es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
338
Suscriptores
Sin datos24 horas
+67 días
+1030 días

Cargando datos

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
nov '26
noviembre '26
+12
en 0 canales
octubre '26
+19
en 0 canales
Get PRO
septiembre '26
+27
en 0 canales
Get PRO
agosto '26
+31
en 0 canales
Get PRO
julio '26
+27
en 0 canales
Get PRO
junio '26
+33
en 1 canales
Get PRO
mayo '26
+34
en 1 canales
Get PRO
abril '26
+222
en 1 canales
Get PRO
marzo '260
en 3 canales
Get PRO
febrero '26
+5
en 1 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
19 noviembre0
18 noviembre0
17 noviembre+2
16 noviembre+1
15 noviembre0
14 noviembre+1
13 noviembre+3
12 noviembre+1
11 noviembre+1
10 noviembre0
09 noviembre0
08 noviembre0
07 noviembre0
06 noviembre+2
05 noviembre0
04 noviembre0
03 noviembre0
02 noviembre0
01 noviembre+1
Publicaciones del Canal
photo content
19 nov, 04:22

2
◾️အမြန်လမ်း၌ ခရီးသည်တင်ကားတစ်စီး လမ်းလယ်ရှိအကာအရံများဝင်တိုက် ‎ ‎ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက် ၅ နာရီ ၅ မိနစ်ခန့်က Express ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိအကာအရံများဝင်တိုက်မှုဖြစ်ပွားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎အဆိုပါခရီးသည်တင်ကားမှာ SCANIA အမျိုးအစား Express ယာဉ်ဖြစ်ပြီး ရန်ကုန်မှမန္တလေးသို့ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ကားပေါ်တွင်ခရီး ၁၅ ဦး လိုက်ပါလာပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း၌ တပ်ဆင်ထားသည့် အကာ အရံများကိုဝင်တိုက်ကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎“ယာဉ်ပေါ်မှာ ခရီးသည် အမျိုးသား ၁၁ ဦး၊ အမျိုးသမီးလေးဦး၊ စုစုပေါင်း ၁၅ ဦးလိုက်ပါလာပါတယ်။ ဒဏ်ရာရတဲ့သူတွေရှိပါတယ်။ ပြင်းထန်မှုတော့မရှိပါဘူး။ ပွန်းပဲ့ဒဏ်ရာလောက်ပဲရှိတာပါ” ဟု အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎အမြန်လမ်းမကြီးကိုအသုံးပြုသည့်ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ယာဉ်များကိုလမ်းပေါ်မတက်မီ ကြံ့ခိုင်မှုရှိ၊ မရှိ သေချာစွာစစ်ဆေးရန်နှင့် သတ်မှတ်အမြန်နှုန်းများအတိုင်းမောင်းနှင်ကြရန် အသိပေးထားသည်။ ‎ ‎သတ်မှတ်အမြန်နှုန်းများအနေဖြင့် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်၊ ပစ်ကပ်ယာဉ်များကို တစ်နာရီလျှင် ၆၀ ကီလိုမီတာအောက်သာ မောင်းနှင်ကြရန် အသိပေးကြေညာထားသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
50
3
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
46
4
Sin texto...
44
5
◾️တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ဆက်လက်ရောက်ရှိစေရန် ထရန့်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှီကျင့်ဖျင်ပြော တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ထိန်းကျောင်းသွားနိုင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ၎င်း၏ ပြောကြားချက်များကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို လတ်တလော မရရှိသေးသော်လည်း “ခင်ဗျားနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော် အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ထရန့်အား ရှီက ပြောကြားခဲ့ကြောင်း ရိုက်တာက ဆိုသည်။ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ခြုံငုံကြည့်လျှင် တည်ငြိမ်နေပြီး တိုးတက်ကောင်းမွန်လာနေကြောင်းလည်း ရှီကျင့်ဖျင်က ပြောကြားသည်။ ပေကျင်းနှင့် ဝါရှင်တန်အကြား ဆက်ဆံရေးကို လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံသည့် အနှစ်သာရအသစ်များ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ပြောသည်။ “ကျွန်တော်တို့နှစ်ဦးဟာ မဟာဗျူဟာအရ တည်ငြိမ်မှုရှိတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်အတွက် အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ထို့အပြင် “သမ္မတကြီးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီး အဲဒီကြိုးပမ်းမှုတွေဟာ သမိုင်းတွင် ကျန်ရစ်ခဲ့မှာပါ” ဟုလည်း ရှီကျင့်ဖျင်က ထရန့်ကို ပြောကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။ “ကျွန်တော်တို့နှစ်နိုင်ငံကြား ဆက်ဆံရေးကို မျှတတဲ့ ဆက်ဆံရေးတစ်ရပ်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ထရန့်ကလည်း ပြောကြားသည်။ ထို့နောက် နှစ်နိုင်ငံအကြား အပြန်အလှန် အခွန်လျှော့ချရေး သဘောတူညီချက်ဖြစ်သည့် “30 for 30” အစီအစဉ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။ ယင်းအစီအစဉ်အရ နှစ်နိုင်ငံစလုံးက တစ်ဖက်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိသော သွင်းကုန်ခွန်များကို အပြန်အလှန် လျှော့ချရန် သဘောတူထားခြင်းဖြစ်သည်။ “ကျွန်တော်တို့လည်း အကျိုးအမြတ်ရရှိခဲ့သလို ခင်ဗျားတို့လည်း အကျိုးရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လယ်သမားတွေလည်း အများကြီး အကျိုးဖြစ်ထွန်းခဲ့ပါတယ်” ဟု ထရန့်က ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဝယ်လိုအားမှာ အလွန်များပြားနေသည့်အတွက် အမေရိကန်လယ်သမားများထံမှ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဝယ်ယူပေးရန် တရုတ်ဘက်ကို ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း ထရန့်က ပြောသည်။ “တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက အလွန်ကြီးမားပြီး ဘယ်လောက်ပဲရှိရှိ မလုံလောက်နိုင်ပါဘူး။ အဲဒီဝယ်လိုအားကို ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် စီးပွားရေးဆက်ဆံမှုများ ပိုမိုကောင်းမွန်လာစေရန် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ထရန့်က ပြောသည်။ ကုန်သွယ်ရေးမှ ရင်းနှီးမြှုပ်နှံမှုအထိ၊ ဒေသတွင်းရေးရာများမှ ကမ္ဘာ့ငြိမ်းချမ်းရေးအထိ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဟာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသည်ဟု ထရန့်ကပြောကြားသည်။ “ကျွန်တော်တို့နှစ်နိုင်ငံ လုပ်ဆောင်နိုင်တဲ့အရာတွေကို တခြားဘယ်နိုင်ငံကမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် မေလက ၎င်း၏ ပေကျင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းနှင့် ယင်းအဖွဲ့သည် ယခင်က အလွန်အမင်း မမျှမတဖြစ်နေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမျှတလာစေရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ဆိုသည်။ “တရုတ်နိုင်ငံနဲ့ မူလဆက်ဆံရေးဟာ အလွန်အမင်း မမျှမတဖြစ်နေခဲ့တာပါ” ဟု ထရန့်က ပြောသည်။ သတင်း-လင်းခေတ် ကိုးကား-BBC
41
6
Sin texto...
33
7
◾️တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းမျဉ်းဆွေးနွေးပွဲ လာမည့်နှစ်တွင် အပြီးသတ်နိုင်ဖွယ်ရှိ ‎ ‎ကာလရှည်ကြန့်ကြာခဲ့ရသော တောင်တရုတ် ပင်လယ် ကျင့်ဝတ်စည်းမျဉ်းများဆိုင်ရာ ဆွေးနွေးပွဲ များကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် စင်ကာပူ နိုင်ငံ တာဝန်ယူမည့်လာမည့်နှစ်အတွင်း အပြီးသတ် နိုင်ရန် အာဆီယံက မျှော်လင့်ထားကြောင်း နိုဝင်ဘာ ၁၈ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ ‎ ‎အာဆီယံနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ တာဝန်ယူထားသော ယခုနှစ်အတွင်း တောင်တရုတ် ပင်လယ် ကျင့်ဝတ်စည်းမျဉ်းများဆိုင်ရာ ဆွေးနွေးပွဲများကို အပြီးသတ်နိုင်မှု မရှိခဲ့ပေ။ ‎ ‎သို့ရာတွင် အာဆီယံနှင့်တရုတ်တို့အနေဖြင့် တောင်တရုတ်ပင်လယ်ကျင့်ဝတ်စည်းမျဉ်းများဆိုင် ရာ မူကြမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ယာယီအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း ယခုသီတင်းပတ် အတွင်း ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံ တွင် အာဆီယံခေါင်းဆောင်များက ပြောကြားထား သည်။ ‎ ‎သို့ဖြစ်ရာ အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းမျဉ်းများ ဆိုင်ရာ ဆွေးနွေးပွဲများကို ၂ဝ၂၇ ခုနှစ်အတွင်း အပြီးသတ်ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်းက ထုတ်ဖော်ပြောကြားထားသည်။ ‎ ‎တောင်တရုတ်ပင်လယ်ဒေသသည် ဖိလစ် ပိုင် အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် တရုတ်နိုင်ငံ တို့အကြား နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာ ရှိနေသော ရေပြင်ဒေသဖြစ်သည်။ ‎ ‎တရုတ်နှင့် အာဆီယံတို့သည် တောင်တရုတ် ပင်လယ် ကျင့်ဝတ်စည်းမျဉ်းများဆိုင်ရာ ဆွေးနွေးပွဲ များကို လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်လောက်က ပင် စတင်ကျင်းပခဲ့သည်။ ‎ ‎ကိုးကား-ရိုက်တာ
32
8
Sin texto...
32
9
◾️ဝါရှင်တန်မြို့တော် ဘေးအန္တရာယ်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား ‎ ‎ဝါရှင်တန်ဒီစီမြို့တော်အတွက် ချက်ချင်းလက်ငင်း ကျရောက်နိုင်မည့် ဘေးအန္တရာယ်မျိုး မရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။ ‎ ‎ဝါရှင်တန်မြို့တော်ကို ရေဒီယိုသတ္တိကြွ ဗုံးလက် နက်သုံး၍ တိုက်ခိုက်ရန် အီရန်နိုင်ငံက စီစဉ်နေဖွယ်ရှိကြောင်း သတင်းများပေါ်ထွက်လာချိန်တွင် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ‎ ‎မိမိ၏အမြင်အရ ဝါရှင်တန်မြို့တော်အတွက် ချက်ချင်းလက်ငင်းကျရောက်လာနိုင်မည့် ဘေးအန္တရာယ်မျိုး မရှိနိုင်သေးကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ ‎ ‎အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများက ရရှိထားသော သတင်း အချက်အလက်များအရ ဝါရှင်တန်မြို့တော်ကို ရေဒီယိုသတ္တိကြွဗုံးဖြင့် တိုက်ခိုက် ရန် အီရန်နိုင်ငံက အစီအစဉ်များ ရေးဆွဲနေကြောင်း စီအင်န်အင်န်သတင်းဌာနက နိုဝင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ‎ ‎သို့ရာတွင် အထက်ပါသတင်းကို အခြေအမြစ်မရှိသည့် သတင်းအဖြစ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပယ်ချထားသည်။ ‎ ‎အမေရိကန်အစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ဘေးကင်း လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို အမြဲတမ်း စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားထား သည်။ ‎ ‎ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲသည် လက်ရှိ အချိန်တွင် ရှစ်လတာကာလအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများလည်း ရှိနေဆဲဖြစ်သည်။ ‎ ‎ကိုးကား- ရိုက်တာ
38
10
Sin texto...
37
11
◾️ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်တစ်သန်းကျော် တင်ပို့ထား ‎ ‎ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၈၈သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ‎ ‎ပြီးခဲ့သည့် အောက်တိုဘာလက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၄၁၁ ၁၁၉ တန် တင်ပို့ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဒါ် လာ ၄၉ သန်း ရရှိခဲ့ခြင်းဖြစ် သည်။ ‎ ‎ယခုဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ဆန်တင်ပို့မှုပမာဏ ယခင်ဘဏ္ဍာနှစ်ကာလနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားလျက်ရှိသည်။ ‎ ‎ပြည်တွင်းတွင် ထွက်ရှိသည့် ဆန်အား ပြည်ပ သို့ဆန်နှင့်ဆန်ကွဲဝ ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အများ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ် ပိုင်၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဘ ဝန်၊ ဘယ်လ်ဂျီယံ၊ ချက်၊ နယ်သာလန်၊UK၊ ပါပူအာနယူးဂီနီ၊ ဂီနီ၊ ခရိုအေးရှား စသည့် နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ‎ ‎ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့် တင်ပို့ရန် လျာထားလျက်ရှိ ကြောင်း သိရသည်။ ‎ ‎ထို့ပြင် လာမည့် ၂ဝ၂၈ ခုနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ‎ ‎သတင်း-လူ့တလူ ‎ဓာတ်ပုံ-MOI
39
12
Sin texto...
36
13
◾️ကရိုင်းမီးယားတံတားကို ယူကရိန်း တိုက်ခိုက်ဖျက်ဆီး ‎ ‎ရုရှားနှင့် ကရိုင်းမီးယားကျွန်းဆွယ်ဒေသတို့ကို ချိတ်ဆက်ပေးထားသည့် မဟာဗျူဟာမြောက် တံတားတစ်စင်း၏ ကားလမ်းပိုင်းကို ယူကရိန်းနိုင်ငံက နိုဝင်ဘာ ၁၇ ရက်တွင် မောင်းသူမဲ့ လေယာဉ်များ၊ ဒုံးကျည်များအသုံးပြု၍ တိုက် ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ‎ ‎ကရိုင်းမီးယားတံတား တိုက် ခိုက်ဖျက်ဆီးခံရမှုသည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်သမ္မတ ရှီကျင်ပင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထား သော ရုရှားသမ္မတ ပူတင်အတွက် မျက်နှာပျက်ရဖွယ် စစ်ရေးထိုးနှက် ချက်တစ်ရပ် ဖြစ်ခဲ့ရသည်။ ‎ ‎ကရိုင်းမီးယားတံတား တိုက် ခိုက်မှုကို ယူကရိန်း ထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် လက် နက်ကိုင် တပ်များ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ် ကြောင်း ယူကရိန်းသမ္မတ ဇီလန် စကီးက သတင်းထုတ်ပြန်ထားသည်။ ‎ ‎ရုရှားအနေဖြင့် ယူကရိန်း၏ အခြေခံ အဆောက်အအုံများကို နေ့စဉ်လိုလို တိုက်ခိုက်နေသည်ဖြစ်ရာ စစ်ဆိုသည်မှာ စတင်ရာနေရာသို့ ပြန်လာတတ်သည့်သဘောကိုကရိုင်း မီးယားတံတားတိုက်ခိုက်မှုဖြင့် ရုရှားကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြော ကြားသည်။ ‎ ‎၁၂ မိုင် ရှည်လျားသော ကရိုင်း မီးယားတံတားသည် ကရိုင်းမီးယား ကျွန်းဆွယ်ဒေသအား ရုရှားအချုပ် အခြာအောက် ထည့်သွင်းမှု၏ အမှတ်သင်္ကေတအဖြစ် ရုရှားသမ္မတ ပူတင်ကိုယ်တိုင် ၂၀၁၈ ခုနှစ်တွင်ဖွင့်လှစ်ပေးခဲ့သော တံတားဖြစ်သည်။ ‎ ‎ခါ့ခ်ျ ရေလက်ကြားကိုဖြတ်သန်း တည်ဆောက်ထားသည့် အဆိုပါ တံတားသည် တစ်ချိန်က ယူကရိန်း နိုင်ငံတွင်းရှိ ရုရှားတပ်များအတွက် အဓိကထောက်ပံ့ရေး လမ်းကြောင်း ဖြစ်ခဲ့သည်။ ‎ ‎ယူကရိန်းနိုင်ငံသည် လေးနှစ် ကျော်ကြာမြင့်နေပြီဖြစ်သော ယူကရိန်း စစ်ပွဲ ကာလတစ်လျှောက် ခါ့ချ်ရေ လက်ကြားဖြတ် ကရိုင်းမီးယားတံတား ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ‎ ‎သတင်း-ဗျည်းနွဲ့ ‎ကိုးကား-ရိုက်တာ
38
14
Sin texto...
42
15
◾️ရန်ကုန်-ပုဂံ လမ်းပိုင်းအတွက် အိပ်စင်တွဲဆိုင်းပါရထား ပြေးဆွဲပေးသွားမည် ‎ ‎ရန်ကုန်-ပုဂံ လမ်းပိုင်းအတွက် အိပ်စင်တွဲဆိုင်းပါရထားကို မကြာမီပြေး ဆွဲပေး သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ORTP Info က အသိပေးခဲ့သည်။ ‎ ‎လုံခြုံရေးနှင့် တာဝန်ယူမှုအရ အိပ်ခန်းတစ်ခု ဝယ်ယူပါက အခန်းတွင်း လိုက်ပါမည့်သူများထဲတွင် လူကြီးတစ်ဦးမဖြစ်မနေပါဝင်ရန် လိုအပ်ပြီး အသက် (၁၂)နှစ်အောက် ကလေးငယ်များအတွက်လည်း ရထားလက်မှတ်ကို မဖြစ် မနေ ဝယ်ယူရမည်ဖြစ်ရာ အသက်(၃)နှစ်အောက် ကလေးများအတွက် သီးသန့် ခုတင်/ခုံယူပါက သတ်မှတ်လက်မှတ်ခပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။ ‎ ‎အခန်းအမျိုးအစားနှင့် လူဦးရေကန့်သတ်ချက်အဖြစ် မိသားစု၊ သို့မဟုတ် အဖွဲ့ လိုက်ခရီး သွားများအတွက် လေးယောက်စာ အိပ်ခန်းနှင့် နှစ်ယောက်စာ အိပ်ခန်း ဟူ၍ ခွဲခြားထားကာ လေးယောက်ခန်းတွင် အများဆုံးလူ ငါးဦးအထိ သာ လက်ခံမည်ဖြစ်ပြီး နှစ်ယောက်ခန်းတွင် အများဆုံးလူ သုံးဦးအထိသာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ‎ ‎အိပ်စင်ခန်းများကို အဖွဲ့ လိုက်/ မိသားစုလိုက် သီးသန့် အနားယူလို သူများ အတွက် ရည်ရွယ်ထားခြင်းဖြစ်၍ လူအရေအတွက် မပြည့်သော်လည်း သီးသန့်အခန်းယူလိုပါက အခန်း၏ အခြေခံသတ်မှတ်ခုတင်အရေအတွက် အတိုင်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ‎ ‎သတင်း-အာကာနွေ ‎ဓာတ်ပုံ-CJ
41
16
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
37
17
Sin texto...
38
18
◾️မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံရေး သံတမန်ရေးအရ ကြိုးပမ်းမှုများ ထောက်ခံကြောင်း ကုလအကြီးအကဲပြောကြား ‎ ‎မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံရေးအတွက် သံတမန်ရေး အရကြိုးပမ်းမှုများကိုထောက်ခံသော် လည်း မြန်မာပြည်တွင်း စစ်ရေး ပဋိပက္ခများ ရပ်တန့်ရန်လည်း လိုအပ်ကြောင်းကုလ သမဂ္ဂအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။ ‎ ‎ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန်လွှတ်ပေးရန် ကုလ အကြီးအကဲက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် တောင်းဆိုခဲ့သည်။ ‎ ‎မိမိတို့အနေဖြင့် နိုင်ငံရေးပဋိပက္ခတစ်ခု၌ ပါဝင်ပတ်သက်နေသူမှန်သမျှ နှင့်ထိတွေ့ဆက်ဆံရေး သဘောတရားကို ဆန့်ကျင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ထိတွေ့ဆက်ဆံမှုသည် အလျှော့ပေးမှုသဘောမဆောင်ကြောင်း ကုလအကြီးအကဲက ထုတ်ဖော်ပြောကြားခဲ့သည်။ ‎ ‎ယင်းအပြင် မြန်မာနိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာရာတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ကလည်း အာဆီယံအဖွဲ့နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အချက် ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်ကိုလည်း ဆက်လက်ထောက်ခံမှု ပေးသွားမည်ဖြစ် ကြောင်း ကုလအကြီးအကဲ ဂူတာရက်စ်က ပြောကြားခဲ့သည်။ ‎ ‎မြန်မာနိုင်ငံနှင့် ချိန်ချိန်ဆဆထိတွေ့ဆက်ဆံရေးမူဝါဒကို ကျင့်သုံးမည် ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက (၄၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် အတည်ပြုထားသည်။ ‎ ‎ယင်းအပြင် အချက်ငါးချက်ပါ . အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အောင်မြင်တိုးတက်မှုများကို အခြေခံ၍ အာဆီယံ ထိပ်သီး ညီလာခံများ၌ မြန်မာနိုင်ငံ အပြည့်အဝပြန်လည်ပါဝင်ခွင့်ကို စဉ်းစားပေးမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက ပြောကြားထားသည်။ ‎ ‎သတင်း-ဗျည်းနွဲ့ ‎ကိုးကား-အေအက်ဖ်ပီ
38
19
Sin texto...
35
20
‎◾️သက်တမ်းတိုးယာဉ်များ စစ်ဆေးရာတွင် အပိုပစ္စည်းတပ်ဆင်မှု ၁၂ ချက် ဖြေလျှော့ ‎ ‎သက်တမ်းတိုး ယာဉ်များ စစ်ဆေးရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး (Road Safety) ကို မထိခိုက်စေသည့် အပိုပစ္စည်းတပ် ဆင်မှုဆိုင်ရာ အချက် ၁၂ ချက်ကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)မှ ထုတ်ပြန်သည်။ ‎ ‎ယာဉ်အမျိုးအစား၊ တည် ဆောက်မှုပုံစံနှင့် ထုတ်လုပ်သည့် ခုနှစ်အလိုက် လမ်းအန္တရာယ်ကင်း ရှင်းရေး (Road Safety) ကို မထိခိုက် စေနိုင်သည့် အပိုပစ္စည်းတပ်ဆင်မှု ဆိုင်ရာ အချက် ၁၂ ချက်ကို ခွင့်ပြုဖြေလျှော့ ပေးခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ယာဉ်သက် တမ်းတိုးစစ်ဆေးရာတွင် ယာဉ်ပိုင်ရှင်များ ကြုံတွေ့နေရသော အပိုပစ္စည်းဆိုင်ရာ အခက် အခဲများကို လျော့ပါးသက်သာစေရန် ဖြစ် သည်။ ‎ ‎ယင်းကဲသို့ဖြေလျှော့ပေးလိုက် သည့်အချက်များတွင် နံပါတ်ပြားမဖုံး ကွယ်သည့် ရှေ့နောက်ဘန်ဘာအပိုများ၊ ဘေးနှင့် နောက်ခြေနင်း ခုံများ၊ ပစ္စည်းတင်စင် Carrier နှင့် PickUp ယာဉ်များ၏ Hard Top/ Soft Top အမိုးများတပ်ဆင်ခြင်းတို့ ပါဝင်လျက် ရှိသည်။ ‎ ‎ထို့ပြင် နှင်းခွဲမီးအပိုနှစ်လုံး အထိ တပ်ဆင်ခြင်း၊ ရှေ့လေကာ မှန်တွင် အပူကာ စတစ်ကာအကြည် ကပ်ခြင်း၊ မူလပုံစံမပျက်သည့် အလှ ဆင်ပစ္စည်း (Decorative Parts) များ နှင့် ယာဉ်ထုတ်လုပ်သည့်ခုနှစ်အလိုက် Original Grille ပြန်လည်တပ်ဆင် ခြင်းတို့ကိုလည်း ခွင့်ပြုပေးထားသည်။ ‎ ‎ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအ အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်မှစတင် စတင်ကာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး က်တမ်းတိုးခြင်းနှင့်ငွေပေးချေမှုလုပ်ငန်းများကို အွန် လိုင်းစနစ်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်တို့ဖြင့် ဝန်ဆောင်မှုပေးလျက် ကြောင်း သိရသည်။ ‎ ‎သတင်း-လူ့တလူ ‎ဓာတ်ပုံ-CJ (ပုံဟောင်း)
40