက်ပါကိစ္စ ဖြစ်ပွားခဲ့သည်ကို သိရှိရခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦးကရှင်းပြသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4je23vrf Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 2571Loading...
03
အင်းစိန်မြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို စည်းရုံးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေ 23 May 2024 By MPA CJ 022 ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ လူငယ်များ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စည်းရုံးခြင်းများပြုလုပ်နေသည့်အပြင် ဖမ်းဆီးမှုများလည်းပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၂ရက်က အင်းစိန်မြို့နယ်၊ ၁၄ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခြင်းကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့ကာ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရန်အတွက် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အမျိုးသားတစ်ဦးကပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/udsh3ckx Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 1290Loading...
04
Media files
8480Loading...
05
ပြစ်မှုကျူးလွန်သူများကို ချမှတ်မည့်ပြစ်ဒဏ်များ MNDAA ထုတ်ပြန် ဧရာဝတီ၊ မေ ၂၃၊ ၂၀၂၄ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) အုပ်ချုပ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများအတွင်း ပြစ်မှုကျူးလွန်ပါက သေဒဏ်အပါအဝင် ချမှတ်မည့် ပြစ်ဒဏ်များကို မေ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သောသူအား အခြေအနေအရ သေဒဏ်၊ တသက်တကျွန်း သို့မဟုတ် ၇ နှစ်ထက်မနည်းသော ထောင် ဒဏ်၊ အခြားသူတဦးဦး၏ ခန္ဓာကိုယ်အား ရည်ရွယ်ချက်ရှိရှိထိခိုက်စေပါက ၅ နှစ်ထက်မပိုသော ထောင်ဒဏ်၊ အစိုးရနှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများလုယက်မှုကျူးလွန်ပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် စသဖြင့် သတ်မှတ်ထားကြောင်း MNDAA ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ ထို့ပြင် ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ ကျားဖြန့်လုပ်ခြင်း၊ လူကုန်ကူးခြင်း အစရှိသည့် ပြစ်မှုများအတွက်လည်း ပြစ်ဒဏ်များ ကို သတ်မှတ်ထားပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူကုန်ကူးမှုကျူးလွန်ပါက ထောင်ဒဏ်၊ ငွေဒဏ်၊ တသက်တကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများကို ပြစ်မှုအလိုက်ကျခံရမည် ဖြစ်ကြောင်း MNDAA က ဆိုသည်။ အဆိုပါ ပြစ်မှု၊ ပြစ်ဒဏ်များချမှတ်ခြင်းမှာ MNDAA ထိန်းချုပ်နယ်မြေအတွင်း တရားမျှတမှုနှင့် တရား ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ရာဇ ဝတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ရေးဆွဲခြင်းဖြစ်ပြီး ထုတ်သည့်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ဧပြီလအတွင်းကလည်း လောက်ကိုင်မြို့ရှိ MNDAA ၏ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို လူသတ်ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟုဆိုကာ လူမြင်ကွင်း၌ သေဒဏ်ပေးခဲ့သေးသည်။ MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)နှင့် ကုန်းကြမ်း စသည့် မြို့များကို သိမ်းပိုက်ထား သည်။ ပုံစာ - ဧပြီ ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူများအား အများပြည်သူရှေ့မှောက် ပြစ်ဒဏ်စီရင်ရန် MNDAA တပ်ဖွဲ့ဝင်များခေါ်ဆောင်လာစဥ်/MNDAA #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
9280Loading...
06
အခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဧပြီလကတော့ နွေဦးတော်လှန်ရေးကာလအတွင်း တိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှု အများဆုံးလဖြစ်ခဲ့ပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/23/05/2024/36575/
1 0871Loading...
07
မောင်တော နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
1 1211Loading...
08
Media files
1 0170Loading...
09
မောင်တောမြို့အနီး ၄ မိုင် နယ်ခြားစောင့်တပ်ကို AA သိမ်းပိုက် ဧရာဝတီ၊ မေ ၂၃၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ ၄ မိုင် အမှတ် ၂ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ (နခခ ၂) ကို အာရက္ခတပ်တော် (AA) က မေလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် နခခ- ၅ ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ နခခ ၅ တပ်စခန်းသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်၌တည်ရှိကာ ယင်းတပ်စခန်းတွင် လက်ကျန် စစ်ကောင်စီတပ်သားများစုဖွဲ့၍ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) တပ်မမှူး ရုံးထိုင်ပြီး ဦးစီးကွပ်ကဲနေကြောင်း AA နှင့် နီးစပ်သည့် ဒေသခံတဦးက ပြော သည်။ ၎င်းက "နခခ ၂ တပ်စခန်းကို မနေ့က ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီ။ နခခ ၂ နဲ့ တပ်မမှူးထိုင်နေတဲ့ နခခ ၅ နဲ့ ၆ ဖာလုံလောက်ပဲကွာ ဝေးတော့ စစ်ကောင်စီဘက်က အဲဒီဘက်ကိုလည်း ပြေးသွားတာရှိတယ်။ အခု နခခ ၅ ကိုလည်း AA က ထိုးစစ်ဆင်ပြီးတော့ ဆက်တိုက်နေတယ်" ဟု ဧရာဝတီသို့ ပြောသည်။ AA သည် ဘူးသီးတောင်မြို့တခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိထားကာ လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ မောရဝတီဗျူဟာကုန်း၊ မြင်းလွတ်နယ်ခြားစောင့်စခန်း၊ မြို့သူကြီး နခခ ၅ တပ်စခန်းတို့ကို စစ်ရှိန်မြှင့်၍ ဆက်လက် ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ဓာတ်ပုံ- CJ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
1 1340Loading...
10
စစ်မှုထမ်းမဲပေါက်သူများထွက်ပြေးသဖြင့် အုပ်ချုပ်ရေးမှူးများက ပိုက်ဆံကောက်ကာ လူစားထိုးရန်ငှားရမ်းနေရ 23 May 2024 By MPA CJ 018 ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် စစ်မှုထမ်းရန်မဲပေါက်သူများထွက်ပြေးခြင်းကြောင့် အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ပိုက်ဆံကောက်ခံကာ လူစားထိုးငှားရမ်းနေရကြောင်း ဒေသခံပြည်သူများထံမှ မေ ၂၃ ရက်တွင် စုံစမ်းသိရသည်။ စစ်မှုထမ်းဥပဒေ ဒုတိယအသုတ်အဖြစ် စတင်ခေါ်ယူနေချိန်တွင် စစ်မှုထမ်းရန်မဲပေါက်သူများ ထွက်ပြေးမှုများရှိနေသဖြင့် အုပ်ချုပ်ရေးမှူးများမှတစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်တစ်သောင်းကောက်ခံကာ လူစားထိုးငှားရမ်းနေရခြင်းများရှိသလို အချို့ကျေးရွာများတွင် မဲမနှိုက်တော့ဘဲ လူစားထိုးငှားရမ်းခြင်းများပြုလုပ်နေကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4yvr63h7 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 1080Loading...
11
အမှန်တရားကိုမျက်ကွယ်ပြုပြီး အလှူ့ရှင်များအကြိုက်ဆောင်ရွက်နေသူများ ထိုက်တန်သည့် အနာဂတ်နိုင်ငံရေးတွင်ပျော်ရွှင်ရန် ဆုတောင်းပေးကြောင်း AA စစ်ဦးချုပ်ပြောဆို https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * အမှန်တရားကိုမျက်ကွယ်ပြုပြီး အလှူ့ရှင်များအကြိုက်ဆောင်ရွက်နေသူများ ထိုက်တန်သည့် အနာဂတ်နိုင်ငံရေးတွင်ပျော်ရွှင်ရန် ဆုတောင်းပေးကြောင်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောဆိုသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာနေအိမ်များကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များမှ မီးရှို့ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုမှုများထွက်ပေါ်လာပြီးနောက် AA စစ်ဦးစီးချုပ်မှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ၂၀၂၄ခုနှစ် မေလ (၂၂)ရက်နေ့တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ “ယေဓမ္မဟေတုပ္ပဘာဝါ အကြောင်းအကျိုးဆီလျှော်သော အမှန်တရားထက်၊ အလှူ့ရှင်များအကြိုက် မျက်နှာပြောင်တိုက်ကြလေသော ကြောင်သူတော်မိတ်ဆွေတို့အတွက် ၊ သင်တို့နှင့်ထိုက်တန်သော နိုင်ငံရေးအနာဂတ်မှာ စံပျော်ရပါစေကြောင်း ဆုတောင်းလိုက်ပါသည်။” ဟု AA စစ်ဦးချုပ်မှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ ရက္ခိုင့်တပ်တော် (AA)သည် စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည် ဟူသည့် ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံးပြီး စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပစ်မှတ်များကို မည်သည့်အခါမှ ရည်ရွယ်တိုက်ခိုက်လေ့ရှိသည့် အဖွဲ့မဟုတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မေလ (၂၂) ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅) ဖွဲ့မှ ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်ဒေသတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထုများအားလုံးကို ကာကွယ်ပေးရန်တာဝန်ရှိနေပြီး ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာခေါင်းဆောင်များ အမြန်ဆုံးဆွေးနွေးတိုင်ပင်မှုများပြုလုပ်ရန် တိုက်တွန်းထားသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီထောက်ခံသည့် Telegram Channel များနှင့် စစ်ကောင်စီလော်ဘီများမှ ရိုဟင်ဂျာနေအိမ်များကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များမှ မီးရှို့ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း စသည့် သတင်းမှားများကို ဆက်တိုက်ထုတ်လွှင့်နေသည်။ News : https://www.tachileik.net/mm/news/36031 #TachileikNewsAgency Photo:Twan Mrat Naing
1 1501Loading...
12
တော်လှန်ရေးအင်အားစုအချင်းချင်းကြား နားလည်မှုမလွဲမှားရန် ဝန်ကြီးများဦးဆောင်၍ တွေ့ဆုံဆွေးနွေးကြရန် ဝန်ကြီးချုပ်တိုက်တွန်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * တော်လှန်ရေးအင်အားစုအချင်းချင်းကြား နားလည်မှုမလွဲမှားရန် ဝန်ကြီးများဦးဆောင်ကာ တွေ့ဆုံဆွေးနွေးကြရန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၄)ကို ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၃)ရက်နေ့တွင် ပြုလုပ်ရာ ဝန်ကြီးချုပ်က ယင်းသို့တိုက်တွန်းပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။ "တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ နားလည်မှုတွေမလွဲမှားဖို့ အရေးကြီးပြီး လိုအပ်ရင်လိုအပ်သလို တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ပြဿနာတွေက ပြေလည်သွားနိုင်တာဖြစ်တာကြောင့် ဝန်ကြီးများကိုယ်တိုင်ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားဖို့ တိုက်တွန်းလိုပါကြောင်း။"ဟု ဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင် တော်လှန်ရေး၏ အရှိန်အဟုန်ကို ပိုမိုကောင်းမွန်သည့် အနေအထားရောက်အောင် တွန်းအားပေးနိုင်မည့် ကဏ္ဍတစ်ခုအဖြစ် အုပ်ချုပ်ရေးတည်ဆောက်မှုကို ကောင်းစွာစီမံကြရန် တိုက်တွန်းကာ ဘာပဲလုပ်လုပ် ပြည်သူတွေကို မျက်နှာမူဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/36032 #TachileikNewsAgency
1 1371Loading...
13
အခုချိန်ထိ နုဂျီဘက်က ဝင်ကာ ဝင်နာပြီး မျက်စိစုံမှိတ် နုဂျီပြောသမျှ ယုံမှတ်ပြီး တဖက်ပိတ်နေတဲ့ နုပိတ်တို့ နုပိန်းတို့ကိုလည်း သံသယတော်တော်ရှိလာတယ် ဘာကြောင့်ဒီလိုသံသယရှိလည်းဆိုရင် အခုချိန်မှာ နုဂျီတို့ရဲ့အခြေအနေကို ဖေ့ဘွတ်ပေါ်က ment တွေနဲ့ reaction တွေကို အကြမ်းဖျင်းကြည့်ရင်ပဲ ဘယ်လိုအခြေအနေဆိုက်နေလဲဆိုတာ မှန်းဆလို့ရနေပြီ ပိုပြီးထူးခြားတာက ဖက်ဒရယ်နဲ့ ပင်လုံကို စနစ်တကျပုံဖျက်ခဲ့တဲ့ သိဖို့တို့ ဖတ်ကြည့်တို့ မင်းသစ်တို့လို ပုံဖျက်ဝါဒဖြန့်သမားတွေကိုယ်တိုင် နုဂျီပေ့တွေအောက်မှာ အားမလိုအားမရပြောလာကြတဲ့အထိပဲ ဒီလိုမျိုး နီပိတ်/နုပိတ်တချို့တောင် အားမလိုအားမရ ဖြစ်လာတာကို အခုချိန်ထိ ကိုယ်စီးနေတဲ့မြည်းဟာအထီးအမမှန်းမသိ ဘယ်ရောက်လို့ဘယ်မှာရပ်နေပြီး ဘယ်ဆက်သွားမလဲဆိုတာလည်းမသေချာ၊ အမြီးမှာကပ်လိုက်သလိုလို ဥမှာတွဲခိုသလိုလိုနဲ့ တော်လှန်ရေးကိုလှေကြုံဆက်လိုက်နေကြရတာပါ ဒါကြောင့်မို့ နုဂျီ(ခေါ်) အန်ယူဂျီရဲ့အခြေအနေဟာ မည်သူမျှပင်မကယ်နိုင် ဘယ်လိုမှပင်ပြင်ဆင်လို့မရသည့်တိုင် အဆိုးဆုံးအခြေအနေကိုမရောက်ကြဖို့သာ ဆုတောင်းနေရုံမှတပါး အခြားမရှိနိုင်တော့ပါကြောင်း
1 2473Loading...
14
မေ ၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ ပြင်ပ ဆန်ဈေး ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၃၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၄၀၀၀ ကျပ် ပေါ်ကျွဲဆန် ၁ အိတ် ၁၀၈၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ် ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၁၀၀၀၀ ကျပ်ကျော် မှ ၁၂၆၀၀၀ ကျပ်အထိ ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိ ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော် မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ် ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် အမြင့်ဈေးတွင်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ ယခုဖော်ပြပါ ဈေးနှုန်းများသည် ကုန်စည်ဒိုင်လက်ကားဈေး ဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ မြို့နယ်အနီးအဝေးနှင့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်သည်။ ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။ စားအုန်းဆီ စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၀၀ ကျပ် ယင်းဈေးမှာ မေလ ၂၀ ရက်မှ ၂၆ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။ ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။) စက်သုံးဆီ ဓာတ်ဆီ ၉၂ ၁ လီတာ ၂၆၂၅ ကျပ် ဓာတ်ဆီ ၉၅ ၁ လီတာ ၂၇၅၀ ကျပ် ဒီဇယ် ၁ လီတာ ၂၃၄၅ ကျပ် ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၉၅ ကျပ် ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။ ရွှေနှင့် ဒေါ်လာ ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၁၀၀ ကျပ်ကျော်တွင်ရှိနေ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၉၉၉၉၀၀ ကျပ် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၄၅၇ ဒေါ်လာ ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၅၂၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၄၉၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။ #နေ့စဉ်ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #လောင်စာဆီဈေး #ရွှေဈေး #ဒေါ်လာဈေး
1 2240Loading...
15
လှည်းကူးမြို့တွင် စစ်မှုထမ်း အစားထိုး၀င်ရောက်မည့် လူငယ်အတွက် အုပ်ချုပ်ရေးမှူးက သိန်း ၆၀ တောင်း 22 May 2024 By MPA CJ 025 ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်း စာရင်းတွင်ပါဝင်သည့် လူငယ်များသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ကုန်သဖြင့် လူစားထိုးနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံများထံမှ ကျပ် သိန်း ၆၀ တောင်းခံကြောင်း စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၀ရက်၊ နံနက် ၉နာရီတွင် စခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက အစည်းဝေးခေါပြီးနောက် ရွာ၌ စစ်မှုထမ်းရန် လူငယ်များ မရှိတော့သဖြင့် အစားထိုးစေလွှတ်မည့်သူအတွက် ပိုက်ဆံတောင်းခံခြင်းဖြစ်ကြောင်း အစည်းဝေးတက်ရောက်ခဲ့သည့် ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/ym9bbe82 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 3802Loading...
16
TNLA ထိန်းချုပ်နယ်မြေ၌ ကျောင်း ၅၀၀ ကျော် ဖွင့်မည် မိုင်းခြိူဝ်းဇာရ်၊ မေ ၂၃၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအာင်းပြည်ပညာရေးကောင်စီ (TLEC) က ဧရာ၀တီကို ပြောသည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများနှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော TLEC သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန် ၁၀ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု မေ ၁၉ ရက်၌ ထုတ်ပြန်ထားသည်။ အဆိုပါကျောင်းများအား TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့နယ်များရှိ မြို့ပေါ်များနှင့် တအာင်းကျေးရွာများအပြင် တခြားတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများ၌ပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ မိခင်စာပေများလည်း သင်ကြားပိုင်ခွင့်ရှိကြောင်း TLEC ပြောရေးဆိုခွင့်ရှိသူက ဧရာ၀တီကို ပြောသည်။ ၎င်းက “တိုင်းရင်းသားလူမျိုးစုတွေအားလုံး မိခင်ဘာသာစာပေတွေကို သင်ကြားခွင့်ရှိတဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ကျမတို့ ဖော်ဆောင်သွားမှာ ဖြစ်တယ်“ ဟု ဆိုသည်။ စစ်ကောင်စီတပ် ထိန်းချုပ်ထားဆဲ မြို့များဖြစ်သည့် ရှမ်းမြောက် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်များရှိ TNLA ထိန်းချုပ်ထားသော ကျေးရွာများ၌လည်း TLEC က အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည်ဟု ၎င်းက ပြောသည်။ ကျောင်းပေါင်း ၅၀၀ ကျော်အတွက် ဆရာ၊ ဆရာမပေါင်း ၃ ထောင်ကျော် ပြင်ဆင်ထားပြီး ၎င်းတို့အနက် အနယ်နယ်အရပ်ရပ်မှ ပညာရေး CDM ဆရာ၊ ဆရာမ ထက်ဝက်ကျော် ပါဝင်ကာ TLEC က မွေးထုတ်ထားသည့် ဆရာ၊ ဆရာမများလည်း ပါဝင်ကြောင်း သိရသည်။ TLEC သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနှင့်လည်း ချိတ်ဆက်လုပ်ဆောင်နေပြီး အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) စားမေးပွဲကို NUG စစ်ဆေးသည့် မေးခွန်းများအား ဖြေဆိုရမည် ဖြစ်သည်။ TLEC ၏ အခြေခံပညာ ပြီးမြောက်သူများအနေဖြင့် NUG နှင့် ချိတ်ဆက်ထားသည့် တက္ကသိုလ်များအပြင် ပညာရေး ဆရာ၊ ဆရာမများ မွေးထုတ်ပေးနေသော တအာင်းပညာရေးအကယ်ဒမီကျောင်း (TEA) နှင့် အဆင့်မြင့်ဘာသာရပ် ၅ ခုကျော် ပါဝင်သည့် တအာင်းမြေတက္ကသိုလ် (TLU) တို့၌ ဆက်လက် တက်ရောက်နိုင်မည် ဖြစ်သည်။ ဇွန် ၃ ရက်မှ ၈ ရက်ထိ လာရောက်ကျောင်းအပ်နှံနိုင်ပြီး သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်များ အခမဲ့ရရှိမည်ဖြစ်ကြောင်း၊ ပညာရေးရန်ပုံငွေအတွက် မူလတန်းအဆင့် ကျပ် ၁ သိန်း၊ အလယ်တန်းအဆင့် ၁ သိန်းခွဲ၊ အထက်တန်းအဆင့် ၂ သိန်း ကောက်ခံသွားမည် ဖြစ်သော်လည်း ငွေကြေး လုံး၀မတတ်နိုင်သူများအနေဖြင့် သက်ဆိုင်ရာကျောင်းများမှ ပညာရေးမှူးရုံးများနှင့် ညှိနှိုင်းနိုင်ကြောင်း သိရသည်။ TLEC သည် TNLA ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၂ တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ခု၌ ဝေးလံခေါင်ဖျားသည့် ကျေးရွာများ အပါအဝင် ကျောင်းပေါင်း ၃၈၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ပုံစာ - နမ့်ဆန်မြို့နယ်အတွင်း TLEC ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းတခုကို ၂၀၂၃ ဇွန်လတွင် တွေ့ရစဥ် / မိုင်းခြိူဝ်းဇာရ် / IRW #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
1 3873Loading...
17
Media files
1 3610Loading...
18
မိတ်ဘက်အင်အားစုများသို့ အသိပေးခြင်း နေ့စွဲ - ၂ဝ၂၄ ခုနှစ်၊ မေလ (၂၂) ရက်။ စာအမှတ် - ရကလစ/ဗဟို/ထုတ်ပြန်/၁/၂၄။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) PDF ဖိုင်အား အောက်ပါ လင့်တွင် ရယူနိုင်ပါသည်။ https://aasyc.org/wp-content/uploads/2024/05/Notification-to-Friendly-Forces.pdf
1 5852Loading...
19
"စခန်းမှာ ရိက္ခာပြတ်ကတည်းက ဖွဲ့စည်းပုံက အကုန်ပျက်ကုန်တယ်" #Defectionsaveslives #Peoplesgoal https://youtu.be/s3C_JZH1WVs
1 4760Loading...
20
ရန်ကုန်-မော်လမြိုင်လမ်းရှိ တောင်ကလေးအနီး လမ်းပိုင်း၌ တံတားမိုင်းကွဲ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်း တောင်ကလေးရွာအနီးရှိ မစောတံတား ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲခံရသည်။ အဆိုတံတား ကျိုးကျစဉ် ဆိုင်ကယ် (၃)စီးနှင့် လူ (၄)ဦးကျသွားသည့်အနက် (၁)ဦးသေဆုံးသွားကြောင်း သိရသည်။ တံတားမှာ မည်သည့်ယာဉ်မှ ဖြတ်သန်းမရသဖြင့် ရန်ကုန်-မော်လမြိုင်လမ်းသစ်မှ မော်တော်ယာဉ်များကို ဘီးလင်းတိုးဂိတ်အဟောင်းမှ ယာယီလမ်းပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ News : https://www.tachileik.net/mm/news/36026 #TachileikNewsAgency Photo: CJ
1 6980Loading...
21
စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လေသံပစ် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကချင်ဒေသတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ရေးအခြေအနေမကောင်းတော့သည့် စစ်ကောင်စီမှ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လေသံပစ်လာသည်။ စစ်ကောင်စီဘက်မှ ၂၀၂၄ ခုနှစ် မေလ (၁၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် အမိန့်ကြေညာစာတွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဦးဆောင်ပြီး ၊ စစ်ကောင်စီ၏ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တရုတ်အစိုးရပိုင် SPIC Yunnan International Power Investment Co.,Ltd (SOICYN) အဖွဲ့၏ ဦးဆောင်မှုနှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်တို့ပါဝင်သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရများအကြား စီမံကိန်းကိစ္စများ ညှိနိူင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်စသည့် စစ်ကောင်စီဖြစ်ချင်သည့် အကြောင်းအရာများပါဝင်နေသည်။ စစ်ကောင်စီ၏ မြစ်ဆုံစီမံကိန်းပြန်လည်လုပ်ဆောင်ရန် တရုတ်နှင့်ညှိနိူင်းဆောင်ရွက်ရန် ကြိုးပမ်းလာခြင်းအပေါ် စစ်ကောင်စီအနေဖြင့် မဖြစ်နိုင်မှန်းသိသိနှင့် တမင်အမြင်ရှုပ်အောင် တရုတ်ပြည်ကို ဆွဲကစားခြင်းသာဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်မှ မှတ်ချက်ပြုသည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာချိန်တွင် လူထုကန့်ကွက်မှုများပေါ်ပေါက်လာပြီးနောက် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လကုန်တွင် NLD အစိုးရတာဝန်လွဲပြောင်းယူခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် တရုတ်နိုင်ငံက ပြန်လည်လှုပ်ရှားစည်းရုံးခဲ့သော်လည်း စီမံကိန်းအနာဂတ်မှာ မရေရာမသေချာသာရှိနေခဲ့ပြီးနောက် ယခု အာဏာသိမ်းစစ်ကောင်စီမှ စီမံကိန်းပြန်လည်စတင်ရန် လေသံပစ်လာခြင်းဖြစ်သည်။ ဧရာဝတီ မြစ်ဆုံနှင့် မြစ်ညာ၊ မြစ်ဝှမ်း‌ဒေသတွင် ဆည်တည်ဆောက်ခြင်းသည် နိုင်ငံ၏ အသက်သွေးကြောကို ပိတ်ဆို့လိုက်သကဲ့သို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုတို့အပြင် မြစ်ကို အမှီပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး စသည့် စီးပွားရေးအသိုက်အအုံကိုပါ ထိခိုက်ဆုံးရှုံးမည်ဖြစ်ကြောင်း ISP Myanmar၏ မြစ်ဆုံနှင့်ပက်သက်သည့် လေ့လာသုံသပ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ News : https://www.tachileik.net/mm/news/36027 #TachileikNewsAgency
1 2470Loading...
22
DAILY HIGHLIGHTS (22 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ရွှေညောင်ပင် ခမရ ၃၂၁ ကို KIAသိမ်းပိုက်၊ မံစီနှင့်မိုးမောက်စခန်းများမကျရေး စခန်းပြင်ထွက်ပြီး ခုခံနေ – DVB KIO ဌာနချုပ် လိုင်ဇာအနီးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲနေပြီး မြစ်ကြီးနားမြို့မှ ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများ စစ်ကောင်စီက ပစ်ခတ်နေ – KT ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့်ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ – KT 📰 နိုင်ငံရေးထူးခြားသတင်းများ အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို – KT ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းမည်ဟု RCSS ပြော – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ဂျပန်အစိုးရနှင့်နိပွန်ဖောင်ဒေးရှင်း ဆုံးဖြတ်ချိန်ရောက်ပြီဟု ဂျပန်လွှတ်တော်တွင် NUG ဝန်ကြီး ပြော – DVB ရခိုင်တွင် လူ့အခွင့်အရေးချိုး‌ဖောက်မှုများကျူးလွန်သည့် စစ်ကောင်စီနှင့်အခြားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဟု အမေရိကန်ဆို – MZM 📰 စီးပွားရေးထူးခြားသတင်းများ ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန် – KT 📰 ကျားဖြန့် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ – KT 📰 အခြားထူးခြားသတင်းများ ဟားငါးကောင်အဖွဲ့မှ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော် ကွယ်လွန် – PS စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူစုထားရန် တိုင်းမှူးများကို ညွှန်ကြား – DVB လူငယ် ၃၀ ခန့်အား စစ်တပ်ထံ ရောင်းချမည့် RSO အဖွဲ့ကို ဒုက္ခသည်များက ဝိုင်းဝန်းဖမ်းဆီး – DVB #rangoonscoutnetwork
1 2361Loading...
23
❐ Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် မကျင်းပတော့ကြောင်း ကြေညာ။ မေ ၂၃၊ ၂၀၂၄။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် Miss Grand International 2024 ပြိုင်ပွဲကို မပြုလုပ်တော့ပဲ အိမ်ရှင်နိုင်ငံအသစ် ရှာဖွေမည်ဖြစ်ကြောင်း Miss Grand International အဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဟွန်ဒူးရပ်စ်နိုင်ငံ အလှမယ်က ပဋိပက္ခများဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် ပြိုင်ပွဲကြီးကို လာရောက်ယှဥ်ပြိုင်မည်မဟုတ်ပဲ သရဖူအပ် နုတ်ထွက်ခဲ့ပြီးနောက် ပြိုင်ပွဲအပေါ် ဝေဖန်မှုများ မြင့်တက်လာကာ ယခုကဲ့သို့ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ See more...
1 4902Loading...
24
နောက်တခုလည်း ထပ်ပြီး ဒဲ့တင်ခဲ့ပါဦးမယ် အခုတလော နိုင်ငံရေးသတင်းတွေ ၊ နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးသမားတွေရဲ့မရိုးဖြောင့်တဲ့အကြောင်းတွေပဲ ဘာကြောင့် ဆက်တိုက်လိုလို လူမုန်းခံ အဆဲခံပြီး ပေါ်ပေါ်ထင်ထင် အားမနာတမ်း မကြောက်မရွံ့တမ်း မီးမောင်းထိုးပြနေသလဲဆိုရင် — (၁) လက်နက်ကိုင်တော်လှန်ရေး (စစ်ရေး/စစ်ပွဲ/စစ်စခန်း/စစ်လက်နက်) မှာ ဘယ်လောက်ပဲအောင်မြင်နေပါစေ (၂) လူထုလှုပ်ရှားမှုတွေ/ကမ်ပိန်းတွေ/အလှူငွေတွေ ဘယ်လောက်ပဲရနေပါစေ >>> နိုင်ငံရေးဦးဆောင်မှု / စုပေါင်းခေါင်းဆောင်မှုမှာ <<< ပြဿနာရှိနေရင်/ဒတ်လော့ကျနေရင်/အရွေ့မရှိနေရင်/အလုပ်မဖြစ်နေရင် - တော်လှန်ရေးလည်းခုထက်ပိုပြီး ကြာပါမယ် - အဖိနှိပ်ခံပြည်သူတွေရဲ့အသက်သွေးချွေးစည်းစိမ်တွေလည်းအခုထက်ပိုပြီးပျက်စီးပါမယ်/ အခုထက်ပိုပြီးပေးဆပ်ကြရမယ်/ စတေးခံရပါမယ် - လူငယ်တွေ/နောက်မျိုးဆက်တွေရဲ့အနာဂတ်နဲ့ ပညာရေးလဲ ဆက်ပြီးပျောက်ဆုံးနေပါမယ် - ပြည်သူတွေရဲ့တော်လှန်ရေးရည်မှန်းချက်တွေလည်း လိုရာမရောက်နိုင်ပါ/ရောက်ဖို့လည်းပိုကြာပါလိမ့်မယ်
1 9964Loading...
25
အခုလက်ရှိအခြေအနေအတိုင်းဆို နုဂျီ နုစီ နဲ့ စီအာပီအိတ် တို့ အုပ်စု ၃ဖွဲ့ဟာ နိုင်ငံရေးအစေးကပ်ဖို့ အလားအလာအလွန်နည်းပါးတယ်လို့ ဒဲ့ပြောပါတယ် ဘာကြောင့်လဲသိချင်ရင် (အရင်မဆဲခင်မှာ) သူတို့အဖွဲ့တွေထဲဝင်ပါပြီးသိအောင်လုပ်နိုင်ရင်လုပ်ပါ။ အဲ့လိုမလုပ်နိုင်ရင်တော့ အဲ့ထဲမှာပါတဲ့လူတွေကိုသာမေးကြည့်လိုက်ပါ (လိုင်းပေါ်မှာဖြန့်နေကြတဲ့ အပေါ်ယံညီညွတ်မှုမျိုးကို မျက်စိမှိတ်ယုံတာမျိုးထက် ကိုယ်တွေ့သိအောင်လုပ်ပါ) အဲ့လူတွေကတဆင့်ပြန်ပြောရင်တော့ အမှန်တိုင်းပြောမယ့်သူ‌ထက် စိတ်ဓာတ်မကျအောင် မိုတီဂျင်းကျွေးမယ့်သူကပိုများပါလိမ့်မယ် (အခြေအနေအမှန်အတိုင်းမသိကြတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒါကနုံအလို့လည်းဖြစ်နိုင်သလို ဒီလိုအခြေအနေကိုသိသိရက်နဲ့ ကိုယ်ကျိုးတစုံတရာကြောင့် သာယာနေတာလည်းဖြစ်နိုင်ပါမယ်) အခုတလော နိုင်ငံရေးနဲ့ပတ်သက်တဲ့အပုပ်အပွတွေကိုဖော်ပြီး ရေးနေ‌ဖြန့်နေတာနဲ့ ပတ်သက်လို့ အတော်လေး ပြန်စဉ်းစားနေရပါတယ်။ ဒါကအဆဲခံရမှာကြောက်လို့ နာမည်ဖျက်ခံရမှာကြောက်လို့ နှုတ်ပိတ်ခံရမှာကြောက်လို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာမို့လို့ ဆိုတာမျိုးကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့အဖိုးတန်အချိန်တွေက ဒီလိုလူ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထိတောင် ထိုက်တန်ဦးမလဲ ဘယ်လောက်ထိတောင်ထည့်ဝင်သင့်ဦးမလဲကို လေးလေးနက်နက် ချိန်ဆနေရခြင်းကြောင့်ဖြစ်ပါတယ် တချို့နိုင်ငံရေးသမားတွေ လူထုလှုပ်ရှားမှုကိုဦးဆောင်နေသူ/လူငယ်တွေအများအပြားလဲ ခုလက်ရှိအခြေအနေအ‌ခင်းအကျင်းကို လုံးဝမသိနေတာမဟုတ်ဘဲ တချို့ကသိသိရက်နဲ့မသိချင်ယောင်ဆောင်တာ၊ သိပေမယ့်လည်းတိုးတက်ပြောင်းလဲအောင်လုပ်နိုင်စွမ်းမရှိတာ၊ တချို့ကလည်းခုလိုအခြေအနေမှာ အကြမ်းဖက်စကစပြိုကျမယ့်အရေးတမျိုးထဲကိုပဲပိုအာရုံ‌စိုက်ပြီး ကိုယ့်အချင်းချင်းကိုဂရုမစိုက်နေတာ စသဖြင့် အမျိုးမျိုးရှိနေတာကြောင့်မို့ ကိုယ့်အတွက်ကိုပြန်ဆင်ခြင် သုံးသပ်နေတာပါ ဒါကြောင့် အပေါ်မှာပြောခဲ့သလို ပက်ကြားအက် နိုင်ငံရေးဦးဆောင်မှုနောက်ကတရွတ်ဆွဲလိုက်နေတဲ့ အုပ်စုကြီးတွေရဲ့ နိုင်ငံရေးအစေးကပ်မှုအလားအလာကို အချိန်ရလို့စိတ်ပါခဲ့ရင်တော့ အချက်အလက်နဲ့တကွ တင်ပြပေးသွားပါမယ်
1 9663Loading...
26
ချာတာကို တပွဲထိုးပရိုမုတ်ခဲ့ကြသူတွေ အခုတော့ ချာချာကိုလည်လို့😉
1 8250Loading...
Repost from Myanmar Now
نمایش همه...
ကချင်ဒေသ မြေရှားသတ္တု အလုံးအရင်းထုတ်မှု အနာဂတ်တွင် အဆိပ်သင့်စေနိုင် - Myanmar Now

Latest news & insightful features on Myanmar

👍 1😢 1
Repost from MPANews
Photo unavailableShow in Telegram
ရွှေပြည်သာမြို့ရှိ ကျူးကျော်နေအိမ်များ လျှပ်စစ်မီးလိုချင်ပါက ကျပ် နှစ်သိန်းခွဲပေးရန် YESC တောင်းခံနေ 23 May 2024 By MPA CJ 022 ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်ရှိ ကျူးကျော်နေအိမ်များ လျှပ်စစ်မီးလိုချင်ပါက ငွေကျပ် နှစ်သိန်းခွဲပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-YESC လက်အောက်ခံ ဝန်ထမ်းများက ငွေကျပ် နှစ်သိန်းခွဲပေးရန် တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်၊ ပေါ်တော်မှုလမ်းတွင် ကျူးကျော်နေအိမ်များ များသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ၂၀၂၄ခုနှစ်၊ မေ ၁၆ရက်မှစတင်ကာ မီးမပေးတော့သည့်အတွက် YESC ရုံးသို့သွားရောက်မေးမြန်းရာမှ အထက်ပါကိစ္စ ဖြစ်ပွားခဲ့သည်ကို သိရှိရခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦးကရှင်းပြသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4je23vrf Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
🤬 18👍 5😢 1
Repost from MPANews
Photo unavailableShow in Telegram
အင်းစိန်မြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို စည်းရုံးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေ 23 May 2024 By MPA CJ 022 ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ လူငယ်များ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စည်းရုံးခြင်းများပြုလုပ်နေသည့်အပြင် ဖမ်းဆီးမှုများလည်းပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၂ရက်က အင်းစိန်မြို့နယ်၊ ၁၄ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခြင်းကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့ကာ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရန်အတွက် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အမျိုးသားတစ်ဦးကပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/udsh3ckx Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
🤬 11👍 1
ပြစ်မှုကျူးလွန်သူများကို ချမှတ်မည့်ပြစ်ဒဏ်များ MNDAA ထုတ်ပြန် ဧရာဝတီ၊ မေ ၂၃၊ ၂၀၂၄ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) အုပ်ချုပ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများအတွင်း ပြစ်မှုကျူးလွန်ပါက သေဒဏ်အပါအဝင် ချမှတ်မည့် ပြစ်ဒဏ်များကို မေ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သောသူအား အခြေအနေအရ သေဒဏ်၊ တသက်တကျွန်း သို့မဟုတ် ၇ နှစ်ထက်မနည်းသော ထောင် ဒဏ်၊ အခြားသူတဦးဦး၏ ခန္ဓာကိုယ်အား ရည်ရွယ်ချက်ရှိရှိထိခိုက်စေပါက ၅ နှစ်ထက်မပိုသော ထောင်ဒဏ်၊ အစိုးရနှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများလုယက်မှုကျူးလွန်ပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် စသဖြင့် သတ်မှတ်ထားကြောင်း MNDAA ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ ထို့ပြင် ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ ကျားဖြန့်လုပ်ခြင်း၊ လူကုန်ကူးခြင်း အစရှိသည့် ပြစ်မှုများအတွက်လည်း ပြစ်ဒဏ်များ ကို သတ်မှတ်ထားပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူကုန်ကူးမှုကျူးလွန်ပါက ထောင်ဒဏ်၊ ငွေဒဏ်၊ တသက်တကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများကို ပြစ်မှုအလိုက်ကျခံရမည် ဖြစ်ကြောင်း MNDAA က ဆိုသည်။ အဆိုပါ ပြစ်မှု၊ ပြစ်ဒဏ်များချမှတ်ခြင်းမှာ MNDAA ထိန်းချုပ်နယ်မြေအတွင်း တရားမျှတမှုနှင့် တရား ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ရာဇ ဝတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ရေးဆွဲခြင်းဖြစ်ပြီး ထုတ်သည့်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ဧပြီလအတွင်းကလည်း လောက်ကိုင်မြို့ရှိ MNDAA ၏ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို လူသတ်ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟုဆိုကာ လူမြင်ကွင်း၌ သေဒဏ်ပေးခဲ့သေးသည်။ MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)နှင့် ကုန်းကြမ်း စသည့် မြို့များကို သိမ်းပိုက်ထား သည်။ ပုံစာ - ဧပြီ ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူများအား အများပြည်သူရှေ့မှောက် ပြစ်ဒဏ်စီရင်ရန် MNDAA တပ်ဖွဲ့ဝင်များခေါ်ဆောင်လာစဥ်/MNDAA #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
The Irrawaddy

👍 8
အခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဧပြီလကတော့ နွေဦးတော်လှန်ရေးကာလအတွင်း တိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှု အများဆုံးလဖြစ်ခဲ့ပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/23/05/2024/36575/
نمایش همه...
တနင်္သာရီတိုင်း က တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၈၀ကျော် စစ်ရေးပူးပေါင်းဆောင်ရွက်မယ်

တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ပေါင်း အဖွဲ့ ၈၀ ကျော် ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အတွက် စုစည်းမိထားတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူး‌‌ဂေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

👍 13 2👏 2
Repost from RFA Burmese
00:37
Video unavailableShow in Telegram
မောင်တော နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
نمایش همه...
မောင်တောမြို့အနီး ၄ မိုင် နယ်ခြားစောင့်တပ်ကို AA သိမ်းပိုက် ဧရာဝတီ၊ မေ ၂၃၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ ၄ မိုင် အမှတ် ၂ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ (နခခ ၂) ကို အာရက္ခတပ်တော် (AA) က မေလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် နခခ- ၅ ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ နခခ ၅ တပ်စခန်းသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်၌တည်ရှိကာ ယင်းတပ်စခန်းတွင် လက်ကျန် စစ်ကောင်စီတပ်သားများစုဖွဲ့၍ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) တပ်မမှူး ရုံးထိုင်ပြီး ဦးစီးကွပ်ကဲနေကြောင်း AA နှင့် နီးစပ်သည့် ဒေသခံတဦးက ပြော သည်။ ၎င်းက "နခခ ၂ တပ်စခန်းကို မနေ့က ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီ။ နခခ ၂ နဲ့ တပ်မမှူးထိုင်နေတဲ့ နခခ ၅ နဲ့ ၆ ဖာလုံလောက်ပဲကွာ ဝေးတော့ စစ်ကောင်စီဘက်က အဲဒီဘက်ကိုလည်း ပြေးသွားတာရှိတယ်။ အခု နခခ ၅ ကိုလည်း AA က ထိုးစစ်ဆင်ပြီးတော့ ဆက်တိုက်နေတယ်" ဟု ဧရာဝတီသို့ ပြောသည်။ AA သည် ဘူးသီးတောင်မြို့တခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိထားကာ လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ မောရဝတီဗျူဟာကုန်း၊ မြင်းလွတ်နယ်ခြားစောင့်စခန်း၊ မြို့သူကြီး နခခ ၅ တပ်စခန်းတို့ကို စစ်ရှိန်မြှင့်၍ ဆက်လက် ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ဓာတ်ပုံ- CJ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
The Irrawaddy

👍 20

👍 4🤬 1