ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
303
订阅者
+124 小时
无数据7
+1230
帖子存档
◾️ဆော်ဒီနှင့်ရယူထားသော အရပ်ဘက်နျူကလီးယား သဘောတူညီချက် ကွန်ဂရက် လွှတ်တော်သို့ ထရန့်ပေးပို့ အရပ်ဘက် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆော်ဒီအာရေဗျနှင့် ရယူထားသော အဆိုပြုသဘောတူညီချက်ကိုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကွန်ဂရက်လွှတ်တော်သို့ ပေးပို့ထားကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ဩဂုတ် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ သို့ရာတွင်ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့်အစ္စရေးနိုင်ငံနှင့်တရားဝင်ပုံမှန်သံတမန်ဆက်ဆံရေး ထားရှိမှသာလျှင် ယင်းသဘောတူညီချက် အာဏာသက်ဝင်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။ အရပ်ဘက် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးဆိုင်ရာ အဆိုပြုသဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ကယခုနှစ် ဇူလိုင်လအတွင်း ရယူခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါသဘောတူညီချက်အရအမေရိကန်ကုမ္ပဏီများအနေဖြင့်အရပ်ဘက်နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများကိုဆော်ဒီအာရေဗျနိုင်ငံသို့ လွှဲပြောင်းပေး ပို့နိုင်မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို သမ္မတဒေါ်နယ်ထရန့်က ဩဂုတ် ၂၃ ရက်တွင် ကွန်ဂရက်လွှတ် တော်သို့ ပေးပို့ထားခြင်းဖြစ်ပြီး ကွန်ဂရက်လွှတ်တော်အနေဖြင့် ယင်းသဘောတူညီချက်အား ရက်ပေါင်း ၉၀ အတွင်း ဆွေးနွေးသုံးသပ်ရမည်ဖြစ်သည်။ ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ရပ်တည်ချက်မှာ အပြောင်း အလဲမရှိဘဲ အေဘရာဟင်စာချုပ်၌ ဆော်ဒီအာရေဗျနိုင်ငံ ပါဝင်မှသာလျှင် သဘောတူညီချက် အာဏာသက်ဝင်မည်ဖြစ်ကြောင်းအမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ

#ယနေ့ထုတ်သတင်းစာ_ဓမ္မစကား
#ယနေ့ထုတ်သတင်းစာ_ဓမ္မစကား

◾️‎အမြန်လမ်း၌ ကားတစ်စီးတိမ်းမှောက်၊ လေးဦးသေဆုံး ‎ ‎ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယမန်နေ့(သြဂုတ်၂၆ ရက်) မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ကားတစ်စီးတိမ်းမှောက်ပြီး လေးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ‎ ‎အဆိုပါကားမှာ Nissan X-TRAIL အမျိုးစားဖြစ်ပြီး နေပြည်တော်မှ မန္တလေးသို့မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ မိုင်တိုင်အမှတ်(၂၆၇/၅-၂၆၇/၆) အကြားတွင် အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်တွင် ကာရံထားသော ကွန်ကရစ်နံရံအားတိုက်မိပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ‎ ‎"ကားပေါ်မှ ာယာဉ်မောင်းအပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်းခုနှစ်ဦး လိုက်ပါလာတယ်။ ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးပြီး ကျန်တဲ့သုံးဦးကို ဆေးရုံပို့ဆောင်ထားပါတယ်" ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‎ ‎အမြန်လမ်းအသုံးပြုသည့်ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအားလမ်းပေါ်မရောက်မီ သေချာစွာစစ်ဆေးကြရန်လိုအပ်ကြောင်း၊ ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည်တင်ကားကြီးများ 90 km၊ လူစီးယာဉ်ငယ်များမှာ 100 km၊ ကုန်တင်ကားနှင့် ပစ်ကပ်ကားများမှာ 60 km နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

◾️မက္ကာ အပြန်အလှန်ကာကွယ်ရေးစာချုပ်၌ ပါဝင်ရေး ဘင်္ဂလားဒေ့ရှ် စဉ်းစားနိုင်ဖွယ်ရှိ ဆော်ဒီအာရေဗျ၊ တူရကီနှင့်ပါကစ္စတန်နိုင်ငံတို့အကြား ယခုလအတွင်းရယူထားသော အပြန် အလှန်ကာကွယ်ရေး သဘောတူညီချက်ဖြစ်သည့် မက္ကာစာချုပ်၌ ပါဝင်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့်စဉ်းစားနိုင်ကြောင်း ဩဂုတ် ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြ ထားသည်။ အကယ်၍ မက္ကာစာချုပ်၌ပါဝင်ခဲ့ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပြည်ပဆက်ဆံရေး အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်းလေ့လာသူများက သုံးသပ်ထားသည်။ အရှေ့အလယ်ပိုင်း ဒေသရှိအစ္စလာမ္မစ်နိုင်ငံများအကြား အပြန်အလှန်ကာကွယ်ရေး သဘော တူညီချက်တစ်ရပ် ရှိခဲ့သည်ဆိုလျှင်ယင်းသဘောတူညီချက်၌ ပါဝင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက စဉ်းစားလာနိုင်ခြင်းမှာလည်းထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောကြားထားသည်။ မက္ကာ သဘောတူညီချက်၌ပါဝင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်ကို ဆော်ဒီ အာရေဗျ၊တူရကီနှင့်ပါကစ္စတန်တို့ကဖိတ်ခေါ်ထားကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့သည် လူဝင်မှုပြဿနာ၊ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ပြဿနာတို့နှင့်ပတ်သက်၍ဆက်ဆံရေးတင်းမာလျက်ရှိသည်။ ၂၀၂၄ ခုနှစ် လူထုအုံကြွမှုအတွင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေခဲ့သော ရှိတ်ခ်ဟာဆီနာကို ပြန်လည်လွှဲအပ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုထားသည်။ ကိုးကား-ရိုက်တာ

◾️ပုသိမ်ကြီး၌ အစာအဆိပ်သင့်မှု သံဃာအပါး ၃၀ ဆေးကုသမှုဆက်လက်ခံယူနေရ ‎ ‎မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ သာမဏေကျော်ကျောင်း တိုက်၌ သံဃာ ၉၆ ပါး အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပြီး သံဃာအပါး ၃၀ မှာဆေး ကုသမှုဆက်လက်ခံယူနေရကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော) ထံမှသိရသည်။ ‎ ‎ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကိုရင်လေးများအပါအဝင် သံဃာ ၉၆ ပါးအာရုဏ်ဆွမ်းဘုဉ်းပေးပြီး‌နောက် အစာအဆိပ်သင့်သည့်လက္ခဏာများဖြစ်ပေါ်ကာ မန္တလေးဆေးရုံကြီးတွင်အပါး ၃၀၊ ကျောက်မီးတိုက်နယ်ဆေးရုံတွင် ၄၆ ပါး၊ စာသင်တိုက်တွင်အပါး ၂၀ တို့ ဆေးကုသမှုခံယူခဲ့ကြကြောင်းသိရသည်။ ‎ ‎"အစားအဆိပ်သင့်မှုဖြစ်စဉ်ကို ကျန်းမာရေးဌာနကစစ်ဆေးနေပါတယ်။ သံဃာတွေက အဲဒီမနက်က အာရုဏ်ဆွမ်းကို ငါးဖယ်သုပ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို့နဲ့ဘုဉ်းပေးတယ်” ဟု စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎ကိုရင်လေးများအပါအဝင်သံဃာတော်များသည် အာရုဏ်ဆွမ်းဘုဉ်းပေးပြီးနောက် နေ့ခင်းဆွမ်းမဘုဉ်းခင် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ငါးဖယ်သုပ်ကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း ဒေသခံများကြားသတင်းများထွက်ပေါ်လျက်ရှိပြီး စံတော်ချိန်ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ‎ ‎ယနေ့တွင်ကျောက်မီးတိုက်နယ်ဆေးရုံ၌ သံယာ ၄၆ ပါး၊ စာသင်တိုက်တွင်သံယာအပါး ၂၀ တို့မှာ ကျန်မာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းပြီဖြစ်ကြောင်း၊ မန္တလေးဆေးရုံကြီးရှိသံယာအပါး ၃၀ မှာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)

◾️နီပေါ ရေကြီးမြေပြိုမှုတွင် လူ ၁၆၀ ဦးထက်မနည်းသေဆုံး၊ ပျောက်ဆုံးသူ ၈၀၀ ကျော်ရှိလာ နီပေါနိုင်ငံတွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်း ၈၀၀ ကျော် ပျောက်ဆုံးနေပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များသည် ဘေးအန္တရာယ်ကျရောက်ရာ ဒေသသို့ ရောက်ရှိနိုင်ရန် အသည်းအသန် ရုန်းကန်နေကြရသည်။ နီပေါ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ဘိုတေးခိုရှီ-တရစ်ရှူလီ ရေကြီးမှုတွင် လူပေါင်း ၈၂၆ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အေဂျင်စီ၏ ပြောကြားချက်အရ ထိုကိန်းဂဏန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံပြည်သူများ ပါဝင်သည်။ ပျောက်ဆုံးနေသည့် ခရီးသွားအရေအတွက်မှာ ၅၂၉ ဦးထက်မနည်း (အချို့အစီရင်ခံစာများတွင် ၅၇၉ ဦးအထိ) ရှိကြောင်း ထုတ်ပြန်ထားသည်။ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူ ရာပေါင်းများစွာ ရှိနေပြီး ယင်းတို့အနက် အိန္ဒိယနိုင်ငံသား ၁၀၀ ထက်မနည်း၊ အမေရိကန်နိုင်ငံသား ၅၄ ဦး၊ ဩစတြေးလျနိုင်ငံသား ၃၄ ဦး၊ ဗြိတိန်နိုင်ငံသား ၃၃ ဦး အပါအဝင် ကမ္ဘာလှည့်ခရီးသွား အများအပြားနှင့် နီပေါနိုင်ငံသား ၁၀၀ ထက်မနည်း ပါဝင်နေသည်။ အဆိုပါဒေသသည် ဘုရားဖူးများနှင့် တောင်တက်ခရီးသွားများအကြား ရေပန်းစားသော ဒေသတစ်ခုလည်းဖြစ်သည်။ ဘေးအန္တရာယ်ဖြစ်ပွားရာ ဒေသအနီးရှိ မြစ်အတွင်း မျောပါလာသော အပျက်အစီးများနှင့် နုန်းနှစ်များကြောင့် ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့သည် ကူညီထောက်ပံ့မှုများ ပေးအပ်ရန် သို့မဟုတ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ကတိပြုထားသည့် နိုင်ငံများအနက် ပါဝင်ကြသည်။ ရေကြီးမှုတွင် နီပေါ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ဒါဇင်‌ပေါင်းများစွာအပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အလုပ်သမားများလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။ "ကျွန်မရဲ့ မိသားစု တစ်ခုလုံး ရေထဲပါသွားတာပါ" ဟု အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပြီး ၎င်းနှင့် သားဖြစ်သူမှာ အိမ်ခေါင်မိုးပေါ်သို့ တက်ရောက်နိုင်ခဲ့၍သာ အသက်ဘေးမှလွတ်ခဲ့ကြသည်။ အာဏာပိုင်များက စတင်ချိန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်သည်ဟု စိစစ်ခဲ့သော်လည်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ (USGS) ကမူ ရေခဲတောင် ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာမှုကြောင့် ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ထုတ်ပြန်ထားသည်။ ရေကြီးမှုစတင်ချိန်တွင် ငလျင်လှုပ်ခတ်မှုဟု USGS သတင်းထုတ်ပြန်ခဲ့ရာ ငလျင်လှုပ်ခြင်း မဟုတ်ဘဲ ရေခဲတောင် ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာခြင်း ဖြစ်ပြီး ထိုမှတစ်ဆင့် ရေအောက်ပိုင်းဒေသများတွင် ဆိုးရွားပြင်းထန်သည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ယမန်နေ့က စတင်ချိန်တွင် USGS က ယင်းဖြစ်စဉ်ကို ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုအဖြစ် ပထမဆုံး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ ငလျင်တိုင်းစခန်းများ၏ အချက်အလက်များ၊ ကြိမ်နှုန်းမြင့်/ကြာချိန်ရှည် ငလျင်လှိုင်းများ နှင့် ဂြိုဟ်တုဓာတ်ပုံများကို ထပ်မံဆန်းစစ်ချက်များအရ အဆိုပါ ငလျင်လှိုင်းဖြစ်စဉ်မှာ ရေခဲတောင်ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာခြင်းကြောင့်သာ ဖြစ်ပြီး ငလျင်လှုပ်ခတ်ခဲ့ခြင်း လုံးဝမရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်ဟု USGS က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အစောပိုင်းတွင် နီပေါအာဏာပိုင်များကလည်း တောင်ပေါ်မှ ရေခဲပြင်ကြီး ပြိုကျလာကာ ကျောက်ဆောင်များနှင့် အခြားနုန်းနှစ်များကိုပါ တစ်ပါတည်း ဆွဲခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း သိပ္ပံပညာရှင်များသည် ယခုကဲ့သို့ ဘေးအန္တရာယ်ကြီး ဖြစ်ပွားစေခဲ့သည့် အဖြစ်အပျက် အစဉ်လိုက်ဖြစ်စဉ် အတိအကျကို ဆက်လက်ဆန်းစစ် လေ့လာလျက်ရှိကြသည်။ သတင်း-လင်းခေတ် ကိုးကား-BBC

◾️တိုက်ခန်းရောင်းဝယ်မှု မြေရှင်အား ၂ ရာခိုင်နှုန်းပေးရန် ဥပဒေ ပြဌာန်းမထားဟုဆို တိုက်ခန်းအရောင်းအဝယ်တွင် မြေရှင်ကို ၂ ရာခိုင်နှုန်းပေးရန် ဥပေဒ၌ ပြဌာန်းထားခြင်း မရှိကြောင်း ယမန်နေ့ (ဩဂုတ် ၂၆ ရက်) တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၊စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်ကပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ တိုက်ခန်းပိုင်ရှင်များသည် တိုက်ခန်း ရောင်းချရာတွင် မြေရှင်များထံ ရောင်းရငွေ၏ နှစ်ရာခိုင်နှုန်း သို့မဟုတ် ယင်းထပ်ပိုသည့် ပမာဏပေးဆောင်နေရပြီး အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင်လည်း မြေရှင်လက်မှတ်ပါရှိမှတရားဝင်မည်ဆိုသည့် အခက်အခဲနှင့်ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။ " မြေရှင်တွေက ဒီလို လက်မှတ်မထိုးထားဘူးဆိုရင် မီတာစာရွက်တွေကို မပေးတော့ဘူး၊ သိမ်းထားတာတို့၊ ဒီ ရေသုံးစွဲတာကို ကန့်သတ်ထားတာတို့ စတဲ့ ကန့်သတ်ချက်များစွာကိုလည်း ကျွန်တော်တို့ပြုလုပ်နေကြတာတွေ ရှိပါတယ်"ဟု မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။ အဆိုပါ အငြင်းပွားမှုနှင့်ပတ်သက်၍ ဦးအောင်ပြည့်ဖြိုးက လွှတ်တော်၌ မေးမြန်းမှုအပေါ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ယခုလိုဖြေကြားခဲ့သည်။ "တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် မြေရှင်ထံသို့ ရောင်းချရငွေ၏ နှစ်ရာခိုင်နှုန်းပေးချေရခြင်းနှင့် မြေရှင်လက်မှတ်ပါမှ စာချုပ်အတည်ဖြစ်သည်ဟူသော အချက်များကို အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိပါ"ဟု ဒေါက်တာမေသန်းနွယ်က ပြောကြားခဲ့သည်။ တိုက်ခန်းဝယ်ယူ၊ လွှဲပြောင်းရောင်းချရာတွင် ဝင်ငွေရလမ်း မပြနိုင်ပါက ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်နှုန်းထားများဖြင့် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ပြီး၊ ရောင်းချသူဘက်မှလည်း ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကျသင့်အခွန်ကို ခန့်မှန်းပေးဆောင်ကာ ကြေညာလွှာတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ချူပ်ဆိုသည့် စာချုပ်စာတမ်းများအပေါ်တွင်လည်း စာချုပ်မချုပ်ဆိုမှီ နှင့် ချုပ်ဆိုစဉ် ထိုက်သင့်သည့် တံဆိပ်ခေါင်းအခွန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဒေါက်တာမေသန်းနွယ် ကဖြေကြားခဲ့သည်။ သတင်း-အင်ကြင်း ဓာတ်ပုံ- Yangon Region Hluttaw

◾️လိတ်ခ်အွန်တေရီယို ရေအိုင်ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့် စဉ်းစားနေ လိတ်ခ်အွန်တေရီယို ရေအိုင်ကြီးကို လိတ်ခ်အမေရိကရေအိုင်ကြီးအဖြစ် အမည်ပြောင်းလဲရေး အတွက် မိမိအနေဖြင့် အလေးအနက်ထားစဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဩဂုတ် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်နှင့်စီးပွားရေးအရ ရှေ့ဆက်ပတ်သက်ရမည့်အကြောင်းကိစ္စ များ မရှိနိုင်တော့သည့်အခြေအနေမျိုးတွင် မိမိအနေဖြင့် လိတ်ခ်အွန်တေရီယိုရေအိုင်ကို လိတ်ခ် အမေရိကရေအိုင်အဖြစ် အမည်ပြောင်းလဲရေးအတွက် မိမိအလေးအနက် စဉ်းစားနေကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်ပေါ်တွင် ရေးသားထားသည်။ လိတ်ခ်အွန်တေရီယိုရေအိုင်သည် ကနေဒါနိုင်ငံအွန်တေရီယိုပြည်နယ်၊အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တို့နှင့်ထိစပ်နေသောနယ်စပ်ရေအိုင်ကြီးဖြစ်သည်။ယင်းအပြင်လိတ်ခ် အွန်တေရီယိုရေအိုင်သည်မြောက်အမေရိက၏မဟာရေအိုင်ကြီးငါးခုထဲတွင် တစ်ခုအပါ အဝင်ဖြစ်သည်။ ကုန်သွယ်ခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါတို့ အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် လိတ်ခ်အွန်တေရီယိုရေအိုင်ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့်က စဉ်းစားနေခြင်းဖြစ်သည်။ လိတ်ခ်အွန်တေရီယိုရေအိုင်ကို လိတ်ခ်အမေရိကားရေအိုင်အဖြစ် အမည်ပြောင်းလဲရန် စဉ်းစားနေသည်ဆိုသောအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လူမှုမီဒီယာအရေးအသားများကို တုံ့ပြန်ရန် အစီအစဉ်မရှိကြောင်း ကနေဒါအစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်၂၀၂၅ခုနှစ်ဇန်နဝါရီလကလည်းအထူးအမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်၍မက္ကဆီကို ပင်လယ်ကွေ့ဒေသကို အမေရိက ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲ ခဲ့သည်။ ကိုးကား-ရိုက်တာ

◾️မူဆယ်မြို့တွင် ကားဆီဖြည့်ရာမှနေအိမ် မီးလောင်မှုဖြစ်ပွား ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ တော်ရွက်ရပ်ကွက်တွင် ဂိုဒေါင်အတွင်း ကားဆီဖြည့်နေစဉ် ကားဆီတိုင်ကီအဖုံးနှင့် ပွတ်တိုက်မှုဖြစ်ရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်ကမူဆယ်ခရိုင် မူဆယ်မြို့နယ်မီးသတ်စခန်းမှ (၁)မိုင်(၄)ဖာလုံခန့်အကွာ တော်ရွက်ရပ်ကွက် ရွှေမြန်မာလမ်း၊ ဦး…… (၆၄)နှစ် နေထိုင်သော (၃ဝx၂၀)ပေ ဂိုဒေါင်(သွပ်မိုး) အဆောက်အအုံအတွင်းရှိ Ford Ranger ကားကို ငါးဂါလန်ပုံးဖြင့် ဆီဖြည့်နေစဉ်ကားဆီတိုင်ကီအဖုံးနှင့် ပွတ်တိုက်မှုဖြစ်ရာမှ မီးပွားထွက်ရှိပြီး မီးလောင်မှုဖြစ်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၂၁ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၀ဦး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ပြီး နံနက် ၈ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-MFSD

◾️ထိုင်းတွင် အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမား တစ်ရာကျော်အတွက် နစ်နာကြေးများရရှိ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်စီလာချာမြို့နယ်တွင်ရှိသော လျှပ်စစ်အကင်အိုးစက်ရုံတစ်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ( PJ / CI ) ကိုင်ဆောင်ထားသောအမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၄၇ ဦးစုစုပေါင်း ၁၃၄ ဦးတို့သည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည် မှာ (လေးလမှ ၁၁ လ)အထိသက်တမ်းရှိသူများဖြစ်ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။ ၎င်းတို့အား ဇွန် ၁၈ ရက်တွင် စက်ရုံသူဌေးဖြစ်သူက ဘတ်ငါးသန်း သူဌေးကိုအကြောင်းကြား၍ အလုပ်သမားများကိုစက်ရုံတွင် လူလျှော့မည်ဟုဆိုကာကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်နားခိုင်းလိုက်ကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားများသည်ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်သည့်ကိစ္စ၊ အလုပ်သမားတို့၏စာရွက်စာတမ်းကိစ္စအတွက်အလုပ်သမားအခွင့်အရေးနှင့်နစ်နာကြေးပြန် လည်ရရှိရန်အတွက် အကူအညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့်စက်ရုံကို ဇွန် ၂၃ ရက်တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ အလုပ်သမား ၂၃ ယောက်က နစ်နာကြေးဘတ် ၇၀၀၀ ဖြင့် ကျေအေးခဲ့သော်လည်း ကျန်အ လုပ်သမား ၁၁၇ ဦးတို့သည် မကျေအေးနိုင်သဖြင့် ၎င်းတို့၏နစ်နာကြေး အပြည့်အဝရရှိ ရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံလာသောကြောင့် WAG အဖွဲ့နှင့် FED Foundation အဖွဲ့သားများက မြို့နယ် ဆာဝါဒီကန်ရုံးသို့တိုင်ကြားပေးခဲ့ရာ ဩဂုတ် ၂၄ ရက်တွင် နစ်နာကြေး တစ်ဦးလျှင် ဘတ် ၈၅၀၀ အသီးသီးနှင့်ပကန်စခွန်ကြေး ဘတ် ၂၀၀၀ အသီးသီးရရှိပြီး စုစုပေါင်း ၁၁၇ဦးစာ ဘတ် ၁၂၂၈၅၀၀ ရရှိခဲ့ကြောင်း သိရသည်။ သတင်း-ဇှော်ကိုထက် ဓာတ်ပုံ-WAG