en
Feedback
The Standard Time Digital

The Standard Time Digital

Open in Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Show more
The country is not specifiedThe category is not specified
328
Subscribers
-124 hours
+17 days
+1630 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
Oct '26
October '26
+4
in 0 channels
September '26
+27
in 0 channels
Get PRO
August '26
+31
in 0 channels
Get PRO
July '26
+27
in 0 channels
Get PRO
June '26
+33
in 1 channels
Get PRO
May '26
+34
in 1 channels
Get PRO
April '26
+222
in 1 channels
Get PRO
March '260
in 3 channels
Get PRO
February '26
+5
in 1 channels
Date
Subscriber Growth
Mentions
Channels
07 October0
06 October+2
05 October0
04 October+1
03 October0
02 October0
01 October+1
Channel Posts
2
◾️ဒဗလျူအိတ်ခ်ျအို အကြီးအကဲရာထူးအတွက်ကိုယ်စားလှယ်လောင်းတစ်ဦး တရုတ်တင်သွင်းမည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) ညွှန်ကြားရေးမှူးချုပ်သစ်ရွေးချယ်တင်မြှောက်ပွဲအတွက် တရုတ်နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်စာရင်းပေးသွင်းရန် တရုတ်အစိုးရက စီစဉ်ထားကြောင်းအောက်တိုဘာ ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရ ဒဗလျူအိတ်ခ်ျအို အကြီးအကဲရာထူးအတွက် မိခင်နှင့်ကလေး ကျန်းမာရေးမူဝါဒနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တို့၌ လုပ်သက်အတွေ့အကြုံ နှစ်(၂၀) ရှိသည့် ထိပ်တန်းပြည်သူ့ကျန်းမာရေး တာဝန်ရှိသူ ဆောင်းလီကို အမည်စာရင်းပေးသွင်းရန် တရုတ်အစိုးရက စီစဉ်ထားကြောင်း သိရသည်။ ဒဗလျူအိတ်ခ်ျအိုအကြီးအကဲ ရွေးချယ်ပွဲ၌ တရုတ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရန် စီစဉ်ထားမှုသည် အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခဲ့ပြီးနောက် ဒဗလျူအိတ်ခ်ျအို၌ တရုတ်နိုင်ငံ၏ ဩဇာ ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ ကုလသမဂ္ဂနှင့်သော်လည်းကောင်း၊ကုလပဋိညာဉ်အရဖွဲ့စည်းထားသောအဖွဲ့အစည်းများနှင့်သော်လည်း ကောင်း ထိတွေ့ဆက်ဆံမှုများအား အမေရိကန်အစိုးရက လျှော့ချနေချိန်တွင် တရုတ်နိုင်ငံက ကုလအ ဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၌ တာဝန်ယူနိုင်စွမ်း ပိုမိုရရှိရန် ကြိုးပမ်းနေ ကြောင်းသိရသည်။ ကိုးကား-ရိုက်တာ
12
3
No text...
10
4
◾️အီရန်နိုင်ငံအား မည်သူဦးဆောင်အုပ်ချုပ်နေသည်ကို မိမိမသိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထုတ်ဖော်ပြောကြား ရှစ်လတာအတွင်း ဝင်ရောက်လာပြီဖြစ်သောအီရန်စစ်ပွဲကာလအတွင်း အီရန်နိုင်ငံအား မည်သူက ဦးဆောင်အုပ်ချုပ်နေသည်ကို မိမိအနေဖြင့် မသိရသေးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အီရန်ခေါင်းဆောင်များနှင့် ဒုတိယအသုတ်ခေါင်းဆောင်များကို ရှင်းလင်းဖယ်ရှားထားပြီဖြစ်ရာမိမိလက်ရှိ ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာမှာ အီရန်နိုင်ငံအား မည်သူအုပ်ချုပ်နေသည်ကို မသိရခြင်းဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထက်ပါပြောကြားချက်ကို လက်ရှိအခြေအနေနှင့် လွဲချော်နေသော ပြောကြားချက်အဖြစ်အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ထားသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအား မည်သူက ဦးဆောင်နေသည်၊ အီရန်၏ ဆုံးဖြတ်ချက်ချမှတ်မှုစနစ် မည်သို့လည်ပတ်နေသည်တို့ကို ကောင်းစွာသိထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် ယင်းနေ့မှာပင် အီရန်ခေါင်း ဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရသည်။ ကိုးကား-ရိုက်တာ
13
5
No text...
22
6
◾️ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအချို့အား အောက်တိုဘာ ၁၀ ရက်မှစတင်၍ စီအိုင်စာအုပ် ထုတ်ပေးမည် ထိုင်းနိုင်ငံရောက် ပန်းရောင်ကတ် (ခေါ်) ဘတ်ရိုက်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကိုလာမည့် အောက်တိုဘာ ၁၀ ရက်မှစတင်၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်များ ထပ်မံထုတ်ပေးတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမား ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မြန်မာအလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ၃၁ ဦးကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။ CI စခန်း (CI Centers) များကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ချင်းမိုင်နှင့် ချွန်ဘူရီ စသည့် ခရိုင်။ပြည်နယ်ငါးခု၌ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၇ ရက်အထိ CI စာအုပ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရသည် နိုင်ငံအတွင်းရှိနေသည့် အထောက်အထားမဲ့ မြန်မာ၊လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို နေထိုင်၊လုပ်ကိုင်ခွင့်ပြုသည့် ရွှေ့ပြောင်းလုပ်သားသက်သေခံကတ် (ခေါ်) ဘတ်ကတ်များကို နှစ်စဉ်နီးပါး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-ထိုင်းလဝက
22
7
No text...
16
8
◾️ဘယ်လ်ဂျီယံဖွား အမေရိကန်သိပ္ပံပညာရှင် ဖရန်စစ်ဟယ်လ်ဇန်ကို ၂၀၂၆ ခုနှစ်ရူပဗေဒ နိုဘယ်လ်ဆုရှင်အဖြစ် ရွေးချယ် ၂၀၂၆ ခုနှစ် ရူပဗေဒနိုဘယ်လ်ဆုကို ဘယ်လ်ဂျီယံဖွား အမေရိကန် သိပ္ပံပညာရှင် ဖရန်စစ်ဟယ်လ်ဇန်က ရရှိခဲ့ကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ နျူထရီနို ခေါ် စွမ်းအင်မြင့်အမှုန်တစ်မျိုးကို အန္တာတိကရေခဲပြင်ဒေသ၌ ရှာဖွေရေးအတွက် အိုက်စ်ကျု အမည်ရှိ နျူထရီနိုအမှုန်ရှာဖွေရေးစခန်းတည်ဆောက်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့်အတွက်အသက် (၈၂) နှစ်အရွယ် သိပ္ပံပညာရှင်ဖရန်စစ်ဟယ်လ်ဇန်ကို ယခုနှစ်ရူပဗေဒနိုဘယ်လ်ဆုရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ နျူထရီနိုစွမ်းအင်အမှုန်များကိုကမ္ဘာမြေဆီသို့ မည်သည့်သဲလွန်စမျှမရှိဘဲ ရောက်ရှိလာတတ်မှုကြောင့် တစ္ဆေစွမ်းအင်မှုန်များအဖြစ် သိပ္ပံပညာရှင်များက သတ်မှတ်ထားသည်။ အဆိုပါ နျူထရီနိုစွမ်းအင်အမှုန်များသည် အလွန်တရာဝေးလံသော ကြယ်စုကြီးများ၏ သတင်း အချက်အလက်များအား သယ်ဆောင်ထားကြသည့် စကြ၀ဠာစွမ်းအင်အမှုန်များဖြစ်ကြောင်း ရူပဗေဒနိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ရူပဗေဒပညာရှင် ဖရန်စစ်ဟယ်လ်ဇန်သည် အန္တာတိကရေခဲပြင်ဒေသ မြေအောက်၌ အိုက်စ်ကျုနျူ ထရီနို စွမ်းအင်မှုန်ရှာဖွေရေးသုတေသနစခန်းကို တည်ဆောက်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုဝစ်ကွန်ဆင်-မက်ဒီဆင်တက္ကသိုလ်မှရူပဗေဒပညာရှင် ဖရန်စစ်ဟယ်လ်ဇန် သည် တောင်ဝင်ရိုးစွန်းဒေသ၌နျူထရီနိုစွမ်းအင်မှုန်များကို ရှာဖွေဖမ်းယူနိုင်ကြောင်း ၁၉၈၈ ခုနှစ်ကပင်အဆိုပြုတင်ပြခဲ့သည်။ နျူထရီနို အမှုန်များသည်လျှပ်စစ်ဓာတ်မဲ့အမှုန်များ ဖြစ်ကြပြီးသံလိုက်စက်ကွင်းများ၏ အနှောင့် အယှက်မရှိဘဲ ကမ္ဘာမြေပေါ်သို့ရောက်ရှိလာနိုင်ခြင်းကြောင့် ၎င်းတို့ရောက်ရှိလာရာ လမ်းကြောင်းသည်၎င်းတို့ပေါ်ထွက်လာရာ စကြ၀ဠာအရင်းအမြစ်များကို လမ်းညွှန်ပြသနိုင်စွမ်းရှိ ကြောင်း သိရသည်။ ရူပဗေဒနိုဘယ်လ်ဆုကို ရှေးယခင်ရရှိခဲ့သူများထဲတွင် သီအိုရီရူပဗေဒပညာရှင် အဲလ်ဘတ်အိုင် စတိုင်း၊ မက်စ်ပလန့်ခ်နှင့် နီအယ်လ်ဘိုးကဲ့သို့သော ကမ္ဘာကျော်သိပ္ပံပညာရှင်များလည်း ပါဝင်သည်။ ယခုနှစ် ရူပဗေဒနိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌လာမည့်ဒီဇင်ဘာ ၁၀ ရက်တွင် ပေး အပ်ချီးမြှင့်မည်ဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ
21
9
No text...
56
10
◾️ဒရုန်းတိုက်ခိုက်ခံရသော ကုန်တင်သင်္ဘော ဘူလ်‌ဂေးရီးယားကမ်းလွန်တွင် နစ်မြုပ် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ရူမင်ရာဒက်ဗ် က ပြောကြားသော ဒရုန်းတိုက်ခိုက်မှုတစ်ခုတွင် နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပြီး သင်္ဘောသားများလည်း ပျောက်ဆုံးနေကြောင်း သိရသည်။ ဘူလ်ဂေးရီးယားအရှေ့ဘက် ဗျာလာကမ်းရိုးတန်းမြို့မှ ရေမိုင် ၇၀ ကွာဝေးသော ကမ်းလွန်တွင်ဖြစ်ပေါ်ခဲ့သည့် ရေကြောင်းသွားဒရုန်း နှင့် လေကြောင်းဒရုန်းများ ဖြင့် တိုက်ခိုက်မှုကို မည်သူက လုပ်ဆောင်ခဲ့သည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိသော်လည်း ယူကရိန်းတွင်စစ်ဆင်နွဲနေစဉ် ရုရှား၏ ပေါင်းစပ်တိုက်ခိုက်မှုများအပေါ် စိုးရိမ်မှုများရှိကြောင်း သိရသည်။ ယင်းမှာ ဘူလ်ဂေးရီးယားစီးပွားရေးရေပိုင်နက်ဇုန်တွင် ပထမဆုံးဖြစ်ပေါ်သည့် တိုက်ခိုက်မှု ဖြစ်ပုံရကြောင်း သင်္ဘောလုပ်ငန်းသတင်းရင်းမြစ်များက ပြောကြားကြသည်။ ဒရုန်းများ ရုရှားက လာသလား သို့မဟုတ် ယူကရိန်းက လာသလား ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိကြောင်း ဝန်ကြီးချုပ် ရာဒက်ဗ် က ပြောသည်ဟု ဘူလ်ဂေးရီးယားသတင်းဌာန BTA က ပြောကြားသည်။ ဘူလ်ဂေးရီးယားနိုင်ငံက ယင်း နှစ်နိုင်ငံစလုံးနှင့် နယ်စပ်ချင်း ထိစပ်မနေသော်လည်း ပင်လယ်နက်တွင် မဟာဗျူဟာကျသော နေရာ၌ တည်ရှိပြီး ယူကရိန်းနှင့် ရုရှားတို့၏ အဓိကဆိပ်ကမ်းများမှာလည်း ပင်လယ်နက်ကမ်းရိုးတန်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဘူလ်ဂေးရီးယားရေတပ်နှင့် ယူကရိန်းတို့၏ ပူးပေါင်း စုံစမ်းစစ်ဆေးမှုအရ ၎င်းတိုက်ခိုက်မှုနောက်ကွယ်၌ ရုရှားနိုင်ငံရှိနေသည်ကို ပြသခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏ညစဉ်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပင်လယ်နက်ဒေသတွင် ယူကရိန်းတပ်ဖွဲ့၏ စစ်ဆင်ရေးများ မရှိကြောင်း ဇီလန်စကီးက ဆက်ပြောသည်။ ယင်းဖြစ်ရပ်အပေါ် မော်စကို က မှတ်ချက်ပေးခြင်း မရှိပေ။ ကမ်းလွန်တိုက်ခိုက်မှုတွင် သင်္ဘောနှစ်စီးကို ထိမှန်ခဲ့ပြီး တစ်စီးက နစ်မြုပ်သွားခဲ့ကာ အခြားတစ်စီးမှ ဒဏ်ရာရရှိသူ နှစ်ဦးအပါအဝင် သင်္ဘောသားများကို ကယ်ဆယ်ခဲ့ကြောင်း ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ရုပ်သံမှတစ်ဆင့် ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters
54
11
No text...
47
12
No text...
45
13
◾️တမူးမြို့၌ ပြင်းအား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ် စစ်ကိုင်းတိုင်း၊ တမူးမြို့၌ယနေ့(အောက်တိုဘာ ၇ ရက်) နံနက်ပိုင်းက ပြင်းအား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။ အဆိုပါ မြေငလျင်သည် ယနေ့နံနက် ၉ နာရီ ၅၉ မိနစ် ၂၀ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်ငါးမိုင်ခန့်အကွာ၊ တမူးမြို့၏ အရှေ့မြောက်ဘက်လေးမိုင်ခန့်အကွာ အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယခုလအောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၀ အဆင့်ရှိ မြေငလျင်တစ်ခု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌လှုပ်ခတ်ခဲ့ပြီး အောက်တိုဘာ ၅ ရက်၊ ညနေပိုင်းတွင်ပြင်းအား ၃ ဒသမ ၅ အဆင့်ရှိမြေငလျင်တစ်ခု မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၌လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။ သတင်း - ပိုင်လေး
44
14
No text...
37
15
◾️စပါးစိုက်တောင်သူများအတွက် သိုလှောင်ရုံကုန်အပ်စနစ် ဆောင်ရွက်မည် စပါးသီးနှံ ရိတ်သိမ်းပြီးနောက်ပိုင်းလေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးနှင့် စပါးစိုက်တောင်သူ များ ဝင်ငွေတိုးတက်ရရှိရေးအတွက် သိုလှောင်ရုံကုန်အပ်စနစ်ကို ဖော်ဆောင်ရာတွင် လုပ်ငန်းများ ပူးပေါင်းနိုင်ရေးဖိတ်ခေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ စပါးသီးနှံပေါ်ချိန်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှုကြီးမားခြင်းကြောင့် စပါးဈေးနှုန်း ကျဆင်းလေ့ရှိပြီး တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးချိန်တွင်စပါးကို ဈေးနှုန်းနိမ့်ဖြင့် ရောင်းချရသည့် အခြေအနေများရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန် သည့် ဖိတ်ခေါ်ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါစနစ်တွင် တောင်သူများက သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သိုလှောင်ရုံများတွင် စပါးများ အပ်နှံနိုင်မည်ဖြစ်ပြီး အရည်အသွေး နှင့် အရေအတွက်ကို တတိယအဖွဲ့အစည်း သို့မဟုတ် ကျွမ်းကျင်သူများက စနစ်တကျစိစစ်လက်ခံကာ ကုန်လက်ခံပြေစာ ထုတ်ပေးမည် ဖြစ်သည်။ ကုန်လက်ခံပြေစာကို အာမခံ သို့မဟုတ် အပေါင်အဖြစ် အသုံးပြု၍ တောင်သူများအတွက် ကာလတိုချေးငွေရယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး ဈေးကောင်း ရရှိသည့်အချိန်တွင် အပ်နှံထားသည့် စပါးကိုရောင်းချကာ ချေးငွေပြန်လည်ပေးဆပ်နိုင်မည့်စနစ်ဖြစ်သည်။ ယခုနှစ် စပါးလှိုင်လှိုင်ပေါ်မည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အဆိုပါစနစ်ကို စတင်ဆောင်ရွက်ရန်စီစဉ်ထားပြီး သိုလှောင်ရုံမှတ်ပုံတင်စနစ် (MyRO) တွင်မှတ်ပုံတင် ထားသည့် သိုလှောင်ရုံ ၅၈၈၆ ရုံအနက်အခြောက်ခံစက်များရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်သိုလှောင်ရုံများကို ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ပူးပေါင်းပါဝင် ဆောင်ရွက်လိုသည့်သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်အမြန်ဆုံးဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထို့ပြင် သီးနှံများ၏ အရည်အသွေး၊ အရေအတွက်စိစစ်အကဲဖြတ်ခြင်း၊ တန်ဖိုးသတ်မှတ် ခြင်းနှင့် သိုလှောင်ကာလအတွင်း ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ထိန်းသိမ်းကြီးကြပ်ပေးမည့် Third Party/Third Person အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများကိုလည်း ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ထားသည်။ သိုလှောင်ရုံကုန်အပ်စနစ် ဖော်ဆောင်ခြင်းဖြင့်ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ခြင်း၊ သီးနှံအရည်အသွေး ပိုမိုကောင်းမွန်လာခြင်းနှင့်တောင်သူများ၏ ဝင်ငွေ တိုးတက်လာစေရန် အထောက်အကူပြုနိုင်မည့်အပြင် ရာသီဥတုပြောင်းလဲမှုများ ကြောင့် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများအတွက် သီးနှံများကိုစနစ်တကျ သိုလှောင်ထိန်းသိမ်း ထားနိုင် မည်ဖြစ်ကြောင်းသိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-အစိမ်းရောင်လမ်း
40
16
No text...
37
17
◾️နိုင်ငံတော်အပေါ် သစ္စာဖောက်ရန်ကြိုးပမ်းမှုဖြင့် ဂျာမနီထောက်လှမ်းရေးအကြီးအကဲဟောင်းကို ဖမ်းဆီး စစ်အေးခေတ်နောက်ပိုင်း ဂျာမနီနိုင်ငံ၏ ထောက်လှမ်းရေးဆိုင်ရာ အကြီးမားဆုံး ကျော်မကောင်း ကြားမကောင်းမှုတွင် နိုင်ငံတော်အပေါ် သစ္စာဖောက်ရန်ကြိုးပမ်းခဲ့ခြင်း သံသယဖြင့် ဂျာမနီထောက်လှမ်းရေးအကြီးအကဲဟောင်း ဩဂတ်စ်ဟန်နင်းအား ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ၎င်းက လျှို့ဝှက်စာရွက်စာတမ်းများကို ငွေကြေးဖြင့်ဝယ်ယူပြီး ပြည်ပထောက်လှမ်းရေးဌာနတစ်ခုအတွက် လေ့လာဆန်းစစ်မှုလုပ်ရန် ၎င်းတို့ကို အသုံးပြုခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲကြသည်။ သို့သော် အစိုးရရှေ့နေများက ထောက်လှမ်း‌ရေးဌာနအမည်ကို ဖော်ပြထားခြင်း မရှိသလို ဟန်းနင်း၏ လေ့လာဆန်းစစ်မှု ရည်ရွယ်ထားသူထံ ရောက်/ မရောက်ကိုလည်း မသိရပေ။ ဂျာမနီနိုင်ငံခြားထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်းတစ်ဦးကို ဖမ်းဆီးခြင်းမျိုးမှာ ယခင်က မရှိခဲ့ဘဲ ယင်းမှာ မဟာမိတ်နိုင်ငံများနှင့် ထောက်လှမ်းရေးပိုင်း ဆက်ဆံမှုများကို ထိခိုက်နိုင်ကြောင်း လုံခြုံရေးပိုင်းကျွမ်းကျင်သူ ဂျာမန် လွှတ်တော်အမတ်တစ်ဦးက ပြောကြားသည်။ နိုင်ငံတော်အပေါ် သစ္စာဖောက်သော ထောက်လှမ်းမှု၊ နိုင်ငံ‌တော်လျှို့ဝှက်ချက်များကို ရယူမှုနှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ရန် ကြိုးပမ်းမှုများဖြင့် ဟန်းနင်းကို အကြီးအကျယ် သံသယရှိနေသည်ဟု အစိုးရရှေ့နေများရုံး ထုတ်ပြန်ချက် က ဖော်ပြသည်။ ဟန်းနင်းသည် အဇာဘိုင်ဂျန်နိုင်ငံမှ ထောက်လှမ်း‌ရေးတစ်ဦးနှင့် အဆက်အသွယ်ရှိပြီး ယင်းနိုင်ငံနှင့် ဆက်သွယ်မှု ဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးသူများက လေ့လာနေကြသည်ဟု ဂျာမနီ စပီးဂဲလ် စာဆောင်က ရေးသားခဲ့သည်။ ဟန်းနင်း၏အမှုနှင့်ပတ်သက်၍ ဖက်ဒရယ်အစိုးရ ရှေ့နေများရုံးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး အဓိပတိ ဖရက်ဒရစ်မားဇ်၏ ရုံးကလည်း မှတ်ချက်မပေးခဲ့ပေ။ ဟန်းနင်းသည် BND နိုင်ငံရေးထောက်လှမ်းရေးဌာန၏ အကြီးအကဲ အဖြစ် ခုနှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်က အနားယူခဲ့ကြောင်း သိရသည်။ သတင်း-ရဲမင်း ကိုးကား-Reuters
38
18
No text...
41
19
◾️ထိုင်းရှိ မြန်မာလုပ်သားများအတွက်စီအိုင်စင်တာများဖွင့် လှစ်ရန် ပြင်ဆင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအတွက် (CI) စင်တာမျာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ CI စင်တာများကို စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီခရိုင်တို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက်တွင် သတ်မှတ်ထားသည့်နေရာများ၌ CI စင်တာများ ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းဘက်သို့ အကြောင်းကြားထားကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစင်တာ၊ MoU U-turn လုပ်ငန်း ဆောင်ရွက်ရေးစင်တာနှင့် ယာယီဒေတာ ကောက်ယူရေးစင်တာTDCC) များဖွင့်လှစ်ရန် မြန်မာနိုင်ငံနှင့် ဆွေးနွေးထားကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေး ဌာနက ထုတ်ပြန်ထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-CJ
45
20
No text...
51