es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
314
Suscriptores
Sin datos24 horas
+17 días
+1830 días
Archivo de publicaciones
◾️ညောင်တုန်းမြို့၌ တာထပ်မံအိကျမှုဖြစ်နေဟုဆို ‎ ‎ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်ကျေးရွာအုပ်စုရှိ တာသည် ယနေ့(စက်တင်ဘာ ၁၇ ရက်)နံနက်ပိုင်းက ပေ ၂၀၀ ခန့် အိကျသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ‎ ‎ထိုသို့အိကျမှုကြောင့် ​လှေနှစ်စီးမြောပါသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ‎ ‎ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ‎ ‎ထိုသို့အိကျမှုအား ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎အဆိုပါ ညောင်တုန်းကျွန်းတာ၏ တာမိုင် (၁၀/၆) နှင့် (၁၀/၇) ကြားတွင် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် နံနက် ၆ နာရီခန့်မှစတင်ကာ မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎သတင်း - တိုင်တန် ‎ဓာတ်ပုံ -MFSD

◾️ဖျက်အားပြင်းဗုံး ၆၀၀၀၀ အစ္စရေးအား ရောင်းချရန် ထရန့်အစိုးရ ပြင်ဆင်နေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်သော တစ်လုံး ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံးအလုံး ၆၀၀၀၀ ကို အစ္စရေးနိုင်ငံထံ ရောင်းချရန် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် အစိုးရအဖွဲ့က ပြင်ဆင်နေပြီး၊ ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် ထိုသဘောတူညီချက်အတွက် ကုန်ကျစရိတ်ကို အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် ထောက်ပံ့မည် ဖြစ်သည်။ အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ထရန့်အစိုးရအဖွဲ့သည် ယင်းလက်နက်ရောင်းချမှုကို အတည်ပြုထားပြီးဖြစ်ကာ အနောက်နိုင်ငံများ၏ လက်နက်တိုက်များတွင် ပါဝင်သည့် အလွန်အမင်း ပျက်စီးစေနိုင်သော လက်နက်ခဲယမ်းအမျိုးအစားအချို့ ပါဝင်သည့် အဆိုပါရောင်းချမှုနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်ကိုလည်း တရားဝင်မဟုတ်သေးသည့် ကနဦးအကြောင်းကြားမှု ပြုလုပ်ထားသည် ဟု ဆိုသည်။ ယင်းသည် အမေရိကန်က အစ္စရေးနိုင်ငံထံ ပေးပို့မည့် အကြီးမားဆုံး လက်နက်ခဲယမ်းထောက်ပံ့ရေး အစီအစဉ်များအနက် တစ်ခုဖြစ်ပြီး၊ ဂါဇာတွင် စစ်ပွဲဖြစ်ပွားလာသည်မှာ သုံးနှစ်နီးပါးရှိလာချိန်၊ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေချိန်နှင့် လက်ဘနွန်တောင်ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များကြောင့် စုစုပေါင်း လူပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ထို့ပြင် အမေရိကန်၏ အီရန်နှင့် စစ်ပွဲကြောင့် ကိုယ်ပိုင်လက်နက်ခဲယမ်း သိုလှောင်ပမာဏများ လျော့နည်းလာနေချိန်တွင် ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့်လည်း အဆိုပါအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ထရန့်အစိုးရအဖွဲ့ကမူ အဆိုပါ လက်နက်ရောင်းချမှုကို တရားဝင် အတည်ပြုခြင်း မရှိသေးပေ။ “နိုင်ငံခြား လက်နက်ရောင်းချမှုအားလုံးကို သတ်မှတ်ထားတဲ့ သင့်လျော်တဲ့ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေပါတယ်” ဟု အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း လက်ရှိ ဆောင်ရွက်နေဆဲ လက်နက်ရောင်းချမှုများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ တစ်ချိန်တည်းတွင် ဝန်ကြီးဌာန၏ မူဝါဒအရ အဆိုပြုထားသည့် လက်နက်ရောင်းချမှုများကို ကွန်ဂရက်ထံ တရားဝင်အကြောင်းကြားခြင်း မပြုလုပ်မချင်း အတည်ပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်း မပြုဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း AFP သို့ ပြောကြားခဲ့သည်။ သို့သော် ဝါရှင်တန်အစိုးရသည် အစ္စရေးထံ လက်နက်ခဲယမ်းများ ပေးပို့မည့် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေသည် ဟု သတင်းများက ဖော်ပြထားသည်။ အဆိုပါ လက်နက်ခဲယမ်းအစီအစဉ်တွင် ထိပ်ဖူး ၆၀၀၀၀ ပါဝင်မည်ဟု သိရပြီး၊ ၎င်းတို့တွင် MK-84 ထိပ်ဖူး ၂၀၀၀၀ BLU-117 ထိပ်ဖူး ၂၀၀၀၀ I-2000 Penetrator ထိပ်ဖူး ၂၀၀၀၀ တို့ ပါဝင်မည်ဟု ဆိုသည်။ အဆိုပါ လက်နက်ရောင်းချမှု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရှိပြီး၊ ကုန်ကျစရိတ်၏ အများစုကို အမေရိကန်၏ နိုင်ငံခြားစစ်ရေးဘဏ္ဍာငွေထောက်ပံ့ရေး (FMF) အစီအစဉ် မှတစ်ဆင့် ပေးချေမည်ဖြစ်သည်။ ယင်းအစီအစဉ်အရ အမေရိကန်အစိုးရက ၎င်း၏အခွန်ထမ်းပြည်သူများထံမှ ရရှိသည့် ဘဏ္ဍာငွေများကို အသုံးပြု၍ အစ္စရေးနိုင်ငံအတွက် အမေရိကန်ထုတ် လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူပေးခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ထိုစဉ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် အစ္စရေးထံသို့ ပေါင် ၂၀၀၀ အတန်းအစား ဗုံးအချို့ ပေးပို့မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ ထိုသို့ ရပ်ဆိုင်းခဲ့ခြင်းမှာ တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှု အချိုးအစား အလွန်များပြားနေခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များ၏ နိုင်ငံတကာဝေဖန်မှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်တစ်နှစ်တွင် သမ္မတရာထူးသို့ ထရန့် ပြန်လည်ရောက်ရှိလာပြီးနောက် အဆိုပါ ယာယီရပ်ဆိုင်းမှုကို ရုပ်သိမ်းခဲ့သည်။ ထို့ပြင် ပုံမှန်လုပ်ထုံးလုပ်နည်းအရ ပြုလုပ်ရသည့် ကွန်ဂရက်၏ စိစစ်သုံးသပ်မှုလုပ်ငန်းစဉ်ကို ကျော်လွန်ကာ အစ္စရေးထံ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ဖိုးရှိ လက်နက်ရောင်းချမှု ကို အတည်ပြုခဲ့သည်။ ယင်းရောင်းချမှုတွင် အဆိုပါ အင်အားပြင်းဗုံးများ ၃၅၅၀၀ ကျော် ပါဝင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင်လည်း ဝါရှင်တန်က အစ္စရေးထံ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၇ ဘီလီယံတန်ဖိုးရှိ နောက်ထပ် လက်နက်ရောင်းချမှု အစီအစဉ်တစ်ရပ် ကို အတည်ပြုခဲ့သည်။ သတင်း-လင်းခေတ် ကိုးကား-Aljazeera

◾️ဥရောပတွင် ထိန်းသိမ်းထားသော ရုရှားပိုင်ဆိုင်မှု ယူရိုဘီလီယံ ၂၀၀ ကျော်ကို ပြန်ပေးမည်မဟုတ်ဟု ပိုလန်ပြော ဥရောပတွင် ထိန်းသိမ်းထားသည့် ရုရှားပိုင်ဆိုင်မှု ယူရိုဘီလီယံ ၂၀၀ ကျော်ကို မော်စကိုထံ ပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆီကောစကီးက ပြောကြားသည်။ ယင်းပိုင်ဆိုင်မှုများကို ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုခြင်း သို့မဟုတ် စစ်လျော်ကြေးရန်ပုံငွေအဖြစ် အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ ယမန်နေ့က ဝါဆောမြို့တွင် ကျင်းပသည့် Europe Future Forum အစည်းအဝေး၌ ပိုလန် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ဆီကောစကီးက ပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် မော်စကိုက ယူကရိန်းအပေါ် အပြည့်အဝစစ်ဆင်နွှဲမှု စတင်ပြီးနောက် ဥရောပသမဂ္ဂ (EU) သည် ရုရှားအစိုးရပိုင် ပိုင်ဆိုင်မှု ယူရို ဘီလီယံ ၂၀၀ ကျော် ခန့်မှန်းခြေ (အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံ)ကို ထိန်းချုပ်ထားခဲ့ကြောင်း ပြောသည်။ “ထိန်းသိမ်းထားတဲ့ အဲဒီပိုင်ဆိုင်မှုတွေကို အခုအချိန်မှာ ထပ်မံပျက်စီးမှုတွေ မဖြစ်ပွားအောင် ကာကွယ်ဖို့နဲ့ အနာဂတ်မှာ ပြန်လည်တည်ဆောက်ရမယ့် ကုန်ကျစရိတ်ကို လျှော့ချဖို့ အသုံးပြုနိုင်ပါတယ်” ဟု ကောစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းက ဖော်ပြသည်။ ထိန်းသိမ်းထားသည့် ရန်ပုံငွေများသည် ယူကရိန်းနိုင်ငံအနေဖြင့် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်သော်လည်း၊ ယင်းရန်ပုံငွေများ ရှိနေခြင်းတစ်ခုတည်းဖြင့် ယူကရိန်းအောင်ပွဲရရှိမည်ဟု အာမခံနိုင်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိတွင် ထိန်းသိမ်းထားသည့် ရန်ပုံငွေအများစုကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် သိမ်းဆည်းထားသည်။ ယူကရိန်းနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်အတွက် ယူရို ၂၃ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံခန့်) လိုအပ်နေချိန်တွင် EU လွှတ်တော်အမတ် ၁၀၀ ကျော်က စက်တင်ဘာ ၁၀ ရက်တွင် အိတ်ဖွင့်ပေးစာတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းပေးစာတွင် သိမ်းဆည်းထားသည့် ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် EU ခေါင်းဆောင်များကို တိုက်တွန်းထားပြီး ဩဂုတ်လကုန်ပိုင်းတွင် စတင်ခဲ့သည့် အဆိုပါလုပ်ဆောင်မှုကိုလည်း ထောက်ခံခဲ့ကြသည်။ Euronews ၏ ဖော်ပြချက်အရ EU ကော်မရှင်သည် ဒီဇင်ဘာလတွင် အဆိုပါပိုင်ဆိုင်မှုများကို အတိုးနှုန်းမဲ့ ချေးငွေအဖြစ် ပြောင်းလဲကာ ယူကရိန်း၏ ကာကွယ်ရေးအသုံးစရိတ်အတွက် ငွေကြေးထောက်ပံ့ရန် အစီအစဉ်တစ်ရပ် တင်ပြခဲ့သည်။ သို့သော် ထိန်းချုပ်ထားသည့် ရန်ပုံငွေများကို အသုံးပြုခွင့်ပြုရေးနှင့်ပတ်သက်၍ EU အဖွဲ့ဝင်နိုင်ငံများအကြား တစ်နိုင်ငံတစ်သဘောတည်း သဘောတူညီမှု မရရှိခဲ့ကြသေးပဲ ယင်းမှာ ဥပဒေရေးရာ အန္တရာယ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။ ယူကရိန်းအနေဖြင့် စစ်ကာလ ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်နှင့် နိုင်ငံတကာဘဏ္ဍာငွေ ရရှိရေးအတွက် ထပ်မံဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟုယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးကလည်း ပြီးခဲ့သည့် အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ လက်ရှိတွင် ထိုကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းခုနစ်ခုမှာ လွှတ်တော်တွင် ပထမအကြိမ် တင်သွင်းရန် စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။ ဘဏ္ဍာရေးအထောက်အပံ့များအပြင် ယူကရိန်းတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်သွားနိုင်သည့်တိုင် ရုရှားနှင့် ၎င်း၏စစ်တပ်က ဖြစ်ပေါ်စေနိုင်သည့် ရေရှည်ခြိမ်းခြောက်မှု ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဆီကောစကီးကဆိုသည်။ EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မော်စကို၏ စွမ်းရည်ကို လျှော့တွက်မထားရန်နှင့် မိမိတို့၏ ကာကွယ်ရေးစွမ်းရည်များကို ဆက်လက်မြှင့်တင်ရန် ၎င်းကတိုက်တွန်းသည်။ ရေရှည်တည်တံ့သည့် လုံခြုံရေးစနစ်တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ တစ်ဦးချင်းဆောင်ရွက်မှုများအပေါ်သာ မှီခို၍ မရနိုင်ကြောင်း ၎င်းက အကြောင်းပြခဲ့သည်။ ဆီကောစကီး၏ ပြောကြားချက်အရ ပိုလန်နိုင်ငံသည် ၎င်း၏ ပြည်တွင်းဂျီဒီပီ၏ ၇ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေပြီး၊ EU အတွင်းရှိ NATO အဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၄ ခုနှစ်မှစ၍ စစ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးမြှင့်ထားသည်ဟု ဆိုသည်။ “ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဟန့်တားနိုင်လောက်အောင် ကျွန်တော်တို့ အင်အားတောင့်တင်းဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် EU အတွင်းရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ဟိဂ်မြို့တွင် ကျင်းပခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေး၌ ချမှတ်ခဲ့သော ကတိကဝတ်များကို အကောင်အထည်ဖော်ပါက ၂၀၃၅ ခုနှစ်တွင် ၎င်းတို့၏ ပေါင်းစည်းထားသော နှစ်စဉ်အခြေခံကာကွယ်ရေးအသုံးစရိတ်သည် ယူရို ဘီလီယံ ၈၀၀ ကျော် (အမေရိကန်ဒေါ်လာ ၉၂၃ ဘီလီယံခန့်) ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။ သတင်း-လင်းခေတ် ကိုးကား- Kyiv Post

◾️ကျောက်တံတား၌ မီးလောင်မှု level -1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ ‎ ‎ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့်အနော်ရထာလမ်းထောင့်၌ယနေ့ (စက်တင် ဘာ ၁၇ ရက်) နံနက် ၈ နာရီ ၂ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနကထုတ်ပြန်သည်။ ‎ ‎အဆိုပါ မီးလောင်မှုအား level -1 အဆင့် ယာဥ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၈ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၉ နာရီ ၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ ‎ ‎မီးလောင်ဖြစ်စဥ်အား မီးသတ်မှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ- MFSD

◾️ဒုတိယအကြိမ်မြောက် Myanmar Auto & Parts Expo 2026 ကားပြပွဲ ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပမည် Silver Sea International ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပမည့် ဒုတိယအကြိမ်မြောက် Myanmar Auto & Parts Expo 2026ကားပြပွဲကို စက်တင်ဘာ ၂၅ ရက်မှ၂၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center-YCCရန်ကုန်ကွန်ဗင်းရှင်းစင်တာ) တွင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ၂ နာရီက ရန်ကုန်မြို့ရှိ Pan Pacific hotel တွင် ဦးဆောင် ကုန်စည်ပြပွဲနှင့်ပြပွဲကြီးများ စီစဉ်ကျင်းပသည့် Silver Sea International ကုမ္ပဏီလီမိတက်မှ ပြပွဲအကြောင်း မီဒီယာရှင်းလင်းပွဲအခမ်းအနားမှ သိရသည်။ ပြပွဲတွင် ကားအတွက် လိုအပ်သည့် တာယာ၊ အင်ဂျင်ဝိုင်နှင့် အခြားသော ကားအပိုပစ္စည်း များကိုပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ပြသသွားမည်ဖြစ်ပြီး ပစ္စည်းမိတ်ဆက်၊ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများနှင့် Brand New ကားများပါ ပြသသွားမည်ဖြစ်ပြီး အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ဆီကား၊ EV ကား အစုံကိုလက်ငင်း၊ အရစ်ကျစနစ် နှစ်မျိုးစလုံးနှင့် တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ အလားတူ ပြပွဲတွင် Taiwan Pavilion မှ ပါဝင်ပြသမည်ဖြစ်ပြီး Automotive Aftermarkets Smart Mobility နယ်ပယ်မှ ကုမ္ပဏီ၁၅ ခု ပါဝင်မိတ်ဆက်မည်ဖြစ်သည်။ သတင်း-လူ့တလူ ဓာတ်ပုံ-Myanmar Auto & Parts Expo

◾️အိန္ဒိယနှင့် တရုတ်ခရီးသွားများ ဆိုက်ရောက်ဗီဇာသက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့် အိန္ဒိယနှင့် တရုတ် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ သက်တမ်းကို တစ်နှစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကအသိပေးကြေညာထားသည်။ အဆိုပါ ဆိုက်ရောက်ဗီဇာသက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်ဩဂုတ် ၃၀ ရက်မှ ၂၀၂၇ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ တစ်နှစ်တာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် အိန္ဒိယနိုင်ငံသားများနှင့် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ တစ်နှစ်တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- CJ

◾️အမြန်လမ်းမကြီး အသုံးပြု သွားလာလျက်ရှိသော ကုန်တင်ယာဉ်များနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များ သတ်မှတ်ချက်များပြည့် စုံမှသာ Telematics စက်တပ်ဆင်၊ သက်တမ်းတိုးခွင့် ပြုမည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြု သွားလာလျက်ရှိသောကုန်တင်ယာဉ်များနှင့် အဝေးပြေးခရီးသည်တင် (Express) ယာဉ်များအားသတ်မှတ်ချက်များ ပြည့်စုံမှသာ Telematics စက် တပ်ဆင်၊ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ကုန်တင်ယာဉ်များနှင့်အဝေးပြေးခရီးသည်တင်(Express)ယာဉ်များအားဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာန အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့က Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။ ထို့ကြောင့် Telematics စက်တပ်ဆင်/ သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ် (Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ဘေးမီးနှင့် အချက်ပြ မီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ကိုယ်ထည်နှင့် ဖရိန်များ ကြံ့ခိုင်၍ ကိုယ်ထည် ဆေးရောင် တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတ်မှတ်ချက်များမပြည့်စုံပါက စက်တပ်ဆင်/သက်တမ်းတိုးပေးမည်မဟုတ်၍ ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှု/တောက်ပသစ်လွင်မှုကို အမြဲစစ်ဆေး ပြုပြင်နေရမည် ဖြစ်ကြောင်းသိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

◾️အမေရိကန်နိုင်ငံသား Adam Michael Castillo အား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ပြည်နှင်စေလွှတ်ဟုထုတ်ပြန် ‎ ‎အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည့် Adam Michael Castillo အား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ယမန်နေ့(စက်တင်ဘာ ၁၆ ရက်) ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတစ်ဆင့် ထုတ်ပြန်သည်။ ‎ ‎The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း) ၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ယခုနှစ် ဇွန် ၈ ရက်တွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‎ ‎သို့သော် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ Adam Michael Castillo အား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎(စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက နေပြည်တော်သို့ အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ရောက်ရှိခဲ့ပြီး ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ‎ ‎အဆိုပါ အဖွဲ့တွင် မည်သူတို့ပါဝင်ပြီး မည်သည့်ကိစ္စဖြင့် လာရောက်သည်ကို နှစ်ဖက်စလုံးမှ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ‎ ‎သတင်း - တိုင်တန် ‎ဓာတ်ပုံ - Credit

◾️အီရန်စစ်ပွဲကြောင့် လက်နက်လိုအပ်ချက်ရှိလာဟု အမေရိကန်ဖွင့်ဟ အီရန်မှ အကုန်အကျများသော စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသည် လက်နက်လိုအပ်ချက်များ ရင်ဆိုင်နေရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ်က ထုတ်ဖော်ပြောကြားသည်။ ဖေဖော်ဝါရီ ၂၈ နှင့် ဇွန် ၃၀ ရက်ကြားတွင် ဒေါမာန်ဟုန်စစ်ဆင်ရေး(OEF)၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄ ဘီလီယံခန့်ရှိပြီး လက်နက်ခဲယမ်းများအတွက် ကုန်ကျစရိတ်တစ်ခုတည်းကပင် ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံ ရှိကြောင်း လွှတ်တော်သို့ မဖြစ်မနေတင်ပြရသည့် ပထမဆုံး အစီရင်ခံစာတစ်ခုတွင် စစ်ဆေးရေးမှူးချုပ်က ပြောသည်။ ဒေါမာန်ဟုန်စစ်ဆင်ရေးအတွင်း လက်နက်များကို သုံးစွဲခဲ့မှုသည် လက်နက်တိုက်အတွက် မဟာဗျူဟာမြောက် လိုအပ်ချက်များဖြစ်စေခဲ့သလို သုံးစွဲလိုက်သော လက်နက်များကို ပြန်လည်ဖြည့်တင်းရန် စက်မှုလုပ်ငန်းလိုအပ်ချက်များကို ပေါ်ထွက်လာစေခဲ့သည်ဟု အစီရင်ခံစာက ဆက်ပြောသည်။ အမေရိကန်၏ လေယာဉ်များ ပျက်စီး ဆုံးရှုံးမှုများကိုလည်း အစီရင်ခံစာက တင်ပြခဲ့ရာတွင် လုံးဝပျက်စီးသွားသော အက်ဖ် ၁၅ တိုက်လေယာဉ် လေးစီး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် အက်ဖ် ၃၅ တစ်စီး၊ ကေစီ-၁၃၅ ဆီဖြည့်လေယာဉ် ၇ စီး ပျက်စီးမှု နှင့် MQ-9 Reaper ဒရုန်းအစီး ၃၀ အထိ လုံးဝဖျက်စီးခံရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အရှေ့အလယ်ပိုင်း ခြောက်လကြာ စစ်ပွဲတွင် လက်နက်များ လျော့ပါးလာသည်ဆိုခြင်းကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး အမေရိကန်တွင် အကန့်အသတ်မရှိသော လက်နက်များရှိသည်ဟု လွန်ခဲ့သော သီတင်း နှစ်ပတ်ကပင် ပြောကြားခဲ့သေးသည်။ ထို့ပြင် အီရန်တို့၏ တိုက်ခိုက်မှုများကြောင့် ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ အီရတ်၊ အိုမန်၊ ‌ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများမှ ရာနှင့်ချီသော အဆောက်အအုံ များ ပျက်စီးသွားခဲ့ပြီး ၎င်းတို့၏ ကုန်ကျစရိတ်များကို စစ်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းတွက်ချက် မထားကြောင်း အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။ သတင်း-ရဲမင်း ကိုးကား-AFP

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း